ပထမဦးဆုံးကျမရဲ့ဆရာမဘ၀အစသည် (၁၀)တန်းပြီးကာစနှစ်၏ စာကျက်ဂိုက်လုပ်ခြင်းမှစတင်သည်.............
စာကျက်ဂိုက်လုပ်ပေးပါဟု ဆရာဖြစ်သူ လာခေါ်စဉ်တည်းက ……အဲဒီကလေးမလေးက အောင်ဖို့မလွယ်ဘူးနော်သမီး၊ အင်္ဂလိပ်စာတအားညံ့တာ (၁၁)လပိုင်းဆိုတော့ သမီးမှာ (၃)လပဲအချိန်ရှိတယ်၊ ပြီးတော့ သူကသမီးရဲ့ပထမဆုံးစာသင်မည့်တပည့် တကယ်လို့မဖြစ်နိုင်ရင်ဆက်မသင်နဲ့သူကျရင်ဆရာ့သမီးနာမည်ပျက်မှာနော်တဲ့………………ဆရာကတပည့်မလေးမသိအောင်တိတ်တိတ်ခေါ်ပြောသည်။ တကယ်တော့ စာကျက်ဂိုက်လာငှားသည်က မမကို သူမမအားသောကြောင့် မိမိသင်လိုက်ဟု ဆရာကပြောနေခြင်းဖြစ်သည်။ ဆရာမနဲ့တပည့်မကလည်းအသက်ကရွယ်တူဆိုတော့ဆရာ့စကားကြားလိုက်ရတာပက်လက်လန်ချင်စိတ်ပေါက်သွားသည်။စာသင်ဖို့လာခေါ်သောဆရာဖြစ်သူကိုယ်တိုင်က ကျမှာပဲလို့ အာမခံနေသောကလေးကို ပထမဦးဆုံးသင်ရသည့်ကျမဘ၀ကို စဉ်းစားကြည့်ကြပါ။အားတက်စရာပကတိ။
စာသင်သည့်ပထမအပါတ်တွင်ပင် သူမအင်္ဂလိပ်စာ တအားညံ့သည်ကို သဘောပေါက်မိသည်မို့ မိမိစာကျက်စဉ်ကနည်းအတိုင်း Test ကိုသာအလွတ်ရနိုင်သလောက်နီးနီး ဖတ်ခိုင်းခဲ့သည်။ ဒါတွေကိုပါးစပ်ထဲမှာအဆင်ချောအောင်ဆိုနိုင်လျှင် သဒ္ဒါကပိုင်ပြီးသားဖြစ်သွားလိမ့်မည်ဆိုပြီး။Test ရဲ့ တစ်ဝက်ကို တကယ်ပိုင်လျှင် အင်္ဂလိပ်စာအောင်ပြီးသားဟု တွက်ချက်တက်သောသူပီပီ သူမကို ဘာသာစုံအောင်မှတ်ဖိုးအရင်ရအောင်နင်းကန်သင်ရတော့သည်။ တော်တော်လည်းအမုန်းခံရသည်။ ငိုရသည်လည်းအခါခါ ။ (၁၀)တန်းနှစ်ထူးချွန်စာမေးပွဲဖြေတည်းကအာရုံကြောရောဂါရလိုက်သောမိမိအတွက်ထိုစဉ်တည်းကစာကိုပြင်းပြင်းထန်ထန်မကျက်နိုင်တော့…ဆရာဝန်ကလည်းရောဂါအခြေအနေကြောင့် စိတ်လျှော့ထားရန်ပြောသည်။ စာမေးပွဲကြီးတွင်းတောင် စာမကျက်နိုင်ခဲ့သောသူဖြစ်တာကြောင့် သူမတို့ကိုတော့ ကျန်းမာရေးကောင်းသည်မို့အနိုင်ရစေချင်ခဲ့သည်။စာသင်သက်(၂)လကြာတော့ဆရာကခေါ်ပြောသည်။ကလေးကိုနည်းနည်းလျှော့လိုက်တော့သမီး နင့်တပည့်အောင်ပြီတဲ့. . .ဒီတော့မှ စိတ်ဒုံးဒုံးချမိသည်။ငါ့သမီးအရမ်းတော်သည်ဆိုသောဆရာ့ကြီး၏စကားကို တပည့်အမုန်းနှင့်ထပ်တူရခဲ့ဖူးသည်။ကျမကသူ့ကိုရည်းစားနှင့်အဆက်အသွယ်မလုပ်ရလို့အမိန့်ထုတ်ထားတာလေ......သူခိုးလုပ်တာလည်း ကျမသိပါသည်.........သို့သော်အဟန့်လောက်လေးတော့ဆုံးမရသည်ကအနီးကပ်ဂိုက်တို့၏အလုပ်.............နင့်ဟာမလေးအခုရည်းစားထားချင်နေတာနော်သမီးဟု ဆရာကြီးခေါ်ပြောတော့ ကျမမှာ ခေါင်းကိုကြိမ်းသွားရသည်.........ဒါက မိမိ၏စာသင်နှစ်၏ ပထမဆုံးအတွေ့အကြုံ . . .နောက်ပိုင်းတွင်တော့ စိတ်ဆင်းရဲမခံတော့ပါ မအောင်နိုင်သောကလေး…ကျန်းမာရေးမကောင်းသောကလေးများဆိုလျှင် တစ်ဝက်တစ်ပျက်နှင့် ထားခဲ့လိုက်တော့သည်။ ဂုဏ်ထူးမှတ်လိုချင်သူနှင့် တကယ်အောင်ချင်စိတ်ပြင်းထန်သူများကိုသာ ဆက်သင်တော့သည်။ ဒီတော့ အပင်ပန်းလည်းမခံတော့သလို ကိုယ်လည်းနာမည်မပျက်တော့. . .စာသင်သက်ရင့်လာတော့ (၂)လလောက်သင်လိုက်တာနှင့် ဒီကလေးဟာအောင်နိုင်ခြေရှိသည် မရှိသည်ကို တန်းပြီးသိနိုင်သည်က ဆရာ၊ဆရာမတွေ၏ သဘာပင်ဖြစ်မည်။ထို့ကြောင့် စာသင်ဂိုက်လုပ်ခဲ့ရာ (၆)နှစ်ကျော်ကာလတွင် မအောင်နိုင်သောကလေးကို (၂)လထက်ပိုမသင်ပါ။
တစ်ခါကြုံဖူးသည် ကျမစာသင်သောကလေးမလေး. . .ကြိုးစားလျှင် ဂုဏ်ထူး(၃)ဘာသာလောက်ပါနို်င်သော ဥာဏ်ရည်နှင့်မို့ ဖိပြီး သင်မိသည်။ မထင်မှတ်သောတစ်နေ့တစ်နေ့တွင်မှ ကလေးမလေးသည် ကျမကို သူမမျက်မှန်ကို ချွတ်ပြသည်။ အိုးးးးးးးးးးးကျောက်မျက်လုံးတစ်ဖက်ထည့်ထားရသော ညီမလေး၏ မျက်လုံးတွေသည်နီရဲမို့အစ်နေပြီ။ သနားလိုက်တာမပြောပါနှင့်………..ဒီကြားထဲဆရာက ကျမကိုခေါ်ဆူလိုက်သေးသည်။နင့်တပည့်တွေဟာ စာတော်ရက်နဲ့ ဘာမှအသုံးမကျဘူး………တစ်ယောက်ကကျတော့လည်း ဥာဏ်ကောင်းရက်နဲ့ ဟေးလားဝါးလား…လှချင်တာနဲ့ ရည်းစားထားချင်တာနဲ့ ပြောတော့လည်း သူငယ်ချင်းကောင်လေးတဲ့ နင့်ဟာမလေး ရည်းစားနဲ့အပြင်မှာ ချိန်းချိန်းတွေ့နေတာ သိလား…………..အမှန်တော့ကျမလည်းမသိပါ…
……သမီးပြောပါမယ်လို့............ပြောပြီး ကျမဆူတော့လည်း တပည့်မတွေက ဘာမှပြန်မပြော မမကလည်း …………….ဆိုပြီး အကျင့်ကမပျောက်ပါ စိတ်ဆိုးဆိုးနှင့် သူ့ကိုထိုင်ထတွေလုပ်ခိုင်းလိုက်သည်။ လူကစာမေးပွဲနီးလို့ သြော် အားကိုးရမယ့်သူဆိုပြီး ဆရာက ဖြစ်စေချင်လို့သမီးသူ့ကိုတော့ကြိုးစားပေးလိုက်ဆိုလို့ဖိသင်ပါသည်။သူကကျမကွယ်ရာမှာရည်းစားနဲ့တဲ့လေ………..စာမေးပွဲဖြေကာနီး(၁)လအလိုမှာဂုဏ်ထူး(၄)ဘာသာလောက်မှန်းထားသောတပည့်မအတွက် ထွက်သော စာကျက်ဂိုက်၏ဒေါသကို ကြုံဖူးသူတိုင်း နားလည်သည်။ ကျမသူ့ကိုသတ်ချင်တာရှင်
……ဒါပေမယ့် လောကမှာ တပည့်ကိုနိုင်တဲ့ဆရာလည်းမရှိဘူးနဲ့တူပါတယ်…..ကိုယ်ပဲရည်းစားမထားဖူးလို့လားမသိ ကျမရည်းစားထားသောကျောင်းသူ။ကျောင်းသားတွေကို စာသင်မပေးတက်ပါ……..ဘယ်လိုကိုင်တွယ်ရမယ်မှန်းလည်း တကယ့်ကိုနားမလည်ပါဘူး……….နောက်တော့ ငယ်သူငယ်ချင်းကောင်လေးတဲ့ တက္ကသိုလ်ရောက်မှသိရသည်။ ကျမခန့်မှန်းသည့်အတိုင်း ထိုတပည့်မလေးသည်ဂုဏ်ထူး(၂)ခုပဲပါလာပါသည်.......ကျမတို့က အပြင်ကျောင်းသားမသင်သည့်သူတွေပါ ကိုယ့်ငယ်ဆရာတွေက တာဝန်ခံပေးမှ စာသင်ပေးတာဖြစ်သည်။ ဟုတ်တယ်လေ စာကျက်ဂိုက်ဆိုတာ တပည့်နဲ့ကိုယ်(၂)ယောက်တည်း တစ်ခါတစ်လေ မိုးချုပ်သည်အထိအတူ နေရတာ………ဆရာတွေတာဝန်မခံလျှင် ကျမမသင်ပေးပါ………..
…….ဒီထက်ဆိုးသည်က ကျမတို့မှာ စာသင်သားစတင်လက်ခံတည်းက ဆရာတွေရဲ့ အော်ဒါကရပြီးသာ သည်လူက .............ကျမယ့်သူ…………အောင်အောင်လုပ်ပေး
...............သည်လူက ဂုဏ်ထူးမှတ်နားကပ်မယ့်သူ………ဂုဏ်ထူးဘယ်လောက်ပါရမယ်
စသည်ကအစအသေးစိတ် မှာတမ်းနှင့် အပ်နှံသည်ဖြစ်သည်။ ဒီအတွက် ကျမတို့မှာဖိအားတအားများသည်........သည်ကြားထဲ အဲဒီတပည့်နည်းနည်းဆိုးလျှင် မသိရကောင်းလားလို့ ခေါ်အဆူခံရသေးသည်။ ကျမယ့်ကလေးအောင်နိုင်ပြီဆိုလျှင်လည်း ……….ဆရာကခေါ်ပြောသည် ……………ပုံမှန်လေးသွားတော့သမီး သူအခြေအနေကောင်းပြီ အောင်နိုင်ပြီဆိုတာမျိုး……………..
ကျောက်မျက်လုံးထည့်ထားသော ညီမလေးကိုတော့ ကျမအိမ်မှာ ငိုမိသည်အထိ။ မျက်လုံးထိထားသော ကလေးကို ကျမ၏နှုန်းနှင့်စာမသင်ရဲပါ………ကျမဘိုးဘိုးသည် ကျမလူဖြစ်စဉ်ထဲက မျက်စိကွယ်သွားတာဖြစ်သည်။ မျိုးရိုးအရ ရေတိမ်(အတွင်းတိမ်)ဟု ဆရာဝန်ကပြောသည် ။ မတော်တဆကျန်သည့်မျက်လုံးတစ်လုံးကွယ်လျှင် ဘယ့်နှယ့်လုပ်မလည်း။ ဒါပေမယ့် သူကအောင်နိုင်ပါသည်ဆိုတာ ကျမသိပါသည်။ သူ့မေမေကတော့ သူ့ကလေးကို ဂုဏ်ထူးထွက်ရမည်တဲ့…..နောက်ဆုံး တပည့်မနှင့် သူ့မိဘကြားတွင် ကျမစိတ်လျှော့လိုက်တော့သည်။ တွန်းသင်လျှင် အနည်းဆုံးဂုဏ်ထူး(၁)ခု(၂)ခုတော့ ပါသွားမည်ကို သိသော်လည်း ကျမမလုပ်ရဲပါ……..သူမကိုပြန်အပ်တော့ဆရာကြီးကကျမကို ခေါ်ဆူပါတော့သည်။ငယ်ဆရာအရင်းမို့ဆရာ့ကိုကျမတော်တော်ကို ကြောက်ရသည်။ ရှေ့မှာ ခေါင်းမော့ပြီးတောင် ကျမဖြတ်မလျှောက်ဖူးပါ။အောင်ရုံဆိုလည်းမှိန်းသင်ပေါ့သမီး၇ယ် .ညည်းလိုဆို ဆရာတို့ဘယ်လိုလုပ်မလည်းတဲ့ ဆရာတို့ဝိုင်းမှာ လူ(၂၀)ရှိလို့ (၁၅)ယောက်အောင်ရင် အောင်မြင်တယ်လို့ခေါ်ရတာပဲလေတဲ့………..သမီးက စာကျက်ဂိုက်လေဆရာကြီးကလည်း မအောင်ရင် သူတို့ကလူတွေကိုလက်ညှိုးထိုးမှာမဟုတ်ဘူး သမီးကိုပဲလက်ညှိုးထိုးမှာ ပြီးတော့ ပြန်ရတာက (၁၁)နာရီလောက်မသင်တော့ပါဘူး……ပြီးတော့သူကအောင်မှာသေချာပြီးသာပါလို့ဆိုကာဖြုတ်ပစ်လိုက်တော့သည်..............ကရင်မလေးတစ်ယောက်ကတော့ အသက်ကကျမထက်ကြီးပါသည် စာကလည်းညံ့သည် ရည်းစားကလည်းများသည်.............ဆရာကလည်း ကျမယ့်သူလို့အခိုင်အမာပြောနေသည်...........သူ့ကိုစာသင်ပြီးသိပ်မကြာခင်မှာဆရာကြီးကခေါ်ပြောသည်............နင့်တပည့်မကအောင်မှာသမီး ဘာလို့လည်းဆိုတော့သူစာခိုးချတာအရမ်းတော်တယ်ဆရာကြီးတောင်မိအောင်မဖမ်းနိုင်ဘူးတဲ့လေ............သူ့ကိုဘယ်နေရာဘယ်စာရှိတယ်ဆိုတာနဲ့ ခန့်မှန်းမေးခွန်းများများသင်ပေးတဲ့..............ဒီလိုကလေးမျိုးကြတော့ ဘ၀မှာ ပညာပါသွားအောင်မသက်ပေးတော့ပါ......ထူးချွန်လည်း အဲဒီကရင်မလေးက ယောင်္ကျားပဲယူမယ့်သူဆိုတာ ကျမတပည့်မို့ကျမသိပြီးသား.........…ကလေးတွေအားလုံးသည် ကျမဆရာကြီး၏ ဘော်ဒါတွင်တက်သည့်သူများမို့ ဘယ်သူ့ကိုကျမဘာပြောသလည်း ဘာလုပ်လည်းဆိုတာအချင်းချင်းပြန်သိကြတာပင်......သူ့ကျတော့မမကဖြူတ်တယ်..........ငါကျတော့တင်းတယ်.......သူ့ကျတော့လျှော့တယ်....
ဒီတစ်ယောက်ကျတော့ချော့မော့သင်တယ်ဆိုတာမျိုး............ကလေးတွေစိတ်ထဲမှာ ၇ှိခဲ့ပါသည်............ကျမတို့ကတော့ ကိုယ့်ဆရာကြီးပေးသော် သြ၀ါဒအတိုင်းအတာနှင့်အလျှော့အတင်း အချော့အမော့လုပ်ရသည်လေ......(၄)ဘာသာပါမည့်ကလေး ရည်းစားထားလို့ (၂)ဘာသာပဲထွက်နိုင်တော့မည်ဆိုပြီး ကျမမဖြုတ်ရဲပါ .....သူကိုသည်းခံသင်ဆိုသည့်သြ၀ါဒက ဆရာ့ထံမှ ရပြီးသား......ဒါကကျမဘ၀ရဲ့ဒုတိယမြောက် စာသင်နှစ်………………
....................ဗိုလ်ချုပ်ရွာမှာ အန်တီစာသင်တဲ့အိမ်က မိန်းကလေးက လိမ်လည်းလိမ္မာတယ် ပညာလည်းလိုချင်တယ် စာသင်ပေးပါဆိုသော အဒေါ်ဆရာမထံမှ တပည့်ကိုပင် ကျမစာသွားမသင်ပေးဖူးပါ၊ ပြန်ရင်သူ့အစ်ကိုကိုလိုက်ပို့ခိုင်းပါ့မယ်ဆိုတာတောင် ကျမ သမီးမအားလို့ပါလို့ ဘူးခံငြင်းခဲံ့ဖူးသည်................
(ထိုအချိန်က ဗိုလ်ချုပ်ရွာကို ကြောက်နေသည့်အချိန်လည်းဖြစ်ပါသည်၊ အိမ်ဘုရားစင်တွင်ဘုန်းကြီးဆောင်းထီးကို မိုးကာယတြာချေသင့်မချေသင့် ကျမနှင့်မေမေအငြင်းပွားနေသည်မို့ မေမေသူငယ်ချင်း မမိုးတို့ရှိသည့် ဗိုလ်ချုပ်ရွာကို ကျမမသွားခြင်းလည်းဖြစ်သည်၊ အိမ်ရှိစက်ချုပ်သည့်အန်တီယောင်္ကျားကလည်း ကျမကို သဘောတူသည့် သူတွေနှင့်အတင်းကာရော ကာစတန်မာထဲသွင်းစေချင်သည့်အခ်ျိန်ဖြစ်သည်..............သို့သော်ကျမသည်နားပါးလွန်းသည့်အတွက် မေမေလည်းသူ့မိတ်ဆွေတွေနှင့် ပေါက်တက်ကရယတြာတွေမချေနိုင်အောင် မသွားဖူး၊မသင်ဖူးဟုသာဆုံးဖြတ်ခဲ့လိုက်သည်။စာသင်နေသည့်တပည့်တွေကိုပစ်ပြီးကာစတန်ထဲလည်းကျမ၀င်မလုပ်နိုင်ပါ..............အဲဒီတုန်းက (၂၀၀၀)ခုနှစ် စွန်းကာစအချိန်ပေါ့ )
........................နောက်ထပ်နောက်ထပ် တပည့်တွေအများကြီးကျမကြုံဖူးသည်။ တစ်ချို့တွေကျတော့လည်း ရွယ်တူလိုမို့ သူငယ်ချင်းလိုဖြစ်သွားသည်။ တစ်ချို့တွေကျတော့လည်း ကိုယ်ကသာ Master တက်နေသည်။ စာမေးပွဲနီးလျှင် BE တက်နေသောကျမဆီ စာအုပ်လေးကိုင်ပြီးရောက်လာသေးသည်။စာလာမေးတာတဲ့ခေါင်းခေါက်လွှတ်ရလည်းအခက်…….စိတ်မထင်လျှင်တော့ ခေါင်းခေါက်လွှတ်လိုက်မိသည်။ တစ်ခါတစ်လေကျတော့လည်း လူမုန်းခံရတက်သည် တစ်ခါတစ်ရံကျတော့လည်း သေချင်စိတ်ပေါက်မိအောင်ကလေးတွေကဆိုးကြသည်။ ကျောင်းစာသင်ခန်းရှေ့မတ်တပ်ရပ်မိလျှင်တော့ တပည့်အားလုံသည်အရောင်တူလေးများသာဖြစ်သည်။ မည်သူသည် မည်မျှအထိ ထူးချွန်နိုင်သည်ကိုအလိုလိုသိသည်မှာကျမ၏သဘာတစ်ခုလို့ဆရာကြီးကပြောဖူးသည်။(၁၀)တန်းကို(၄)နှစ်လောက်ကျနေသော ကျောင်းသားပင်ဖြစ်စေကာမူ အောင်နိုင်သည်ဆိုလျှင် အောင်လိမ့်မည်ဟု အလိုလိုသိသလို စာအုပ်ကိုကောက်ကိုင်လိုက်ပြီး (၃)နှစ်စာ မေးခွန်းဟောင်းကိုဖတ်ကြည့်လိုက်တာနှင့်ကို ဒီနှစ်မေးခွန်းကိုအလိုလို သိနိုင်သည်က ကျမ၏ ပါရမီတစ်ခုပဲ ဖြစ်သည်။ ဒါကြောင့် ကျမရွာလေးတစ်ရွာသို့ စာသင်ရန်ရောက်ရှိလာစဉ်က ကျောင်းတွင် Bio တွဲ EC0 တွဲ မဲလုနေချိန်တွင်ဖြစ်သည်။ ကျောင်းအုပ်က ကျမကို Eco သင်စေချင်သည်။ ကလေးတစ်ချို့နှင့်မိဘများက Bio သင်စေချင်သည်။ စာသင်ခန်းတွင် ပထမဆုံးနေ့က ပြောခဲ့ဖူးသော စကားကို ကျမမှတ်မိသည်………………
ဆရာမက၀ိဇ္ဖာသိပ္ပံအပေါင်းနဲ့ ပြီးလာတာ…………မင်းတို့ကိုကြိုက်တာသင်လို့ရတယ်……….ဒါပေမယ့် မင်းတို့တွေရဲ့ အင်္ဂလိပ်စာအခြေခံကြောင့်မို့ Eco ကိုယူစေချင်ခဲ့တာ……….ဆရာမအတွက် Bio ကသင်ရတာပိုလွယ်တယ်……..ဘာလို့လည်းဆိုတော့ မျက်စိမှတ်ကြည့်တာနှင့် Bio စာအုပ်ရှိစာများကို စာမျက်နှာ အစီအစဉ်အလိုက်မှတ်မိနေသည်အထိ ကျမစာကျက်ခဲ့ရဖူးသည်။ သို့သော် ကျမသည်စာမေးပွဲနတ်နှင့်တော့လမိုင်းမကပ်ပါ။(၁၀)တန်းစာမေးပွဲနှစ်ဝက်ထဲကအာရုံကြောအားနည်းသောရောဂါနှင့်နှလုံးရောဂါရခဲ့သောကျမသည် ဆရာဝန်မဖြစ်သည့်နေ့ကစလို့ စာကိုဝတ်ကျေတန်းကျေလောက်သာကြည့်တော့သည်။ တစ်ခါတစ်ရံ မနက်ဖြန်ဖြေမည့်ဘာသာကို ဒီနေ့မှ စာအုပ်စလှန်သောနေ့မျိုး YTU ကျောင်းသူဘ၀တွင်ကျမဖြစ်ဖူးသည်။တစ်ခါတစ်ရံတွင်တော့ လုံးဝမဖတ်ရသေးသောစာအုပ်ကို သူငယ်ချင်းမလေးအိမ်ယူပြီး ဖတ်ပြခိုင်းပြီး စာမေးပွဲသွားဖြေလိုက်သည်အထိ ကျမလည်း ကျောင်းစာကိုစိတ်နာခဲ့ဖူးပါသည်။
ထိုအချိန်မှ(၁၀)တန်းပြီးကာစ စာသင်ခဲ့သော တပည့်မလေးများ စာညံ့ရသည့်အကြောင်းကို ကျမနားလည်သွားသည်။ သူတို့စိတ်ထဲမှာ စာအပြင်တခြားစိတ်တွေများနေတာကိုးးးးးးးးးးးးးလို့………
မူလတန်းကျောင်းလေးကို လုပ်အားပေးစာသင်သွားတော့ ကိုယ့်အိမ်မှာကိုယ့်အောက်အငယ်မရှိသော ကျမအတွက် သူငယ်တန်းပ(၄)တန်းအထိရှိသော ကျောင်းလေးကို တစ်ယောက်တည်း သင်ရတာမို့ ပြီးပြီးရောနှင့် ဟိုဘက်က သူငယ်တန်းကလေးလေးတွေ (၀) လုံးရေးထားနော်ဆိုတော့ …………..ကျွတ်ကျွတ်ပါအောင်ငိုသော ကလေးလေးကိုကြည့်ပြီး ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိနဲ့………သားလေးကငယ်သေးတယ် မရေးတက်ရင် မရေးနဲ့ဆိုတော့လည်း ကလေးကပိုငို……နောက်ဆုံးတော့ ကျောက်တံကိုလက်ကြားညှပ်ကာ ကိုယ်တိုင်ထိန်းကိုင်လို့ ပထမတန်းကနေ စတုတ္ထတန်းကလေးတွေကို ဒီအတိုင်းထားပြီး သူတစ်ယောက်တည်းကို (၀)လုံးရေးသင်ခဲ့ရသည့်ဘ၀ကို ရောက်ခဲ့ရဖူးသည်။ ရိုက်လည်းမရိုက်ရက် (ကလေးပိစိလေးတွေမို့) ဆူလည်းသူငယ်တန်းလေး (မူကြို အရွယ်) ဘာမှနားလည်မှာမဟုတ်…………အခန်းကာထားတာမရှိပဲ အတန်းစုံအလယ်သင်ရတာမို့ သူငိုနေလျှင် မည်သည့်အတန်းကိုမှစာသင်၍မရ………ဒီလိုနဲ့ လွန်ခဲ့တဲ့(၁၀)နှစ်ကျော်လောက်က မနက်တစ်ပိုင်းလုံး မူကြိုကလေးပိစိနှင့်တစ်နေကုန်ခဲ့ရဖူးသည်၊ ရန်ကုန်မှာက ဈေးထဲက၀ယ်စားရတာမို့သူတို့ ရိုက်သတ်ပြီးချက်လာသော ကြက်သားဟင်းကို မြိုမကျသောကျမကို ဆရာမလေးက ကြီးကျယ်တယ်လို့ ကွယ်ရာမှာပြောတာကြုံခဲ့ရဖူးသည်၊ ကြိုးစားပြီးစားပေါ့ညီမလေးရဲ့ သူတို့ကစားမှကျေနပ်မှာလို့ မမတို့ပြောလည်း ကျမမှာတော့ သူများတကာ သတ်လာသောကြက်ကို မစားရဲပါ………..ကျမက ပုရွတ်ဆိတ်တောင် သတ်သည့်သူမဟုတ်ဘူးလေ၊ ကျမအသားကအရမ်းနုလို့ ပိုးမှုန်ကျရင်တောင် အလက်ကျိတ်ဖြစ်သည့်သူမို့ ကျမအိမ်ပြန်တော့ စိတ်ဆိုးသည့် တပည့်များထဲတွင် မောင်ငယ်တွေတောင်ပါခဲ့ကြဖူးသည်။
...............ပြီးတော့မိဘထားလို့ကျောင်းသာတက်နေရတယ် ကျောင်းပြီးလည်း ဈေးပဲရောင်းရမှ ဘာထူးမှာလည်းဆိုသောကလေး၊ (၅)တန်းအောင်နဲ့အဆိုတော်ဖြစ်လည်း အဆိုတော်ပဲ ဘွဲ့ရနေရင် ကြာနေဦးမယ်ဆိုသော ကလေး၊ စာသင်နေရတာ သမီးနဲ့မလိုက်ဖက်ပါဘူး သမီးကမော်ဒန်ပဲလုပ်မှာဆိုသော ကလေး၊ ကျနော်က မိဘလုပ်ငန်းကိုပြီးရင်ဦးစီးမှာ ဒီစာတွေကို ၀တ္တရားအရ ကျက်ရတာ အမေတို့အတွက်စာမေးပွဲဖြေပေးတာဆိုသောကလေး၊ ဘွဲရပြီးဘွဲ့လက်မှတ်ချိတ်ထားပြီးရင်အမေတို့အတွက်တာဝန်ကျေပြီပဲ သမီးကဒါတွေစိတ်ဝင်စားတာမဟုတ်ဘူးဆိုသောကလေး၊ ၊ လယ်ထဲမှာညစောင့်မရှိလို့စောင့်နေရတာ ဆရာမကဒါတွေနားလည်လို့လားဆိုသော တောကကလေး၊ ဆရာမစာတွေကကျောင်းပြီးရင်လည်း အိမ်က ဒီ(၁၀)တန်းအထိပဲထားမှာ လယ်ထဲပဲပြန်ဆင်းရမှာ အခုတည်းက ၀င်လုပ်၇င် လုပ်ငန်းတောင်ပိုကျွမ်းကျင်တယ်ဆိုသောကလေး(စီးပွားရေးပညာရပ်ကို စာအဖြစ်ကျက်ရုံတင်မဟုတ်ပဲ လက်တွေ့အသုံးချနိုင်အောင် သင်ပေးပါမည်ဟု ကျမတို့ရွာလေးရှိ Bio နှင့် Eco ဘာသာတွဲအပြောင်းတွင် ကလေးတွေကို တောင်းပန်ခဲ့ရသောကျမရဲ့ ဘ၀…………..တကယ်တော့ တွေးကြည့်တိုင်းကျမရင်နာပါသည်။ သူတို့ကိုသင်ဖို့ သင်ရိုးစာအုပ်ကိုတောင် ကျမသည် စာပေလောကစာအုပ်ဆိုင်များသို့ ခြေတိုအောင်လျှောက်ပြီးရွေးချယ်ခဲ့ရသည်။ ဒါတောင် ဒီစာအုပ်မှလားမနှစ်ကစာအုပ်နဲ့မရဘူးလားဆိုသောတပည့်လေးတွေကိုကြုံခဲ့ရဖူးသည်.............အခုမှပြောပြချင်တာက……………မင်းတို့ဆရာမ၀ယ်လာတဲ့စာအုပ်ထဲမှာ အဲဒီနှစ်အတွက်ခန့်မှန်းမေးခွန်းပါလာပြီးသားလေလို့…………….ဒီလိုစာအုပ်တွေက နောက်တစ်နှစ်ပြန်ကိုင်လို့သိပ်အသုံးမ၀င်တော့ဘူးလေ) ………..
……………ကျမရဲ့ တပည့်မဆပ်စလူးမကတော့ပြောသည်………….မမကတတိယမျက်လုံးရနေတာတဲ့……
ကျမတို့အဲလိုလည်းအပြောခံရတယ်ရှင်။
တကယ်တော့ သူတို့တွေကြောင့် ကျမခဏခဏငိုခဲ့ရဖူးသည်မို့ မေမေက ကျမကို စာမသင်စေချင်တော့တာဖြစ်သည်။ ရတဲ့ရောဂါနဲ့ ကုရတာနဲ့ အိမ်က စိတ်ဆင်းရဲရတာနဲ့ နင်ရတဲ့လခနဲ့တန်လို့လားတဲ့................စာလုံးဝမသင်ရဘူးးးးးးးးးးးးးးးးးးးဒါသည်ကျမမေမေ၏ တစ်ချက်လွှတ်အမိန့်ဖြစ်သည်။တပည့်တွေရှေ့ မာန်တင်းထားသော ကျမသည် သူတို့ကွယ်ရာရောက်သည်နှင့် လူမမာလုံးလုံးဖြစ်သွားရသည်မို့ မေမေကတော့ ကျမ၏ဆရာမဘ၀ကို စိတ်သိပ်နာပါသည်။ထို့ကြောင့် ကျမစာမသင်တော့ခြင်းဖြစ်သည်။
…………..သြော်(၇)တန်းကျောင်းသူဘ၀က ကျမတို့ရဲ့မြန်မာစာဆရာလေးကိုသတိရမိသည် ။တစ်သက်တာအတွက် မမေ့နိုင်သောဆရာမတစ်ဦး …………..
အိမ်ရောက်ရင် ခေါင်းပေါ်လက်တင်ပြီးစဉ်းစား ……….ငါဒီနေ့တစ်နေ့စာဘာရလိုက်သလည်း…………..ကုသိုလ်ရလား၊ ပညာရလား တစ်ခုခုတော့ရအောင်လုပ်ရတယ်တဲ့………..တစ်ဘ၀လုံးစာမမေ့နိုင်သောဆရာမကိုကျမပြန်တွေ့ရတော့ပါ…..ကိုယ့်အလုပ်နှင့်ကိုယ့်ဘ၀နှင့်ကိုယ်ရှုပ်နေကြတာပဲဖြစ်သည်။
...............ယခုတော့ ကျမ၏ ငယ်ဆရာကြီးသည် ကင်ဆာရောဂါနှင့်ဘ၀တစ်ပါးသို့ပြောင်းရွေ့ ကွယ်လွန်သွားခဲ့ပြီ၊ ကျမ၏ဆရာကြီးကောင်းရာသုဂတိလားမည်ဟု ကျမယုံကြည်ပါသည်၊ အဘယ့်ကြောင့်ဆိုသော် သူ့တွင် ကျမကဲ့သို့တပည့်များစွာ ရှိခဲ့ဖူးသည်။ ထိုတပည့်တွေအတွက် သူစိတ်ဆင်းရဲအပင်ပန်း၊အနစ်နာ၊အနွံတာ၊စေတနာတွေမကုန်အောင်ထားခဲ့ဖူးမည်ပင်။ဆရာကြီး၏ အသုဘကို နယ်တွင်တာဝန်ကျနေသည့်အတွက် ကျမ မသိလိုက်၊မသွားလိုက်ရပါ။ သို့သော်ရင်ထဲတွင်တော့ ဦးတိုက်မိပါသည်။
ဝါသနာဖြင့် စေတနာနှင့်
အနစ်နာချင့် အကြင်နာဖြင့်
ပညာရဲရင့် မင်္ဂလာမြင့်
ငါးဖြာဂိုဏ်းဝင်ပဉ္စမနေရာတွင်
စာသင်ညွှန်ပြဆိုဆုံးမသည့်
မြတ်သည့်ဆရာ
အို…………………ဆရာ။
လို့ ခေါ်ကြတာဖြစ်မည်။
(ကွမ်းခြံကုန်းမြို့နယ်အသင်း မဂ္ဂဇင်းမှ……….)
ကျ မ က ဆ ရာ မ ဖြ စ်ေ တာ့ ဖြ စ် ခဲ့ ဖူး တ ယ် ဆ ရာ မ ရ ယ် လို့ . . .
တိမ်တိုက်(TU)