Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live
တစ်ယောက်ထဲ ပိုင်ရှင်မဲ့
$
0
0
တစ်ယောက်ထဲ အထီးကျန်
ငေးမောရင်းနဲ့
လွမ်းရတဲ့နေ့ရက်တွေ
ထပ်ကာဆင့်ရင်
မျှော်လင့်ချက်
ရောင်ခြည်တွေ
တစ်နေ့ပြီးတစ်နေ့
ကုန်ဆုံးသွားသလို
မှောက်မိုက်တဲ့ ညတွေတောင်
မရှိသလောက်ပါပဲ
မလုပ်ဖူးတာတွေ
ရူးမိုက်စွာ လုပ်ခဲ့မိတယ်
ဝန်းကျင်တစ်ခုလုံး
အငိုမျက်လုံး အပြုံးမျက်နှာ
ဟန်ဆောင်ရတာတွေ
ပင်ပန်းလှပါပေါ့
                                   ပိုင်ရှင်မဲ့နှလုံးသာ   သီချင်းလေးကတော့ကြိုက်လို့ထည့်လိုက်တာပါ
ပျော်တက်နေပြီ
$
0
0
လွမ်းရတဲ့အကြောင်း စာတွေမဖွဲ့ချင်ဘူး
ဆွေးရတဲ့အကြောင်း ကဗျာတွေမစပ်ချင်ဘူး
ရင်ထဲကအကြောင်း သီချင်းတွေမညဉ်းချင်ဘူ
ကြေကွဲတာတော့အမှန်ကန်ပါ
ခံစားရလွန်းလို့ဝေဒနာတွေနဲ့
ပျော်တက်နေပြီ ........ရယ်
မှတ်ချက်
သောကတွေကြောင့် ပုလဲတွေလည်းခခဲ့ဘူးတယ်
ဘီယာနှင့်အမြည်း
$
0
0
ဘီယာနှင့်အမြည်း ဘီယာကိုလူတိုင်းသိကြပါလိမ့်မယ်။အောင်မြင်ပျော်ရွှင်ချမ်းမြေ့ချိန်မှာဖြစ်စေ၊မိတ်ဆွေ၊လူကြီးအပေါင်းအသင်းတွေနဲ့ အလုပ်အကိုင်အကြောင်းကိုဆွေးနွေးချိန်မှာဘဲဖြစ်စေဘီယာကိုတော့ကျိန်းသေသောက်ဖူးပါလိမ့်မယ်။လူတိုင်းအကြမ်းဖျင်းသိကြတာတော့ဘီယာဆိုတာအရက်ပါဝင်နှုန်းနည်းပြီးတော့ဆီးသွားတာကိုအားပေးတယ်လို့အများအားဖြင့်ပြောကြပါတယ်.။အမြည်းဆိုတာကတော့အရက်သို့မဟုတ်ဘီယာသောက်နေချိန်မှာစားရတဲ့  အစားအစာတစ်ခုဆိုတာလည်းကျတော်တို့တွေမပြောဘဲနဲ့သိကြပါလိမ့်မယ်။အခုချိန်မှာတော့အရက်ဆိုင်၊ ဘီယာဆိုင်နဲ့ စားသောက်ဆိုင်တော်တော်များများကလည်းစည်းကားနေပါပြီ.။ တစ်ချိန်ကစာရေးသူလည်း ဘီယာနဲ့အမြည်းကြောင့်စိတ်မကောင်းဖြစ်ခဲ့ရတာကိုစာဖတ်သူတွေသိအောင်လို့ ပြောပြပါမယ်….။ လွန်ခဲ့တဲ့၁နှစ်ကျော်လောက်ပေါ့ ကျတော်မန္တလေးမြို့ကိုအလည်ရောက်သွားတယ်။ အဲ့ဒီအချိန်တုန်းက ကျောင်းပိတ်ခါစပေါ့.။တက္ကသိုလ်ကျောင်းသားဆိုတာကလည်းသိကြတဲ့အတိုင်းဘဲလေ။မလုပ်ဖူးဆိုစမ်းလုပ်ချင်။ မသွားဖူးမရောက်ဖူးဆို ရောက်အောင်သွားချင်တဲ့စိတ်ကပျင်းပြတာကိုး.။ကျတော့်အသိ“ကိုကျော”်ကဟိုတယ်မှာ အလုပ်လုပ်နေတော့နည်းနည်းငွေလျှံတာပေါ့ဗျာ။သူကကျတော်ကိုသူအလုပ်အကြောင်းတွေပြောပြလေ၏။ ဟိုတယ်မှာလာတည်းခိုကြတဲ့လူတွေအကြောင်းကိုပေါ့.။ “ညဂျူတီဝင်ရတာဆိုတော့ ကွာ..ညဘက်မှာစပွန်ဆာတွေက..အသက်၁၈နှစ်လောက်ရှိတဲ့မိန်းကလေးတွေက.ိုခေါ်ခေါ်လာပြီးအိပ်ကြတာကွ” စိတ်ပါလက်ပါနဲ့ ကျတော်အားပြောပြလေ၏။ “ဘယ်ကကောင်မလေးတွေလဲအကို” “စင်တင်က ငါ့ညီ” ဟုပြန်ဖြေလေသည်။ကျတော်စင်တင်ဆိုတာကိုတစ်ခါမှမရောက်ဖူး။အွန်းလိုင်းပေါ်မှာတော့ နိုက်ကလပ်တွေကိုတော့မြင်ဖူးသည်.။“အကိုကျတော်တို့စင်တင်ကိုတစ်ခါလောက်သွားရအောင်ဗျာ”ကျတော်မရောက်ဖူးမှန်းသိတာဖြစ်လို့“ကောင်းပြီးလေ..သောကြာနေ့အကိုလာခေါ်မယ် ညီလေးမင်းအိမ်ကစောင့်နေ”ဟု ပြန်ပြော၏။ကျတော်စိတ်ထဲဠ်ကိုယ်တစ်ခါမှမသွားဖူးတဲ့နေရာကိုသွားရတော့မယ်ဆိုတဲ့အသိစိတ်နဲ့ ညအိပ်မရနိင်အောင်ဖြစ်နေသည်.။ “တီ..တီ..”ဆိုတဲ့ အသံကြားနဲ့ကျတော်ခြံရှေ့ထွက်ကြည့်လိုက်သည်။“မင်း အဆင်သင့်ဖြစ်ပြီလား” “အဆင်သင့်ဘဲအကိုရေ” တက်ကြွစွာနဲ့ဖြေလိုက်၏။“မင်းမရောက်ဖူးလို့ လိုက်ပို့တာ…..ဘီယာဘဲသောက်မှာနော်..ငါမှာလည်းသိပ်တော့မပါဘူးကွ..ဟိုဟာဒီဟာမလုပ်ရင်တော့ လောက်တယ်ငါ့ညီ”ဟုကြိုတင်ပြောလေ၏။နှစ်ယောက်သား စူပါကဒ် ဆိုင်ကယ်၁စီးနဲ့  power 9 ဘီယာဆိုင် သို့သွားလေ၏။ဆောင်းတွင်းအချိန်ဖြစ်နေတာမို့ကျတော်တို့နှစ်ယောက်သား ဆိုင်ကယ်ကို ဖြေးဖြေးမှန်မှန် နဲ့ စီးသွားရသည်.။မန္တလေးမြို့ လမ်းဘေးဝဲယာ ဘက်ကို ကြည့်လျှင် KTV /ဘီယာဆိုင်/စားသောက်ဆိုင်ကြီး များနဲ့ Hotel ကြီးများကသာ နေရာယူထားလေ့ရှိသည်.။ ဆိုင်ကယ်အရှိန်တဖြေးဖြေး လျော့လာလေသည်.။“Power 9ဆိုင်မရောက်ခင်..ဆိုင်အရှေ့နားကကွမ်းယာဆိုင် မှာဆေးလိပ်ဝယ်အုန်းမယ်…..အထဲမှာဝယ်ရင် ဈေးအရမ်းကြီးတာ”ကိုကျော်ကရှင်းပြလေသည်။ ကျတော်က “အကို အဆင်ပြေ သလိုသာလုပ်”ဟုပြန်ပြောလိုက်၏။နှစ်ယောက်သား ဆိုင်ကယ်ကို ဘီယာဆိုင်အရှေ့ကို ထားခဲ့ပြီး ဆိုင်ထဲသို့ဝင်လာလိုက်လေသည်….။ဆိုင်အဝတွင်“မြန်မာအလှမယ်လေးများ” ဟုဗီနိင်းကို ကျတော်ဖတ်ကြည့်လိုက်မိသည်…။ဆိုင်ထဲရောက်တော့…ဘီယာသောက်သူကသောက်…. စားပွဲဝိုင်း များတွင် မိန်းမချောလေးများက ကိုယ်စီကိုယ်စီ ထိုင်လျှက်ရှိကြသည်..။တချို့စားပွဲဝိုင်းများတွင် ဘီယာလာသောက်တဲ့ အကိုဘေးနားတွင် ကောင်မလေးက ဖုန်းတစ်လုးံနဲ့ တောင်ကြည့်မြောက်ကြည့်ကာ စကားပြောရင် ရယ်မောနေသည်.။ စင်တင်ဆိုင်ထဲတွင်ထိုင်နေ ကြသော မိန်းကလေးများကိုအံ့သြနေမိ၏.။ဘီယာဆိုင်ဆိုသော အရက်ဆိုင်သည် မိန်းကလေးများအတွက်ဧည့်ဂေဟာတစ်ခု (သို့) အပန်းဖြေနားခိုစရာ နေရာတစ်ခုအလားဖြစ်နေကြ တာလားလို့ တွေးမိသည်.။“အကိုဘာသောက်မလဲ”ဟု waiter ရဲ့ အမေးကိုကြားတော့မှ ကျတော်ရဲ့  အတွေးအိမ်လည်း ရပ်တန့်သွားတော့သည်…။“စည်၂ခွက်….ပန်းပွင့်ကြော်၁ပွဲ…”ကိုကျော်က မှာလိုက်၏.။ စင်တင်ဆိုင်က၂ထပ်ဆိုပေမဲ့ အောက်ထပ်ကလူနည်းနည်းများသည်..။အပေါ်ဘက်က တကယ့်လူချမ်းသာကြီးတွေက သာထိုင်ကြောင်း ကိုကျော်က ကျတော်ကိုရှင်းပြသည်.။စားပွဲဝိုင်းသည် ဘေးထောင့်နေရာကြသောကြောင့် အေးအေးဆေးဆေးစကားပြောလို့ကောင်း၏။ ဆံပင်ခပ်တိုတို နည်းနည်းဝတဲ့  မိန်းမကြီးတစ်ယောက်က စင်ပေါ်ကမိန်းကလေးများနဲ့ ထိုင်နေသော မိန်းကလေးများကို သေချာစွာစောင့်ကြည့်နေသည်..။“အကိုဒီဆိုင်မှာ မိန်းကလေး၃၀ကျော်လောက်ရှိမယ်နော်…” “အေးရှိလောက်တယ်..ပြီးတော့ waiter ကလည်း အများကြီး ဘဲငါ့ညီ..ဆိုင်ထဲမှာရန်ဖြစ်တဲ့ လူကတော့ မလွယ်ဘူးသာမှတ်တော့”ဟု ကိုကျော်ရဲ့အပြောကိုကျတော်ကြားလိုက်တဲ့ အချိန်မှာ ကြက်သီးတောင်ထသွားသည်…။ “Cheer………..”ခွက်ချင်းနှစ်ယောက်သားတိုက်လိုက်ကြသည်.။နောက်တော့ ကိုကျော်က ကျတော့်ကို “စင်တင်ဆိုတဲ့  အကြောင်းသေသေချာချာရှင်းပြလေသည်..။သူရှင်းပြတာတွေကို ကျတော်မှားနေတယ် လို့ မထင်ဘူး..။ဘာကြောင့်လည်းဆိုတော့ လူက၂မိုးဘဲရှိတယ်.။ချမ်းသာတာနဲ့ ဆင်းရဲတာ…။ ချမ်းသာတဲ့ လူတွေက ချမ်းသာမူကြောင့်ဘဝပျက်ကြနေသလို ဆင်းရဲတဲ့ လူတွေက ဆင်းရဲတဲ့ဒဏ်ကို မခံနိင်လို့ ဘဝပျက်ကြရတယ်…။ကျတော်စင်ပေါ်မှာ စကပ်တိုတိုဝတ်ပြီးလမ်းလျှောက်ပြ နေတဲ့  မိန်းကလေးတွေကို သေသေချာချာကြည့်လိုက်တယ်…။တချို့တွေက အသက်က ၁၈၊၂ဝကျော်၊၃ဝဝန်းကျင်လောက်ရှိတဲ့  မိန်းမချောလေးတွေပေါ့…။တချို့ မျက်ဝန်းတွေက မျက်ရည်တွေဝဲနေကြတယ်….။တချို့ မျက်နှာတွေက မလုပ်ချင်ဘဲ လုပ်နေကြရသလို …တချိုြ့ကတော့ အပြုံး တောင်မပျက်ပါဘူး….။သီချင်းဆိုတဲ့ မိန်းကလေးကလှုပ်ခါဆိုနေတယ်….။ဝိတ်တာကောင်လေးတွေက အပြေးအလွား..ပန်းကုးံလေးတွေ စွပ်ပြနေတယ်….။ဝိတ်တာတောင်မှ ရာထူးကခွဲခြားသေးတယ်တဲ့ ..။ နောက်တော့ကျတော်တို့ နားကို ဝိတ်တာ တစ်ယောက် ရောက်လာတယ်..။ဆော်ခေါ်မလား လာမေးတယ်…။ ကိုကျော်က ဂျီးကြနေတဲ့  ဝိတ်တာနဲ့ စကားမများချင်တော့လို့  ခေါင်းဘဲညိမ့်လိုက်တယ်.။ ကျတော်တို့နားကို ကောင်မလေးချောချောလေးတစ်ယောက်ရောက်လာတယ်….။စပွန်ဆာရလိုရညား ရှာပေးနေရတဲ့  ဝိတ်တာကလည်း အပြေးအလွှား အအေး၁ဘူး ယူရှာတယ်…။ကျတော်သူတို့ ကိုကြည့်ရင်း သနားမိတယ်…။ဒါပေမဲ့ ကျတော်တို့ ၂ယောက်သောက်ထားတာကလည်း ၆ခွက်ကျော်နေပြီလေ..။ကိုယ့်အိတ်ကိုလည်းပြန်ကြည့်ရတယ် သေးတယ်လေ…။နောက်တော့ ကိုကျော်က “ညီမ နာမည်ဘယ်လိုခေါ်လဲ…” “ဇူရီ” “အသက်ကရော..” “၂၁”နှစ်ဟု ကောင်မလေးက အေးအေးဆေးဆေးနဲ့ ပြန်ဖြေရှာတယ်..။ “အကိုနာမည်က ကိုကျော်…ဟိုတယ်မှာစကားပြန်နဲ့  အလုပ်ဝင်လုပ်နေတယ်..သူက ဘီအီးတက်နေတာ..မရောက်ဖူးဘူးဆိုလို့ လိုက်ပို့တာ..” “အကိုတို့ကပိုက်ဆံလည်းသိပ်ပါမလာဘူး..ပွင့်ပွင့်လင်းလင်းပြောဆိုလို့ ရတယ်…အခုမှတွေ့ ပေမဲ့ လည်း မိတ်ဆွေတစ်ယောက်လို့  ခင်မင်လို့ ရတယ်..” ဟုကိုကျော်ကရှင်းပြလေသည်.။ ကောင်မလေးကခေါင်းညိမ့်ကာ နားထောင်နေ၏။ “ညီမက ဘယ်မှာနေတာလဲ…” “မြစ်ကြီးနား” “ကျောင်းပြီးသွားပြီလား…” “ဟင့်အင်း..အဝေးသင်သမိုင်းဒုတိယနှစ်ဖြေထားတယ်” “မောင်နှမတွေကဘယ်နှစ်ယောက်ရှိလဲ” “အမရယ်မောင်လေးရယ်…အားလုးံပေါင်းသုးံယောက်” “အဖေနဲ့ အမေနဲ့  ကကွဲနေတာ ..အမေကသိပ်နေမကောင်းဘူး…မောင်လေးက တော့ ကျောင်းတက်နေတယ်” သူမ စိတ်မကောင်းဟန်ဖြင့် ကျတော်တို့ မေးသမျှကို ပြန်ဖြေလေသည်..။ ဒီဆိုင်ကိုရောက်တာကြာပြီလားမေးတော့ “သိပ်မကြာသေးဘူး ၁ လလောက်ဘဲရှိမယ်”.. “အမက ဒီဆိုင်မှာလုပ်တာ အမကခေါ်ကလုပ်ဖြစ်တာ"“အော်…တခြားအလုပ်တွေကိုရော ငါ့ညီမစိတ်မဝင်စားဘူးလား…ဒီအလုပ်အကြောင်းကိုတော့ညီမလည်းသိနေ တာဘဲလေ..” “ဂျပန်စာသင်တန်းတော့တက် မလို့ စိတ်ကူးထားတယ် အကို….” “အဲ့ ဒါလည်းကောင်းပါတယ်…..”ဟု ကိုကျော်က အားပေးစကားပြောလိုက်သည်..။ “အဆောင်မှာအားလုးံအတူတူနေကြတာလား..” “မဟုတ်ဘူး….ညီမတို့က သပ်သပ်ငှားနေတာ..” “အဆောင်ကလူတွေက မနက်ဆို စောစော အဆောင်ကိုပြန်လာရတယ်.. တခါတလေဆို.သိန်းဂဏန်းနီးပါးပေးနိင်မှ ညနေပိုင်းတို့ ဘာတို့ လျှောက်သွားလို့ ရတာ..” ကျတော်သူမရဲ့ အကြောင်းအားလုးံကိုသိတော့ အရမ်းစိတ်မကောင်းဖြစ်မိတယ်..။ကောင်မလေးက အရမ်းချောတယ်လေ…။မျက်နှာလေးကချစ်စရာလေးဗျ…။ဒါပေမဲ့ သူနဲ့ မလိုက်ဖက်တဲ့  အလုပ်ကို သူလုပ်နေရလို့  အရမ်းဝမ်းနည်းမိတယ်…။မျက်ရည်ကျမတက်ဝမ်းနည်းမိတယ်…။မူးအောင်သောက်ထားတဲ့  ဘီယာကလည်း ဒီလိုအချိန်ကြတော့ မမူးနိင်သေးဘူးဖြစ်နေတယ်…။ ကျတော်တွေးမိတယ်…။ စင်တင်၁ခုမိန်းကလေး အယောက်၄၀ ဘဲထားအုန်း…။မြန်မာနိင်ငံမှာပြည်နယ်၇ခု တိုင်း၇ခု ရှိတယ်။ပြည်နယ်(၇)ခု၊တိုင်း(၇)ခုရဲ့ မြို့ တွေ၁ခုမြို့ စီမှာ စင်တင်(၁)ခုနုန်းနဲ့ ဘဲတွက်အုန်းမြန်မာနိင်ငံမှာ မိန်းကလေးတော်တော်များများက ငွေကြောင့်ပျက်စီးနေပြီး..။ဘဝပျက်နေကြပီ.။အနုပညာလောကရော… ပြီးတော့ လမ်းဘေးလိုနေရာမိုးတွေက လုပ်စားနေကြတဲ့  မိန်းမတွေနဲ့  Hotel ၊ဘီယာဆိုင်တွေရယ် နိင်ငံခြားမှာ လူမှောင်ခိုကူးခံရပြီးတော့  ဘဝပျက်ရတဲ့  မိန်းကလေးတွေ နောက်ပြီးတော့  ခေါင်းအိမ်တွေမှာ ပြည့်တန်ဆာအလုပ်ကိုလုပ်ကိုင်နေကြတဲ့  မိန်းကလေးတွေ အားလုးံပေါင်းလိုက်မယ်ဆိုရင် ၅ဝရာခိုင်နှုန်းကျော်နေပြီ…။ဒါတောင်ရည်းစားထားရင်းဘဝပျက်တဲ့  မိန်းကလေးတွေ မပါသေးဘူး..။ နောက်တော့ သူမလည်းကျတော်တို့ စားပွဲဝိုင်းကနေ စင်ပေါ်သို့ တက်သွားတော့ သည်…။ အချိန်ကလည်း၁၁နာရီထိုးတော့မှာဖြစ်လို့ ကျတော်နဲ့ ကိုကျော်လည်း အိမ်သို့ ပြန်လာလိုက်တော့ သည်…။ ရန်ကုန်အိမ်ပြန်ရောက်တော့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ကြည့်တယ်.။ ဘာကြောင့်မိန်းကလေးတွေကဒီလိုမိုးနဲ့  ပန်ဆင်သူရှားတဲ့  ပန်းးလေးတစ်ပွင့် ဖြစ်ရတာလဲဆိုတာကိုပေါ့..။ တချို့ ကြတော့ ရည်းစားဘဝမှာထဲက ငွေချမ်းသာလူတွေကို အထင်ကြီး၊စည်းစိမ်ကိုတပ်မက် နည်းနည်းချစ်ပြတာကို ဂုဏ်ယူ….နောက်ပြီးတော့ ပိုဆိုးတာက အလှတရားကို တန်ဖိုးထားကြီးလွန်းလို့ .။ ဘာဖြစ်လို့ လဲဆိုတော့  အရမ်းလှတဲ့ မိန်းမက မတူသလိုမတန်သလိုဆက်ဆံတယ်.။မာနကြီးတယ်…။ ဟင် ….ဆိုရင်တောင်လှည့် ကြီးတာမဟုတ်ဘူး…။တစ်ချို့ တွေဆို ရည်းစားချစ်သူ ဘဝမှာထဲက အပိုဘဝကဆုးံရှုးံနေပြီ..။ယူတာမယူတာကနောက်….။အရင်ဆုးံကိုယ့် ကဘဝပျက်နေတာကို မသိကြတာဆိုးတယ်…။တချို့ ကြတော့ လည်း မထူးဇာတ်ခင်းရင်းနဲ့ နောက်ဆုးံ မိုးပါတုးံသွားတာလည်းရှိတယ်…။ပိုဆိုးတာက အခုခေတ်မိန်းမတော်တော်များများက ဥပမာပြောရရင် ပြည့် တန်ဆာလုပ်ကိုင်ပြီးတော့ အသက်မွေးကြတယ်ဆိုပါတော့ …..။သူမကတော့ ကိုယ့် ခန္ဒာကိုယ်နဲ့  ရှာဖွေလုပ်ကိုင်တယ်လို့  တွေးကြပေမဲ့ ယောကျာ်းတော်တော်များများက အဲ့ ဒီလိုမိုးမိန်းမမိုးကို မိန်းမပျက်လို့ သတ်မှတ်ကြတယ်….။ဘာဖြစ်လို့ လဲဆိုတော့  အိမ်ထောင်ရေးမှာတစ်လင်တစ်မယား စနစ် မကျင့်သုးံဘဲ ပေါ့ပေါ့တန်တန်နဲ့ ဆိုရင် မွေးလာတဲ့ ကလေးတွေက ဘယ်သူကိုအဖေခေါ်ရမှန်းမသိတော့ဘဲ နောက်ဆုးံမှာမိဘရှိတဲ့ ဘဝကနေ မိဘမဲ့ ဘဝကိုရောက်ရပါတယ်….။နောက်ပြီးပိုဆိုးတာက… ယောက်ျားအချင်းအချင်းကလည်းကြွားဝါတက်ကြတယ်လေ..။“အဲ့ ဒီကောင်ပေါ့ သူများသဲကြီုးထမ်းတဲ့ကောင်” “ကြည့်ပါလား မောင်ဘယ်သူကတော့ မိန်းမချောချောလေးကိုရထားတာ ကောင်မလေးကလည်း မိုးရိုးကောင်း…နာမည်ပျက်မရှိဘူး….. ရိုးရိုးအေးအေး…”ဒီလိုချီးမွှမ်းသံတွေကြားရင်တော့ ကောင်းတာပေါ့ လေ…။ အဲ့လိုမိုးမဟုတ်ဘဲနဲ့ …“မောင်ဘယ်သူ ….မဘယ်ဝါကတော့ အေ……ယူစရာရှားလို့  ဟိုးဒင်းကိုမှ ယူရတယ်လို့ …ပြီးတော့ အဲ့ ဟိုးဒင်းက နာမည်ပျက် ရှိတာအေ့  ငါ့ နှယ် မောင် ဘယ်သူ ..မဘယ်ဝါ အတွက်စိတ်မကောင်းလိုက်တာအေ…..”အစရှိတဲ့ ကဲ့ ရဲ့ ပြစ်တင်အသံများကလည်းကြားရအုန်းမှာသေချာ၏။ အရေးကြီးဆုးံကတော့  မိဘ..ပေါ့..။ဘာဖြစ်လို့လဲဆိုတော့ မိဘတွေက ဘုရားနဲ့ တဂိုဏ်းထဲဖြစ်နေလို့ လေ..။ကိုယ့်သားသမီးကို မသွားသင့်တာ မသွားအောင် မဖြစ်သင့်တာမဖြစ်အောင်သေချာစွာ ထိန်းကျောင်းသင့်တယ်.။ဆုးံမပေးသင့်တယ်…။ မိဘတွေက ကိုယ့်သားသမီးကို မဆုးံမ ခဲ့ ဘူးဆိုရင်(သို့)သားသမီးက မိမိဘာသာဆုးံဖြတ်ချက်ချမယ်ဆိုရင် အဲ့ ဒီသားသမီးရဲ့ ဘဝက အရမ်းကြမ်းတမ်းနေပါလိမ့်မယ်..။အတွေ့ အကြုံနဲ့ ရောအသိပညာအတတ်ပညာမှာတော့ ဘာမှ မရှိသေးတဲ့ အတွက် အရင်ဆုးံလူလိမ်လူညာနဲ့ တွေ့ ဖို့ က(၇ဝ)ရာခိုင်နုန်းသေချာတယ်..။လူတစ်ယောက်က အမှားကို မှားမှန်းသိနေရင်လည်းနောက်ပြန်လှည့် နိင်ရမယ်….။အမှားကိုသိပြီးတော့ ထပ်ခါထပ်ခါမှားနေမယ် ဆိုရင် ရှင်လျှက်နဲ့ ငရဲကျသလို ဒုက္ခတွေအများကြီးနဲ့ ရင်ဆိုင်ကြုံတွေရပါလိမ့် မယ်….။ နောက်တစ်ခုက အရှက်အကြောက်တရားဘဲ..။မိန်းမတစ်ယောက်က စကပ်တိုတိုဝတ်ရမှာကြောက်နေရင် အကြောက်တရားကြီးနေရင် ဘယ်လောက်ဝတ်ခိုင်းခိုင်း ဝတ်မှာမဟုတ်ဘူး..။ဒီတော့ အရှက်အကြောက်တရား မရှိတဲ့  မိန်းမတွေက လည်းဘဝပျက်တာမြန်တယ်..။နောက်တစ်ခုပိုဆိုးတာက မိန်းမတော်တော်များများက ယုံ လွယ်စိတ်ကြောင့်ဘဲ..။စကားပြောကောင်းနဲ့ ယောက်ျားတွေနဲ့ တွေ့ ရင်ဘယ်လောက်စိတ်မာပါတယ်လို့ ပြော နေပါစေ.စိတ်က.ဖယောင်းလို့ ဖြစ်သွားကြတာကြီးပါဘဲ..။ဒါကြောင့်မို့ လို့လဲ ရှေးလူကြီးတွေက (မိန်းမတွေက နှာခေါင်းပါလို့ …….နှာခေါင်းမပါရင် ချီးကျွေးတောင်စားတယ်လို့ )ပြောခဲ့ တာပေါ့ ..။ နောက်တစ်ခုက ဝါသနာ။ဘဝပျက်တဲ့ မိန်းကလေးတော်တော်များများက ဝါသနာစိတ်ဓာတ်ကြောင့် ဘဝ ပျက်တာများတာကိုတွေ့ ရတယ်…။ဥပမာပြောရရင့်  မိန်းမတစ်ယောက်က ဘီယာဆိုင်မှာသီချင်းဆိုတဲ့ အလုပ်မှာ ပျော်နေမယ်…။ဆိုပါတော့ သီချင်းဆိုတာ ၁လ ၂သိန်းရတယ်.။စပွန်ဆာတစ်ယောက်က သူကို အရမ်းချစ်အရမ်းစွဲလန်းပြီးတော့  သူဆိုတာထက် ၂ဆ ငွေကိုပေးတယ်ဆိုပါတော့ ..။သူမက မယူဘူးလို့  ငြင်းမှာ မဟုတ်ဘူး…။ဘာကြောင့် လဲဆိုတော့  လောဘကြောင့်လေ..။မိန်းမတွေက ယောကျာ်းတွေထက် ပိုပြီးတော့ လောဘပိုကြီးတယ်…။စပွန်ဆာဆိုတဲ့ လူကလည်းသိတဲ့ အတိုင်းဘဲလေ…နည်းနည်းပေးများများပြန်ယူတက်ကြတာ…။ကံမကောင်းရင်တော့ ခါးတစ်ချောင်းတောင် အဆစ်ပါခံရအုန်းမှာ..။ နောက်ဆုးံတော့ လူတော်တော်များများက ပြောကြတယ်။အတိတ်ဘဝကကံမကောင်းခဲ့ လို့  ဒီဘဝမှာ အခုလိုမိုးဖြစ်နေကြတာတဲ့ ..။တကယ်တော့ မဟုတ်ဘူးဗျ.။ဘုရားက အစောကြီးတည်းက ဟောပြခဲ့ ပြီးတာ …မကောင်းတာလုပ်ရင် မကောင်းတာ ခံရမယ်….။ကောင်းတာလုပ်ရင်ကောင်းတာခံရမယ်….၊။ ကံ……….ဆိုတာ အမှန်တော့ အလုပ်ပါ…..။ကောင်းသောအလုပ်ကို ကောင်းသောစိတ်ဖြစ် ကောင်းအောင်လုပ်ရင် ဘာမှ မဖြစ်ဘူး..။မကောင်းတဲ့ အလုပ်…မကောင်းတဲ့ စိတ်..မကောင်းအောင်လုပ်ရင် ကျတော်တို့ တွေက အမြဲတမ်းဒုက္ခရောက်နေကြရအုန်းမှာပါလေ...။ “မိတ်ကပ်တွေ ခြယ်သ ဆံပင်အနီလေးနဲ့ လှ… စကပ်တိုတို…ကိုကိုသိပ်ကြိုက်တယ်ဆို… ရင်သားဖော်တင်လုးံပြ…တီကောင်လေးလို့ တွန့်လိမ်က..။ ရောင်စုံမီးလုးံအောက်က…ပန်းကုးံ.. သရဖူးလေးပါ …..ဆောင်းချင်ဆုးံ… ဆောင်းပြီးလျှင်ပြန်ထားမယ်….ဘောက်ဆူးရပါတယ်…။ မိုက်ကလေးကိုင်ကာ…သီချင်းဆို… Waiterလေးက….လှမ်းကာကြို….။ စင်မြင့်ပေါ်က …..လမ်းလျှောက်ပြ… စပွန်ဆာတွေက ….စိတ်တွေကြွ..။ နွားအိုကြီးလည်းမကြာပေါင်....ပန်းကုးံကိုင်ကာတက်လို့ ကြောင်… စင်မြင့်ပေါ်ကမိန်းကလေး…..ဖောက်သည်ရလို့ ရင်တွေအေး..။ အကြံကြီးတဲ့Waiterဟာ ….စောင့်လို့ကြည့်နေတာ… အနားကပ်ကာတိုးတိုးမေး….ကောင်မလေးကိုခေါ်မလားတဲ့ဟေး ….။ အဆင်ပြေတော့ရောက်လာ….ထောင်တန်အအေးဘူးလဲရှင်းရမှာ… ဈေးညှိရင်းနဲ့ လက်မငြိမ်နေတာ….စပွန်ဆာကလုပ်မှာ…. ၅ပုလင်းလောက်ကိုမကြည့်တာ..…..၁ပုးံပေးမှလိုက်ချင်တာ.. အဆင်ပြေရင်ထိုင်စောင့်တော့….ဆိုင်သိမ်းခါနီးပေါ့ …။ တဖြေးဖြေးနဲ့ ဈေးတင်လာ….စင်တင်ဆိုင်ရဲ့ အကျင့်ပါ… ပိုက်ဆံမရှိတဲ့ငနဲလေး……အလှတွေကြည့်ရင်းအိမ်သာပြေး။ ညအချိန်သန်းခေါင်းကျော်….Hotelတက်ရင်းပျော်… ကိုကိုတိုတိုသိပ်သိပ်ဆိုး……ချွဲကာတွန့်ကာရင်ခွင်တိုး…..။ တဏှမီးကြီးထလောင်…..စပွန်ဆာကြီးလည်းသတိကြောင်… တစ်ညအချိန်သာကုန်လို့အေး….အဖော်လေးတော့မေ့နေသေး…. အပြင်ပန်းကြည့်ရုံနဲ့မသိတာ ….ကူးစက်ရောဂါပါ…။ အချိန်တန်တော့လက္ခဏပြ…….စပွန်ဆာကြီးလည်းရောဂါရ….. နောင်တရလို့မဆုးံ …..သားစဉ်မြေးဆက်မိုးပါတုးံ………. စပွန်ကြီးလည်းသေလို့ဆုးံ……….။။ ကျတော်အွန်းလိုင်းပေါ်မှာ ကဗျာတွေ ဆောင်းပါးတွေ ရေးခဲ့ ဖူးတယ်..။စာစရေးခါစဆိုတော့အပြောအဆိုခံရတယ်..။သူများတွေလိုမိုးစာရေးဆရာကြီးလည်းမဟုတ်တော့ပိုဆိုးတာပေါ့ဗျာ...။ဒါပေမဲ့ ကျတော်ကို စာရေးချင်တဲ့ ဝါသနာက စာရေးချင်လာအောင်လို့ လုပ်ပေးတယ်လို့ ဘဲပြောရမယ်...။ ဒီဆောင်းပါးလေးကတော့ ကျတော် ဘ၀မှာတွေ့ ခဲ့ မြင်ခဲ့ တာတွေကို စာဖတ်သူတွေ လမ်းမှားရောက်အောင်လို့  စေတနာနဲ့ ရေးသားလိုက်ချင်ဖြစ်ပါတယ်...။ အမှားတွေပါခဲ့ ရင်လည်း ကျတော်အနူးညွတ် တောင်းပန်ပါတယ်...။ စာဖတ်ပရိတ်သတ်အားလုးံကိုလေးစားလျှက်ပါခင်ဗျာ........... ......... ဆရာဘိတ်......
Minsetwai-ခင်ဗျားအတွတ်အမှတ်တရ
$
0
0
ကဗျာလူသား19
ခင်ဗျားအတွတ်အမှတ်တရ
ကဗျာတစ်ပုဒ်ကိုခင်ဗျားဘယ်လို ခံစားသလဲ
ခင်ဗျားအမြင်နဲ့ကျွန်တော်အမြင်
ညှီဖို့ကို မကြိုးစားဖတ်ကြည့်လည်းနားမလည်
အခု ကျွန်တော်ရေးတဲ့ကဗျာ
နှစ်ခေါ်က်သုံးခေါ်က်
ခံစားမူရသလည်း မဲ့နေတယ်
စကားလုံးတွေက ရိုးစင်းတယ်
ခင်ဗျား ဘယ်လိုပဲ သမုဒ် သမုဒ်
အဲဒါ ကျွန်တော်လိုလားနေတဲ့ COMMETတစ်ခုပဲဖြစ်တယ်။
အခုကဗျာက ကို့ယိုကားယားနိုင်နေမယ်
ကာရံ နဲ့နဘေတွေမဲ့နေမယ်
ယဉ်ကျေးမူနဲ့နူညံမူတွေပျောက်ဆုံးနေမယ်
ဒါကြောင့် ဒီကဗျာကိုခင်ဗျားဖတ်ပြီး
ဘာမှမစဉ်းစားရသေးခင်
ဒါဟာကဗျာမဟုတ်ဘူးလို့ငြင်းမဲ့ဆန္ဒရှိနေရင်
ဒီထက်ဆိုးဝါးတဲ့ကဗျာတွေက
အနာဂတ်ထဲကနေ ခင်ဗျားကိုမျတ်စောင်းထိုးလိမ့်မယ်။
ဒီကဗျာက ပွင့်လင်းခြင်းကိုဘောင်ခတ်
အရှိကို အရှိအတိုင်းခံယူချက်တွေချုပြနေလို
ခင်ဗျားအတွတ် သုံးသပ်လေလေ ဒေါသထွက်လေလေဖြစ်လို့
ရေးချင်ရာရေးပြီး ကဗျာဆရာလုပ်တဲ့ကောင်လို
ခင်ဗျားအော်ဆဲနေရင်တောင်
ကျွန်တော် ခင်ဗျားကို အရှင်းကြီးနားလည်ပေးပါမယ်။
ဒါပေမယ့်........
ဒီကဗျာကတော့ ပုံစံပြောင်းသွားမှာမဟုတ်ဘူးနော်
ဖတ်လို့ စိတ်မောလာတယ်ဆိုရင်တော့
ဒီကဗျာကို ခင်ဗျားကောင်းကောင်းဖနောင့်နဲ့ပေါက်
ဒီကဗျာဟာ အလွန်မှမျတ်နှာရူးတဲ့ကဗျာ
ရှက်ကြောပြတ်နေတဲ့ကဗျာဆိုမှတော့
အမိုက်ပုံးထဲသာ
ခင်ဗျားထည့်သွားလိုက်ပါဗျာ။
3:05PM
Apil5.2012
Minsetwai
ရင်ခွင်တံခါးဖွင့်ထားပါ
$
0
0
လေပြေညှင်းတို့ တီးတိုး
စမ်းရေအေးများ စီးဆင်း
အကြင်နာတံခါး ဖွင့်ထားပါ
အချစ်ရိပ်ငွေ့တွေ တိုးဝှေ့နေတယ် …
ဟုတ်လား .. ဒါဆို
အကြင်နာတခါးများ ဖွင့်ထားတယ်
လေပြေညှင်းတို့ တိုက်ခတ်စေလေ
စမ်းရေလေးတွေ စီးဆင်းစေ ပေါ့
အချစ်ရိပ်ငွေ့တွေလား .. လာပါ
နှလုံးသားက ဆီးကြိုမယ်လေ                       ပိုင်ရှင်မဲ့(နှလုံးသား)
မင်းဆက်ဝေ-ဘလိတ်ဓါး
$
0
0
ကဗျာလူသား၂၀
ဘလိတ်​ဓား
အလွန်​​အေးစက်​စက်​နိုင်​တဲ့ဓား
ငါ့အ​ရေပြား​ပေါ်မှာ ဖြတ်​ပြီး​ပြေး​နေရဲ့
ကျောရိုးထဲမှာ​တော့ ချမ်းစိမ့်စိမ့်နဲ့....ရယ်​။
ငါ့လက်​​ကောက်​ဝတ်​မှာ
သွေး​​တွေဖြာထွက်
တစ်​စက်​ချင်းကျ​နေတာများ
အောက်မှာရွဲနစ်​​နေရဲ့........။
ငါက​တော့.......ငြိမ်​ငြိမ်​သက်​သက်။
ငါဝိညာဉ်​ရဲ့ ဟိုး.....
အတွင်းဆုံးမှာ
မ​ကောင်းဆိုးဝါးရှိ​နေတယ်​။
အဲဒါက တစ်​ကြိမ်​လှီးဖြတ်​တယ်
နှစ်​ကြိမ်​ လှီးဖြတ်​တယ်
သုံးကြိမ်​ လှီးဖြတ်​တယ်
ပြီး​တော့...အကြိမ်​​ပေါ်င်း​မြောက်​မြားစွာ။
ငါ အမြင်​​တွေ​ဝေဝါး
အခန်းထဲမှာ ​မှောင်​မိုက်​လို့
နှလုံးခုန်​နှုန်းက တဒုန်းဒုန်းနဲ့
မြန်​​နေတယ်​........။
နောက်​​နေ့မှာ ဒယီဒယိုင်​နဲ့
ငါ့ စိတ်​ရှုပ်​စွာနိုးလာခဲ့ရ..
လူ​တွေက ငါ့အခန်းတံခါးကို
တဒုန်းဒုန်းနဲ့ထုကြတယ်​။
ငါ့ဦး​ခေါ်င်းထဲက ဦး​နှောက်​​ကြောင့်
အ​ကောင်းဆုံးမျတ်​နှာကိုထားတယ်
ဘာ​ကြောင့်ဆိုတာ သူတိုမသိနိုင်​ဘူး။
သူတို့မသိနိုင်​ဘူး။
အရာရာတိုင်းအတွတ်
အ​ကြောင်းပြချက်​ငါမှာရှိတယ်​။
သူတို့ဘဝကအပြစ်​ကင်းပါတယ်​။
ငါက​တော့ ငရဲမှာရှင်​သန်​မယ်​။
သူတို့လည်းသိပါတယ်။
အဲဒါ​တောင်​​နောက်​ကျ​နေဆဲပဲ.......။
ရေးသူ=p1nkp3r fect-28
ဘာသာပြန်​=မင်းဆက်​​ဝေ
မေတ္တာ
$
0
0
မေတ္တာဟူသည် အများ၏အကျိုးစီးပွားကို ဆောင်ရွက်လိုခြင်းကိုခေါ်ပါသည်။ အများ၏ အကျိုးစီးပွားကို ဆောင်ရွက်ရာ၌ ကိုယ်တိုင်ကိုယ်ကျ စိတ်ပါဝင်းစားစွာဆောင်ရွက်ပေးခြင်း ကာယကံ မေတ္တာ၊
ပြောဆို စည်းရုံး တိုက်တွန်း အားပေးခြင်း ၀စီကံ မေတ္တာ၊
ကြံစည် တွေးတော စဉ်စားခြင်း  မနောကံ မေတ္တာဟု သုံးမျိုးရှိပါသည်။
  အများ၏ အကျိုးစီးပွားတို့ကို
၁။ ကိုယ်တိုင်ကိုယ်ကျ ကိုယ်ထိလက်ရောက် ဆောင်ရွက်ပေးပါ။
၂။ ပြောဆို စည်းရုံး တိုက်တွန်း နှိုးဆော်ပေးပါ။
၃။ ကြံစည် တွေးတော စဉ်းစားပေးပါ၊ ဤသုံးပါးကို လက်တွေ့ လိုက်နာ ကျင့်သုံးသူသည် မေတ္တာရှင်မည်ပါသည်။
ခုနစ်ရက်သားသမီးများအားလုံး လောကကြီးကို အလှဆင်ပေးနေတဲ့ မေတ္တာရှင်လေးများ ဖြစ်ကြပါစေသတည်း
ဓူဝံ
$
0
0
ခပ်မြင့်မြင့်အုတ်တံတိုင်းက၊မဟာတံတိုင်းရဲ့ မိဖုရားကို ခပ်တိုးတိုးလေးလှောင်ပြောင်တယ်
...........သင်မှတစ်ပါးမ၀င်ရတဲ့..........သြော်. . .ဒီနေရာက သူ၏မြေပုံ..........
........................ငါ၏ သစ္စာမှန်ခဲ့ပါသော ငါ၏အိမ်ပြန်လမ်းတွင် ပန်းတိုင်းပွင့်စေသတည်း.............
ကိုယ်. . .အစိမ်းရောင်ကြိုက်တဲ့ ကောင်မလေးမို့. . .ကြယ်တွေကို တွက်ကိန်းချမိတယ်. . .သြော်. . .လနဲ့ ဓူဝံ အတူယှဉ်မှု ကမ္ဘာပြိုတောင် မပျက်ဘူးလို့ . . .ချစ်သူတစ်ချို့က သူ့ရ့ရှင်သန်ခြင်းအတွက် ဂုဏ်ယူကြတယ်. . . သြော်. . .မြင့်မိုရ်မင်းမှာ အလယ်ဗဟို အိမ်လိုနေသူမို့ ဓူဝံကိုတောင် အားနာတယ်. . .ဒီလိုနဲ့..................
ရွှေဝါရောင်ရက်စွဲတစ်ချို့ရဲ့ ကွမ်းသွေးရောင် နေ့စွဲတွေနဲ့ ဓူဝံနဲ့လကို အပြိုင်ခူးတော့ မော်ဖူးမယ့်ဘုန်းက .........လတစ်စင်းတော့ ချမ်းသာပေးပါတဲ့. . .ဒီလိုနဲ့ပဲ................ဖုန်းမြည်သံနေ့စွဲနဲ့ လွဲမှားတဲ့ ဂါရ၀နောက် . . .ငါ ဓူဝံကို ဖယ်လိုက်တယ်. . .ဤမြေမှ ကွယ်စေသတည်းလို့................
ဒီလိုနဲ့ပဲ ......ဆောက်ဖြစ်ရင်တော့ ကျောင်းတကာမို့ ကျောင်းအမမှာမနေသာလို့ အတိတ်အကြောင်းကို ပြန်ပြောင်းလိုက်တော့ ဓူဝံကို ကွယ်တဲ့ မိနိုဝါကို အိမ်ပြန်ဖူးပါတဲ့......သို့ပေမယ့်လည်း လွန်ခဲ့ပြီမို့. . .နောက်ဆုံးတော့ ဂြိုလ်မင်း၊တာရာ၊ လမင်းပေါ်မှာရောက်နေတဲ့ ကမ္ဘာလူသားတစ်ချို့က မလုပ်နဲ့နော် တို့ကြောက်တယ်တဲ့...............
ဒါနဲ့ပဲ အသက်သွေးတွေနဲ့ မထုဆစ်ချင်ခဲ့လို့ လွယ်ကူရာ ဂြိုလ်ကမ္ဘာကို ရွေးခဲ့ပေမယ့် ရွှေဝါရောင် နာကျည်းချက်တစ်ချို့နဲ့ ကမ္ဘာ၊အင်္ဂါ၊ ဓူဝံ (၃)ပါး. . .ဓူဝံကြယ်မင်းဟာ ကွယ်ခဲ့တယ်.......
ပျောက်သောသူရှာရင်တွေ့၊ သေသောသူကြာရင်မေ့ပေမယ့် လက်တစ်ဆုပ်စာ လူတစ်စု၊ ထမင်းတစ်လုပ်စာ လူတစ်ချို့တွေအတွက် နာကျည်းစိတ်ခပ်ပြင်းပြင်းနဲ့ သက်ပြင်းကို အကြိမ်ကြိမ်ရှိုက်မိတော့ သက်ကြီးအို တောထွက်ကြီးတွေမှာက ကြယ်မရှိရင် လမ်းမသိတာမို့......ငါ၏ရင်တွင်း ထိုအချင်းကြောင့် ကြယ်မင်းသည် ပြန်လင်းစေသတည်း.....................
..............ဓူဝံကြယ်မင်း အာရုံလင်းသော်.....မနက်ခင်းတိုင်းသည် ပန်းရနံ့ဖြင့် ထုံမွှန်းစေ။
ရင်ကွဲပက်လက်ကျန်ခဲ့သူ
$
0
0
ငှက်ပျောသီးတစ်လုံးကို ပြောင်းဖူးစားသလိုစားလို့ရပေမယ့် ပြောင်းဖူးတစ်ဖူးကို ငှက်ပျောသီးစားသလို စားလို့မရဘူးဆိုတာ နင်တစ်နေ့နေ့ နားလည်လာမှာပါ ဖယောင်းတိုင်တစ်ချောင်းနဲ့ မီးတောက်တစ်ခု ပေါင်းစပ်ရင် အလင်းရောင်ရတယ် ဆိုတာမှန်ပေမယ့် ခဏတာပဲလေ ငါ့ရင် အကွဲခံလိုက်တယ်ဆိုတာလည်း အသဲကွဲတဲ့ အရသာကို ကြိုက်လွန်းလို့တော့မဟုတ်ဘူးနော် နင့်ကိုချစ်တယ်ဆိုတာထက် နင့်ဘဝလေးကို ပိုတန်ဖိုးထားမိလို့ပါ
တွေ့ ဆုံခွင့်ရှိရင်
$
0
0
စက်ကန့် တိုင်းသာ
အကိုအရမ်းချစ်ရတဲ့ညီမနဲ့ သာ
ဆုံတွေ့ ချင်မိတယ်
နှလုံးသားတစ်ခုလုံးနာကြင်နေလဲ
အတမ်းတဆုံးကညီမပါပဲ
ညီမကို မတွေ့ ရတဲ့နေ့ 
အကို့ အတွက်ပျော်ရွှင်စရာတွေကို
မဖန်းဆင်းပေးတော့ဘူး
သူငယ်ချင်းတွေဘယ်လောက်များများ
စာပေရသတွေဘယ်လောက်ပဲစုံစုံ
အကိုအတွက်တော့အထိကျန်
နေ့ ရက်တွေပါပဲ
ညီမရယ်......................။
Minsetwai-သာမန်လူသား
$
0
0
ကဗျာလူသား၂၁
သာမန်လူသား
အိမ်မက်ဆိုးတွေချည်းမက်မနေချင်သလို
အိမ်မက်ကောင်းတွေချည်းမက်ပါရစေလို့လည်း
ကိုယ်ဆုမတောင်းဘူး
ချမ်းသာသူဆယ်ဦးစာရင်းထဲလည်းမပါဝင်ချင်သလို
ရေသည်ယောကျာ်းလောက်လည်းမဆင်းရဲချင်ဘူး
ဒီတော့
ကိုယ်ဟာ အရမ်းကြီးမတော်ချင်သလို
အရမ်းကြီးလည်း မညံဖျင်းချင်ပါဘူး....။
အဲလို ခလယ်မှာရပ်ချင်သူအဖို့
မဖြစ်ချင်တာတွေကနေ မဖြစ်သင့်တာတွေအဆုံး
ပြင်ဆင်ချင်ပါလျှက်နဲ့ ပြင်လို့မရတဲ့အဆုံး
ပိုးကိုက်လို့ကျန်ခဲ့တဲ့ သစ်ဆွေးသားလိုမျိုး
ကိုယ်ဟာ ဘယ်နေရာမှအသုံးမတော်........။
ကိုယ်ဟာ သာမန်လူပါ..
သာမန်အတွေးတွေ တွေး
သာမန်အလုပ်တွေ လုပ်
သာမန်ပဲနေထိုင်တာတောင်
သာမန်မဟုတ်တဲ့ လူတွေက
ကိုယ့်ကို....
လူစည်းအပြင်ဘက် မောင်းထုတ်ခဲ့ကြတယ်..။
သာမန်လူသား ကိုယ်
သာမန်ပဲတွေးလိုက်တယ်
(လူဆိုတာအရူး........)
Apil19.2013
Minsetwai
Minsetwai =ပန်းဒွိဟ
$
0
0
ကဗျာလူသား၂၂
ပန်းဒွိဟ
ပန်းတစ်ပွင့်ပါ.....
အဆိပ်ရှိတယ် ........
ဆူးရှိတယ်..........
ရနံရှိတယ်...........
အလှရှိတယ်..........
ပွင့်လန်းမူ(မွေးဖွားမူ)ရှိတယ်
ကြွေကျမူ(သေဆုံးမူ)ရှိတယ်
မာယာလည်းများတတ်တယ်
သဘာဝတရားရဲ့ ရင်ခွင်ထဲကပန်း
ပန်းမှဟုတ်ပါလေစ..............။
9.7.2011
Minsetwai
မင်းဆက်ဝေ-အကြံပေးပါ၇စေ
$
0
0
ကဗျာလူသား၂၃
အကြံပေးပါ၇စေ
အိပ်ပါ......
အဲဒါမင်းအတွတ်
အရာအားလုံးကိုမေ့စေတယ်
အိပ်ပါ.........
အဲဒါမင်းအတွတ်
အကုန်လုံးတစ်ကပြန်စခွင့်၇နိုင်တယ်
အိပ်ပါ........
အဲဒါမင်းအတွတ်
အားသစ်တွေမွေးစေတယ်
အိပ်ပါ........
ငါ့အတွတ်
အိမ်မက်မှာလက်တွေ့ဖြစ်စေမယ်။
16.8.14
မင်းဆက်ဝေ
Minsetwai-စိတ်ကူးအို
$
0
0
ကဗျာလူသား၂၄
စိတ်ကူးအို
ငါ့ပြတင်းတံခါးမှာမိုးလာ၇ွာတယ်..
လွမ်းလိုက်တာ.....
ဘောပင်တစ်ချောင်းနဲ့
ကော်ဖီသောက်ချင်တယ်။
14.8.2014
Minsetwai
ရင်ကွဲပက်လက်ကျန်ခဲ့သူ(ရူးသွပ်သွားသူ)
$
0
0
ငှက်ပျောသီးတစ်လုံးကို ပြောင်းဖူးစားသလိုစားလို့ရပေမယ့် ပြောင်းဖူးတစ်ဖူးကို ငှက်ပျောသီးစားသလို စားလို့မရဘူးဆိုတာ နင်တစ်နေ့နေ့ နားလည်လာမှာပါ ဖယောင်းတိုင်တစ်ချောင်းနဲ့ မီးတောက်တစ်ခု ပေါင်းစပ်ရင် အလင်းရောင်ရတယ် ဆိုတာမှန်ပေမယ့် ခဏတာပဲလေ ငါ့ရင် အကွဲခံလိုက်တယ်ဆိုတာလည်း အသဲကွဲတဲ့ အရသာကို ကြိုက်လွန်းလို့တော့မဟုတ်ဘူးနော် နင့်ကိုချစ်တယ်ဆိုတာထက် နင့်ဘဝလေးကို ပိုတန်ဖိုးထားမိလို့ပါ
စိတ်ပျက်လက်ပျက်
$
0
0
ကျွန်တော်ကပြောတော့ ..
.. .. ချစ်သူကရယ်တယ်။
ကိုယ်သာ
သူ့လိုခွေးတစ်ကောင်ဆိုရင်
မဟောင်ပါဘူးကွယ် ..။
စောင့်ဆိုင်း
တိတ်ဆိတ်
မကိုက်ချင်ရင် အိပ်နေမှာပေါ့ .. လို့။
စကားအဆုံးမှာ
ကျွန်တော်ကတော့ ရှူတည်တည်ပါပဲ
ချစ်သူကလည်း ရယ်မြဲရယ်လို့။
တာရာမင်းဝေ
ဥယျာဉ်
$
0
0
နဂါးတွေကသာ
တကယ်တမ်းကပြမယ်ဆိုရင်တော့
ကိုယ်ကြည့်ချင်စိတ်ရှိပါတယ်။
ဒါပေမယ့်
မျက်နှာအရေပြားတွန့်တွန့်ကြီးနဲ့လူတွေက
နဂါးနှဲမှုတ်ပြီးလူးလွန့်ပြရင်တော့
သူတို့အစား…
ကိုယ်က ပင်ပန်းပျင်းရိနေတတ်တယ်။
အဲဒီလိုပါပဲ ကောင်မလေးရယ်
မိုးတွေကတိတ်တာတောင် ကိုယ်ကရွာတုန်း။
သစ်ရွက်ကို ကိုယ်ပြန်စိုက်ဖို့ကြိုးစားဆဲမှာ
သစ်ပင်က ကြွေကျလာခဲ့.
ကိုယ်လို ပေကပ်ကပ်ကောင်ကတော့
ကျောက်တုန်းတွေကိုလည်း ငုံ့ကြည့်ခင်မင်နေခဲ့၊
ကောင်မလေးရေ…
တကယ်ဆို ကိုယ်ဟာဥယျာဉ်တစ်ခုပါပဲ
မြေပြင်မှာ ဘာမှမပွင့်သေးတာက လွဲရင်ပေါ့ကွယ်။
တာရာမင်းဝေ
ဖြူ အတွက်
$
0
0
ငါ တစ်ယောက်တည်း အလွမ်းတွေ
သယ်နေတုန်းက
ဒဏ်ရာတွေကုစားဖို့
လက်တစ်ကမ်းမှာ
ပန်းကမ်းသူက နင်ပေါ့
သာယာတော့မယ့် ငါ့ဘဝအနာဂါတ်
အတွေးတွေနဲ့တင် မနက်ဖန်တွေကို
ကြိုဆိုမိခဲ့တာ ကံကိုပဲယုံပြီး
ဆူးပုံ နင်းရ နင်းရ
ငါ့ဘဝရဲ့  မနက်ဖန်တိုင်းမှာ
မျက်လွှာဖွင့်လိုက်တိုင်း
ခွန်အားတွေရှိဖို့
မင်းရဲ့  အပြုံးကို လိုအပ်နေလို့ပါ........ဖြူ ။
V- Lein
လောကဓံကြုံ မဖြုံတမ်းပေါ့
$
0
0
လောကဓံ ကြုံ မဖြုံတမ်းပေါ့
လောကဓံဆိုတာ လောကရဲ့ ဒဏ် တွေပါပဲ လောကရဲ့ ဒဏ် တွေဖြစ်တဲ့ လောကဓံ တရားကို လူတိုင်း ရှောင်လွဲလို့မရပါဘူး။ မတွေ့ချင်လည်း တွေ့နေကြရမှာပါပဲ။
လောကရဲ့ ဒဏ်တွေဖြစ်တဲ့ လောကဓံ တရားတွေကတော့
စီးပွားရေး အဆင်ပြေခြင်း/ မပြေခြင်း
မိတ်ဆွေသူငယ်ချင်း ရှိခြင်း/ မရှိခြင်း
ချီးမွမ်းခံရခြင်း/ကဲ့ရဲ့ ခံရခြင်း
ချမ်းသာခြင်း/ ဆင်းရဲခြင်း တွေပါပဲ ကောင်းတဲ့ လောကဓံ နဲ့ တွေ့ကြုံတဲ့အခါ ၀မ်းသာကြပေမဲ့ ဆိုးတဲ့ လောကဓံ နဲ့ တွေ့ကြုံတဲ့အခါ ၀မ်းနည်းတတ်ကြပါတယ်။
ကောင်းတဲ့ လောကဓံ နဲ့ တွေ့ကြုံရလို့ ၀မ်းသာနေခြင်းဟာလည်း တုန်လှုပ်ခြင်းပါပဲ။
ဆိုးတဲ့ လောကဓံ နဲ့ တွေ့ကြုံရလို့ ၀မ်းနည်းနေခြင်းဟာလည်း တုန်လှုပ်ခြင်းပါပဲ။
ကောင်းသော လောကဓံ နဲ့ တွေ့ကြုံရသည်ဖြစ်စေ မကောင်းသော လောကဓံ နဲ့ တွေ့ကြုံရသည်ဖြစ်စေ မတုန်လှုပ်မိဖို့ အရေးကြီးပါတယ်။ မတုန်လှုပ်မိဖို့အတွက် ဘာဝနာ တရားတစ်ခုခု ပွားများထားရမှာဖြစ်ပါတယ်။
ဘာဝနာ တရားတစ်ခုခု မပွားများ ထားပါက တုန်လှုပ်မိမှာ အသေအချာပါပဲ။ ဘာဝနာ တရားတွေများစွာထဲက မေတ္တာ ဘာဝနာ တရားဟာ အသင့်တော်ဆုံး ဖြစ်လိမ့်မယ်လို့ ထင်မြင်ယူဆမိပါတယ်။ မေတ္တာ ဘာဝနာတရားကိုလည်း အချိန်နဲ့ တစ်ပြေညီ ပွားများထားရမှာဖြစ်ပါတယ်။
ကောင်းသော လောကဓံ နဲ့ ပဲ ဆုံဆုံ မကောင်းသော လောကဓံ နဲ့ ပဲ ကြုံကြုံ မေတ္တာ ဘာဝနာ တရား များများ ပွားပြီး ၀မ်းသာခြင်း ၀မ်းနည်းခြင်းတွေ မဖြစ်အောင် လောကရဲ့ ဒဏ်တွေဖြစ်တဲ့ လောကဓံ တရားတွေကို အန်တု နိုင်ကြပါစေ။
မေတ္တာဘာဝနာ ပွားများပုံကို အသေးစိပ် ဆက်လက်ဖော်ပြပါအုံးမည်။
ခုနစ်ရက်သားသမီးများ အားလုံး လောကဓံ ဘေးမှ ကင်းဝေးကြပါစေ
လူတိုင်းကံကောင်းအောင်ပြုလုပ်နည်း
$
0
0
လူတိုင်း ကံ ကောင်းအောင် ပြုလုပ်နည်း
လူတိုင်း ကံ ကောင်းချင်ကြသည်။ ကံ ကောင်းစေရန်အတွက် ဗေဒင်ဆရာကိုအားကိုးကြ၊ နတ်ကတော်ကို အားကိုးကြ၊ ဘိုးတော်ကိုအားကိုးကြ၊ ထာဝရ ဘုရားကိုအားကိုးကြ၊ စသည်ဖြင့် မိမိတို့ အားသန်ရာကို အားကိုးကြသည်။
 အမှန်မှာ မိမိကိုယ်ကို မိမိ အားကိုးရမည်ဖြစ်ပါသည်။ ကံ ကောင်းအောင် ကံ ဆိုး အောင် အခြား မည်သူကမျှ ပြုလုပ်ပေးလို့ မရပါ။ မိမိကသာ ပြုလုပ်လို့ ရပါသည်။
 ကံ ဟူသည် မိမိ စိတ်ရင်းထဲက ဖြစ်ပေါ်လာသော စေတနာပင်ဖြစ်သည်
စေတနာကောင်းလျှင် ကံကောင်းမည်။
စေတနာဆိုးလျှင် ကံ ဆိုးမည်။
စေတနာကောက်လျှင် ကံ ကောက်မည်။
စေတနာဖြောင့်လျှင် ကံ ဖြောင့်မည်။
 ပြုလုပ်ခြင်းကို ကံ ဟု ခေါ်သည်။ အများ နားလည်ပြီး ဖြစ်သော ကာယကံ ၊ ၀စီကံ ၊ မနောကံ တို့ပင်ဖြစ်ပါသည်။ ကိုယ်ဖြင့်ပြုလုပ်ခြင်း ၊ နှုတ်ဖြင့်ပြုလုပ်ခြင်း ၊ စိတ်ဖြင့်ပြုလုပ်ခြင်း ၊ ဟု အဓိပါယ်ရပါသည်။
 ကံ ကောင်းလိုလျှင် ကံ သုံးပါးကို ကောင်းအောင် ထိန်းရမည်ဖြစ်ပါသည်။
 ကံ သုံးပါးကို ကောင်းအောင်မထိန်းနိုင်ပါက မည်သည့်အခါမျှ ကံ မကောင်းနိုင်ပါ။ အမြဲတမ်း ကံ ဆိုး နေမည်သည်သာ ဖြစ်ပါသည်။
 ကံ သုံးပါးကို ကောင်းအောင်
(၁) နာရီ ထိန်းနိုင်လျှင် တစ်နာရီ ကံ ကောင်းမည်။
(၁) ရက် ထိန်းနိုင်လျှင် တစ်ရက် ကံ ကောင်းမည်။
(၁) လ ထိန်းနိုင်လျှင် တစ်လ ကံ ကောင်းမည်။
(၁) နှစ် ထိန်းနိုင်လျှင် တစ်နှစ် ကံ ကောင်းမည်။
(၁) သက်လုံး ကံ ကောင်းလိုလျှင် ထာဝရထိန်းဖို့လိုပါသည်။
      ကံ ဟူသည် တူ သောအကျိုးကို ပေးပါသည်။
       ထိုက်တန်သော အကျိုးကို ရစမြဲ ဖြစ်ပါသည်။
        ဖြစ်ချင်တာဖြစ် စိတ်မညစ်နဲ့
        တောင်တွေး မြောက်တွေး စိတ်မလေးနဲ့
        တောင်ကြံ မြောက်ကြံ မပူပန်နဲ့
       လူမှန်သမျှ ထိုက်တန်သော အကျိုးကို ရစမြဲပါ။
      လူတိုင်း ကံ ကောင်းအောင် ပြုလုပ်တတ်လောက်ပြီဟု ယုံကြည်မိပါသည်။
   ခုနစ်ရက် သားသမီး များအားလုံး အစမှ စ၍ အစစ ကံ ကောင်းနိုင်ကြပါစေ။
Viewing all 9878 articles
Browse latest View live