မြန်မာနိုင်ငံရဲ့ ဇူလိုင်လထဲကနေ့  နေသာလွန်းတဲ့နေ့ တနေ့ ….။
ခွဲခွါခဲ့နေရတာ နှစ် နှစ်ဆယ်ကျော်နေပြီဖြစ်သော အမိမြေမွေးရပ်သို့ ဆီအလွမ်းပြေသဘော တိုးတက်ပြောင်းလဲ
နေသောခြားနားချက်များကိုယ်ကိုတိုင်ကိုယ်ပိုင်မျက်လုံး..နှလုံးသားခန္ဓာနဲ့ ထိတွေဆက်ဆံလေ့လာရန်ဟူသော မျော်လင့် ဆုံးဖြတ်ချက်များဖြင့်.ကျွန်တော်အလုပ် လုပ်ကိုင်ရာ Nishikawa Cooper LLc “ Topeka“အထံတွင်
ခွင့်ရက်ရှည်လျှောက်ယူပြီးပြန်လာခဲ့ခြင်းဖြစ်သည်။ ပြောင်းလဲခြင်းမပြောင်းလဲခြင်းကိုမူ ကျွန်တော်ပြန်ပြောရန်
မှာလွန်စွာမှ..ကျွန်တော်၏နုတ်ရေးမသွက်နိုင်ပါခြေ..သေချာသည်မှာရန်ကုန်မြို့ သည် မြို့ တော်ရန်ကုန်ဖြစ်သည်
ကိုမူနားလည်မှတ်သားထားမိဖူးသည်။ ကျွန်တော့်သူငယ်ချင်းTaxi ကားသမားနှင့်အတူ ရန်ကုန်မြို့ တော်အား
ကောင်းနိုးရာရာနေရာအများလိုက်၍လည်ပတ်ခဲ့သည်။ များစွာသော လမ်းများ.ဈေးများ စာသင်ကျောင်းများဘု
ရားပုထိုးစေတီတော်များကို ချစ်သူငယ်ချင်း၏ကျေးဇူးတော်ကြောင့်ရောက်ရောက်ပေါက်ပေါက်ရောက်ခဲ့လိုက်ရ
ပါ၏။ လမ်းများမှမူချိင့်ခွက်များနဲ့ ရင်းနီးကျွမ်းဝင်နေသည်မှာကြာပြီထင့်၎င်းမျက်နာပြင်ထက်ပေါ်တွင် ပွရှုပ်နေ
သောအမှိုက်သရိုက်များစွာ ကွမ်းတံထွေးများတို့ သည်လွန်စွာမှပျော်ပါးနေကြနေရာယူထားကြလေသည်။ ရှုပ်ပွ
ရောယှက်နေသောလမ်းဘေးဈေးသည်များနှင့်ပျံကျဈေးသည်ဟုဆိုနိုင်သော ခဏရောင်းပြီးဟိုရွေ့ ဒီရွေ့ ဈေး
သည်များတို့ သည်..အများသွားလာရန်ပြုလုပ်ထားဟန်ရှိသော သင့်ရာရာဖြင့် အပေါက်အကျားများကိုဖုံးအုပ် ထားသော Sidewalk ခေါ်သောလူသွားလမ်းပေါ်တွင်ပင်လျှင်လမ်းသွားခရီးသည်များအား နဂါးတကောင်ဆီ
က ခဏတာငှါးရမ်းယူသုံးထားသောမျက်လုံးများနီဖြင့် ရန်ထောင်နေသောဈေးသည်တချို့ ၊..ကွေ့ ကွေ့ ကောက်
ကောက်အချိင့်အဝှမ်းများတွင် ပါတီပွဲကျင်းပနေကြသော..ကြွက်ကြီးကြွက်ငယ်များဖြစ်..လွှင့်စင်ပျံဝဲကျရောက်
လာမည့်အရိုးအရင်းအသားစများအားမျော်လင့်စောင့်စားနေကြသော.ခွေးအမွေးအတောင်မစုံတော့တဲ့ခွေးကအစ စုံညီလှတဲ့ပိုင်ရှင်မဲ့ခွေးလေ ခွေးလွင့်များစွာတို့ သည်လည်း..ဈေးဝယ်လိုသူများ၏မျက်ကွင်း. ခြေရင်းတွင်ရှုပ်
ယှက်ခတ်စည်ကားလို့ ..။ စာသင်ကျောင်းများတွင်မူ အများပြည်သူသွားလာသောလမ်းများပေါ်တွင်“ကား“အလှ
အကောင်းပြိုင်ပွဲများ..ထမင်းချိင့်အလှ အကြီးပြိုင်ပွဲများ အမျိုးကြီးကြောင်း.ဂုဏ်ဟုသတ်မှတ်ထားအကြောင်းအ
ရာများစွာတို့ ကိုလေထဲတွင်လွဲဆွဲပြိုင်ပွဲကျင်းပနေကြသည်မို့ ..ကျွန်ုပ်စီးနင်းလိုက်ပါလာသော Taxi ကားလေး
သည်ပင် ..တစ်နာရီနီးပါးခန့် ရပ်တန့် သကဲ့သို့ တရွေ့ ရွေ့  .ရွေ့ လျှားမောင်းနှင်ခဲ့ရ..တွေ့ ရသည်မှာ Fort Wayne,IN မှာကဲ့သို့ ဝါဝါရှည်ရှည် Stop Sign အမှတ်အသားလက်တံပါသောကျောင်းသူကျောင်သားးကြိုသည့် ကျောင်းကြိုကားမတွေ့ ရခြင်းတခု။ ထူးဆန်းသောမြင်ကွင်းသည် ဘုရားများပေါ်တွင်ရှိနေ၏..၄င်းတို့ မှာကျန်ုပ် တို့ မြန်မာများမှာ တို.ကွဲဟိုက်များကိုဝတ်ဆင်မြန်မာ့ဘုရားမြန်မာဖူးမျော်ကြည်ညိုနေကြရတဝိုက်..နိုင်ငံခြားသား
များနှမူ လုံခြုံသော၎င်းတို့ ၏အဝတ်အစားများ သို့ တည်းမဟုတ် ကျန်ုပ်တို့ ၏တိုင်းရင်းသားရိုးရာဝတ်စုံများကို
လှပစွာ.တမြတ်တနိုးဝတ်ဆင်၍မြန်မာ့ဘုရားရုပ်ပွါးတော်.စေတီတော်များကိုဖူးမျော်ကြလေ၏။
ထားပါတော့ပြောရပါမူ..စာကြောင်းများရှည်ရသည်အံ့….။
ကျွန်တော်ပြောချင်သောအကြောင်းအရာသည်ကား..ကျွန်တော်အင်းလေးအရပ်ဒေသသို့  သုတရလို၍နှင့်ဘု
ရားဖူးမျော်ရန်ရောက်ခဲ့စဉ်က။ မြတ်စွာသောဖေါင်တော်ဦးဘုရားကိုဖူးမျော်ကြည်ညို.ရွှေသင်္ကန်းကပ်လှူပြီး
နောက်ပဲ့ချိတ်မောင်းဆရာရဲ့ လမ်းညွှန်မှုဖြင့်တခုသောဘုရားရင်ပြင်သို့ ရောက်ပြီး ဈေးသည်ဈေးတန်းစုံညီသည် မို့  ခြောက်သွေ့ လာသောအာခေါင်ကိုပြေစွတ်ဖို့ အတွက်ကျွန်တော်က ဆိုင်တဆိုင်တွင် အုန်းသီးနုဝယ်သောက်
ရန် စိတ်ကြိုက်ရာရွေးယူပြောဆိုနေစဉ်..။ကျန်ုပ်၏ဘောင်းဘီ(သျှမ်းဘောင်းဘီ)အစအား ဆွဲခါလှုပ်ရမ်း၍
“ ဦးဦးမုန့် ဖိုးပေးပါ ..မုန့် ဖိုးပေးပါ”ဟုတောင်းရမ်းနေကြသောကလေးငယ်၎.၅ယောက်သည်ကျွန်ုပ်ဘေးနားဝိုင်း
လည်နေကြ၏။ ၄င်းကလေးငယ်လေးများအားကျွန်ုပ်ကြည့်ရင်း ရင်တွင်းမှာဝမ်းနည်း.ဒေါသရှက်လည်းရှက်မိ
တယ်။ ရန်ကုန်ရှိစဉ်က ..သူငယ်ချင်းတယောက်ပြောခဲ့သည့် စကား.နားထြဲပန်လည်ကြားယောင်လာမိတော့
တယ်။ မြန်မာ့ပညာရေးစနစ်နှင့်မြန်မာပညာကို ထိုင်းနိုင်ငံလိုကအစဘယ်နေရာမှာမှသုံးစားမရဖြစ်နေပုံအကြောင်းနိုင်ငံရဲ့ စီးပွါးရေးချွတ်ချုံကျမှုဒဏ်မှာမြန်မာ
ကျောမွဲများအလူးအလဲခံနေရပုံများ..အဲဒီရဲ့ အောက် မြန်မာ့ကလေးများ (အနာဂတ်အရှင်သခင် နိုင်ငံရဲ့ ပဲ့ကိုင်
ရှင်လောင်းလျှာလေးများ)ရဲ့ ကျန်းမာရေး ပညာရေးများပါနွမ်းပါးချွတ်ချုံကျခံနေကြရပုံများ၊ နွမ်းပါးတဲ့စီးပွါးရေး
ကမပြေလည် နိမ့်နည်းကြသော်လည်းတချို့ သောအိမ်ထောင်သည်မများမှာမူ ကလေးမွေးထုတ်မှုမှာ မပျက်
ကွက်ခဲ့ကြ၊ ကလေးအများမှာ ကျောင်းနေဖို့ ဝေး ပညာရေးဆိုတာ အမှိုက်ပုံထဲ..ကောင်းနိုးရာရာလေးများရှာဖွေရသော ပစ္စည်းလောက်တန်ဖိုးမထားကြတော့၊ ဒီကနေ့ ပြည်တွင်းကလေးတချို့ ရဲ့ တန်ဖိုးက စားသောက်ဆိုင် အရက်
ဆိုင်တွေဆီ အလုပ် လုပ်တဲ့ကလေးရဲ့ ဝင်ငွေကမြန်မာငွေ တစ်ထောင် နှစ်ထောင်။ ဈေးရောင်းငွေရှာတဲ့ကလေးတွေရဲ့ ဝင်ငွေကသုံးထောင်အောက်ထက်။ အုတ်သယ်ပန်းရံအလုပ်က နှစ်ထောင် နှစ်ထောင့်ငါးရာ..ကလေးတွေမှာမိဘတွေ စီးပွါးရေးချူ၏ချာကြလေတော့..စာသင်ကျောင်းဝေကလေးငယ်
လေးတွေ သူတို့ အရွယ်နဲ့ သူတို့ ရဲ့ ကျဘန်းတွေထဲနစ်ဝင်နေကြရပေါ့။” မုန့် ဘိုးပေးပါ..မုန့် ဘိုးပေးခဲ့ပါဦးဦး လို့ ထပ်မံလှုပ်ရမ်းလိုက်တဲ့ ကလေးတယောက်ရဲ့ အပြုအမူကြောင့် ရန်ကုန်ပြန်ရောက်နေတဲ့ကျွန်ုပ်အာရုံခံ
စိတ်များသတိပြန်ရလို့ လာတော့တယ်။ ကလေးငယ်တွေတောင်းပေမဲ့ ကျွန်တော်မပေးခဲ့ပါဘူး..။ ကျွန်တော့ စိတ်ထဲမှာတော့ ဒီကလေးအတွက်မေးခွန်းလေးတခုရှိနေတော့တယ်…။ တိုင်းပြည်ကို အနာဂတ်ဆီသယ်ဆောင်
ပြီးမွမ်းမံပြင်ဆင်ခိုင်ခန့် အောင်ပုံသွင်းတည်ဆောက်ထိမ်းသိမ်းကြမည့်အနာဂတ်ကြယ်ပွင့်လေးများဟာဒီကလေး
ငယ်တွေ၊ ဒီကလေးငယ်လေးများခမျာ.ပညာရေးဗလာနဲ့ ဆို….? တိုင်းပြည်ရဲ့ အနာဂတ်..လူမျိုးစုတို့ ရဲ့ ရှေ့ 
ရေး.?။ ဒီကနေ့ အခြေနေမှာတောင်သိပြီးကြတဲ့အတိုင်းကမ္ဘာအနံ့ ပြန့် ကြဲသွားကြတဲ့ရွှေမြန်မာအများစုမှာအခြေ
ခံအလုပ်သမားဘဝ၊ အိမ်ကျွန်ဘဝများနဲ့ သာ အနိမ်ခံဘဝများကိုပိုင်ဆိုင်ရင်းအသက်ရှင်သန်လှုပ်ရှားနေကြ
ရသည်လေ။ အကျွန်ုပ်တို့ များစွာမဝေးလှသောထိုင်းနိုင်ငံမှ ကလေးငယ်များမှာမူ Latop နဲ့ ကမ္ဘာပတ်နေချိန်
.မြန်မာကလေးအများစုမှာမှုကွန်ပျူတာ အငှါးဆိုင်များတွင် အလှည့်ကြတန်းစီ တိုးဝှေ့  နေကြရ။
အငှားဆိုင်ဆိုသော်ညားလည်း တော်ရုံကျဘမ်းအလုပ်သမားကလေးငယ်များမပါဝင်နိုင်ချေ။မိသားစုစားဝတ်နေ
ရေးအတွက်တနေ့တာဝင်ငွေကမသေရုံထမင်းဟင်းကိုလွေးနေရရှာသောပညာမဲ့လူတန်းစားကလေးငယ်နဲ့လူငယ်လူကြီးက ကျွန်တော်တို့နိုင်ငံလူဦးရေ၏ သန်းပေါင်းများစွာတွင်ပါဝင်နေပေသည်။
ထို သန်းပေါင်းများစွာသော လူတန်းစားများရဲ့အနာဂတ်ခရီးသာယာလှပဖို့အဘယ်သို့သောအဖွဲ့အစည်းများ
ကကူညီသည်ဖြစ်စေ ထိုအနာဂတ်မဲ့ခရီးသည်များကိုအကုန်မစွမ်းဆောင်နိုင်ပါချေ။ ထိုကလေးငယ်များ၏ ဘဝ
လိုအပ်ချက်များကိုကျွန်တော်တို့တိုင်းပြည်ခေါင်းဆောင်များမှလွဲ၍ အဘယ်သောသူများမှ မြင့်တင်တည့်မတ်မ
ပေးနိုင်ပါချေ။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသကဲ့သို့ ရှင်ဘုရင်ကမွှေးလို့ရှင်ဘုရင်ဖြစ်မဲ့ကလေးငယ်အ
စား နောင်တိုင်းပြည်အနာဂတ်တွေ လှပဝေဆာသာယာအောင် အနာဂတ်မဲ့ ကလေးငယ်တစ်ယောက်ဆီမှာ
မပိုင်ဆိုင်ဘူးလို့အဘယ်သူကဧကံဧမပြောနိုင်မည်နည်း။
အတိတ်နေ့စွဲများလည်းပျောက်ရှ အနာဂတ်ကိုလည်းမျော်မကြည့်ရဲကြပါဘဲ ပစ္စုပ္ပန်တည့်တည့်ရဲ့ တနေ့တာ
အသက်ရှင်ခွင့်အတွက် ရုန်းကန်လူပ်ရှားနေကြရရင်း ဘဝပျောက်နေရှာသော ကျွန်တော်တို့နိုင်ငံရဲ့  ရတနာ
လေးတွေ တဖြည်းဖြည်းကြွေလွှင့်ပျောက်ရှနေပုံများကို အနှေးရုပ်ရှင်ပြကွက် ထဲမှာလိုရင်နင့်စွာမြင်တွေ့နေရသည်မို့  ဖြေမဆည်နိုင်သော ရင်မောနွမ်းလျလွန်းစွာဖြင့်ခွန်အားများကုန်ဆုံး
ခံစားနေမိရင်း နွေရာသီရဲ့အပူရင့်ရင့်တွေက ကျွန်တော်ရင်မှာ စူးအစ်အစ်ကူးစက်ခံစားရင်း..........။
၎င်း ကျွန်တော် အုန်းသီးနုဝယ်ယူစားသောက်ရာ ကျွန်းလေးဆီမှ ပြန်ခါနီးတွင် ကျွန်ုပ်တွေ့ ခဲ့သောကလေးငယ်လေးအား ရှာဖွေ၍ မေးမြန်းကြည့်ခဲ့သည်။..ကလေးငယ်ပြောပြသောစကားမှာ. “မေ့မေ့က သားမုန့် ဖိုး တနေကုန်လိုက်တောင်းတာ နှစ်ထောင်မရရင် ဆူတယ်..အမေ့ယောင်္ကျားကသားကိုရိုက်
တယ်” တဲ့လေ.. ထိုကလေးငယ်မျိုးတွေကျွန်တော်တို့နိုင်ငံရဲ့နေရာအနံ့အပြားတွင်မည်မျှများပြားစီးဝင်နေမည်
နည်း။ ထို့ထက်ဆိုးသည်မှာ အိမ်ခြေယာခြေမဲ့ကလေးငယ်များကို ပဒေသရာဇ်အရှင်ကဲ့သို့ ခိုင်းစားခေါင်း
ပုံဖြတ်သူတွေကလည်းဒုနှင့်ဒေးနှင့် ။ကလေးငယ်တစ်ယောက်ကိုမွေးကင်းစမှသည် လေးငါးနှစ်ရွယ်ကလေး
ငယ်များအားတောင်းရမ်းစားသောက်ရန်ငှားရမ်းနေသော မိဘများကလည်းတစ်ပုံတစ်ပင် ။ ထိုမိဘများသည်
မည်ကဲ့သို့ သောအဖေအမေများ ဟူမူကျွန်တ်ေမမေးမြန်းမိခဲ့ပါ။ ကျွနုပ်တို့တိုင်းပြည် ကလည်းဘက်စုံချို့ယွင်းနေ
မှုများကိုမျက်ကွယ်ပြု၍လူတစ်စုကောင်းစားရေးအလေးသာနေချိန်မှာ တိုင်းပြည်အညွှန့်အဖူးလေးများကတော့ တစ်ဝမ်းတစ်ခါးအတွက်ရုန်းကန်ရင်းဘဝစာမျက်နှာသစ်ဖွင့်ဖို့ဝေးလေစွ............စာမျက်နှာဟောင်းတစ်ရွက်စုတ်ပြဲမသွားဖို့တာစူနေရင်း ပညာနဲ့ငွေကြေး အလေးထိုးကြချိန်မယ် လက်တွေ့ဝမ်းဖြည့်နိုင်သော ငွေတစ်စအတွက် အနာဂတ်တွေမူံဝါးနေရင်း..............။
အနာဂတ် (တိုင်းပြည်) ရဲ့ ပဲ့ကိုင်ရှင်လောင်းလျှာလေးများ စာတတ် ပညာတတ် အသိဗဟုသုတကြွယ်ဝ မြင့်မြတ်သူများဖြစ်ဖို့ .စာသင်ကျောင်းတွေဆီဆွဲထည့်ပံ့ပိုးဖို့ အရေး…ဆွေးနွးကြမလား..သွေးအေးကြမလား. အားပေးကြမလား ဘေးနားထားကြမလား.. လား……လား…….လားပေါင်းများစွာဖြင့်…………………..။
မင်းတာရာ