Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

အချစ်အက္ခရာ A to Z

$
0
0

အချစ်အက္ခရာ A to Z
Accept (လက်ခံသည်)
"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"
သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။
Belief (ယုံကြည်ခြင်း)
အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ
အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ
လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။
Care (ဂရုစိုက်ခြင်း)
တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထ
ားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို
ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ "အလုပ်ပင်ပန်းလား?"ဆိုတဲ့ ဂရုစိုက်တဲ့
အမေးလေးမေးနိုင်သလို "မိုးအေးပြီနော်... အနွေးထည်ထပ်ဖို့
မမေ့နဲ့နော်"ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက
တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို
နွေးထွေးကြည်နူးစေနိုင်ပါလိမ့်
မယ်။
Devoted (သစ္စာခိုင်မြဲသည်)
လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက
ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုးံ မှာ လမ်းခွဲတာနဲ့ပဲ
အဆုံးသတ်ရတတ်တယ်။
Enjoy (ကျေနပ်စွာခံစားသည်)
တစ်ဘက်သားရဲ့အရာအားလုံးကို ကျေကျေနပ်နပ်လက်ခံတဲ့အပြင်
အချစ်ကြောင့်ဖြစ်လာတဲ့ ပျော်ရွှင်၊ ကြည်နူးခြင်းတွေကိုလည်း
ကျေကျေနပ်နပ်ခံစားသင့်ပါတယ်။ ဒါမှ ချစ်ခရီးလမ်းက ပိုတာရှည်တည်မြဲ
ပျော်ရွှင်မှာဖြစ်တယ်။
Freedom (လွတ်လပ်မှု)
လက်ထပ်ပြီးအတူနေသည့်တိုင် တစ်ဘက်သားကို ကိုယ်ပိုင်လွတ်လပ်မှုနဲ့
လျှို့ဝှက်ချက်တချို့ ရှိစေသင့်တယ်။ ကိုယ်နဲ့အိမ်ထောင်ကျတာဟာ
ထောင်ထဲရောက်သွားသလို အချုပ်နှောင်ခံတာမျိုး တစ်ဘက်သားကို
မခံစားစေချင်ဘူး။ ဒါကြောင့် သူကိုယ်ပိုင်လွတ်လပ်မှုဆိုတာ ရှိသင့်ပါတယ်။
Give (ပေးဆပ်ခြင်း)
အချစ်ဆုတိဲ့အရာက ကိုယ်ပေးဆပ်တိုင်း ပေးဆပ်သလောက် ပြန်ရမယ့်အရာမဟုတ်ပါဘူး။
ဒါပေမယ့် မပေးဆပ်ရင်တော့ လုံးဝပြန်ရဖို့ မရှိပါဘူး။ ကိုယ်ပေးဆပ်သလိုမျိုး
တစ်ဘက်သားက ပြန်ပေးဆပ်ခဲ့ရင် ဒါဟာ စစ်မှန်တဲ့အချစ်လို့ ပြောနိုင်ပါတယ်။
Heart (နှလုံးသား)
အချစ်မှာ အရေးအပါဆုံးအရာက နှလုံးသားတစ်စုံပဲဖြစ်တယ်။ တစ်ဘက်သားကို
နှလုံးသားနဲ့ရင်းပြီး ချစ်သင့်တယ်၊ ကြင်နာနားလည်သင့်ပါတယ်။ တကယ်လို့
ချစ်ခြင်းမှာ နှလုံးသားတစ်စုံသာ မပါခဲ့ရင် အချစ်စစ်လို့မည်လိမ့်မှာ
မဟုတ်ပါဘူး။
Independence (မမှီခို၊ အားမကိုးဘူး)
စကားပြောကောင်းတဲ့ချစ်သူက "ငါဟာ မင်းအတွက်မွေးဖွားလာတာပါ"
လို့ပြောတတ်ကြတယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ်ပိုင်ရှင်သန်မှုတွေရှိကြတယ်။
တစ်ဘက်သားကို အလွန်အကျွံ မှီခို၊ အားကိုးတာက သူ့ကိုတာဝန်ပိုစေတဲ့အပြင်
စိတ်ပင်ပန်းနွမ်းနယ်စေပါတယ်။
Jealousy (မနာလို၊ သဝန်တို)
သင့်တင့်တဲ့ မနာလို၊ သဝန်တိုမှုတွေက သူဟာ ကိုယ့်အတွက်
ဘယ်လောက်အရေးပါကြောင်း တစ်ဘက်သားကို ခံစားစေတယ်။ သဝန်တိုဖို့
အကျိုးအကြောင်းညီမျှရမယ်ဆိုတာ မမေ့သင့်ပါဘူး။ အကျိုးအကြောင်း
အဆက်အစပ်မရှိတဲ့ သဝန်တိုမှုတွေက တစ်ဘက်သားကို မလိုလားမှုတွေ
ဖြစ်ပေါ်စေပါတယ်။
Kiss (အနမ်း)
အနမ်းတစ်ပွင့်က စကားအခွန်းထောင်သောင်းထက် သာလွန်ပါသတဲ့။
ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့ ကိုယ့်မြတ်နိုးမှု၊ ကြင်နာမှုကို ပြသနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ချစ်တဲ့သူကိုနမ်းဖို့ မတွန့တိုသင့်ပါဘူး။
Love (ချစ်တယ်)
ချစ်တာနဲ့ နှစ်သက်တာမတူပါဘူး။ ချစ်မိပြီဆိုရင် တစ်ဘက်သားအတွက်
အရာရာပေးဆပ်ရဲပါတယ်။ "ချစ်တယ်"ဆိုတဲ့စကားတစ်ခွန်းက
တခြားတန်ဖိုးကြီးလက်ဆောင်တွေထက် တစ်ဘက်သားရဲ့ရင်ကို
နွေးထွေးကြည်နူးစေပါတယ်။
Mature (ရင့်ကျက်)
တချို့က အချစ်ဦးနဲ့ ဘာကြောင့်အလွယ်တကူ ကွေကွင်းကြရသလဲ?
အကြောင်းက ငယ်ရွယ်စဉ် ရည်းစားထားချိန်မှာ ကလေးဆန်စိတ်တွေ
များနေခဲ့လို့ဖြစ်တယ်။ ဘယ်သူကမှ အဆင်ခြေမရှိ စူစူအောင့်အောင့်
မကြီးပြင်းတတ်တဲ့ကလေးကို အမြဲအလိုလိုက် ချစ်နိုင်မှာမဟုတ်ပါဘူး။
ဒါကြောင့် လူရင့်ကျက်ရင် အချစ်လည်းရင့်ကျက်ပြီး လှပတဲ့အဖူးအပွင့်တွေ
မြန်မြန်ဆန်ဆန် ဖူးပွင့်နိုင်မှာဖြစ်တယ်။
Natural (ပင်ကို၊ ပကတိ)
ချစ်စကြင်စမှာ လူတွေက ကိုယ့်အားနည်းချက်၊ အနာအဆာကို သိုဝှက်ပြီး
ဟန်ဆောင်နေတတ်ကြတယ်။ အဲဒီအားနည်းချက်တွေက နှစ်ကြာမှ တဖြေးဖြေး
ပေါ်လာတတ်တယ်။ ချစ်စတည်းက ပကတိအတိုင်းချစ်မယ်၊ သဘာဝအတိုင်း
ဟန်ဆောင်မှုတွေကင်းခဲ့ရင် အချစ်က ပိုတာရှည်တည်မြဲမှာဖြစ်တယ်။
Observe (ဂရုတစိုက် ကြည့်ရှုမှတ်သား)
တစ်ဘက်သားရဲ့ ဝါသနာ၊ ကြိုက်နှစ်သက်တာတွေကို ဂရုတစိုက်မှတ်သားခြင်းဖြင့်
တစ်ဘက်သားကို ပိုနားလည်စေသလို တစ်ခါတလေမှာ သူ့ကို ထူးဆန်းအံ့သြအောင်
လုပ်နိုင်ပါတယ်။ ဥပမာ- မဂ္ဂဇင်းအတူကြည့်တုန်း စာအုပ်ထဲကနာရီကို
သူသဘောကျကြောင်းပြောခဲ့ရင် သူ့မွေးနေ့မှာ သူအံ့သြဝမ်းသာအောင်
လက်ဆောင်ပေးတာမျိုးဖြစ်တယ်။ အဲဒီလို တစ်ဘက်သားရဲ့အကြိုက်ကို
ဂရုစိုက်တတ်တဲ့စိတ်က လက်ဆောင်ပစ္စည်းတွေထက် ပိုတန်ဖိုးရှိကြောင်း
တစ်ဘက်သားကို ခံစားစေနိုင်ပါတယ်။
Protect (ကာကွယ်စောင့်ရှောက်)
ယောက်ျားလေးချစ်သူက မိန်းကလေးချစ်သူကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ
သဘာဝပါ။ ဒါပေမယ့် မိန်းကလေးချစ်သူကလည်း ယောက်ျားလေးချစ်သူရဲ့ လေးစားမှု၊
မျက်နှာသာပေးမှုကို ကာကွယ်စောင့်ရှောက်ပေးရပါမယ်။ လူတွေကြားမှာ
သူ့အရှက်မရဖို့၊ ထိခိုက်နာကျင်မှုတွေ မရဖို့ သတိထားရပါမယ်။
Quarter (ခွင့်လွတ်သည်းခံ)
ခွင့်လွတ်သည်းခံခြင်းတွေ အချစ်မှာမရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။
တစ်ဘက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားတဲ့ ခွင့်လွတ်သင့်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။
Receive (လက်ခံ)
ကိုယ့်အတွက် ချစ်သူပေးဆပ်တဲ့အရာတိုင်းကို ကြိုက်သည်ဖြစ်စေ၊
မကြိုက်သည်ဖြစ်စေ စိတ်ပျက်သွားတဲ့အမှုအရာမျိုး၊
စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ ပုံစံမျိုး ထုတ်မပြသင့်ပါဘူး။
အဲဒီအပြုအမှုတွေက သူ့ကို စိတ်ဓာတ်ကျအားငယ်စေပါတယ်။ ကိုယ့်အတွက်
ချစ်သူပေးဆပ်တာကို ကျေနပ်ပျော်ရွှင်တဲ့အသွင်နဲ့ လက်ခံပေးသင့်ပါတယ်။ ဒါဟာ
နှစ်ဦးသားရဲ့ အကြင်နာကို ပိုမိုခိုင်မြဲစေပါတယ်။
Share (မျှဝေ)
တကယ်ချစ်ကြပြီဆိုရင် ဘဝရဲ့ပျော်ရွှင်၊ ဝမ်းနည်းခြင်းတွေကို
အတူတကွမျှဝေသင့်ပါတယ်။ ဒါဟာ ဘဝဖော်တစ်ဦးရဲ့ အရိုးရှင်းဆုံး
ဝတ္တရားပဲဖြစ်တယ်။
Tender (နူးညံ့)
အချစ်မှာ နူးညံ့မှုတွေရှိသင့်ပါတယ်။
အချစ်မှာ နူးညံ့မှုတွေကင်းခဲ့ရင် အချစ်က ချစ်စရာမကောင်းတော့ပါဘူး။
Understand (နားလည်)
တစ်ဘက်သားရဲ့ အမူအကျင့်ကို နားမလည်နိုင်ခဲ့ရင် အချစ်ဟာ အထီးကျန်ပြီး
ဆက်ဆံရေးမဲ့သွားနိုင်ပါတယ်။ တစ်ဘက်သားရဲ့ ရှုထောင့်ကနေပြီး
တွေးတောခံစားပေးခြင်းအားဖြင့် တစ်ဘက်သားကို ပိုနားလည်စေနိုင်ပါတယ်။
Veracity (ဖြောင့်မှန်၊ မှန်ကန်ခြင်း)
အချစ်မှာ ဖြောင့်မှန်၊ မှန်ကန်ခြင်းတွေ အဆတစ်ရာလိုပါတယ်။ ကိုယ်ကလည်း
ကိုယ့်ချစ်သူကို "အပြောသမား" တစ်ယောက် မဖြစ်စေချင်သလို သူကလည်း
ကိုယ့်ကိုဖြစ်စေချင်မှာ မဟုတ်ပါဘူး။ အချင်းချင်း အချစ်ညာစားသူ မဖြစ်စေချင်ကြပါဘူး။
Wait (စောင့်သည်)
အချစ်မှာ စောင့်တာက အခြေခံလိုအပ်ချက်လေးဖြစ်တယ်။ တစ်ဘက်သားနဲ့
အတူကြီးပြင်းရှင်သန်သင့်ပါတယ်။ ခရီးလမ်းဆုံးထိ တစ်ဦးကိုတစ်ဦး
ဖေးမစောင့်စားသင့်ပါတယ်။ ကိုယ်အရင် ခြေလှမ်းလှမ်းပြီး တစ်ဘက်သားကို
နောက်ချန်ထားရစ်ခဲ့လို့ မသင့်ပါဘူး။
X (အမြှောက်သင်္ကေတ)
ချစ်သူအပေါ်ထားတဲ့ ကိုယ့်အချစ်ကို နေ့တိုင်းဆတိုးပြီး မြှောက်သွားခဲ့ရင်
အချစ်ကအလိုလိုနေရင်း အဆုံးမရှိဖြစ်သွားနိုင်ပါတယ်။
Yield (အလျော့ပေး)
နှစ်ယောက်အတူနေချိန်မှာ ငြင်းခုန်မှုက ရှိစမြဲဖြစ်တယ်။
နောက်ခြေတစ်လှမ်းဆုတ် အလျော့ပေးတာက ဒေါသမုန်တိုင်းကို ငြိမ်းအေးစေပါတယ်။
နောက်ပြီး ပြဿနာကို သဲသဲကွဲကွဲ မသိခင် "လမ်းခွဲကြရအောင်" ဆိုတဲ့စကားကို
အလွယ်တကူမပြောမိဖို့ သတိထားရပါလိမ့်မယ်။ စိတ်တွေငြိမ်သွားမှ
ပြဿနာရင်းမြစ်ကိုရှာပြီး ဖြေရှင်းနည်းတွေ ရှာတာဟာ အကောင်းဆုံးဖြစ်တယ်။
Zero (စမှတ်)
အိမ်ထောင်ရေးတည်မြဲပြီလို့ မှတ်ယူတာပဲဖြစ်ဖြစ်၊ အချစ်ရေးခိုင်မြဲပြီလို့
ထင်မြင်တာပဲဖြစ်ဖြစ် ချစ်နေချိန်မှာ အရင်ညားစ၊ ချစ်စ၊ ကြင်နာစက
ခံစားချက်မျိုး၊ စိတ်သဘောထားမျိုးထားဖို့ မမေ့သင့်ပါဘူး။ တည်မြဲပြီလို့
မှတ်ယူပြီး အချစ်ကို ပစ္စလက္ခမထားဘဲ၊ အနယ်မထိုင်စေဘဲ နေ့တိုင်းအချစ်ကို
အသစ်အသစ်အဖြစ်နဲ့ ချစ်နိုင်၊ ခံစားနိုင်ခဲ့ရင် အချစ်ဟာ
အမြဲနုပျိုလန်းဆန်းနေမှာဖြစ်တယ်။
လူတွေက အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြပါတယ်။ ဖွဲ့ဆိုကြတဲ့အထဲမှာ
အချစ်တာရှည်ခိုင်မြဲဖို့၊ ချစ်ခရီးလမ်းဖြောင့်ဖြူး သာယာဖို့ အဓိကထား
ရေးဖွဲ့ကြပါတယ်။ အချစ်အက္ခရာ A to Zကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာနဲ့
ဖတ်ဖူးကောင်း ဖတ်ဖူးကြပါလိမ့်မယ်။ အချစ်က ဘယ်တော့မှ ဘာသာပြန်ဆိုလို့
ပြီးနိုင်မယ့်အရာမဟုတ်တာကြောင့် အဲဒီအချစ်တွေကိုပဲ ကျွန်မက
ထပ်ဘာသာပြန်ဆိုပါတယ်။ အချစ်အက္ခရာ A to Z လက်ခံသည်ကပဲ စမှတ်စခဲ့ပါတယ်။
အားလုံး ချစ်နိုင်ကြပါစေ...


အချစ် ၁၅၀၀ ဘယ်ကလာ၊ ၅၂၈ ဘယ်ကဖြစ်

$
0
0
October 10
 Photo: "ပူလောင်တဲ့၁၅၀၀ အချစ်" နဲ့ "အေးမြတဲ့၅၂၈ မေတ္တာ"( သိမှတ်စရာ) သတ္တလောကကြီးထဲမှာနေကြတဲ့သူမှန်သ၍အချစ်အကြောင်း ပြောကြမယ်ဆိုရင် ဦးဇင်းတို့ မြန်မာလူမျိုး အများစုက "၁၅၀၀ အချစ်" နဲ့ "၅၂၈မေတ္တာ" ဆိုပြီး နှစ်မျိုးခွဲပြောလေ့ ရှိကြတယ်။ သမီးရည်းစား အချစ်ကို "၁၅၀၀ အချစ်" ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ ပြောပြီး . . . မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ "၅၂၈ မေတ္တာ" ၊ အေးမြချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး ပြောဆိုလေ့ ရှိပါတယ်။ ၁၅၀၀ ဆိုတာဘယ်လိုပေါ်လာတာလဲ? ၅၂၈ ဆိုတာဘယ်လိုပေါ်လာတာလဲ? မထင်မှတ်ဘဲ ၁၅၀၀/၅၂၈ ဆိုတဲ့ ဂဏန်းတွေ ဘာလို့ အဲလို ဖြစ်နေရတာလဲ ဆိုတာကို ဆရာမ "ဂျူး" ရေးတဲ့"မျှော်လင့်ချက် နှင့် အခြား မျက်နှာဖုံးဆောင်းပါးများ" စာအုပ်လေး ဖတ်လိုက်ရမှ အဖြေထွက်သွားတယ်။ အဲဒီ ၁၅၀၀ နဲ့ ၅၂၈ ဂဏန်းတွေ ဘယ်လို ရလာသလဲ ဆိုရင်တော့…… ၁။ ၁၅၀၀ အချစ် (ပူလောင်သော အချစ်) ဦးဇင်းတို့ရဲ့ဗုဒဒ္ဓနည်းကြပြောရမှာပေါ့ဒါတွေကလည်းဗုဒ္ဓဘာသာမှာပဲရှိတာပါကျန်တဲ့ဘာသာတွေမှာအဲလိုတွေမရှိဘူးမသိဘူးနားမလည်ဘူးဒီတော့ဘာကစလဲဆိုရင်…ကိလေသာဆယ်ပါးကို အခြေခံတယ်။ အဲဒီ ကိလေသာစိတ် (၁၀) ပါးကတော့ ဒီအတိုင်း ဖြစ်ပါတယ် - (၁)လောဘ ( တပ်မက်ခြင်း) (၂)ဒေါသ (ကြမ်းတမ်းခြင်း) (၃)မောဟ (တွေဝေခြင်း) (၄)မာန (ထောင်လွှားခြင်း) (၅)ဒိဋ္ဌိ ( မှားသော နှလုံးသွင်းခြင်း၊ အယူရှိခြင်း) (၆)ဝိစိကိစ္ဆာ (အာရုံကို မဆုံးဖြတ်နိုင်ခြင်း) (၇)ထိန (စိတ်၏ မခန့်ခြင်း) (၈)ဥဒစ္စ (စိတ်၏ မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်း) (၉)အဟီရိက (ကာယဒုစရိုက် ပြုရခြင်း၌ မရှက်ခြင်း) (၁၀)အနောတ္တပ္ပ (ကာယဒုစရိုက် ပြုရခြင်း၌ မလန့်ခြင်း) အဲဒီ ကိလေသာ(၁၀)ပါးကို ရုပ် စုစုပေါင်းနဲ့ မြှောက်ရပါတယ်။ ရုပ်စုစုပေါင်းဆိုတာက…. - လက္ခဏာရုပ် (၄) ရှိတယ် - နိပ္ဖန္နရုပ် (၁၈) ရှိတယ် - နာမ် (၅၃) ရှိတယ် ပေါင်းလိုက်ရင် (၇၅) ရပါတယ်။ အဲဒီ ရုပ်စုစုပေါင်း (၇၅)ကို ကိလေသာ(၁၀)ပါး နဲ့ မြှောက်တော့ ၇၅၀။ အဲဒီမှာမှ အဇ္ဈတ္တ သဏ္ဍာန်၊ ဗဟိဒ္ဓ သဏ္ဍာန် ရယ်လို့ နှစ်ပါးရှိတဲ့ အတွက် (၂)နဲ့ ထပ်မြှောက်တော့ ၁၅၀၀ ရတာပါပဲ။ အတိုကောက်ကတော့ ဒီလိုလေးပါ… ( ကိလေသာ (၁၀) ပါး x ရုပ်စုစုပေါင်း (၇၅) ) x ၂ = ၁၅၀၀ အချစ်ရတာပေါ့..ဒါကတော့ပူလောင်တဲ့ကီလေသာအချစ်ပေါ့..။ ၂။ ၅၂၈ မေတ္တာ (မိဘတို့၏ အချစ်) မေတ္တာဆိုတဲ့အတိုင်း မေတ္တာပို့ရာမှာ ရှိသင့်ရှိအပ်တဲ့ စိတ်သဘာဝ တစ်ခုပါပဲ။ မေတ္တာပို့ရာမှာ ပုဂ္ဂိုလ် (၁၂) ယောက်ကို ပို့ပါတယ်။ အဲဒါတွေကတော့ဒါလည်းပဲဗုဒ္ဓဘာသာမှာပဲရှိတာပါ တညခားဘာသာတွေမှာဒီလိုမရှိဘူး မေတ္တာထားတာလောက်ကလေးပဲရှိပါတယ် ဂဂနနထုတ်ပြစရာသူတို့မှာမရှိဘူး။ဗုဒ္ဓဘာသာမှာက.. (၁) သဗ္ဗေသတ္တာ၊ (၂) သဗ္ဗေပါဏာ၊ (၃) သဗ္ဗေဘူတာ၊(၄) သဗ္ဗေပုဂ္ဂလာ၊ (၅) သဗ္ဗေအတ္တဘာဝ ပရိယပ္ပန္န၊ (၆) သဗ္ဗေက္ကိထိယော၊ (၇) သဗ္ဗေပုရိသာ၊ (၈) သဗ္ဗေအရိယာ၊ (၉) သဗ္ဗေအနရိယာ၊ (၁၀) သဗ္ဗေဒေဝါ၊ (၁၁) သဗ္ဗေမနုဿာ၊ (၁၂) သဗ္ဗေဝိနိပါနိကာ ဆိုတာတို့ဖြစ်ပါတယ်။ အဲဒီ ပုဂ္ဂိုလ် (၁၂)ပါးကို မေတ္တာ(၄)ပါး ပို့ပါတယ်၊ "အဝေရာဟောန္တု၊ အဗျာဘစ္ဆာဟောန္တု၊ အနီဃာ ဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု၊" တဲ့ . . .၊ ဒီတော့ ( ၁၂ x ၄ = ၄၈ ရပါတယ်)။ ဒါက အရပ်မျက်နှာ အမည်မတပ်ဘဲ (မရည်မှန်းဘဲ) ပို့တဲ့ "အနောဒိတ္တာ" မေတ္တာအပါး လို့ ဆိုပါတော့ ။ အဲဒါကိုမှ ထပ်ပြီး အရပ်မျက်နှာတွေနဲ့ အမည်တပ်ပြီး ထပ်ပို့ပါတယ်၊ အရပ် (၁၀)မျက်နှာ ရှိပါတယ် - = အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုတဲ့ အရပ် (၄) မျက်နှာ။ =အရှေ့တောင်၊ အနောက်မြောက် ဆို့တဲ့ ထောင့် (၄) မျက်နှာ။ =အထက်နဲ့ အောက် (၂) မျက်နှာ ။အဲဒီ အရပ်မျက်နှာတပ် ရည်မှန်းမှု့(၁၀)ခု နဲ့ စောစောက (၄၈) ကို မြောက်လိုက်တော့ (၄၈၀) ရပါတယ်၊ အဲဒီ ရလာတဲ့ (၄၈၀)ကိုမှ ပထမဆုံး မရည်မှန်းဘဲ ပို့ထားတဲ့ မေတ္တာအပါး (၄၈)ပါးကို ထပ်ပေါင်းကြည့် လိုက်တော့ (၅၂၈) ရယ်လို့ ဖြစ်လာပါတယ်။ အတိုကောက် ကတော့ ဒီလိုလေးဖြစ်ပါတယ်… ပုဂ္ဂိုလ် (၁၂) ယောက် x မေတ္တာ(၄)ပါး = ၄၈ (မရည်မှန်းဘဲ ပို့သော မေတ္တာအပါး) (၄၈ x အရပ် (၁၀) မျက်နှာ ) + ၄၈ (မရည်မှန်းဘဲ ပို့သော မေတ္တာအပါး)= ၅၂၈ မေတ္တာ ၁၅၀၀ဆိုတဲ့ပူလောင်တဲ့ကိလေသာ အချစ်နဲ့ ၅၂၈ ဆိုတဲ့အေးမြတဲ့မေတ္တာကိုတော့ သိပါပြီ၊ ဒါပေမယ့် ဘယ်သူတွေမှာများ (၅၂၈)ဆိုတဲ့မေတ္တာကို ထားနိုင်မလဲ မသိ တော့ပါ။ မိဘတွေအနေနဲ့ သားသမီးတွေကို ချစ်တဲ့အချစ်ဟာ (၅၂၈) လို့ မသေချာပါဘူး (မဟုတ်ဖို့ များပါ တယ်)။ ဘာဖြစ်လို့လဲ ဆိုတော့ (၅၂၈) ဟာ အရမ်း မြင့်မြတ်လွန်း နေလို့ပါ၊ ဆရာမ "ဂျူး" ကတော့ (၅၂၈) မေတ္တာရဲ့ သဘာဝကို မြတ်စွာဘုရားက တပည့်သာဝက ရဟန်းတွေ အပေါ်ထားတဲ့ မေတ္တာမှာပဲ တွေ့ရတယ်လို့ ရေးထားပါတယ်။မှတ်ချက်- ဆရာမဂျူး ရဲ့စာအုပ်နဲ့ ဗုဒ္ဓဘာသာအခြေခံစာအုပ်များမှ ပြန်လည်မှိငြမ်းရေးသားပါသည်။ အရှင်မုနိန္ဒ(ပန်းထို)M.A မာဂဓတက္ကသိုလ်။ခေတ္တစင်္ကာပူ 10.10.2012။
     သတ္တလောကကြီးထဲမှာနေကြတဲ့သူမှန်သ၍အချစ်အကြောင်း ပြောကြမယ်ဆိုရင် ဦးဇင်းတို့ မြန်မာလူမျိုး အများစုက "၁၅၀၀ အချစ်" နဲ့ "၅၂၈မေတ္တာ" ဆိုပြီး နှစ်မျိုးခွဲပြောလေ့ ရှိကြတယ်။ သမီးရည်းစား အချစ်ကို "၁၅၀၀ အချစ်" ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ ပြောပြီး . . . မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ "၅၂၈ မေတ္တာ" ၊ အေးမြချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး
ပြောဆိုလေ့ ရှိပါတယ်။
၁၅၀၀ ဆိုတာဘယ်လိုပေါ်လာတာလဲ?
၅၂၈ ဆိုတာဘယ်လိုပေါ်လာတာလဲ?

မထင်မှတ်ဘဲ ၁၅၀၀/၅၂၈ ဆိုတဲ့ ဂဏန်းတွေ ဘာလို့ အဲလို ဖြစ်နေရတာလဲ ဆိုတာကို ဆရာမ "ဂျူး" ရေးတဲ့"မျှော်လင့်ချက် နှင့် အခြား မျက်နှာဖုံးဆောင်းပါးများ" စာအုပ်လေး ဖတ်လိုက်ရတယ်။ အဲဒီ ၁၅၀၀ နဲ့ ၅၂၈ ဂဏန်းတွေ ဘယ်လို ရလာသလဲ ဆိုရင်တော့……

၁။ ၁၅၀၀ အချစ် (ပူလောင်သော အချစ်)
ဦးဇင်းတို့ရဲ့ဗုဒဒ္ဓနည်းကြပြောရမှာပေါ့ဒါတွေကလည်းဗုဒ္ဓဘာသာမှာပဲရှိတာပါကျန်တဲ့ဘာသာတွေမှာအဲလိုတွေမရှိဘူးမသိဘူးနားမလည်ဘူးဒီတော့ဘာကစလဲဆိုရင်…ကိလေသာဆယ်ပါးကို အခြေခံတယ်။ အဲဒီ ကိလေသာစိတ် (၁၀) ပါးကတော့ ဒီအတိုင်း ဖြစ်ပါတယ် -
 
(၁)လောဘ ( တပ်မက်ခြင်း)
(၂)ဒေါသ (ကြမ်းတမ်းခြင်း)
(၃)မောဟ (တွေဝေခြင်း)
(၄)မာန (ထောင်လွှားခြင်း)
(၅)ဒိဋ္ဌိ ( မှားသော နှလုံးသွင်းခြင်း၊ အယူရှိခြင်း)
(၆)ဝိစိကိစ္ဆာ (အာရုံကို မဆုံးဖြတ်နိုင်ခြင်း)
(၇)ထိန (စိတ်၏ မခန့်ခြင်း)
(၈)ဥဒစ္စ (စိတ်၏ မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်း)
(၉)အဟီရိက (ကာယဒုစရိုက် ပြုရခြင်း၌ မရှက်ခြင်း)
(၁၀)အနောတ္တပ္ပ (ကာယဒုစရိုက် ပြုရခြင်း၌ မလန့်ခြင်း)
 
အဲဒီ ကိလေသာ(၁၀)ပါးကို ရုပ် စုစုပေါင်းနဲ့ မြှောက်ရပါတယ်။ ရုပ်စုစုပေါင်းဆိုတာက….
- လက္ခဏာရုပ် (၄) ရှိတယ်
- နိပ္ဖန္နရုပ် (၁၈) ရှိတယ်
- နာမ် (၅၃) ရှိတယ်
ပေါင်းလိုက်ရင် (၇၅) ရပါတယ်။ အဲဒီ ရုပ်စုစုပေါင်း (၇၅)ကို ကိလေသာ(၁၀)ပါး နဲ့ မြှောက်တော့ ၇၅၀။ အဲဒီမှာမှ အဇ္ဈတ္တ သဏ္ဍာန်၊ ဗဟိဒ္ဓ သဏ္ဍာန် ရယ်လို့ နှစ်ပါးရှိတဲ့ အတွက် (၂)နဲ့ ထပ်မြှောက်တော့ ၁၅၀၀ ရတာပါပဲ။ အတိုကောက်ကတော့ ဒီလိုလေးပါ…

( ကိလေသာ (၁၀) ပါး x ရုပ်စုစုပေါင်း (၇၅) ) x ၂ = ၁၅၀၀ အချစ်ရတာပေါ့..
ဒါကတော့ပူလောင်တဲ့ကီလေသာအချစ်ပေါ့..။

၂။ ၅၂၈ မေတ္တာ (မိဘတို့၏ အချစ်)
မေတ္တာဆိုတဲ့အတိုင်း မေတ္တာပို့ရာမှာ ရှိသင့်ရှိအပ်တဲ့ စိတ်သဘာဝ တစ်ခုပါပဲ။ မေတ္တာပို့ရာမှာ ပုဂ္ဂိုလ် (၁၂) ယောက်ကို ပို့ပါတယ်။
အဲဒါတွေကတော့ဒါလည်းပဲဗုဒ္ဓဘာသာမှာပဲရှိတာပါ တခြားဘာသာတွေမှာဒီလိုမရှိဘူး မေတ္တာထားတာလောက်ကလေးပဲရှိပါတယ် ဂဂနနထုတ်ပြစရာသူတို့မှာမရှိဘူး။ဗုဒ္ဓဘာသာမှာက..
 
 (၁) သဗ္ဗေသတ္တာ၊ 
 (၂) သဗ္ဗေပါဏာ၊
 (၃) သဗ္ဗေဘူတာ၊
 (၄) သဗ္ဗေပုဂ္ဂလာ၊
 (၅) သဗ္ဗေအတ္တဘာဝ ပရိယပ္ပန္န၊ 
 (၆) သဗ္ဗေက္ကိထိယော၊
 (၇) သဗ္ဗေပုရိသာ၊ 
 (၈) သဗ္ဗေအရိယာ၊
 (၉) သဗ္ဗေအနရိယာ၊
 (၁၀) သဗ္ဗေဒေဝါ၊ 
 (၁၁) သဗ္ဗေမနုဿာ၊
 (၁၂) သဗ္ဗေဝိနိပါနိကာ ဆိုတာတို့ဖြစ်ပါတယ်။

အဲဒီ ပုဂ္ဂိုလ် (၁၂)ပါးကို မေတ္တာ(၄)ပါး ပို့ပါတယ်၊
 "အဝေရာဟောန္တု၊
 အဗျာဘစ္ဆာဟောန္တု၊
  အနီဃာ ဟောန္တု၊ 
သုခိအတ္တာနံ ပရိဟရန္တု၊" တဲ့ . . .
 
၊ ဒီတော့ ( ၁၂ x ၄ = ၄၈ ရပါတယ်)။ ဒါက အရပ်မျက်နှာ အမည်မတပ်ဘဲ (မရည်မှန်းဘဲ) ပို့တဲ့ "အနောဒိတ္တာ" မေတ္တာအပါး လို့ ဆိုပါတော့ ။ အဲဒါကိုမှ ထပ်ပြီး အရပ်မျက်နှာတွေနဲ့ အမည်တပ်ပြီး ထပ်ပို့ပါတယ်၊ အရပ် (၁၀)မျက်နှာ ရှိပါတယ် -

= အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုတဲ့ အရပ် (၄) မျက်နှာ။
=အရှေ့တောင်၊ အနောက်မြောက် ဆို့တဲ့ ထောင့် (၄) မျက်နှာ။
=အထက်နဲ့ အောက် (၂) မျက်နှာ ။
 
အဲဒီ အရပ်မျက်နှာတပ် ရည်မှန်းမှု့(၁၀)ခု နဲ့ စောစောက (၄၈) ကို မြောက်လိုက်တော့ (၄၈၀) ရပါတယ်၊ အဲဒီ ရလာတဲ့ (၄၈၀)ကိုမှ ပထမဆုံး မရည်မှန်းဘဲ ပို့ထားတဲ့ မေတ္တာအပါး (၄၈)ပါးကို ထပ်ပေါင်းကြည့် လိုက်တော့ (၅၂၈) ရယ်လို့ ဖြစ်လာပါတယ်။ 
 
        အတိုကောက် ကတော့ ဒီလိုလေးဖြစ်ပါတယ်…
ပုဂ္ဂိုလ် (၁၂) ယောက် x မေတ္တာ(၄)ပါး = ၄၈ (မရည်မှန်းဘဲ ပို့သော မေတ္တာအပါး)
(၄၈ x အရပ် (၁၀) မျက်နှာ ) + ၄၈ (မရည်မှန်းဘဲ ပို့သော မေတ္တာအပါး)= ၅၂၈ မေတ္တာ

     ၁၅၀၀ဆိုတဲ့ပူလောင်တဲ့ကိလေသာ အချစ်နဲ့ ၅၂၈ ဆိုတဲ့အေးမြတဲ့မေတ္တာကိုတော့ သိပါပြီ၊ ဒါပေမယ့် ဘယ်သူတွေမှာများ (၅၂၈)ဆိုတဲ့မေတ္တာကို ထားနိုင်မလဲ မသိ တော့ပါ။ မိဘတွေအနေနဲ့ သားသမီးတွေကို ချစ်တဲ့အချစ်ဟာ (၅၂၈) လို့ မသေချာပါဘူး (မဟုတ်ဖို့ များပါ တယ်)။ ဘာဖြစ်လို့လဲ
ဆိုတော့ (၅၂၈) ဟာ အရမ်း မြင့်မြတ်လွန်း နေလို့ပါ၊။
 
 ဆရာမ "ဂျူး" ကတော့ (၅၂၈) မေတ္တာရဲ့ သဘာဝကို မြတ်စွာဘုရားက တပည့်သာဝက ရဟန်းတွေ အပေါ်ထားတဲ့ မေတ္တာမှာပဲ တွေ့ရတယ်လို့ ရေးထားပါတယ်။
မှတ်ချက်- ဆရာမဂျူး ရဲ့စာအုပ်နဲ့ ဗုဒ္ဓဘာသာအခြေခံစာအုပ်များမှ ပြန်လည်မှိငြမ်းရေးသားပါသည်။ 
 
 အရှင်မုနိန္ဒ(ပန်းထို)M.A မာဂဓတက္ကသိုလ်။ခေတ္တစင်္ကာပူ 10.10.2012။
 
 facebook မှာ "ပူလောင်တဲ့၁၅၀၀ အချစ်" နဲ့ "အေးမြတဲ့၅၂၈ မေတ္တာ"( သိမှတ်စရာ) လို ရေးထားပါတယ်။အပေါ်က မူရင်းlink မှာ သွားရောက်လေ့လာနိုင်ပါတယ်။ 
 
                                                                  လေးစားစွာဖြင့်    ....    မောင်မြင့်

ပျော်ဖွယ်ရာနေ့ တစ်နေ့ နောက်ကွယ်၌

$
0
0

ဘယ်လိုပဲရွေမြို့တော်ချက်ခန်းမှာတစ်ယောက်နဲ့တစ်ယောက်..

.ရန်ဖြစ်လိုက်ပြန်တည့်လိုက်နဲ့...နေ့စဉ်မြင်တွေ့ နေကြစကားလုံးများစွာ.

..အမျိုးစုံလင်သည်ချက်ခန်းအတွင်းကနေခင်မင်တွယ်တာလားခဲ့သော

ရုပ်ချိုးတို့ရဲ့အဝေးရောက်သူငယ်ချင်းများရဲ့စတုတ္တအကြိမ်တွေ့ ဆုံပွဲလေးက.

....ပထမတော့စိုးထိတ်ထိတ်နဲ့..လူမှရှိပါ့ရဲ့လား...လားပါ့မလားနဲ့ ပူပန်ရင်

မလေးရှားရဲ့မြို့တော် ကေအမ် မြန်မာစားသောက်ဆိုင်မဟာနန်းတွင်.တွေ့ ဆုံခဲ့ကြတယ်ဗျာ..

.ဒီလိုကြည်နူးပျော်ဖွယ်ရာနေ့တစ်နေ့အကြောင်းပြောပြလိုက်ချင်မိတယ်.........

ကြွကြွရွရွလမ်းတွေလျှောက်လို့ မီးဘုရင်ကဦးဆောင်ကာ....

.လှတပတကိုသာဗျောခေါ်ကောင်ကင်ထက်ကတစ်မျိုး...

၅၂၈ဥယျာဉ်မှူးက...ကြင်သူသက်ထားခမ်းကြားဆိုသာနှမငယ်အားလက်ကိုကိုင်ဆွဲ

ထိုနောက်ဝယ်၌ကုပ်တိကုပ်ချောင်း...ရုပ်ချိုးအထီးကျန်လေးပါကွယ်...

.ထိုမှတစ်ဖန်စိန်နားကပ့် အရောင်တဖျက်ဖျက်နဲ့ တွယ်ရာမဲ့ဆောင်းချစ်သူရယ်က..

သူ့ မဒီလှကညာလက်ကိုစွဲကိုင်ကာသူတို့ နံဘေးဝယ်အပါးတော်မြဲလေးလားထင်ရပါတဲ့စိုးလင်မော်..

.ထိုနောက်.ထိုနောက်သနပ်ခါးပါးကွက်ကြားနဲ့ တိုက်ကြက်ဖရယ်နုလှပျိုဖြူထင်ရပါပေတဲ့ချစ်ထိုက်သူပါမကျန်...

ဟိုးစပ်ဒီစပ်မျောက်မလို့ခေါ်တွင်ရဲရင့်ခေါ်ဒိုးကလေးရယ်....

လွင်ဦးနဲ့ဖြိုးအောင်ခေါ်ရုပ်ချိုးဘော်ဘော်နှစ်ယောက်ရယ်..

ဇေကိုကိုနှင့် ကွတကွတလမ်းတွေလျှောက်ကလင်းခေါ်လူမည်းမရယ်..

.မျက်တွင်းဟောက်ပက်ချစ်မင်းသူလေးရယ်

ထိုမှတစ်ဖန်ေ၇ွ့ လျား ပေါ်သစ်မြန်မာစားသောက်ဆိုင်၌

အပြုံးပန်ဝေဆာနှစ်ကိုတူလက်ချင်းချိတ် ကြည်နူးစရာလေးနဲ့ ..

ရောက်လားပြန်တာကမှော်ဆရာနှင့် မှော်ဆရာမတို့ ပေါ့   

တကယ်ပါ....ပျော်ဖွယ်ရာနေ့တစ်နေ့ဖြစ်ခဲ့လို့  

သတိရမိတယ်...သစ်ရွက်ခလေးလို့လွင့်နေတဲ့လေလွင့်လူရယ်..

.ဘေးတိုက်ရွေ့ လျားဂဏန်းနှင့်...အများကခေါ်..မိသိန်းနဲ့အောင်ဇော်မင်းရယ် ကပ္မိယရော..ကွယ်

...၀က်မခေါ်ကျော်ဇင်  ဂီတာအိုကိုင်ဆွဲလင်းလင်းပါ အားလုံးကသတိတွေရလို့ 

... ရွေမြို့တော်သည်ချက်ခန်းတစ်ဦးနဲ့တစ်ဦးစရင်းနောက်ရင်းရန်ဖြစ်ရင်းခင်မင်လားခဲ့ပြီး...

အခုဆိုအဝေးရောက်ပရဟိတဆိုတဲ့အဖွဲ့လေးကအင်အားပြည့်တင်းလားပြန်ပြီး...ပေါ့ကွယ်....

ကျေးဇူးတင်ပါသည်....http://awayfriend.blogspot.com/ ဒါကရုပ်ချိုးတို့ အဖွဲ့ လင့်လေးပါ...

.ပါဝင်နိုင်ကြပါသည်..ဘယ်နေရာဘယ်ဒေသကမဆို..

.အကြံအညဏ်များလည်ပေးနိုင်ပါသည်...ပါဝင်နိုင်ပါသည်...မမခရေနှင့်ကျော်လေးရယ်နဲ့..

မြင်းမခေါ်တာရာမင်းကြီးလည်းပါဝင်လားတော့မည်..ပျော်စရာကြီးမို့ ဝေမျှလိုက်သည်ဗျာ...

ရွေမြို့တော်သည်ချက်ခန်းကနေသန္ဒေတည်ဖြစ်တည်လားတဲ့ဒီအဖွဲ့လေးရဲ့ပြုလုပ်ချက်အားလုံးသည်...

ရွေမြို့တော်သူမြို့တော်သားတို့နှင့်သက်ဆိုင်သည်မိုပိတိဖြာ့ ကြည်နူးကြစေရန်ဝေမျှပေးလိုက်ပါသည်....

စကားနှင့်ကြားရသည်မေသဇင်..မှုံနံသာဖြူ  ကိုနေမင်ခိုင်..ရွေမြို့တော်စာပေချစ်သူလေးများနှင့်

ကိုအောင်ထက်..ရှင်းသန့်မေတို့ရဲ့ပါဝင်ကူညီမှူနှင့်

မကြာခင်ဖြစ်တည်တော့မယ်စာကြည့်တိုက်လေးအကြောင်းကိုနောက်မှ...

တင်ဆက်ပါတော့မည်....ရွေမြို့တော်သူမြို့တော်သားတွေကိုအမြဲတမ်းချစ်ခင်လေးစားနေလျှက်...

                ကိုရုပ်ဆိုး { အဝေးရောက် }ခေတ္တမလေးရှား

ဂျုဗီနဲ့ပွဲမှာ နာပိုလီ ကတော့ ရာသီသစ်မှာ သွက်သွက်နဲ့ လာမယ့်ပွဲပဲနော်

$
0
0

ကဲသယ်ရင်းတို့ရေ အခုတစ်ပတ်က ပွဲတွေမရှိဘူးနော်။

နိုင်ငံရော။ ကလပ်ရောမရှိဘူးနော်။ အခုတော့ ပို့စ်အသစ်လေးတွေတင်ပေးလိုက်မယ်လေနော်။ ဂျုဗီနဲ့နာပိုလီကတော့ ခြေလှမ်းသွက်သွက်နဲ့ လာမယ့်ပ

စိန်အမြောက်အများထွက်ရှိမည့် စိန်တွင်း မြန်မာနိုင်ငံတွင် တွေ့ရှိ

$
0
0

ကရင်ပြည်နယ် မြဝတီမြို့တောင် ဘက် မိုင် ၂ဝအကွာတွင် အဖိုးတန်စိန်အမြောက်အမြား ထွက်ရှိသော စိန်တွင်းတစ်တွင်းကို အမေရိကန်နိုင်ငံ နာဆာမှလွှတ်တင်ထားသော Land Sat7 ဂြိုလ်တုဖြင့် မကြာသေးခင်က တွေ့ရှိခဲ့သည်ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနမှ အငြိမ်းစား ပါမောက္ခဦးစိုးသိန်းကပြောသည်။ အဆိုပါစိန်တွင်းရှိရာနေရာသို့ မြဝတီမြို့မှ ကားလမ်းဖြင့် တိုက်ရိုက်ရောက်ရှိနိုင်ပြီး ထိုင်းနိုင်ငံမှ အဆိုပါစိန်တွင်းကို တူးဖော်ခွင့်ရရှိရန် ဆောင်ရွက်နေ ကြောင်း သိရသည်။''ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်'' ဟု ဦးစိုးသိန်းက ထပ်မံပြောသည်။ 'သတ္တုတွင်း ဝန်ကြီးဌာနအနေနဲ့ကတော့ စိန် တူးခွင့် လျှောက်ထား လာတဲ့ ကုမ္ပဏီတွေ ကိုသတ်မှတ်ချက် စည်းမျဉ်းစည်းကမ်း နဲ့ ညီမညီ အရင်ကြည့်တယ်။ သတ်မှတ်ချက် စည်းမျဉ်းတွေနဲ့ ညီရင်တော့ လုပ်ပိုင်ခွင့် ပြုမိန့်တွေ ချထားပေးမှာပါ'' ဟု အမှတ်(၂) သတ္တုတွင်း ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။''ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်'' မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာ တန်းဝင်စိန်များကို ၁၉၆ဝပြည့်နှစ်တွင် မိုးမိတ်မြို့နယ်၊ မကျည်း ပင်ကျေးရွာနှင့် မိုးဟောက် ကျေးရွာပတ်ဝန်းကျင်တွင် စတင်တွေ့ရှိရပြီး ၁၉၇၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနတို့ ပူးပေါင်းရှာ ဖွေရာတွင် စိန်တွေ့ရှိရာ နယ်မြေ အသစ်များ နှစ်စဉ်နှင့်အမျှ တိုးပြီးတွေ့နေရ ကြောင်း သိရသည်။ မြန်မာနိုင်ငံ တနင်္သာရီတိုင်း သိန္ဓောဒေသရှိ စိန်တွင်းသည် တန်ဖိုးကြီး စိန် များနှင့် စိန်အမြောက်အမြားထွက်ရှိသော ဒေသတစ်ခုအဖြစ် ထင်ရှားသည်။ တောင်ငူဒေသ တွင်လည်း မကြာသေးမီက စိန်တွင်း တစ်တွင်း တွေ့ရှိခဲ့ရာ ၁၄ရတီခန့် အထိ ရှိသော တန်ဖိုးကြီးစိန် တစ်ခုလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းမ်

အလှူအတန်းရက်ရောတဲ.မြန်မာတွေ ဘာလို.ဆင်းရဲနေရတာလည်း

$
0
0

မေတ္တာရှင် - ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက
ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု
မေးတယ်။ အဲဒီမေးခွန်းက -

မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။
ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင်
မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက်
မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။

သန်း - ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။

မေတ္တာရှင် - အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို
နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။

သန်း - အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။
နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။

မေတ္တာရှင် - မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။
အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁
ချက်က -

၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ
စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ)
လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့
ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ်
ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း
စံနေတော်မူကြရတယ်။

ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊
အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။
အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။
ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။

၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့
ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ
တစ်ပါးမှ မပြည့်စုံဘူး။

၃။ ဘာသာရေးအပေါ်မှာထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ
မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွားကြဘူး။

၎။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား
ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ
ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ
ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက်
မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊
ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို
တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့
မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို
တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင်
ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့
အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့
ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့
အကုသိုလ်တရား ဖြစ်တယ်။

ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့
လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က
ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။
ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ
မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။

ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော်
အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ
ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။
မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို
ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။

ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို
အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့
သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ
ပြတယ်။ ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး
သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့
လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး
အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊
သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။
အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ
မရှိတာပါပဲ။

၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့်
စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ်
ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။
ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး
အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။
ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး
အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့
ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက
အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ
၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။
အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့
သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို
မဖြစ်မနေ လုပ်ကြတော့တာပဲ။

မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။
တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက်
ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ
ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့
မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီမောင်းနေရတာလို့
ထင်သွားတာပေါ့။

သန်း - အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။

မေတ္တာရှင် - ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့
ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈
နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း
တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ်
ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ
ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို
အင်မတန် ရှက်ကြပါတယ်။

၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘာအလုပ် လုပ်သလဲလို့
မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး
အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ
အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။

သန်း - တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့
ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး
ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ
ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မေတ္တာရှင် - အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို
ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက်
မကြီးပွါးကြတာဘဲ။

၂၀၀၈ ခုနှစ် ဇွန်လထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖော်ပြထားသော မေတ္တာရှင် (ရွှေပြည်သာ)၏ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ - ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။

ဝုန်းဒိုင်းကျဲ

$
0
0

ဝုန်းဒိုင်းကျဲ
ကျွန်တော်မနေ့ကသတင်းစာတစ်စောင်ကောက်ဖတ်မိလိုက်တော့“ပျောက်ကွယ်တော့မည့်မြန်မာ့သီတင်းကျွတ် အနုလက်ရာများ” ဆိုတဲ့ဆောင်းပါးလေးကို ဖတ်မိလိုက်ပါတယ်။
ဟုတ်ပါတယ် တကယ်ကိုပျောက်ကွယ်စပြုနေပါပြီ။ သီတင်းကျွတ်မှာဆိုရင်တွေ့ရတဲ့ လက်ရာတွေက ကျွန်တော်တို့ မြန်မာ့အနုလက်ရာတွေမဟုတ်ကြတော့ပါဘူး တရုတ်ပြည်ကတင်သွင်းလာတဲ့ရောင်စုံ မီးပုံးတွေနဲ့ အနီရောင် တရုတ်ရိုးရာ မီးပုံးကြီးတွေပဲ တွေ့နေရတော့ ပါတယ်။ ဒါတင်မကသေးပါဘူး တရုတ်နိုင်ငံကလာတဲ့ အမျိုးမျိုး သောဗြောက်အိုး တွေနဲ့ ၀ုန်းဒိုင်းကျဲသောင်းကျန်းနေကြတာ ကပိုဆိုးပါတယ်။
ဒီတော့ မြန်မာ့ယဉ်ကျေးမှုပွဲတော်လား တရုတ်ယဉ်ကျေးမှုပွဲတော်လား လို့မေးရတော့မလိုဖြစ်နေပါပြီ။
အထူးပြောချင်တာကတော့ ဗြောက်အိုး ကိစ္စကိုပြောချင်ပါတယ်။ ဗြောက်အိုး တစ်လုံး ကို မီးရှို့လိုက်ရင် ကျယ်လောင်တဲ့ပေါက်ကွဲသံရယ် ယမ်းညှော်နံ့ရယ်ကလွဲလို့ ဘာမှ မရပါဘူး။ ဒီကျယ်လောင်တဲ့ အသံကြောင့် ဘေးပါတ်ဝန်းကျင် ကလူတွေ ကို အနှောက်အယှက်ဖြစ်ရပါတယ်။ သက်ကြီးရွယ် အိုများအထိတ် တလန့်ဖြစ်ရပါတယ်။ ဗြောက်အိုး နဲ့ စကြနောက်ကြရာက ရန်ဖြစ်တဲ့ အထိဖြစ်ရပြီး ရာဇ၀တ် မှု ဖြစ်ရတဲ့ အထိ အဖြစ်အပျက်တွေ တွေ့ဖူးပါတယ်။ ကြားလည်းကြားဖူးပါတယ်။ ပျော်ရွှင်မှု အတွက်ဖောက်တဲ့ ကိစ္စမှာ ဒီပျော်ရွှင်မှု အတွက်ပေးလိုက်ရတာတွေလည်းများပါတယ်။ ပထမဦးဆုံး ငွေကုန်မယ်။ ဒီအကြောင်း စဉ်းစားမိတဲ့ အခါ မြန်မာနိုင်ငံသား တွေ စားဝတ်နေရေးကျပ်တည်းကြတယ် သာပြောတယ်မီး ရှို့ဖို့ ပိုက်ဆံတော့ရှိကြပါလား လို့တွေးမိတယ်။ ပိုက်ဆံချမ်းသာ တဲ့သူတွေ ဖောက်တာ ဘာမှပြောစရာမရှိပေမယ့် ခုခေတ်မှာ လူတန်းစားပေါင်း စုံ ဒီဗြောက်အိုးနဲ့ ပျော်ရွှင်နိုင်ကြ တာအံ့သြ မိပါတယ်။
သီတင်းကျွတ်မီးထွန်းပွဲ မှာဗြောက် အိုးဖောက်တာမပါပါဘူး။

မြန်မာရိုးရာမှာဗြောက်အိုး ဖောက်တာမရှိပါဘူး။ ဗြောက်အိုးဖောက်တယ်ဆိုတာ တရုတ်ရိုးရာမှာသာ ရှိတာပါ။ တရုတ်မင်္ဂလာပွဲတွေ နဲ့ သူတို့ ရိုးရာပွဲတော် တွေမှာသာ ဗြောက်အိုးဖောက်တာပါ။ မြန်မာ့ရိုးရာမှာဗြောက်အိုး မဖောက်ပါဘူး။
တကယ်တော့သီတင်းကျွတ်နဲ့ဗြောက်အိုးဆိုတာ လားလား မှမသက်ဆိုင်ပါဘူး။ သီတင်းကျွတ်ပွဲတော် ဆိုတာ ဂေါတမ ဘုရားရှင် တာဝတိံသာနတ်ပြည်မှာ ၀ါတွင်းသုံးလပါတ်လုံး မြတ်တရားတော်ဟောကြားပြီး သီတင်းကျွတ်လပြည့်နေ့ မှာ လူ့ပြည်ကို ပြန်လည်ကြွချီတော်မူ တော့လူတွေက ဆီမီး အလင်းရောင်နဲ့ပူဇော်
ကြိုဆိုကြတဲ့ အထိန်းအမှတ်ပွဲပါ။
ခုခေတ်မှာတော့ မီးရောင်မျိုးစုံနဲ့ကြိုဆိုကြတယ်ပေါ။့ဗြောက်အိုးနဲ့ကြို လို့တော့ရမယ်မထင်ဘူး ဘာဖြစ်လို့လဲ ဆိုတော့ ဗြောက်အိုး ဆိုတာထိတ်လန့်စေတဲ့ပစ္စည်း တပါးသူကို အနှောက် အယှက်ဖြစ်စေတဲ့ ပစ္စည်းပါ။ ပျော်ရွှင် ချမ်းမြေ့စေတဲ့ပစ္စည်း မဟုတ်ပါဘူး။
ခုချိန်မှာ ဘုရားရှင် သာ သက်တော်ထင်ရှား ရှိနေဦးမယ် ဆိုရင် ဗြောက်အိုး ဖောက်ခြင်းကိုတားမှာသေချာပါတယ်။ ဘုရားရှင်ကလည်း မိမိကို ကြိုဆိုတဲ့ပွဲမှာ သူတပါးကို အနှောက် အယှက်ဖြစ်စေတာက်ု လိုလားမှာမဟုတ်ပါဘူး။ ဗြောက်အိုးနဲ့စကြနောက်ကြလို့ ပြဿနာတွေ ဖြစ်တယ်ဆိုရင်လည်း ဗုဒ္ဓဘာသာ ကိုညှိုးနွမ်းစေပါတယ်။
ခုဆိုရင် မြို့တိုင်းနယ်တိုင်း လိုလို မှာ သီတင်းကျွတ်ပွဲတော်ကို ဗြောက်အိုးသံ တညံတညံ နဲ့ဝုန်းဒိုင်းကျဲကျင်းပ နေကြပါတယ်။ တရုတ်ပြည်ကတင်သွင်းတဲ့ပစ္စည်းနဲ့ မြန့်ရိုးရာပွဆြိုတာ အဓိပ္ပာယ် မရှိဘူး လို့ထင်တယ်နော်။ ……..

တမလွန်မှဖုံးပြောသံ ( ကိုယ်တွေ့ ဖြစ်၇ပ်မှန် )

$
0
0

                          ကျမမှာအလွန်၇င်းနှီးသောအသဲကင်ဆာဖြစ်နေသူ.သူငယ်ချင်းတယောက်၇ှိပါသည်..။

သူ့ အမည်က၀ှမ်ရွိမိန်ဖြစ်ပါတယ်..။သူခံစားနေ၇တဲ့ေ၇ာဂါသက်သာစေ၇န်ကျမတတ်သလောက်မှတ်သလောက်

ထွက်သက်ဝင်သက်မှတ်နည်း..တ၇ားထိုင်နည်းတွေကိုပြောပြပေးပါတယ်..နာ၇င်နာတယ်လို့ မှတ်ဆိုပြီးသိ

သလောက်လေးတွေကိုမျှဝေပေးလိုက်ပါတယ်..။

                   သူကလည်းလိုက်မှတ်ပြီးလုပ်ပါတယ်..။တချိန်လုံးသူနဲ့ အဆက်အသွယ်၇ှိနေသော်လည်း..နှစ်

သစ်ကူးရက်မှာတော့ ကျမလည်းဘုရားရှစ်ခိုးတာနဲ့ နောက်တ၇က်မှာနှစ်ဆန်း၁၇က်နှစ်ဆန်း၂ရက်နှစ်ဆန်း၃ရက်

ခရီးထွက်နေပါတယ်..။နှစ်ဆန်း၎ရက်နေ့ မှာတော့ ဖုံးဝင်ပါတယ်..ကျမလည်းဖုံးကိုင်လိုက်ပါတယ်..

                "  ဝေ   "

တဖက်က.." ဝေ..သူငယ်ချင်းကြယ်ရှင်းေ၇.ငါနေလို့ မ၇တော့ ဘူး..အ၇မ်းနာတယ်ဟာ..င့ါကိုကယ်ပါအုံး

ငါအ၇မ်းခံစားနေ၇တယ်ဟာ..  "

ကျမကလည်း..." အေးအေး..နင်အားမငယ်နဲ့ နော်.ငါအခုလာပြီနော် "  ကျမလည်းချက်ချင်းဆိုင်ကယ်နဲ့ ထွက်လာပြီး..ပန်းသီး  (  တ၇ုတ်လိုဖိန်းကို..)၆လုံးကြီးကြီးနဲ့ လှလှလေး

တွေေ၇ွးယူလိုက်ပါတယ်..ပန်းသီးဆိုတဲ့ အဓိတ်ပါယ်က..အန္တရယ်ကင်း..လို့ အဓိတ်ပါယ်၇တယ်လေ..

၆လုံးကတာ့ လာဒ်ပေါ့..အခြားနေ့ တွေနဲ့ မတူဘူးလေ..နှစ်ကူး၇က်ဆိုတော့ အဓိတ်ပါယ်၇ှိ၇ှိလေးနဲ့ သူ

များအိမ်ဝင်၇တာပေါ့နော်...

                         အိမ်ေ၇ှ့ေ၇ာက်တော့ ဘဲတီးလိုက်တယ်...ကောင်လေးတယောက်တခါးလာဖွင့်ပြီး

                "ဘယ်သူ့ ကိုတွေ့ ချင်လို့ ပါလဲ..မမကြီး.".တဲ့ 

               "  ၀ှမ်၇ွိမိန်နဲ့ တွေ့ ချင်လို့ ပါ မမကြီးကသူ့ သူငယ်ချင်းပါ  "

                "  ကျနော့်မေမေပါ.၀င်ထိုင်ပါအုံး.နှစ်ဆန်း၂ရက်နေ့ ကဆုံးသွားပါပြီ "

             "  ဟင်..ခုနလေးတင်ဘဲ..မမကြီးကိုသူဖုံးဆက်လာတယ် ဟုတ်၇ဲ့ လား..ထူးဆန်းလိုက်တာနော်.  "

              "  မမကြီးနံမည်ကဘယ်သူလဲဟင်   "

              "  ကြယ်ရှင်းပါ  "

              " ဟုတ်ပြီဒီနံမည်တချိန်လုံးသူ၇ွတ်နေတာ..ခေါ်ပေးပါလို့ လဲပြောတယ်..ကျနော်တို့ ကနှစ်ကူး၇က်မို့ 

                သူ့ ကိုဖြောင်းဖြထားတာ ..ဆုံးခါနီးတောင်မမကြီးနံမယ်ကိုတဖွဖွခေါ်နေတာ "

           "   အော်..စိတ်မကောင်းလိုက်တာနော်..ထူးဆန်းလိုက်တာ.  "

         " ကျနော်တို့ ကတော့ မထူးဆန်းတော့ ပါပူးသူ့ အတွက်ကောင်းမှု့ ကုသိုလ်လုပ်ပြီးဘု၇ားစာဖတ်၇င်

         သူလဲနောက်ကလိုက်ဖတ်တဲ့ အသံကိုကြားနေ၇တယ်..စာအုပ်စဉ်ကစာအုပ်တွေေ၇ွ့ ရှားသံတွေကြား

        နေ၇တယ်  "ဖုံးနံပါတ်စစ်လိုက်တဲ့ အခါ၅လုံးဘဲပေါ်တယ်..အမှန်က.၁၀လုံးပါ..

      "  တ၇ားနေဲ့ ဖြေပါမောင်လေး၇ယ်..သူလဲကောင်းတဲ့ နေ၇ာကိုေ၇ာက်နေမှာပါ.မမကြီးပြန်တော့ မယ်နော်"

                          အဲလိုထူးဆန်းတာတွေ..စိတ်ချင်းဆက်နွယ်နေတဲ့ ..တယ်လီပသီ..တွေ၇ှိနေပါလားဆိုတာ

       ချစ်သူငယ်ချင်းလေးတွေသိပြီး..ကြယ်စင်နဲ့ အတူ..စိတ်ခံစားမှု့ လေး၇လာအောင်..ကြယ်စင်၇ဲ့ ကိုယ်

      တွေ့ ဇာတ်လမ်းလေးမှတ်တမ်းတင်မျှဝေလိုက်၇ပါတယ်၇ှင်..။

ကြိုးစားပါဦးမည်..။

စာပေနဲ့ သူငယ်ချင်းများကိုအစဉ်လေးစားလျှက်

ကြယ်စင်ဖြူ


ရွေမြို့တော်ချက်ရွန်းကညီအကိုသူငယ်ချင်းများသို့...

$
0
0


ရွေမြို့တော်ကညီအကိုသူငယ်ချင်းများအားလုံးမင်္ဂလာပါလို့
ဦးစွာပထမစာခွန်းဆက်သလိုက်ပါတယ်..(ဟုတ်တယ်လေစာနဲ့ဆိုတော့စာခွန်းပေါ့)


မြန်မာပြည်သူပြည်သား မိတ်ဆွေသူငယ်ချင်းများဆိုဒ်အတွင်းကညီအကိုတစ်ယောက်နဲ့တစ်ယောက်
ခင်မင်ရင်နှီးမှုပိုမို  ရှိလာအောင်ဆိုဒ်တည်ထောင်သူတွေ အက်မင်တွေကနေမှတဆင့်
မြို့တော်ချက်ရွန်းလေးတစ်ခုကို တည်ထောင်ကာ တစ်ယောက်နဲ့တစ်ယောက်ခင်မင်ရင်နှီးအောင်
တည်ထောင်ထားပေးခဲ့တယ်...


ဒီလိုတည်ထောင်လိုက်တော့ဆိုဒ်အတွင်းကညီအကိုမောင်နှမတွေ အဆင်ပြေချောမွေ့စွာ...
တစ်ယောက်နဲ့တစ်ယောက်ခင်မင်ခွင့်ရတယ်...သူငယ်ချင်းဖြစ်ခွင့်ရတယ်..တကယ်ပျော်ရွင်စရာလေးပါ
ဒါပေမယ့်ဒီလိုပျော်ရွင်စရာနေ့လေးတွေ   ပျော်ရွင်စရာချက်ရွန်းကို ကျွန်တော်တစ်ခါတလေဝင်ခဲ့တယ်
စကားလေးတွေမပီကာပီကလာနဲ့စကားပြောတယ် ပျော်ရွင်ရအောင်ပါ..

ကျွန်တော်ဆိုဒ်တိုင်းလိုလိုဝင်ထားပါတယ်..ဒါပေမယ့်ဆိုဒ်တိုင်းရဲ့ချက်ရွန်းတိုင်းကိုကျွန်တော်တော်ယုံနဲ့
စကားဝင်မပြောခဲ့ဘူးပါ...ဒီဆိုဒ်လေးအတွင်းမှာတော့အရင်ကဆိုအမြဲတမ်းလိုလိုဝင်ဖြစ်ပေမယ့်တစ်ခါ

ကပြဿနာတစ်ခုကြောင့်ကျွန်တော်မဝင်ခဲ့တာအတော်ကြာပြီပေါ့ဒါပေမယ့်မနေ့ကမီးသခင်ရဲ့

ပိုစ့်လေးတစ်ခုကြောင့်မနေ့ညကချက်ရါန်းထဲကျွန်တော်ဝင်လိုက်ပါသေးတယ်..

မနေ့ကပြဿနာတစ်ခုဖြစ်တယ်..ဆဲကျတယ်တဲ့..ဒီလိုဆဲကျတော့ သူငယ်ချင်းတို့အတွတ်..
ဘာအကျိုးကျေးဇူးရလည်း..မရပါဘူးဗျာ..


ဒီလိုလုပ်တဲ့သူငယ်ချင်းတွေအတွတ်ရလာမှာကောင်ကျိုးမဟုတ်ပါဘူးဆိုးကျိုးပါ ဒါတွေတင်လားမကသေးပါဘူး
သူငယ်ချင်းရဲ့မိဘတွေ  သူငယ်ချင်းကိုးကွယ်တဲ့ဘာသာ တွေကိုပါထိခိုက်လာပါတယ်..
ကျွန်တော်တို့နေနေကျတာမြန်မာနိုင်ငံတော်ကြီးမှာပါကျွန်တော်တို့တွေဟာမြန်မာပြည်သားတွေပါ..
ဒီလိုမြန်မာပြည်သားတွေဟာတစ်ယောက်နဲ့တစ်ယောက်ရိုင်းပင်ကူညီတတ်ကျတယ်..စေတနာထားတတ်
ကျတယ်..နှမချင်းကိုချင်းစာနာတတ်ကျတယ်...ဒီလိုယုတ်ညံ့တဲ့စကားတွေနဲ့မပြောတတ်ကျဘူး..


အများသူငါပြောဆိုနေတဲ့ချက်ရွန်းထဲမှာမိန်းကလေးတွေရှိတယ်..မိန်းကလေးတွေအရှေ့မှာ
ဒီလိုဖေနဲ့မောင်နဲ့ ဆဲဆိုတာအတော်လေးရိုင်းဆိုင်းရာကျလွန်းပါတယ်....ဗျာ..
ဒီနှမတွေညီမတွေသာကိုယ့်ညီမ ကိုယ့်နှမတွေလို့ စိတ်ထဲခဏလောက်တွေးကြည့်လိုက်စမ်းပါမိတ်ဆွေရာ
ဒီလိုကိုယ့်နှမတွေအေ၇ှ့မှာကိုယ့်ညီမတွေအရှေ့မှာဆဲဆိုတာကိုဘယ်သူကြိုက်လည်း..
ရှင်းရှင်းပြောရရင် သူငယ်ချင်းတို့အဲ့လိုဆဲတဲ့သူကိုတောင် အပြင်မှာဆို ရန်ဖြစ်ကာထိုးမိမှာပေါ့မဟုတ်ဘူး
လား..


ဒီလိုပဲပေါ့ဗျာ..ကိုယ့်ကိုသူကမမြင်ရဘူး..ငါဒီကနေလူတကာကိုလိုက်ဆဲမယ်ဘာဖြစ်လည်း..
ဘာမှမဖြစ်ဘူး..ဆိုပြီးတော့လုပ်နေတာ..အမှန်တကယ်တော့....ကိုယ့်စိတ်ကိုအောက်တန်းချနေတဲ့
သူတစ်ယောက်ဖြစ်နေတာကိုသူကိုတိုင်မသိရှာဘူးပေါ့...ဒီတော့တစ်ခါကမဟုတ်တဲ့
ရှေးကတည်းကပြောနေကျတဲ့ယောကျာ်းလေးတိုင်းဟာမြင့်မြတ်သူတဲ့...ဒီစကားပုံကိုကျွန်တော်ပြောင်းပါတယ်
ယောကျာ်းလေးတိုင်းမြင့်မြတ်သူမဟုတ်ပါဘူး...မိန်းကလေးတိုင်းလည်းမမြင့်မြတ်ဘူးလို့ပြောလို့
မရပါဘူး...ကျွန်တော်ကတော့ဒီလိုလေးပြောလိုက်ချင်ပါတယ်..



မြင့်မြတ်သောအလုပ်ကိုလုပ်သောသူသည်မြင့်မြတ်သူဖြစ်၍
ယုတ်ညံ့သောအလုပ်ကိုလုပ်သောသူသည်ယုတ်ညံ့သူဖြစ်တယ်..
ယောကျာ်းလေးဖြစ်နေရယုံနဲ့ကိုယ့်ကိုမြင့်မြတ်တယ်လို့မထင်ပါနဲ့
သူငယ်ချင်းလုပ်နေတဲ့လုပ်ရက်ကယုတ်ညံ့တယ်ဆိုရင်သူငယ်ချင်းဟာယုတ်ညံ့သူပါပဲ
မိန်းကလေးဖြစ်နေပင်သောလည်း..
မြင့်မြတ်သောအလုပ်ကိုလုပ်နေရင်တော့သင်ဟာမြင့်မြတ်သူတစ်ယောက်ပါ..

ကဲချက်ရွန်းထဲကညီကိုမောင်နှမတွေသင်ကောမြင့်မြတ်သူဖြစ်ချင်ပါသလား...
ယုတ်ညံ့သူဖြစ်ချင်ပါသလား..
သင်ဖော်ပြခဲ့သောစကားလုံးတိုင်းကသင့်ရဲ့မြင့်မြတ်ချင်းယုတ်ညံ့ချင်းကိုဖော်ပြပါလိမ့်မယ်..

ရွေမြို့တော်ချက်ရွန်းလေးဒီ့ထက်မကပျော်ရွင်ပါစေ...

(ချစ်ဦးမောင်)**##စေတာနအရှေ့ထားလို့ရေးသားသည်..။

ချစ်ခင်လျက်သာ အပြစ်မတင်ရက်ပါ. ..

$
0
0

ချစ်သူ..

အလွတ်ဆိုးမိရင် မှားတတ်တယ် ..တဇွတ်ထိုးမလုပ်ပါနဲ့လားကွယ်နင်းသွားရမယ့် ဘ၀လမ်းကြောင်းပေါ်မှာ

စဉ်းစားချင့်ချိန်ပါမှ တော်ကာကျမယ်လေ..။

အမှန်အမှားဆိုတာရှိစမမြဲမို့ပြန်လှန်တွေးထားကာ ကောက်ချက်ဆွဲရမယ်လေအရာအရာမှာ

တစ်ဖက်သတ်ဆန်လို့မရသလိုမကြာမကြာ အပြတ်အသတ် ခံရတတ်တယ်အစွန်းရောက်တဲ့

အယူအဆတွေနဲ့ထွန်းပေါက်ဖို့ မကြိုးစားပါနဲ့။

မဇ္ဈိမ ပဋိမဋာ ပကတိအလှ အလယ်အလတ်လမ်းဟာ ဗုဒ္ဓဘုရားလည်း ဟောကြားခဲ့ပါတယ်။

အပေးအယူ နှစ်သက်ကြည်ဖြူမှသာ ညီတူစွာ အဆင်ပြေနိုင်မယ် အသည်းနှလုံးရဲ့ လှုပ်ခတ်နှုန်းတွေကို

နေအုံးလို့ ပြောမရသလို ...စိတ်မြန်တာလေးတွေကို တဆိတ်ချန်ခဲ့ပေးပါလို့တော့ ပြောပါရစေ .. ချစ်သူ။

*** ကျွန်မ ခံယူထိုက်သော ဂုဏ်ပုဒ်တစ်ခု ***

$
0
0

                   "ဖြူဖြူ" …….…

ဒီနာမည်ရဲ့ နောက်မှာ ကပ်ပါလာတဲ့ ဂုဏ်ပုဒ်တစ်ခုကတော့ ကျွန်မကို မေမေမွေးပြီး လူ့လောကထဲမှာ ဖေဖေနဲ့နှစ်ယောက်ထဲ ထားသွားတဲ့ အချိန်ကစပြီး မတောင်းဘဲ သူ့အလိုလို ရလာတဲ့ ဂုဏ်ပုဒ်ပါ…

 “အရက်သမား သမီးတဲ့”

ကြားရတာ နားဝမှာ ဆိုးရွားလိုက်တာနော်…

မေမေမရှိတော့တဲ့ နောက်ပိုင်း လူမမယ် ကျွန်မကို လူလားမြောက်အောင်အရက်ကို အဖော်ပြုပြီး ကမ္ဘာပေါ်မှာ ရှိသမျှ အလုပ် မလုပ်ဖူးဘူးဆိုတာ မရှိရလေအောင် လုပ်ကိုင်ကျွေးမွေးခဲ့တာ ဖေဖေပါ…

 ဖေဖေဆိုတာ ကျွန်မစိတ်ထဲက ခေါ်ဝေါ်တဲ့ အမည်နာမ တစ်ခုပါ…

 နှုတ်ကတော့ ဘယ်တော့မှ ထုတ်မခေါ်ဖူးခဲ့ပါဘူး…ဘာကြောင့်လဲဆိုတော့ ကျွန်မသိတတ်စ အရွယ်ထဲက နားထဲမှာ စွဲလာတဲ့ “အရက်သမားသမီး” ဆိုတဲ့ ဂုဏ်ပုဒ်ဟာ ဖေဖေကြောင့် ရခဲ့ရခြင်း ဖြစ်တဲ့အတွက်  ဖေဖေ့ရဲ့ ကျေးဇူးတရားတွေကိုပါ မမြင်နိုင်တော့ဘဲ စိတ်ထဲမှာ ဖေဖေ့ကိုရော ၊ အရက်ကိုရော နာကျင်မိနေခြင်းကြောင့်ပါ…

 ကျွန်မ မကြားလိုတဲ့ ဂုဏ်ပုဒ်ကို ကျောင်းမှာတော့ မကြားရတဲ့အတွက် ကျွန်မကျောင်းပျော်ဖြစ်ခဲ့ပါတယ်…ကျောင်းကပြန်လို့ ရပ်ကွက်ထဲရောက်ပြီဆိုရင်ဖြင့် ဒီနာမည်ကို မကြားချင်မှအဆုံး ကြားနေရတုန်းပါဘဲ…

 ခေါ်ပြောနေသူတွေကို မခေါ်မပြောဖို့ ကျွန်မ ဘယ်သောအခါမှမတားဆီးခဲ့ပါဘူး…

အမှန်တရားက သက်သေဖြစ်နေပြီလေ…ဒါကြောင့် ဖေဖေ့အပေါ်  နာကြည်းတဲ့စိတ်ကလည်း တစ်နေ့တစ်ခြား ကြီးထွားလို့သာ လာပါတော့တယ်…

 ဒီအရက်ကို မဖြတ်မချင်း ဖေဖေ လို့ဘယ်တော့မှ မခေါ်ဘူးလို့လဲ ကျွန်မစိတ်ထဲမှာ သန္ဓိဌါန်ချထားလိုက်မိပါတယ်…

 ကျောင်းပျော်ဖြစ်တဲ့ ကျွန်မဟာ ကျောင်းစာကိုဘဲ အာရုံစိုက်ခဲ့တဲ့အတွက် အတန်းတိုင်းမှာ အမြဲပထမဖြစ်ခဲ့ပြီး ဆရာ၊ ဆရာမတွေရဲ့  ချစ်ခင်မှုကို ရရှိခဲ့ပါတယ်…တစ်ဖက်ကလည်း ဖေဖေရဲ့  ထောက်ပံ့မှုကို မလိုချင်တော့တဲ့အတွက် ရရာအလုပ်ကို ကျောင်းစာတစ်ဖက်နဲ့ရှာဖွေရင်း ပညာရေးအတွက် လုံးပန်းခဲ့ရပါတယ်…

 ဒါကိုသိတဲ့ ကျွန်မကို ချစ်ခင်ကြသော ဆရာမတွေထဲက တစ်ယောက်ဖြစ်သော အပျိုကြီးဆရာမ ဒေါ်စိုးစိုးကလည်း ကူညီထောက်ပံ့ခဲ့ပါတယ်… အပျိုကြီး တစ်ကိုယ်တည်းဖြစ်တဲ့ ဆရာမဟာ ကျွန်မ ဆယ်တန်းနှစ်အရောက်မှာတော့ ကျွန်မကို မွေးစားဖို့ ဖေဖေ့ဆီမှာ ခွင့်ပန်လာပါတယ်…

 မှတ်မိပါသေးတယ်…အဲဒီနေ့က မိုးတွေရွာနေတယ်…

 မိုးရွာထဲမှာ ဆရာမ ထီးလေးဆောင်းပြီး ကျွန်မတို့ အိမ်ကိုရောက်လာပုံထောက်ရင် တစ်ခုခု ထူးတော့မယ်ဆိုတာ ကျွန်မရိပ်မိပါတယ်…ဖေဖေကတော့ သူ့စည်းစိမ်နဲ့သူ ယစ်မူးသာယာနေပါတယ်…

 “ကိုအုန်းဖေ” ကျွန်မက ဖြူဖြူအတန်းပိုင်ဆရာမပါ…

“သြော်” ဟုတ်ကဲ့ ကြွပါဆရာမ…ဖြူဖြူ ဆရာမကို ဖျာလေးခင်းပေးလိုက်ပါအုန်း…

 ကျွန်မဖေဖေရဲ့  ချီးကျူးစရာ အချက်တစ်ခုကတော့ ဘယ်လောက်မူးနေပါစေ လူမှုရေးသိတတ်ခြင်းပါ…

 “ထိုင်ပါ ဆရာမ” ဘာကိစ္စများရှိလို့ပါလဲ ခင်ဗျ…

 “ဒီလိုပါ…ခုဆို ဖြူဖြူဟာ အရွယ်လဲရောက်ပြီး အတန်းပညာကလည်း အရေးကြီးဆုံး အချိန်ကို ရောက်နေပါပြီ”

 ဒါကြောင့် ကျွန်မ ဖြူဖြူ့ ကို သမီးအရင်းလေးတစ်ယောက်လို ပြုစုစောင့်ရှောက်ချင်တဲ့အတွက် မွေးစားဖို့ လာတောင်းဆိုတာပါ…သူ့ရဲ့  ရှေ့ ရေးကို ကြည့်ပြီး ကိုအုန်းဖေ ခွင့်ပြုမယ်လို့ထင်ပါတယ်….

 ဆရာမရဲ့ စကားကိုကြားပြီး ဖေဖေဟာ ခေါင်းငိုက်စိုက်ကျပြီး ဘာစကားမှမပြောဘဲနေတာ အချိန်တော်တော်တောင်ကြာသွားပါတယ်…နောက်တော့ ကျွန်မကို ခေါ်ပြီး

 “သမီးသဘောထားကိုပြောပါ ၊ သမီးဆန္ဒရှိသလို ဖေဖေလိုက်လျောပေးပါမယ်”…

 ကျွန်မအတွက်တော့ အတိုင်းမသိ ဝမ်းသာခြင်းပေါ့…ဒီအိမ်ရယ်၊ ဒီရပ်ကွက်ရယ်၊ ဒီအခေါ်အဝေါ်တွေကြားက လွတ်မြောက်ချင်နေတာ ကြာပါပကော…

 ကျွန်မ မဆိုင်းမတွပါဘဲ ခေါင်းညိတ်ပြီး “ဆရာမသဘောထားအတိုင်းပါဘဲ” လို့ ပြန်ဖြေလိုက်ပါတယ်…ဖေဖေဟာ ကျွန်မကို အံ့သြကြီးစွာနဲ့စိုက်ကြည့်နေခဲ့ပါတယ်…

 ဒီလိုနဲ့ဘဲ ဆရာမ ဒေါ်စိုးစိုးသမီးအဖြစ် ကျွန်မဖြူဖြူ ပျော်ရွှင်စွာနဲ့ ဆရာမရဲ့  လိုလေသေးမရှိတဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးနဲ့နှစ်ချင်းပေါက် အောင်မြင်ခဲ့ပါတယ်…

 ဆရာမသမီးအဖြစ် နေလာပြီးထဲက ဖေဖေ့ဆီကို ကျွန်မ သီတင်းကျွတ်ရယ်၊ ဆယ်တန်းအောင်တုန်းကရယ်ဘဲ ဆရာမရဲ့  တိုက်တွန်းမှုကြောင့်သာ ရောက်ခဲ့ပေမဲ့ ကျန်တဲ့အချိန်တွေမှာတော့ ကျောင်းစာနဲ့လုံးပန်းနေရတဲ့အတွက် သတိတောင်မရခဲ့ပါဘူး…

 ကျွန်မ ဖေဖေရယ်လေ…ကျွန်မဆယ်တန်းကို ဘာသာစုံဂုဏ်ထူးနဲ့အောင်ကြောင်း၊ ဆရာဝန်လုပ်ဖို့ဆုံးဖြတ်ထားကြောင်း သွားပြောတုန်းက ရပ်ကွက်ထဲပတ်ပြေးပြီး

 “ဟေးးး အရက်သမားသမီး ဆရာဝန် ဖြစ်တော့မယ်ကွ” လို့အော်ပြေးခဲ့ပါတယ်…

 ဖေဖေရဲ့  လုပ်ရပ်ကို ကြည့်ပြီး ကျွန်မရှက်စိတ်ဝင်ခဲ့ပေမဲ့ စိတ်ထဲမှာတော့ “ကဲ…နောက်ဆိုဒေါက်တာဖြစ်တော့မှာ အရက်သမားသမီးလို့ ခေါ်နိုင်ကြသေးရဲ့ လား” ဆိုပြီး ကျွန်မ မာန်တက်မိခဲ့ပါသေးတယ်…

 ထိုက်တန်တဲ့အရာတစ်ခုကို လိုချင်တော့လည်း ထိုက်တန်သလောက်ပြန်ပေးဆပ်ရတာပေါ့နော်…

 ဆေးကျောင်းစာတွေဟာလေ ခက်လိုက်တာ အရမ်းဘဲ…ပထမနှစ်မှာ သိပ်မပင်ပန်းခဲ့ပေမဲ့ ဒုတိယနှစ်မှာတော့ တစ်ခါတစ်လေ ကျွန်မရူးချင်စိတ်တောင် ပေါက်မိပါတယ်…ဒါပေမဲ့ ကျွန်မရူးလို့ မဖြစ်ဘူး…

 အရက်သမားသမီးလို့ အခေါ်ခံရတဲ့ ဘဝကနေ အရူးမလို့ ထပ်ပြီးခေါ်ခံရတဲ့ဘဝကို ရောက်သွားမှာစိုးလို့ပါ…

 ခက်လိုက်စမ်း စာတွေရေ... “ ငါ့အသိဥာဏ်တွေ ပုံမှန်ရှိနေသေးသရွေ့  နင့်ကို အနိုင်ယူပြမယ်” လို့ ကိုယ့်ကိုယ်ကို အားပေးရင်း ကြုံးဝါးခဲ့ပါတယ်…

စာမေးပွဲတွေ အကြိမ်ကြိမ်ဖြေဆို၊ လက်တွေ့တွေ အကြိမ်ကြိမ်လုပ်ရင်း [ M.B.B.S] ဆိုတဲ့ ကျွန်မအတောင့်တဆုံး၊ ဂုဏ်အယူချင်ဆုံးဘွဲ့တစ်ခုကို ပိုင်ဆိုင်ရရှိခဲ့ပါပြီ…

 ဘွဲ့ယူတဲ့နေ့မှာတော့ ဆရာမက ဖေဖေ့ကိုလည်း ခေါ်သင့်ကြောင်း ပြောလာတဲ့အတွက် စိတ်ထဲက သိပ်မပါလှသော်လည်း ခေါ်ဖြစ်ခဲ့ပါတယ်…

 သူငယ်ချင်းတွေ မိသားစု စုံစုံညီညီနဲ့ ဓာတ်ပုံရိုက်နေရတာတွေ့တော့မြင်တောင်မမြင်ဖူးလိုက်တဲ့ မေမေ့ကိုသွားသတိရမိရင်း မျက်ရည်စို့ခဲ့ရပါသေးတယ်…

ဖေဖေ့ကို ပထမဆုံး ကျေးဇူးတင်မိတဲ့နေ့ကတော့ ကျွန်မဘွဲ့ ယူတဲ့နေ့ကပါဘဲ…

 ထူးထူးခြားခြား ဖေဖေဟာ အဲဒီနေ့က အရက်မသောက်လာဘဲ အရက်ဒဏ်ကြောင့် ကျန်းမာရေးလဲ ချို့ ယွင်းစ ပြုနေပြီဖြစ်တဲ့ သူရဲ့  ခန္ဓာကိုယ်ကို အသပ်ရပ်ဆုံးဖြစ်အောင် ပြင်ဆင်လာပါတယ်…

စိတ်ထဲကကျိတ်၍တော့ ကျေးဇူးတင်လိုက်မိပါတယ်…

 ဖြစ်ချင်တဲ့ဆန္ဒပြည့်ဝသွားတဲ့အတွက် ကျွန်မရင်ထဲမှာ ဖော်မပြတတ်အောင် ဝမ်းသာရင်း ကိုယ်ကြိုးစားခဲ့ရသမျှတွေ ပြန်လည်တွေးတောရင်း အဲဒီနေ့ညမှာဘဲ ဆရာမက ကျွန်မကိုပြောစရာ စကားရှိတယ်ဆို၍ ဧည့်ခန်းထဲမှာ ဆရာမ ဘာပြောမှာပါလိမ့်ဆိုပြီး ရင်ခုန်စွာနဲ့ ပြောလာမဲ့စကားကို နားစွင့်နေမိပါတယ်…

 “သမီး ဖြူဖြူ” …

 “ရှင်”  ဆရာမ  (မွေးစားထားပေမဲ့ နှုတ်ကျိုးနေ၍ ဆရာမလို့ဘဲ ခေါ်ခြင်းဖြစ်ပါသည်)

 “ခုဆိုရင် သမီးရဲ့ ဆန္ဒတွေလဲ ဖြစ်မြောက်ခဲ့ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တော့မယ်နော်”

“ ဟုတ်ကဲ့”

 “ သမီးကို ဆရာမ မပြောရက်ခဲ့ဘဲ လျို့ ဝှက်ထားခဲ့တဲ့ ကိစ္စတစ်ခုကို ဒီနေ့တော့ ဖွင့်ပြောရတော့မယ်…ဘာဖြစ်လို့လဲဆိုတော့ သမီးဖေဖေရဲ့  ကျန်းမာရေး အခြေနေဟာ တစ်နေ့တစ်ခြား ဆိုးရွားလာလို့ဘဲ”…

 “ဟင်” ဘာကိစ္စများလဲ ဆရာမရယ်… သမီး ရင်တွေထိတ်လိုက်တာ…

 “ဒီလို” သမီး…သမီးခုတက်ခဲ့တဲ့ ဆေးကျောင်းစရိတ်တွေ အားလုံးဟာ သမီးဖေဖေထောက်ပံ့ခဲ့တာတွေကြီးဘဲ…ဆရာမ ထောက်ပံ့တယ်ဆိုတာ အနည်းအကျဉ်းလောက်ဘဲပါတာ…

 “သမီး ဆရာမရဲ့  မွေးစားသမီးလုပ်ဖို့ ဆုံးဖြတ်လိုက်ထဲကသမီး ဖေဖေဟာ ဆရာမနဲ့ အပေးအယူ တစ်ခုလုပ်ခဲ့တယ်”…

 “ သမီး ကျောင်းစရိတ်တွေ အားလုံးကို သူတာဝန်ယူပါရစေတဲ့…သမီးဟာ သူ့ကြောင့် ပတ်ဝန်းကျင်မှာ မျက်နှာငယ်ခဲ့ရတဲ့အတွက် ဒီတစ်ခုလောက်တော့ သူပြန်ပေးဆပ်ချင်လို့ပါတဲ့လေ”…

“သမီးကျောင်းပြီးသွားရင်တော့ ဆရာမ ကြိုက်သလိုဆုံးဖြတ်ပါ” ၊

“ကျွန်တော်ကတော့ သမီးလေး သူ့အသိုင်းအဝိုင်းမှာ မျက်နှာမငယ်ရအောင် ထွက်သွားပေးပါ့မယ်လို့” ဆရာမနဲ့ အပေးအယူလုပ်ထားခဲ့တယ် သမီး…

“ခုလောက်ဆို သမီး ဖေဖေ သူပြောထားတဲ့ကတိအတိုင်း တစ်နေရာရာကို ထွက်သွားလောက်ပြီ…ဆရာမ ဘာကြောင့် ဒီအပေးအယူကို လက်ခံခဲ့တာလဲဆိုတော့ သမီးရဲ့ စိတ်ကို ဆရာမ သိနေတယ်လေ”…

 “အရက်သမားသမီး လို့အခေါ်မခံနိုင်တဲ့အတွက် ဒီစိတ်နဲ့သမီးကြိုးစားခဲ့တာကြောင့် သမီးတို့သားအဖကို ဆရာမ ခွဲစေချင်လို့တဲ့ ဆန္ဒမရှိပေမဲ့ သမီးဖေဖေကြောင့် သမီးထပ်ပြီး စိတ်ဆင်းရဲနေရမှာစိုးလို့ပါ” …

 “သမီးကျောင်းစရိတ်အတွက် သမီးဖေဖေဟာ နေ့ရော ၊ညပါ အလုပ်ကို မနားတမ်းလုပ်၊ သူ့အတွက် အရက်ဖိုးလေးသာချန်ပြီး ကျန်တာအကုန် သမီးအတွက် ထောက်ပံ့ခဲ့တာပါ…ဆရာမလည်း မကြည့်ရက်ပေမဲ့ သူ့ဆန္ဒလေး ပြည့်ဝစေချင်တဲ့အတွက် မျက်စိမှိတ်ပြီး သူ့ထောက်ပံ့မှုကို လက်ခံခဲ့တာပါ” …

 “ခုသူ့ကျန်းမာရေးလဲ ချို့ ယွင်းနေပြီ…ဆရာမကို အပြစ်မတင်ပါနဲ့နော်”…

 “သမီး ဘာလုပ်သင့်လဲဆိုတာ ကိုယ့်ဘာသာ စဉ်းစားဆုံးဖြတ်ပါ…ဆရာမကတော့ သမီးရဲ့  ဆုံးဖြတ်ချက်မှန်ကန်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် သမီးသဘောအတိုင်းပါ”

 “မြတ်စွာဘုရား”

 ကျွန်မ အမှားကြီး မှားပါပကောလား…ကျွန်မ စိတ်အနာကြီး နာခဲ့ပြီး ဒီအရက်မဖြတ်သရွေ့  ဘယ်တော့မှ ဖေဖေလို့ မခေါ်တော့ဘူး ဆုံးဖြတ်ထားသူက ကျွန်မရဲ့  စိတ်နာမှုကို ပြန်ပေးဆပ်သူဖြစ်နေပါပေါ့လား…

 “သမီး အမှားကြီး မှားခဲ့ပါပြီ ဖေဖေ”

 သမီးကို ခွင့်လွှတ်ပါလို့ မပြောချင်ပေမဲ့ ဖေဖေရဲ့  နောက်ဆုံးလက်ကျန်ဘဝလေးကို သမီးရဲ့လက်ထဲမှာဘဲ ကုန်ဆုံးစေရမယ်...

 အရက်သမားသမီး မဖြစ်ချင်လို့ ဆရာဝန်ဖြစ်အောင် ကြိုးစားခဲ့တဲ့ ကျွန်မ ခုတော့ ကျွန်မရဲ့  ပထမဆုံးသောလူနာဟာ ကျွန်မဖေဖေဖြစ်နေပါပြီ…

 စိတ်ချပါ ဖေဖေ…ကျွန်မ တတ်ကျွမ်းထားတဲ့ ပညာတွေကုန်ရင်ကုန်သွားပါစေ အစွမ်းကုန် ကုသစောင့်ရှောက်ရင်း မကျေနိုင်တော့ပေမဲ့ ကျေနိုင်သလောက် ကျေးဇူးဆပ်ခွင့်ပြုပါနော်…

မိုးလင်းတာနဲ့ ဖေဖေ့ကို ရှာပုံတော်ဖွင့်ဖို့ …

“အဖေမှားလည်း အဖေမှန်ပါတယ်” ဖေဖေ လို့ရှိခိုး ဦးချရင်း ကျွန်မ ခံယူထိုက်တဲ့ ဂုဏ်ပုဒ်တစ်ခုကို ဖေဖေ့ ရှေမှာ

ရဲဝံ့စွာ ခံယူဖို့ မနက်ဖြန်အတွက် အားအင်သစ်တွေမွေးရင်း ကျွန်မ မျက်စိစုံမှိတ် အိပ်ရာဝင်ခဲ့ပါပြီလေ………..

 

 

 

(ချစ်ရတဲ့ ညီမလေးတစ်ယောက်ကို ဖတ်စေလို၍ ခံစားရေးဖွဲ့ထားခြင်းဖြစ်ပါသည်)

အားပေးမှုကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ထပ်၍ကြိုးစားပါအုန်းမည်။          ။

 

မေတ္တာရှိရင် အားလုံး ရှိတယ်(ဒီနေ့ဥပုပ်နေ့ဖြစ်ပါတယ်)

$
0
0

မေတ္တာရှိရင် အားလုံး ရှိတယ်
*********************



***ဒီနေ့ဥပုသ်နေ့လေးမှာ ဥပုသ်သတင်းဆောက်တည်ရင်းမေတ္တာပွားနိုင်ပါစေ

ကမ္ဘာပေါ်မှာ နှစ်သက်မြတ်နိုးဖွယ်ရာ အကောင်းဆုံးဟာ မေတ္တာပါပဲ။ မေတ္တာတရားဟာ

ယဉ်ကျေးမှုရဲ့ အသည်းနှလုံး၊ ငြိမ်းချမ်းခြင်းရဲ့ ဗဟိုချက်မ၊ မြင့်မြတ်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ် ပါတယ်။ မေတ္တာတရားမှာ ရွှင်လန်းချမ်းမြေ့တဲ့မျက်နှာ၊ ချိုသာကြည်မြတဲ့ အသံ၊ နူးညံ့သိမ် မွေ့တဲ့ အမူအရာနဲ့ ယဉ်ကျေးပျူငှာတဲ့ နှလုံးသားရှိပါတယ်။


မေတ္တာနဲ့ အိပ်စက်ရခြင်း၊ မေတ္တာနဲ့ နိုးထရခြင်း၊မေတ္တာနဲ့ ရှင်သန်နေထိုင်ရခြင်းတွေဟာ ဘ၀ရဲ့ အလှအပနဲ့ နှလုံး မွေ့လျော်ပျော်ဖွယ်ရာတို့ရဲ့ ဖြစ်ဖျားခံရာဖြစ်သလို လူ့ဘ၀ရဲ့ ခွန်အား၊ လူ့စိတ်ရဲ့ အလင်းရောင်၊ လူလောကရဲ့ မီးရှုးတန်ဆောင်လည်း ဖြစ်ပါတယ်။

လောကမှာ အလှတရားဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် မေတ္တာ တရားရဲ့ အလှနဲ့ ယှဉ်လိုက် ရင် ကြွင်းကျန်သမျှဟာ `ဖွဲနဲ့ဆန်ကွဲ´ဖြစ်ကုန်ပါတယ်။


မေတ္တာပန်းတွေ ပွင့်လန်းဝေဆာနေတဲ့ နှလုံးသားဥယာဉ်ခြံကျယ် ကြီးတွေမှာဆိုရင် ဘ၀ရဲ့ ခါးသီးခက်ထန်မှုတွေက မြေဆီမြေသြဇာတွေဖြစ်သွားပြီး ဘေးရန်အန္တရာယ် အသွယ် အသွယ်ကတော့ သာယာငြိမ့်ညောင်းတဲ့ စမ်းချောင်း ကလေးတွေအဖြစ် ပြောင်းသွားပါတယ်။ အခက်အခဲ အကျပ်အတည်း ပြဿနာပေါင်းစုံက တောင်ကုန်းမို့မို့လေးတွေလို ကြည့်ရှုမ၀ ဖြစ်နေပြီး၊ အနှောက်အယှက် အတားအဆီး အချုပ်အချယ်မျိုးစုံကတော့ လမ်းကွေ့လမ်း ကောက်ကလေးတွေလို သာယာလှပနေပါတယ်။

စိတ်ညစ် စိတ်ရှုတ်စရာတွေက ပျားပိတုန်း ကောင်လေးတွေဖြစ်သွားပြီး စိတ်ပျက် အားငယ်မှုလေးတွေကတော့ ရောင်စုံလိပ်ပြာငယ်တွေ အဖြစ် ပြောင်းလဲကုန်ပါတယ်။
မေတ္တာတရားရဲ့ စွမ်းအားဟာ အင်မတန် အံ့သြဖို့ကောင်းပါတယ်။

ပူလောင်ညှိုးနွမ်းနေတဲ့ နှလုံးသားတွေကို အေးချမ်းလန်းဆန်းစေပြီး၊ အေးစက် မာကျောနေတဲ့ နှလုံးသားတွေကို တော့ နူးညံ့စေပါတယ်။ အတ္တ၊မာန မစ္ဆရိယ စတာတွေကြောင့် ကျဉ်းကျပ်သေးသိမ်နေတဲ့ နှလုံးသားတွေကို ကြီးကျယ် မြင့်မြတ်လာအောင် ချဲ့ထွင်မြှင့်တင်ပေးပြီး၊ လောဘ၊ဒေါသ၊မောဟ စတာတွေကြောင့် အမိုက်အမှောင်ကျနေတဲ့ လကွယ်ည နှလုံးသားတွေကိုတော့ လပြည့်ဝန်းလို ထွန်းလင်းသာယာစေပါတယ်။

မေတ္တာတရားရဲ့ ကျေးဇူးကြောင့် လူသားတွေဟာ ဘ၀နဲ့ လောကကို ပျော်ရွှင်ရဲဝံ့စွာ ရင်ဆိုင်နိုင်ရုံမျှမက၊ လောကကောင်းကျိုးကို သယ်ပိုးဖို့ ၀န်မလေးတဲ့သူတွေ၊ လောကကို အလှပြုပြင် တန်ဆာဆင်ပေးတဲ့ သူတွေ ဖြစ်လာပါတယ်။

မေတ္တာတရားဟာ လူသားတွေကို မဆင်မခြင် မိုက်လုံးကြီးမှု၊ အောက်တန်းကျ ယုတ်ညံ့မှု၊ မယဉ်ကျေးမှု ဗွက်နွံအတွင်းက ထုတ်ဆယ်ပြီး အသိအလိမ္မာနဲ့ အဆင့်အတန်းရှိ ယဉ်ကျေးတဲ့ပုဂ္ဂိုလ်အဖြစ် မြှင့်တင်ပေးပါတယ်။ အေးအတူပူအမျှ သက်၇ှိအချင်းချင်း ကူညီယိုင်းပင်းပြီး ချစ်ခင်စွာဖွဲ့စည်း နေထိုင်တတ်တဲ့ မိသားစုကမ္ဘာကို ဖန်တီးပေးပါတယ်။

ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာလောကရဲ့ ကြည်နူးဖွယ်ရာ အခြေအနေအားလုံးအတွက် ကျေးဇူး စကားဆိုရမယ့် ဆိုသင့်တဲ့အရာဟာ မေတ္တာတရားပါ။ အကြမ်းဖက်မှုတွေ ပပျောက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်ရေး ဟစ်ကြွေးလျက်ရှိတဲ့ ခေတ်သစ်ကမ္ဘာလောကအတွက် မေတ္တာတရား အရိုးသားဆုံး ကျင့်ဝတ်တစ်ခုဖြစ်ပါတယ်။ မြင့်မြတ်တဲ့ လူသားအဖြစ်နဲ့ ငြိမ်းချမ်းရေးနဲ့ ပျော်ရွှင်ချမ်းမြေ့ရေး ပန်းတိုင်ကို ရောက်နိုင်ေ၇း ခရီးစဉ်မှာ မှန်မှန်ကန်ကန် လမ်းညွှန်ဦးဆောင်မှု ပေးနိုင်တဲ့ အရာဟာလည်း မေတ္တာတရားပဲ ရှိပါတယ်။

မေတ္တာတရား ဆိုတာ လူမျိုး မရွေး ဘာသာမရွေး ပုဂ္ဂိုလ်မရွေး ဒေသမရွေး ကျင့်သုံး ထိုက်တဲ့ အဖြူထည် အရိုးခံ သဘောတရားတစ်ခု ဖြစ်တဲ့အပြင်၊ လူတစ်ဦးချင်းစီရဲ့ လူမှုရေး ပညာရေးကျန်းမာရေး စီးပွားရေး စတဲ့ အရေးကိစ္စ ပေါင်းစုံတွေမှာ အမြဲဆက်နွယ်ပါဝင်နေတဲ့ အဆောင် သဘောတရားတစ်ခုလည်း ဖြစ်ပါတယ်။ မေတ္တာတရားရဲ့ အရေးပါ အရာရောက်မှုနဲ့ စိမ့်ဝင်ပတ်သက်နေတဲ့ နယ်ပယ်ဧရိယာဟာ အင်မတန် ကြီးမား ကျယ်ပြန့်ပါတယ်။
  လောကီဘ၀ အောင်မြင်ေ၇းမှာလည်း မေတ္တာတရားက အရေးကြီးပြဌာန်းပါတယ်။ မေတ္တာတရားဟာ လောကီဘ၀အောင်မြင်မှုရဲ့ အရုဏ်ဦးပါ။
မေ၀တီ

ဘာဘဲလုပ်လုပ် ဘယ်ကိုဘဲသွားသွား မြန်မာပြည်ကိုချစ်တယ် ဆိုတဲ့..မနန်းခင်ဇေယျာကိုမဲပေးလိုက်ကြရအောင်

$
0
0
Whatever I do, wherever i go, I love Myanmar and I'm proud of that.... Nang Khin Zay Yar
ဘာဘဲလုပ်လုပ် .. ဘယ်ကိုဘဲသွားသွား .. မြန်မာပြည်ကိုချစ်တယ် .. အဲဒီအတွက် ဂုဏ်ယူတယ်
နန်းခင်ဇေယျာ

၁. အင်တာနက်မယ် (Miss Internet)
http://www.flickr.com
/photos/64086169@N03/8062634660/
ဒီလိခ့်ကို နှိပ်လိုက်ရုံနဲ့ အမှတ်တက်သွားပါမယ်။ အကြီမ်ကြိမ်နှိပ်ပေးကြပါ။
(ဖြစ်နိုင်ရင် favorite လုပ်ပေးပါ။ comments ရေးပေးပါ။)

တခြားနိုင်ငံတွေရဲ့ အလှမယ်ပုံတွေကို လိုက်ကြည့်မိရင် ထိုအလှမယ်တွေ အမှတ်တက်သွားမယ်။ အပေါ်မှာပေးထားတဲ့ လိခ်ကိုသာ ထပ်ခါတလဲလဲ နှိပ်ပေးပါ။ ကျေးဇူးတင်ပါတယ်။

၂. ပရိတ်သတ်အနှစ်သက်ဆုံးမယ် (Miss International 2012 People's Choice Award) ဆုကို တရားဝင် နေ့တိုင်း မဲပေးခွင့်ရှိတယ်။
http://poll.pollcode.com/u7r1ht
ကို နှိပ်ပါ။ Myanmar ကိုရွေးပါ။ vote ကိုနှိပ်ပါ။ ကျေးဇူး။

နန်းခင်ဇေယျာ ဖစ့်ဘုတ်
https://www.facebook.com/nangkhin.zayyar.9
Photo: Whatever I do, wherever i go, I love Myanmar and I'm proud of that.... Nang Khin Zay Yar ဘာဘဲလုပ်လုပ် .. ဘယ်ကိုဘဲသွားသွား .. မြန်မာပြည်ကိုချစ်တယ် .. အဲဒီအတွက် ဂုဏ်ယူတယ် နန်းခင်ဇေယျာ ၁. အင်တာနက်မယ် (Miss Internet) <a href=http://www.flickr.com/photos/64086169@N03/8062634660/ ဒီလိခ့်ကို နှိပ်လိုက်ရုံနဲ့ အမှတ်တက်သွားပါမယ်။ အကြီမ်ကြိမ်နှိပ်ပေးကြပါ။ (ဖြစ်နိုင်ရင် favorite လုပ်ပေးပါ။ comments ရေးပေးပါ။) တခြားနိုင်ငံတွေရဲ့ အလှမယ်ပုံတွေကို လိုက်ကြည့်မိရင် ထိုအလှမယ်တွေ အမှတ်တက်သွားမယ်။ အပေါ်မှာပေးထားတဲ့ လိခ်ကိုသာ ထပ်ခါတလဲလဲ နှိပ်ပေးပါ။ ကျေးဇူးတင်ပါတယ်။ ၂. ပရိတ်သတ်အနှစ်သက်ဆုံးမယ် (Miss International 2012 People's Choice Award) ဆုကို တရားဝင် နေ့တိုင်း မဲပေးခွင့်ရှိတယ်။ http://poll.pollcode.com/u7r1ht ကို နှိပ်ပါ။ Myanmar ကိုရွေးပါ။ vote ကိုနှိပ်ပါ။ ကျေးဇူး။ နန်းခင်ဇေယျာ ဖစ့်ဘုတ် https://www.facebook.com/nangkhin.zayyar.9" height="403" width="403" />
.
Photo: စေတနာရှင်တွေအတွက်သာ ရည်ရွယ်သည် မကူညီချင်ရင်တောင် အနှောက်မယှက်တော့ မပေးပါနဲ့ ကျေးဇူးပြုပြီး ဘိုလို မရေးပါနဲ့နော် _________________ ညီမကို ပံ့ပိုးအားပေးသူတွေကို ညီမ အပြည့်အ၀ယုံကြည်ပါတယ်။ ဒီနေ့တော့ စိုးရိမ်နေပါတယ်။ ဘာလို့လဲဆိုတော့ အန္ဒိယမယ်ဟာ ဒီနေ့ တစ်နေကုန် အင်တာနက်သုံးနေပြီးတော့ သူ့ မဲအရေအတွက်ကလည်း အရမ်းတက်လာပါတယ်..... ကူညီကြပါဦးနော်...... Nang Khin Zay Yar ၁. အင်တာနက်မယ် (Miss Internet) <a href=http://www.flickr.com/photos/64086169@N03/8062634660/ ဒီလိခ့်ကို နှိပ်လိုက်ရုံနဲ့ အမှတ်တက်သွားပါမယ်။ အကြီမ်ကြိမ်နှိပ်ပေးကြပါ။ (ဖြစ်နိုင်ရင် favorite လုပ်ပေးပါ။ comments ရေးပေးပါ။) တခြားနိုင်ငံတွေရဲ့ အလှမယ်ပုံတွေကို လိုက်ကြည့်မိရင် ထိုအလှမယ်တွေ အမှတ်တက်သွားမယ်။ အပေါ်မှာပေးထားတဲ့ လိခ်ကိုသာ ထပ်ခါတလဲလဲ နှိပ်ပေးပါ။ ကျေးဇူးတင်ပါတယ်။ ၂. ပရိတ်သတ်အနှစ်သက်ဆုံးမယ် (Miss International 2012 People's Choice Award) ဆုကို တရားဝင် နေ့တိုင်း မဲပေးခွင့်ရှိတယ်။ http://poll.pollcode.com/u7r1ht ကို နှိပ်ပါ။ Myanmar ကိုရွေးပါ။ vote ကိုနှိပ်ပါ။ ကျေးဇူး။ နန်းခင်ဇေယျာ ဖစ့်ဘုတ် https://www.facebook.com/nangkhin.zayyar.9" height="403" width="403" />
စေတနာရှင်တွေအတွက်သာ ရည်ရွယ်သည်
မကူညီချင်ရင်တောင် အနှောက်မယှက်တော့ မပေးပါနဲ့
ကျေးဇူးပြုပြီး ဘိုလို မရေးပါနဲ့နော်
_________________
ညီမကို ပံ့ပိုးအားပေးသူတွေကို ညီမ အပြည့်အ၀ယုံကြည်ပါတယ်။ ဒီနေ့တော့ စိုးရိမ်နေပါတယ်။ ဘာလို့လဲဆိုတော့ အန္ဒိယမယ်ဟာ
ဒီနေ့ တစ်နေကုန် အင်တာနက်သုံးနေပြီးတော့ သူ့ မဲအရေအတွက်ကလည်း အရမ်းတက်လာပါတယ်..... ကူညီကြပါဦးနော်......
Nang Khin Zay Yar

၁. အင်တာနက်မယ် (Miss Internet)
http://www.flickr.com/photos/64086169@N03/8062634660/ ဒီလိခ့်ကို နှိပ်လိုက်ရုံနဲ့ အမှတ်တက်သွားပါမယ်။ အကြီမ်ကြိမ်နှိပ်ပေးကြပါ။
(ဖြစ်နိုင်ရင် favorite လုပ်ပေးပါ။
comments ရေးပေးပါ။)

တခြားနိုင်ငံတွေရဲ့ အလှမယ်ပုံတွေကို လိုက်ကြည့်မိရင် ထိုအလှမယ်တွေ အမှတ်တက်သွားမယ်။ အပေါ်မှာပေးထားတဲ့ လိခ်ကိုသာ ထပ်ခါတလဲလဲ နှိပ်ပေးပါ။ ကျေးဇူးတင်ပါတယ်။

၂. ပရိတ်သတ်အနှစ်သက်ဆုံးမယ် (Miss International 2012 People's Choice Award) ဆုကို တရားဝင် နေ့တိုင်း မဲပေးခွင့်ရှိတယ်။
http://poll.pollcode.com/u7r1ht
ကို နှိပ်ပါ။ Myanmar ကိုရွေးပါ။ vote ကိုနှိပ်ပါ။ ကျေးဇူး။
နန်းခင်ဇေယျာ ဖစ့်ဘုတ်
https://www.facebook.com/nangkhin.zayyar.9

မြန်မာ့သွေး ´ရေ´မရောစေဖို့

$
0
0
သစ်တစ်ပင်တည်းဆိုလျှင် လေတိုက်၍ အလွယ်တကူ လဲနိုင်၏ ထင်းတစ်ချောင်းထဲဆိုလျှင်
အလွယ်တကူ ချိုးဖဲ့နိုင်၏ဟူသော စကားများသည် ကြားနေကြစကားတွေပါပဲ။ အမြဲတမ်းမှန်းကန်
နေသော စကားများဆိုလျင်လည်း မမှားပါဘူး။ လူမျိုးတစ်ခု တည်ရှိနေဖို့က ထိုလူမျိုး၏ စည်းလုံး
ညီညွတ်မှုသည် အဓိက ဖြစ်သည်။
ကမ္ဘာပေါ်မှာ မြန်မာဟူသော ဂုဏ်ကို မြှင့်တင်ဖို့သည် ကျွန်တော်တို့၏ တာဝန်ဖြစ်သည်။ထို့အတူ
ပင် မြန်မာလူမျိုးဆက်လက်တည်ရှိနေအောင် ထိန်းသိမ်းကာကွယ်ဖို့သည် လည်းကျွန်တော်တို့၏
တာဝန်သာဖြစ်သည်။ လူမျိုးရေး ခွဲခြားဖို့ ဆိုလိုခြင်းမဟုတ်။ ဘာသာတရားတွေ ဆုပ်ကိုင်ထားဖို့
ပြောနေခြင်း မဟုတ်ပါဘူ။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကိုယ့်အမျိုးဘာသာ သာသနာကို ထိန်းသိမ်း
စောင့်ရှောက်ဖို့အတွက်တော့ ကျွန်တော်တို့ အားလုံး လုပ်ဆောင်ရလိမ့်မည်။
ကိုယ်အမျိုးဘာသာကို ထိန်းသိမ်းစောင့်ရှောက်ရာတွင်လည်း နည်းမှန်လမ်းမှန် နဲ့ထိန်းသိမ်း
စောင့်ရှောက်ကြဖို့လိုပါသည်။ ဆဲရေးတိုင်းထွာပြီး တုန့်ပြန်ခြင်းဟာ မှန်ကန်တဲ့ နည်းလမ်းမဟုတ်
မဟုတ်ဘူးဆိုတာတော့ ပြောချင်သည်။ ဆဲရေးမှုနဲ့တုန့်ပြန်ခြင်းက ရိုင်းစိုင်းခြင်းဟူသော အဓိပ္ပါယ်သာ
ထွက်လိမ့်မည်။ ကျွန်တော်တို့ လုပ်ဆောင်ရမှာက -
(၁) တိုင်းရင်းသား စည်းလုံးညီညွတ်ရေး
(၂) ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်မြေ မတိမ်ကော မပျောက်ကွယ်ရေး
(၃) ကျွန်တော်တို့ လူမျိုးသွေး ရေ မရောရေး တို့ကို တာဝန်သိသိ သတိရှိရှိနဲ့ လုပ်ဆောင်ရမည်။
ထို့အတွက် ကျွန်တော်တို့တတွေ ညီညွတ်ကြရမည်။ မြန်မာအချင်းချင်း ရိုင်းပင်းကူညီကြရမည်။
အချင်းချင်း ရိုင်းပင်းမကူညီပါက အမျိုးခြားက ကူညီလျှင် ထိုမြန်မာ လူမျိုးခြားနောက်ပါသွားမည်။ ကမ္ဘာပေါ်
မှာ မြန်မာကို မြန်မာအတိုင်းပဲ ရှိဖို့ ကာကွယ်ထိန်းသိမ်းပေးကြပါ။ မြန်မာအချင်းချင်း ရိုင်းပင်းကူညီခြင်း
ဖြင့်စောင့်ရှောက်ကြပါ။ အမျိုးခြားရန်ကို အတွင်းရော အပြင်ပါလှိုက်စား မှုမရှိအောင် မြန်မာအချင်းချင်း
ကျောချင်းကပ်၊ ရင်ချင်းအပ်၍ ကာကွယ်ရမည်။
လူမျိုးရေး ခွဲခြားလျင်း ပြုံးတဲ့ အပြုံးတွေက ခါးနေလိမ့်မည်။ ဘာသာတရားကို ဆုပ်ကိုင်ပြီး ကြည့်လျှင်
အကြည့်တွေက စိမ်းနေလိမ့်မည်။ ကျွန်တော်တို့ လူမျိုးရေး မခွဲခြားလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့
လူမျိုးကိုတော့ ကျွန်တော်တို့ ချစ်သည်။ ကျွန်တော်တို့ရဲ့ ဘာသာတရားကိုကျွန်တော်တို့လေးစားသည်။
မြတ်နိုးသည်။ လူကိုလူချင်း နားလည်ပေးနိုင်သော်လည်း မြန်မာကိုတော့ မြန်မာအတိုင်းသာရှိစေချင်သည်။
မြန်မာ့သွေး ရေ မရောစေချင်ပါဘူး။ အာလုံးပေါင်းစု၍ ကာကွယ်ကြရမည်ဖြစ်သည်။ ကမ္ဘာမှာ မြန်မာတို့ရဲ့
ဂုဏ်ရည်၊ အင်အားနဲ့ ခြေလှမ်းတွေအတွက် မြန်မာပြည်သူပြည်သား ပီပီ ၀ိုင်းဝန်း၍ စဉ်းစားပေးဖို့ကိုလည်း
ပြောချင်ပါသေးသည်။ မြန်မာတို့ရဲ့ညီညွတ်ခြင်း အင်အားနဲ့ ခြေလှမ်းတွေကို ၀ိုင်းဝန်းဖော်ဆောင်ကြရမည်။
မြန်မာ့သွေး ရေ မရောစေဖို့အတွက် ကမ္ဘာမှာ မြန်မာတို့ အခန်းကဏ္ဍ တွင်ကျယ်စေဖို့ အတွက် မြန်မာတစ်
မျိုးသားလုံးမှာ တာဝန်ရှိပါသည်။

ှလှည့်ကွက်

$
0
0

အချစ်ဆိုတဲ့အရာ

              အချစ်ဆိုတာကို မင်းတို့ဘယ်လို မြင်ကြသလဲ  ကျွန်တော်လေ ကောင်မလေးတစ်ယောက်ကိုချစ်မိဖူးပါတယ်

          ဒါပေမယ့် သူက ကျွန်တော့်ကို ချစ်ခဲ့ တာက တစ်ခဏတာပါ

ဒါကြောင့် ကျွန်တော်သူ့ ကို ပြောလိုက်ချင်တာက

လူတိုင်းမှာ လှည့်ကွက်ဆိုတာတော့ ရှိကြတာပါပဲ

အဲဒီလှည့်ကွက်ကိုမင်းသိရင်

လူတွေကိုမင်းလှည့်စားလို့ရပြီ

ဒါပေမယ့်

အဲဒီလှည့်ကွက်ထဲကိုမင်းဝင်သွားရင်တော့

မင်းအလှည့်စားခံရမှာနော်

                      ကျွန်တော် အားလုံးကိုတောင်းဆိုချင်ပါတယ်

                    သူ့ကိုတွေ့ရင်ပြောပေးကြပါ ကျွန်တော်သူ့ကို ချစ်နေဆဲပါလို့


****ဘီလူးထိုင်ငိုမဲ့ရုပ်တဲ့****

$
0
0

လင်နဲ့မယား လျှာနဲ့သွားလို့ ဆိုထုံးရှိတာနဲ့အညီ ရန်ဖြစ်ကြတယ်၊ပူးကပ်နေကြတဲ့လျှာနဲ့သွားကို ကိုက်မိသလိုအမြဲတွဲယှဉ်ပူးကပ်နေတဲ့ 

ဖြစ်ကြတာပါပဲ။စိတ်နေစိတ်ထားညံ့ ရင်အသေးအဖွဲ့ နဲ့ ရန်ဖြစ်ကြတယ်။တယောက်ယောက်ကသည်းခံတတ်ရင်လဲတော်ရုံတန်ရုံကိစ္စတောင်ရန်မဖြစ်ကြဘူး...။

“အဖေထက်၊အမေထက်၊ဆွေမျိုးတွေထက်ပိုချစ်ရသူရယ်“ဆိုတဲ့   သီချင်းတောင်ရှိသေးတယ်မဟုတ်လား...။                                     ဘာ ပြုလို့ရန်ဖြစ်ရမှာလဲ...။

     အခုဖြစ်တယ်လေ....၊

         အဓိကအကြောင်းကတော့စားရေးနေရေးဖြစ်မှာပါ၊စကားများရင်းနဲ့  မခံချင်စိတ်ဝင်လာတယ်။ဒေါသပါလာတယ်၊နိုင်အောင်ပြောချင်စိတ်၊နာကြည်းအောင် ပြောချင်စိတ်တွေလွှမ်းလာတယ်။အဲဒါကြောင့်မယားက                                

ဟောဒီလို......“အောင်မလေး...၊မနေချင်ဆင်းသွား.မနေချင်ဆင်းပြောရအောင်“နင့်တဲ့ကိုများ ရွှေနန်းတော်မှတ်နေသလား၊သုသာန်ဇရပ်ပျက်လောက်မှ မသားနားပဲ”လို့ညေပာတဲ့အခါလင်ကချေပတယ်။“အဲဒါဆိုလဲ  ကြွပါ. မြန်မြန်”    သွားမယ်...သွားမယ်....၊နင်လိုကောင်မျိုးထက်သာတာတွေ  ငါ့ရုပ်  ငါ့ရည်နဲ့  ဆယ်ကောင်မကအချိန်မရွေး၇နိုင်တယ်” “ကွယ်လေးရဲ့၊ငါ့ရုပ်ငါ့ရည်တဲ့ ၊လွဲတယ်မဟုတ်လား၊ချောတယ်မဟုတ်လား၊သရဲပြေးပြီး ဘီလူးငိုမယ့်ရုပ်ကများငါ့ရုပ်ငါ့ရည်တဲ့ကျသကွာ”

လင်မယားထသတ်ကြတယ်၊အိမ်နီးချင်းတွေမှာအူလှန်သည်းလှန်ရယ်နေကြရလို့  ရန်ပွဲကိုဖျန်ဖြေဖို့သတိမရကြဘူး။

နှလုံးသားမြို့တော်ကဗျာပြိုင် ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား

$
0
0

                                  နှလုံးသားမြို့တော်ကဗျာပြိုင် ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား           

                 ကဗျာပြိုင် ပွဲဆု၇သူများ ကို        စတင်ကြေညာပါတော့မယ်ခင်ဗျာ          

                  ကဗျာပြိုင်ပွဲပထမဆု ကို၇၇ှိသွားသူကတော့ အကိုစံလင်း ပဲဖြစ်ပါတယ်ခင်ဗျားးးးးးးးးးး

           


Friends18.com Orkut Scraps
စံလင်း (ချစ်သူ့မြို့တော်မန်ဘာတစ်ဦး)
သူ့၇ဲ့ကဗျာလေးကတော့
အောက် မှာဖတ်၇ှုပေးကြပါဗျာ

Friends18.com Orkut Scraps
စေတနာ ဆန္ဒ

ကြွယ်ဝ ချမ်းသာ ၊ လူများစွာတို့။

ပစ္စည်း ဥစ္စာ၊ ရှိနေ ပါလည်း၊

ဆက်ကာ ရှာဆဲ၊ လိုချင် ဆဲသည်၊

တစ်ထွာ စာမျှ၊ ထို ဒုက္ခ အတွက်။



ဆင်းရဲ နုံချာ၊ လူများ စွာတို့။

နေပူ ဆင်းရဲ၊ ဖျားကာ နေလည်း။

ပစ္စည်း ဥစ္စာ၊ ရှာရ မြဲသည်။

တစ်ထွာ စာမျှ၊ ထို ဒုက္ခ အတွက်။



လူ့ဘုံ လူရွာ၊ လူ့ ရာဇာတို့၊

ပြောတိုင်း ဖြစ်ဘိ၊ အာဏာ ရှိလည်း၊

ခိုင်းမြဲ ရမြဲ၊ လိုချင် မြဲသည်၊

တစ်ထွာ စာမျှ၊ ထို ဒုက္ခ အတွက်။



လူ့ဘုံ လူ့ရွာ၊ လူ့နောက်ပါ တို့။

အာဏာ မရှိ၊ လုပ်နေ မိလည်း၊

ဆက်ကာ လုပ်ဆဲ၊ လုပ်ရ မြဲသည်၊

တစ်ထွာ စာမျှ၊ ထို ဒုက္ခ အတွက်။



တောမှာ နေကြ ၊ သမဏ တို့၊

တရား မှတ်ကြ၊ ငြိမ်းအေးကြ လည်း၊

သပိတ်ကို ဆွဲ၊ ဆွမ်းခံ မြဲသည်။

တစ်ထွာ စာမျှ၊ ထို ဒုက္ခ အတွက်။



ခန္ဓာ ရလာ၊ သတ္တ၀ါ တို့ ၊

ဘယ်သူ ဘယ်ဝါ၊ ဂုဏ်ကွာ နေလည်း၊

လှုပ်ကာ ရှားကာ၊ လုပ်နေ ပါသည်၊

တစ်ထွာ စာမျှ၊ ထို ဒုက္ခအတွက်။



ကိုယ် စိတ် နှစ်ဖြာ၊ ဆင်းရဲ နေရ၊

ရှာရ ဖွေရ ၊ ထို ဒုက္ခကို၊

ချုပ်ကြ ပိုင်ပိုင်၊ တန့်ထားနိုင်မှ၊

အေးငြိမ်းကြ မည်၊

တရား ကိုယ်စီ၊ ရှိစေတည်း။

ထိုဒုက္ခမှ လွတ်စေတည်း။

Friends18.com Orkut Scraps
ေ၇ွးချယ်၇သည့်အကြောင်းအ၇င်း
၁။ကဗျာပြိုင်ပွဲစည်းကမ်းချက်များနဲ့ကိုက်ညီခြင်း
၂။ကဗျာစည်းကမ်းအမှားအနည်းဆုံးဖြစ်ခြင်း
၃။ဘ၀သ၇ုပ်ဖော်အဖွဲ့ကောင်းဖြစ်ခြင်း
၎။သုတ၊၇သပေးနိုင်ခြင်း
၅။ေ၇ွးချယ်ေ၇းအဖွဲ့မှတစ်ညီတစ်ညွတ်ထဲပထမအဖြစ်သတ်မှတ်ထားသောကဗျာ
ဖြစ်ခြင်း။
၆။လောကီသားတို့၏ဒုက္ခကိုတွေ့မြင်နိုင်ခြင်း
၇။လောကုတ္တ၇ာအတွက်ကြိုတင်ပြင်ဆင်သင့်ကြောင်းဖော်ပြထားခြင်း
၈။ဘု၇ားဟောနှင့်မဆန့်ကျင်ခြင်း
စသည့်အချက် (၈)ချက်ကြောင့်
ဤကဗျာကိုပထမဆု၇ကဗျာအဖြစ်နှလုံးသားမြို့တော်ကဗျာပြိုင်ပွဲကျင်းပေ၇းနှင့်
စီစစ်ေ၇ွးချယ်ေ၇းကော်မတီမှသတ်မှတ်လိုက်သည်။

Friends18.com Orkut Scraps
ကဗျာပြိုင်ပွဲတွင်ဒုတိယ ဆု၇၇ှိသူ ကတော့ ကိုအောင်အောင်ပခုက္ကူပဲဖြစ်ပါတယ်ခင်ဗျားးးးးးးးးးးးးးး

Friends18.com Orkut MySpace Hi5 Scrap Images
သောက်ကြတာပေါ့ ဆု၇တဲ့သူတွေနဲ့ဟိဟိ
ကိုအောင်အောင်(ပခုက္ကူ)
သူ့၇ဲ့ကဗျာလေးကိုလဲဆက်လက်ခံစားပေးကြပါဦးနော်

Friends18.com Orkut Scraps
စံထားပြုငြားအို…….လူသားတို့



လှိုင်းရိုက်ပုတ်ခတ်

အရိုင်းမိုက်တို့

ခိုက်ရန်ပြုလာ

ရန်မှုလာလည်း

တုကာလျှောက်လှမ်း

ခရီးကြမ်းတွင်

မမောပန်းခဲ့ခရုငယ်……..

ဘ၀အလယ်

သုညနယ်တွင်

အပြေးနူန်းက

အနှေးဆုံးခရီးနှင်သူလို့

ကမ္မည်းတင်လူ

အက္ခရာကိုအံတု

အောင်လံတလူလူ

လွှင့်ထူခဲ့ပြီးလေ…………..

ငါတို့လူသား

အိုလူသားတို့

လောကရွှေပြည်

အောင်ပွဲဆီသို့

ချီရာတက်ရာ

လျှောက်လှမ်းရာတွင်

အောင်လံဖြူဝင့်

အလှတင့်ရန်

ဇွဲမာန်ဝင့်ကြွား

ခရုမွှားအား

စံထားပြုငြား

အိုလူသားတို့………

Friends18.com Orkut Scraps
ေ၇ွးချယ်၇သည့်အကြောင်းအ၇င်း
၁။ကဗျာပြိုင်ပွဲစည်းကမ်းချက်များနဲ့ကိုက်ညီခြင်း
၂။ကဗျာစည်းကမ်းအမှားနည်းခြင်း
၃။ဘ၀သ၇ုပ်ဖော်အဖွဲ့ကောင်းဖြစ်ခြင်း
၎။သုတ၊၇သပေးနိုင်ခြင်း
၅။ေ၇ွးချယ်ေ၇းအဖွဲ့မှတစ်ညီတစ်ညွတ်ထဲဒုတိယအဖြစ်သတ်မှတ်ထားသောကဗျာ
ဖြစ်ခြင်း။
၆။သဘာဝတ၇ားကိုပေါ်လွင်အောင်ဖွဲ့နိုင်ခြင်း
၇။ဖတ်၇ှုသူတို့ကို အားမာန်တက်ကြွစေနိုင်ခြင်း
စသည့်အချက်(၇)ချက်ကြောင့်
ဤကဗျာကိုဒုတိယဆု၇ကဗျာအဖြစ်နှလုံးသားမြို့တော်ကဗျာပြိုင်ပွဲကျင်းပေ၇းနှင့်
စီစစ်ေ၇ွးချယ်ေ၇းကော်မတီမှသတ်မှတ်လိုက်သည်။

Friends18.com Orkut Scraps
ကဗျာပြိုင်ပွဲတတိယဆု၇၇ှိသူကတော့ လင်းလက် ပဲဖြစ်ပါတယ်ခင်ဗျားးးးးးးးးးးးးးးးးးးးးးးး

Friends18.com Orkut MySpace Hi5 Scrap Images
သူ့အိမ်၇ဲ့လိပ်စာကိုတော့မသိသေးပါဘူးဗျာ သိတဲ့အခါမှတင်ပေးလိုက်ပါ့မယ်
သူ့၇ဲကဗျာလေးကိုလဲအားပေးခံစားကြပါဦး

Friends18.com Orkut Scraps
"ညဥ့်ငှက်တစ်ကောင်ရဲ့မိုင်ထောင်ချီခရီးကြမ်း"


ကြည်သာချိုအေး လေနုထွေးလည်း

မအေးသူ့ရင် ပူမြဲသာပင်

ခရီးနှင်ရ မရွှင်ပြနိုင်

မပိုင်ကိုယ့်ကိုယ် ညဥ့်တေးဆိုလို့

နေညိုချိန်ဆို သူငိုပြီ။



သမုဒ္ဒရာ ၀မ်းတစ်ထွာတွက်

အစာအိမ်ပိုး လှုပ်နိုးခံရ

ပူလောင်လှသော ဘ၀များစွာ

ကိုယ်ချင်းစာလျှက် သူပေးဆပ်သည်

မအပ်သည်လည်း သူအသိ။

သို့သော်လည်းလေ ကံ၏စေရာ

မနေသာ၍ ကျရာအခန်း

မနွဲ့တမ်းပင် ဖြတ်သန်းရှာခဲ့

ညဥ့်နက်များစွာ ဝေဒနာနှင့်

မပါစိတ်ထဲ ရှိချေလဲ။

ကိုယ်စိတ်ကြည်နူး အရုဏ်ဦးလည်း

မစူးသူ့ရင် မှောင်လျှက်ပင်ရှိ

ရင်မချိစွာ အထိနာသော

သည်ဇာတ်မျောထဲ တ၀ဲဝဲလည်

မစဲရင်တွင်း မျက်ရည်မင်း။

နေရောင်ထိန်လင်း နံနက်ခင်းပျောက်

လမင်းသော်တာ ငွေစန္ဒာအောက်

ဆူးလမ်းလျှောက်ခါ မပေါက်ခရီး

နှင်မပြီးသော သွေးစုပ်တောလယ်

လွင့်မျောတွယ်ကပ် ခရီးဆက်။

မိုင်ထောင်ချီကျော် ခရီးပေါ်ဝယ်

အဖော်မဲ့ကင်း ရင်တွင်းဖိုလှိုက်

သောကစိုက်ဝင် လောင်မြိုက်ထပ်ထပ်

ရုံးဖို့ခဲခက် ရွှံ့နွံထက်မှ

ညဥ့်ငှက်ငယ်၏ ခရီးကြမ်း။


Friends18.com Orkut Scraps
ေ၇ွးချယ်၇သည့်အကြောင်းအ၇င်း
ေ၇ွးချယ်၇သည့်အကြောင်းအ၇င်း
၁။ကဗျာပြိုင်ပွဲစည်းကမ်းချက်များနဲ့ကိုက်ညီခြင်း
၂။ကဗျာစည်းကမ်းအမှားနည်းခြင်း
၃။ဘ၀သ၇ုပ်ဖော်အဖွဲ့ကောင်းဖြစ်ခြင်း
၎။သုတ၊၇သပေးနိုင်ခြင်း
၅။ေ၇ွးချယ်ေ၇းအဖွဲ့မှတစ်ညီတစ်ညွတ်ထဲတတိယအဖြစ်သတ်မှတ်ထားသောကဗျာ
ဖြစ်ခြင်း။
၆။ဘ၀၏ဒုက္ခ၊၀မ်းစာ၇ှာဖွေ၇ခြင်း၏ဒုက္ခတို့ကိုပေါ်လွင်အောင် ဖွဲ့နိုင်ခြင်း။
၇။ထိုအထဲ မှညဥ့်ငှက်ငယ်တို့၏အကြောင်းကို ပေးလွင်အောင်နှင့်ဂ၇ုဏာ
၇သဖြစ်ပေါ်လာအောင်ဖွဲ့နိုင်ခြင်း။
စသည့်အချက်(၇)ချက်ကြောင့်
ဤကဗျာကိုတတိယဆု၇ကဗျာအဖြစ်နှလုံးသားမြို့တော်ကဗျာပြိုင်ပွဲကျင်းပေ၇းနှင့်
စီစစ်ေ၇ွးချယ်ေ၇းကော်မတီမှသတ်မှတ်လိုက်သည်။

Friends18.com Orkut Scraps
ဆု၇၇ှိသူများအနေနဲ့ဆုကြေးများကိုမည့်သို့ပို့ဆောင်ပေးပါက အဆင်ပြေမည်ဖြစ်ကြောင်းပြောဆိုပေးကြပါ၇န်
ဆု၇၇ှိသူများသည်ပြည်တွင်းမှဖြစ်ပါကနီးစပ်၇ာဆိုဒ်တာဝန်၇ှိသူများကလာေ၇ာက်ပေးမည်ဖြစ်ပါသည်။
ပြည်ပေ၇ာက်ဆု၇၇ှိသူများဖြစ်ပါက မည်သို့ပြုလုပ်ပေး၇မည်ကိုအကြောင်းကြားပေးကြပါ၇န်။
  
(နှလုံးသားမြို့တော်အက်မင်အဖွဲ့ကိုယ်စား)

တကယ်ချစ်ရဲ့လား (ပရဟိတဆောင်းပါး)

$
0
0
တကယ်ချစ်ရဲ့လား (ပရဟိတဆောင်းပါး) Jul 24, '11 8:42 PM
for everyone
ဆန်နီနေမင်း

ဦးဇင်းလည်း အလုပ်များနေသဖြင့် ဆောင်းပါးများ အမေးအဖြေများ မပြုလုပ်ပေးနိုင်တာ အတော်ကြာသွားလေပြီ။ ယခုတော့ အချိန်လုကာ အများတောင်းဆိုနေကြသည့် ပရဟိတဆောင်းပါးလေးကို ဦးဇင်းလေ့လာထားသမျှ အများသိရှိအောင် တင်ပြပေးလိုက်ပါသည်။ ခေါင်းစဉ်ကိုလည်း အများပြောနေကြသည့်စကားလုံးကို ခွဲခြားဝေဖန်တတ်အောင် တစ်ခါတည်း ရှင်းပြပေးချင်သဖြင့် ထည့်ပေးလိုက်ခြင်း ဖြစ်ပါသည်။

လောကတွင် လူသားများအသုံးပြုများသော စကားလုံးတစ်ခု ရှိပါသည်။ ထိုစကားလုံးမှာ တကယ်ချစ်ရဲ့လားဆိုသည့်စကားပင် ဖြစ်ပါသည်။ ဒီစကားလုံးကို အများသူငှာပြောနေကြသော်လည်း မိမိကိုယ်ကို မေးရမှာလား သူတစ်ပါးကိုမေးရမဲ့စကားလားဆိုတာ နားလည်သူက နည်းပါးမည် ထင်ပါသည်။ ထို့ကြောင့်လည်း တကယ်ချစ်ရဲ့လားဟု သူတစ်ပါးကိုပဲ မေးနေကြခြင်း ဖြစ်သည်။

တကယ်တော့ ဒီစကားဟာ မိမိကိုယ်ကို မေးရမဲ့စကားပါ။ ဘာဖြစ်လို့လဲဆိုတော့ မိမိကိုယ့်ကိုမှ တကယ်မချစ်သောသူသည် သူတစ်ပါးကို တကယ်ချစ်တယ်ဆိုတာ မဖြစ်နိုင်လို့ပါ။ မိမိကိုယ့်ကို တကယ်ချစ်သောသူသည် သူတစ်ပါးကိုချစ်၍ သူတစ်ပါးဒုက္ခရောက်အောင် မလုပ်ဘဲ သူတစ်ပါးအကျိုးရှိမည့် အများအကျိုးကိုသာ ပြုလုပ်ပေးကြသည်။ မိမိကိုယ်ကို တကယ်ချစ်၍ ကောင်းတာများလုပ်မှသာလျှင် မိမိလည်း ကောင်းစားမှာဖြစ်ပြီး မိမိချစ်သော သူတစ်ပါးသည်လည်း ကောင်းစားမည်ဖြစ်ပါသည်။ မိမိကိုယ့်ကို မချစ်၍ မကောင်းတာများလုပ်မည်ဆိုလျှင် မိမိမကောင်းကျိုးများ ခံစားရမည်ဖြစ်သောကြောင့် သူတစ်ပါးလည်း ကောင်းကျိုးချမ်းသာများ ခံစားရမည်မဟုတ်ပေ။

သူတစ်ပါးအသက်ကိုသတ်လျှင် သူတစ်ပါးလည်း စိတ်ဒုက္ခရောက်သလို မိမိလည်း နောက်တစ်ချိန်တွင် ထိုကဲ့သို့သော စိတ်ဒုက္ခများစွာခံစားရမည့်အပြင် ယခုမျက်မှောက်ဘ၀တွင်လည်း ကံနိမ့်နေပါက မကောင်းကျိုးများ ဆက်တိုက်ပေးခြင်း ခံရမည်ဖြစ်ပါသည်။ မိမိကိုယ့်ကို တကယ်ချစ်တဲ့လူဆိုရင် မိမိယခုဘ၀ နောက်ဘ၀ကောင်းစားဖို့ကိုကြည့်ရမည့်အပြင် မိမိအမြဲချမ်းသာမှုများခံစားရမည့် မိမိတို့ပန်းတိုင်ကိုပါ လျင်မြန်စွာရောက်အောင် ကြိုးစားပြုလုပ်ရပါမည်။ သို့မှလည်း မိမိကိုယ်ကို တကယ်ချစ်ရာရောက်၍ မိမိကိုယ်ကိုချစ်သောသူဟုလည်း ခေါ်ဆိုနိုင်ပါမည်။ ထိုသို့မဟုတ်လျှင်တော့ မိမိကိုယ်ကို တကယ်ချစ်သောသူဟု မဆိုနိုင်ပေ။

သူတစ်ပါးပစ္စည်းကို ခိုးယူသူသည် ပစ္စည်းခိုးရန် အကြံထုတ်ခြင်း၊ စွန့်စားရခြင်းတို့ကြောင့် သူ့စိတ်မှာ မကောင်းတာချည်းဖြစ်နေတဲ့အတွက် ရုပ်ရေမှာလည်း ကြမ်းတမ်းနေသဖြင့် သူခိုးများ၏ မျက်နှာမှာ လူချောလူခန့်ဟု မရှိဘဲ ရုပ်ဆိုးများသာ ဖြစ်နေကြပေသည်။ နောင်ဘ၀တွင်လည်း မိမိ၌ ထိုကဲ့သို့သော ဆင်းရဲမှုများနဲ့သာ ရင်ဆိုင်ရမည့်အပြင် ဖြစ်လေရာမှာ ချမ်းသာသောသူ မဖြစ်သဖြင့် မိမိကိုယ့်ကို ဒုက္ခပေးသူဖြစ်၍ မိမိကိုယ့်ကို ချစ်သောသူမဖြစ်နိုင်ပါ။ ထိုသို့မိမိကိုယ့်ကိုမချစ်သဖြင့် မချမ်းသာသောသူသည် သူတစ်ပါးကိုလည်း ချမ်းသာအောင်ပြုလုပ်ပေးနိုင်မည်မဟုတ်သောကြောင့် သူတစ်ပါးကိုလည်း တကယ်ချစ်သောသူဟု မသတ်မှတ်နိုင်ပေ။

သူတစ်ပါးသားမယားကို ပြစ်မှားသူသည် သံသရာဘက်ကကြည့်လျှင် နောင်ဘ၀မှာ မိမိအား စိတ်ဒုက္ခများစွာဖြစ်မဲ့ မကောင်းကျိုးများ ခံစားရမည်ဖြစ်ပါသည်။ ထို့အတူ ယခုမျက်မှောက်ဘ၀အတွက် ကြည့်လျှင်လည်း ရောဂါရခြင်း၊ အားနည်းခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းများ ခံစားရပါသည်။ အမှန်ကိုအမှန်အတိုင်းမသိသောသူများသည် တကယ်ချမ်းသားမှုမဟုတ်တဲ့ စိတ်ရဲ့လှည့်စားမှုလေးကိုပဲ မိမိအတွက်ချမ်းသာတယ် ကောင်းတယ်ထင်ကာ မကောင်းမှုများမှာ ပျော်မွေ့ပြီး မိမိကိုယ့်ကို ဒုက္ခရောက်အောင် ပြုလုပ်နေကြခြင်း ဖြစ်ပါသည်။

သူတစ်ပါးပျက်စီးအောင်၊ စိတ်ဒုက္ခရောက်အောင် လိမ်ညာပြောဆိုလှည့်ပတ်သူသည် ယခုမျက်မှောက်တွင် သူတစ်ပါးဆင်းရဲရသလို မိမိခံစားရမည့်အပြင် နောင်တမလွန်မှာလည်း မကောင်းမှုများဖြင့် ပြည့်နပ်နေပြီး မကောင်းကျိုးများဖြင့်သာ ကျင်လည်နေရမည်ဖြစ်သောကြောင့် ထိုသူသည် မိမိကိုယ့်ကို တကယ်ချစ်သောသူ မဖြစ်နိုင်ပါ။

အရက်သေစာသောက်စား မူးယစ်နေသောသူသည် မျက်မှောက်ဘ၀တွင် မကောင်းမှုများလုပ်ရန် ၀န်မလေးခြင်း၊ မိမိမိသားစု စိတ်မချမ်းသာခြင်း၊ မိမိ၏စိတ်သည် ပုံမှန်မဟုတ်သဖြင့် ကောင်းမှုမလုပ်နိုင်ခြင်း၊ စီးပွားရေးများ မကြံဆနိုင် မပြုလုပ်နိုင်သဖြင့် စီးပွားနှောင့်နှေးခြင်း၊ မိမိကိုယ့်ကိုမိမိ ကျန်းမာရေးချို့တဲ့အောင်ပြုလုပ်နေခြင်းတို့အပြင် နောက်ဘ၀တွင်လည်း အရူးဖြစ်ခြင်း၊ ဉာဏ်ထိုင်းမှိုင်းသူဖြစ်ခြင်းစသော မကောင်းကျိုးများကိုသာ ခံစားရမည်ဖြစ်သောကြောင့် မိမိကိုယ်ကို တကယ်ချစ်သောသူ မဖြစ်နိုင်ပေ။

ထို့အတူ ဒေါသကြီးသောပုဂ္ဂိုလ်များသည် ယခုဘ၀၌ မိမိအတွက် ရုပ်ရေကြမ်းတမ်းခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းဖြစ်ပြီး နောင်ဘ၀တွင်လည်း ရုပ်ရေမလှသောသူ ဖြစ်ရပါသည်။ တကယ်လို့သာ မိမိကိုယ်ကိုချစ်တာမှန်ရင် ဒီလိုမျိုး မျက်မှောက်တမလွန်အကျိုးမရှိမဲ့ မကောင်းမှုမှန်သမျှကို ရှောင်ကြဉ်ကာ မိမိဒုက္ခတွေငြိမ်းပြီး ချမ်းသာမှုသာရှိတဲ့ နိဗ္ဗာန်ကိုရောက်အောင် ကြိုးစားပြုလုပ်ရပေမည်။ ထို့ကြောင့် မိမိကိုယ့်ကို နေ့စဉ်နဲ့အမျှ တကယ်ချစ်ရဲ့လားလို့ မေးမေးပေးသင့်ပါသည်။

လူသားအများစု ဘာသာမရွေး၊ လူမျိုးမရွေး ပြုလုပ်နေကြသည့် ပရဟိတလုပ်ငန်းဆိုတာ ရှိပါသည်။ ထို့လုပ်ငန်းသည် တကယ်တွေးကြည့်လျှင် မိမိကိုယ်ကိုချစ်၍ သူတစ်ပါးကိုချစ်နေကြသော ပုဂ္ဂိုလ်များ၏အလုပ်ပင် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတစ်ပါးကိုကူညီပေးလိုက်လျှင် မိမိအကျိုးကိစ္စပါ တစ်ခါတည်းပြီးလျက်ဖြစ်နေသောကြောင့် သူတစ်ပါးစိတ်ချမ်းသာ ပျော်ရွှင်ရသလို မိမိလည်းယခုဘ၀မှာ စိတ်ချမ်းသာမှုပီတိများခံစားရပြီး နောင်ဘ၀များစွာတွင်လည်း ကောင်းကျိုးများခံစားလျက် မိမိတို့ပန်းတိုင်ကို လျင်မြန်စွာ ရောက်ရှိပါသည်။

သူတစ်ပါးအကျိုးကိုလုပ်သော ပရဟိတအလုပ်သည် အယုတ် အလတ် အမြတ်မရွေး လူမျိုးမရွေး၊ ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး၊ ဘယ်သူဘယ်ဝါ မရွေး၊ အားလုံးရဲ့အကျိုးအတွက် လုပ်ပေးခြင်း ဖြစ်သည်။ မိမိကူညီပေးလိုက်သော သူတို့ထံမှ မည်သည့်မျှော်လင့်ချက်မျှ မထားဘဲ ပေးဖို့သက်သက်ပဲ ဖြစ်ပါသည်။ မိမိကူညီပြုလုပ်ပေးလိုက်ရ၍ သူတစ်ပါးချမ်းသာသွားသည်ကိုမြင်ရရင် ပရဟိတသမားများသည် ကျေနပ်နေကြသည်။

လောက၌ ကံဉာဏ်နည်းပါးသဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး မလုံလောက်ရှာကြ၍ မပြည့်စုံသူများအား ကူညီလုပ်ပေးလိုက်ရတဲ့အတွက် သူဒုက္ခမှလွတ်ပါစေဆိုသည့် ကရုဏာ၊ ချမ်းသာပါစေဟူသော မေတ္တာအရင်းခံဖြင့် ဆောင်ရွက်ပေးနေကြခြင်း ဖြစ်ပါသည်။ ကိုယ့်ကျေးဇူးကို သိသဖြင့် မိမိအပေါ်ပြန်လည်တုံ့ပြန်မှု မျှော်လင့်မထားကြပါ။ တကယ်စင်စစ်အားဖြင့် ပရဟိတလုပ်ခြင်းသည် လောဘကို တိုက်ရိုက် ဖြိုဖျက်ပေးသော အလုပ်ဖြစ်သည်။ ထို့ပြင် မေတ္တာကရုဏာဖြင့် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ဒေါသကိုလဲ တိုက်ရိုက်ဖျက်ဆီးနေသော အလုပ်လည်း ဖြစ်ပါသည်။ အသိတရား ဦးဆောင်ပြီးလုပ်လျှင် မောဟကိုပါ သန့်စင်လိုက်ခြင်း ဖြစ်သွားသည်။ ထိုကဲ့သို့ လောဘ၊ ဒေါသ၊ မောဟကို အနိုင်ယူရသော အလုပ်ဖြစ်ခြင်းကြောင့် မြင့်မြတ်လှသောအလုပ်ဟု ဆိုနိုင်ပါသည်။

လောကထဲ၌ ဆင်းရဲဒုက္ခအပူ ပြဿနာမျိုးစုံကို ဖန်တီးနေသည့် လောဘ၊ ဒေါသ၊ မောဟ အပူငွေ့များအား ဖယ်ရှားသန့်စင်ပြီး မြင့်မြတ်သောစိတ်ထားဖြင့် ဆောင်ရွက်နေခြင်းဖြစ်သောကြောင့် စဉ်းစားကြည့်လျှင် ပရဟိတအလုပ်သည် အလွန်ကြည်နူးစရာကောင်းသော အလုပ်ပင်ဖြစ်ပါသည်။ ထို့ကြောင့် လူသားအများစုသည် ပရဟိတကို စိတ်ပါဝင်စားစွာဖြင့် ပြုလုပ်နေကြခြင်း ဖြစ်သည်ဟု ထင်မြင်မိပါသည်။

အလှူအတန်းပွဲ၊ အများသူငှာလုပ်နေကြသည့် ပွဲလမ်းသဘင်များတွင် ပရဟိတဝေယျာဝစ္စပြုလုပ်ပေးနေသည်ကို မကြာခဏတွေ့မြင်ရပါသည်။ ထိုသူများသည် ပရဟိတစိတ်ဓာတ်ကြောင့် မိမိနှင့်မသက်ဆိုင်သည့် အလုပ်ကိစ္စများကို အချိန်ကုန်ခံ ပင်ပန်းခံပြီး ပြုလုပ်ပေးနေကြခြင်း ဖြစ်သည်။ ထို့အတူ အသုဘပို့မှုများ၌ လူများစုသည် မိမိတို့လိုက်ပါစရာ မလိုသော်လည်း ပရဟိတစိတ်ရှိသူပီပီ သေသွားသူအား နှုတ်ဆက်သည့်အနေဖြင့်လည်းကောင်း၊ ကျန်ရစ်သူမိသားစုများကို အားဖြည့်ပေးသည့်အနေဖြင့်လည်းကောင်း ၀ိုင်းဝန်ကူညီပြုလုပ်ပေးနေကြသည်။ မြတ်ဗုဒ္ဓက ပရဟိတစိတ်ဓာတ်ဖြင့် အလှူတန်းပွဲများကို ၀ိုင်းဝန်ကူညီပြုလုပ်ပေးသောသူသည် အလှူရှင်များနည်းတူ ကောင်းကျိုးကုသိုလ်ရရှိသည့်အပြင် မေတ္တာကရုဏာဖြင့် ပြုလုပ်ပေးခြင်းကြောင့် သီလလုံခြုံသူများလည်း ဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။

ဘုရားရှင်နှင့်ရဟန္တာတို့သည် ယခုမျက်မှောက်လုပ်သော ကောင်းကျိုးများ၏ အကျိုးကျေးဇူးများကို နောက်ဘ၀တွင် ဆက်လက်ခံစားရန် မရှိသော်လည်း ပရဟိတအလုပ်ကို ပြုလုပ်ပေးကြသည်။ တကယ်ဆို ရဟန္တာအရှင်မြတ်များသည် မိမိတို့ရရှိသည့်နိဗ္ဗာန်ချမ်းသာကို ခံစားနေရပါမည်။ သို့သော် သူတော်ကောင်းတို့၏ စိတ်ဓာတ်သည်ကား မိမိချမ်းသာရေးထက် အများချမ်းသာရေးကိုသာ ဦးစားပေးတတ်သောကြောင့် ပရဟိတလုပ်ငန်းများ ပြုလုပ်ကြခြင်း ဖြစ်ပါသည်။

မြတ်ဗုဒ္ဓသည် သူတစ်ယောက်အတွက်ပဲ ချစ်မည်ဆိုလျှင် သုမေဓာရှင်ရသေ့ဘ၀ကတည်းက သာဝကရဟန္တာပုဂ္ဂိုလ်အနေဖြင့် နိဗ္ဗာန်ချမ်းသာကြီးကို အလွယ်တကူ ရယူနိုင်သော အခြေအနေရှိခဲ့ပါသည်။ သို့သော် မိမိကိုယ့်ကို တကယ်ချစ်တာထက် အများကိုပို၍ ချစ်ခင်သောပရဟိတစိတ်ဓာတ်ရှိသူဖြစ်သောကြောင့် သာဝကပုဂ္ဂိုလ်အနေဖြင့် နိဗ္ဗာန်ချမ်းသာမယူဘဲ သဗ္ဗညုတဉာဏ်ရအောင် သူများမလုပ်နိုင်သည့် ပါရမီများကို ဘ၀များစွာ ဆင်းရဲပင်းပန်းခံပြီး အများကိုလည်း သူနည်းတူရအောင် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

သဗ္ဗညုတဉာဏ်ရ၍ မြတ်ဗုဒ္ဓဖြစ်သောအခါ၌လည်း တစ်ရက်ကို(၂၄)နာရီရှိရာ မြတ်ဗုဒ္ဓသည် (၂၂)နာရီ ပရဟိတအများအကျိုးအတွက် အလုပ်လုပ်ပေးခဲ့ပါသည်။ ထိုကဲ့သို့ မိမိတို့ရဲ့ဆရာသခင်ကျေးဇူးရှင်ဖြစ်သော မြတ်ဗုဒ္ဓသည်ပင် ဤမျှလောက် ပရဟိတအလုပ် လုပ်ခဲ့သေးလျှင် ကျွန်ုပ်တို့သည် မြတ်ဗုဒ္ဓမျှလောက် မလုပ်နိုင်လျှင်သော်မှ မိမိတက်နိုင်သည့် ပရဟိတလုပ်ငန်းများကို မဖြစ်မနေပြုလုပ်ပေးသင့်ပါသည်။

ပရဟိတလုပ်နေချိန်တွင် သီလရှိသူ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ္မစိုရ်တရားလေးပါးနှင့်ညီသောကြောင့် ဗြဟ္မာများနှင့်တူသော လူကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။ ပရဟိတလုပ်မနေသောအချိန်တွင်တော့ အကုသိုလ်များလည်း လုပ်နိုင်သောကြောင့် အမြဲလူကောင်းတစ်ယောက်ဟုတ်မဟုတ်တော့ အနီးကပ်လေ့လာမှ သိနိုင်ပေလိမ့်မည်။ သို့သော် မိမိသန္တာန်၌ အများအကျိုးပရဟိတလုပ်ဖို့သာ စိတ်ဆန္ဒရှိနေလျှင်တော့ ထိုသူကို လူကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။

ပရဟိတလုပ်သူသည် မိမိတို့ကျေးဇူးရှင်ဖြစ်သော မြတ်ဗုဒ္ဓကိုလည်း အတုယူသူ မိမိအပေါ်အများက ပြန်လည်တုန့်ပြန်မည့် အကျိုးကျေးဇူးများကိုလည်း မျှော်လင့်ချက်မထားဘဲ မိမိကူညီလုပ်ကိုင်ပေးလိုက်၍ သူတစ်ပါးချမ်းသာပျော်ရွှင်သွားသည်ကိုမြင်ရလျှင် ကျေနပ်မှုပီတိများဖြင့် နှစ်သိမ့်နေသောသူများ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် ရခဲလှသော လူ့ဘ၀၊ ရှိခဲလှသော သူတော်ကောင်းစိတ်၊ တွေ့ခဲလှသော ဘုရားသာသနာ၊ ပြုနိုင်ခဲလှသော ပရဟိတအလုပ်ကို ယခုလို အသက်ရှိစဉ်အချိန်ကာလလေး၌ များများပြုလုပ်ပေးရပါမည်။ သို့မှသာ မိမိကိုယ့်ကိုရော သူတစ်ပါးကိုပါ တကယ်ချစ်သောသူဖြစ်ပြီး လူဖြစ်ရကျိုးနပ်သော လူတစ်ယောက်ဖြစ်ကာ မိမိတို့ပန်းတိုင်ကိုလည်း လျင်မြန်စွာရောက်ရှိပါလိမ့်မည်။

မှတ်ချက်။ ။ အကယ်၍ စာရေးသူမအားသဖြင့် ဆိုဒ်များအားမဖြန့်ဝေဖြစ်ပါက စာရေးသူ၏ဆိုဒ် http://www.sanninaymin.com/ မှ ကူးယူ၍ ဆောင်းပါးများကို တဆင့်ဖြန့်ဝေနိုင်ပါသည်
။။
 http://www.sanninaymin.com/
.

Android ဖုန်းအတွက် အက်ရှင် ဂိမ်းများ စုစည်းဖော်ပြခြင်း

$
0
0

သူငယ်ချင်းတို့ကို ကျွန်တော်မှာရှိတဲ့ Androidဂိမ်းလေးတွေ မျှဝေပေးခြင်ပါတယ်

ကြိုက်နှစ်သက်တဲ့ ဂိမ်များကို Download လုပ်သွားနိုင်ပါတယ်

ဒါကတော့ ကားပြိုင်ဂိမ်းလေးပါ

https://play.google.com မှာလည်းလေ့လာနိုင်ပါတယ်
Download>>>mediafire (or)dropbox
အာကာသ လေယဉ်စစ်တိုက်တဲ့ MB တော့နည်းနည်းများပါတယ်
ကစားရတာ မျက်စိတော့ နည်းနည်းမှုးတယ်ဗျာ
https://play.google.com မှာလေ့လာနိုင်ပါတယ်ဗျာ ကြိုက်တယ်ဆိုမှ ယူနိုင်ပါတယ်
100MB စီ ခွဲတင်ထားပေးပါတယ်
Apk Download>>>dropbox (or)mediafire
SD File Download>>>

ဒါကတော့ ဂြိုလ်သား စစ်တိုက်တဲ့ ဂိမ်းလေးပါ
စစ်တိုက်ချင်တဲ့သူငယ်ချင်းတွေအတွက် အဆင်ပြေမယ့်ဂိမ်းလေးပါဗျာ
ခောတ်မှီ လက်နက်ဆန်းတွေနဲ့တိုက်ပွဲဝင်ရမှာပါ
https://play.google.com/ မှာလည်းလေ့လာနိုင်ပါတယ်
Apk Donwload>>>mediafire (or)dropbox
SD File Download>>>go4up
Required Android O/S : 1.6 +

ရုပ်ရှင်တွေထဲမှာတော့ နာမည်ကျော်ပါဘဲ လူစွမ်းကောင်းတွေအကုန်ပါတယ်ခင်ဗျာ
စူပါမင်း လင်းနို့လူသား လျှပ်စစ်လူသား စသည်ဖြင့် အကုန်ပါပါတယ်
play.google မှာလည်းလေ့လာနိုင်ပါတယ်
Apk Downlaod>>>dropbox (or)mediafire
SD File Download>>>go4up
Required Android O/S : 2.3+
စပလွန်စေ့ ကိုတော်တော်များများသိမှာပါ ကျွန်တော်နားလည်းသလိုရေးလိုက်ရတာပါ
ပုံကိုမြင်တာနဲ့ ဘာဂိမ်းလည်းဆိုတာသိမှာပါ
apk Downlaod>>>dropbox (or)box
SD File Download>>>go4up (or)mediafire
https://play.google.com/ မှာ လည်း free ပေးပါတယ်
ပါဝါဘောလုံးဂိမ်းကိုတော့ လူတိုင်းသိမှာပါ
ဒီဂီမ်းကတော့ အဲထက်တောင်လန်းတယ်ဗျာ
Apk Download>>>dropbox
SD File Download>>>go4up
Requires Android: 1.6 and up

ကာပြိုင်ဂိမ်းပါ ကျွန်တော်နှစ်သက်တဲ့ ဂိမ်းတစ်ခုပါဘဲ
play.google မှာလေ့လာနိုင်ပါတယ်
Requires Android: 2.3.3 and up
Apk Download>>>mediafire(or)go4up
SD File Download>>>rapidshare (or)4shared (or)bitshare (or)filecloud. (or)hotfile (or)depositfiles (or)2shared
ကားစစ်တိုက်ချင်တဲ့သူငယ်ချင်းအတွက် အဆင်ပြေမှာပါ
https://play.google.com/ မှာလည်း free ပေးပါတယ်
free ဆိုပေမယ့် လုံးဝကု အက်ရှင်ဂိမ်းပါဘဲ တော်တော်လေးကိုလန်းတ်ယ
Download>>>mediafire(or)rapidshare

Required Android O/S : 2.1+
သူတို့က မိစ္ဆာတွေကို လိုက်ပြီးနိုမ်နိုင်းရတဲ့ ဂိမ်းပါ ဂိမ်းကတော့ အက်ရှင်အရမ်းကောင်းပါတယ်
https://play.google.com/ မှာလေ့လာနိုင်ပါတယ် လူကြိုက်များတဲ့ဂိမ်းတစ်ခုပါဘဲ
Download>>>mediafire (or)go4up
Current Version:2.1+
ထူးဆန်းတဲ့အကောင်တွေနဲ့ စစ်တိုက်ရမယ့်ဂိမ်းလေးပါ
https://play.google.com/ မှာလေ့လာနိုင်ပါတယ် လုပ်ဆောင်ချက်တွေတော်တော်များပါတယ်
Apk Download>>>mediafire
SD File Download>>> mediafire
ရှေးခောတ်စစ်ပွဲလေးပါ မှော်ပညာတွေအသုံးပြုပြီးတော့ တိုက်တဲ့ ဂိမ်းလေးပါ
https://play.google.com/ မှာလေ့လာနိုင်ပါတယ်
Download>>>mediafire (or)box

Required Android O/S : 2.2+
Download လုပ်ထားတဲ့ Data ဖိုင်တွေကို ဘယ်နားမှာ ထည့်ရမှန်းမသိတဲ့သူငယ်ချင်းတွေအတွက်
အရင်ဆုံး Apk ကို Install လုပ်ပါ ပြီးရင် Sd file ကို zip ဖြည်ပြီး
/sdcard/android/obb/ အထိသွားပြီးတော့ကိုထည့်ပါ ပြီးရင်ကစားနိုင်ပါပြီ
obb ဖိုင်မရှိလည်း အသစ်လုပ်လိုက်ပါ
Androidကနေ အလွယ်တကူ ကျွန်တောင်တင်ထားသမျှ Game တွေ app တွေကို ရယူနိုင်ဖို့အတွက်
အမျိုးကောင်းသား Apk ဖိုင်လေးပါDownload>>>>mediafire (or)http://go4up.com/
အမျိုးကောင်းသား Apk ကိုသွင်းထားတယ်ဆိုရင် ကျွန်တော်တင်ထားသမျှကို ၀င်လေ့လာနိုင်ပါတယ်
တစ်ခါကြည့်ပြီးရင် နောက်တစ်ခါ အင်တာနက်မရှိတဲ့အချိန်မှာလည်း ကြည့်လို့ရပါတယ်

မော်ကွန်းမတွင်သော်လည်း................

$
0
0

ဆောင်းနှင်းတွေဝေနေတဲ့ နံနက်ခင်းအချိန် ၊ အဝေးပြေးလမ်းမကြီးရဲ့ တစ်နေရာမှာပေါ့ ။ ချစ်သူနှစ်ဦး ဆိုင်ကယ်တစ်စီးကို အတူစီးလာတယ်

နှစ်ဦးစလုံးစကားတစ်ခွန်းမှ မပြောကြပေမယ့် မျက်နှာမှာ အပြုံးတွေကိုယ်စီဝေလို့....တော်တော်ပျော်နေကြမယ်ဆိုတာ မမေးဘဲတောင် သိ

နိုင်တယ်လေ ၊ မှန်ပါတယ်....သူတို့နှစ်ဦးက မိဘတွေ သဘောမတူလို့ ခိုးပြေးလာကြတဲ့ ချစ်သူနှစ်ဥိးပေါ့..

တစ်နေရာအရောက်မှာ ကောင်လေးကစတင်ပြိး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်..

       မေ....

       ပြောလေ..မောင်

       အရမ်းချစ်တယ်ကွာ...မေရောကိုယ့်ကို ချစ်လားဟင်....

       ချစ်တာပေါ့မောင်ရယ်...ဒါကြောင့်လည်းမောင်နဲ့လိုက်လာတာပေါ့....

       ကိုယ်တို့ထပ်ပြီးတော့ မဝေးချင်တော့ဘူး မေရယ်...

       အင်းပါ...

       မေ..

       ဟင်....

       ကိုယ့်ခေါင်းပေါ်က ဆိုင်ကယ်ဦးထုပ်ကို မေယူဆောင်းထားပေးပါလားကွာ...ကိုယ်အသက်ရှု ကြပ်လာလို့ပါ

       အင်း...အင်း...

ကောင်မလေးက ကောင်လေးဆောင်းထားတဲံ့ ဥိးထုပ်ကို ယူဆောင်းလိုက်တယ်..။

       မေ...

       ဘာလဲကွာ ..မောင်ကလဲ...

       ကိုယ့်ကို ခပ်တင်းတင်းလေး ဖက်ထားပေးပါလားကွာ..

       ဟာ..မောင်ကလဲ....

       မောင့်ကို ချစ်ရင် ဖက်ထားပေးပါနော်..

ကောင်မလေးက ကောင်လေးကို နောက်ကနေ တင်းတင်းလေ ဖက်ထားလိုက်တယ်...အရမ်းချစ်တာကိုး...........။

ကောင်လေးလဲ သက်ပြင်းရှည်ကြီး တစ်ချက်ချက်က်ု ခပ်လေးလေးချရင်း ပဟေဠိဆန်တဲ့ အပြုံးတစ်ချက်ကို ပြုံးရင်း ဆိုင်ကယ်ကို

ဆက်မောင်းသွားတယ်....................................................................................................................................

  နောက်တစ်နေ့ သတင်းစာထဲမှာ အောက်ပါခေါင်းစဉ်နဲ့ သတင်းတစ်ခုပါလာတယ်.....

  “ချစ်သူနှစ်ဦး စီးနင်းလာသော ဆိုင်ကယ်တစ်စီး ဘရိတ်ပေါက်ပြီူး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရပ်ထား

သော ကားတစ်စီးကို ၀င်တိုက်မိ ၊ တစ်ဦးကိုသာ ကယ်တင်နိုင်ခဲ့ ၊ မောင်းနှင်လာသူ ကောင်လေးမှာ နေရာမှာ

ပင် ပွဲချင်းပြီးသေဆုံး...................”

ဒီစာကို ဖတ်ရှုအားပေးနေကြတဲ့ သူငယ်ချင်းများအားလုံး ကိုယ်ချစ်တဲ့သူနဲ့ ဘ၀သက်ဆုံးတိုင် ပျော်ပျော် ရွှင်ရွှင် လက်တွဲသွားနိုင်ကြပါစေ

 

Viewing all 9878 articles
Browse latest View live