Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

မှော်-၎

$
0
0

မြန်မာနှစ်၅၂၉ခုနှစ်တွင် ပုဂံထီးနန်းကိုနရသူမင်းကစိုးစံ
လေရာ ဆရာတော်သည် ထွက်ရပ်ပေါ်က်လုပ်ငန်း အောင်မြင်
ရန်အတွတ်နရသူမင်းထံမှ အလှုခံခဲ့ လေသည်။ နရသူမင်းမှာ
လည်း အကျိုးကိုမျှော်ကိုးပြီး လိုအပ်သမျှ ရွှေငွှေတို့ ကို လှုဒန်းလေသည်။သို့ သော် ဆရာတော်မှာ ပြဒါးမအောင်သဖြင့်
ဒကာတို့ မှာ ဆင်းရဲသွားရလေသည်။ထိုအတူပင် နရသူမင်းမှာ
လည်းဆရာတော်ကိုအမျတ်တော်၇ှလာတာကြောင့် ဆရာတော်၏မျတ်လုံးအစုံကိုထိုးဖောက်ပစ်ရန်အမိန့် ပေး
ခဲ့ လေသည်။ထိုနောက်မျတ်လုံးမရှိတော့ သော ဆရာတော်သည် ပြဒါးလုံးကို စိတ်နာလှသဖြင့်ကျောင်းနေသူ
သူတော်ကိုခေါ်ကာ မစင်တွင်းထဲသို့ ပစ်ချခိုင်းလေသည်။
ထိုအခါပြဒါးလုံးမှာ မစင်တွင်ထဲတွင် အရောင်တဖျပ်ဖျပ်
ထတောက်လေသည်။ ဆရာတော်ထိုသို့ ဖြစ်သည်ကိုမြင်
လျှင်မိမိပြဒါးတော့အောင်ပြီဟုသိသောကြောင့် သူတော်ကို
ဈေးလွှတ်ပြီးရရာ မျတ်လုံးတစ်စုံကိုဝယ်ခိုင်းလေသည်။ သူတော်ဈေးကပြန်လာသော်အခါ လိုချင်သောည မျတ်လုံး
အစုံကိုမရဘဲ ဆိတ်မျတ်လုံးတစ်လုံးနှင့်နွားမျတ်လုံးတစ်လုံး
ကိုသာရရှိလေသည်။ဆ၇ာတော်လည်းရရှိသည့်မျတ်လုံးများကို
ယူကာမိမိ၏မျတ်စိအိမ်အတွင်းသို့ ဖိသိပ်သွင်းပြီးလျှင် ဆယ်ယူ
သန့် စင်ထားသောပြဒါးလုံးဖြင့် ပွတ်လိုက်လေရာ မျတ်စိမှာ
ချက်ခြင်းပြန်ကောင်းလာလေသည်။သို့ သော် မျတ်လုံးတစ်ဖတ်
နှင့်တစ်ဖတ်တူညီမူကိုတော့ မရရှိခံ့ ချေ။နောင်တွင် ထိုမတူညီသောမျတ်လုံးအစုံကြောင့်ပင် ဆရာတော်အား
ရှင်အဇ္ဇဂေါဏဟု ပုဂံသားတို့ ကခေါ်ဝေါ်ကြကုန်လေသည်။
ရှင်အဇ္ဇဂေါဏသည် အညွှန်းတွင် ပြဒါးလုံးအား မစင်ကျွေး
ရမနည်ကို အယူလွဲကာအပုတ်ရည်များသာကျွေးသောကြောင့်
ပြဒါးမှာမအောင်ခဲ့ ခြင်းဖြစ်လေသည်။ယခုဆရာတော်
ပြဒါးအောင်သော ဒကာဒကာမတို့ မှာပြန်ချမ်းသာကုန်ကြပြီး
ပုဂွံတွင် မုဆိုးမတောင်မှ ဘုရားတည်လာနိုင်တော့ သည်။
မှော်ပညာကိုအသုံးချခြင်း
မြန်မာတွင်မှော်ပညာထွန်းကားသလိုပင် အနောက်ဥေ၇ာပတွင်လည်း(၁၈)ရာစုစတင်သည်နှင့် တစ်ပြိုင်
နတ်တည်းလူတို့ သည်မှော်ပညာကို စိတ်ဝင်စားလာ
ကြလေသည်။ရှေးဟောင်းမျိုးနွယ်စုများသည် မှော်ပညာာကို
လေ့လာလိုက်စားကြရာတွင် တသီးပုဂ္ဂလအနေဖြင့် မလိုက်စား
ဘဲ အသင်းအဖွဲ့ ထူထောင်ပြီးလေ့ လာကြလေသည်။ ထိုမှစပြီး မှော်ပညာအစီအရင်ကျမ်းများ၊ ကျင့်ထုံးယကျမ်းများ ၊ခေတ်
စားလာခဲ့ လေသည်။ထိုကျမ်းများဖြင့်မှော်အတတ်ကို ကောင်းကောင်းကြီးအသုံးချလေသည်။ ထိုအတူပင် မကောင်း
ဆိုးဝါးကိုခေါ်ယူရာတွင်အသုံးပြုသည့် သရုပ်သင်္ကေတများ၊ မန္တန်မန္တရားများ ၊အစီအရင်များကို အားထားလာကြလေသည်။
ထိုအထဲမှတစ်ခုကိုဖော်ထုတ်ပြရလျှင် ဂမ္ဘီရနယ်
ပယ်ထဲတွင် ၀ိညာဉ်ကောင်းနှင့်ဝိညာဉ်ဆိုးကိုဆန့် ကျင့် ဘတ်ပြုပြီးအသုံးချလေသည်။ ထိုသို့ သော်အမူသည်အန္တရာယ်
အလွန်များလှပေသည်။ ထိုကြောင့်မှော်ဆရာတို့ မှာ အကာအကွယ် အရင်ယူထား၇၏ မကောင်းဆိုးဝါးကိုခေါ်ယူရာ
တွင်အသုံးပြုသည့်သရုပ်သင်္ကေတများအနတ် မှော်စက်
ဝိုင်းဟူသည်မှာ အလွန်မှအေ၇းပါလေသည်။ ထိုမှော်စက်
ဝိုင်းသည် အကာအကွယ်အစီအရင်ဖြစ်သောကြောင့် ခေါ်ယူလိုက်သောစွမ်းအင်များ၏အန္တရာယ် မှ ကာကွယ်ပေးရုံသာမက မှော်ဆရာ၏ စွမ်းအင်တန်ခိုးကိုပါ ကူညီပံပိုးပေးလေသည်။
မည့်သည့်မှော်နည်းလမ်းတွင်မဆို လုပ်ဆောင်သူ
သည် ကံတရားကိုယုံကြည်ရလေသည်။ ထိုအတွတ် အရာရာကိုဂရုတစိုက်ပြုလုပ်ရလေသည်။တခါတရံတွင်မှော်ပ
ညာရှင်တို့ သည် လူနှ-စ်ဦးတို့ ၏ အချစ်ေ၇းကို ဆွဲငင်ရယူမူ
ဖြစ်ပေါ်စေသော နည်းလမ်း(love spell)ကိုလုပ်ဆောင်ပေးရ
တတ်လေသည်။ ထို သို့ လုပ်ဆောင်ပေးရာတွင်
လူတစ်ဦးသည်အခြားတစ်ဦးကို မနှစ်သက်သောအနေအထားမှ
ချစ်ခင်နှစ်သက်လာအောင်ပြုလုပ်ပေးရသောကြောင့် ထိုနည်းလမ်းမကောင်းသောနည်းဖြစ်၏သို့ သော်၇န်ဖြစ်
ထားသောလင်မယားတို့ အတွတ်မူက ကောင်းသောနည်း
လမ်းဖြစ်ပြန်၏
ဟိန္တွူဝါဒတွင်မူမှော်ပညာာကိုကောင်းသော အသုံးချခြင်းမျိုးဖြင့်သာခွင့်ပြုထားလေသည်။ ဥပမာပြရလျှင် ဆာဒူးများနှင့် ဖကီးများသည် မှော်ပညာကို ကောင်းစွာ အသုံး
ချသော်သူများဖြစ်လေသည်။ထိုကဲ့ သို့ ကောင်းစွာအသုံးချခြင်း
ကိုပင်စစ်မှန်သောမှော်ပညာဟုခေါ်လေသည်။စကော့ လူမျိုး မနုသ-ဗေဒပညာရှင် ဆာဂျိမ်းဖေ၇ဇာ(SIR JAMES FRAZER)
ကလည်း မှော်ပညာနှစ်မျိုးရှိကြောင်း သူ၏ဂန္တ၀င်မြောက် ကျမ်းတစ်ဆူဖြစ်သည့် ရွှေသစ်ကိုင်း (THE GOLDEN BOUGH)ျတွင် ရှင်းလင်းပြခဲ့ လေသည်။သူရှင်းပြပုံမှာ
ပထမမှော်ပညာမှာ ဆင်တူမှော်ပညာဖြစ်လေ
သည်။ထိုဆင်တူမှော်ပညာတွင် ပုံစံလုပ်သရုပ်ြနှင့်တူစေဆိုသကဲ့
သို့  ဆင်တူပြုလုပ်ခြင်းဖြင့် တူညီသောအကျိုးကိုဖြစ်
ပေါ်စေလေသည်။(ဥပမာအားဖြင့် ဓါတ်ပုံထဲ မှသူ
ကိုအပြင်မှာတကယ်နာကျင်စေခြင်းမျိုးပင်)
ဒုတိယမှော်ပညာကမူ ဓါတ်ကူးမှော်ပညာပင်
ဖြစ်လေသည်။ထိုပညာတွင်ထိတွေ့ မူကြာရှည်ရှိနေသောအရာ
သည် ထိတွေ့ သူနှင့်ကွဲကွာသွားသော်လည်း ထိတွေ့ သူနှင့်
တစ်ထပ်တည်းကျကာကိုယ်ဟွးဖြစ်နေလေသည်။ဥပမာဖြင့်
ရှင်း ပြရလျှင် မြန်မာအယူအဆတစ်ခုတွင်ေ၇နစ်သေ
သော်အလောင်း ကိုရှာမနတွေ့ ပါက ထိုရေနစ်သူအုံးခဲ့ သော ခေါ်င်းအုံးကို ရေထဲသို့ ပစ်ချရလေသည်။ထိုအခါ ခေါ်င်းအုံးမှာ
အလောင်းရှိသောနေရာတည့်တည့်တွင် တ၀ဲလည်လည်
ဖြစ်နေပေလိမ့်မည်။ထိုသို့ ဖြစ်ရခြင်းသည် ခေါ်င်းအုံးမှာ သေဆုံးသူနှင့်ထိတွေ့ မူများသဖြင့် ကိုယ်ဟွး ဖြစ်လာရခြင်း
ဖြစ်သည်။ထိုကဲ့ သို့ ပင်ခြေရာကောက်ပြုစားသည်ဟုဆိုရာ
တွင်လ ည်းကိုယ်ဟွးသဖွယ်ယူဆပြီး စီရင်ခြင်းဖြစ်လေသည်။
ထိုသို့ စီရင်ခြင်းကိုပင်ဓါတ်ကူးမှော်ပညာဟုခေါ်လေသည်။

မှော်နှင့်အယူအဆွဲ
လောက၇ှိအယူအစွဲများတွင် အချို့ အယူ
အစွဲများသည် ဓါတ်ကူးမှော်ပညာမှာဆင်းသက်လာခြင်းဖြစ်
ပေသည်။ ကျွနှပ်တို့ မြန်မာလူမျိုးထဲ မှာပင် ဘုန်းကြီးအရိပ်မ
နင်းကောင်းဟူသည်မှာ ဓါတ်ကူးမှော်ပညာနှင့်ဆက်စပ်
လေသည်။ဓါတ်ကူးသည့်သဘောဖြင့်ကြည့်လျှင် ဘုန်းကြီး၏
အ၇ိပ်သည်လည်းတစ်နည်းအားဖြင့်ဘုန်းကြီးပင်ဖြစ်ရာ အရိပ်ကိုနင်းခြင်းသည် ဘုန်းကြီးကိုနင်းရာရောက်၏ ထို
ကြောင့်မြန်မာတို့ က ဘုန်းကြီးအရိပ်မနင်ကောင်းဟုဆို
ခဲ့ ခြင်းပါပင်။
နောက်တစ်မျိုးကား အရှေ့ဥေ၇ာပမှာ အယူအစွဲဖြစ်ပြီး
အရိပ်နှင့်ပတ်သတ်လေသည်။ လွန်လေပြီးသောကာလ
များစွာက အရှေ့ဥေ၇ာပတွင်အဆောက်အဦးတစ်ခုဆောက်လျှင်
လူာကိုစတေးပြီးမှ အဆောက်အဦးပြီးမြောက်အောင်မြင်သည်
ဟူသော အယူအဆရှိခဲ့ လေသည်။ နောင်လူကိုစတေး
လို့ မရတော့ သောအချိန်တွင်မူ အဆောက်အဦးကိုဆောက်
လုပ်မည့်သူသည် လူတစ်ယောက်၏အ၇ိပ်ကို ကြိုးဖြင့်တိတ်တဆိတ်တိုင်းပြီး ထိုကြိုးကိုအုတ်မြစ်၏အောက်
တွင်မြှပ်ပြီးတည်ဆောက်လေသည်။ထိုအခါအရိပ်ပိုင်ရှင်သည်
၁၂လအတွင်းသေဆုံးပြီးယင်း၏ ၀ိညာဉ်မှာ မြေကြိးထဲတွင်ချုပ်
ပိတ်မိကာမြေစောင့် ဘုမ္မစိုးများကိုကျေနပ်မူရစေသောကြောင့်
အဆောက်အဦးကိုပြီးမြောက်အောင်မြင်သည်ဟုယူဆ ခဲ့ ကြ
လေသည်။နောက်အယူအစွဲတစ်ခုကမြန်မာနိုင်ငံထဲမှာပင်၇ှိ
သည်။ထိုအရာကားချစ်သူကို လက်ကိုင်ပ၀ါလက်ဆောင်
ပေး၇်ျမကောာင်းဟူသောအစွဲပင်ဖြစ်လေသည်။
(ဆက်ရန်)မင်းဆက်ဝေ


ယောက်ကျားလေးများ၇ဲ့ လှဲ့ စားမှု့  ( ၆ ) ချက်အောက်မှသနားစ၇ာမိန်းခလေးများ.

$
0
0

 ( ၁ )ချစ်သူေ၇ှ့ မှာအကောင့်တစ်ခုဘဲပြပြီးကွယ်၇ာမှာအကောင့်ပိုများထားတတ်သောယောက်

       ကျားလေးများ၇ဲ့ အပြောမှာနစ်မျောနေတဲ့ ချစ်သူ...

 ( ၂ )အပြင်ကချစ်သူကိုလခထုတ်၇င်နှစ်သောင်းတန်ဘိနပ်ဝယ်ပေးပြီး..မိမိဇနီးကိုနှစ်ထောင်တန်အ၀တ်

       စားဝယ်ပေးခံ၇တာကိုအ၇မ်းဝမ်းမြောက်နေတဲ့ ဇနီး...

 ( ၃ )အပြင်ကချစ်သူနဲ့ ဟော်တယ်မှာတခမ်းတနားစားပြီးအိမ်ကဇနီးအတွက်မုန့် ဟင်းခါးတပွဲဝယ်လာ

       တာကိုပီတိဖြစ်နေတဲ့ ဇနီး..

 ( ၄ )အိမ်ကဇနီး၇ဲ့ သူငယ်ချင်းနဲ့ ၇ုပ်၇ှင်ကြည့်ပြီးကွာစေ့ ထုတ်အကျန်လေးပေးတာကိုခင်ပွန်းက

       ကွာစေ့ လေးစားတာကအစ..ဇနီးကိုသိတတ်လှချည်လားဆိုပြီး...၀မ်းမြောက်နေတဲ့ ဇနီး...

 ( ၅ )အပြင်ကချစ်သူကိုအိမ်ခေါ်လာပြီး..အစစအ၇ာ၇ာတအိမ်လုံးအတွက်အကူအညီပေးနေသူလိုလို

       အပြောကိုခံ၇ပြီး..၇န်သူကို ကျေးဇူး၇ှင်လို့ ထင်နေသူ..ဇနီး

 ( ၆ )ညတိုင်းအင်တာနက်ဆိုင်မှာကောင်မလေးတွေနဲ့ ချက်ပြီး..ဇနီးကို၇ုံးအလုပ်တွေအင်တာနက်ဆိုင်မှာ..

       ဆက်လုတ်နေ၇တယ်ပြောတာကိုတကယ်ယုံပြီး..မိမိခင်ပွန်းအလုပ်များနေသူဟုယူဆနေသောဇနီး...

" မ "ကိုအ၇မ်းချစ်မိနေပြီ...ကောင်လေး...

$
0
0

                 ကောင်လေးေ၇..မ.၇င်ခုံနေရပါပြီ..မ.အကြားချင်ဆုံးစကား...နောက်ပြီးမကြားရဲဆုံးစကားလေးကို....

ပျိုတိုင်းကြိုက်တဲ့ ...နှင်းဆီခိုင်လေးကသွယ်ဝိုက်သလိုနဲ့ ...ဒဲ့ တိုးပြောလာပါပြီ...ကောင်လေးရေ.မ.ကတော့ ဘာလုပ်

ရမှမ်းမသိဖြစ်နေပြီ...                   စပါယ်ကုံးလေးအကြားချင်ဆုံးစကား...အနှစ်သက်ဆုံးစကားလေးကို..နားထောင်ချင်ပါ၇ဲ့ ကြားချင်ပါ၇ဲ့ နဲ့ ....မကြား၇ဲ

တဲ့ အဖြစ်ကို..ကောင်လေးမြင်စေချင်ပါဘိတော့ ...ကောင်လေး၇ယ်.မ.ကိုယ့်ကိုကိုယ်ဘဲအပြစ်တင်နေမိတော့ တယ်...

          ဘာ့ကြောင့်ဒီအသက်ဒီအ၇ွယ်ကြမှ..ကောင်လေးနဲ့ လာတွေ့ ၇တာလဲ....ကိုယ့်ဘ၀ကိုယ်ကိုအသက်ကြီးတာကို

ဘဲအပြစ်တင်နေမိတော့ တယ်....ကောင်လေး၇ယ်.မ.ဘာလုပ်၇မလဲ...ကိုယ့်ကိုကိုယ်သေချာမေးကြည့်တော့ ရှက်လဲရှက်မိပါတယ်...

             ဒီအရွယ်နဲ့ ဒီအရွယ်ဒီလောက်အသက်ကွာနေတဲ့ ...ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးကိုမှ...မောင်ကြံရွယ်တဲ့ 

စပါယ်ကုံးလေးကချစ်မိနေရသလား...ကိုယ့်အ၇ွယ်ကိုလဲအားနာပါအုံးဆိုတဲ့ ..အပြစ်တင်ချက်ကလေးနဲ့ ပေါ့...

            တကယ်တော့ ကောင်လေး၇ယ်.မ.ကကောင်လေးကိုအ၇မ်းချစ်မိနေပြီ...ပြော၇ရင်မဆွတ်ခင်ကညွှတ်ချင်နေသူပါ..

အသဲပေါက်မတတ်ချစ်နေမိပါပြီ...မြောက်များစွာသော.မ.ကိုချစ်လာသူတွေအပေါ်...၇င်မခုံခဲ့ ပေမဲ့ ..

.ကောင်လေးကိုတော့ ၇င်ခုံမိနေပြီလေ..

            ကောင်လေး.မ.အိမ်ကိုလာဘို့ ..အမြဲမျှော်နေတတ်နေပြီလေ...ခနခနလာပြီးလက်ဆောင်တွေတသီတတန်းကြီး

ပေးတတ်တဲ့ ..ကောင်လေးကိုစွဲလန်းနေမိပြီ...တနေ့ ကိုအကြိမ်ပေါင်းများစွာ..ဆိုဒ်ကလေးဖွင့်ကြည့်၇တာလဲ..အမောပါဘဲ...

              အဲဒီလိုဖွင့်နေတဲ့ အချိန်မှာများဆို..ရင်တွေခုံနေတာတဒု့းံဒုံးနဲ့ ပေါ့...ကောင်လေး၇ဲ့ ဓါတ်ပုံလေးနဲ့ ...စာလေးတွေ...

မြောက်များစွာသော..လက်ဆောင်လေးတွေ...၇င်တွင်းခံစားချက်တွေပါတဲ့ သီချင်းလေးတွေနားထောင်ပြီးတော့ ...ရင်မှာ..

ဖေါ်မပြနှိုင်တဲ့ ခံစားမှု့ တွေ....ပြောလို့ တောင်မှစာဖွဲ့ မ၇နှိုင်ပါဘူး...

                 ခုံလိုက်တဲ့ ရင်တွေကလဲ..ကျောက်ဆောင်ကျောက်တုံးတွေနဲ့ ..ဖိရင်တောင်မှ..ကျောက်ဆောင်ကျောက်ခဲကြီးတွေ...

ရင်ခုံသံ၇ဲ့ ပဲ့ တင်မှု့ ကြောင့်...ကွဲကြေပျက်စီးသွားနှိုင်လောက်ပါ၇ဲ့ ကောင်လေး၇ယ်...

                ဆိုဒ်ကလေးကိုဖွင့်လိုက်တယ်ဆို၇င်ဘဲ....ကောင်လေး၇ဲ့ ဓါတ်ပုံလေးက...မ.ကို၇င်ငွေ့ တွေပေးနေသလိုဘဲ..

ကောင်လေး၇ဲ့ အငွေ့ အသက်တွေ...အပြည့်၇ှိနေသလိုပါဘဲ....

                 ရေးထားတဲ့ ကောင်လေးရဲ့ ..ချစ်အငွေ့ တွေနဲ့ ...ပြည့်နှက်နေတဲ့ ...စာကြောင်းလေးတွေက..ပဟေဌိဆန်သလိုနဲ့ ...

ဒဲ့ တိုးဖြစ်နေတဲ့ အချစ်စာကြောင်းလေးတွေကတော့ ...မ.ရဲ့ ရင်ဘတ်ကြီးကို...တူးမြောင်းစက်နဲ့ တူးနေသလိုပါဘဲ....

                မိုင်ပေါင်းကဋေဝေးကွာတဲ့ နေ၇ာက..အချစ်၇ဲ့ အငွေ့ အသက်တွေပါနေတဲ့ ...ဒီစာကြောင်းလေးတွေ၇ဲ့ ..စွဲငင်အား..

  တွေ...အပြည့်နဲ့ ..မ.ရဲ့ နှလုံးသားကိုလှမ်းဆွဲယူနေသလို....ပါဘဲ...

              ကောင်လေးနဲ့ အွန်လိုင်းမှာချက်နေတဲ့ အခါ...ကောင်လေးက..မ.ကိုစိုး၇ိမ်စိတ်လေးနဲ့ ပြောနေတဲ့ ...စကားလေးတွေ...

ကအချစ်နတ်ဆောင်းသံလေးကို..နားထောင်နေ၇သလို..စကားလုံးလေးတွေဟာတလုံးခြင်းတလုံခြင်းပျံပြေးပြီး...မ.ရဲ့ နှလုံးသား

မှာအပြေးလာကပ်နေကြတယ်လေ...ဒီလောက်ထိကောင်လေးနဲ့ ပတ်သက်ပြီးခံစားနေရတဲ့ ..အချစ်ဒီဂရီတွေဟာတိုးသထက်တိုး

လို့ သာလာနေတော့ တယ်....

                ဘယ်လောက်ဘဲအသဲပေါက်အောင်ချစ်နေပါစေ...ချစ်ပါတယ်ဆိုတဲ့ စကားကိုတော့ ..ဒီတသက်ကောင်လေးကို...

မပြောတော့ ပါဘူး..တယောက်ထဲဘဲခံစားသွားပါ့မယ်...ဒီခံစားချက်တွေဟာ...ဘယ်လောက်ထိအ၇ှိန်ပြင်းသလဲဆို၇င်တော့...

အသက်ပါစတေး၇မတတ်ပါဘဲ...

               ချစ်မိပါတယ်အသဲပေါက်မတတ်.....ချစ်လွန်းလို့ အချစ်ရူးရူးမိပါတယ်..ဥဏှောက်ပေါက်မတတ်...စဉ်းစား၇လွန်းလို့ ..

အိပ်မပျော်တဲ့ ၇က်တွေလဲများလှပါပြီ....ကောင်လေးအတွက်ဆို၇င်..အသဲမကအသက်ပါပေးပါ၇စေ....

           ကောင်လေးအတွက်အသုံးလို၇င်..မ.ရဲ့ အသွေးအသားတွေကို...ဆေးဝါးအဖြစ်...ပေးပါ၇စေတော့ ..အသဲတွေနှ

လုံးတွေကိုသုံးလို၇ာသုံး...အဆုံးသတ်ပေးပါ၇စေတော့ ...ကြည်ဖြူစွာပြုံးပြုံးလေးနဲ့ ၇ှိနေမဲ့ ...မောင်ကြံရွယ်တဲ့ စပါယ်ကုံးလေးပါ..

            ခုတော့ ချစ်အဆိတ်တွေတက်နေတဲ့ ..အသဲလေးကို..စတေးလိုက်ပါပြီ...ချစ်အဆိတ်တွေပြည့်နှက်နေတဲ့ အသဲနှလုံးကို

မချိပြုံးနဲ့ အတူ...မြေမြှုတ်လိုက်ပါပြီ....ပြန်မဖြေတော့ ပါဘူးချစ်ပါတယ်ဆိုတဲ့ အဖြေလေးကို....ဒီတသက်ကောင်လေးကို...

ချစ်လွန်းလို့ မဖြေတော့ ပါဘူး...

            တယောက်ထဲဘဲခံစားပါ၇စေတော့ ...တကယ်တော့ ..မ.အလိုချင်ဆုံးအနှစ်သက်ဆုံး...အမြတ်နိုးဆုံး...၇တနာ

ရွှေကြုတ်လေးကို...ကောင်လေးက..ဘယ်လိုပင်ပေးသော်ငြှားလည်း...မယူသင့်မချစ်သင့်လို့ ...ပျော့ ညံ့စွာနဲ့ လက်မခံရဲသူက..

မိမိကိုယ်ကိုသာ..အပြစ်တွေတသီတတန်းကြီး...တင်နေရပါပြီ...

                အသဲပေါက်မတတ်ချစ်၇ပေမဲ့ ...မပြောတော့ ပါဘူးချစ်ပါတယ်လို့ ...မပေးတော့ ပါဘူး...ချစ်သဲညှာလေးကို...

ဘယ်တော့ မှလည်း..ကောင်လေးမသိစေ၇ပါဘူး....ဒါပေမဲ့ ဆူးမိပါသည်..အချစ်ဆူးလေးကို...မနှုတ်တော့ ပါဘူး...

ဆူးပါစေသစ္စာဆူးကို...ရူးမတတ်ခံစားသွားပါ့မယ်....

                အ၇ာ၇ာကိုပေးဆပ်ခြင်းနဲ့ ကောင်လေးကိုချစ်နေပါ့မယ်....ညတိုင်းညနက်တိုင်းအိမ်မက်ထဲမှာ...

ကောင်ကလေးကိုလွမ်းနေ၇တယ်....စိတ်ကူးနဲ့ ရူးနေ၇သူပါ...တကယ်အသဲဟက်တက်ကွဲနေ၇တာကတော့...မ..ပါကောင်လေ.း

နာကြည်းခြင်းနဲ့ အတူ..မ..ကိုကောင်ကလေး..မုံးလိုက်ပါတော့ ..အဲဒီအခါကောင်လေးတွက်ခံစားချက်တွေရော့နည်းသွားပါလိမ့်မယ်...

                ကောင်လေးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံပါစေ..ဘ၀နဲ့ ဆန္ဒတထပ်တည်းကြပါစေ...

ေ၇လိုအေးလို့ ပန်းလိုမွှေးပါစေ....ဆက်လက်ပြီးတော့ ..ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဘွဲ့ ထူးလေးကို...ဆက်ခံနှိုင်ပါစေ...

လို့ အသဲပေါက်မတတ်အချစ်ကြီးချစ်၇ပြီးခံစားချက်တွေတသီတတန်းကြီးနဲ့ ..အကြောင်းကံမွဲလို့ ပေါင်း၇န်လွဲခဲ့ ရတဲ့ .မ..က

ဆုတောင်းပေးလိုက်ပါတယ်....ကောင်လေးဘ၀သာယာတိုးတက်ပျော်ရွှင်နှိုင်ပါစေ....

ငါ့အတွက်

$
0
0

ကာရံမဲ့တဲ့ ငါ့ ဘ၀ကို အကြင်နာ စကားနဲ့ မနှစ်သိမ့်လိုက်ပါနဲ့ မင်းကဗျာတွေ တန်ဖိုးမဲ့မှာမလိုလားလို့ပါ။
အညွှန့်ကြိုးတဲ့ ငါ့ဘ၀ကို မင်းမျက်ရည်နဲ့ ပြန်လည်မစိုက်ပျိုးပါနဲ့ မင်း နာကျင်ခံစားမှာကို ကိုမလိုလားလို့ပါ။
နစ်မြုတ်သွားတဲ. တို့နှစ်ယောက် အချစ်ကို ပြန်လည်မဆယ်ပါနဲ့နော် ခံနိုင်ရည် မရှိလို.ပါ။
ကုန်ဆုံးသွားတဲ့ ရာသီတွေဟာ မင်းအတွက် ပျော်ရွှင်ဖြစ်သလို ဆက်ရှောက်ရမဲ့ ဘ၀လမ်းဟာ ...
မင်းအတွက် ဖြောင့်ဖြူးသောလမ်း ဖြစ်ပါစေလို. ကိုဆုတောင်နေပါမယ် ချစ်သူ..........♥♥♥♥♥

မရိုးနိုင်တဲ့ တောင်းတမှု ( ခံစားမှုဆောင်းပါး )

$
0
0

ဖြစ်ချင်တာတွေကို ဖြစ်ခွင့်ရဖို့အတွက် ပေးဆပ်လိုက်ရတဲ့ အရင်းနှီးတွေ ဘယ်လောက်ထိ များတယ်ဆိုတာ လူတိုင်းမသိနိုင်ပါဘူး ။ အောင်မြင်မှုတစ်ခု ပိုင်ဆိုင်မှုတစ်ခုဆီတိုင်းရဲ့နောက်ကွယ်မှာ ထိုက်တန်တဲ့ အရင်းပေါင်းများစွာ ရှိနေတတ်ပါတယ် ။ ဘာအတွက် ဘာကြောင့်လူတွေ ကိုယ်လုပ်ချင်တာတွေကို လုပ်နေခွင့်ရနေသားနဲ့ ပျော်ရွင်ခြင်းဆိုတာကို မပိုင်ဆိုင်ရတာလည်းဆိုတာကို တွေးရင်း လွမ်းနေမိပါတယ် ။ ဒီနေ့ အကိုကွန်ဆူးမားရေးတဲ့ တံခါးခေါက်သံဆိုတဲ့ ဘလော့လေးကို ဖတ်ပြီး ပါးပြင်ပေါ်မှာ မျက်ရည်တွေ ပြည့်နှက်ခဲ့ရတယ် ။ ဖေဖေ နဲ့ မေမေ ကို အရမ်းလွမ်းမိတယ် ။ ခုလို အဝေးတစ်နေရာမှာ ကိုယ်စိတ်ချမ်းသာမှုတစ်ခုအတွက် ကျွန်မ ရောက်ရှိလာခဲ့ပါတယ် ။ ကျွန်မ ဖြစ်ချင်တာလေးကို လုပ်ခွင့်ရတဲ့အတွက် ကျေနပ်စေခဲ့ပေမယ့် ပျော်ရွင်မှုဆိုတာကို အပြည့်ဝ ကျွန်မ မပိုင်ဆိုင် ခဲ့ပါဘူး ။ ကျွန်မထင်ခဲ့မိတာက ကိုယ်လုပ်ချင်တာလေးကို လုပ်ခွင့်ရမယ်ဆို သိပ်ကို ပျော်ရမယ်လို့ပေါ့ ။ တစ်ကယ်လက်တွေ့မှာ ကျွန်မ ကျေနပ်မှုတစ်စုံတစ်ရာကိုသာ ပိုင်ဆိုင်စေခဲ့ပါတယ် ။ ဒါကြောင့် *လူအလိုကို နတ်တောင် မလိုက်နိုင် * ဆိုတဲ့ စကားပုံလေး ပေါ်ပေါက်လာပုံရတယ် ။ ဟုတ်တယ် ကျွန်မလည်း ဒီစကားပုံလေးလိုပါပဲ ။ ခုချိန်မှာ ကျွန်မ ဖေဖေ နဲ့ ကျွန်မ မေမေကို အရမ်းလွမ်းနေပါတယ် ။ သူတို့ကော  ကျွန်မလိုဘဲ လွမ်းနေမယ်လို့ အပြည့်ဝ ယုံကြည်နေမိပါတယ် ။ မေမေ ပြောနေကြစကားလေး တစ်ခုကိုလည်း သတိရမိတယ် ။

*ညဉ်းတို့ကို သူများတွေက ချစ်တယ်ဆိုတာ ငါတို့ မိဘတွေ စောက်မြင်ကတ်သလောက်ဘဲ ရှိပါတယ်အေ *

ဒီစကားလေးက အလွန်မှန်တယ်ဆိုတာကို အပြင်လောကကြီးကို ခြေချမိချိန်မှာတော့ လက်တွေ့ပိုသိလိုက်ရပါတော့တယ် ။ ဒီနေ့ နေမကောင်းလို့ အိပ်ယာထဲခွေနေရင်းက ပျင်းလာတာနဲ့ ကွန်ပြူတာလေးကို ဖွင့်မိချိန်မှာ အကိုကွန်ဆူးမား ဘလော့လေးကို ဖတ်လိုက်မိခြင်းက တွေးစရာလေးတွေ ခေါင်းထဲကို တန်းစီရောက်လာခဲ့သလို အလွမ်းတွေကို သက်သေတည်စေတဲ့ မျက်ရည်တွေနဲ့ လှိုက်လှိုက်လှဲလှဲ ငိုခဲ့ရပါတယ် ။ မေမေ ကို လွမ်းတယ် ။ ဖေဖေကို လွမ်းတယ် ။ ခုသမီးတစ်ယောက်ထဲ ။ အဖော်မဲ့အခန်းထဲမှာ သက်သာလားဆိုတဲ့ အားပေးစကားလေးတစ်လုံးကို အရူးမူး တမ်းတနေမိပါတယ် ဖေဖေ နဲ့ မေမေ ။ နောင်တဆိုတာ တသသ လွမ်းနေရမယ့် အရာမဟုတ်သာကြောင့် အကောင်းဆုံးဆိုတာကို တွေးတော ဖြစ်သင့်ခြင်းတွေ နဲ့ ရှေ့ဆက်၇မယ်ဆိုတဲ့ ကျွန်မခင်ပွန်းသည်စကားေးလကို နှလုံးသွင်းကာ အနာဂတ်မှာ သမီးကောင်းတစ်ယောက်ဖြစ်စေဖို့ ကြိုးစားနေပါတယ် ဖေဖေ နဲ့ မေမေ ။ အဝေးက သမီးအတွက် ပူပန်မှုတွေ နဲ့ အိပ်မှပျော်ရဲ့လား ။ အဆိုးဆုံးသမီးလေးမို့ စိုးရိမ်မှုတွေနဲ့ ပူပန်နေမယ်ဆိုတာ သိနေပါတယ် ။ မိဘမေတ္တာဆိုတာကို နှိုင်းပြစရာ အကောင်းဆုံးစကားလုံးတွေ ဘယ်လောက်ပေါ်လာပါစေ မိဘတွေရင်ထဲက မေတ္တာတရားကို မှီအောင်တော့ မဖော်ကြူးနိုင်ကြပါဘူး ။

ဘ၀ဆိုတာ တိုတိုလေးပါ ။ တစ်ဘ၀မှာ တစ်ခါသာ တော်ရတဲ့ သားသမီးတွေကို မိဘတော်ခွင့်ရနေသမျှ ကျွန်မကတော့ ထာဝရခွင့်လွတ်ရင်း မိဘဆိုတဲ့ အတိုင်း မားမားမတ်မတ် ရပ်တည်ဆုံးမပေးနေရမှာဘဲ

ဆိုတဲ့ မေမေစကားလေးတွေကိုလည်း ကြားယောင်နေမိပါတယ် ။ ဘ၀တိုတိုလေးမှာ ဆိုးလို့ ပစ်ထားလိုက်ရမယ့်အချိန်တွေကို ကျွန်မမေမေက နှမြောတယ်ဆိုဘဲ ။ အချိန်လွန်ကာမှ ငါ မဆုံးမလိုက်ရလေခြင်းဆိုတဲ့ အချိန်လွန်နောင်တတွေကို ဘယ်တော့မှ မရချင်တဲ့ မေမေ သမီးကို စိတ်မှန်းတွေနဲ့ လှမ်းဆုံးမနေမယ်ဆိုတာကို ကျွန်မသိနေပါတယ် ။ နေမကောင်းချိန်မှာ မေမေရင်ခွင်ထဲမှာ ၀င်ခွေနေခဲ့ရတဲ့ အချိန်လေးတွေကို သတိရမိတယ် ။ ခုရက်ပိုင်းအတွေးတွေထဲမှာ ရှိနေတတ်တာ တမ်းတမှုတွေသာ များနေပါတယ် ။ တခါခါ ကိုယ်ကိုကိုယ် ပြန်သုံးသပ်မိပါတယ် ။ အတိတ်ကို တမ်းတရင်း နောင်တ တောထဲ တ၀ဲဝဲလည်နေတာလားလို့ ။ နောင်တဆိုတာကို ကျွန်မ မလိုချင်ဘူး ။ တခါခါ ဘ၀ဆိုတာ မလိုချင်တာတွေကိုလည်းပိုင်ဆိုင်ရတတ်တယ်လေ ။ ဟိုးငယ်ငယ်လေးထဲက ကျန်းမာရေးချူချာတဲ့ ကျွန်မကို မေမေက အမြဲပြောတတ်တာလေး တစ်ခုရှိသေးတယ် ။

*ငါသမီးကို တစ်ဖက်ကတင် တစ်ဖက်က ပိုက်ဆံတွေတင်ပြီးချိန်မယ်ဆို ပိုက်ဆံတွေက ပိုလေးမယ်ထင်တယ်တဲ့ *

မေမေ ပြောရလောက်အောင်ကို ကျွန်မက ချူချာလွန်းသူတစ်ဦးပါ။ ဆေးရုံဆိုတာကို ခဏခဏ အလည်ရောက်နေသူ တစ်ဦးဆိုလည်း မမှားပါဘူး ။ ဒီလို ချူချာတာတွေက ငယ်စဉ်ကာလမှာတင် မဟုတ်ဘဲ ခုအရွယ်တိုင်အောင် အရိပ်တစ်ကြည့်ကြည့်နဲ့ ဂရုတစ်စိုက်ထားရသူတစ်ဦးပါ ။ နှလုံးခုန်နှုန်း  အရမ်းမြန်တဲ့ ရောဂါက အချိန်မရွေးထထဖြစ်တတ်တာမို့ မိဘတွေက မျက်ခြေအပျက်မခံရဲဘဲ ထားခဲ့ရသူပါ ။ ခုထိုင်နေတာအကောင်းကနေ ချက်ချင်းကို ထဖြစ်ချင်ဖြစ်တတတ်တဲ့ ကျွန်မရောဂါကြောင့် မိဘမပါတဲ့ ဘယ်ခရီးကို မှမသွားခဲ့ဘူးသလို မိဘတွေနဲ့ တစ်ပတ်ကြာအောင်တောင် ခွဲမနေခဲ့ဘူးပါဘူး ။ ခုတော့အမျိုးသားရှိတဲ့ မလေးရှားနိင်ငံကို အလည်ရောက်လာရင်းကနေ စိတ်မချလို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ ဒီမှာ မပြန်ဖြစ်တော့ဘဲ ဆက်နေခဲ့တယ် ။ ပြန်လာဖို့ ချော့ခေါ်ပေမယ့် လုံးဝ မပြန်တော့တဲ့ အတွက်  အရမ်းစိတ်ဆိုးပြီး မေမေပြောခဲ့တယ် ။ ဘယ်တော့မှ အိမ်ကိုဖုန်းမဆက်နဲ့ ဆိုတဲ့ စကားလေးကလည်း တစ်ပတ်တောင်မခံပါဘူး ။ အပြုံးမပျက်ခွင့်လွတ်ပေးတတ်တဲ့ မေမေရဲ့ မေတ္တာတွေက ဘယ်တော့မှ မခမ်းခြောက်နိုင်ခဲ့ပါဘူး ။ ဖေဖေ ရဲ့ချစ်ခြင်းတွေက ကျွန်မဘ၀အခက်ခဲမှန်သမျှကို ဖြေရှင်းပေးစေခဲ့သလို မေမေချစ်ခြင်းတွေက ကျွန်မဘ၀ရဲ့ ရပ်တည်မှုတွေကို သိက္ခာရှိနေစေဖို့ ထာဝရ အရိပ်မိုးပေးထားပါတယ် ။ ခုချိန်မှာ ကျွန်မ သိပ်ပြောချင်တဲ့ စကားလေးကတော့ ဖေဖေ နဲ့ မေမေကို ကျွန်မ အရမ်းကို သတိရနေမိပါတယ် ။ ဖေဖေ နဲ့ မေမေ ကို အရမ်းချစ်ပါတယ် ။ နားနှစ်ဖက်ကို လက်အစုံနဲ့ ပိတ်ကာ ပဲ့တင်ထပ်အောင် အော်လိုက်မိပါတော့တယ် ။

ဖေဖေ နဲ့ မေမေကို အရမ်း ချစ်တယ် ။ အရမ်းသတိရတယ် ။

 

ဘလော့ဂါဆိုတာ...တဲ့။

$
0
0


အင်တာနက်စာမျက်နှာများပေါ်တွင် စာများရေးခြင်းကို ဘလော့ဂ်ဂင်းလုပ်သည်ဟု ခေါ်လျှင် ထိုစာမျက်နှာများပေါ်တွင် စာရေးသားသောသူများကို ဘလောဂ်ဂါဟုခေါ်ပါသလား။ ကျန်ုပ်တို့ မြန်မာ ဘလော့ဂ်ဂါလောကကြီးသည် အခက်အခဲ အတားအဆီးတွေကြားမှ တဖြည်းဖြည်း အရှိန်အဟုန်ကောင်းစွာ ချီတက်လာနေပြီ။ နောင်တချိန်မြန်မာပြည်တွင် အင်တာနက်များမြန်ဆန်လာသောအခါ ၊ ဘလော့ဂ်ဂါကြီးကို လွယ်လွယ်ကူကူ သုံးစွဲခွင့်ရလာသောအခါကြရင် မြန်မာဘလော့ဂ်ဂါ လောကကြီးသည် ယခုအထက် ပို၍ပို၍ စည်ပင်လာမှာ အသေအချာပင်ဖြစ်သည်။

ထိုအခါ ယခုထက် ပို၍ ရှုပ်ထွေးစရာ ကိစ္စများ ပေါ်ပေါက်လာမှာ မလွဲပင်ဖြစ်သည်။ ကျန်ုပ်တို့ မြန်မာ ဘလော့ဂ်လောကကြားတွင် ဘာသာပြန်ကိစ္စများ ၊ သက်မှတ်ချက်များကို ရဲရဲရင့်ရင့် သက်မှတ်ထားခြင်းမရှိသေးသည်မှာ စိတ်မရွှင်လန်းစရာကောင်းလှသည်။ အီးမေးအကောက်တစ်ခုရှိရုံ လောက်နှင့် ဘလော့ဂ်တစ်ခုပိုင်ဆိုင်ပြီး ထိုပိုင်ရှင်ကို ဘလော့ဂ်ဂါဟု ခေါ်ဆိုသည်မှာ အင်မတန်မှ ရယ်စရာကောင်းပြီး တခြားဖက်မှလည်း စိတ်ပျက်စရာကောင်းလှသည်။

ကျန်ုပ်တို့သည် ၀ါသနာအရ စာများရေးချင်သောအခါ မိမိကိုယ်ပိုင် ဗလာစာအုပ်ပေါ်တွင် ရေးခြစ်ကြသည်။ မိမိရဲ့ အရေမရ အဖတ်မရများကို ဒိုင်ယာရီထဲတွင်ရေးမှတ်သောအခါ ထိုအခြင်းအရာကို စာရေးခြင်းဟုသက်မှတ်ကြသည်။ ထိုအရာကို ဖန်တီးသူသည် စာရေးသူဟု ခေါ်ဆိုသက်မှတ်ကြပြန်သည်။

ကမ္ဘာပေါ်တွင် စာရေးဆရာများသည် ထိုကဲ့သို့ လုပ်ဆောင်ကြသည်။ အရေးသားကောင်းတာ မကောင်းတာအပထား ၊ ထိုသူများသည်လည်း ကျန်ုပ်တို့လုပ်ဆောင်သကဲ့သို့ပင် စာအုပ်များပေါ်တွင် ရေးခြစ်ကြသည်။ ထိုသူများကို စာရေးဆရာဟု ခေါ်ဆိုသက်မှတ်သည်။ သူတို့လည်း စာရွက်ပေါ်တွင်စာရေးသည် ၊ ကျန်ုပ်တို့လည်း စာရွက်ပေါ်တွင်စာရေးသည်။ ဘာများကွာခြားကြသလဲ။ ကျန်ုပ်တို့သည်လည်း စာရေးသူ ၊ စာရေးဆရာများဟု မဖြစ်သင့်ကြပေးဘူးလား။

ကျန်ုပ်တို့အဖွဲ့သည် ထိုအကြောင်းအရာကို အားလုံးထိပ်တိုက်တွေ့ဆုံ၍ ဆရာကြီး (ခေတ္တကျွန်းပေါ်) နှင့် အမေးအဖြေ တစ်ခုပြုလုပ်ခဲ့ကြသည်။

ဘလော့ဂ်ဂင်းလုပ်တယ် ဆိုတာ ဘာလဲ?

ဘလောဂ့်ဂင်းလုပ်တယ်ဆိုတာ အကြမ်းအားဖြင့် ပြောရရင် အင်တာနက်စာမျက်နှာပေါ်မှာ စာရေးသားခြင်းကို ဆိုလိုတာပဲလေ။

အဲ့ဒါဆို ဘလော့ဂ်ဂါဆိုတာ ဘယ်သူတွေလဲ?

ဘလော့ဂ်ဂါဆိုတာ အဲ့ဒီစာမျက်နှာတွေပေါ်မှာ စာရေးတဲ့သူတွေကို ဘလော့ဂ်ဂါလို့ခေါ်တာပဲ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ကိုယ်ရေးတဲ့ စာပေါ်မှာ မူတည်ပြီး ဘလော့ဂ်ဂါလို့ သတ်မှတ်ခံရတယ်။ (ဥပမာ ) မင်းလည်း ဒိုင်ယာရီရေးတယ်။ မင်းလည်း ဘောပင်နဲ့စာရွက်ကို အသုံးပြုတယ်။ အဲ့ဒီလိုပဲ ဆရာ တဂိုး ၊ ဆရာ မြသန်းတင် သူတို့လည်းစာရွက်ပေါ်မှာ စာရေးတဲ့သူတွေ။ ဘာလို့ သူတို့ကြတော့ စာရေးဆရာအဖြစ်ခေါ်ကြပြီး မင်းကိုကြတော့ မခေါ်ကြလဲ။ ဒါဟာ ရှင်းရှင်းလေးပဲ။ မင်းက ရေးချင်တာတွေရေး ၊ အရေမရ အဖတ်မရတွေရေး တကယ်တော့မင်းလုပ်နေတာက ဘလော့ဂ်ဂါ တစ်ယောက်ရဲ့ စကားကိုသုံးရရင် မင်းက စိတ်အယားဖြေနေတာ။
ဟိုဆရာကြီးတွေက လူထုကို အကျိုးဖြစ်စေမယ့် အရာတွေကိုဖန်တီးနေတာ။

အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ် ဘလော့ဂ်ဂါလို့ သတ်မှတ်ခံချင်ရင် ကိုယ့်ပတ်ဝန်းကျင် ၊ ကိုယ့်လူမျိုး ၊ ကိုယ့်နိုင်ငံ အတွက် ဘာများပေးဆောင်နေသလဲဆိုတာ ကိုယ့်ကိုကိုယ်ပြန်ကြည့်ရတယ် ။ မင်းဟာ နည်းပညာတွေကို ဖြန့်ဝေနေသလား။ သတင်းအချက်အလက်တွေကို ဖြန့်ဝေနေတာလား ၊ မင်းဟာ အတွေးရစေမဲ့အရာများကို ရေးနေတာလား မင်းဟာ မင်းတက်ကျွမ်းတဲ့ ဘာသာတစ်ခုကို ချပြနေတာလား။အဲ့ဒီလိုမှ မဟုတ်ပဲ အရေးအသားတွေက အရေမရ အဖတ်မရ တိုင်းပြည်လူမျိုးအတွက် ဘာဆိုဘာမှမပေးတဲ့ အရေးအသားမျိုးကိုရေးပြီး ဘလော့ဂ်ဂါလို့ သတ်မှတ်ခံချင်ရင် မင်းဟာ အချောင်သမားပဲဖြစ်မယ်။ အဲ့ဒါကြောင့် ဘလော့ဂ်ဂါဆိုတာ သူလုပ်နေတဲ့ အလုပ်အပေါ်မူတည်ပြီး သက်မှတ်ခြင်းခံရတယ်။

နောက်တစ်ခုက ကဗျာရေးတဲ့ ဘလော့ဂ်ဂါတွေကို ဘယ်လို မြင်လဲ?

ဒါက ရှင်းရှင်းလေးပဲ။ ကဗျာဆိုတာ လူပိန်းတွေနားမလည်ဘူး။ ပြီးတော့ ကဗျာရေးတာ ထင်သလောက်မလွယ်ဘူး။ သူတို့က ကဗျာ ဘလော့ဂ်ဂါလို့ သတ်မှတ်နိုင်တယ်။

အခုဆို တော်တော်များများကိုတွေ့နေရတယ်။ သတင်းဆိုဒ်တွေက သတင်းတွေကို ယူပြီး ဘလော့ဂ်တည်ဆောက်ထားတယ်။ သူတို့ကို သတင်းဘလော့ဂ်ဂါလို့ သတ်မှတ်လို့ရမလား?

အဲ့ဒါတွေကို ငါတို့က သတ်မှတ်လို့မရဘူး။ သူတို့ကိုသူတို့ သတ်မှတ်ရတာ။ သူတို့ခံယူချက်က အဓိကပဲ။ အများပြည်သူ အလွယ်တကူဖတ်နိုင်အောင်ပြုလုပ်ပေးတာလို့ သတ်မှတ်ထားရင် ဒါဟာ ကျေးဇူးတင်စရာကောင်းတယ်။ဒါပေမဲ့ အဲ့ဒီအပေါ်မှာ အခွင့်အရေးယူပြီး ငါလည်း ဘလော့ဂ်ဂါပဲလို့ ဟစ်ကျွေးမယ်ဆိုရင် အဲ့ဒီလူဟာ အခွင့်အရေးသမားပဲ။ ပြီးတော့ သူများ အုံးနှောက်ကို ဖောက်စားတဲ့ကောင်ပဲ။


သာကီး (စပ်စုတင်ပြသည်)
http://formmbloggers.blogspot.com/2009/10/blog-post_21.html


သိသင့်သိထိုက်စရာ ပိုစ့်လေးမို့ ရှာဖွေမျှဝေပေးလိုက်ပါတယ်..။

သွေးသစ်လောင်းသော လက်များ

$
0
0

သွေးသစ်လောင်းသော လက်များ

 

လူ့ဘဝ အစိတ်အပိုင်းတွေကို

ရရှိဖို့အတွက်...

နေဝင်လိုက်.. မိုးချုပ်လိုက်နဲ့..

ခရီးက ကြမ်းတမ်း

ဝေးကွာလွန်းတဲ့ ခရောင်းလမ်းထဲ

ဖြတ်သန်းရတဲ့ လူ့အခက်ခဲတွေက

တကယ်တမ်း ပြောပြမိတော့

နားထောင်မိတဲ့ သူအတွက်တော့..

ရယ်စရာ ဟာသတစ်ပုဒ်ပေါ့...။

 

အလွှာဒြပ်တွေ နိမ့်လိုက် မြင့်လိုက်နဲ့

ဘဝ လေဟာနယ်မှာ ပြေးလွှားနေပါရဲ့

အခက်ခဲဆုံး ဖြတ်သန်းခဲ့တဲ့

ဘဝရဲ့ လှုပ်ရှားမှုတိုင်းက

အဆင့်တစ်ခု ရောက်တိုင်း

အမောပြေ ဟာသတွေသာ ဖြစ်ခဲ့ပေါ့..။

 

ညတွေလည်း...

တစတစ ပြိုလဲပျက်စီးခဲ့ပြီ...

လမင်းကြီးလည်း...

အေးမြသော ချပ်ဝတ်တန်ဆာတွေနဲ့

ဆွဲယူ ရုပ်သိမ်းလို့

တိမ်လွှာ တိမ်ရိပ်တွေ နောက်မှာ

ပျောက်ကွယ်သွားပြန်ပြီပေါ့...။

 

မိုးသောက် အာရုဏ်ကလည်း...

တရွေ့ရွေ့နဲ့ မနက်ခင်း တနေ့ရဲ့

ရက်စွဲလေးတွေကို သယ်ဆောင်လာခဲ့ပြန်ပြီ..

မြူခို ငွေ့ငွေ့ တိမ်လွှာရိပ်အောက်မှာ..

နေမင်းကြီးလည်း ...

ပူလောင်လွန်းတဲ့ သူ့အရောင်တွေကို

ကမ္ဘာမြေကြီးပေါ်ကို အရောက်ပို့ခဲ့ပြန်ပြီပေါ့...။

 

ဒီလိုနဲ့...

ကံကြမ္မာ မုန်တိုင်းမြင်မှ တွေ့ကြုံ ခံစားရတဲ့..

လူ့ဘဝ ဆင်းရဲ ဒုက္ခတွေရယ်...

အမှန်နဲ့ အမှား လူမိုက်နဲ့ ပညာရှိ

နေနဲ့ ည ပြေးသွားနေတဲ့

သံသရာ လွင်ပြင်ထဲ..

မျှော်လင့်ချက်တွေနဲ့ ခရီးဆက်လို့

အသက်ရှင်နေတဲ့ သူ...။

 

သဏ္ဍာန်ကွဲ အဆင်မည်းနဲ့

မည်းပြာပုဆိုးများ လူ့ဝန်းကျင် အခြားမဲ့မှာ ထားရစ်ခဲ့ပါ...

စေတနာပါပါ ယုံကြည်မှုများ တည်ဆောက်

မှားနေတဲ့ အမြင် သံသယတွေ ခဝါချရင်း

ခါးပိုက်ထားတဲ့ အတ္တတွေကို

အသုံးမဝင်တဲ့ အမှိုက်ပုံထဲမှာ ထားရစ်ခဲ့ပါ....

ငြိမ်းချမ်းရေး ရေစင်တစ်ခွက် သောက်သုံးဖို့အတွက်

မတူညီသော လက်များ ဝိုင်းရံလို့

ညီညွတ်ရေး အင်းအားများ တည်ဆောက်ရင်း..

အသုံးချ အမြှောက် ကျည်ဆန်များ

ပညာတက်ရင် ဆေးဖြစ်လာမှာပါ...။

 

ကိုယ့်တာဝန် ကိုယ့်အသိတွေ

ကိုယ့်သတိအိမ်မှာ တည်ဆောက်

ကိုယ့်တက်သလောက်နဲ့ ကူညီ

ကိုယ့်အတ္တတွေ ခဝါချ

အမှန်တရားအတွက်...

အကြောက်တရားတွေ ဒေါသတွေ

မာန်မာနတွေ ဂုဏ်ပြိုင်ခြင်းတွေ

အတိတ်မှာထားခဲ့...

အနာဂတ် ကျန်ရှိနေတဲ့

သမိုင်းတွေကို အကောင်းဆုံး ရေးဆွဲ

မျက်စိ မမှိတ်ခင် သူငယ်မပြန်မိစေနဲ့...။

 

မဟာပထဝီ မြေကြီးရဲ့ ဝမ်းကြာတိုက်ထဲက

မွေးဖွားလာတဲ့ သားသမီးတွေ...

ကိုယ် တိုင်းတာထားတဲ့ အမိအိမ် မြေကွက်ထဲ

ကိုယ်တိုင် ပြန်မသွားသေးခင်....

ကိုယ့်သမိုင်း ကိုယ့်တာဝန် ကြေပွန်ဖို့အတွက်

ကိုယ်တို့ လက်များ မတူညီကြလည်း အားသစ်လောင်းလို့

သမိုင်း ခေတ်တခေတ် ငြိမ်းချမ်းရေးနှင့် သွေးသစ်လောင်းစို့လေ...။

 

တက္ကသိုလ်မြတ်မင်း

☻♥♬ ☻ြ့ပုံးဘဲပြုံးနော်☻♥♬ ☻

$
0
0

              

                   ☻♥♬ ☻မင်းဆီကတစ်ဆင့်☻♥♬ ☻

  အလုပ်တိုက်တစ်ခုတွင် တယ်လီဖုန်းသည် ဆူညံစွာမြည် လာသည်၊ချစ်စရာကောင်းသော စာရေးမတစ်ဦးသည် ကနွဲ့ ကလျာနှင့် ထိုင်ရာမ ထပြီး ဖုန်းပြောလေသည်..

    ဆရာ..ဖုန်းလာနေတယ်။

   ဘယ်ကလဲဟေ့...ဆရာအမျိုးသမီးဆီကပါ..သူကဆရာကို မွှေးမွှေးပေးချင်လို့တဲ့

     အိုကွာ...

 ငါအလုပ်တွေ သိပ်များနေတယ်၊မင်းပဲ ခဏလောက် လက်ခံထားလိုက်စမ်းပါ

ထမင်းစားချိန်ရောက်မှ ငါမင်းဆီကတစ်ဆင့် ယူတော့မယ်..ဟူး.........

      *ထမင်းစားချိန်ရောက်မှ ယူမယ်ဆိုပဲ ဆရာက**

              သူငယ်ဒို့ယျေ....ပြုံဘဲပြုံးနော်...ပျော်ရွင်ပါစေ..

                           :300:300:300:300


ရွက်သစ်ဝေ နွေဦး

$
0
0

တတိယ အကြိမ်မြောက် လူပျိုပေါက်ကလေး ပြန်ဖြစ်သွားပြန်ပြီဟု ခပ်မဲ့မဲ့ တွေးလိုက်မိလေသည်။

နန္ဒသည် အိမ်ပေါ်မှ ဆင်းလာခဲ့သည်နှင့် တွေဝေခြင်းကင်းစွာ အမေ့အိမ်သို့ ခြေလှမ်းပြင်ပြီး ဖြစ်နေပြန်တော့သည်။ အသက် နှစ်ဆယ့်ငါးနှစ်ပြည့်ခဲ့ပြီဖြစ်သော အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်ကို မေမေကတော့ ရင်ခွင်ပိုက်ကလေးငယ် တစ်ယောက်လိုပင် ရင်ဘတ်စည်တီးလျှက် ကြိုဆိုထွေးပွေ့ဦးမှာ သေချာပါသည်။ ဖေဖေကရော…။ နန္ဒ၏ နံဘေးမှာ တွယ်တာစရာ မိန်းမတစ်ယောက်သာ ယှဉ်တွဲပါမလာခဲ့ဘူးဆိုလျှင် ဖေဖေကလည်း သူ့ကို လက်ခံနိုင်မှာပါ။ သူ… အတွေ့အကြုံအရ သိနေခဲ့ပါသည်။
                    ***********
“ငါတော့ မေမေ့ကို နားကို မလည်နိုင်တော့ဘူး”
“အင်း… ငါရောပဲ”
                   အဲဒီလို စကားများဖြင့် ကဉ္စနာနှင့်သူ အတိုင် အဖောက် ညီခဲ့ကြဖူးစဉ်က သူတို့ နှစ်ယောက်စလုံး ခုနစ်တန်းပဲ ရှိကြသေးသည်။  အကောင်းဆုံးကျောင်းဟု သတ်မှတ်ခြင်းခံရသော အခြေခံပညာ အထက်တန်းကျောင်းကြီးမှာ သူတို့နှစ်ယောက်က အတော်ဆုံးအတန်း တန်းခွဲ(A)မှ အတော်ဆုံး ကျောင်းသားနှစ်ယောက် ဖြစ်လေသည်။ အဆင့်တစ် နှင့် နှစ်ကို တစ်လှည့်စီလုယူနေကြသော သူတို့နှစ်ယောက်သည် အချစ်ဆုံး သူငယ်ချင်းတွေလည်း ဖြစ်နေကြစဉ်မှာ သူတို့၏ အမေနှစ်ယောက်ကတော့ အစစ၊ အရာရာ ယှဉ်ပြိုင်ဘက်၊ ကမ္ဘာ့ရန်များအဖြစ် အတော်ကလေး ခရီးတွင်နေခဲ့ပြီ။
“ဒီတစ်ပတ် စာမေးပွဲမှာ ကဉ္စနာ့ထက် ဘာသာစုံ ရမှတ်တွေ သာနေမှ ဖြစ်မယ်နော်။ မဟုတ်ရင် ဟိုမှာတွေ့တယ်မဟုတ်လား ၀ါးခြမ်း”
အသားနာမှာတော့ သူ ကြောက်လှပါသည်။ ဖေဖေရော မေမေပါ လက်သံပြောင်လွန်းလှသူတွေ ဖြစ်ကြသည် မဟုတ်လား။ ပြီး… စာမေးပွဲမှာ အမှတ်နည်းတာ၊ အဆင့် မကောင်းတာကိုလည်း သူ ကိုယ်တိုင်က မကြိုက်နိုင်ပါ။ ဒါပေမယ့် ကဉ္စနာ့လို မိန်းခလေးတစ်ယောက်နှင့် ယှဉ်ပြိုင် အနိုင်ရရေးအတွက်တော့ဖြင့် သူ စိတ်မ၀င်စားပါ။ သူ ကဉ္စနာ့ အပေါ်မှာ အနိုင်မယူချင်ဘူး။ ကဉ္စနာက သူ့ အချစ်ဆုံး သူငယ်ချင်း မဟုတ်လား။
ကဉ္စနာကတော့ မိန်းခလေးဖြစ်နေလို့လား မသိ။ ပြိုင်ဆိုင်ချင်၊ အနိုင်လိုချင်သော စိတ်ကလေး ရှိတာ ရိပ်မိရပါသည်။ သို့သော် ကဉ္စနာကလည်း သူ့တစ်ယောက်ကိုတော့  ကဲကဲလွှားလွား မပြိုင်ဆိုင်ခဲ့ဖူးပါ။  ကဉ္စနာလည်း သူ့အား ခင်မင်သည်သာ မဟုတ်လား။
သို့သော် ကဉ္စနာသည်လည်း သူမ၏ အိမ်မှာ သူ့နည်းတူ မိခင်၏ ကြိမ်းဝါးမှုကို တရံမလပ် ခေါင်းငုံ ခံနေရရှာတာ သူသိပါသည်။ သူတို့တတွေ ဖြေဆိုပြီးခဲ့သော စာမေးပွဲရမှတ်များကို အတန်းထဲမှာ ကြေငြာသောနေ့မျိုးတွင် ကဉ္စနာတစ်ယောက် ဂဏှာ မငြိမ်ပဲ ဖြစ်နေတတ်တာ သူ တွေ့ဖူးလှပြီ။ ဟိုလူ၊ ဒီလူထံမှာ အမှတ်တွေလိုက်မေးရင်း အလုပ်ရှုပ်နေတတ်ပြန်သည်။ အုပ်ထိန်းသူလက်မှတ်ထိုးရန် ရီပို့ကဒ်များ အိမ်သို့ ထည့်ပေးလိုက်သောနေ့ဆိုလျှင် အဆင့်တစ်ဖြစ်နေမှ သူမ.. ရယ်မောနေနိုင်တာ ဖြစ်သည်။ မတော်တဆ အဆင့်တွေများစွာ လျော့ကျသွားခဲ့လျှင်တော့ ငိုမလိုမျက်နှာပျက်လျှက် ဆောက်တည်ရာမဲ့နေတတ်တာ သနားစရာ ကောင်းလှတော့သည်။ အိမ်ရောက်လျှင် သူ့မေမေသည် နားတွေ ညည်းအူလာအောင် ဆူပူမြည်တွန်တော့မည်ကို သူမ သိနေနှင့်သည်လေ။ ပြီး အရိုက်ခံရဦးမှာလည်း မြေကြီးလက်ခတ်မလွဲပါ။
ကဉ္စနာကမှ သူ့မေမေတစ်ယောက်တည်းက ဆူတာ၊ ရိုက်တာမို့ တော်ဦးမည်။ သူမှာတော့ ဖေဖေရော၊ မေမေပါ တစ်လှည့်စီ ဆူကြ ရိုက်ကြတာကို လှိမ့်ပိန့်ခံရတာဖြစ်သည်။ ဖေဖေမောလျှင် မေမေက အလှည့်ယူသည်။ မေမေ ခြေကုန်လက်ပန်းကျလျှင် ဖေဖေက စစ်ကူဝင်သည်။ တစ်နေကုန် အကြောင်းတိုက်ဆိုင်လေတိုင်း ထိုအကြောင်းအရာ တစ်မျိုးတည်းကိုသာ တက်ညီလက်ညီ အပ်ကြောင်းထပ်နေကြတော့ရာ သူ့ခမျာ နေစရာပင် မရှိတော့။
မှတ်မှတ်ရရ ကျောင်းတက်မှန်လှသော ကဉ္စနာတစ်ယောက် အပျင်းဖျားပြီး တစ်ပါတ်နီးပါး ကျောင်းပျက်ခဲ့ဖူးသေးသည်။ နောက်တော့မှ လပါတ်စာမေးပွဲမှာ အဆင့်ကျသွားကြောင့် သူ့မေမေ ရိုက်ရာ အကြောက်လွန်ကာ နေမကောင်းသည်အထိ ဖြစ်ခဲ့ရသည်ဟု သိခဲ့ရ၏။ နောက်တစ်ပါတ် စာမေးပွဲမှာ ကဉ္စနာ့ထက် အမှတ်နည်းစေရန် သူတမင် လျှော့ဖြေခဲ့ရာ အတန်းပိုင်ဆရာမက သူ့အား အတန်းထဲမှာ ရစရာမရှိအောင် ဆူပူမြည်တွန်လွှတ်လိုက်သည်။ အိမ်ပြန်ရောက်လျှင်တော့ မိုးမီးလောင်လေ၏။
***********
တကယ်တော့ သူတို့နှစ်ယောက်၏ နေအိမ်တွေက ကျောင်းနှင့် အတန်ဝေးလှမ်းနေပါသည်။ သို့သော် မိဘတွေအားလုံးက အနီးရှိ အလယ်တန်းကျောင်းကလေးကို လုံးဝ စိတ်မ၀င်စား။ ခါးခါးသီးသီးဟုပင် ပြောနိုင်လောက်သည်။ ထိုကျောင်းကလေးမှာ ကျောင်းတက်ရလျှင်ဖြင့် သူတို့၏သားသမီးတွေ ဒီတစ်သက် ပညာတတ်ဖြစ်လာမည်လို့ကို မယုံကြည်ကြသော ငြင်းပယ်ခြင်းမျိုးနှင့် ဖြစ်သည်။
                   သူ၏ စာမေးပွဲရမှတ်များအပေါ် အားမရလျှင်သော်လည်းကောင်း၊  စာကြည့်စားပွဲ ပုံမှန်ထိုင်ရန် ခဏငယ်ကလေး ပျက်ကွက်လျှင်သော်လည်းကောင်း  မေမေ၏ လက်သုံးစကားမှာ..
“နင့်ကို နွားဖြစ်မှာစိုးလို့ ကျောင်းကောင်းကောင်းမှာ ထားတာဟဲ့။ သိရဲ့လား”
                   …ဟူ၍ ဖြစ်သည်။ မေမေ့စကားအရ ဆိုလျှင်တော့ အိမ်နှင့် အနီးအနားက ကျောင်းမှာနေကြရသည့် ကျောင်းသားတွေသည် ယနေ့ သို့မဟုတ်..မနက်ဖြန်မှာ နွားဖြစ်ကြတော့မည်လား မသိ။ ဒါပေမယ့် ထိုကျောင်းမှ ထွက်သွားသော ကျောင်းသားဟောင်းတွေ တစ်ယောက်မှ နွားဖြစ်သွားကြတယ်ဟု သူ မကြားစဖူး။ သေချာတာကတော့ သူတို့တတွေမှာ သူ့လောက် ကျောင်းစာနှင့် မျက်နှာ အချိန်ပြည့် ကပ်မထားကြရ။ ဆော့ကစားချိန်လည်း ပိုများကြသည်။ ပြီး သူ မသိတတ်သော အရာများစွာကို သူတို့က ပိုမို သိနားလည်နေကြခြင်း ပဲ ဖြစ်သည်။
“နေကြာစေ့ဆိုတာ နေကြာပင်က  ပန်းပွင့်ပြီး အဲဒီအပွင့်က ရတာကွ။ ပြီးတော့ ကွာစေ့ဆိုတာလည်း ကွာပင်က ရတာပဲ”
                   အဲသည်စဉ်အချိန်တုန်းက အလယ်တန်းပင် တက်နေပြီဖြစ်သော သူက အဟုတ်ထင်မှတ်နေခဲ့ဖူးတာ ဖြစ်သည်။
“ငါ.. နေကြာပင်တော့ မြင်ဖူးတယ်။ ကွာပင်တော့ တစ်ခါမှ မမြင်ဖူးဘူး။ သူကရော အပွင့် ပွင့်တာပဲလား”
                   သူတို့ တဟားဟားရယ်မောနေကြသည့်တိုင် သူ နားမလည်နိုင်။
“မင်းကို အလကား နောက်နေကြတာပါကွာ။ ကွာစေ့ဆိုတာ ဖရဲပင်က ရတာ။ ဖရဲသီးထဲက အစေ့မဲမဲတွေ မင်း တွေ့ဖူးတယ် မဟုတ်လား။ အဲ အစေ့တွေကို လှော်ထားတာ”
                   တစ်ယောက်က တည်တည်တံ့တံ့ ၀င်ရှင်းပြတော့ သူ အသိတိုးရသည်။
“ပြီးတော့ အသီးတွေထဲမှာ ဘယ်အသီးက အမာဆုံးလဲ သိလား။ ဂေါက်သီးကွ။ ဂေါက်ပင်ရော မြင်ဖူးလား”
                   သူ ဆတ်ခနဲ ဖြစ်သွားကာ…
“မင်း လာမရွှီးနဲ့ ဟေ့ယောင်။ ဂေါက်သီးကို ငါသိတယ်။ ငါတို့ဖေဖေက ညနေတိုင်း ဂေါ့ဖ်ရိုက်သွားနေကျ”
                   သူတို့တတွေ ရယ်မောလိုက်ကြပြန်သည်။ တကယ်တော့ သက်ရွယ်တူ သူငယ်ချင်းတွေနှင့် ခုလို ရောက်တတ်ရာရာ ပြောဆိုရင်း ရယ်ပွဲဖွဲ့နေရတာ ပျော်စရာကောင်းပါသည်။ ခဏနေရင် ဘောလုံးကန်ကြမည်ဟု တိုင်ပင်ကာ လူစုနေကြသည်။ မေမေ ပြန်ခေါ်ဖို့ အချိန်နီးနေပြီ။ ဒါပေမယ့် ရသလောက် အချိန်ကလေးမှာ သူ.. ဘောလုံးဝင်ကစားသည်။
“နန္ဒရေ….”
                   မေမေ လှမ်းခေါ်တော့ သူ မကြားယောင်ဆောင်ကာ ဆက်ကစားသည်။ နှစ်ခွန်း သုံးခွန်းဆင့်လာတော့…
“လာပြီး မေမေ။ ခဏလေး…”
                   သူ အကစားမပျက်ပါ။ ၀ါးခြမ်းတစ်ချောင်းကိုင်ကာ မေမေ ကွင်းစပ်ဆီ လာရပ်လေမှ ရှေ့မှ ဘောလုံးကို တစ်ချက် အားကုန်ကျုံး ကန်ပစ်ခဲ့ကာ သုန်သုန်မှုန်မှုန် သုတ်ချေတင်ရသည်။ ထိုနေ့က ထုံးစံမပျက် အရိုက်ခံရသော်လည်း သူ ကျေနပ်လေသည်။
*********
 မိဘ၏ အရိပ်တွင် သူ့အတွက် မှေးစက်နားနေရန် တစ်နေရာစာတော့ ရှိနေဆဲပဲဖြစ်သည်။ ဟိုယခင်က ရရှိခံစားခဲ့ဖူးသည့် အဆောင်အယောင်များသည်လည်း ပြောင်းလဲလျော့နည်းမသွားသေးပါ။ သို့သော် သူ မပျော်ရွှင်နိုင်ပါဟုဆိုလျှင် ဖေဖေရော၊မေမေပါ သူ့ကို စိတ်ဆိုးကြဦးမည်။ တစ်အိုးတစ်အိမ်နှင့် အခါခါခွဲနေခဲ့ဖူးတဲ့ သားယောက်ျားတစ်ယောက်ဟာ မိဘအိမ်မှာ အပူပန်မဲ့ နေရသည့်ဘ၀ကို သာယာနေလိမ့်မည်ဟု ဖေဖေနှင့်မေမေတို့ ထင်မှတ်မှားနေကြပါသလား။
သူ့အိမ်ကလေးမှာ ဖေဖေနှင့် မေမေတို့အိမ်ကဲ့သို့ မကျယ်ဝန်း၊ မခမ်းနားပါ။ နှိုင်းယှဉ်မရနိုင်အောင် အပုံကြီး ကွာခြားလွန်းလှတာ သူသိပါသည်။ ဒါပေမယ့် သိမ်နုတ်သော ထိုအိမ်ကလေးမှာ သူက အိမ်ဦးနတ်၊ ဘုရင်တစ်ဆူဖြစ်သည်။ သူ အရိပ်ကြည့်ကာ ကြောက်ရွံ့ခန့်ညားရမည့်သူ မရှိ။ ဒါပေမယ့် သူက အိမ်ထောင်တစ်ခုကို ဦးဆောင်ကာ ရှာဖွေကျွေးမွေးရန် ခုထိ အစွမ်းအစ ကင်းမဲ့နေဆဲလည်း ဖြစ်သည်။ သို့အတွက် သူ လိပ်ပြာငယ်ရသည်။
“ဟယ်တော့…ဆန်အိုးထဲမှာ ဆန်ကုန်နေပြန်ပြီ”
                   သူသီးမခံနိုင်ဆုံးသော စကားပဲဖြစ်သည်။ ပြီး…ဆီမရှိပြန်ဘူး။ ငြုပ်၊ ကြက်သွန်၊ တခြားတိုလီမိုလီ။ သူ… ဘယ်တုန်းဆီကမှ စိတ်မ၀င်စားဖူးတဲ့ အကြောင်းအရာတွေအတွက် တွေးပူနေရတာ ဦးခေါင်းတွေ ပေါက်ထွက်တော့မလား ထင်ရသည်။ အိမ်သူက ကိုယ့်ရှေ့မှောက်မှာ ပြေးလွှားချေငှားရင်း တဖားဖားဖြစ်နေတာ တွေ့ပြန်လျှင်လည်း သူရှက်ရွံ့သိမ်ငယ်နေရသည်။ တကယ်ကအိမ်ထောင်တစ်ခုမှာ စားဝတ်နေမှု အရေးအရာ တာဝန်မှန်သမျှသည် သူ၏ ပခုံးပေါ်မှာသာ ရှိနေသင့်တာ မဟုတ်လား။ သူ.. သိနားလည်နေသော်သော်လည်း မစွမ်းခဲ့တာ ကိုယ်တိုင်သိနေပြန်ရာ ပိုလို့ခံပြင်းမိလေသည်။
ဒါပေမယ့် သူ.. ကိုယ်တိုင် ရွေးချယ်ခဲ့သော ဘ၀ကို  ကြိုးစားတည်ဆောက် ခဲ့ပါသည်။ ပန်းသွေးဖျော့ လက်ဖ၀ါးတွေ နီကျင်သွေးခြေဥသည်အထိ။ လုပ်အားနှင့် အခကြေးငွေဆိုတာကလည်း နေရာအလိုက် တန်ဘိုးလဲလှယ်နှုန်းတွေ အမျိုးမျိုးပါပေ။ သို့သော် လုပ်အားနှင့် ချွေးစက်တွေက အမြဲတန်း လျှော့လျှော့ပေါ့ပေါ့ တန်ဘိုးသင့်ခံနေရတာပဲ။
                   ထိုအချိန်ကျတော့ ဘ၀မှာ အပူပင်မဲ့နေခွင့်ပေးခဲ့ကြသော ဖေဖေနှင့်မေမေ၏ ကျေးဇူးတရားကို အောက်မေ့မိလေသည်။ ဒါပေမယ့် သူ့ကို ခုလိုမျက်နှာလွှဲထားတာကတော့ ဖေဖေနှင့်မေမေက သူ့အား အနုနည်းဖြင့် နှိပ်စက်နေပြန်တာ မဟုတ်ဘူးလား။
“ဆင်းရဲတဲ့ဒဏ်ကို မင်းဘယ်လောက်ခံနိုင်မလဲ”
                   ..ဟု အနားမှာ လာမေးလျှက် လှောင်ပြောင်နေကြသယောင် ထင်မိသည်။
ဖေဖေတို့၏ အကြောင်းပြချက်ကတော့ သူတို့ မကြည်ဖြူနိုင်ခဲ့ သူကို မတိုင်မပင် ဇွတ်ယူလက်ထပ်ခဲ့သောကြောင့် ဟုဆိုကြပေလိမ့်မည်။ ဆင်းရဲတာအပြစ်လားဖေဖေ ဟု သူ ပြန်မေးတော့ ဒေါသအိုးများ ပေါက်ကွဲခဲ့ကြသည်။
ဘာပဲပြောပြော မရှိသော ဆင်းရဲစကား ကြားရသည့် ကြိမ်ဖန် များလာသော အခါ သူ စိတ်ဆင်းရဲလေသည်။ တစ်သက်လုံး မတောင့်မတ နေခဲ့ရသော ဘ၀ဟောင်းဆီ ပြန်လည် တိုးဝင်ချင်မိပြန်တော့သည်။ တကယ်က သူ သတ္တိနည်းနေတာ၊ သွေးကြောင်နေတာ  ၀န်ခံရပါမည်။
‘မင်းနောက်မှာ ဘာ အဆွယ် အပွားမှ ပါမလာခဲ့စေနဲ့။ တစ်ယောက်တည်းဆိုရင် အချိန်မရွေး ပြန်လာခဲ့”
                   ဖေဖေ့စကားတို့က ဘယ်လောက်များ စာနာညှာတာမှု ကင်းမဲ့လိုက်ပါသလဲ။ သူ မခံချင်စိတ်ဖြင့် အသားတွေ တဆတ်ဆတ်တုန်နေခဲ့ရသည်။ ထိုအချိန်မှာတော့ ဖေဖေ့အိမ်ကို တစ်သက်မပြန်ဟု စိတ်ပိုင်းဖြတ်လိုက်မိခဲ့တာ ဖြစ်သည်။ ဒါပေမယ့် အချိန်တန်လာတော့လည်း ဖေဖေတို့အိမ်ဆီသို့သာ ခြေဦးလှည့်နေမိပြန်ပြီ။
“ရှင် မဆင်းရဲဝံ့ပါဘူး။ အဲဒါကို ရှင်ဝန်ခံလိုက်ပါ ”
                   အိမ်သူ မိန်းကလေး၏ သံတူကြောင်းကွဲ လက်သုံးစကားများကို သူ ငြင်းဆန်အား မရှိခဲ့ပေ။ ဒါပေမယ့် အိမ်ပြန်ရောက်တော့လည်း သူ့စိတ်တွေက နေသားမကျတော့ပါ။ မေမေက သူ့အား ဟိုအရင်ကာလတွေကအတိုင်း အရိပ်ကြည့်ကာ ပူပန်မှု မလျော့သေး။ စိတ်တိုင်းမကျလျှင် ငယ်ငယ်ကလို အပြစ်ပေးချင်နေတုန်းပင်။ ဖေဖေကတော့ သူ့ကို မယုံရဲရဲ ကြားမှ သူ့အလုပ်မှာ နေရာပေးဖော်ရသည်။ သွေးတိုးစမ်းသလို တွဲကူခေါ်သည်။
                   ခက်တာက သူက စီးပွားရေးမှာ လာဘ်မြင်ပြီး ကွက်ကျော်ရိုက်တတ်သော၊ အလုပ်သမားများ အပေါ် နှုတ်ချိုလက်တိုကာ စာနာမှုမဲ့ ဆက်ဆံတတ်သော  ဖေဖေ့စိတ်နေစရိုက်များကို သဘောမကျ။ အတုလည်း မခိုးချင်ပါ။
                   ဖေဖေနှင့်သူ သဘောထားကွဲလွဲကြပြီလားဆိုလျှင် ဖေဖေက သူ့အပေါ် ငယ်စဉ်ကတည်းက အားမရ၊ မကျေနပ်နိုင်ခဲ့သည်များကိုပါ  အမြစ်ပြန်ဖော်သည်။ နင့်နင့်နဲနဲ တိုက်ခိုက် ထိုးနှက်သည်။ သူ ဖေဖေ့အား မည်သို့မျှ ပြန်လည် မတုန့်ပြန်ခဲ့ပေ။ ဖေဖေ့ကို ထိပ်တိုက်ရင်ဆိုင်လို့ မရနိုင်တာ သူသိပါသည်။ ဖေဖေ့အားတုန့်ပြန် ထိုးနှက်ရန် အခွင့်အခါကောင်းတစ်ခုသို့ ရောက်ရှိချိန်အထိ အချိန်ကြာမြင့်စွာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းတတ်သော သူ့အကြောင်းကိုလည်း  ဖေဖေ မေ့မထားသင့်ဟု ထင်သည်။

ရွက်သစ်ဝေ နွေဦး( အပိုင်း-၂ )

$
0
0

by ကိုကြည်နိုင် for everyone

 


                        ဆယ်တန်းမှာ မိမိတို့၏ သားသမီးအတွက်သာ  ဘာသာစုံဂုဏ်ထူးရဖို့ မျှော်လင့်ရည်မှန်း၊ ရူးသွပ်နေကြသူတွေကို သူ ရယ်မောပစ်ချင်ခဲ့သည်။ စာမေးပွဲခန်းသို့ ကိုယ်တိုင်ဝင်ရမည့် ကာယကံရှင်တွေကို  လူသားအဖြစ် နည်းနည်းလေးလောက်တောင် ထည့်တွေးမိကြရဲ့လား မသိ။  ပြီးတော့ အဲဒါ ဘာအတွက်လဲ။ ဘယ်သူ့အတွက်လဲ။ မေမေကတော့…
“သားရဲ့ အနာဂါတ်ဘ၀ လှဖို့ပေါ့။ ဖေဖေ၊ မေမေတို့က သက်တမ်းအရဆို သားအရင် သေကြရမှာ။ လူ့လောက အလယ်မှာ သားကျန်ရစ်တဲ့အခါ ကိုယ့်ပညာ၊ ကိုယ့် အလုပ်အကိုင်နဲ့  တင့်တောင့်တင့်တယ် ဖြစ်စေချင်တာ”
                        ဒါဆို စာမေးပွဲမှာ ကဉ္စနာ့ထက် ဂုဏ်ထူးရဘာသာ နည်းနေမှာကို မေမေ မပူပန်ခဲ့ဘူးဟု ဆိုလိုပါသလား။ အိမ်ကမေမေနဲ့ ကဉ္စနာ့မေမေတို့ဟာ ဟိုးရှေးရှေး၊ သူတို့ ငယ်ဘ၀ကတည်းက အစစ၊ အရာရာမှာ ယှဉ်ပြိုင်ခဲ့ဖူးကြတာ ကြားဖူးခဲ့သည်။ ကျောင်းနေစဉ်က ကျောင်းစာမှာ ပြိုင်ခဲ့ကြသည်။ တက္ကသိုလ်ရောက်တော့ ချစ်သူချင်း ပြိုင်ခဲ့ကြသည်။ အိမ်ထောင် ကိုယ်စီကျပြီးနောက် ဂုဏ်ဓနခြင်းပြိုင်ကြသည်။ သားသမီးရလာတော့လည်း သားသမီးချင်း ပြိုင်နေကြပြန်ပြီ။
‘သားကတော့ ဂုဏ်ထူး မများလည်း နေပါစေ။ အမှတ်ကလေး ကောင်းရင် တော်ပြီ”
“ဟဲ့.. ဂုဏ်ထူးရဘာသာများမှ အမှတ်ကောင်းမှာပေါ့”
“အင်းပါ။ ဂုဏ်ထူးရအောင်လည်း ဖြေမှာပါ။ တစ်ချို့ ဂုဏ်ထူးမှတ်နဲ့ ပွတ်ကာသီကာလွဲသွားပေမယ့် အမှတ်ပေါင်းတော့ ဂုဏ်ထူးရတဲ့သူထက် ပိုများနေတတ်တာမျိုးလည်း ရှိသေးတယ်လေ မေမေရဲ့။ ကိုယ်အားသန်တဲ့ ဘာသာမှာ အမှတ်ပြည့်ရပေမယ့် တချို့ဘာသာတွေမှာကျတော့ ဂုဏ်ထူးမှတ် မီချင်မှ မီတတ်တာမျိုးလေ”
“မရပါဘူး။ မေမေကတော့ မေမေ့သားလေး အောလ်ဒီထွက်မှ ကျေနပ်မှာ…”
                        ဒါပေမယ့် မေမေ မသိသေးတာက မေမေလောဘကြီးနှင့် ဖိအားပေးလေလေ… သူ၏ ကြိုးစားအားထုတ်မှုက လျော့နည်းလာလေလေ ဆိုတာပဲ ဖြစ်သည်။ ဖေဖေ၊ မေမေတို့၏ အလိုလေဘကို အခွင့်အရေးရတတ်သမျှ ဆန့်ကျင်လိုသော စိတ်ကလေးတွေက မကြာခဏ သူ့ကိုယ်ထဲမှာ ပူးဝင်နှောင့်ယှက်နေတတ်ခဲ့ပြီ။
                        တကယ့်တကယ်တမ်း အောင်စာရင်းထွက်လာသောအခါ သူ ဂုဏ်ထူး သုံးဘာသာပဲ ရပါသည်။ မေမေကတော့ ချုံးပွဲချကာ ကျူကျူပါအောင် ငိုရှာသည်။ ဖေဖေကတော့ ယူကျုံးမရ၊ တက်တစ်ခတ်ခတ်…။
“ဟေ့ကောင်နန္ဒ။ မင်းေ-ာက်သုံးမကျဘူး”
                        …ဆိုသည့် စကားလုံးကို အကြိမ်များစွာ ရေရွတ်လို့ အားမရနိုင်။ ဂုဏ်ထူးနည်းပေမယ့် အမှတ်တော့ များမှာပါဟု သူနှစ်သိမ့်ကြည့်သော်လည်း လက်မခံနိုင်ကြပါ။ ဖေဖေနှင့် မေမေတို့က သူတို့၏သားသည် ဘာသာစုံ ဂုဏ်ထူးနှင့် အောင်မြင်သည်ဟူသော ဟိုးဟိုးကျော် ဂုဏ်သတင်းကို အရူးအမူး မက်မောလွန်းနေခဲ့တာဖြစ်ကြောင်း ပိုမိုသေချာလို့လာသည်။ ဒီလောက်ရှိလှတာ စာမေးပွဲခန်းထဲမှာပင် မှန်မှန်ကန်ကန် ဖြေဆိုပြီးသား ပုစ္ဆာတွေကို ခြစ်ချပစ်ခဲ့ရ အကောင်းသားဟု အရွဲ့တိုက် တွေးချင်မိတော့သည်။
                        ဒါတောင် ကဉ္စနာတစ်ယောက် ဂုဏ်ထူးတစ်လုံးထဲ ပွတ်ကာသီကာပါခဲ့လို့ တော်တော့သည်။ သူမသာ ဂုဏ်ထူးတွေ တစ်သီကြီးနှင့် အောင်ခဲ့လျှင် နန္ဒဆိုသည့်ကောင် ဖေဖေနှင့် မေမေတို့၏ ပါးစပ်ဖျားမှာ မြောင်းထဲက တက်ရတော့မည် မထင်။
                        ကဉ္စနာ၏ ဒုက္ခမှာလည်း မသေးလှကြောင်း သူမ၏ စကားများအရ သိနေခဲ့ရပြန်ပါသည်။ သူမ၏ ဖေဖေနှင့် မေမေက အဆိုတော်ရူးတွေ ဖြစ်ကြသည်။ သူတို့ နှစ်ယောက်စလုံး ရည်မှန်းရာ ပန်းတိုင်မရောက်မီ အိမ်ထောင်ကျကာ လမ်းပျောက်ခဲ့ကြရသူတွေ ဖြစ်သည်။ ကဉ္စနာ့လက်ထက်မှာတော့ ပျောက်ဆုံးသွားသော သူတို့၏ အိပ်မက်အိုကလေးကို ပြန်လည်သက်သွင်းကာ ငယ်ရုပ်ဆင်ချင်ကြသလားမသိ။ ကံကောင်းတာက (ကံဆိုးတာလည်း ဖြစ်နိုင်ပါသည်။) ကဉ္စနာ့ အသံကလေးက ရှတတ၊ ချိုသြသြကလေးမို့ တမျိုးဆန်းသစ်ထူးခြားနေတာပဲ ဖြစ်သည်။ ကျောင်းပွဲတိုင်းမှာ ကဉ္စနာသည် ပွဲတိုင်းကျော်ကလေး ဖြစ်သည်။ ရုပ်ကလေးကလည်း ချစ်နိုးဖွယ်ရာကလေးနှင့် သီချင်းဆိုကောင်းသော ထိုကောင်မလေးသည် ရှစ်တန်းနှစ်လောက်ကတည်းက ကျောင်းစာမှာ တစစ အာရုံနည်းလာခဲ့သည် ထင်ပါသည်။
“နင် ဘယ်လို ဖြစ်နေလည်း”
“ဘယ်လိုမှ မဖြစ်ဘူး။ အဲလိုပဲ…”
“နင် ကျောင်းပျက်တာ အရမ်းများနေပြီနော်။ စာဘက်လှည့်ဦးဟ။ သီချင်းက ဘယ်အချိန်ဆိုဆို ရပါတယ်။ ဆယ်တန်းက ပိုအရေးကြီးတယ် မဟုတ်ဘူးလား”
                        ကဉ္စနာတစ်ယောက် မျက်နှာညှိုးရှာသည်။
“ငါလည်း ဟိုဘက်က အားလုံးကို ဖြတ်ထားပြီး စာမေးပွဲအတွက်ပဲ ဇောက်ချလုပ်တော့ဖို့ စိတ်ကူးထားပါတယ်ဟာ။ ဖေဖေနဲ့ မေမေကလည်း အဲလိုပဲ ပြောကြပါတယ်။ ဒါပေမယ့် ခက်တာက ပွဲရှိပြီလားဆို ငါ့ပဲ လာခေါ်ကြပြန်တာပဲ။ ဇွတ်ငြင်းဖို့ ဆိုတော့လည်း ဖေဖေတို့က သူတို့ ၀ါသနာတူ၊ ပေါင်းဟောင်းသင်းဟောင်းတွေဆိုတော့ အားနာပါးနာ ထည့်လွှတ်လိုက်ကြပြန်ရောလေ..။ သူတို့က အားနာလိုက်ရုံပဲ။ ငါက ကျောင်းတက်ပျက်ရ၊ စာကျက်ပျက်ရပြန်ရောလေ…။ ပြောသာပြောရတယ်။ ငါကလည်း ဂီတသံကြားရင် အူက ကြွနေပြီ။ ဆိုချင်လှပြီ…ဟီး”
                        ခုတော့ ကဉ္စနာတစ်ယောက် နောင်တတွေနှင့် မျက်ရည်တွေ သွန်ချလို့ ကောင်းနေပြီ ထင်ပါသည်။ သူ့ ဖေဖေနှင့် မေမေကရော.. ဘယ်လို စကားမျိုးတွေဆိုကာ ဆူပူကြမှာလည်း မသိ။
ကိုယ့်ဒုက္ခ ကိုယ်မေ့ကာ သူငယ်ချင်းမလေးအပေါ် သနားစိတ်ဝင်ခဲ့မိလေသည်။
***********
“’ဒီနေ့ ကဉ္စနာတို့ သားအမိကိုတွေ့ခဲ့တယ်”
                        ကဉ္စနာ့ အမည်ကိုကြားရုံနှင့် သူ ရင်ခုန် တုန်လှုပ်တတ်ဆဲဆိုတာ ဖေဖေရော မေမေပါ သိပါသည်။ သိလျှက်နှင့် ပြောလာသော မေမေ့ထံ တအံ့တသြ၊ အလန့်တကြား သူ လည်ပြန်ငဲ့ကြည့်ဖြစ်သည်။
“သူ့ကလေးတောင် အတော်ကြီးလှပြီပဲ”
                        သူ့ ဘယ်ဘက်ရင်အုံတစ်ဘက် အောင့်ခနဲ ခံစားရသည်။ သူ့ကလေး..တဲ့။ မေမေက မြေးကို သူ့ကလေးဟု သူစိမ်းဆန်စွာ သုံးနှုန်းနေပြန်သည်တဲ့။ ခါးလိုက်တာ။ အဲဒါ  သူ့သားလေးပေါ့။ သားတောင် ကျောင်းနေရမည့် အရွယ်ရောက်ပြီထင်ရဲ့။ သူ.. သားတို့ထံမှ ဝေးလွင့်ခဲ့ရတာ နှစ်တွေပင် မနည်းတော့ပြီ။ သား၏ အသက်တမျှပဲပေါ့။ သားကို ဖြူသလား၊ မဲသလား၊ သားလား၊ သမီးလား ခွဲခြားမသိတတ်ခင်ကတည်းက ဖြစ်သည်။ သူ အတွေးမှာပင် ဖြန်းခနဲ အရှက်အိုးကွဲသွားပါတော့သည်။ သားအတွက် ဖခင်ကောင်းတစ်ယောက် မဖြစ်နိုင်ခဲ့တာ သား ခွင့်မလွှတ်ပါနဲ့။
                        **********
                        အဲသည်စဉ်တုန်းကတော့ သူနှင့် ကဉ္စနာ ဒီတစ်သက် ဘယ်တော့မှ မခွဲဘူးဟု နှစ်ယောက်စလုံး၏ စိတ်မှာ ရှိနေခဲ့ကြဖူးတာ ဖြစ်ပါသည်။ သူ့တို့နှစ်ယောက်စလုံး၏ သူငယ်ချင်းတစ်ယောက်အိမ်မှာ သူတို့နှစ်ယောက် ပုန်းနေခဲ့ကြရတာ ဖြစ်သည်။ နှစ်ဘက်မိဘတွေ သူတို့ကို တွေ့သိသွားကြလို့ မဖြစ်ဘူး။ သူ့ဖေဖေနှင့်မေမေက ကဉ္စနာ့ကို သဘောမကျတာထက် သူမ၏ ဖေဖေ၊ မေမေတွေကို မပတ်သက်နိုင်တာက ပိုပါသည်။ ကဉ္စနာ့ ဖေဖေနှင့် မေမေတို့ကလည်း ထို့ထက်မလျှော့သော မာနတွေ၊ အမုန်းအငြိုးတွေနှင့်ပဲ ဖြစ်သည်။ သူတို့ နှစ်ယောက်ကို ဘယ်သူ့ဘက်က သတင်းရရ နှစ်ဘက်စလုံး အပြေးရောက်လာကြမှာ အသေအချာပင်။ သူတို့နှစ်ယောက်ကို မရမနေ ခွဲကြမှာလည်း ပြောစရာတောင်မလိုပါ။
                        သူတို့ လအတန်ကြာ ထိတ်ထိတ်လန့်လန့် ပုန်းရှောင်နေခဲ့ကြသည်။ နောက်တော့ နှစ်ဘက်မိဘတို့၏ အပြုအမူများကို သံသယ ရှိလာခဲ့တော့သည်။ သူတို့နှစ်ယောက်ကို ရှာမတွေ့ကြတာဖြင့် မဟုတ်ပေပဲ။ တမင် မရှာဖွေပဲ လျစ်လျှူရှုထားခဲ့တာပဲ ဖြစ်သည်။ သည်အချိန်မှာတော့ သူတို့ နှစ်ယောက်က ကိုယ်စီ ဖေဖေ၊ မေမေတို့ကို မျှော်နေတတ်ကြပြန်ပြီ။
                        သူတို့ နှစ်ယောက်စလုံးမှာ ပါလာခဲ့ကြသော လက်ဝတ်လက်စားကလေးတွေ ကုန်လုပြီ။ ငွေရရာ ရကြောင်း အလုပ်အကိုင်ဆိုတာလည်း သူက နားမလည်တတ်ပြန်။ ပိုမို ကံဆိုးစေတာက ကဉ္စနာတစ်ယောက် သား၏ ကိုယ်ဝန်ကို အမှတ်မထင် လွယ်ပိုးမိသွားတော့တာပဲ ဖြစ်လေသည်။
                        ကဉ္စနာတစ်ယောက် ကိုယ်ဝန်လရင့်လာသည်နှင့် အမျှ  မျက်နှာကလေးတွေ၊ ခြေလက်ကလေးတွေ ယောင်အမ်းလာခဲ့သည်။ ဆေးခန်းမှန်မှန်ပြရန်မလွယ်။ ဓါတ်စာဆေးဝါး ရှားပါးလွန်းလှတာ နှစ်ယောက်စလုံးက အံ့သြတုန်လှုပ်လျှက် ဆောက်တည်ရာ မဲ့ခဲ့ကြရသည်။     
“ငါတို့မွေးထားတာ မင်းတစ်ယောက်တည်းပဲ။ မင်းရဲ့ နောက်က ပါလာမှာတွေကို ငါတို့ အသိအမှတ်မပြုနိုင်ဘူး”
                        စာနာစိတ်ကင်းမဲ့သော ဖေဖေ့စကားကို မေမေကလည်း စိတ်ဝမ်းလက်ညီ ထောက်ခံနေပြန်ပြီ။ သူတုန်လှုပ်ဝမ်းနည်းနေပြန်တော့ ကဉ္စနာက မာနမီးပွင့်လျှက်  သူ့မိဘဆီ ပြေးပြန်ကာ  အားကိုးရှာပြန်သည်။
“ငါတို့ သမီးကို နွားနို့နဲ့ အထပ်ထပ် ပြုတ်ဆေးပစ်မယ်”
                        သူ့ထံသို့ နောက်ဆုံးရောက်လာသည့် ကဉ္စနာ့ကိုယ်စား စကားတစ်စပဲဖြစ်ပါသည်။ ထိုအချိန်မှစကာ သူ.. ကဉ္စနာ့ကို မတွေ့ခဲ့ရတော့တာ ခုချိန်ထိ ဖြစ်ပါသည်။
                                ************

ရွက်သစ်ဝေ နွေဦး ( ဇာတ်သိမ်း)

$
0
0

                              
                               အခွင့်သာလျှင်တော့ သားက သူနှင့်တူသလားဟု မေးချင်ပါသည်။ မေမေက…
“ကလေးကတော့ ချစ်စရာလေးပဲ။ မေမေက နှုတ်ဆက်ဦးမလို့ပါ။ သူတို့တတွေ ဘယ်မှာနေကြသလဲ ဆိုတာလည်း မေးကြည့်ချင်သေးတယ်။ သားယောက်ျားလေးမွေးတယ်ဆိုတဲ့ သတင်းကြားပြီးကတည်းက  ပျောက်သွားလိုက်ကြတာ။ ခုမှ ပြန်တွေ့ရတာ မဟုတ်လား”
                        သားမွေးသော သတင်းကို သူလည်း သိပါသည်။ သူ.. သားကို တွေ့ခွင့်ရဖို့ အမျိုးမျိုးကြိုးစားခဲ့ဖူးသေးသော်လည်း တစ်ကြိမ်တစ်ခါမှ အခွင့် မသာခဲ့ပါ။ တံတိုင်းအထပ်ထပ် ဆီးကာနေသည့်ပြင် ကဉ္စနာကိုယ်တိုင်က သူ့အားရှောင်ဖယ်နေသည်ဟု သူထင်သည်။ သူ့အား သတင်းအစနမကျန်ရစ်အောင် ခြေရာဖျောက်ထားခဲ့တော့တာ မဟုတ်လား။ အဲလိုဆိုတော့ သူကလည်း တပြန်ရွဲ့ပြချင်ခဲ့ပြန်သည်။
                        ကဉ္စနာ့ကိုယ်စား သူ့အနားမှာ မိန်းခလေးတွေ ၀ိုင်းဝိုင်းလည်နေပြန်တော့သည်။ ဖေဖေနှင့် မေမေတို့က ထိုအပြုအမူများကိုတော့ မျက်စေ့နား ပိတ်ထားကြပြန်သည်။
သူ.. ငြိမ်းငြိမ်းကို ဖျတ်ခနဲ လက်ထပ်ယူလိုက်လေမှ ကဉ္စနာ့တုန်းကအတိုင်း တသွေမတိမ်းသော အပြုအမူဆိုးတွေ ပြန်ပေါ်လာကြတော့တာ ဖြစ်သည်။ သည်တစ်ကြိမ်မှာတော့ သူ.. ဖေဖေနှင့် မေမေကို အတော်အံ့သြတုန်လှုပ်သွားမိတော့သည်။ အဓိကကတော့ ဖေဖေပေါ့။ မေမေကလည်း ဖေဖေ့သဘောအတိုင်း နောက်က လိုက်နေတော့တာပင်။  တစ်ခွန်းတစ်စကလေးတောင် ဖေဖေ့ကို သူ့အတွက် အယူခံဝင်ပေးဖော်မရခဲ့။ ဖေဖေနှင့်မေမေ့ကို နားမလည်နိုင်ပြန်တာ အဲဒါတွေပဲဖြစ်သည်။
ဖေဖေနှင့်မေမေတို့၏ သားဖြစ်လာခဲ့တာ အချိန်တွေ ကြာမြင့်လာလေလေ.. မိဘအပေါ် နားမလည်နိုင်ခြင်း ကြီးစွာဖြင့် အရွဲ့တိုက်ပစ်ချင်မိလေပဲ ဖြစ်သည်။
**********
သူ တက္ကသိုလ် ၀င်ခွင့်လျှောက်တုန်းကလည်း ဖေဖေနှင့် သူ့ကြားမှာ တိုက်ပွဲပြင်းထန်ခဲ့ဖူးသေးတာ မှတ်မိသေးသည်။ ဆေးတက္ကသိုလ်လျှောက်ရန် အမှတ်မမီနိုင်ကြောင်းသေချာနေပြီမို့ သူ.. အနည်းငယ်တော့ နောင်တရချင်မိပါသည်။ ဆရာဝန်တစ်ယောက်၏ ဘ၀ကို သူ မက်မောဖူးသည် မဟုတ်လား။ နယ်စွန်ဖျားနား သွားရမည်ဆိုလျှင်လည်း သူ စွန့်စားသွားချင်ပါသည်။ အခြေခံလူတန်းစားပေါင်းစုံနဲ့ ထိတွေ့ကာ သူတို့၏ ဘ၀တွေကို စူးစမ်းစာနာကြည့်ချင်ခဲ့သည်။ ပြီး ထိုဘ၀တွေအကြောင်း စာတွေလည်း ရေးချင်သေးသည်။ ဖေဖေနှင့် မေမေတို့ မသိသေးသော ဆရာဝန်၊ စာရေးဆရာတွေက သူ့ ဟီးရိုးတွေဖြစ်ခဲ့ဖူးသည် မဟုတ်လား။
“မင်း ဆေးတက္ကသိုလ် အမှတ် မမီနိုင်တော့ဘူး”
ဖေဖေက အပြစ်တင်ချင်ပြန်သလို ဆိုလာသော်လည်း သူက တမင် ပေါ့ပါးဟန်ပြုလျှက်…
“ မမီတော့လည်း နောက်တစ်မျိုးပေါ့။ ဖေဖေပြောတဲ့ ဂျီတီစီတော့ ၀ါသနာ မပါဘူး”
                        ဂျီတီစီက ယောက်ျားလေးတွေနဲ့လည်း ပို အဆင်ပြေမှာ ဟု မေမေက ဖေဖေဘက်မှ စစ်ကူပေးရင်း လေပြေသွေးသည်။ သူက တခြား ယောက်ျားလေးတွေလိုမှ မဟုတ်ပဲ။ သူ အင်ဂျင်နီယာ အတတ်နှင့် ဆက်နွယ်သမျှ ဘာတစ်ခုမှ ၀ါသနာမပါ။ စက်ကိရိယာဆိုတာလည်း ခဲတံချွန်စက်ပင် သူ စိတ်မ၀င်စား။ သူက လူတွေကို ပို စိတ်ဝင်စားတာ ဖြစ်သည်။
“ နိုင်ငံခြား ဘာသာသင်  တက္ကသိုလ်လျှောက်မယ်”
                        သည်စကားတစ်ခွန်းကို ဖေဖေက မခံမရပ်နိုင် ဖြစ်နေပြန်လျှင်တော့ သူ အံ့သြနေမိသည်။ သူ.. ဘာမှားခဲ့သလဲ။ သူ့ဘ၀၊ သူလမ်းကြောင်းကို သူကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ခွင့် မရှိဘူးလား။ ဖေဖေက သူ့အပေါ် ဘာကြောင့် ဒီလောက် လွှမ်းမိုးချယ်လှယ်နေချင်ရတာလဲ။
 နောက်ဆုံးတော့လည်း ဖေဖေက ဗီတိုအာဏာ အပြည့်အ၀ သုံးလာပြီမို့ ဂျီတီစီပဲ လျှောက်ခဲ့ရတော့သည်။ ရပါတယ် ဖေဖေ။ သူ ငြိမ်နေပေးလိုက်လျှင် ဖေဖေက သူ့ကိုယ်သူ အောင်နိုင်သူအဖြစ် ထင်းစားဝင့်ကြွားသွားတော့သည်။ သူ ကြိတ်ပြုံးနေလိုက်သည်။
                          ပထမနှစ်မှာ အမှတ်ကောင်းအောင် ကြိုးစားဖို့ ဖေဖေက အထပ်ထပ် မှာကြားဆုံးမသည်။ သူ ဦးခေါင်းကို ပြတ်ထွက် မတတ် ညိတ်ပြခဲ့တော့ ဖေဖေ သဘောတွေကျနေသည်။ ငယ်ငယ်ကတည်းက ငွေကြေးစီးပွားနောက် အမောတကော လိုက်ရင်း ပညာလမ်းစပြတ်ခဲ့ရှာသည့် ဖေဖေ။ အဲဒီဖေဖေ မက်မောသော ဘီအီးဘွဲ့သည် သူ ယူပေးမှ ရမှာဖြစ်ကြောင်း ဖေဖေသိဖို့ ကောင်းပါသည်။ စိတ်ချ ဖေဖေ။ ဖေဖေ့တစ်သက်၊ ကျွန်တော့်တစ်သက် အဲဒီဘွဲ့ကို ဘယ်တော့မှ မရစေဖို့ သစ္စာပြုလိုက်ပြီ။
                        ဖေဖေကတော့ ယုံခဲ့သည်။ သူက ပထမနှစ်ကို ဒုတိယ အကြိမ် ပြန်တက်နေရပြီ။ ဖေဖေက သူ့သားလေးကို ဒုတိယနှစ် ဂျီတီစီကျောင်းသားအဖြစ် လူထူထူမှာ ဂုဏ်တင်ကောင်းနေဆဲပင်။
                        တတိယနှစ် ကျောင်းသွားရန် ဖေဖေရော၊ မေမေပါ စိတ်အားတက်ကြွှစွာ အစွမ်းကုန် စိုက်ထုတ်ပြင်ဆင် နေချိန်မှာ သူ ဒုတိယနှစ်စာမေးပွဲကျပြန်ကာ အပြင်ရောက်တော့ပြီ။ ဖေဖေ အိပ်ယာထဲ တစ်ပါတ်လောက် လဲပြိုသွားတော့ သူ စိတ်မကောင်းပါ။ ဒါပေမယ့် အလျှော့ မပေးချင်ဘူး။
“မင်း ကျောင်းမတက်ပါနဲ့တော့”
                        နောင်တကင်းတကင်း ပျော်ပျော်ရွှင်ရွှင်ပင် ခေါင်းညိတ်ပစ်ခဲ့လိုက်တော့သည်။
                                  *********
                        မေမေ့ထံမှ စကားအသွားအလာများအရ ကဉ္စနာ ဘယ်မှာနေတယ်ဆိုတာ မေမေသိပြီးနေပုံပင်။ မေမေ စုံစမ်းနေလေသလား။ အမှတ်မထင် သိရတာလည်း ဖြစ်နိုင်သေးသည်ပင်။
“အိမ်မှာပဲ မူကြိုကျောင်းလေး ဖွင့်ထားတယ် ပြောတာပဲ”
                        ကဉ္စနာလည်း သူ့နှယ်ပင် လူရိုသေ၊ ရှင်ရိုသေ ဘွဲ့လေးတစ်လုံးတော့ ရအောင်ယူနိုင်ခဲ့သေးတာ သိရတော့ သူ.. ကျိတ်ဝမ်းသာရပါသည်။
“ငါမှ မလိုချင်တဲ့ဘွဲ့ကို မယူပဲကို နေပြလိုက်ဦးမယ်”
                        သူ့နှယ်ပင် ခေါင်းမာတတ်ခဲ့သော ကဉ္စနာသည် သူ့နှယ် အရွဲ့တိုက်ချင်သော ညဉ်ဆိုးကလေးနှင့် ဖြစ်သည်။
“ငါပြောသားပဲ။ အင်္ဂလိရှ်မေဂျာယူပြီး နေ့ကျောင်းတက်မယ်။ ကွာလီဖိုင်းဝင်ဖို့ ခုကတည်းက ငါကတိလည်း ပေးခဲ့တယ်။ ငါ မာစတာဆက်တက်ပြီး တက္ကသိုလ်မှာ ဆရာမပြန်လုပ်မယ် ဆိုတာ လက်မခံနိုင်ဘူး။ ငါပြောစကားထဲမှာ မကောင်းတာ ဘာပါလို့လဲဟယ်”
“……………..”
“ငါ့ကို ဆရာဝန်ဖြစ်စေချင်ကြတာတဲ့။ ဆရာဝန်ဖြစ်ဖို့ အရည်အချင်းမှ မမီတော့ တက္ကသိုလ်လည်း သွားစရာ မလိုတော့ဘူးတဲ့။ ဆူလွယ်နပ်လွယ် ရိုးရိုးမေဂျာတစ်ခု ယူပြီး အဝေးသင်ပဲ တက်ရမယ်တဲ့”
“ဘာလဲ ဆူလွယ်နပ်လွယ် မေဂျာဆိုတာ”
“အဲဒါ ပြောတာပေါ့။ လောကအတွက် လိုအပ်တဲ့ အသိပညာတစ်ခုမို့လို့  တက္ကသိုလ်ဖွင့်ပြီး ဘွဲ့တောင်ပေးနေရတာကို ဆူလွယ်နပ်လွယ်လို့ ပြောလာတော့ ခက်မနေဘူးလား။ ငါကလည်း ဘယ်မေဂျာက ဘာဖြစ်လို့ မယူချင်ဘူး ပြောတာ မဟုတ်ပါဘူး။ ငါစိတ်ဝင်စားတဲ့ ဘာသာရပ်ကို ငါ သင်ခွင့်ရချင်တာ”
                        အဝေးသင် တက္ကသိုလ်မှာ သူတို့ နှစ်ယောက် ပိုမို စည်းလုံးဖြစ်ခဲ့ကြသည်။ သူက ပထမနှစ်၊ ကဉ္စနာကတော့ နောက်ဆုံးနှစ်ကျောင်းသူ ဖြစ်နေပြီ။ ဒါပေမယ့် အတူတူ အတန်းလစ်ကာ ဟေးလားဝါးလား၊ လမ်းသလားနေတတ်ကြသည်။ ကျောင်းစာအုပ်တွေ ရှေ့ချကာ ရင်ထဲက အကြိတ်အခဲတွေကို အပြန်အလှန်သွန်ချနေရင်း တစ်ယောက်၏ နှလုံးသားကို တစ်ဦးက စာနာမိကြသည်။  စာမေးပွဲကြီး ပြီးတော့ သူတို့ နှစ်ယောက်စလုံး အိမ်မပြန်ကြတော့ပေ။
                        **************
                        ဝေးကွာသွားခဲ့ပြီးကတည်းက တစ်ကြိမ်တစ်ခါမျှ ပြန်မဆုံဖြစ်တော့အောင် ကဉ္စနာတစ်ယောက် အရှောင် အပုန်းကောင်းခဲ့ပါသည်။ တွေ့မည့်တွေကတော့လည်း ကဉ္စနာက သူ့ထံသို့ တကူးတကန့်၊ ဆိုက်ဆိုက်မြိုက်ကို ရောက်လာခဲ့တော့တာပင်။
“သားရော…”
                        ကဉ္စနာ့အား သူ… အသေအချာ နှုတ်မဆက်အားခဲ့ပါ။ သားရော…။ သူမကို ကျော်ကာ သားကိုသာ အငမ်းမရ မေးနေမိသော သူ ဖြစ်နေပုံကို ကဉ္စနာက ကျေနပ်ကြည်လင်စွာ တည်တည်ငြိမ်ငြိမ် ပြုံးနေခဲ့ပါသည်။ နှုတ်ကတော့…
“ နင်.. သားကို တကယ် စိတ်ဝင်စားလို့လား”
                        သူ မျက်ရည်တွေ ရစ်လည်လို့လာသည်။
“ဘယ်လို မေးလိုက်တာလည်း ကဉ္စနာရယ်။ ငါလေ…ငါ.. သားကို အရမ်းတွေ့ချင် မြင်ချင်နေတာပါ။ ဒီကမ္ဘာမှာ ငါ့သားလေးရှိနေတယ်ဆိုတာ သိလျှက်နဲ့ ဘယ်မှာရှိတယ်ဆိုတာ ငါ သိခွင့်မရခဲ့ဘူး။ သားကရော… သူ့အဖေရှိနေတယ် ဆိုတာ သိမှ သိရဲ့လား”
                        ကဉ္စနာလည်း မျက်တောင် တဖျတ်ဖျတ်ခပ်ကာ မျက်ရည်တွေကို ထိန်းထားရပုံပင်။ အသံတွေလည်း တိုးလှိုက်တုန်ခိုက်လို့လာသည်။
“ငါ ပြောထားပါတယ် နန္ဒရယ်။ သားက သူ့အဖေကို သိပါတယ်။ နင့်ဓါတ်ပုံလည်း ငါပြပေးထားတယ်လေ။”
“တကယ်.. တကယ်လား။ ကျေးဇူးတင်လိုက်တာ ကဉ္စနာရယ်။ အခု သားပါမလာဘူးလားဟင်။ သား ဘယ်မှာလဲ”
                        မြင်ကွင်းထဲသို့ သားကိုပွေ့ချီလျှက် မေမေ၀င်လာသည်။ သားက သူ့အား စိမ်းသက်မနေခဲ့ပေ။ ဟို အရင်ကတည်းက ရင်းနှီးသိနှင့်ပြီးသူလိုပင် ဖက်လှဲတကင်း။
“ဖေဖေ…”
                        သူမပြောရပဲ ခေါ်တတ်နေပြန်သည်။ မေမေသင်ပေးထားတာ။ သားကဆိုလာတော့ ကဉ္စနာ့ကို ကျေးဇူးတင်ရပြန်သည်။ ကဉ္စနာသည် သူ့ထက် အပုံကြီး ပိုမိုရင့်ကျက်လာခဲ့ ဟန်တူသည်။
“သား စိတ်အားငယ်မှာစိုးလို့ သူ့အဖေအကြောင်းကို သူနားလည်တတ်သလောက် စကားကလေးတွေနဲ့ တဖြည်းဖြည်း အချိန်ယူ ပြောခဲ့ရတာ မေမေ။ ခုလည်း သားက သူ့ အဖေကို တွေ့ချင်တယ် ဆိုလို့ တမင်ကို လိုက်ပို့တာ။ ခွင့်ပြုပေးတဲ့ ဖေဖေတို့၊ မေမေတို့ကိုလည်း ကျေးဇူးတင်ပါတယ်”
                        မေမေ မျက်ရည်ကျနေသည်။ သူနဲ့ သားကို တွေ့ပေးဖို့ မေမေနှင့် ကဉ္စနာတို့ တစ်ကြိမ်မက တွေ့ပြီးခဲ့ကြပြီး ဖေဖေကလည်း ခွင့်ပြုခဲ့ပုံပင်။
“မြေးလေးကို ခဏ ခဏ လာတွေ့ပါစေ သမီးရယ်။ မေမေတို့လည်း မြေးဆီ လာတွေ့ပါရစေနော်”
                        ကဉ္စနာက နားလည်စွာ ခေါင်းညိတ်ပြရှာပါသည်။ သားကို တစ်နေကုန် သူနှင့်အတူထားရစ်ခဲ့ကာ ကဉ္စနာ ပြန်ရန်ပြင်ပြီ။
“ညနေ ကိုယ်ပြန်လာပို့မယ်”
“ ငါ.. ဒရိုင်ဘာ လွှတ်လိုက်ပါ့မယ်”
                        သားကို အကြောင်းပြုကာ နှစ်အိမ့်တစ်အိမ် ၀င်ထွက် လည်ပတ်ရင်း ခြေလှမ်းစိတ်လာမှာမျိုးကို ကဉ္စနာက ကြိုတင် ဟန့်တားချင်ပုံရပါသည်။ သို့သော်…
“နင်နဲ့ အေးအေးဆေးဆေးတွေ့ပြီး စကားပြောချင်သေးတယ်”
                        …တဲ့။ ပြောပြီး ချာခနဲ နောက်လှည့်ပြန်တော့သည်။
                        ************
                        သို့ပေမယ့် ကဉ္စနာသည် သူမထံသို့ သူ့အား တစ်ကြိမ်တစ်ခါမျှ မဖိတ်ကြားခဲ့ပေ။ သူ့ထံသို့လည်း တစ်ကြိမ်မျှ ရောက်ရှိမလာတော့။ သားနှင့် ပတ်သက်မှ သူက ဖုန်းဆက်ရသည်။ ဖုန်းထဲမှာတော့ စိတ်လိုလက်ရ စကားတွေ ဆိုနေတတ်ပြန်သည်ပင်။ သူမ၏ စကားလုံးတိုင်းသည် သားနှင့် ကင်းလွတ်နေသည်ရယ်လို့ မရှိ။
“နင် သားကို တော်တော်ချစ်တာပဲနော် ကဉ္စနာ”
“နင်ရောပဲ မဟုတ်လား နန္ဒရဲ့”
“ငါက ခုမှ တွေ့ရ၊ ချစ်ရတာဆိုတော့ အရင်အချိန်တွေ အတွက်ပါ အတိုးချ ချစ်နေရတာပေါ့ဟာ။ နင်ကကျတော့…”
“ ငါက အမေကိုး ဟဲ့။ ပြီး ငါ့ ဘ၀မှာ ဒီသားတစ်ယောက်ပဲ ချစ်စရာ၊ တွယ်တာစရာ ရှိတာလေ…”
                        သူ.. ကဉ္စနာကို စနောက်ချင်စိတ်ပေါက်လာတော့သည်။
“ငါ တစ်ခု စဉ်းစားနေတယ်။ နင်က သားနဲ့ အကြာကြီး နေခဲ့ဖူးပြီလေ။ သားကို ငါလည်းပိုင်တာပဲ။ ခုလောက် အချိန်ပိုင်းကလေး အတူနေရတာ ငါ  အားမရဘူး။ သားကို ငါနဲ့ တစ်လှည့် ခေါ်ထားဦးမလားလို့…”
“နန္ဒနော်။ နင်.. တကယ်ကြီး ပြောနေတာလား။ မရဘူးနော်။ နင် အဲလို လုပ်လို့ မရဘူး”
                        ပူပန်မှုဖြင့် အသံတွေ တုန်ခိုက်လာသော ကဉ္စနာ့အား သနားလည်းသနား၊ ရယ်လည်း ရယ်ချင်မိလေသည်။
“နန္ဒ နင်.. နင် နောက်နေတာ မဟုတ်လားဟင်။ တကယ် မလုပ်ဘူး မဟုတ်လား”
                        ဒီတစ်ဖက်က သူ့ရယ်သံကို ကြားလေမှ စိတ်အေးသွားရဟန်ဖြင့်…
“ကောင်စုတ်”
                        ထောပနာပြုဖော်ရတော့သည်။ သူတို့ နှစ်ယောက်သည် အထက်တန်း ကျောင်းတုန်းက  သူငယ်ချင်းတွေဘ၀သို့ ပြန်ရောက်နေပြန်တော့သလိုပင်။
“သားကိုတော့ ချမ်းသာပေးပါ နန္ဒရယ်။ ငါ့မှာ ဒီသားတစ်ယောက်တည်းပဲ ရှိတာပါ”
                        …ဟု ဆိုနေပြန်ပြီ။ သူ အမြင်ကပ်လာရကာ….
“သြော် နင့်မှာကျတော့ ဒီတစ်ယောက်တည်းဆိုတော့ ငါက ဘယ်နှစ်ယောက်များ ရှိနေသေးလို့လည်း … ကဲ”
                        ကဉ္စနာတစ်ယောက် ရုတ်တရက် အသံ တိတ်သွားခဲ့သည်။  ခဏမျှကြာလေမှ…
“နန္ဒ.. နင်တကယ် မသိသေးဘူးလားဟင်”
                        စကား၏ ထူးခြားမှုအရိပ်ကို ခံစားသိနေနှင့်သလို သူ တွေဝေသွားပါသည်။
“ငါ နင့်ကို အဲဒီအကြောင်း ပြောချင်နေတာ။ ငြိမ်းငြိမ်းရဲ့ကိုယ်ဝန်က တော်တော်တောင် လရင့်နေပြီ”
                        သူ ခါခနဲ ဖြစ်သွားသည်။ ကိုယ့်နားကိုယ် မယုံနိုင်သလိုမို့…
“ဘယ်လို ကဉ္စနာ။ ဘယ်လို။ ငါ့ကို သေချာပြန်ပြောပြပါ။ နင်.. သူနဲ့ ဘယ်တုန်းကတွေ့…”
“သူ …ငါနဲ့ လာတွေ့တာ။ ငါနဲ့ နင်နဲ့ ခုလို ပြန်ပတ်သက်နေတာ သိလို့ ငါကို ရှေ့မတိုးဖို့ လာတောင်းပန်တာတဲ့လေ။ ငါရှက်လည်း ရှက်မိတယ်။ သူ့ကိုလည်း  သနားတော့ ရုတ်တရက် ဘာပြန်ပြောရမှန်းတောင် မသိဘူး။ နောက်မှ ငါတို့ သားကိစ္စနဲ့ ရိုးရိုးပြန်ဆက်ဆံဖြစ်တာပါလို့ အကြောင်းစုံ ပြန်ရှင်းပြလိုက်တယ်”
“……………..”
“နန္ဒ… ငါ သူ့ကို ကတိပေးလိုက်တယ် သိလား။ နင်ပြန်လာအောင် ငါ တာဝန်ယူ ပြောပေးမယ်လို့။ နင်.. နင် ပြန်သွားမယ် မဟုတ်လားဟင်”
                        ***********
                        သားကြီးကို ရုတ်တရက်အမြင်မှာ ငိုင်ကျပျော့ပြောင်းသွားခဲ့သောဖေဖေကတောင် …
“မင်း ပြန်သွားလိုက်တော့ ဟေ့ကောင်။ မင်းအမေလည်း နောက်ကလိုက်လာလိမ့်မယ်”
                        …တဲ့။
“ငါတို့ သားအမိလိုအဖြစ်မျိုး ထပ် မဖန်တီးပါနဲ့တော့ နန္ဒရယ်။ ငါက ပညာ အသင့်အတင့်တတ်တယ်။ ပစ္စည်း ဥစ္စာလည်း မချို့ငဲ့ဘူး။ ငါနဲ့ နင်တို့ရဲ့ ငယ်ဘ၀ အတွေ့အကြုံတွေက  သားတစ်ယောက်တည်းရဲ့ အနာဂါတ် လှပအောင်တော့ ကူညီတည်ဆောက် ပေးနိုင်မှာပါ။ သားအတွက် နင် နောက်ဆန်မငင်ပါနဲ့။ နင့် ငြိမ်းငြိမ်းက အသက်ငယ်သေးတယ်။ အသိအားလည်း နည်းပြီးရိုးရှာတယ် မဟုတ်လား။ နင့် ကလေးလေးဟာ  နန္ဒ အသစ်ကလေး ၊ ကဉ္စနာ အငယ်စားလေး ဖြစ်မလာဖို့  နင့်မှာ လုံးဝ တာဝန်ရှိတယ် သိလား”
                        ကျေးဇူးတင်လိုက်ပါတယ် ကဉ္စနာရေ..။
                        ဒါပေမယ့်…
 ငြိမ်းငြိမ်းရဲ့ ရင်ခွင်ထဲက သားငယ်နီတာရဲကလေးကို အမြင်မှာ ရုန်းကြွနိုးထလာသော ရင်ခုန်သံသည်  ကိုယ့်ကိုယ်ကိုယ် မေ့လျော့သွားမိသလားပင်ထင်ရလောက်အောင် ညံ့သက်သိမ်မွေ့သည်။ ပြီး ပျောက်ဆုံးခဲ့ဖူးသော အိပ်မက် တချို့တလေကိုလည်း သူတို့ထံမှာပင်  ပြန်ရှာဖွေမိဦးတော့မည် ထင်ပါသည်။
                        နွေဦးမှာတော့ ပုရစ်နုသစ်ရွက်တို့သည် စိမ်းလွင်လန်းဆတ်စွာ ဝေနေမြဲပင်။  ။

....... ရောင်နီလာပြီ ထတော့ညီမလေး..........

$
0
0

ရောင်နီလာပြီ ညီမလေးရယ် ထတော့ကွယ်

မနက်သစ်မှာအလင်းသစ်တွေနဲ့အတူ

မျော်လင့်ချက် အသစ်ပေါင်းများစွာနဲ့

ကိုယ်တို့ရဲ. ဘ၀အိမ်မက်တွေကို အကောင်ထည်ဖော်ဖို့

စောစောနိုးမှ အားအင်လန်းဆန်းပြီ တက်ကြွနေမှာပေါ့ညီမလေးရယ်

ရောင်နီဦးနဲ့တူ ပျော်ရွှင်တူနဲ

တူနွဲကြမယ့် မနက်တိုင်းကို အားအင် ပြည်.စွာနဲ.

လက်ကမ်းလင့်တော့နော် ..........

ရောင်နီလာပြီ ညီမလေးရယ် ........

ချစ်သူကိုအလွမ်းများအချစ်၇ှိသူများဖတ်ပေးပါ

$
0
0

သို့...ချစ်၇သောသူေ၇..စာ၇ွက်ဖြူလေးတစ်၇ွက်၇ယ်မှာစာ၇ယ်လို့တစ်လုးံမှမပါလေပဲဝေးဆီမှနင့်ထံပို့လိုက်ပါတယ်ငါလေချစ်ခြင်းအားစာပေ၇ယ်မဖွဲ့တတ်လေတော့ငါအလွမ်းကိုဖွင့်ဟလို့မေ၇းတတ်လေပြိဒါပင်မဲ့ချစ်၇သူ၇ယ်စာမပါစာ၇ွက်လေးမှာလွမ်းဆွတ်ခြင်း...သတိ၇ခြင်းတွေပါပါတယ်လို့စာ၇ွက်လေးတွေကိုမြင်တိုင်းနင်လေနားလည်ပေးပါငါလေနင့်ကိုနူင်းစ၇ာမ၇ှီအောင်...ချစ်တယ်မပြောပြတတ်အောင်လွမ်းပြိးစာေ၇းချိန်မ၇အောင်ကိုသတိ၇နေပါတယ်လို့နင်လေနားလည်ခဲ့ပါ..........

***အဖြူရောင်ကြိုးတစ်စ**

$
0
0

လေပြေလေညင်းတိုက်ခက်နေတဲ့ခုံတန်းလေးပေါ်ထိုင်ရင်းမင်းမင်းတစ်ယောက်ရဲ့ပါးပြင်ထက်မှာပုလဲလုံးပမာမျက်ရည်တွေခိုတွဲစီးဆင်းနေတယ်မင်းမင်းစိတ်တွေကခရေပန်းကုံးလေးကိုငေးကြည့်နေသည်
အခန်း(၁)
အရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ဆင်းရဲသားတွေမို့တစ်ယောက်ကိုတစ်ယောက်အားပေးရင်းဘဝကိုဖြတ်သန်းလာတာအခုချိန်ထိပါပဲ
""သီရိဒီနေ့ဆယ်တန်းအောင်စာရင်းထွက်ပြီလေငါတို့သွားကြည့်ရအောင်""
""သွားမယ်မင်းမင်း""
တက်ကြွသောခြေလှမ်းတွေနဲ့အတူဆယ်တန်းအောင်စာရင်းသွားကြည့်ကြသည်
ဟိုရောက်တော့မင်းမင်းလူတွေကြားထဲတိုးကာအောင်စာရင်းဝင်ကြည့်သည်
မင်းမင်းတစ်ယောက်အပြုံးတွေနဲ့ပြန်ထွက်လာပါသည်
""သီရိငါတို့အောင်တယ်""
အပျော်တွေနဲ့အတူသူတို့နှစ်ယောက်
မြင်းခြံမြို့ဆန္ဒတော်ပြည့်ဘုရားမှာပန်းဆီမီးကပ်လှူပူဇော်ခါဆုတွေကိုယ်ဆီဆုတောင်းလိုက်ပါသည်
""မင်းမင်းနင်ဘာဆုတောင်းလဲ""
""သီရိနင်ရောဘာဆုတောင်းလဲ""
""မင်းမင်းအရင်ပြောပြ""
ငါတို့နှစ်ယောက်တက္ကသိုလ်အတူတူတက်ရပါစေလို့ဆုတောင်းတယ်နင်ရော
""မပြောပြဘူး""
""သီရိမညစ်နဲ့လေ""
""နောက်ကြမှလေဟာ""
ဘုရားကပြန်လတော့သူငယ်ချင်းနှစ်ယောက်ရင်ထဲမှာအတွေးကိုယ်ဆီနဲ့အိမ်ပြန်ခဲ့ပါသည်...

အခန်း(၂)
အချိန်တွေကကုန်တာမြန်လိုက်တာထင်

ရသည်ကျောင်းဖွင့်ချိန်တောင်ရောက်ခဲ့ပြီတကယ်တမ်းကျောင်းတက်ရတော့မင်းမင်းမပါသီရိတစ်ယောက်ထဲပါ
မင်းမင်းကတော့ဝပ်ရှော့တစ်ခုမှာအလုပ်လုပ်ရင်းမိဘကိုလုပ်ကျွေးတစ်ဖက်ကအရမ်းချစ်ရတဲ့သူငယ်ချင်းကိုလဲတက်နိုင်သလောက်ကျောင်းစရိတ်ထောက်ပံ့နဲ့အလုပ်ကိုကြိုးစားလုပ်ကိုင်နေသည်
သူငယ်ချင်းနှစ်ယောက်တွေ့ဆုံချိန်တွေကလဲတစ်စတစ်စနည်းလာပါတယ်
ညနေဆည်းဆာလေးတစ်ခုမှာသူတို့နှစ်ယောက်ဆုံတွေ့နေကြနေရာလေးမှာဆုံတွေ့ပါတယ်သူတို့တွေ့နေကြနေရာလေးကတော့မြင်းခြံမြို့ရဲ့ချောင်ကျကျကန်ဘောင်လေးပေါ်ကခုံတန်းလေးမှာပေါ့
""သီရိနင်အဆင်ပြေရဲ့လားကျောင်းတက်ရတာ""
""ပြေပါတယ်ဟာကြည့်စမ်းငါနဲ့မတွေ့ရတဲ့ရက်အတွင်းနင်မျက်နှာလေးချောင်ကျသွားတယ်နော်""
""ငါအိပ်ရေးနည်းနည်းပျက်လို့ပါ""
""နင်ကျန်းမာရေးလဲဂရုစိုက်ဦးနော်""
""အေးပါဟာနင်သာအဆင်ပြေအောင်နေရော့ဒါနင်သုံးဖို့ကျောင်းစရိတ်""
မင်းမင်းပေးလိုက်သေပိုက်ဆံလေးကိုယူကာနင်လဲမိဘလုပ်ကျွေးနောက်ငါကိုလဲကျောင်းစရိတ်ထောက်ပံ့ရနဲ့နင်ပင်ပန်းမှာပဲနော်ဂရုနာသက်စွာနဲ့သီရိပြောလိုက်သည်
""ငါကယောင်္ကျားလေးပါဘာမှမဖြစ်ပါဘူး""
နေဝန်းနီနီလေးကနုတ်ဆက်ထွက်ခွာနေပြီမို့သူတို့နှစ်ယောက်လဲအိမ်ပြန်ခဲ့လေသည်..

အခန်း(၃)
သမီးရေ...သမီးရေ
ရှင်မေမေ
ကျောင်းသွားတော့လေအမေသမီးအတွက်

ထမင်းထုပ်အဆင်သင့်လုပ်ထားပြီ
""ဟုတ်ကဲ့မေမေ""
လှပကျော့ရှင်းသောမျက်နှာလေးပေါ်မှာဆေးရောင်မခြယ်သပဲသနပ်ခါးပါးကွပ်ကြားလေးနဲ့လှပနေသောသီရိတစ်ယောက်မြင်သူတိုင်းကစွဲမက်စေလောက်ပါတယ်
သီရိကျောင်းသွားရန်လွယ်အိတ်ကလေးကိုလှမ်းယူစဉ်မင်းမင်းရောက်လာသည်
မင်းမင်းတစ်ယောက်ဒီနေ့မှဘာစိတ်ကူးရတယ်မပြောတက်လက်ထဲမှာခရေပန်းကုံးလေးကိုင်ကာ
""သီရိနင်ပန်ဖို့ရော့""
လက်ထဲမှခရေပန်းကုံးလေးကိုပေးလိုက်သည်
""ဟယ်ခရေပန်းကုံးလေးလှလိုက်တာ""
""ကျေးဇူးပါမင်းမင်း""
""မလိုပါဘူးကျေးဇူးစကားနင်ကလဲတစ်စိမ်းဆန်လိုက်တာ""
""ဪဒါနဲ့အန်တီမေရောရှိလား"
ရှိတယ်လေအိမ်ထဲမှာလေငါကျောင်းသွားတော့မယ်
""ကားတွေဂရုစိုက်သွားနော်""
အေးပါမင်းမင်း
နဂိုကတည်းကလှပသောသီရိတစ်ယောက်ခရေပန်းကုံးလေးပန်ဆင်လိုက်တော့အလှပေါ်အယဉ်ဆင့်မိုးနတ်သူဇာ
ရှုံးလောက်ပါပေတယ်
""အန်တီမေဘာတွေလုပ်နေလဲ"
""ဟောသားမင်းမင်းမလာတာတောင်ကြာပြီနော်""
""ဟုတ်တယ်အန်တီမေသားအခုတစ်လောအလုပ်များနေလို့""
""သားအလုပ်ရောအဆင်ပြေလား""
""ပြေပါတယ်အန်တီမေ""
""အန်တီမေကိုမေမေကအားရင်အိမ်ဘက်လာခဲ့ပါဦးတဲ့အန်တီမေ""
""အေးအေးသား""
သားအလုပ်သွားတော့မယ်နော်အန်တီမေ
ထွက်သွားသောမင်းမင်းကျောပြင်လေးကိုကြည့်ရင်းဒေါ်မိမိတစ်ယောက်အပြုံးတွေနဲ့ကျန်နေခဲ့ပါသည်၊၊

အခန်း(၄)
မင်းမင်းတစ်ယောက်ဝပ်ရှော့မှာအ

လုပ်လုပ်နေရင်းအချိန်တွေကကုန်တာနှေးလိုက်တာလို့သူစိတ်ထဲထင်နေသည်
ဒီနေ့ညနေသီရိနဲ့တွေ့ရန်သူစိတ်ကူးထားလေသည်
အချိန်နာရီတွေကတစ်ဖြေးဖြေးရွေ့လျားနေရင်ညနေဆည်းဆာခင်သို့ရောက်ရှိခဲ့ပါပြီ
မင်းမင်းအလုပ်နေရာသို့အပြေးကလေးရောက်လာသူကဖိုးကျော်ပါမောပန်းမှု့တွေကြားကမင်းမင်းကိုလှမ်းခေါ်သည်
""မင်းမင်း"
"ဘာလဲဖိုးကျော်မင်းကြည့်ရတာပင်ပန်းလိုက်တာ""
""သီရိ...သီရိ"
သီရိလို့ပြောလိုက်သောကြောင့်မင်းမင်းတစ်ယောက်စိုးရိမ်သွားကာ
""သီရိဘာဖြစ်လဲဖိုးကျော်"
""သီရိကားတိုက်ခံရလို့တဲ့""
""ဟုတ်လားဖိုးကျော်အခုဘယ်မှာလဲ""
ံဆေးရုံကြီးကိုပို့လိုက်ပြီ
မင်းမင်းဆိုင်ကယ်စက်နှိုးကာဆေးရုံသို့သွားပါတော့သည်
သူစိတ်လောနေသောကြောင့်ကားများကျော်တက်ခါဆေးရုံးသို့သွားနေပါသည်
ဆေးရုံရောက်တယ်ဆိုရင်ပဲဆရာမကိုမေးကာသီရိရှိရာလူနာဆောင်လေးသို့ခြေလှမ်းကျဲကျဲဖြင့်သွားပါသည်
အခန်းဝအရောက်
""သမီးရယ်အဖြစ်ဆိုးလိုက်တာ""
ကြားလိုက်ရသောအသံကြောင့်မင်းမင်းရင်ဝသို့မြှားတစ်ဆင်းပစ်လွှတ်သည့်ပမာရင်ကိုဖောက်ထွင်းနှလုံးသွေးတစ်စက်စက်ကျလေပြီ
လေးကန်သောခြေလှမ်းများဖြင့်အခန်းထဲသို့ဝင်သွားသောအခါ
""သားရယ်သမီးအဖြစ်ကိုကြည့်ပါဦး""
မင်းမင်းအန်တီမေကိုစကားမပြောနိုင်
မျက်ရည်စက်တွေပါးပြင်ထက်မှာစီးဆင်းလျှက်နဲ့သီရိအနားကပ်ခါ
ရင်ထဲကသာစကားတွေပြောနေသည်
မနက်ကပေးလိုက်သောခရေပန်းကုံးလေးကသီရိဆံနွယ်ကြားမှာရှိနေလျှက်ပါ
ခရေပန်းကုံးလေးကိုယူကာနမ်းရှိုက်နေမိတော့သည်၊၊

သီရိနောက်ဆုံးခရီးကိုအားလုံးပြီးဆုံးသွားတဲ့နောက်မင်းမင်းတစ်ယောက်မနက်ခင်းတိုင်းဘုရားမှာပန်းဆီမီးကပ်လှူကာသီရိရောက်ရာဘုံဘဝကသာဓုခေါ်ဆိုနိုင်ရန်အမျှပေးဝေလေသည်
အချိန်တွေသာကုန်သွားတယ်မင်းမင်းကတော့သီရိနဲ့တွေ့နေကြကန်ဘောင်လေးပေါ်ကထိုင်ခိုင်လေးဆီသို့ညနေတိုင်းရောက်ဖြစ်သည်သီရိမွေးနေ့ရောက်တိုင်းကောင်းမှု့ကုသိုလ်ပြုခါသီရိရောက်ရာဘုံဘဝလေးမှာလှပဖို့ဆုတောင်းပေးရင်းဘဝကိုဖြတ်သန်းနေထိုင်ရင်း.......

ဘဝမှာအဖြူရောင်ကြိုးဆိုတာထာဝရရှင်သန်နေပါတယ်ဆိုတာတင်ပြရင်းဆက်ကြိုးစားပါဦးမယ်

***စံလွန်းတင်**

နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

ခံစားချက်ပါမပြိးသေးလိုထပ်..တင်လိုက်ပါတယ်

$
0
0

အကယ်ေ၇ွ့ဆုးံ၇ူးံခြင်းကို..ဒုက္ခ.လို့ဆိုရင် ပေးဆပ်ရမှာကိုကြောက်နေသင့်သလားအကယ်ရွေ့စွဲလမ်းခြင်းကဒုက္ခလို့ဆိုရင် အကယ်ရွေ့ရရှိအောင်ကြိုးစားခြင်းကို ဒုက္ခဆိုရင် တယူသန်ဖြစ်ခြင်းကိုရွေးချယ်မလားအကယ်ရွေ့ ခွဲခွာခြင်းဟာ ဒုက္ခဆိုရင် ဘယ်သူ့ကို ရင်ဖွင့်တိုင်ပင်မလဲကိစ္စတော်တော်များဟာ ပြီးသွားမှ ရှင်းရှင်းလင်းလင်း သိရတတ်တယ်ကိစ္စတော်တော်များဟာ ဖြစ်နေချိန်မှာ ဖြစ်နေတာကလွဲပြီးကျန်တာတွေကိုဘာမှမခံစားမိတတ်ဘူးချစ်ခြင်းနဲ့ရေစက်ဆုံခြင်းဆိုတာ

၁။သူမပျင်းနေချိန်မှာအဖော်ပြုပေးပါ၂။ သူမ၀မ်းနည်းနေချိန်မှာ နှစ်သိမ့်ပေးပါ၃။ ယောက်က်ျားလေးကတက်ကြွစွားဆောင်ပါ

၎။မိန်းကလေးကို ချိန်းဆိုပြီး အပြင်ထွက်လည်ပါ၅။ မိန်းကလေးမှ ဦးဆောင်ဆောင်ရွက်မှုမလုပ်ပါစေနဲ့

၆။သူမကို နေ့တိုင်း ပျော်ရွှင်နေစေဖို့ ဂရုစိုက်ပါ၇။ ချစ်သူကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါ၈။ ချစ်သူဆန္ဒကို လိုက်လျောပါ

၉။ သူမကို စိတ်ထိခိုက် ၀မ်းနည်းရတာမျိုး မဖြစ်ပါစေနဲ့၁၀။ သူမအနိုင်ကျင့်ခံရချိန်မှာ ချက်ချင်း သူမကို ကာကွယ်စောင့်ရှောက်ပါ

၁၁။ ချစ်သူအကြောင်းကို ကွယ်ဝှက်မထားပါနဲ့၁၂။ ချစ်သူကိုသစ္စာမဖောက်ပါနဲ့ဒါတွေက အင်မတန်ကို အရေးကြီးပါတယ် ...

အဲဒါကြောင့်ဒီစာလေးတွေကို
၁၅ယောက်ကို ဝေရင်ချစ်တဲ့သူကစကားလာပြောလိမ့်မယ် .....

အယောက်၃၀ကို ဝေရင်ချစ်တဲ့သူကကိုယ်တိုင်ဆက်သွယ်လာလိမ့်မယ်

အယောက်၄၀ကို ဝေရင် ချစ်တဲ့သူက မွှေးမွှေးလာပေးလိမ့်မယ် .....

အယောက်၅၀ကိုများဝေနိုင်ခဲ့ရင် ချစ်တဲ့သူကို ဘ၀တသက်တာ ပိုင်ဆိုင်ရပါလိမ့်မယ် ...

တကယ်လို့များ ဒီစာလေးတွေကို ဘယ်သူ့ကိုမှ မဝေခဲ့ဘူးဆိုရင်တော့
ဘ၀တသက်တာ အထီးကျန်ဖြစ်ရလိမ့်မယ်
မှတ်ချက်တေဇာအောင်သို့   ဇင်ဇင်အတွက်ပါ


နာဂစ်လိုအချစ်

$
0
0

သ၀န်တိုမှုတွေငွေ့ရည်ဖွဲ့နေတဲ့ စွပ်စွဲချက်မုန်တိုင်းပြင်းထန်လွန်းလို့

နှလုံးသွေးလို့တင်စားတဲ့မျက်ရည်တွေ မျက်ဝန်းမြစ်ပင်ကျယ်မှာ စီးဆင်းခဲ့ ရပါပီ

အလွမ်းပင်လယ်ကိုလက်ပစ်ကူးလို့ နားလည်မှုကမ်းစပ်ကို အရောက်လာနေတဲ့ ငါ့ကို

နှုတ်ဆက်ခြင်းဆိုတဲ့ လေပြေလေးတောင်မပေးဘဲ မျှော်လင့်ချက် ကောက်ရိုးမျှင်ကို ရုတ်တရက်ဖြတ်

လုပ်ရက်လိုက်တာချစ်သူရယ်

ခုချိန်မှာတော့ ငါ့ရဲ့ စိတ်အစဉ်လည်း ပင်လယ်ပြင်မှာ အနည်ထိုင်ခဲ့ပီဆိုပေမယ့်

မင်းအကြောင်းကြားရင် လှိုင်းကြပ်ခွပ်လေးလောက်တော့ ထပါရစေနော်................

(( အကောင်းဆုံးဘ၀ ပိုင်ရှင်ဖြစ်စေရန် ( ၂ ) ))

$
0
0


ဒါန ကုသိုလ်အပြီးတွင် ...
ဒါန ထက် တဆင့်မြင့်သော ကုသိုလ်တရားမှာ သီလ ကုသိုလ်ပင်ဖြစ်ပါသည် ။
ယခု ခေတ်ကာလတွင် ဒါနကို ပြုလုပ်လာကြသော်လဲ သီလကတော့ဖြင့် လျော့နည်းသထက်လျော့နည်း၍သာ လာပါသည် ။
ဒါန အကျိုးသည်လဲ လက်ရှိဘ၀တွင် မခံစားရသည်မှာ များပါသည် ။ ဒါနကုသိုလ်ကံက ဇော၇ ချက်အရ အလည်ဇော ၌တွင်သာ အကျိုးပေးများပါတော့သည် ။ အဘယ့်ကြောင့်ဆိုသော် ယခုခေတ်လူသားများသည် သီလ ဖောက်ပြန်သော အကုသိုလ်ကံ များနေသောကြောင့် ဒါနကုသိုလ်က ချက်ချင်းအကျိုးပေးရန် တိုး၍မပေါက်နိုင်ပါ။


ဒါန၏ နောက်က သီလပါ ပြည့်စုံရင်တော့ဖြင့် ယခု လက်ငင်းပါ အကျိုးပေးလိမ်မည်ဟု တပ်အပ်ပြောနိုင်ပါသည်။သို့သော် သီလ ဆိုသည် အပြောလွယ်သလောက် လက်တွေ့ ခက်လှပါသည် ။
ခက်သည်၊ မလွယ်ဖူးဟု တွေးထင်ထားပြန်ရင်လဲ တကယ်ကုသိုလ်များမည့်၊ အကျိုးများ လက်လွှတ်လိုက်ရတတ်ပြန်သည်။ ထို့ကြောင့် ကျင့်ယူပါလျှင် ဖြစ်ကို ဖြစ်ရမည်။ အကျိုးများမည့် အရေးမို့ ကြိုးစားသင့်ပေသည်။
ငါးပါးသီလ ဟူသည် ပါဠိလိုရော အနက် ပါ လူတိုင်းရပြီးသားမို့ အကျယ် မရေးတော့ပါ။
သူ့.အသက်သတ်ခြင်း၊ သူ့.ဥစ္စာခိုးယူခြင်း၊ မုသာဝါဒ ပြောခြင်း၊ သူတပါး သားမယား၊ သားပျို၊သမီးပျို ပစ်မှားခြင်း၊ သေရည်သေရက် ရှောင်ကျဉ် ခြင်း ဆိုရာတွင် မုသာဝါဒ သည် ပြုလုပ်ရန်လွယ်ကူပြီး ထိန်းသိမ်းရန်ခက်ခဲပါသည်။


လိမ်လည်ပြောဆိုခြင်းဟု အများသိထားသော်လဲ ...
မုသာဝါဒ တွင် ကြမ်းတမ်းသောစကားပြောဆိုခြင်း၊ အကျိုးမရှိသောစကားပြောဆိုခြင်း(အတင်း)၊ မြှောက်ပင့်ပြောဆိုခြင်း( စိတ်ထဲကမပါ၍ မုသာဝါဒထိုက်သည်) ကုန်းတိုက်စကားပြောဆိုခြင်းတို့ ပါဝင်ပါသည်။
ခက်ခဲသည်ဟု ဆိုရာတွင် ဥပမာတခုပြပါမည်။ လူတို့သည် နေ့တိုင်းသွားတိုက်ရပါသည်။ သွားတိုက်ရာတွင် တခါထဲနှင် အားလုံးမသန့်စင်ပါ။ သန့်စင်လိုသောစိတ်ဖြင့် အထပ်ထပ်ပွတ်တိုက် လိုက်သော အခါ သန်စင်၍သွားပါသည် ။ ထိုကဲ့သိုပင် တခါထဲနှင့် မဖြစ်နိုင်ဟုမတွေးရ ။ အထပ်ထပ် အခါ ခါပြုလုပ်ရမည် ။
ဒီနေ့ တနာရီ ထိန်းနိုင်လျှင် မနက်ဖြန် ၂နာရီ ထိန်းနိုင်မည် ။ ဒီနေ့ ဒီစကားပြောမိသေးလျှင် နောက်နေ့ မပြောမိအောင်ထိန်းမည်။ တစ်ကြိမ် မရ ၊ နှစ်ကျြိမ် ကြိုးစားကြည့်ရမည် ။ စိတ်ကို သတိ အမြဲကပ်ထားပါလျှင် တစ်ကြိမ်တွင်တော့လုံးဝ အောင်မြင်မည်မှာ သေချာပါသည် ။ ထိုနည်းတူစွာပင် သွားကြားညပ်လျှင် ထိုးထုပ်ရသကဲ့သို့ မိမိရဲ့ စိတ်ကိုလဲ အမြဲဆန်းစစ်၍ ကျန်ရှိနေသေးသော အညစ်အကြေးများကို သုပ်သင် ရှောင်ကျဉ်သင့်ပေသည်။


သီလနဲ ပြည့်စုံသူသည် နောင်ဘ၀ တွင်သာမက ယခုဘ၀တွင်ပါ အကျိုးများစွာခံစားရသည်။ ငါးပါးသီလ သည် လူတစ်ယောက်၏ အကျင့်ကို ဖြူစင်စေသည်။ စာရိတ္တကောင်းသူ အဖြစ် လူဘုံအလည်တွင်ဝံကြွားနိုင်သည်။ ပွဲလည်တင့်စေပါသည်။ လူတစ်ယောက်၏ အဆင့်အတန်းသည် စာရိတ္တပါ။ ဘယ်လောက်ပင်ချမ်းသာစေကာမူ
အကျင့် မကောင်းသူကို ရှေ့တွင်ပြုံးပြကြသော်လဲ စိတ်ထဲက အထင်သေးနေမှာသေချာပါသည်။ အကျင့်သီလ ဖြူစင်သူသည် ရှေးကံနည်းခဲ့လို ဆင်းရဲနေလျှင်တောင် အလုပ်ပေးမည်သူ မရှား၊ ကူညီဖေးမမဲ့လူပေါလှသည်။
လူနတ်ချစ်ခင်၍ နောက်ဘ၀တွင် ဧကန်ပင်ချမ်းသာမည်။ သီလပြည့်စုံသူသည် သေလွန်လျှင် နတ်ပြည်သို့ လားရသည်ဟု ဖတ်မှတ် ဖူးပါသည်။


လူဆိုသည်မှာ အိပ်၊စား၊ကာမ သုံးမျိုးပဲ သိသူက လူ့.တိရိစ္ဆာန် ပြောထားပါသည်။ လူဟူသည် လောက၏ကောင်းကျိုးကိုပြုပြီး ၊ လောက၏ ဆိုကျိုးကို မပြုပဲ ရှောင်ကျဉ်မှသာ လူမည်သည်ဟု ဆိုထားပါသည်။
ရှေး အခါက ကာသိတိုင်းတွင် အဿကအမည်ရှိသောမင်းတွင် နတ်သမီးတမျှလှပသော မိဖုရားတစ်ပါးရှိသည်။
အလွန်လှပသောကြောင့် ဘုရင်းကြီးကလဲ အလွန်ချစ်ခင်သည်။ ထိုမိဖုရားသည် ဘုရင်ကြီးနားတွင်ပြုစုယုယရင်း အိပ်၊စား၊ကာမ သုံးမျိုးသာ ပြုလုပ်၍ သေဆုံးသွားသော အခါ နွားချေးပိုးမ ဖြစ်ရသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် မိဖုရားကြီးသည် ကောင်းမူ လဲ မပြုလုပ် ၊ မကောင်းမူလဲ မပြု ၊ အပစ်ကင်းသည်ဟု အထင်ရှိသော်လဲ လူမပီသခဲ့ပါ။ လူ့.တိရိစ္ဆန်ဟု ဘုရားရှင် ဟော ကြားထားသည့်အတိုင်း ကျင့်သုံးခဲ့သောကြောင့် တိရိစ္ဆာန်ဘ၀သို့ ရောက်ရခြင်းဖြစ်သည် ။ ထိုကြောင့် လူပီသ စေရန် ဒါန ၊သီလ ၊ဘာဝနာ ဟူသော အကျင့်မြတ်တို့ကို တတ်နိုင်သ၍ ကြိုးစားပြုလုပ်သင့်ပေသည်။
သီလ စောင့် ထိန်းခြင်းဖြင့် ကောင်းကျိုးများစွာ ရရှိပါစေ ဆုတောင်းပေးပါသည်။


ခင်မင်လေးစားလျှက် ...
ဆန္ဒမွန်ဖြင့် ...
မှုံနံ.သာဖြူ (၂၅.၉.၂၀၁၂၊ ည ၈နာရီ ၁၈မိနစ်)

မွေးကတည်းထမင်းမစားတဲ့သူ

$
0
0
မိခင်မှမွေးဖွားပြီးနောက်ကလေးငယ်တစ်ဦးသည်ထမင်းမစားပဲနေလာခဲ့သည်မှာအသက်(20)အရွယ်ပင်ရှိနေပြီကြောင်းသိရရျွ်အံ့သြမိပါသည်းအကြောင်းစုံသိလိုသဖြင့်ထိုလူငယ်နေထိုင်ရာသာစည်မြို့ နယ်ဒဟတ္တောကျေးရွာသို့ သွားရောက်တွေ့ ဆုံမေးမြန်းခဲ့ရာငါးလသားအရွယ်မှစရျွ်ထမင်းဝါးခွံ့ သည်ကိုလက်မခံပဲပြန်အန်ကျသောကြောင့်ထိုအရွယ်မှပင်ထမင်းလုံးဝမစားတော့ကြောင်းထမင်းအစားအာဟာရဖြစ်မည့်အစားအစာများကိုကျွေးမွေးရကြောင်းမိခင်ဖြစ်သူကဆိုပါသည်။မွေးချင်းသုံးယောက်ရှိသည့်အနက်အငယ်ဆုံးဖြစ်ပြီးအမည်မှာမောင်ချစ်ညွန့် ဖြစ်ကြောင်း၊ငယ်ငယ်ကတည်းကထမင်းမစားပဲခေါက်ဆွဲပြုတ်၊သီးနှံကြော်၊အခြးအာဟာရဖြစ်မည့်အစားအစာများကျုစားကြောင်း၊နွားနို့ ၊အသားငါးမကြိုက်ကြောင်း၊အခြားသူများထမင်းစားလျှင်လည်းတခြားနေရာသွားနေတက်ကြောင်း၊ခေါက်ဆွဲပြုတ်ကိုအများဆုံးစားပြီးထမင်းလောက်အစာမခံရျွ်တစ်နေ့ ငါးကြီမ်လောက်စားကြောင်းမိခင်ဖြစ်သူဒေါ်ကြည်စိန်ကပြောပြရျွ်သိရသည်။ယခုအခါထမင်းမစားသူမောင်ချစ်ညွန့် သည်သာစည်မြို့ ဝမ်းသာကျေးရွာအုပ်စုဒဟတ္တောကျေးရွာတွင်ဖခင်ဦးလှသိန်း၊မိခင်ဒေးကြည်စိန်၊မိသားစုဝင်များနဲ့ အတူကျန်းမာပျော်ရွှင်နေထိုင်လျက်ရှိကြောင်းသိရသည်။

အချစ်နှင့်ဘဝ

$
0
0

ချစ်စိတ်အပြည့်နှင့်ကြည့်ခဲ့သော မျက်ဝန်း

ချစ်လျှက်နှင့်သော့ခတ်ထားသော အသည်းနှလုံး

ချစ်သူထံသို့လှမ်းရ်ုမရသော ခြေလှမ်း

ချင့်ချိန်စိတ်ကလေးဆိုတဲ့ အတွေးနှင့်

နောက်ဆုတ်ခဲ့ရတာ အလွမ်းတွေကတနင့်တပိုး

ချစ်နေပါလျှက်နှင့် ပြော၍မထွက်ခဲ့သောမိန်းကလေး

အားသွန်ခွန်စိုက်ကြိုးစားခဲ့ရသော ဘ၀ပန်းတိုင်

ရောက်ပေမယ့်လည်း ဘ၀လက်တွဲဖော်

ချစ်သူကတော့ဟိုးအဝေး...ဝေး....ဝေး......

တရုတ်စတိုင် အစိမ်းရောင်မပျက် အသီးအရွက်ကြော်မယ်

$
0
0

♫♫♫♫♫ နေ့တိုင်းပဲစားနေရတဲ့ အိမ်ကချက်တဲ့ ကန်းစွန်းရွက် ♫♫♫♫♫

ဒီနေ့တော့ ကန်းစွန်းရွက်မဟုတ်ဘူး။ နာမည်ပြောင်းပြီးကြော်လိုက်တော့မယ်။

“မုန်ညှင်းရွက်”

မုန်ညှင်းရွက်လေး မကြော်ခင်မှာ သူငယ်ချင်းဟောင်း တစ်ယောက်ကို သတိရမိတယ်။ သူက အိမ်က ကြော်တဲ့ သီးရွက်စုံ အစိမ်းကြော်၊ ကန်စွန်းရွက်ကြော် စတဲ့ အရွက်ကြော်တွေဆို မစားဘူး။
 အမြဲ ဂျီကျလေ့ ရှိတယ်။

“အားးး အမေအရွက်ကြော်တာကြီးက ညိုမဲနေတာပဲ။ နူးအိနေတာပဲ။ မစားဘူး။ စားသောက်ဆိုင်က ဝယ်ပေးမှ စားမယ်”

ကြည့်စမ်း ...။ ဘယ်လောက်ခေါင်းခေါက်ချင်စရာကောင်းလဲ။

အမေချက်တဲ့ ဟင်းလျာမှာ သာမန်ရသာတွေသာ ထည့်သွင်းပါဝင်တာမဟုတ်ဘူး။ သားသမီးကို စားစေချင်တဲ့ စေတနာ ၊သားသမီးအပေါ်ထားတဲ့ မေတ္တာတွေပါ ပါဝင်တာ။ အပြင်ဆိုင်က လက်ရာတွေထက် နွေးထွေးတယ်ဆိုတာ ထိုသူငယ်ချင်းမသိခဲ့ဘူး။

သွားမကောင်း၍ ဝါးရသည်မှာ အဆင်မပြေတော့သည့် အဖေနှင့် အမေအတွက် အမေက အသီးအရွက်တွေကို အချိန်ကြာမြင့်အောင် သုံးပြီး နူးနေအောင် ချက်ကောင်းချက်ပါလိမ့်မည်။ သို့ပေမဲ့ အမေ စိတ်မချမ်းသာအောင် အမေချက်သည့်ဟင်းကို ပြစ်တင်စကား မဆိုသင့်ပါဘူး။ အမေက စိတ်မဆိုးပေမဲ့ စိတ်မကောင်းတော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။

ဒီပြဿနာတွေ အစဉ်ပြေအောင် ချက်ကြမယ်ဟေ့ကောင်းကောင်းအစီအစဉ်မှ မေသဇင်က ဖြေရှင်းပေးပါမည်။

မိမိကိုယ်တိုင်ချက်ကျွေးရမည့် အလှည်ရောက်လျှင် မည်သူမျှ ဂျီကျခြင်းမရှိရလေအောင် ရသာကောင်းမွန်ပြီး အစိမ်းရောင်မပျက် နူးအိနေသော အသီးအရွက်ကြော် တစ်ခွက်အတွက် ပြင်ဆင်ကြမယ်နော်။

ပါဝင်သော ပစ္စည်းများ

၁ ။ မုန်ညှင်းရွက် တစ်စည်း (မိမိနှစ်သက်ရာ အစိမ်းရောင်အရွက်များ အသုံးပြုနိုင်သည်။ ဒီနေ့တော့ မုန်းညှင်းရွက်ကြော်လို့)

၂။ ခရုဆီ စားပွဲတင်ဇွန်း (၂)ဇွန်း

၃။ တရုတ်ဟင်းလျှာ ချက်ပြုတ်ရာတွင်သုံးသည့် ဝိုင်းအပျော့စား စားပွဲတင်ဇွန်း (၂)ဇွန်း (မနှစ်သက်ပါက ချန်ထား၍လည်းရပါသည်)

၎။ ပဲငံပြာရည်အကြည် (စားပွဲတင်ဇွန်း (၂)ဇွန်း

၅။sweet sauce (သို့) သကြားအနည်းငယ် (သကြားညိုဆို ပို၍ကောင်းသည်)

၆။ ဂျင်း လက်တစ်ဆစ်ခန့်

၇။နှမ်းဆီမွှေး စားပွဲတင်ဇွန်း (၁)ဇွန်း

ပြုပြင်ပြင်ဆင်မည်

၁။ အရွက်များကို ရေဆေးပြီး မိမိစိတ်ကြိုက်အနေအထား ပိုင်းဖြတ်ပါ။ အရွက်များ ဆေးကြောရာတွင် ရေများများနှင့် (၂)ကြိမ်မှ (၃)ကြိမ် ဆေးကြောပေးပါ။ အရွက်များမှ ပါလာသော သဲများ ၊သုံးထားသော ဓာတ်မြေဩဇာ ၊ပိုသတ်ဆေးများ ၊ ကြာရှည်သိုလှောင်ထားမှုခံနိုင်စေရန် သုံးထားသော ဆေးများ စင်ကြယ်စေရန် ရေများများနှင့်အကြိမ်များစွာ ဆေးကြောစေလိုပါသည်။

၂။အရွက်များ ဆေးကြောနေချိန် ရေနွေးတစ်အိုးတည်ထားပါ။ ဆူလာသော ရေထဲတွင် မိမိကြော်လိုသည် အရွက်များ ထည့်၍ အဖုံးမဖုံးအုပ်ပဲ ပြုတ်ပါ။ (ရေများများ သုံးပါ)

၃။ အရွက်များကျက်၍ နူးလာလျှင် ထိုအရွက်များကို ရေအေးနှင့် ချက်ချင်းဆေးကြောပါ။ ရေခဲရေ အသုံးပြုနိုင်သည်။ ရေခဲရေမရှိက ရိုးရိုးရေနှင့် ထိုအရွက်များ အပူချိန်လုံးဝ မရှိတော့သည် အထိ ဆေးကြောပေးရပါမည်။
 အေးသွားသည်အထိ ဆေးကြောထားပြီးသော အရွက်များကို ရေစစ်ထားပြီး အသင့်ပြင်ထားပါ။

၎။ ပန်ကန်းလုံးတစ်လုံးထဲတွင် ကျန်ရှိနေသေးသော

နှမ်းဆီ၊ပဲငံပြာရည်အကြည်၊သကြား၊ခရုဆီ ၊ဂျင်း( သေးသေးလေးတွေ လှီးထားသော) ၊ဝိုင် (သင်ထည့်ဝင်ပါက)

အားလုံးကို ရောမွေထားပြီးအသင့်ပြင်ထားပါ။

၅။ ဒယ်အိုးကို မီးဖိုပေါ်သို့တင်၍ ဒယ်အိုးပူလာလျှင် ထိုရောမွှေထားသော အရည်ကို လောင်းထည့် အရည်ဆူလာလျှင် ဒယ်အိုးကို မီးဖိုပေါ်မှ ဖယ်၍ အရွက်ကို ထည့်ပြီး မွှေလိုက်လျှင် စားချင်စဖွယ် အရွက်စိမ်းစိမ်း အရွက်ကြော်လေး ရရှိသွားပါပြီ။ (အရွက်ကို နောက်ထပ် မီးအပူမပေးရပါ)

တရုတ်စတိုင် အစိမ်းရောင်မပျက် အရွက်ကြော် စိမ်းစိမ်းလေးရပါပြီ။  သူငယ်ချင်းတို့ အလိုရှိက စားသုံးနိုင်ပါသည်ရှင်။

တစ်ဆက်ထဲမှာပဲ အသီးအရွက်စုံ ပါဝင်တဲ့ အစိမ်းကြော် လန်းလန်းလေးတစ်ပွဲပါ ကြော်ပေးလိုက်မယ်။ စားလို့ မလောင်ငှမှာ စိုးရိမ်လို့ပါ။

ပါဝင်သော ပစ္စည်းများ

၁ ။ ရွေပဲသီး ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ မုန်လာဥနီ ၊မုန်ညှင်းစသည်တို့ကို အနည်းငယ်စီပါဝင်ရောစပ်ပြီး မိမိစိတ်ကြိုက်အရွယ်အစား လှီးနိုင်ပါသည်။

၂။ ခရုဆီ

၃။ အကြော်မုန့် (ကော်မုန့်) စာပွဲတင်ဇွန်းတစ်ဇွန်း (ရေအေးနှင့် အဆင်သင့် ဖျော်ထားပါ)

၎။ကြက်သွန်နီဥကြီး တစ်ဥ

၅။ အရွက်ကြော်ရန်ဆီ

၆။ သကြားအနည်းငယ် (သို့) sweet sauce

၇။ ပဲငံပြာရည်အကြည် (သို့) ဆား

သီးစုံ အစိမ်းကြော်ကြော်ရာတွင် သတိပြုရမည် အချက်မှာ

မိမိကြော်လိုသည့် အသီးအရွက်များ မများပါစေနှင့်။ တစ်ပန်းကန်စာလောက်ကိုသာ ကြော်ယူပါ။ တစ်ခါထဲ များများကြော်လျှင် နူးလွန်တာမျိုးနှင့် အရသာမဲ့တတ်သည်။

မီးအပူချိန်ကို အမြင့်ဆုံးထားရမည်။ အပူချိန်ကောင်းကောင်းနှင့် ကြော်ရမည်။ ကြော်သော ဒယ်အိုးအရွယ်အစားမှာ ကြီးမားလျှင် ပို၍ ကျက်မြန်ကာ အသီးအရွက်ကြော် လတ်ဆတ်သည်။

၁။ မီးဖိုပေါ်သို့ ဒယ်အိုးတင်၍ အိုးပူလာလျှင် ဆီထည့်ပါ။ဆီများ စံချိန်မှီပူလာလျှင် လေးစိပ် စိပ်ထားသောကြက်သွန်နီကို ရှဲ..ဆိုသည့် အသံမြည်သိထိ ထည့်ပါ(ထိုအသံသည် ဆီများ စံချိန်မှီ ပူသည့်အသံ)

၂။ကြက်သွန်နီ တစ်ချက်၊နှစ်ချက်မွှေပြီးသည်နှင့် မိမိထည့်ဝင်လိုသည့် အသီးအရွက်များ ထည့်ပါ။

၃. ထိုနောက် ရသာများ ထည့်၍ တစ်ချက် နှစ်ချက် မွှေပြီးလျှင် ရေဖျော်ထားသောကော်မုန့်ကို လောင်းထည့်ပြီးလျှင် ကော်မုန့်ရည်ဆူလာသည်နှင့် စားသုံးရန် အသင့်ဖြစ်ပါပြီး။

အစိမ်းကြော် ကြော်ရာတွင် သုံးရမည့် အချိန်မှာ (၃)မိနစ် (၅) မိနစ်အတွင်းသာ။ ထိုထက်ပိုလွန်ပါက အရောင်များ ပြောင်းလဲကာ နူးအိနိုင်ပါသည်။ အစိမ်းကြော်ဖြစ်၍ အစိမ်းကြွတ်ကြွတ်လေးသာ စားရသည်မှာ ခံတွင်းတွေ့ပါသည်။

ကြိုက်နှစ်သက်က ငရုတ်ကောင်းမုန့်လေး အနည်းငယ် ဖြူးနိုင်ပါသည်။ မိမိစားသုံးပါက အချိုမုန့်ကိုလဲ ထည့်သွင်းနိုင်ပါသည်။ မေက အချိုမုန့်ကို စားသုံးသူ မဟုတ်၍ ဟင်းချက်နည်းရေးသည့်အခါတိုင်း ပါဝင်မည်မဟုတ်ကြောင့် ကြိုတင်၍ မေတ္တာရပ်ခံထားပါသည်ရှင်။




..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

Viewing all 9878 articles
Browse latest View live