Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

Free iPhone DVD Ripper နဲ့Free iPhone Converter

$
0
0

Free iPhone DVD Ripper နဲ့Free iPhone Converter
သူကတော့ ပရိုမိုးရှင်းပေးပါတယ် ပရိုမိုးရှင်းကုန်ဆုံးရက်က
Nov 30th ဖြစ်ပါတယ်

အဲဒီမတိုင်ခင်ဒေါင်းကျပါ
ဒီမှာဝင်ပြီးဒေါင်းသွားကြပါ။အဆင်ပြေပါစေ


ရယ်ချင်ရင်ဖတ်ကြည့်ကြနော်။ နံပါတ်(၁၂)

$
0
0

မဝယ်နဲ့
အမေဥ စွပ်ကျယ်ရှိသလား’

‘ဘယ်သူဝတ်မှာလဲ’

‘ကျွန်မဝတ်မှာပေါ့’

‘ဟဲ့ မိန်းကလေးက စွပ်ကျယ် ဝတ်ရမယ်လို့’

‘အမေဥကလဲ ခေတ်မမီလိုက်တာ၊ ကြော်ငြာတွေထဲမှာ မတွေ့ဘူလား၊ ကောင်လေးနဲ့ ကောင်မလေး အတူတူ ဝတ်ပြထားတာ၊ ကောင်လေး ဝတ်လည်းရတယ်၊ ကောင်မလေး ဝတ်လည်းရတယ်၊ တီရှပ်လို့ ခေါ်တယ်’

‘ညည်းက မင်္ဂလာဆောင်တော့မှာပဲ၊ မဝယ်နဲ့’

‘ဘာဆိုင်လို့လဲ’

‘ညည်းကောင်လေးမှာ ပါလာမှာပဲအေ၊ အဲဒီတော့မှ သူ့စွပ်ကျယ်ကို ညည်းယူဝတ်ပေါ့’

အထင်မသေးပါနဲ့
ဦးလေးသာဝ’ ‘ဟေ’

‘ဆပ်ပြာလိုချင်လို့’

‘ပြော ဘာဆပ်ပြာလဲ’

‘ဟိုလေ ဟိုမင်းသမီးလေး ရေချိုးတော့ သုံးတဲ့ဆပ်ပြာ’

ဒေါ်စိန်ဥက ဘေးနားမှာ ထိုင်နေရာက ထရပ်ပြီး…………

‘ ငါ့ယောက်ျားကိုများ ရေချိုးခန်းတွေ လိုက်ချောင်းနေတယ် ထင်လို့လား၊ အထင်သေးလှချည်လား ဟင်’

ဆပ်ပြာကတော့ ဆပ်ပြာပါပဲ
အမေဥ ဆပ်ပြာလိုချင်လို့၊ ခိုပြာတံဆိပ် ရှိသလား’

‘ခိုပြာ မရှိဘူး၊ ငှက်ပြာပဲ ရှိတယ်’

‘ငှက်ပြာက ကောင်းရဲ့လား’

‘ဆပ်ပြာပဲအေ အတူတူပါပဲ’

‘အမေဥကလဲ ဆပ်ပြာချင်းတူပေမဲ့ တံဆိပ်ချင်းမှ မတူတာ’

‘နေပါဦး ညည်းတို့က အင်္ကျီလျှော်တော့ ဆပ်ပြာမှုန့်တွေ သွန်ပစ်ပြီး တံဆိပ်နဲ့ ပွတ်ကြတာလား’

ဒေါ်စိန်ဥပေးတဲ့ အကြံ
ဒေါ်စိန်ဥရဲ့ အိမ်ဈေးဆိုင်ကို မဗျိုင်းက ဈေးဝယ်ရင်း…………

‘ဘူးရွက်ဟင်းချိုချက်ပြီး ငါးပိထောင်းနဲ့ ပဲနီလှော်မြှုပ်စားရမှာပဲ၊ အမေဥ ဘူးရွက်တစ်စည်း ပေးစမ်းပါ၊ ငါးပိထောင်းက တစ်ဆယ်ဖိုးလောက်’

‘ဘာလဲ အနံ့ရှူပြီးစားကြမလို့လား၊ တစ်ဆယ်ဖိုး မရောင်းဘူး’

‘တစ်ဆယ်ဖိုးပဲ၊ ပေးချင်သလောက်ပေး၊ အမေဥငါးပိက အနံ့ပျောက်အောင် ဘယ်လိုလုပ်ရမလဲ’

‘ဒေါ်စိန်ဥက မျက်စောင်းထိုးလိုက်ပြီး’ ‘မဆလာလေး ဖြူးလိုက်ပါလား’

ယုံပါ
ဟဲလို သူဌေးရှိပါသလား’

‘ဖုန်းနံပါတ် မှားနေပါတယ်ရှင်’

‘ဒါ သူဌေးဦးချမ်းသာရဲ့ ဖုန်းမဟုတ်ဘူးလား’

‘အို ကျွန်မက ရှင့်ကိုဘာလို့ လိမ်ရမှာလဲ၊ ရှင်နဲ့ ကျွန်မနဲ့ ခုမှ စကားပြောဖူးတဲ့ဟာကို’

မှန်လိုက်ပုံက
‘နှုတ်တစ်ရာ စာတစ်လုံး ဆိုတာ သိပ်မှန်တယ်ကွာ၊ ငါက အကြွေးတောင်းတာ မရလို့ အကြွေးမဆပ်ရင် ငါ့အကြောင်း သိစေရမယ်၊ သတိထားနေလို့ စာရေးခဲ့တာ’

‘အကြွေးတွေ လာဆပ်ရောလား’

‘ဟင့်အင်း ခြိမ်းခြောက်မှုနဲ့ တရားစွဲထားလို့’

လက်ကျန်

ဆံပင်တွေဝယ်တယ်၊ ဆံပင်ကျွတ်တွေ ဝယ်တယ်’

ဆံပင်ဝယ်တဲ့ လူက အော်လိုက်တယ်။ သည်တော့ အိမ်ထဲက ကတုံးကြီးနဲ့ မိန်းမကြီး တစ်ယောက် ထွက်လာပြီး

‘ကတုံးတွေရော မဝယ်ဘူးလား’

 

ရှိသေးတယ်

သူငယ်ချင်း နှစ်ယောက် ဆုံမိတော့

‘မင်းပြောတော့ ရှယ်ယာလုပ်တိုင်း ရှုံးရှုံးနေတယ်ဆို’

‘အင်း’

‘ဒါနဲ့များ ရှယ်ယာလုပ်မယ့်သူ ထပ်ရှာနေရသေးတယ်’

‘ကျွန်တော့် ပညာက ရှုံးတဲ့ အထဲ ပါမသွားဘူးလေ၊ သူတို့ငွေကသာ ရှုံးတဲ့ အထဲ ပါပါသွားတာ’

 

အကြွေး

ဒီကောင် တော်တော်ဆိုးတယ်ကွာ၊ ငါ့အကြွေးတွေ မဆပ်ဘူး၊ သူ့ကားသိမ်းကွာ’

‘ကားကလဲ အကြွေးဝယ်ထားတာကွ၊ ငါ့လက်ရောက်မှ အကြွေးရှင်က လိုက်တောင်းနေရင် အခက်’

‘သူ့အိမ်သိမ်းကွာ’

‘အိမ်ငှားကွ’

‘လူခေါ်ပြီး အလုပ်ခိုင်းကွာ’

‘ဟောဗျာ ဟိုလုပ်ငန်းရှင်ဆီက ခြောက်လခ ပိုထုတ်ထားလို့ အကြွေးတင်နေတဲ့ဟာ’

 

သေချာအောင်

ဟဲလို ပြီးပြည့်စုံ ကုမ္ပဏီကပါလား’

‘ဟုတ်ပါတယ်၊ ကျွန်တော် မန်နေဂျာပါ’

‘သူဌေးနဲ့ စကားပြောချင်လို့ပါ ခင်ဗျာ’

‘ပြောပါခင်ဗျာ၊ လိုင်းချိန်းပေး လိုက်ပါပြီ၊ ရပါပြီ’

‘ဟဲလို’ ‘ဟဲလို သူဌေးမင်းပါလား’

‘ဟုတ်ပါတယ်’

‘မနေ့ပြောထားတဲ့ ကိစ္စ အတွက် တိကျတဲ့ ဆုံးဖြတ်ချက် လိုချင်လို့ပါ’ ‘အင်း ဒါဆိုရင်တော့ ကျွန်တော့် ဇနီးနဲ့ ဆက်သွယ်လိုက်ပါ ခင်ဗျာ’

uRex iPhone Video Converter လေးပါ

$
0
0

MKV, M2TS, AVI and other videos to iPhone 4S, iPhone 4 and iPhone 3G/3GS ဒီဖော်မတ်တွေအားလုံးရပါတယ်
Soaftware ရဲ့Speed ကတော့high video conversion speed ပါ.....အဆင်ပြေကြပါစေ

ဒေါင်းချင်ရင်တော့ဒီမှာဒေါင်းသွားကြပါ

လူပွဲစားများ ကျောင်းနေကလေးများကို အဓိကပစ်မှတ်ထားနေ

$
0
0
ကလေးသူငယ်များကို လိမ်လည်ခေါ်ဆောင်ခြင်း၊ ဆေးဖြင့်တို့ယူခေါ်ဆောင်ခြင်းများ ဆင်ခြေ ဖုံးမြို့နယ်များတွင် ဖြစ်ပေါ်နေပြီး အဓိကအားဖြင့် ကျောင်းတက်နေသည့် ကလေးငယ်များကို ပစ်မှတ်ထားနေ ကြောင်း စုံစမ်းသိရှိရသည်။

" ကလေးလေးက ၁၂ နှစ် အရွယ်ပဲရှိသေးတယ်။ ကျောင်းနဲ့ ကျူရှင်ပဲသွားနေကျ၊ ကျူရှင်အိမ် ကလည်း သူနေတဲ့အိမ်ရဲ့ မျက်စောာင်းထိုးတင်၊ ဒါကိုပျောက်သွားတာ၊ နောက်နေ့တော့ တာဝန်ရှိသူတွေက ပြန် လာပို့ပေးလို့ပြန်တွေ့ရတယ်။ ဒါပေမဲ့ အခုထိ စကားမပြောသေးဘူးခင်ဗျ။ ကျွန်တော်သိရတာတော့ အဲဒီက လေးတက်နေတဲ့ ကျောင်းနားကို မသင်္ကာစရာ လူရောက်နေတယ်။ ဒီလူကြောင့်လို့ ပြောကြာတာပဲ။ ဒီကလေး ပျောက်ပြီး နောက်တစ်နေ့ အဲဒီလူက ကလေးနေတဲ့ ရပ်ကွက်ကို လာတာ၊ ရပ်ကွက်ထဲက လူတွေက မသင်္ကာ လို့ဝိုင်းဖမ်းပြီး ရပ်ကွက်ရုံးပို့လိုက်တာ၊ သူ့ဆီက မေ့စေတဲ့ဆေးတွေ၊ လက်ကိုင်ပုဝါတွေပါ ထွက်ကျလာတာ၊ ဒီလူ ကနေ့စသ် ကျောင်းအတက်အဆင်းလုပ်နေကြတဲ့ ကလေးတွေကို စောင့်ဖမ်းဖို့ လုပ်နေပုံရတယ်။ ပြီးတော့ အခု ကျွန်တော်သိသလောက်ကလေးတွေ၊ လူပျောက်တွေမှာ ကျောင်းနေအရွယ်ကလေးတွေ ပိုပျောက်နေတယ်။ ကျောင်းတက်ရင်း ကျူရှင်သွားရင်း ပြန်မလာတာမျိုးပေါ့" ဟု ထောက်ကြန့်မြို့နယ်နေ ဦးသန့်ဇင်က ပြောပြ သည်။

နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များတွင် ကလေးသူငယ်များ ပျောက်ဆုံးခြင်းကို ကောလ ဟလများဟူ၍ လည်းကောင်း၊ လုပ်ကြံဖန်တီးသည်ဟုလည်းကောင်း ပုံစံမျိုးစုံ၊ ရှုတောင့်မျိုးစုံမှ သုံးသပ်ဝေဖန် ကြသော်လည်း ဆင်ခြေဖုံးရပ်ကွက်များရှိ (အထူးသဖြင့် လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များ) ကလေးသူငယ် ပျောက်ဆုံးမှုများမှာ ကြုံတွေ့နေရဆဲပင်ဖြစ်ကြောင်း သိရသည်။

မီးသတ်ကားများ မီးလောင်ရာသို့ လွယ်ကူမြန်ဆန်စွာသွားနိုင်ရန် အင်တာနက်စနစ်ဖြင့် ဆက်သွယ်လမ်းညွှန် မည့် စင်တာများ ထားရှိမည်

$
0
0
ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားသည့် မီးလောင်မှုများကို မီးသတ်ယာဉ်များဖြင့် သွားရောက်ငြှိမ်း သတ်ရာတွင် ပိုမိုအဆင်ပြေချောမွေ့ မြန်ဆန်စေရန်အတွက် မြို့နယ်မီးသတ်စခန်းများ အချင်းချင်း အင်တာနက် စနစ်ဖြင့် ဆက်သွယ်မည့် Command and Control Center များသို့ လာမည့်နှစ် ဇန်န၀ါရီ ၁ ရက်တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဝင်း က ပြောသည်။

အဆိုပါ Command and Control Center များသည် တစ်ခုနှင့်တစ်ခု အင်တာနက်စနစ်ဖြင့် ဆက်သွယ်မည်ဖြစ်ကာ ရန်ကုန်မြို့ရှိ မြို့နယ်များအလိုက် နေအိမ်တိုက်တာများ၊ အထပ်မြင့်တိုက်များ၊ ရပ်ကွက် လမ်းအနေအထား အချက်အလက်များကို မြေပုံဖြင့် လမ်းညွှန်နိုင်မည်ဖြစ်ပြီး အချက်အလက်များ Suntac ကုမ္ပ ဏီနှင့် ပူးပေါင်း၍ ဆော့ဖ်ဝဲရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

" မီးလောင်မှုများတာက ဖွံ့ဖြိုးတိုးတက်မှုနဲ့လည်း ဆိုင်ပါတယ်။ မီးသုံးတာများရင် မီးလောင်မှု များနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ တစ်နှစ်ကို မီးလောင်မှု ၁၅၀၀ လောက်ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ တစ်နှစ်ကို မီးလောင်မှု ၈၀၀၀ လောက်ဖြစ်ပါတယ်။ မီးဘေးအန္တရာယ်ကာကွယ်မှုတွေ လုပ်နေပေမယ့် မီးလောင်မှုက များ နေပါတယ်။ ကးဝင်ရခက်တဲ့လမ်းတွေ ပိတ်ဆို့နေမှုကို ရှင်းလင်းဖို့ကိုလည်း သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းထားတာ ရှိပါတယ်" ဟု ဦးကြည်ဝင်းက ဆိုသည်။

Command and Control Center များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ် ၂၂ မြို့ နယ်တွင် ပဏာမဖွင့်လှစ်သွားမည်ဖြစ်ပြီး မီးသတ်ကားများတွင်လည်း GPS စနစ်သဘောပါဝင်သည့်စနစ်များ TTMA (ခေါ်) CDMA စနစ်များ တပ်ဆင်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်မီးသတ်စခန်းများမှာ အရှေ့ပိုင်းခရိုင်တွင် ၁၅ ခု၊ အ နောက်ပိုင်းခရိုင်တွင် ၇ ခု၊ တောင်ပိုင်းခရိုင်တွင် ၉ ခု၊ မြောက်ပိုင်းခရိုင်တွင် ၁၁ ခုရှိပြီး မီးသတ်တပ်ဖွဲ့ဝင်အင် အား ၄၅၆ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၈၂၈၂ ဦးနှင့် မီးသတ်ကား အစီးရေ ၈၃ စီးခန့်ရှိကြောင်း သိရှိ ရသည်။

အောင်တံခွန် သင်္ဘော ကျောက်ဆောင်တိုက်မိခြင်း နောက်ဆက်တွဲ သတင်း

$
0
0

နိုဝင်္ဘာလ ၂၂ ရက်နေ့ နံနက် ၄ နာရီ ခွဲခန့်တွင် အောင်တံခွန် အမှတ် (၂) သင်္ဘောမှာ နောင်တော်မြစ်အတွင်း ရေလယ် ကျောက်ဆောင် တစ်ခုကို တိုက်မိပြီး အဆိုပါ ကျောက်တန်းပေါ်တွင် သောင်တင်သွားခြင်း ဖြစ်ကြောင်း သိရသည်။" အဲဒီ သင်္ဘောက နောင်တော်မြစ်က အစိုင်ကြီးကျွန်း အနီးက မုဆိုးမ ကျောက်တန်းကို တိုက်မိတာ ဖြစ်ပါတယ်။ သင်္ဘောက အဲဒီကျောက်တန်းမှာ သောင်တင်သွားပါတယ်။ အခုထက်ထိ ဆွဲချလို့ မရသေးပါဘူး" ဟု မျက်မြင် ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ အောင်တံခွန် သင်္ဘော အမှတ် (၂) မှာ တောင်ကုတ်မြို့မှ သူဌေး ဦးကျောက်တောင်မှ အစိုးရထံမှ ကန်ထရိုက် ရယူပြီး လုပ်ကိုင်နေသော သင်္ဘော ဖြစ်သည်။

" လူတွေက အရမ်းကို ကံကောင်းတယ် ဆိုပြီး ပြောနေကြပါတယ်။ ဒီလို ကျောက်တန်း တစ်ခုကို သင်္ဘော တိုက်မိခဲ့ပေမယ့် လူ တစ်ဦးတယောက်မှ အသေအပျောက် မရှိသလို ဒဏ်ရာ ရတာလည်း မရှိတဲ့ အတွက် ခရီးသည်တွေရော ဒေသခံပြည်သူတွေကတွေကရော ဘုရားမတယ်။ နတ်ကောင်း နတ်မြတ်တွေ မတယ်ဆိုပြီး ပြောဆိုနေကြပါတယ်" ဟု သူက ဆက်ပြောသည်။

မြန်မာ အစိုးရထုတ် သတင်းစာများက အဆိုပါ သင်္ဘောပေါ်တွင် ရဟန်းတော် ၁၀ ပါး၊ ကျား ၁၅၃ ဦး၊ မ ၁၇၂ ဦး၊ ကလေး ၂၀၊ သင်္ဘောဝန်ထမ်း ၂၀ စုစုပေါင်း ၃၇၅ ဦးပါဝင်ကြောင်းနှင့် ထိုအထဲတွင် မြေပုံမြို့မှ ကျောက်ဖြူသို့ မျက်စိအခမဲ့ကုသရန်လိုက်ပါလာသူ ၈၀ ပါဝင်ကြောင်း ရေးသား ဖေါ်ပြသည်။

အဆိုပါ သင်္ဘောသည် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ရေနီကြီး၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ် ရေကြောင်း ခရီးစဉ်ကို ပြေးဆွဲနေသည့် သင်္ဘော ဖြစ်သည်။ ရေလမ်းကြောင်းလွဲချော်ပြီး ကျောက်ဆောင်အား ၀င်တိုက်မိသဖြင့် သင်္ဘော ဦးပိုင်းပေါက်ကွဲ သွားကြောင်းသိရသည်။

အောင်တံခွန်(၂) သင်္ဘောမှာ စစ်တွေ မြို့မှ နိုဝင်္ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီတွင် တောင်ကုတ် မြို့သို့ ထွက်ခွာလာရာ ၂၂ ရက်နေ့ နံနက် ၄ နာရီခွဲတွင် ကျောက်တန်းကို တိုက်မိကာ သောင်တင်သွားခဲခြင်း ဖြစ်သည်။အဆိုပါ သင်္ဘော ခရီးစဉ်နှင့် ပတ်သက်ပြီး Eleven ယခုလို ဖေါ်ပြသည်။

၂၁.၁၁.၂၀၁၁ ရက် တနင်္လာ နေ့ နံနက်(၆) နာရီမှ စတင် ထွက်ခွာလာသည့် ကျွန်းပတ်သင်္ဘောမှာ မင်းပြားမြို့နယ် ကျွဲရီပြင် ကျေးရွာ အနီးတွင် နံနက် (၉) နာရီ (၃၀) မိနစ် အချိန် သောင်တင်နေခဲ့ပြီး ည (၅)နာရီ အချိန်မှ စတင်လွတ်မြောက် လာကာ မင်းပြားမြို့ သို့ ည (၆)နာရီတွင် ဆိုက်ကပ် နိုင်ခဲ့ပါသည်၊ (၆)နာရီ (၃၀) မိနစ်တွင် ပြန်လည် ထွက်ခွာလာကာ ည(၁၀း၀၀) နာရီ တွင် မြေပုံမြို့သိုရောက်ရှိပါသည်၊ ကုန်တင် ၊ကုန်ချများပြုလုပ်ပြီး ည(၁၁း၃၀) အချိန်တွင် ကျောက်ဖြူသို့မောင်းနင်လာရာ င/ပသုံ ကျေးရွာ အနီး နောင်တော်မြစ်ကို ဖြတ်မောင်း လာစဉ် သံသမကျောက် (ဒေသခေါ်- ကျွဲရွီ)ကျောက်တန်းကို (၂၂ .၁၁.၂၀၁၁) အင်္ဂါနေ့ အာရုံ တက် ချိန် (၀၄း၃၀) အချိန်တွင် ရေကြောင်း လွဲချော်ပြီး ၄င်းကျောက်တန်းကို ၀င်တိုက် ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

သင်္ဘောပေါ် ပါလာသူများကို အနီးအနားမှ ငါးဖမ်း စက်လှေများနှင့် ရေတပ်သင်္ဘောများက ကယ်တင်ခဲ့ရသည်။
နိရဉ္စရာ သတင်းများ မှသိရပါတယ်

Window 7 မှာ Folder Rename ပေးရင် မြန်မာလို ပေါ်အောင် ......

$
0
0

Window 7 untimate မှာ Zawgyi ရှိပြီး မြန်မာလို Rename ပေးလို့မရတဲ့ သယ်ရင်းတွေအတွက် .....
မြန်မာလိုပေါ်အောင် လုပ်နည်းလေးတင်ပေးလိုက်ပါတယ် ......
တတ်ပြီးသားသူတွေ ကျတော်ရေးထားတာ လိုတာရှိရင်လဲ ဝေဖန် အကြံပေးနိုင်ပါတယ် ....

၁။Desktop ပေါ်မှာ မောက် R-Click လိုက်ပါ ....ပြီးရင် Personalize ကိုကလစ်လိုကပါ .........

၂။ပေါ်လာတဲ့အထဲက Window color ကိုကလစ်ပေးလိုက်ပါ..........

၃။Advance apperance sitting... ကိုနှိပ်ပါ ...........

၎။ "Item" နေရာမှာ "Icon" / "Font" နေရာမှာ "Zaw Gyi-One ကိုရွေးပေးလိုက်ပါ ။ပြီးရင် "OK" ပေါ့ .......

ကဲဒါဆိုရင် Folder Rename မှာမြန်မာလိုရေးလိုရပါပြီ ..... အဆင်ပြေမယ်လို့ထင်ပါတယ်...
တတ်ပြီးသားဆိုလဲ ၀မ်းသာမိပါတယ်......
အားလုံးကိုကျေးဇူးတင်ပါတယ်...... အားလုံးပျော်ရွှင်ကြပါစေ.......

For All
Ever Smile

24/11/2011 7:07PM

မိန်းကလေးများအတွက် danger

$
0
0

မိန်းကလေးတော်တော် များများသည်..
မိမိ ချစ်မြတ်နိုးသော ကောင်လေးများအား....ဓာတ်ပုံပို့ ပေးလေ့ရှိပါတယ်ဗျာ..
အခုပို့  လိုက်တဲ့ ကောင်မလေးရဲ့  ချစ်သူက...
သူ၏ဓာတ်ပုံကို အလွဲသုံးစားလုပ်လိုက်ပါပြီ..
ကောင်မလေးဆီက ငွေညစ်ပြီး အင်တာနက်ပေါ်တွင်ဖြန့်ပစ်လိုက်တယ်တဲ့.











ဒါတောင်မှ ကျနော်....ကောင်မလေးရဲ့  အဖော်အချွတ်ပုံတွေကို ချန်ထားတာပါ..
ကောင်မလေးက ချစ်စရာလေးပါ....နာမည်ပျက်တာပေါ့ဗျာ..
တကယ်လို့  ကောင်မလေးရဲ့  ပုံ...အကုန်လုံးကို သေချာသိချင်တယ်ဆိုရင်..
လေ့လာချင်ရင်..
စာနာချင်ရင်....
ဒီအကောင့်ကို အပ်လိုက်ပါ...ပြီးရင် kira လို့ ပြောလိုက်ပါ...ပြပါလိမ့်မယ်

puzzel.kira1996@gmail.com

thanks


မလေးရှားရောက် ရခိုင်အမျိုးသား ၁၀၀ ခန့်က ဗြိတိသျှ သံရုံးရှေ့တွင် ဘီဘီစီကို ဆန္ဒပြ

$
0
0
မောင်ရမ္မာ
----------
မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသားများ ၁၀၀ ခန့်က ကွာလာလမ်ပူမြို့ရှိ ဗြိတိသျှ သံရုံး ရှေ့သို့ သွားရောက်ပြီး ဘီဘီစီ ( အာရှ ပစိဖိတ် ဌာန)မှ ရခိုင်ပြည်နယ် မြေပုံပေါ် ရေးသားဖေါ်ပြသော သတင်းနှင့် ဓါတ်ပုံ အပေါ် မကျေနပ်သဖြင့် သွားရောက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။ဆန္ဒပြ တောင်းဆိုရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ တဦးဖြစ်သူ ကိုမျိုး ခိုင် နိရဉ္စရာသို့ ပြောသည်။
" ရည်ရွယ်ချက်ကတော့ BBC အင်္ဂလိပ် Web Site မှာ အင်နာဂျုံးက ကျွန်တော်တို့ ရခိုင် နယ်မြေဒေသမှာ ကျွန် တော်တို့ ရခိုင်လူမျိုးမဟုတ်တဲ့ ဘင်္ဂါလီလူမျိုးတွေရဲ့ ပုံကို ထည့်သွင်းထားတဲ့ အပေါ်မှာ ကျွန်တော်တို့အတွက် စိတ်ပျက်စရာ ဖြစ်ပါတယ်။ အခုလို လုပ်လိုက်တာဟာ ကျွန်တော်တို့ ရခိုင်လူမျိုးတွေ အတွက် သာမက မြန်မာ နိုင်ငံထဲမှာ နေထိုင်နေကြတဲ့ တခြားတိုင်းရင်းသားတွေကိုပါ စော်ကားရာ ရောက်ပါတယ်။ အဲဒီအတွက်ကြောင့် ခုလို သမိုင်းမှား၊ သတင်းမှားတွေကို ကမ္ဘာက သိအောင် BBC ကလုပ်ပေးတဲ့အတွက်ကြောင့် ဒါဟာ မလုပ်သင့် မလုပ် ထိုက်တဲ့ကိစ္စဖြစ်တယ်ဆိုပြီး ကျွန်တော်တို့က ကန့်ကွက်ဆန္ဒပြရတာ ဖြစ်ပါတယ်။"

ဆန္ဒပြပွဲတွင် တောင်းဆိုခဲ့သည့် အချက်များကိုလည်း သူက ယခုလို ပြောသည်။

" အင်နာဂျုံးအနေဖြင့် ကျွန်တော်တို့ကို တရားဝင် တောင်းပန်မှုပြုဖို့ နောက်ပြီးတော့ BBC အနေနဲ့ သူမလို သတင်းမှားတွေကို တင်ပြပေးတဲ့ သတင်းထောက်၊ ၀န်ထမ်းတွေကို အလုပ်ဖြုတ်ပေးဖို့ အတွက် ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်" ဟု ဆက်ပြောသည်။

ဆန္ဒပြတွင် သံရုံးမှ တစုံတရာ ဟန့်တားခြင်း မပြုသည့်အပြင် ဆန္ဒပြသူများက သံရုံးထဲကိုဝင်ပြီး စာများ ပေး အပ်ခဲ့သည်ဟု သိရသည်။ " ကျွန်တော်တို့ သံရုံးထဲထိ ၀င်ပြီးတော့ သံအမတ်ကြီးကို သွားတွေ့ကြပါတယ်။ သံအမတ်ကြီး ကတော့ သံရုံးမှာ မရှိတဲ့အတွက် သူရဲ့လက်ထောက် ပထမအတွင်းဝန် တယောက်က ကျွန်တော်တို့ ပေးတဲ့စာကို လက်ခံယူသွားပါတယ်။ သူ့အနေနဲ့ သံအမတ်ကြီးကို ပို့ပေးမယ်လို့ ပြောပါတယ်။"

ဆန္ဒပြပွဲကို မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင် အမျိုးသား ၁၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ပြီး ပိုစတာများကိုင်ကာ (၁)အန်နာဂျုံး -ချက်ချင်းဖြုတ်၊ ချက်ချင်းဖြုတ် ) (၂)လုပ်ကြံသတင်းမှား- အလိုမရှိ၊ အလိုမရှိ ) (၃)ရခိုင်မြေသည် -ငါရို့ မြေ၊ ငါရို့မြေ) ဟု ကြွေးကြော် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

လွန်ခဲ့သော နိုဝင်္ဘာလ ၁၆ရက်နေ့ နံနက် ၁၀း၃၀ မှ နံနက် ၁၁း၃၀ (လန်ဒန်စံတော်ချိန်)ထိ ကမ္ဘာကျော် ဘီဘီစီ သတင်းဌာနမှ သတင်းထောက် Anna Jone ၏ မှားယွင်းစွာ ရေးသားဖော်ပြခဲ့သည့် သတင်းနှင့် ဓါတ်ပုံ အတွက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဘီဘီစီ သတင်းဌာန ရုံးချုပ်ရှေ့တွင် ယူကေရောက် မြန်မာများက ပြန် လည် ဖြေရှင်းတောင်းပန်ရန် ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။

ယခုကဲ့သို့ နိုင်ငံတကာတွင် ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပေါ်လာရခြင်းမှာ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က Asia-Pacific ဌာနမှ သတင်းထောက် Anna Jones ရေးသားသည့် Bleak outlook for Burma's ethnic groups ဆောင်းပါးတွင် သတင်းနှင့်အတူ အငြင်းပွားဖွယ်ရာ ဓါတ်ပုံကို ရခိုင်ပြည်နယ် မြေပုံတွင် ပူးတွဲ ဖော်ပြခဲ့သည့်အတွက်ကြောင့် မကျေနပ်များ တိုးပွားလာရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဆန္ဒပြပွဲကို နံနက် ၁၀ နာရီမှ စတင်ပြီး ၁၀ နာရီခွဲတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်ဟု သိရသည်။

Facebook​ ​သုံး​စွဲ​ခြင်း​က​ ​ကျောင်း​သူ​​ ကျောင်း​သား​များ​ ​ပ​ညာ​ရေး​​ ထိ​ခိုက်​နိုင်

$
0
0

Ko Oo's blog

Facebookအား ​ ​သုံး​စွဲ​ခြင်း​သည်​ ​​ကျောင်း​သူ​ကျောင်း​သား​များ​အ​တွက်​ ​ပ​ညာ​ရေး​တွင်

ထိ​ခိုက်​မှု​ ​ဖြစ်​စေ​ကြောင်း​ ​သု​တေ​သီ​များ​က​ ​သ​တိ​ပေး​ခဲ့​သည်​။ ​လေ့​လာ​မှု​ ​တစ်​ခု​အ​ရ​ ​က​မ္ဘာ​ကျော်​ Social​ Networking​ ​ဝက်​ဆိုက်​အား​ ​ပုံ​မှန်​သုံး​စွဲ​နေ​သည့်​ 

ကျောင်း ​သား​အ​များ​စု​သည်​ Grade​​ အ​ဆင့်​ ​သတ်​မှတ်​မှု​များ​ ​ကျယ်​ဆင်း​လာ​တတ်​ကြောင်း​ ​စိတ်​ပ​ညာ​ရှင်​များ​က​ ​ပြော​ကြား​ခဲ့​သည်​။ ​သု​တေ​သီ​များ​က​ Facebook​ကို​ ​တွင်​ကျယ်​စွာ​ ​သုံး​စွဲ​နေ​သည့်​ ​ကျောင်း​သား​များ​သည်​ ​စာ​မေး​ပွဲ​ ​ရ​မှတ်​များ​ ​၂၀​ ​ရာ​ခိုင်​နှုန်း​ထိ​ ​ကျ​ဆင်း​တတ်​သည်​ဟု​ဆို​သည်​။

အ​မေ​ရိ​ကန်​ ​တ​က္က​သိုလ်​များ​ရှိ​ ​သာ​မန်​ဘွဲ့​နှင့်​ ​ဘွဲ့​လွန်​ကျောင်း​သား​ ​၂၁၉​ ဦး​၏​ ​ပ​ညာ​ရေး​ ​အ​ခြေ​အ​နေ​များ​ကို​ ​လေ့​လာခဲ့​ပြီး​နောက်​ ​ယ​ခု​ရ​လဒ်​ကို​ ​တွေ့​ရှိ​ခဲ့​ကြောင်း​ ​စိတ်​ပ​ညာ​ ​ပေ/ာ်​ဖက်​ဆာ​ ​ပေါ​က​ရစ်​ရှ​နာ​က​ဆို​သည်​။ ၎င်း​က​ ​ကျောင်း​သား​များ​တွင်​ ​အ​သက်​ ​၁၉​ ​နှစ်​မှ​ ​၅၄​ ​နှစ်​အ​ရွယ်​ထိ​ ​ပါဝင်​ကြောင်း​လည်း​ ​ပြော​ကြား​သွား​သည်​။

ပေါ​နှင့်​ ​သု​တေ​သီ​အ​ဖွဲ့​က​ Facebook​ ​သုံး​စွဲ​နေ​သူ​ ​လေး​ပုံ​သုံး​ပုံ​မျှ​သည်​ ​ထို​အ​ချိန်​များ​တွင်​ ​ပ​ညာ​ရေး​အ​တွက်​ ​အ​သုံး​ချ​ပါ​က​ ​မိ​မိတို့​အ​တွက်​ ​အ​ကျိုး​ဖြစ်​ထွန်း​စေ​မည်​ဆို​သော​ ​အ​ချက်​အား​ ​ယုံ​ကြည်​ခြင်း​မ​ရှိ​ဟု​ ​ပြော​ကြား​ခဲ့​သည်​။ ​ယ​ခု​လို​သ​ဘော​ထား​နှင့်​ ​အ​လား​တူ​ ​ပုံ​စံ​မျိုး​ကို​ ​ပို​မိုငယ်​ရွယ်​သည့်​ ​အ​လယ်​တန်း​နှင့်​ ​အ​ထက်​တန်း​အ​ဆင့်​ ​ကျောင်း​သား​များ​တွင်​ပါ​ ​တွေ့​မြင်​ရ​နိုင်​ကြောင်း​ ​ပေါ​က​ ​မှတ်​ချက်​ပြု​ ​ပြော​ကြား​သွား​ခဲ့​သည်​။

လို..တိုး ၊ ပို..လျှော့

$
0
0

“လိုတိုး ပိုလျှော့” ဆိုတဲ့ စကားလုံးလေးက အရမ်းကို အသုံးဝင်တဲ့ စကားလုံးလေးပါ။ ယခု လောလောဆယ်လဲ လူပါတ်ဝန်းကျင်တွင်
သုံးနေကြပါသည်။ ရိုးရိုးလေးနဲ့..ဘ၀ တခုလုံအတွက် အလွန်အသုံးဝင်ပါတယ်။ ဒဂုန်တာရာရဲ့ ဆောင်းပါးလေးတခုကိုဖတ်ပြီးချိန် မှာ ဒီစကားလုံးလေးရဲ့ အနှစ်သာရကို ကျမခံစားလို.ရခဲ့ပါတယ်။
အဲ့ဒီဆောင်းပါးလေးမှာတော့ ဒဂုန်တာရာက သူဘ၀ရဲ့ လိုတိုး ပိုလျှော့ လေးတွေကိုရေးထားတာပါ။
ကျမခံစားလိုရတဲ့ ကျမဘ၀ရဲ့ လိုတိုး ပိုလျှော့ လေးတွေ ကိုပြောပြချင်ပါတယ်။ လူလောကကြီးမှာ အားလုံးပြီးပြည့်စုံနေသောသူရယ်လို မရှိရိုးအမှန်ပါ။ လူတိုင်းကတော့ လိုအပ်ချက်ကိုယ်စီ၊ ပြစ်ချက်ကိုယ်စီ ရှိကြတာပါပဲ။ လူရယ်လိုဖြစ်လာပြီးမှတော့ လူတော်လူကောင်းလေးတွေပဲဖြစ်ချင်ကြသည်ပေါ့။ ဒါကြောင့်မို့ ကျမတို.ရဲ့ ကိုယ်ပိုင်ဘ၀ကို ကိုယ်ကို တိုင်သုံးသပ်ကြည့်ဖိုလိုပါတယ်။
အကောင်း အဆိုး ဒွန့်တွဲ နေတဲ့ ဘ၀ကြီးမှာ ကောင်းတာလေးတွေများလာအောင် လိုတိုးပိုလျှော့ လေးလုပ်ကြည့်ကြ ဖို.လိုပါတယ်။
ကျမ ဆိုပါတော့ ကျမကတော့ စာဖတ်ဝါသနာပါပါတယ် ။ အလိမ္မာစာမှာရှိ ဆိုသလိုပေါ့..လူကြီးမိဘတွေရဲ့ သွန်သင်မူကြောင့် လဲ စာဖတ်အားသန်လာရတာပါ။ ဒါပေမဲ့ ကျမက စာအုပ်အရမ်းရွေးပါတယ်။ စာကြီး ပေကြီးရွေးဖတ် တတ်တယ်ပေါ့။ စာအုပ်မျိုးစုံ ဖတ်အားနည်းတာကြောင့် ဗဟုသုတ အစုံမရခဲ့ပါဘူး။ စာအုပ်မျိုးစုံဖတ်သင့်ပါတယ်။ ဒါကြောင့်မို ကျမရဲ့ ခံယူချက်ကြီးကို ပြောင်းပြီး စာအုပ်အစုံဖတ်ဖို လိုတာလေးကိုတိုးပေးရမှာပါ။
နောက်တခုကတော့ ကျမက မိန်းကလေးပီပီ အလှအပကြိုက်ပါတယ်။ အ၀တ်အစား ကြိုက်တာလေးတခုတွေပြီ ဆိုလျှင် မရအရ လိုက်ဝယ်တတ်ပါတယ်။ အဲ့ ဒီ လို လိုချင်တပ်မက်တဲ့စိတ်...အစွဲအလမ်းကြီးတဲ့စိတ် က တချိန် ဒုက္ခပေးနိုင်တာမို. ဖျောက်ဖျက်သင့်ပါတယ်။ ဒါလေးကတော့လျှော့သင်တာလေးပါ။
ကျမဘ၀ရဲ့ လိုတိုးပိုလျှော့ လေးတွေကိုဥပမာပြောပြတာပါ။
ကျမတိုလို..မြေစမ်း ခရမ်းပျိုး တဲ့ လူငယ်တွေ အတွက် အသုံးဝင်မယ်လိုထင်ပါတယ်။
အောင်မြင် အေးချမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ အတွက် ကိုယ်ပိုင်ဘ၀လေးကို လိုတိုးပိုလျှော့လေး လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ပျော်ရွင်ပါစေ။

မှုံနံ.သာဖြူ။

connectionဘောလုံးပွဲ

$
0
0

ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျာ အခုချိန်ကစပြီး ဘောလုံးပွဲ စတင်

ကြေငြာပါတော့မယ်ခင်ဗျာ..ကျွန်ေ

တ်ာတို့ရဲ့ ဘောလုံးနာမည်ကတော့ connection

ဖြစ်ပါတယ်ခင်ဗျာ ဒီဘောလုံးလေးကို ထုတ်လုပ်ပေးတာကတော့ internet လို့ခေါ်တဲ့

company တစ်ခုမှဖြစ်ပါတယ်ခင်ဗျာ အခု ယှန်ပြိုင်မဲ့ အသင်းတွေကတော့

နည်းနည်းတော့ ဆန်းတယ်ဗျ တစ်ဘက်အသင်းက google,facebook,gtalk and gmail

တို့ဖြစ်ပြီး အဘက်အသင်းကတော့ ADSL , Bagan , MPT, Redlink and Yatanarpon

တို့မှဖြစ်ပါတယ်ခင်ဗျာ.. ပွဲကြည့်မယ်ဆိုကတည်းက ဘက်ကတော့ သိပ်မမျှခင်ဘူးဗျ

ADSL တို့ဘက်က လူဦးရေ သာနေပါခင်ဗျာ ဒါပေမယ့် ပွဲကြည့် ပရိသတ် user

တွေကတော့ google ဘက် အသင်းမှာ အားလုံးနီးပါး နေရာယူထားကြတယ်ခင်ဗျာ ... ADSL

တို့ဘက်ကတော့ ပွဲကြည့်မဲ့သူ မရှိဘဲ လူမဲ့ဖြစ်နေပါတယ်ခင်ဗျာ ဒါပေမဲ့

သူတို့ဘက်က အားကစားသမား ကောင်းများ နေရာယူထားကြပါတယ်ခင်ဗျာ...

ပွဲစပြီခင်ဗျာ လာလာချင်း computer ကနေ ယူဇာတွေရဲ့ အားပေး

အော်ဟစ်မှု့ကြောင့် moilla firefox ထံပေးပါတယ်ခင်ဗျာ firefox ကနေ google

ကို စပေးပါတယ်ခင်ဗျာ ဒါပေမယ့်  Yatanarpon အသင်း လမ်းတ၀က်မှာ

ဖျက်ချပစ်ပါတယ်ခင်ဗျာ အားပေးနေတဲ့ ယူဇာများ ဆန့်ငင်ငင်ဖြစ်သွားပါတယ်ခင်ဗျ

အခု ဆို ရင် Yatanarpon လက်ထဲမှာ connection ဆိုတဲ့ ဘောလုံးကြီး

ပါသွားပါတယ်ခင်ဗျာ..အခုဆို refresh ရဲ့ ကျေးဇူကြောင့် Yatanarpon ဘက်မှာ

connection ကို google တို့ဘက်မှာပြန်ယူလိုက်ပါပြီဗျာ အခုဆို google က

တစ်ဆင့် facebook တို့ gmail တို့ကို လွဲပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ ဟော

ပြောရင် သူတို့ဘက်မရောက်ခင် Yatanarpon ဘက်က ပြန်ဖျက်အုပ်ပါတယ်ခင်ဗျာ

ပါသွားပြန်ပြီဗျာ ယူဇာတွေကလည်း google ဘက်မှ google ဘက်ဖြစ်နေပါတယ်ခင်ဗျာ

Yatanarpon ဘက်ကို အော်ဟစ် ဆဲကြပြန်ပြီခင်ဗျာ ဟိုဘက်က ပရိသတ် မဲ့တော့တော့

အခြေအနေကတော့ ဒီဘက်က ဆဲဆို သမျှကို တော့ လိမ့်ခံရပါတယ်ခင်ဗျာ ဒါပေမယ့်

သူတို့ဘက်က ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပါတယ်ခင်ဗျ ဟောပြောနေရင်း

refresh က ပြန်ပြီး Yadanarpon ဘက်က connection ဆိုတဲ့ ဘောလုံးကို

ပြန်သယ်လာပြန်ပြီခင်ဗျာ... အခုဆို အဆင့်ဆင့် googleတို့ဘက်က ပြန်ပြီ

ခြေစွမ်းပြန်နေပြီဗျာ gtalk ကနေ signing in ကို ပေးနေပြီခင်ဗျာ အဲအဲ့

အဲဒီအချိန်မှာပဲ Yatanarpon တို့ဘက်က sever not found က ပြန်ပြီးတော့

နေရာယူသွားပြန်ပြီခင်ဗျာ user များ ထဆဲကြပြန်ပြီခင်ဗျာ ဆဲလည်း ဟိုဘက်က

Yatanarpon တို့ဘက်က မျက်နှာကို ဆင်သရေမျက်နှာဖုံးတပ်ဆင်ထားသကဲ့သို့

အရေထူနေပြီဗျာ သူတို့ဆဲတာ အေ၇းတောင် မစိုက်ပါဘူးဗျာ တအားတော်တဲ့

ဘောလုံးကစားသမားတွေဖြစ်ပါတယ်ခင်ဗျာ အားပေးမဲ့သူမ၇ှိတာတောင်

ဒီလောက်ခြေစွမ်းတွေလိမ့်ပြနေတယ်ခင်ဗျ ဒါပေမယ့် ဒီဘက်ကလည်း ပြန်စွဲတယ်ခင်ဗျာ

ဒါပေမယ့်မဲ့ Yatanarpon ဘက်က sever not found က တော်တော်လေး

ကောင်းပါတယ်ခင်ဗျာ ဒီဘက်က google တို့ဘက်က အလဲလဲ အကွဲကွဲဖြစ်နေပါတယ်ခင်ဗျာ

Yatanarpon ဘက်က လုပ်သမျှကို လိမ့်ပိန့် ခံနေရပါတယ်ခင်ဗျာ... ပြောရင်း

နည်းပြ ( shop worker)တွေက auto နေရာမှာ proxy ဆိုတဲ့ ကစားသမားလေး

ထည့်ကစားတော့ပါတယ်ခင်ဗျာ ဟောဗျာ အဲလိုကစားလိုက်တော့ google တို့ဘက်က

connection ကြီးကို ပြန်ရလာပါတယ်ခင်ဗျာ သူတို့ကို အားပေးတဲ့ user တွေကလည်း

ဝေးကနဲ ထအော်လိုက်ပါတယ်ခင်ဗျာ proxy ကွ proxy ကွဖြစ်နေပါတယ်ခင်ဗျ အခုတော့

google တို့ဘက် က အရေးသာနေပြီပေါ့ဗျာ တော်တော်လေးကောင်းတယ်ဗျာ ဟော ပြောရင်

proxy ကို sever not found က ပြန်ပြီး ပိတ်ပြီး connection ကို

ယူသွားပါတယ်ခင်ဗျာ user များ sever not found ကို သောက်မြင်း

တအားကပ်နေပါတယ်ခင်ဗျာ သူက တအားကောင်းတာကို အကောင်းဆုံးဘောလုံးသမားထဲ

ပါတယ်ခင်ဗျာ သူနဲ့ တန်းတူ နောက်နှစ်ယောက်ရှိပါတယ်ခင်ဗျာ သူကတော့ access

denied နဲ့ connection error ဖြစ်ပါတယ်ခင်ဗျာ သူတို့ဘက်က နည်းပညာတွေ

ကစားကွက်တွေကို ဒီဘက် google တို့ဘက်က မလိုက်နိင်ပါဘူးဗျာ အခုဆို တစ်ဘက်နဲ့

တစ်ဘက် အပြိုင်အဆိုင်တော့ဖြစ်နေတုံးပါပဲခင်ဗျာ proxy တွေကလည်း သူသိသမျှ

မှတ်သားထားသမျှ အကြံကုန် ဥာဏ်ကုန် ထုတ်သုံးကစားပါတယ်ခင်ဗျာ ဒါပေမယ့်လဲ

ဟိုဘက်က Yatanarpon ဘက်က လူတွေကို လိုက်လို့မမှီပါဘူးခင်ဗျာ ....အခုဆို

google ဘက်က နည်းပြက auto ရယ် refresh နဲ့ porxy တို့ကို အသုံးပြုပြီး

အကြံကုန် ဥာဏ်ကုန် ကစားခိုင်းတယ်ဗျာ အင်း ဘောလုံးပွဲဆိုတာတော့ တဘက်သတ်ထဲ

ဘောလုံးက ၇ှိမနေတာကြောင့် connection ဆိုတဲ့ ဘောလုံးက ဟိုဘက် ဒီဘက်

တလိမ့်လိမ့် ပါနေပါတယ်ခင်ဗျာ... ဒါပေမယ့် connection ဟာ Yatanarpon ဘက်မှာ

ပိုပြီး အခြေကျနေတာများတယ်ခင်ဗျာ google တို့ဘက်ကလည်း အရှုံးမပေးပဲ

ပြန်ပီး ထိုးစစ်ဆင်တာ အခုဆို ရက်တစ်ပတ်လောက်ကြာနေပြီဖြစ်ပါတယ် user တွေရဲ့

ဆဲဆို သံများကိုလည်း Yatanarpon ဘက်က သကြားရည် ပျားရည် တို့ဆို

သူတို့နားထဲမှာ ချိုမိန် နေပါတယ်ခင်ဗျာ... အခုတော့ user များ လက်လျှော့ပြီး

ဒီတိုင်းထိုင်ကြည့်နေ၇ပါတယ်ခင်ဗျာ google တို့ဘက်ရောက်အောင်

ဆုတောင်းနေရပါတယ်ခင်ဗျာ အင်းကြည့်ရင်းနဲ့ ကျွန်တော်တင်ဆက်သူလည်း

တခြားအလုပ်တွေလက်ခံထားသမျှ အစီအစဉ်ကြေငြာမှု့ကို ဒီတင် ခဏ ရပ်ဆိုင်း

ဆိုင်ငံထားရပါတယ်ခင်ဗျာ....................·✿·♪·♥ ချင်းတွင်းသားလေး· ✿·♪·♥

Facebook စောင့် နတ်မင်း နှင့်တွေ့ဆုံခြင်း

$
0
0

Facebook စောင့် နတ်မင်း

·ချင်းတွင်းသားလေး။ ။ အရှင်နတ်မင်းဘုရား...။

နတ်မင်း။ ။ ပြော မောင်ချင်းတွင်းသားလေး·၊ မျက်နှာမသာမယာနဲ့ ဘာများဖြစ်လေသနည်း။

ချင်းတွင်းသားလေး။ ။ ပြော၊ မပြောချင်ပါဘူး အရှင်နတ်မင်း ဘုရား...

အရှင်စောင့်ကြပ်လေသော Facebook မှာ...

နတ်မင်း။ ။ ဘုရား၊ ဘုရား၊ မထိတ်သာ မလန့်သာ ရှိလိုက်တာ၊ Facebook မှာ

ဘာများ ဖြစ်လေသနည်း မောင်ချင်းတွင်းသားလေးရဲ့...။

ချင်းတွင်းသားလေး။ ။ မှန်လှပါဘုရား၊ မှန်ရာကို အမြန်မကြာ

ထွက်ကာဆိုရမည်ဆိုလျှင် အကျွန်ုပ်ကို စိတ်အနှောက်အယှက် ဖြစ်စေသော

အကြောင်းခြင်းရာ ဆယ်ချက်ထက်မက ဖြစ်ပေါ်နေသောကြောင့်ပါ ဘုရား။

နတ်မင်း။ ။ အလျှင်အမြန် လျှောက်တင်စမ်း၊ ငါကိုယ်တော် အကြံပြုတော် မူချေမည်။

ချင်းတွင်းသားလေး။ ။ မှန်လှပါဘုရား၊ အချို့သော သူများသည် ကျွန်တော်မျိုးအား

သူငယ်ချင်း အဖြစ် Facebook တွင် လက်ခံထားပြီး သူတို့၏ Wall ကိုမူ

ပေးမမြင်တွေ့ပဲ Private လုပ်ထားကြောင်းပါ ဘုရား။

နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည်ကား အကြောက်တရား စိုးမိုးသူများ ဖြစ်လေသတည်း။

ချင်းတွင်းသားလေး။ ။ မှန်ပါ့ဘုရား။ အချို့သော သူတို့ကမူ ကျွန်တော်မျိုးအား

Invite လုပ်လိုက်၊ တစ်ခါ Remove လုပ်လိုက်၊ တစ်ခါ ထပ်ပြီး Invite

ပြန်လာလုပ်လိုက် ဖြစ်နေပါသည် ဘုရား။

နတ်မင်း။ ။ အိန်း၊ ထိုသူတို့ကား စိတ်မမှန်သူများ ဖြစ်လေသည် မောငချင်းတွင်းသားလေး။

ချင်းတွင်းသားလေး။ ။ မှန်ပါ့ဘုရား။ အချို့သူတို့ကား ကျွန်တော်မျိုး Invite

လုပ်သည်ကို လက်မခံပဲ ရှိနေလို့ပါ ဘုရား။

နတ်မင်း။ ။ အိန်း၊ ထိုသူတို့ကား သွေးကြီးသူများ ဖြစ်လေသည် မောင်ချင်းတွင်းသားလေး။

ချင်းတွင်းသားလေး။ ။ မှန်ပါဘုရား၊ အချို့သော သူတို့ကား ချင်းတွင်းသားလေးမှာ မဲသည်၊

ဖြူသည် သေချာမသိဘဲ အတင်းကို Invite လာလုပ်ပြီး မိတ်ဖွဲ့နေကြပါသည် ဘုရား။

နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည် Facebook အကြောင်း သေချာမသိသူများ

ဖြစ်လေသည် မောင်ချင်းတွင်းသားလေး။

ချင်းတွင်းသားလေး။ ။ မှန်ပါဘုရား၊ ယခုထပ်မံ တင်ပြလိုသည်ကား။ အချင်းချင်း၊

မျှဝေ၊ ရေးသားကြသည့် ကိစ္စများ ဖြစ်ပါသည် ဘုရား။

နတ်မင်း။ ။ ဆိုစမ်းပါဦး၊ မောင်ချင်းတွင်းသားလေးရဲ့... ဘယ်လိုတွေများ ဖြစ်ပျက်နေကြသနည်း။

ချင်းတွင်းသားလေး။ ။ မှန်လှပါဘုရား။ အချို့သောသူများသည် သူတို့ရေးသမျှ ပို့စ်၊

သီချင်း၊ ဓာတ်ပုံ စသည်တို့ကို ကျွန်တော်မျိုး ကြိုက်သည် မကြိုက်သည်

မမေးမြန်းဘဲ အတင်းကာရော Tag လုပ်နေကြခြင်း ဖြစ်ပါသည်။

နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည်ကား နာမည်ကြီးချင်သူများ ဖြစ်လေသည် မောင်ချင်းတွင်းသားလေး။

ချင်းတွင်းသားလေး။ ။ မှန်ပါ့ဘုရား၊ အချို့သော သူများကား ကျွန်တော်မျိုး

အတည်အတန့် ရေးတင်ထားသော Status များ Notes များတွင် နောက်ပြောင်၊

ကျီစားသော Comment များ ပေးသွားကြပါသည်ဘုရား။ တခါတရံ ဘာမှ မရေးဘဲ :) :D

:P စသဖြင့် လုပ်သွားပါသည် ဘုရား။

နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည် အားယားတိုင်း အပျော်ရှာနေကြသူများ

ဖြစ်လေသည် မောင်ချင်းတွင်းသားလေး။

ချင်းတွင်းသားလေး။ ။ မှန်ပါ့ဘုရား၊ အချို့တမူကား ကျွန်တော်မျိုး ဘာပဲတင်တင်

တစ်ခုမကျန် လာရောက် Like လုပ်နေ ကြပါသည် ဘုရား။

နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည်ကား အထီးကျန် ဆန်သူများ၊ သို့မဟုတ်

အဆင်အခြင်နည်းသော သူများ ဖြစ်ချေမည် မောင်ချင်းတွင်းသားလေး။

ချင်းတွင်းသားလေး။ ။ မှန်ပါ့ဘုရား၊ အချို့သော သူတို့ကား မည်သည့်ရန်ညှိုးမျှ

မရှိဘဲ ကျွန်တော်မျိုး၏ Notes များ၊ Status များတွင် လာရောက်ဆဲဆို

ရေးသားသွားကြပါသည် ဘုရား။

နတ်မင်း။ ။ အိန်း၊ ထိုသူများသည် မိုက်ကန်းပြီး မနာလိုစိတ်ကြီးသူများ

ဖြစ်လေသည် မောင်ချင်းတွင်းသားလေး။

ချင်းတွင်းသားလေး။ ။ မှန်ပါ့ဘုရား၊ အချို့သော သူတို့ကား ဤသို့ ရှိပါသည်။

သူတို့၏ Status များ Wall များတွင် ကျွန်တော်မျိုး သွားရောက် ရေးသား

Comment သောအခါ ကျွန်တော်မျိုးအား Block လုပ်ပစ်ကြပါသည် ဘုရား။

နတ်မင်း။ ။ အိန်း၊ ထိုသူတို့ကား လူမှုရေးနားမလည်သူများ ဖြစ်လေသည် မောင်ချင်းတွင်းသားလေး။

ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ လူမှုရေးနှင့် ဆိုင်သဖြင့် ခံစားရသော ပြဿနာ

အနည်းငယ်ကို ပြောချင်ပါသည် အရှင်ဘုရား။

နတ်မင်း။ ။ အိန်း၊ ပြောချေလေ၊ မည်သို့သော ပြဿနာများနည်း။

ချင်းတွင်းသားလေး။ ။ မှန်ပါ့ဘုရား၊ အချို့သော သူတို့မှာကား ကိုယ့်အလုပ်

ကိုယ်မလုပ်ဘဲ ကျွန်တော်မျိုး၏ ကိုယ်ရေးကိုယ်တာ သမီးရည်းစားကိစ္စများတွင်

ဝင်ရောက် စပ်စုချင်ကြပါသည် ဘုရား။

နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည် မီးလောင်ရာ လေပင့်ချင်သူများ၊

ယနေ့ခေတ်အခေါ် ဖွတတ်သူများ ဖြစ်လေသည် မောင်ချင်းတွင်းသားလေး။

ချင်းတွင်းသားလေး။ ။ မှန်ပါ့ဘုရား၊ အချို့သော သူများသည် Relationship Status

ကို ရည်းစားများပြောင်းတိုင်း မကြာခဏ ပြောင်းတင်နေပါသည် ဘုရား။

နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည် ပေါ်ပြူလာဖြစ်လိုသူများ ဖြစ်လေသည် မောင်ချင်းတွင်းသားလေး။

ချင်းတွင်းသားလေး။ ။ မှန်ပါ့ဘုရား၊ အချို့သော သူတို့သည် ဆန့်ကျင်ဘက်

လိင်များကိုသာ သွားရောက် မိတ်ဖွဲ့ကြသည်ကို သတိထားမိပါသည် ဘုရား။

နတ်မင်း။ ။ ထိုသူတို့သည်ကား တဏှာကြီးသူ၊ ယနေ့အခေါ် ဖွန်ကြောင်သူများ

ဖြစ်လေသည် မောင်ချင်းတွင်းသားလေး။

ချင်းတွင်းသားလေး။ ။ မှန်ပါ့ဘုရား၊ အချို့သောသူများသည် အပျိုကြီး၊

လူပျိုကြီးဖြစ်ရသည်ကို အင်မတန်မှ ဂုဏ်ယူကြောင်းကို Facebook ကို

အသုံးချပြီး ကြော်ငြာဝင်နေကြပါသည် ဘုရား။

နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည် ရှက်ရမ်းရမ်းသူများ ဖြစ်ကြလေသည် မောင်ချင်းတွင်းသားလေး။

ချင်းတွင်းသားလေး။ ။ မှန်ပါဘုရား၊ အချို့သော သူတို့သည် Profile ဓာတ်ပုံများကို

အမှန်မပြဘဲ မျောက်အကိုကြီးယား၊ မျောက်အမေကြီးကားတိုက် စသည်မှ မင်းသမီး၊

မင်းသားပုံများ တင်ထားကြပါသည်ဘုရား။

နတ်မင်း။ ။ အိန်း ထိုသူတို့သည် အရှက်ကြီးသော အုံ့ပုန်း သမားများ

ဖြစ်ကြလေသည် မောင်ချင်းတွင်းသားလေး။

ချင်းတွင်းသားလေး။ ။ မှန်ပါ့ဘုရား၊ အချို့သော သူများသည် သူတို့ ငယ်စဉ်က

ကိုယ်လုံးတီးပုံများ၊ မိသားစုပုံများကို တင်ပြီး Sibling များပင်

ထားရှိကြပါသေးသည် ဘုရား။

နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည်ကား အုပ်စုနှင့် ဖြဲချောက်လိုသူများ

ဖြစ်လေသည် မောင်ချင်းတွင်းသားလေး။

ချင်းတွင်းသားလေး။ ။ မှန်ပါ့ဘုရား၊ အချို့သော သူတို့သည်ကား...

နတ်မင်း။ ။ ဒီမယ်...၊ မောင်ချင်းတွင်းသားလေး...

ချင်းတွင်းသားလေး။ ။ မှန်ပါ့ဘုရား

နတ်မင်း။ ။ မောင်မင်း ဒီလောက် စိတ်ရှုပ်နေရင်လည်း Facebook

သုံးမနေနဲ့တော့ကွယ်။ ငါကိုယ်တော် ဒီထက်ပိုပြီး အကြံမပြုတတ်ချေတော့ဘူး။

ချင်းတွင်းသားလေး။ ။ မှန်ပါ့ဘုရား၊ ဒါပေမယ့် မရှိမကောင်း၊ ရှိမကောင်း ဆိုသလို

မသုံးရင်လည်း မနေနိုင်လေတာကြောင့်...

နတ်မင်း။ ။ ဒါဆိုလည်း မောင်မင်းသဘောလေကွယ်၊ ငါကိုယ်တော်

ပြန်ကြွတော်မူပြီ... Facebook မှာ လိမ်မာမာ နေကွယ့်၊ ဒါပဲ ပြောမယ်။

ချင်းတွင်းသားလေး။ ။ မှန်ပါ့ဘုရား။။

ထီးလှလှတစ်ချောင်းပဲ ၀ယ်ပါတော့မယ်

$
0
0

9.10.2011

ကျွန်မ သူငယ်ချင်းလက်ထပ်တော့မယ်တဲ့။ပျော်ရွင် ရင်ခုန်ခြင်း တွေ ထပ်တူထပ်မျှ ခံစားရင် သူရဲ့ခင်ပွန်းလောင်းကို တွေ့ဖို ကျွန်မ သွားခဲ့တယ်။

အဲ...ဒါပေမဲ့ လမ်းမှာ ဖိနပ်ပြတ်တယ်။ထီးကျိုးတယ်။နမိတ်တွေ တဲ့လား။အယူအဆတွေ နမိတ်တွေ နမာတွေကို ကျွန်မက မယုံကြည်တတ်ဘူး။

ဖိနပ်ပြတ်ရင် လွင့်ပစ်မယ်.....အသစ်ဝယ်မယ်ပေါ့။

ထီးကျိုးရင် အသစ်ရမယ်။

အဟောင်းတွေ ကိုယ်ဆီက ထွက်သွားတာ အကောင်းဆုံး အသစ်ထပ်ရမယ် အတွက်ပဲပေါ့။

ချိန်းထားတဲ့ နေရာကို ကျွန်မက အမြဲကြိုသွားတတ်တယ်။ဘယ်သူနဲ့ ချိန်းချိန်း ဘာကြောင့် ချိန်းချိန်း ဆယ်ငါးမိနစ်တော့ အမြဲ ကြိုသွားတတ်တယ်။ဘာ အကျင့်ကြောင့် အခုလို ဖြစ်လဲတော့ မပြောတတ်ဘူး။ဒီတစ်ခေါက်တော့ ကျွန်မ ကံကောင်းတာလား ကံဆိုးတာလား မသိဘူး။ကျွန်မ မျက်စိရှေ့မှာ ရောက်လာ့မယ် ကျွန်မ ချစ်ရတဲ့သူကို ကြည့်ပြီး ရင်တွေ ပါးပါးလေး ခုန်နေမိတယ်။မတည်ငြိမ်တဲ့ အရွယ်မှာချစ်ခဲတဲ့အချစ်က အသားကျနေပေမယ် ပြန်ဆုံတွေ့တော့ရင်ခုန်နေသေးတာပဲ။

မယုံကြည့်နိုင်ဘူး.....

ကျွန်မ သိပ်ချစ်ခဲ့ရသော မောင်

ကျွန်မ သိပ်ချစ်ခဲ့ဖူးသော မောင်

ကျွန်မ သိပ်ချစ်နေရဆဲသော မောင်

ကျွန်မ ဘ၀ထဲမှာ ဆက်လက်ရှင်သန်နေသော မောင်

ပြီးတော့ ကျွန်မ သူငယ်ချင်းရဲ့ ခင်ပွန်လောင်း

ကျွန်မ တို့ချစ်ခဲဖူးတာကို သူမေ့သွားတာလား။မသိချင်ယောင်ဆောင်နေတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား။

ကျွန်မ စွပ်စွဲခဲ့မိသလိုများ ဖြစ်လာမယ်လို မယုံကြည့်ခဲ့ဘူး။

သူ မတတ်ခဲ့ အတတ်ပညာကို သင်ပေးခဲ့တာ ကျွန်မ ကိုယ်တိုင်ဖြစ်နေတာကို အချိန်တော်တော်ကြာမှာသိခဲ့ရပြီးသားပါ။

ဘာကြောင့် ဖြစ်ဖြစ် အခုချိန်မှာ အမုန်းဆုံးလူဆိုရင် သူတို နှစ်ယောက်ကို ခေါင်းဖြတ်ပြီးသာပြလိုက်ချင်တယ်

ဒါကို ဘယ်လိုခေါင်းစဉ်တပ်ရမလဲ။

အခု ဖြစ်နေတဲ့ ကိစ္စကို အဆုံးသတ်ဖို့ အတွက် ကျွန်မ နှလုံးသားကို စတေးခဲ့ရမလား

ဒါမှ မဟုတ် အတိတ်ကိုပဲ ဆက်လက် အိပ်မက်နေရဦးမှာလား။

ဒါပေမဲ့ ...နင် ငါကို ထားသွားတာကို အပြစ်တော့မဆိုရဲပါဘူး။

ဟဲ့ ငါနင်ကို့ မိတ်ဆက်ပေးမယ်...သူကငါရဲခင်ပွန်းလောင်းပေါ....ဘယ်လိုလဲ နင်အံ့သြသွားလား.....

(အမလေး...သူလင် စာခြောက်ရုပ် အ၀တ်ပတ်ကို ယူမှာ များ ငါက အံ့သြရမယ်တဲ့လား)

ဟင်း ဟင်း အေးပေါ့ အံ့သြတာပေါ့ ...နင်တို နှစ်ယောက်က မထင်တာတွေ လုပ်ပြနေတာကို

(မသာမ ....ဇကောလောက်မှ စောက်မနက်)

သူကငါကို သိပ်ချစ်တာဟ...

(ပြောပေါ့....နင် မပြောခင်ငါ့အရင် ဒူးထောက်ပြောထားတာများ....နင် မယုံရင် လှန်ကြည့်လိုက်...အမာရွတ်တောင်ကျန်သေးတယ်)

ဒါနဲ့ နင်တို ဘယ်တော့ လက်ထပ်မှာလဲ...ဒီ သီတင်းကျွတ်မှာပဲလက်ထပ်မှာလား

(ကောင်မ နန့်နေတာ ယောက်ျားလိုချင်တာ နှစ်ပိုင်း သေနေပြီ)

မဟုတ်ဘူးဟ ....2012 ဒီဇင်ဘာမှ

(ဘာလုပ်မှာလဲ...တရုတ်စုတ်မ တရုတ်မသာလုပ်မှာလား)

အေး လိုသေးတာပေါနော. ကြိုကြွားတာပေါ့ ဟုတ်လား

အေးပေါ့ဟ ဒီချစ်သူလေးပဲ ကြွားရတာပေါ့....ချောတယ်မဟုတ်လား

(ငါ့ ချစ်သူ ချော မချော နင်ပြောမှ သိမှာလားဟဲ ချောလိုငါကြိုက်တာပေါ့ ကောင်မရဲ)

(မသာက လာရှက်နေတယ်...ကျက်သရေမရှိကျပ်မပြည့်တဲ့ ပြား၉၀ ရုပ်မှာ ဗေလုဝ ရုပ်ပေါင်းပြီ ချာလီချာပလင် လမ်းလျှောက်တဲ့ စတိုင်ကများ)

ဟဲ လိုသေပေမယ် ကူညီဦးနော အခုကတည်းက စီစဉ်ထားရမှာ.....နင်ကူညီနော

အေးပေါ့ ကူညီရမှာပေါ့ ဒီသူငယ်ချင်းတွေ ပဲရှိတာကို နင်ကလည်း

(သေချင်းဆိုးလေး နှစ်ကောင်....မဂီလာအိပ်ရာထဲ မြွေပွေး လေးကောင်းက လက်ဆောင်ထည့်ပေးထားမယ်)

ဟဲ ငါပြန်တော့မယ် ချိန်းထားတာ ရှိသေးတယ်ဟ

နောက်မှ အေးဆေးတွေ့တော့မယ်လေနော

အမလေး နင်ကလည်း လုပ်မနေပါနဲ့ နင်ကို ချိန်းမယ်သူမရှိပါဘူး

(ဆန်ကုန်မြေလေးမ ငါကိုများ....ပါးထရိုက်လို့ ကိုယ်အမှုကိုယ်ပြန်လိုက်နေရမယ်)

ပြန်ပြီဟာတာ့တာ့နော...

အိမ်ပြန်တဲ့ လမ်းတစ်လျှောက် ကျွန်မ စဉ်းစားမိတယ်

ဒီနေ့ ကျွန်မ ဖိနပ်အသစ်ဝယ်တယ်...မ၀ယ်လို မဖြစ်ဘူးလေ နော့ ....အိမ်မှာ ရှိသေးပေမဲ့ လောလောဆယ်ခြေဗလာနဲ့ သွားလိုမဖြစ်ဘူးလေ

အသစ်ဆိုတော့ ဖိနပ်ပေါက်တယ် အပျိုမကြီးတကြီးလေး ဆိုလည်း လှချင်သေးတာပေါ့နော့်

ထီးတော့ မ၀ယ်တော့ဘူး နေပူလည်း နည်းနည်း အရိပ်ရတဲ့ ဘက်က သွားလို့၇သေးတယ်

အိမ်ရောက်တော့ ရေမိုးချိုးပြီး Diary စာအုပ်လေးကို ဖွင်မိတယ်

အမှတ်တ၇တွေ တော်တော်များသားပဲ..မလိုတောပါဘူး မီးရှို့လိုက်တော့မယ်...

သြော ချောင်ကြို ချောင်ကြားက နေ ဓါတ်ပုံလေး ၃ပုံက မထွက်ချင် ထွက်ချင် ထွက်လာတယ်

မရဘူး ထွက်လာခဲ့ .. နင်တို့လည်း နည်းနည်းတော့ဟောင်းနေပြီ..ဆေးသားတော့ ကောင်းသား

ဒါပေမဲ လွင့်ပစ်လိုက်တော့မယ် ....သွားဟာ...စိတ်ကုန်တယ်...ဒီတစ်နှစ်လည်းကုန်ပါပြီ....

နေဦး ဖိနပ်ပေါက်တာ ဆေးလိမ်းရဦးမယ်

ဆေးလိမ်းရင် စဉ်းစားမိတာ တစ်ခုရှိတယ်

ဖိနပ်အသစ်တော့ ၀ယ်ပြီးပြီ

ယောက်ျား(ချစ်သူတစ်ယောက်)အသစ်ထပ် ၀ယ်ရင် ကောင်းမလားလို့

မဖြစ်သေးပါဘူး

လောလောဆယ် ဖိနပ်ပေါက်တာ ဆေးလိမ်းလို့တယ်

နှလုံးသားပေါက်ရင် ငါကို ဘယ်သူမှ ဆေးလိမ်းပေးမှာမဟုတ်ဘူး အေးအေးဆေးဆေးနေတာပဲကောင်းသားဟ

ီထီးလှလှလေး တစ်ချောင်းပဲ အသစ်ဝယ်တော့မယ်....အရိပ်ရတာပေါနော်...အရိပ်ရှာစရာမလိုတော့ဘူးပေါ့နော

မှန်လား မမှန်လားတော့မသိဘူး...ကိုယ်ဘာသာကိုယ်တော့ စိတ်ချမ်းသာသွားတာပဲ

ဒီတစ်နှစ် မရရင်လည်း နောက်တစ်နှစ်ပေါ့.....ကိုယ်က ငယ်သေးတာပဲ ....ဟုတ်ဘူးလား

ကမ္ဘာကျော် တေးသံရှင် ရှာကီရာ Hollywood's Walk of Fame ဂုဏ်ပြု ခံရ

$
0
0


ကမ္ဘာကျော် တေးသံရှင် ရှာကီရာသည် နိုဝင်ဘာ (၉)ရက်နေ့တွင် ဟောလိဝုဒ် အဓိပတိ လမ်းမကြီး ပေါ်တွင် နာမည် ကျော် အနုပညာရှင်များ၏ အမည်ကို ကြယ်ပွင့်အတွင်း ရေးထိုး မှတ်တမ်းတင် ဂုဏ်ပြုခြင်း (Hollywood's Walk of Fame) ခံခဲ့ရကြောင်း သတင်းတွင် ဖော်ပြ ပါရှိပါသည်။

အသက် (၃၄)နှစ်အရွယ်ရှိ တေးသံရှင်ရှာကီရာ အသက်ခုနစ် နှစ်အရွယ်တွင် မိခင်ဖြစ်သူနီဒီရာနှင့် အတူ ဟောလိဝုဒ်လမ်းမကြီးပေါ်သို့ အလည်ရောက်ရှိစဉ် မိခင်ဖြစ်သူက တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဤဂုဏ်ပြုမှု ကို သမီး ဖြစ်သူ ရှာကီရာ ရရှိလိမ့်မည်ဟု ကြိုတင် ဟောကိန်း ထုတ်ခဲ့ဖူးကြောင်း ရှာကီရာက အဆိုပါ ဂုဏ်ပြုပွဲ အခမ်းအနားတွင် ပြော ကြားခဲ့ပါသည်။

ရှာကီရာသည် အဆိုပါဂုဏ်ပြုပွဲသို့ ဖခင်ဝီလျံ မိခင်နီဒီရာတို့နှင့်အတူ တက်ရောက်ခဲ့ပြီး သူမ ဂုဏ်ပြုခံရသည့် Hollywood's Walk of Fame ကို ကမ္ဘာတစ်ဝန်းရှိ သူမ၏ ပရိသတ်များသို့ ရည်ရွယ်သည်ဟု ပြောဆိုခဲ့ ကြောင်း သတင်း တွင် ဆက်လက်ပါရှိပါသည်။

အက်ကိုး


ဂြိုဟ်သားရုပ် အလောင်းတစ်ခုအား ရေခဲ သေတ္တာထဲ၌ (၂)နှစ်ကြာ သိမ်းဆည်းထားခဲ့

$
0
0


တကယ်လို့ ဂြိုဟ်သားတွေသာ ကမ္ဘာမြေပြင်ကို အမှန်တကယ် ဆင်းလာခဲ့မယ်ဆိုရင် သူတို့ပထမဆုံး ရောက်ရှိလာတဲ့ နေရာဟာ ရုရှား နိုင်ငံပဲ ဖြစ်လိမ်မယ်လို့ ဒီနောက်ဆုံးရ ဓာတ်ပုံ တွေအရ အတည်ပြုနိုင်ဖွယ် ရှိပါတယ်။ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသမှာ တခြားဂြိုဟ် ကမ္ဘာတစ်ခုက လာတဲ့ ဂြိုဟ်သားတွေရှိနေတယ် လို့ကောလာဟလ သတင်းတွေ ထွက်နေချိန် မှာပဲ ရုရှား အမျိုးသမီးတစ်ဦးက နေအိမ်ရေခဲသေတ္တာ ထဲမှာအေးခဲနေတဲ့ ဂြိုဟ်သားရုပ် အလောင်းတစ်ခု ကို သိမ်းဆည်းထားတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အလွန်နားလည်ရ ခက်ခဲတဲ့ ဒီရုပ်အလောင်းကို မာတာယီဂေါ်ရော့ဗ် နမ်ဆိုသူအမျိုးသမီးက ရုရှားနိုင်ငံ အနောက်ပိုင်း ပီထရိုဇာဗော့ဒက်စ်မြို့နေအိမ်မှာ လွန်ခဲ့တဲ့(၂)နှစ် ကျော်က သိမ်းဆည်းထားခဲ့ခြင်းဖြစ်ပြီးသက်သေ အထောက်အထား ခိုင်မာစေဖို့ သူမကိုယ်တိုင် ဓာတ်ပုံ(၅)ပုံ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အခုဆို ရင် ဒီရုပ်အလောင်းဟာ ပြီးခဲ့တဲ့လအနည်းငယ် အတွင်းရုရှားနိုင်ငံမှာ တွေ့ခဲ့ရတဲ့ တတိယမြောက် ဂြိုဟ်သားရုပ်အလောင်းဖြစ်လာခဲ့ပါပြီ။

သတင်း တွေရဲ့အဆိုအရ ၂၀ဝ၉နွေရာသီတစ်ရက်တုန်း က မစ္စတာမာတာရဲ့နေအိမ်အနီးမှာ ပြိုလဲကျသံ တစ်ခုကြားခဲ့ရတာကြောင့် အဲဒီနေရာကို မာတာ ကိုယ်တိုင်လာရောက်လေ့ လာခဲ့ပြီး မီးတောက် လောင်ပျက်စီးနေတဲ့သံမဏိအပိုင်းအစတွေတွေ့ခဲ့ ရပါတယ်။ နောက်ပြီး တွန့်လိမ်ကောက်ကွေး နေတဲ့ ကိုယ်ထည်ပျက်ကြီးအနားမှာ သေဆုံးနေ တဲ့အလောင်းတစ်လောင်း တွေ့ခဲ့ရတာကြောင့် ပန်းကန်ပြားပျံပျက်ကျတာ ဖြစ်တယ်လို့ မာတာ ကဆိုခဲ့ပါတယ်။

ရုပ်အလောင်းဟာ(၂)ပေရှည် ပြီး ဦးခေါင်းကြီးကြီး မျက်စိပြူးပြူး သွင်ပြင် ကလည်းငါးနဲ့ လူစပ်ထားသလို ဖြစ်နေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကလည်း ကြိုးချောင်း သဏ္ဌာန် လက်တစ်ဖက် ထိုးထွက်နေပါတယ်။ အခုတော့ အဲဒီအလောင်းကို အသေအချာစစ်ဆေးဖို့ ရုရှားအကယ်ဒမီသိပ္ပံ ကရင်မလင် သုတေသန စင်တာက ပြည်သူပိုင်အဖြစ် သိမ်းယူသွားပါပြီ။

Skype အကောင့် တစ်ခုဖြင့် ဖုန်းနှင့် ကွန်ပျူတာ နှစ်မျိုး အသုံးပြုနိုင်

$
0
0


Skype အကောင့်တစ်ခု ရှိရုံဖြင့် နိုင်ငံခြားဖုန်း ခေါ်ဆိုမှု ဖွင့်ထားသည့် မြန်မာပြည်တွင်းရှိ မည်သည့်ဖုန်းများတွင်မဆို ဖုန်းမှ တိုက်ရိုက်ဖြစ်စေ သို့မဟုတ် အင်တာနက် ရှိချိန်များတွင် အင်တာနက်မှဖြစ်စေ နှစ်မျိုး စလုံးဖြင့် တစ်ပြိုင်နက်အတွင်း အသုံးပြု နိုင်နေပြီဖြစ်ကြောင်း သိရသည်။

Skype ဝန်ဆောင်မှုနှင့် ပတ်သက်၍ ဝန်ဆောင်မှုပေးလျက် ရှိသော Pfingo Myanmar မှ ကိုဇော် လင်းထိုက်မှ “ကျွန်တော်တို့ အရင် အင်တာနက်ဆိုင် ဖွင့်တုန်းကလည်း အကောင့် တစ်ခုတည်းကိုပဲ စက်အလုံးပေါင်း များစွာမှာ တစ်ပြိုင်နက် အသုံးပြုခဲ့ဖူးတယ်။ အခုစနစ်ကတော့ Skype အကောင့် တစ်ခုတည်းကို ကွန်ပျူတာစနစ် ကနေလည်း သုံးနိုင်သလို ဖုန်း ကနေလည်း တိုက်ရိုက်နှစ်မျိုးသုံး နိုင်တဲ့စနစ် ဖြစ်ပါတယ်။ Bill ဖြတ် တဲ့စနစ်ကလည်း အရမ်းဈေးနှုန်း ချိုသာတာမို့ အဆင်ပြေပါတယ်” ဟု ရှင်းပြသည်။

Skype ဝန်ဆောင်မှုကို ရရှိ နိုင်ရန်အတွက် မိမိထံတွင် နိုင်ငံခြားခေါ်ဆိုခွင့်ရရှိထားသော ကြိုးဖုန်း သို့မဟုတ် လက်ကိုင်ဟန်းဖုန်း တစ်မျိုးမျိုးသာရှိရန် လိုအပ်ကြောင်းသိရသည်။

“ကျွန်တော် တို့အနေနဲ့ ဒီဝန်ဆောင်မှုကို အသုံးပြုနိုင်တာ ကြာပြီဖြစ်ပေမယ့် အခုမှပေးဖြစ်တာပါ။ အင်တာနက် အလွယ်တကူရနိုင်တဲ့ မြို့တွေ အပြင် နယ်မြို့လိုမျိုး အင်တာနက်စနစ်မရှိတဲ့ နေရာတွေမှာ ဆိုရင် ဖုန်းကနေ တိုက်ရိုက်ခေါ် ဆိုနိုင်ဖို့ဆိုရင် အနည်းဆုံးကို FEC 1 ယူနစ်ကျနိုင်ပါတယ်။ ကျွန်တော်တို့ ဝန်ဆောင်မှုပေးတဲ့စနစ်က နေဆိုရင် အင်တာနက်ရှိတဲ့ ကွန် ပျူတာကနေလည်း ခေါ်နိုင်မယ်။ ဖုန်းကနေလည်း ခေါ်နိုင်မယ်။ ဈေးနှုန်းကလည်း ၇၀% လောက် သက်သာတယ်” ဟု ပြောသည်။

Pfingo Reseller Myanmar အနေဖြင့် အထက်ပါ Pfingo ဝန်ဆောင်မှုများအပြင် Pfingoနှင့် ပတ်သက်သော ဝန်ဆောင်မှုမျိုးစုံကိုလည်း ရသည်။ Pfingo ဝန်ဆောင်မှုများ တွင်လည်း ဖုန်းမှတစ်ဆင့် တိုက် ရိုက်နိုင်ငံခြားခေါ်ဆိုမှု ပြုလုပ်နိုင်မည့် Pfingo လည်း Skype ဝန်ဆောင်မှုများ နည်းတူ ဝန်ဆောင်မှုပေးလျက်ရှိ ကြောင်း သိရသည်။ အဆိုပါ Pfingo, Skype ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ်စုံစမ်း မေးမြန်းလိုပါက ဖုန်း - ဝ၉ ၇၃၁၄၅၃၉၈ နှင့် pfingoresellerinyangon myanmar@gmail.com သို့ ဆက် သွယ်နိုင်ကြောင်း သိရသည်။

SKY

သာလွန် os.... ကို Virtual Box နဲ့သုံးရအောင်

$
0
0

ကျွန်တော် Virtual Box ကိုအသုံးမပြုတက်သေး သူတွေလည်း အလွယ်တကူ သုံးတက်သွားအောင် ပြီးရင် Tharlon OS ကို အသုံးပြုချင်တဲ့ သူတွေရှိရင်လည်း OS တစ်ခု သက်သက်ထပ်တင်စရာ မလိုပဲ Virtual Box ထဲမှာ Tharlon OS ကိုဘယ်လို Installation လုပ်ရမယ်ဆိုတာကို ရေးပေးထားပါတယ် .. Virtual Box ကို ဘာအတွက် အသုံးပြုတာလည်း ဆိုတော့ ကျွန်တော်တို့ အနေနဲ့ အခုလက်ရှိ Windows OS တစ်ခုခုကို အသုံးပြုနေတယ် .. စက်မှာ နောက်ထပ် Unbutu ကိုပဲဖြစ်ဖြစ် MasOS ကိုပဲဖြစ်ဖြစ် အသုံးပြုချင်တာပဲဖြစ်ဖြစ် စက်မှာလက်ရှိ Windows 7 ကိုတင်ထားပါတယ် .. နောက်ထပ် Windows XP ကိုသုံးချင်တယ်ဆိုရင် နောက်ထပ် Partation တစ်ခုခုသက်သက် ခွဲပြီး အသုံးပြုနေစရာမလိုပဲ Virtual Box ထဲမှာတင် အသုံးပြုနိုင်မှာဖြစ်ပါတယ် .. ကျွန်တော် Virtual Box ကိုဘယ်လို အသုံးပြုရမယ်ဆိုတာကို မသိသေးတဲ့ သူတွေအတွက် Tharlon OS ကို Virtual Box မှာ Install လုပ်နည်းကို အောက်ကလင်.မှာပုံလေးတွေနဲ့ အသေးစိတ်ရှင်းပြပေးထားပါတယ် .. စိတ်ဝင်စားသူများဝင်ေ၇ာက်လေ.လာကြပါ..ဒီကိုနှိပ်ပါ

အချစ်နဲ ပတ်သတ်ပြီး ယောက်ျားလေးများရဲ့ ခံစားမှု

$
0
0

အဟမ်း ကောင်မလေးသူငယ်ချင်းတို့ရေ.....

ယောက်ျားလေး တွေက ဒါလေးတွေကသူတို ရဲ ခံစားချက်တွေပါတဲ့

ပေါက်တူးလား လိပ်လားတော့ မသိဘူး

ဒါပေမဲ့ ဗဟုသုတ အနေနဲ့ သူတိုရဲ့ ဆင်ခြေလေးတွေကိုတော့ ဖတ်လိုရတာပေါ့နော်.....
ဖတ်ပြီးသားလား တင်ပြီးသား လားတော့ မေမွန်လည်း မသိဘူး ဆိုဒ်မှာ မေမွန်က မ၀င်တာကြာတော့ တခြား မှာပဲ တင်ထားဖြစ်တယ် တကယ်လို တင်ပြီးသားဆိုလည်း ခွင့်လွှတ်ကြပါနော

1. မချစ်ပဲနဲ့ ချစ်တယ်လို့ မလိမ်ညာပါနဲ့ … မချစ်၇င်မချစ်ဘူးအစကထဲကပြတ်သားပေးပါ ။
(ဆန်းစစ်ဖို့ လုံလောက်တဲ့ အချိန်ကိုယူပါ..တဖက် ယောက်ျားလေးကလည်း နားလည်နိုင်ပါတယ်)

2. ၇ည်းစားဟောင်း ရှိခဲ့ဖူးတာ ချစ်သူရှိခဲ့ဖူးတာ အပြစ်မဟုတ်ပါဘူး ဒါပေမယ့် အတတ်နိုင်ဆုံးအမှန်အတိုင်း

ချစ်သူယောက်ျားလေးကို ပြောပြပေးပါ။အချိန်ကြာပြီးမှလိမ်ညာတယ်ဆိုတာ သိ၇တဲ့အခါ ခံစားရတဲ့ သူမှာ

ပိုပြီးနာကျင်စေပါတယ်။

3. ချစ်သူယောက်ျားလေးေ၇ှ့ မှာ အရင်၇ည်းစားဟောင်းအကြောင်းကို ခဏခဏပြောဖို့မသင့်တော်ပါဘူး…

မီးကို မမွှေးသင့်ပါဘူး..

4. မိန်းကလေးအများစုပြောတတ်ကြပါတယ် …သူတို့ ဘ၀တစ်ခုလုံးပေးအပ်လိုက်ရတာပါ တဲ့ယောက်ျားလေးတွေ

ကရော …. နှလုံးသားတစ်ခုလုံး ပေးဆပ်ပြီးမချစ်ခဲ့ရလို့လား ?

5. ယောက်ျားလေးတွေဟာချစ်သူ နဲ့ ပါတ်သက်တဲ့ နေ့၇က်တွေထက် အဲဒီနေ့၇က်တွေမှာ ဘာလုပ်ခဲ့တယ်ဆိုတာ

ကို သတိပိုရတတ်တယ် … မိန်းကလေးတွေနဲ့ ကွာနေတဲ့အချက်ကတော့နေ့စွဲတွေကို မှတ်တတ်တာမျိုး

မဟုတ်ပါဘူး … နေ့ စွဲတွေကအလွတ် ကျက်ထားလို့၇ပေမယ့် အမှတ်တ၇လေးတွေကို အလွတ်ကျက်ထားဖို့

ဆိုတာမဖြစ်နိုင်ပါဘူး။

6. ယုံကြည်မှုပေးပါ ယောက်ျားလေးတိုင်းဟာ အခွင့်အေ၇းသမားတွေမဟုတ်ပါဘူး …လွတ်လပ်စွာနေချင်ရုံ

သက်သက်ကို ဆိတ်ကွယ်၇ာလို့ မထင်မှတ်ပါနဲ့ ။

7. ယောက်ျားလေးတွေမှာလည်းမိန်းကလေးသူငယ်ချင်းတွေ ဆိုတာ ရှိတတ်ပါတယ်…

ဒါပေမယ့် ကိုယ့်ရဲ့ချစ်သူနဲ့ယှဉ်လိုက်မယ်ဆိုရင် သူတို့ ရဲ့ပတ်သက်မှုကကွာခြားလွန်းပါတယ်…

မောင်၊နှမလို သဘောထားမျိုးပါ …။

8. ယောက်ျားလေးတွေကချစ်သူ မိန်းကလေး ကိုလှစေချင်ကြတယ် …. လှလို့ ချစ်ခဲ့တာမဟုတ်ပေမယ့်
ကို့ယ့်ချစ်သူ လှနေတာကို အမြဲ မြင်ချင်ကြတယ် ….။

9. တခါတ၇ံ မဖြစ်စေချင်တဲ့ ကိစ္စလေးတွေကို ချုပ်ချယ်တယ်လို့  မိန်းကလေးတွေကထင်တတ်ကြတယ် …

အဲလိုမဟုတ်ပါဘူး ကိုယ့်ချစ်သူကို မဖြစ်သင့်တာတွေကိုမဖြစ်ရလေအောင် သတိပေးခြင်းမျိုးပါ..။

10. ရှိတတ်ပါသေးတယ် … မိန်းကလေးတွေဟာ သူတို့ သူငယ်ချင်းတွေ ရှေ့ မှာ ကို့ ချစ်သူလို့ ပြောဖို့ ၊

မိတ်ဆက်ပေးဖို့ ရှက်တတ်ပေမယ့် … ကောင်လေးသူငယ်ချင်းတွေ ရှေ့ မှာကျတော့ကို့ကိုချစ်သူ လို့

အသိပေးစေချင်ကြတယ် …

11. ဘ၀မှာ ၇င်ဆိုင်ဖို့ အားအင်တွေ နဲ့အခြေတည်ဖို့ လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အချိန်မှာ တခါတရံ

လစ်ဟာမှုလေးတွေ ရှိခဲ့၇င် နားလည်ပေးပါ … ဂရုမစိုက်တာမဟုတ်ပါဘူးနောင်တစ်ချိန်မှာပိုပြီး ဂရုစိုက်နိုင်ဖို့ပါ ။

12. ဂိမ်း၊ ဘောလုံးပွဲ မက်တဲ့ ယောက်ျားလေးတွေရှိတယ်… စိတ်အတွက်ဖျော်ဖြေမှုတစ်ခုအနေနဲ့ကစားနေတာပါ…

တစ်သက်လုံး အဖော်ပြု ပေးနေမှာ ကွန်ပျူတာတစ်လုံး နဲ့ဘောလုံးကွင်း တစ်ခုမဟုတ်တာ ယောက်ျားလေးတိုင်း

သိထားကြပါတယ် ။

13. ချစ်သူနှစ်ယောက် ဘ၀တစ်ခု ထူထောင်ဖို့ ဆိုတာ ယောက်ျားလေး၇ဲ့ တာဝန်ပါ …ဒါပေမယ့် သူ့ မိသားစု

အခြေအနေကို ငဲ့ကြည့်ပေးသင့်ပါတယ် …။

14. မိန်းကလေးတစ်ယောက်ကထက်မြက်နေဖို့ မလိုပါဘူး ဘေးနားကနေ အလိုက်အထိုက် အကြံဥာဏ် ပေးနိုင်ရင်ရပြီ

ကူညီပေးနိုင်၇င်တော့ အတိုင်းထက်အလွန်ပေါ့ …။

15. ဥပုသ်စောင့်တဲ့ ကျား မရှိဘူး တဲ့ … မှန်ပါတယ် ဒါပေမယ့် ဦးနှောက် ၊ အသိပညာတွေ နဲ့ ထိန်းချုပ်နိုင်မှု စွမ်း၇ည်

တွေက အလကား ထားတာမဟုတ်ပါဘူး … လူ့ တန်ဖိုးရဲအဆုံးအဖြတ်တွေပါ ။

16. ယောက်ျားလေးတွေ၇ဲ့ မကောင်းတဲ့အကျင့် တစ်ခုခု( ဆေးလိပ် ၊အ၇က် ၊ကွမ်း)စတာတွေကို မကြိုက်၇င်ချစ်သူ

မိန်းကလေး က ပြောင်းလဲပစ်နိုင်ပါတယ် … ချစ်သူမိန်းကလေး၇ဲ့ ပါးနပ်စွာပြောဆို နိုင်မှုနဲနားလည်နိုင်မှုအပေါ်

မူတည်ပါတယ်။ အထက်စီးကပြောရင်တော့မရဘူးနော်။

17့  မာန်မာန ပါပဲ …လူတိုင်းရှိတတ်ကြတာပါ။ ယောက်ျားလေးတစ်ယောက်၇ဲ့ မာန်မာနကို အတတ်နိုင်ဆုံး

မစော်ကားမိပါစေနဲ့ ။ ယောက်ျားတစ်ယောက်ဟာမိမိချစ်သူ မိန်းကလေးအတွက် မာန်မာနတွေကို

လျော်ထားတတ်ကြတယ်။ ဒါပေမယ့်ယောက်ျားတစ်ယောက်၇ဲ့မာန က မာနကြီးလှပါတယ်ဆိုတဲ့ မိန်းကလေး

တွေထက် အဆပေါင်းများစွာ ပိုပါတယ်…။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိကြပြီဆိုရင်တော့တစ်ယောက်နဲ့

တစ်ယောက် နားလည်မှုလေးတွေ ရှိဖို့တော့လိုတာပေါ့..

18. ယောက်ျားလေးက အလျှော့ပေးသလောက်မိန်းကလေးက ကအနိုင်ကျင့်နေမယ်ဆိုရင်လည်းတစ်ချိန်ချိန်မှာ

လုံးဝ(လုံးဝ) မထင်ထားတာတွေဖြစ်တတ်ပါတယ်

19. နောက်ဆုံးတစ်ချက်ကတော့ ကို့ချစ်သူ ဒါမှမဟုတ် ကိုရည်းစားနဲ့ အဆက်အသွယ်ရတဲ့အခါ ငါ့ ဒီမှာ နောက်

တစ်ယောက်ရနေပြီ လို့မပြောမိဖို့ပါပဲ

20. ကတော့ ရင်ထဲမှာပဲ သိမ်းထားလိုက်ပါ့မယ်..
ဒါကတော့ မေမွန် ရေးထားမဟုတ်ဘူးပေါ့နော်.....သူကလည်း 20 မပြောဘူးဆိုတော့ မေမွန်လည်း မသိဘူး သူငယ်ချင်းတိုထဲက သိတဲ့လူရှိရင်လည်းမေမွန့်ကို ပြန်ပြောကြပါပေါ့
သူငယ်ချင်းတို့ ပျော်ရွင်ပါစေနော

တွေးတွေးပြီး ရယ်စရာ

$
0
0

သား။ ။ ဒက်ဒီ သားလူပျိုဖြစ်တော့မယ်။Gmail နဲ့မိန်းကလေး တစ်ယောက်ဘာကွာသလဲဟင်။

ဖခင်။ ။ Gmail က Password မှန်မှပွင့်တာငါ့သား။ ပိုခက်တယ်။

သား။ ။ သားလေ ဘီလ်ဂိတ်ရဲ့သားဖြစ်ချင်လိုက်တာ။

ဖခင်။ ။ ငါလည်း ဘီလ်ဂိတ်ရဲ့သားသိပ်ဖြစ်ချင်တာပါပဲကွာ။

သား။ ။ အွန်လိုင်းပေါ်ကနေ သိပ်ချစ်တာပဲလို့ပြောခဲ့တဲ့သူတွေ နောက်တော့ဘာဖြစ်သွားလဲဟင်။

ဖခင်။ ။ လူချင်းဆုံပြီး Inline ဖြစ်ပြီးသွားရင် သိပ်မကြာပါဘူးကွာ။ နပမ်းသမားတွေဖြစ်လာတော့တာပဲ။ ဒက်ဒီတို့ကိုကြည့်လေ။

သား။ ။ ဒက်ဒီနဲ့မာမီက ဘယ်လိုဖြစ်ပြီး ညားသွားကြတာလဲ။

ဖခင်။ ။ ဒင်းက ဒက်ဒီကို Save လုပ်တယ်။ Save As ထပ်လုပ်

လိုက်သေးတယ်။ Copy ယူပြီး Memory Stick နဲ့ထည့်သိမ်းတယ်လေ။

Delete လုပ် လို့ကိုမရနိုင်တော့ပါဘူး။

Viewing all 9878 articles
Browse latest View live