Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

ညချမ်းရဲ့ရှည်

$
0
0
ဆည်းဆာနေရီနောက်၌
အမျိုးမျိုးဆင် တိမ်လှိုင်းရိပ်သွင်
တိမ်ပြာညိုမှောင် ကြည်ပြာရောင်သန်း
ဝါမှောင်လွမ်းလို့ အံ့မခန်းပင်
နေ့တာခြုံလွှာချလို့ သူရှောင်ခွာကာ
ကျောခိုင်းခဲ့ပင်……

ညခင်းရဲ့ခါမီ
ဝဠာရှေ့ဆီ ကောင်းကင်ဝက
လဝန်းစန္ဒာ ရှုတိုင်းရယ်ယဉ်
ကြယ်ပေါင်းငယ်စုံ ခြံရံခလို့
တိမ်မိးခိုးတို့ လွင့်ပကင်းစင်
ဆောင်းလပြာသို ခွာညိုပွင့်ဖူး
ထူးထွေရနံ့ ထုံသင်းပျံ့ပင်
ညချမ်းရဲ့ဖြေ မပြေသည်မှို့
တလိမ့်လိမ့်စဉ်……

ညအရိပ်ကယ် ခြေရာတိပ်လို့
ဟောင်းတမြေ့မြေ့ ခံစားမှုပင်ည
ညဥ့်ငှက်ကယ်တဲ့ ဖော်မကြင်နိုင်
မောင်တပင်တိုင် သူပျံသန်းလို့
အဝေးရပ်သို့ ခရီးနှင်နှင်…

ကြည်နူးစရာ ချိုပါလျှက်နှင့်
ညချမ်းရယ်တဲ့ ကြေကွဲမှုပင်
လမင်းစန္ဒာ ခံစားမှုကို
ကြယ်ပေါင်းရဲ့ဆုံ ဝန်းရံခလို့
မသိရှာနှိုင် ညအတွေးမှာ
မပျော်နှိင်အောင် သူဖန်တီးတယ်
ညချမ်းရဲ့ရှည်……

အချစ်ဒိုင်ယာရီ

$
0
0

ချစ်လှစွာသောဒိုင်ယာရီ (vi)

ဒိုင်ယာရီလေးရေ
အမှန်နဲ့အမှား အသွားနဲ့အပြန်ကြား
ငါ'စီးချင်းထိုးနေတယ်

ဒိုင်ယာရီလေးရေ
အပြစ်ကိုသာမြင်တတ်တဲ့လောကအလယ်မှာ
ငါ'ကရောဘာမို့လဲ အတူတူပါပဲ

ဒိုင်ယာရီလေးရေ
ဝိုင်းထိုးကြတဲ့လက်ညှိုးတွေကြား
ငါ'ကပလာစတာအထပ်ထပ်နဲ့လူ

ဒိုင်ယာရီလေးရေ
အမှန်တရားကိုရှောင်လွှဲဖို့
မုသားတွေဆီတည့်တည့်တိုးတယ်

ဒိုင်ယာရီလေးရေ
ဆေးသကြားသုတ်ထားတဲ့မုသားတွေကြား
တစ်ခါတစ်ခါမာန်တွေတက်ရဲ့

ဒိုင်ယာရီလေးရေ
ငါ'အပါအဝင်လူတိုင်းက
အကောင်းဆုံးဆိုတာတွေပဲလိုချင်ကြတယ်

ဒိုင်ယာရီလေးရေ
အားနည်းချက်အားသာချက်တွေကို ချိန်ထိုးကြည့်ဖို့
ငါတို့'မသိချင်ယောင်ဆောင်ထားတယ်

ဒိုင်ယာရီလေးရေ
နေ့စွဲတွေအသစ်ဖြစ်ပေမယ့်
အတွေးတွေဟောင်းနေဆဲပဲ

ဒိုင်ယာရီလေးရေ
ငါ'ကလဲလူပါပဲ
အပြစ်ကိုပိုမြင်တယ်
အောင်မြင်မှုမှာသာယာတယ်
အခြားသူကောင်းစားရင်မနာလိုဖြစ်တယ်
ငါ့'အတွက်ရယ်လို့အမြဲတွေးတယ်
အမုန်းကိုပဲပိုချစ်တယ်

ဒိုင်ယာရီလေးရေ

တစ်နှစ်တာအဆောင်

$
0
0

          

      သူငယ်ချင်းတို့ ရေ   တစ်နှစ်တာသင်တို့ အတွက်ကံကောင်းစေမဲ့အဆောင်လေးတွေကို

ပြောပြချင်လို့  စိတ်ဝင်စားရင်  ဗေဒင်ချစ်သူများမှာ ၀င်ပြီး မွေးနေ့  ရက် လ ခုနှစ် အပြည့် အစုံရေးပြီးမေးပါ

သင်တို့ ရဲ့ အိမ်လေးထဲကိုပို့ ပေးပါ့မယ်။ သူငယ်ချင်းအားလုံးအစစအဆင်ပြေကြပါစေ ။။။

ဒါမှမဟုတ်  mgkomg6@gmail.com  သို့ ပို့ ပြီးမေးမြန်နိုင်ပါတယ် ။

                                                      ကိုမောင်မောင်

ပြုံးမိလိမ့်မယ်

$
0
0
ကော့လဲမျက်တောင် ဖြူအသားနှင့်
နားသယ်ဝဲလို့ စိမ်းနေသရောင်
မြင်စဖူးပေါင် စိတ်ဝယ်မှန်းလို့
လှဆန်းမယ့်သူ…

နုအသားလှ ဝင်းစိုသူခင်
မခို့တခို့ မူပိုရှားလို့
ပါးကွက်ကြားလည်း ရေးလိုက်ထင်စွာ
သိဂီင်္နန်းထိုက် သဇင်မက္ကိုဍ်နှင့်
တင့်ပျောင်းညွှန့်သူ……

လိမ္မာယဉ်ကျေး ငယ်နုသွေးကြွ
ရှုမဝလို့ ကြင်နာတတ်စွ
ဖက်မရဘူး သုတိတာသူ
ဘုံနတ်ယူကာ ထင်မှားမှတ်ယူ
ယဉ်ကျေးတဲ့သူ……

တို့ရွှေမြို့သူ လှယဉ်ကျေးမို့
မမြင်ဖူးလို့ လူရိပ်ထင်လျှင်
လေးကျွန်းတိုက်လည်း မချွတ်လွဲသို့
ဥပမာတု စိတ်ဝယ်ပြုကာ
ပြုံးမိလိမ့်မယ်……

Minsetwai-ဆစ်​ဂမန်​ဖရွိုက်

$
0
0

ကျွန်​​တော်​၏ဘ​လော့များ
Blog-6
အိမ်​မက်​ဆရာကြီး ဆစ်​ဂမန်​ဖရွိုက်
ဆစ်​ဂမန်​ဖရွိုက်​(Sigmund Freud)(1856-1939)
ဆစ်​ဂမန်​ဖရွိုက်​ကို ၁၈၅၆ခုနှစ်​တွင်​ ဖရိုက်​​ဘော့ဂ်​မြို့တွင်​ ​မွေးဖွားခဲ့သည်​။(ယခု ဖရီ​ကော်​ရီမြို့၊ချက်​ကိုစလိုဗက်​ကီးယားနိုင်​ငံ)။ဖရွိုက်
သည်​ စီးဟွး​ရေးဖြစ်​ထွန်း​အောင်​မြင်​​သော သစ်​ကုန်​သည်​တစ်​ဦး၏သား
ဖြစ်​သည်​။သူဖခင်​သည်​ သူ၎နှစ်​သားအရွယ်​တွင်​ ဗီယင်​နာမြို့သို့ ​ပြောင်း
ရွေ့​နေ​စေခဲ့သည်​။ထိုမြို့ရှိ အ​ကောင်းဆုံးဆို​သော စပါးပ်​တက္ကသိုလ်​ဝင်​​ကျောင်း (Sperl Gymnasium)တွင်​ ပညာသင်​ခွင့်ရခဲ့သည်​။ထို
နောက်​ ထိုတက္ကသိုလ်​မှာပင်​ ​ဆေးပညာဘွဲ့ရရှိပြီး ဗီယင်​နာအ​ထွေ​ထွေ​ရောဂါကု​ဆေးရုံကြီးတွင်​ ပထမလက်​​ထောက်​ဆရာဝန်​အဖြစ်​ဝင်​လုပ်​ခဲ့
သည်​။ထိုမှတဆင့် ကိုယ်​ပိုင်​စိတ်​​ရောဂါကု​ဆေးခန်းတစ်​ခန်းကိုဖွင့်ကာ
ဆေး​ကျောင်းသားဘဝက သု​တေသနပြုခဲ့ဖူး​သော ဦး​နှောက်​ဇီဝအဗ္ဗ​ဗေဒဘာသာရပ်​ကိကထိကု ဆက်​ပြီး​လေ့လာလိုက်​စားခဲ့သည်​။ထိုသို့ဖြင့် သူသည်​ ဗီ
ယင်​နာတက္ကသိုလ်​တွင်​ ဦး​နှောက်​နှင့်အာရုံ​ကြော ​ရောဂါ​ဗေဒ တစ်​​ယောက်​ဖြစ်​လာသည်​။
၁၈၆၆ ခုနှစ်​တွင်​ဆစ်​ဂမန်​ဖရွိုက်​သည်​ မာသာဘာ​နေးနှင့် လက်​ထပ်​ခဲ့သည်​။သူ့ဘဝတွင်​ အ​ရေးကြီးဆုံး​သော တီထွင်​ဆန်းသစ်
သည့် ကာလအပိုင်​အခြားသည်​ ၁၈၉၇ မှ ၁၉၀၀ အတွင်းတွင်​ဖြစ်​သည်​။ဖရွိုက်​သည်​ ၁၈၉၆တွင်​ ပထမဆုံး စိတ်​ကိုဆန်းစစ်​ပိုင်းခြား​လေ့လာခြင်း
(Psycno-Analysis)ဟူ​သော စကားလုံးကို စတင်​အသုံးပြုခဲ့သည်​။ထို​နောက်​ ကိုယ်​ပိုင်​စမ်းသပ်​မူများဖြင့် အိမ်​မက်​များကို စတင်​​လေ့
လာခဲ့သည်​။ထို​လေ့လာမူများနှင့်အတူ အဓိကအစီအစဉ်​လျာထားချက်
များကို တည်​​ဆောက်​နိုင်​ခဲ့သည်​။ထို​ကြောင့် သူသည်​ အိမ်​မက်​များကိုဆန်းစစ်​​လေ့လာခြင်း(၁၉၀၁)၊လိင်​မူကိစ္စဆိုင်​ရာသီဝရီများ(အက်​​ဆေး)(၁၉၀၅)၊​ဒေါ်တ်​တာချရီဘား(၁၉၁၁)၊ဝံပု​လွေလူသား(၁၉၁၈)၊အတ္တနှင့်
စိတ်​တွန်​အား(၁၉၂၃)၊အဝိဇ္ဇာ၏အနာဂတ်​ရေးသားထုတ်​​ဝေနိုင်​ခဲ့သည်​။၏မ​ကျေနပ်​မူများ(၁၉၃၀)၊မိုးဆက်​စ်​နှင့်ဧကဘုရားအယူဝါဒ(၁၉၃၉)စ​သော စာအုပ်​များကို ​ရေးသားထုတ်​​ဝေနိုင်​ခဲ့သည်​။
ဖရွိုက်​သည်​ ၁၉၁၇ ခုနှစ်​တွင်​ စီးကရက်​အလွန်​​​သောက်​​သော​ကြောင့် အာ​ခေါ်င်​ကင်​ဆာ စတင်​ဖြစ်​​ပေါ်လာခဲ့သည်​။ထို
ကင်​ဆာအတွတ်​ခွဲစိတ်​မူ၃၃ကြိမ်​ခံယူခဲ့ရသည်​။ထို​နောက်​ ၁၉၃၈ တွင်​ဗီယင်​နာကို နာဇီဟစ်​တလာတပ်​များ ဝင်​​ရောက်​သိမ်းပိုက်​ကြရာ ဖရွိုက်​နှင့် သူ့အ​ဖော်​များကို ထိပ်​တန်းနာမည်​ပျတ်​စာရင်းသွင်းခဲ့ကြပြီး ၁၉၃၃ ခု
နှစ်​တွင်​ နာဇီတို့က သူ၏စာအုပ်​စာတမ်းများကို လူထု​ရှေ့တွင်​ မီးရှို့ဖျတ်​စီးပစ်​ခဲ့ကြသည်​။ဖရွိုက်​လည်း ထို​နေရာမှ စွန့်ခွာခဲ့ရပြီး လန်​ဒန်​သို့​ရောက်
လာကာ ၁၉၃၉ ခုနှစ်​တွင်​ ကွယ်​လွန်​သွားခဲ့ရသည်​။
Feb.1.2015
Minsetwai

ဘဝအားမာန်

$
0
0
ကြမ်းတမ်းခက်ထန်
လောကဓံကို
တု နှိုင်းရိုက်ချိုး
အလဲထိုးဖို့..
ကြိုးဝိုင်းထက်သို့
ငါတတ်မယ်။

တစ်ခဏ

$
0
0
တစ်ခဏ ဆုံခဲ့သော်လည်း
တစ်ဘဝဆို အသိနဲ
ရင်ထဲမှာထာဝရဆွဲးငြိနေတဲ့အတွက်
တစ်သက်တာ တစ်ဘဝမှာတော့
ကိုယ်အသက်မက ချစ်ရပါတယ်ကွာ့

ရိုင်းတဲ့စပယ်

$
0
0
ရိုင်းတဲ့စပယ်
လေသင့်ရင်
တတောလုံးသင်းတယ်
သို့သော်
ဆင်းမလှလို့

ရိုင်းတဲ့စပယ်
ဘယ်သူပန်ဆင်မှာလဲ
ဘယ်သူပန်ပန်
ဘယ်သူတွေခူးချွေပစ်ပစ်
စောင့်ဆဲလျှက်လေ

ရိုင်းတဲ့စပယ်
ပန်ချင်သူရှားလို့
ဝမ်းမနဲချင်ဘူး
အချိန်တန်ရင်
စမ်းရေပန်လေ့မယ်……

ဗုဒ္ဓဘာသာအတု

$
0
0
ဗုဒ္ဓဘာသာအစစ်ရဲ့ ဖီလာဆန့်ကျင် ဟာအတုဖြစ်တယ်
အတုကိုပြောရင်အစစ်ကိုမြင်ရမယ်
၁ ။ သူတပါးရဲ့ကိုယ်ကာယကိုညင်းဆဲတတ်သူ
အသက်ရှိသည်ဟုယူဆသည်ကိုသိရက်နဲ့
သေစေလိုသူတနည်းသူ့ဘဝကိုဆုံးစေသူ
၂ ။ ကိုယ့်ချွေးနဲစာ သိုမဟုတ် ကိုယ့်ရဲ့ကံ ညဏ် ဝီရိယမပါသောစည်းစိမ် ပစ္စည်းတစုံတရာကို သူ့ဟာမှန်းသိသိကြီးနဲ့ လောဘပွားတဲ့သူ
၃ ။ သူ့တပါးကိုမိမိအား တနည်းနည်းဖြင့်ယုံကြည်
လာအောင် မမှန်သော တရားနည်းလမ်းမကျသော
အများလက်မခံနိုင်သော အကြောင်းအရာတခုခုကို
ပြောတဲ့သူ တနည်းလှည့်စားတဲ့သူ
၎ ။ ကိုယ့်မှာကြင်ဖော်ရှိရက်နဲ့ သူတပါးကိုကာယကံ
လွန်သူ တနည်းသူတပါးနဲ့သာယာသူ
၅ ။ သတိမေ့စေတတ်သော အရက်စသည်တို့ကို
သောက်သုံးသူ

အတွေးတစ်ချို့

$
0
0

ကြာကြာဝါးရင်ပါးညောင်းမယ့်အရာရယ်. . .အိမ်ကဂါဝန်တွေရယ်. . .မွေးစားရင်းမရှိတာရယ်. . .ကတော့မလိုလိုလေးရယ်ကို စာလုံးပေါင်းဆက်လိုက်ရယ်. . .ကိုယ်ရှုးကိုယ်ပြန်ပါတ်နေတာမို့. . .လယ်ကွင်းထဲသွားတဲ့လေယာဉ်ကွင်းအကြောင်းလည်း မစပ်စုချင်တော့ဘူး. . .THZအကြောင်းလည်း နဂိုတည်းက မသေချာတဲ့ဇာတ်လမ်းအပေါ် အုန်းသီးဖြူး၊နှမ်းဖြူးနဲ့ အရူးဇာတ်ထုတ်မို့ ချမရှင်းပြချင်တော့ဘူး. . .အဲဒီတော့ ဘယ်သူ့ကျေးဇူးခံကျေးဇူးစားမှ မရှိခဲ့ဖူးတဲ့ အကောင်မို့ ကိုယ့်ဖျာကိုယ်လိပ်ပြီး ကိုယ့်ဘာသာ ကိုယ်ပဲနေတော့မယ်. . .ဘေးအိမ်က ဒေါ်ဂွတ်ထော်ရဲ့ ဆူးပုပ်ရွက်လည်း မရောင်းချင်တော့ဘူး. . .တိုက်တာနဲ့တန်းပြီးနစ်တဲ့ တိုက်တန်းနစ်လည်း မကြိုက်တော့ဘူး. . .အိမ်ကအမေပေးတဲ့ ငှက်ပျောသီးလည်း မစားချင်တော့ဘူး. . .ခပ်ရိုင်းရိုင်းလူတွေရဲ့ လူမဆန်တဲ့စရိုက်တွေအပြည့်နဲ့ သိုက်တူးသမားတွေနဲ့လည်း မပါတ်သတ်ချင်တော့ဘူး. . .ကိုယ့်ဘ၀ကိုယ်ကျောင်းခဲ့တာမို့ လက်ကမ်းပြီးလည်း မခေါ်နိုင်ဘူး. . .မျက်နှာလိုအားရလည်းမဖားနိုင်ဘူး. . .သမ္မတဖိနပ်ကိုစီးပေးရတာကို သတင်းလုပ်ရေးတဲ့သူတွေ ဘူဇွာတွေကိုစီးပေးရတဲ့ဖိနပ်ကို မျက်စိမှိတ်နေတာလောက်တော့ အရေးလုပ်ကာ အရာမလုပ်တော့ဘူး. . .ကိုယ့်တရားနဲ့ကိုယ်မို့ ကိုယ်လမ်းကိုယ်သွားတယ်. . .နောက်ခါဖြစ်မယ့်စစ်မှာ fb လည်းမကယ်တော့ဘူး. . .ကိုယ့်အဖိုးအာဏာရရေးလောက် သိတက်တဲ့ မြေးတွေနဲ့လည်း မောင်နှမအတုလုပ်ကာ မပါတ်သတ်ချင်တော့ဘူး. . .တစ်သက်လုံးမမြင်ဖူးတဲ့သူကို အမေလို့လည်း မခေါ်နိုင်ဘူး. . .ဒီတော့ ဘူးသီးမှ အရီးမတော်နဲ့ မင်းသူငယ်ချင်း ကျောင်းအုပ်တောင် ငါအရေးမလုပ်ခဲ့တာ. . .ဆောရီးပဲ ရိုမီယိုနဲ့ ဂျူးလိယက်။

(ဘာရယ်မဟုတ်ပါဘူး အတွေးတစ်ချိုကို ချရေးကြည့်တာပါ မော်ဒယ်နှိုက်(စ်)ဖြစ်မလားလို့.............)

ပုံပြင်နံပါတ်(၆၆)

$
0
0

                                                          အမြတ်နိုးဆုံးဇနီးသည်

တစ်ခါတုန်းက မြို့လေးတစ်မြို့မှာ အကျင့်သီလဖြူစင်တဲ့မိန်းကလေးတစ်ဦးရှိခဲ့တယ်တဲ့ . . . တစ်နေ့လည်းကျရော သူမကိုစောင့်ရှောက်တဲ့ နတ်တွေထဲက တစ်ပါးဖြစ်တဲ့ ယက္ခနတ်ဘီလူးမကြီးဟာ သူမကို ပုစ္ဆာတစ်ပုဒ်မေးလျှောက်တယ်တဲ့ . . .နတ်သမီး ကျွန်ူပ်ရဲ့ ပိုင်နက်အတွင်းမှာ ကျွန်ူပ်ကို ဗလိနတ်စာပူဇော်ပသလေ့ရှိသော မင်းသားတစ်ပါးရှိပါသည်. . .ထိုမင်းသားတွင် ဇနီးသည်(၂)ဦးရှိသည်. . .ထိုမင်းသားသည် သူ၏ဇနီးသည်တို့ကြောင့်စိတ်သောကရောက်နေရပါသည်. . .အကြောင်းအသို့ရှိသည်ကို သိချင်ပါသည်ဟု မေးလျှောက်လေသည်. . .

ဒီအခါမှာ မိန်းကလေးက ယက္ခနတ်ဘီးလူးမကြီးကို ပြန်ပြောတယ်. . .

ချစ်လှစွာသောမိခင်. . .ထိုဇနီး(၂)ဦးတွင် ပထမတစ်ဦးသည် ရဲရင့်ထက်မြက်၏. . . ဒုတိယဇနီးသည်သည် ချောမောလှပသူဖြစ်၏. . .မင်းသားသည် ပထမဇနီးနှင့်လက်ထပ်စဉ်တွင် လက်ထပ်ပွဲတွင် တင်မြှောက်ခဲ့သော ထိမ်းမြားမင်္ဂလာ၏အစဉ်အလာကျမ်းကျိန်စာတို့တွင် ပထမဇနီးသည်၏ဘက်မှ ထည့်သွင်းခဲ့သောသစ္စာပြုမှုမှတ်တမ်းကြောင့် ထိုမင်းသားသည် စိတ်ဆင်းရဲမှုကို ကြုံတွေ့နေရခြင်းဖြစ်ပါ၏. . .ဟုဖြေဆိုလေသည်။ ယက္ခနတ်ဘီလူးမကြီးသည် ထိုကျမ်းကျိန်စာအစီအရင်ကို သိလိုပါ၏. . . သင်နတ်သမီးသိလျှင်ဖြေကြားပေးပါဟု မေးလေ၏. . .ထိုအခါ အမျိုးသမီးငယ်က. . .ချစ်လှစွာသောမိခင် ထိုမင်းသားသည် ချင်းတို့လက်ထပ်ပွဲနေ့မှစကာမည်သည့်အမျိုးသမီးနှင့်မှထပ်မံလက်ထပ်ထိမ်းမြားခြင်းမပြုရဟူသောအစီအရင်ပင်ဖြစ်ပါ၏ဟု ဖြေကြားလေသည်. . .

အသင်နတ်သမီး ထိုမင်းသားသည် ကျွန်ူပ်တို့ကို တင်မြှောက်ပသလေ့ရှိသော်လည်း ပါတ်ဝန်းကျင်တွင် အတွင်းအသင်းလူတို့၏ ရန်ငြိုးဖွဲ့မှုတို့သည် များပြားလာသည်မှာ အကြောင်းအသို့နည်းဟုမေးလေသည်. . .ထိုအခါတွင် အလိုသိသော နတ်သည်ထိုမင်းသားသည်သူ၏ဒုတိယဇနီးသည်အားငွေကြေးဖြင့်ဝယ်ယူခဲ့သောအကုသိုလ်ကြောင့်ဖြစ်ပါသည်ဟု ၀င်ရောက်ဖြေဆိုလေ၏. . .ထိုအခါတွင် အမျိုးသမီးငယ်က ယက္ခနတ်ဘီလူးမကြီးအား ဤသို့ဖြေဆိုလေ၏. . .ချစ်လှစွာသော မိခင် ထိုမင်းသားတွင် အကျင့်သီလနှင့်ပြည့်စုံသော ဒုတိယဇနီးသည် ၇ှိပါ၏. . .ထိုဇနီးသည်ကို ပိုင်ဆိုင်နိုင်အောင် ကြံဆောင်ခဲ့သောကြောင့် မင်းသား၏ အနီးအနားတွင် နေသူတို့သည် မင်းသားအားရန်ငြိုးဖွဲ့ခြင်းမှ စတင်လာခဲ့သော ရန်ငြိုးရန်စသာဖြစ်ပါ၏ဟုဖြေဆိုလေသည်. . .

နတ်သမီး. . .ထိုမင်းသားတို့၏အပြစ်ကား အသို့နည်းဟု မေး၏. . .ချစ်စွာသောမိခင်. . .ထိုမင်းသားသည် မိမိကိုယ်မိမိဝတ္တ၀တီနတ်ပြည်မှ စုတေလာသည်ဟု အယူရှိကာ ရှင်ဥပ္ပဂုတ္တရဟန္တာမြတ်အား အပြစ်ပြု ဖူးသော အကုသိုလ်အပြစ်တရားသည် ကြီးမားထင်ရှားစွာရှိနေခြင်းကြောင့် ထိုသူတို့၏ ပါတ်ဝန်းကျင်တွင် သူတော်စင်တို့ နှုတ်ဆိတ်ခြင်းသည် ထိုမင်းသားတို့၏ အပြစ်ဖြစ်ပါသည်ဟု ဖြေလေ၏။

ချစ်စွာသောမိခင် ရှေးသရောအခါက အန္ဒိယပြည်တွင် အလွန်ဘုန်းကြီးသော အာသောကမင်းတရားမင်းပြု၏. . .ထိုမင်းထံတွင် တိုင်းနိုင်ငံငယ်မှ ဆက်သလာသော လူထက်လှသော နတ်ဒေ၀ီရင်သွေးဖြင့်ဖြစ်တည်ခဲ့သော မိဖုရားတစ်ပါးရှိခဲ့ဖူးပါသည်. . .မင်းသမီး၏အစ်ကိုတော်သည် သူ၏နှမတော်အား ပဏ္ဍာအဖြစ် ဆက်သခဲ့သော မိဖုရားဖြစ်သော်လည်း   နတ်သမီးသွေးဖြစ်သော မင်းသမီးသည် မင်း၏ဘုန်းကံကြောင့် အတိတ်မေ့ဝေဒနာကို ခံစားခဲ့ရသောကြောင့် ရာဇ၀င်တွင် ပဏ္ဍာဆက်အဖြစ်ရသော မိဖုရားဟူ၍ သိသူနည်းပါးပြီး အာသောကမင်း၏ ရင်နှစ်သည်းချာမိဖုရားဟူ၍သာ သိရှိကြသည်များ၏. . .တစ်နေ့သောအခါတွင် ဖွားမြင်ခဲ့သော သားတော်သည် (၇)နှစ်အရွယ်သို့ရောက်သောနေ့တွင် မိဖုရားသည် သတိလည်လာ၍ သားကိုမသိ၊ခင်ပွန်းကိုမသိပဲ. . .အစ်ကိုတော်မင်းမြတ်လာသောအခါ အစ်ကိုလက်ကိုဆွဲကိုင်ကာ မိမိတိုင်းပြည်သို့ပြန်ပြေးလေတော့သည်. . .မိဖုရား၏သားငယ်သည် အမိမဲ့သောဒဏ်ရာ၊ မိထွေးတော်၏ဒဏ်ရာ၊ အဖွားလုပ်သူ၏ အလိုလိုက်မှုကြားတွင် နာကျင်မှုဖြင့်ကြီးပြင်းခဲ့သောကြောင့် ယခုဘ၀တွင် ချစ်စွာသော မိခင်၏ ရင်သွေးတော်ကြီးဖြစ်ခဲ့ရသည်မဟုတ်ပါလော. . .ထိုအကြောင်းတရားသည် အဘယ်သို့ဖြစ်သနည်းဆိုသော. . .ထိုအာသောကမင်းကြီးနှင့် ထိုမိဖုရားသည် ဘ၀ပါလာသောဇနီးမောင်နှံဖြစ်သော်လည်း တစ်ခုသောဘ၀တွင် ဇနီးသည်ကို စောင့်ဆိုင်းခိုင်းကာ မိခင်အိမ်သို့ပြန်သွားသော မင်းသည် ပြန်မလာနိုင်ဖြစ်ခဲ့သည်. . .ထိုအခါတွင် လုပ်ကြံခံရကာရင်ကွဲ၍ သေခဲ့ရသော ဇနီးသည်၏ သစ္စာစကားနှင့်ကျိန်စာကြောင့် အာသောကမင်းကြီး၏ အသဲသည် ကွဲကြေခဲ့ရခြင်းဖြစ်သည်. . .ထိုဘ၀မှစုတေ၍ ဘ၀ပြောင်းလာခဲ့သောအခါတွင် မိဖုရားသည် ခင်ပွန်းမျက်နှာကို မမြင်ရပဲ သားဖွားခဲ့ရသည်ချည်းသာဖြစ်၏. . .ထိမ်းမြားသောအခါတွင်လည်း မျက်ကန်းဘ၀နှင့်သာဖြစ်သောကြောင့် မိမိခင်ပွန်းသည် မည်သူဖြစ်သည်ကို သိခွင့်မရနိုင်ပဲ. . .ယခုဘ၀တွင်တော့ နာကျင်ကြေကွဲရသောသူ၏ နောင်တတရားဖြင့် မိမိခင်ပွန်းသည်ကို မိမိဘာသာလက်ထပ်ခွင့်ပြုရသောဘ၀သို့ရောက်ခဲ့ရဖူးလေသည်. . .သားလုပ်သူ၏ နာကျည်းမှုစကားနာထိုးမှုကတစ်ဖက်၊ ယခင်နတ်မြွေဘ၀တွင်ကျန်ခဲ့သောသမီးငယ်၏ နာကျင်မှုကတစ်ဖက်နှင့် မိဘတာဝန်မကျေပွန်သော မိန်းမတစ်ဦးဘ၀သို့ရောက်သော်လည်း တခြားသူနှင့်လည်း လက်ဆက်နိုင်ခြင်းမရှိသော နောင်တမီးကိုသာ ပိုင်ဆိုင်ရသောဘ၀မျိုးသို့ ထိုမိဖုရားသည် ရောက်ရလေသည်. . .ချစ်လှစွာသောမိခင် တစ်ဦး၏လက်ကို တစ်ဦးကဆွဲကိုင်ကာ အကြင်လင်မယားအဖြစ်သည် အလွန်တရာ ရခဲလှပါ၏. . .လူ(၂)ဦးသည် လမ်းတွင် တစ်ကြိမ်တွေ့ဆုံရန် အကြိမ်ထောင်နှင့်ချီကာ ရင်းနှီးရသော အတိတ်ရေစက်သည် အလွန်လိုအပ်ပါ၏. . .ထိုကဲ့သို့သော နောင်တမျိုးမရအောင် ထိုမင်းသား၏ ဒုတိယဇနီးသည်  မယားဝတ္တရားနှင့်အညီ အလွန်လိမ္မာသင့်၏. . .

ချစ်စွာသောမိခင်. . .ရှေးသရောအခါတွင် တာဝတိသာနတ်ပြည်တွင် နတ်သားတစ်ပါးသည် တစ်ဖက်လျှင်(၅၀၀)ရှိသော နတ်သမီးတစ်ထောင်ဖြင့် စံစားပျော်ပါး၍နေသည်. . .ထိုနတ်သမီးထဲတွင် နတ်သမီးတစ်ပါးသည် ပန်းခူးနေရင်း နတ်သက်ကြွေလေ၏. . .အချိန်တန်သောအခါ အိမ်ထောင်ပြု၏. . .ရှေးဘ၀ကို မြင်နိုင်သူဖြစ်သောကြောင့် ယခုဘ၀ပေါင်းသင်းနေသော ခင်ပွန်းသည်ကို မယားဝတ္တရားနှင့်အညီပေါင်းသင်းပြီး ထိုကုသိုလ်ကြောင့် နောင်ဘ၀တွင် သူမ၏ချစ်လှစွာသော ခင်ပွန်းသည်နတ်သားနှင့် ပြန်လည်ပေါင်းဖက်ရပါစေဟူသောဆုကိုတောင်းလေသည်. . .ထိုလူ့ဘ၀မှာသေလွန်သောအခါတွင် နတ်သမီးသည် ထိုပန်းခူးနေသောနေရာတွင်ပင် ထိုခင်ပွန်းသည်နတ်သား၏ ထံတော်တွင်တွင် နတ်သမီးတစ်ဖြန်ပြန်ဖြစ်လေသည်. . .။ထိုသို့သော နိပါတ်တို့ကို နည်းနာယူကာ လောကနိတိနှင့်အညီဖြစ်သော ဇနီးသည် မိမိခင်ပွန်းသည်အားသာ သစ္စာစောင့်သိလုပ်ကြွေးအပ်သည်ဟု ကျွန်ူပ်ဖြေဆိုခြင်းဖြစ်ပါ၏ မိခင်ဟု ဖြေဆို၏။

ထိုအခါ ယက္ခနတ်ဘီလူးမကြီးက . . .ကျွန်ူပ်ကို ဗလိနတ်စာပူဇော်သော ထိုမင်းသား၏ သောကဝေဒနာသည် အသို့နည်းဟု မေးလေ၏. . .ထိုအခါတွင် အမျိုးသမီးလေးက ချစ်လှစွာသောမိခင်. . .ထိုမင်းသား၏ ရင်တွင်းတွင် သား၏အပူ၊ဇနီးသည်တို့အတွက် အပူသောကသည် စင်စစ်ရှိပါ၏. . .ထိုမင်းသားသည် ယောင်္ကျားသားတို့၏ သဘာဝအတိုင်း အားငယ်သောဇနီးအားလွန်စွာသနား၏. . .ယခုဘ၀မှ သေလွန်သောအခါ သံသရာတွင် ခွဲခွာရမည့်ဘေးကို တွေးကြောက်နေခြင်းသာဖြစ်ပါ၏. . .ဇနီးကြီးက ရေစက်ခွက်ကိုင်ကာ အလှူပြုလျှင် ဇနီးငယ်အားလည်း ရေစက်ခွက်ကိုင်ရစေချင်သော ခင်ပွန်းသည်တစ်ဦး၏ စိတ်သောကဝေဒနာသာလျှင်ဖြစ်ပါ၏. . .ဟုဖြေဆိုလေ၏. . .အကြောင်းအသို့ဖြေရမည်နည်းဟု ယက္ခနတ်ဘီလူးမကြီးက မေးလေ၏. . .ချစ်စွာသောမိခင်. . .ရှေးသရောအခါ နတ်သတို့သနင်း သိကြားမင်းသည် လူ့ဘ၀တွင်ဖြစ်၏ . . .သုမာလ၊သုနန္ဒ၊ သုမိတ္တာ၊သုဇာတမိဖုရားတို့သည် ကောင်းစွာဖြစ်တည်ကြ၏. . .ထိုအထဲတွင် အငယ်ဆုံးဖြစ်သော သုဇာတသည် နဂိုတည်းက ခင်ပွန်းသည်၏ အလိုလိုက်ခံဖြစ်ခြင်း၊ ခင်ပွန်းသည်အား အလွန်ငြူစူသ၀န်တိုလွန်ခြင်း၊ မိမိ၏လင်အချစ်လျှော့မည်ကိုကြောက်သောကြောင့်လှူရေးတန်းရေးစသော ရေးရာတို့တွင် အချိန်ကုန်မခံပဲ. . .အလှကိုသာ အာရုံစိုက်ပြင်နေခြင်းတို့ကြောင့် လူ့ဘ၀မှစုတေသောအခါတွင် အလုံးစုံသည် တာဝတိသာတွင်ဖြစ်တည်ကြသော်လည်း ဆုမျိုး(၅)ပါးနှင့်ပြည့်စုံသော သိကြားမင်းကြီး၏ အချစ်ဆုံးဇနီးသည် သုဇာတမိဖုရား ပါမလာခဲ့ချေ. . .ထိုအခါတွင် နတ်တို့၏တန်ခိုးတော်ဖြင့် သိကြားမင်းကြီးလည်း မိမိမယားအားရှာဖွေလေသည် ထိုအခါ မထင်ရှားသော တစ်ခုသောရေအိုင်တွင် သုဇာတသည် ငါးဖမ်းရန်စောင့်ဆိုင်းနေသော ဗျိုင်းမလေးဖြစ်နေသည်ကို မြင်သောကြောင့် သိကြားမင်းလည်း ဇနီးသည်အား နတ်တို့တန်ခိုးနှင့်ထင်ရှားပြပြီး သုဇာတအား အစ်မတော်မိဖုရားတို့၏ နတ်စည်းစိမ်ကို ပြလေ၏. . .ထိုအခါတွင်နောင်တကြီးစွာရသောသုဇာတအား သီလကိုလုံခြုံစွာစောင့်ထိန်းရန်ဆုံးမသွန်သင်၏. . .ထိုဘ၀မှ စုတေပြန်သော သူဆင်းရဲမ၀မ်းတွင်ဖြစ်လေ၏. . .သိကြားမင်းလည်း သုဇာတမိဖုရားပျောက်၍ ရှာသောအခါတွင် သူဆင်းရဲမျိုးတွင်ဖြစ်သည်ကို မြင်သောကြောင့် မိမိဇနီးသည်ဒါန၊သီလအားနည်းချို့တဲ့လျှင် မိမိဘုံသို့မရောက်ပဲရှိမည်ကို မြင်သောကြောင့် သခွားသီးသည်အယောင်ဆောင်ကာစုံစမ်း၏ လုလင်အားခင်ပွန်းသည်ဟု စွဲထင်နေသောချစ်ခြင်းကြောင့် သုဇာတလည်း သခွားသီးသည်ကို ခေါ်ယူတော့မှ မိမိ၏ဈေးဆိုင်းထမ်းရှိ သခွားသီးတို့အား ရွှေငွေအဖြစ်ပြောင်းစေကာ မယားဖြစ်သူကို စောင်မကြည့်ရှု၍ (၅)ပါးသီလကို စောင့်ထိန်းကာအလှူပြုရန်မှာကြားပြီးမှ နတ်ပြည်သို့ပြန်လေ၏. . .ထိုဘ၀မှ စုတေသော် သုဇာတသည် အသူရာနတ်မင်းကြီး၏ သမီးတော် ထင်ရှားဖြစ်၏. . .သီလကိုလုံခြုံစွာစောင့်ထိန်းခဲ့သောကုသိုလ်ကြောင့် သုဇာတအသူရာနတ်သမီးသည်အလွန်အဆင်းလှ၏.  . .ထိုအခါတွင် သိကြားမင်းကြီးသည် သုဇာတပျောက်သောကြောင့်ရှာပြန်လေ၏. . .ထိုအခါတွင် အသူရာနတ်မင်းကြီး၏ သမီးတော်သုဇာတ၏ ကြင်ယာရွေးပွဲကိုတွေ့သောကြောင့် ရန်သူအသူရာမင်း၏ သမီးတော်ကြင်ယာရွေးပွဲတွင် အသူရာအဖိုးအိုဟန်ဆောင်ကာဝင်ရောက်နေ၏. . .ဘ၀တွင်ပါလာသော ကံကြောင့် သုဇာတလည်း အသူရာအဖိုးအိုအားခင်ပွန်းလင်သော အမှတ်ဖြင့် ပန်းကုံးကိုစွပ်လေ၏. . .ထိုအခါမှ သိကြားမင်းသည် သုဇာတကို နတ်ရထားပေါ်တင်ကာ ခိုးပြေးလေ၏. . .လူ့ပြည်သို့စုံစမ်းရန်သောအခါတွင် မိမိကိုမှီခိုကာမှီတင်းနေရသောဇနီးဖြစ်သောသုဇာတအား သိကြားမင်းသည် တာဝတိသာနတ်တို့အလယ်တွင် ချန်ထားခဲ့ရန်မဖြစ်နိုင်သောကြောင့် သွားလေရာခေါ်သွားရ၏. . .

ထိုအခါတွင် ……………….အသူရာနတ်တို့သည် နတ်သဘင်တွင် သိကြားမင်းအား စွဲချက်တင်လေ၏

(၁)။ သိကြားမင်းသည် နတ်မင်းဖြစ်သော်လည်း မိမိသမီးအားခိုးယူသောကြောင့် မင်းကျင့်တရားနှင့်မညီညွှတ်ဟု စွပ်စွဲလေတော့သည်………….

တစ်နေ့သောအခါ သိကြားမင်းဦးမာဃသည် အာရိန္ဒဒါနကံပေါ်သည်ဟူသော ကောလဟာလသည်နတ်တို့ကြားတွင်ပေါ်ပေါက်လာခဲ့သည်. . .

ထိုအခြင်းအရာ၏အပြစ်ကို စုံစမ်းရန် တရားဖြတ်ရာတွင် လိမ္မာသော နတ်သမီးကို လူ့ပြည်သို့ ပဋိသေန္ဓယူစေကာစုံစမ်းစေ၏

ချစ်စွာသောမိခင် . . .သုဇာတသည်အသူရာနတ်မျိုးဖြစ်သော်လည်း သုဇာတ၏ဘ၀ကံသည် ခင်ပွန်းသည် သိကြားမင်းဦးမာဃကိုမှီခိုကာရသောကြောင့်လည်းကောင်း၊ သုဇာတကိုယ်တိုင် ပန်းကုံးစွပ်ကာရွေးချယ်ထားသောခင်ပွန်းသည်ဖြစ်သောကြောင့်လည်းကောင်း ခိုးမှုမမြောက်သောအပြစ်သာဖြစ်၏ဟု ဆုံးဖြစ်၏။

(၂)။ ချစ်စွာသောမိခင် . . .သိကြားမင်းဦးမာဃ၏ အာနိန္ဒကံသည် မြတ်စွာဘုရားရှင်၏ စွယ်တော်ကို ဒေါနပုဏ္ဏားထံမှ ခိုးယူခဲ့သောကြောင့်ဖြစ်ပါသည်. . .ထိုအပြစ်ကြောင့် လူ့ပြည်ရှိစွယ်တော်ပူဇော်ပွဲရှိသောအခါတွင် အခြားနတ်တို့လာရောက်နိုင်သောလည်း သိကြားမင်းကြီးသည် လာရောက်နိုင်ခြင်းမရှိခြင်းဖြစ်ပါ၏ သုဇာတကို ခိုးယူသောအမှုမဟုတ်ပါဟု ဖြေဆိုလေသည်။

ထို့နောက်. . .

မိန်းမတစ်ယောက်၏ အဆင်း၊အသံနှင့် အာရုံတို့တွင်ယေင်္ကျားသားတို့ မောက်မှားသောကြောင့် အမျိုးသမီးတို့သည် အပြစ်ငရဲရ၏ဆိုသော မွှတ်ဆလင်ကျမ်းစာပါ အပြစ်တော်သည် မှန်ကန်ပါသလားဟုမေး၏. . .

ချစ်စွာသောမိခင်. . .အကယ်၍ ယောင်္ကျားတစ်ဦးသည် မိန်းမတစ်ဦး၏ လျှို့ဝှက်အပ်သော အာရုံ(၅)ပါးတွင် နစ်မွှန်းသောကြောင့် ဘ၀ပျက်မတက် ကွဲကြေခံစားရလျှင် ထိုတာဝန်ကို ထိုအမျိုးသမီးငယ်သည် ငြင်းဆန်သည်ဆိုလျှင် ထိုအမျိုးသမီးသည် အပြစ်ငရဲကျသည်ဆိုသည်မှာ မှန်ကန်ပါ၏ဟု ဖြေဆိုလေသည်. . .ထို့ကြောင့် အချို့သောဘာသာတရားတို့တွင် အမျိုးသမီးတို့၏ မှောက်မှားရာ အာရုံဖြစ်တည်သော ဆံပင်၊အသားစသည်တို့ကို ဖုံးလွှမ်းကာထားခိုင်းခြင်းသည် အပြစ်လုံစေရန်ဟု ဆိုလိုခြင်းဖြစ်သောကြောင့် ထိုလွှမ်းခြုံအပ်သောသဘောတရားကို ရည်ညွှန်းကာ မဂိုလ်ခေါင်းမြှီးခြုံသောအမျိုးသမီးသာဖြစ်ချင်သည်ဟု ရည်ညွှန်းသော စကားရပ်ကို ကျွန်ူပ်ဆိုခဲ့ခြင်းသာဖြစ်ပါ၏ မိခင်ဟုဖြေဆိုလေသည်. . .

 

တဖန်. . .

ယက္ခနတ်ဘီလူးမကြီးက မေးပြန်သည်. . .နတ်သမီး အကယ်၍ ခင်ပွန်းသည်က အလိုရှိသည်ဖြစ်သော ဇနီးသည်တို့သည် လူပုံအလယ်တွင် ကာမဆက်ယှက်ခြင်းကို ခွင့်ပြုသင့်၏လောဟုမေး၏. . . ချစ်စွာသောမိခင် . . .ဟိရိသြတပ္ပတရားနှင့်မလျှော်ညီသော်လည်း လောကနိတိအရ ခင်ပွန်းသည်က အလိုရှိလျှင်ထိုဇနီးသည် ခင်ပွန်းအလိုသို့လိုက်အပ်ပါ၏ဟု ဖြေကြားလေသည်. . .

သို့မှသာလျှင် ထိုမိန်းမသား၏ မိန်းမဘ၀သည် အပြစ်ကင်းသည်မည်ပါ၏. . .

နတ်သမီး. . .အမျိုးသမီးတို့သည် ခင်ပွန်းသည်တို့၏ မြတ်နိုးတန်ဖိုးထားခံရခြင်းဟူသောဆုနှင့်ပြည့်စုံသော ရှင်ဘို့မယ်မိဖုရား၏ အကြောင်းကားအသို့နည်းဟု မေးမြန်း၏. . .

ချစ်စွာသောမိခင်. . .(၁)။ မိမိခင်ပွန်းသည်အား ငယ်သည်ကြီးသည်ဟု မထင်မှတ်ပဲ သာယာစွာသောဇနီးကဲ့သို့ဆက်ဆံတက်ခြင်း(၂)။လောကဓမ္မတရားနှင့်လျှော်ညီစွာသီတင်းသီလစင်ကြယ် လုံခြုံခြင်း(၃)။ ခင်ပွန်းသည်တို့အပေါ်တွင် မိစ္ဆာအတက်ပညာတို့ဖြင့် ဘုန်းကံနည်းပါးအောင်ပြုမူမှုမရှိခြင်း(၄)။လင်၏အမှုအားမိမိ၏အမှုကဲ့သို့ ပူပန်တက်ခြင်းကြောင့်(၅)။သတ္တ၀ါတို့အားကြင်နာသနားတက်ခြင်း(၆)။သာယာသောစကားကိုသာဆိုတက်ခြင်း(၇)။ပထမဦးဆုံးခင်ပွန်းသည်အကြီးအပေါ်တွင် ဆိတ်ကွယ်ရာတွင်ပင် သစ္စာစောင့်သိသော ပထမလင်အား ဘုရားကဲ့သို့ရိုသေခဲ့သော ကောင်းမှုကြောင့် လည်းကောင်း ဂေါတမဘုရားရှင်၏ တစ်ခုသောဘ၀တွင် ရွှေစက်တော်တွင် ချန်ရစ်ခြင်းခံရသောဇနီးသည်ဖြစ်သော်လည်းထိုအရပ်တွင်ခင်ပွန်းသည်၏ဘုန်းကံကိုဆောင်ယူလာက ခေါ်ဆောင်သောမည်သည့် ယောင်္ကျားကိုမဆို ဘ၀ဟောင်းမှ ဂေါတမဘုရားအလောင်းတော်ဖြစ်သည်ဟု ယုံမှတ်ကာ ပုံအပ်သော ဆိုခဲ့ဖူးသော သစ္စာစကားကို တည်တံ့စေသော ဘုန်းကံကြောင့်. . .လူတို့အမြင်တွင် မျက်နှာများသော မိဖုရားဟု သတ်မှတ်ချင်သော်လည်း လောကအမြင်တွင် ရှင်ဘို့မယ်သည် ဂေါတမဘုရားရှင် နုစဉ်ဘ၀တွင် ခန္တာဝန်ချစဉ် ဂေါတမဘုရားရှင်ကိုသာ အချစ်ဆုံးဖြစ်သည်ဟုသော  ဆိုခဲ့ဖူးသော သစ္စာစကားအား ယခုဘ၀တိုင်အောင် တည်တံ့နိုင်သော အတုမဲ့သော သစ္စာရှင်ဖြစ်သော ဇနီးမယားဖြစ်ခြင်းကြောင့် အတုမဲ့သော ခင်ပွန်းဟောင်း ဘုရားရှင်၏ ဘုန်းကံကိုမှီ၍ ရှင်ဘို့မယ်မိဖုရားသည် အတုမဲ့သော ယောင်္ကျားတိုင်း၏ ချစ်ခင်သော နှလုံးသည်းပွတ်ကို ရရှိခဲ့ခြင်း အတုမဲ့သော ဘုန်းကံရှိသော မိန်းမမြတ်ဖြစ်ရခြင်း ဖြစ်ပါသည် ဟုဖြေဆိုလေ၏။

နိဂုံး

ချစ်စွာသောမိခင်. . .ဇနီးသည်ဟူသည် လည်းကောင်း ခင်ပွန်းဟူသည်လည်းကောင်းအတိတ်အကြောင်းတရားမည်သို့ပင်ရှိစေကာမူ လိမ္မာသောအမျိုးသမီးသည် မိမိ ချစ်၍ယူသည်ပင်ဖြစ်စေ၊ မချစ်ခင်မနှစ်သက်ပဲယူသည်ပင်ဖြစ်စေ. . .မိမိဇနီး၊ခင်ပွန်းသည်၏ အလိုသို့လိုက်လျှောရလေ့ရှိပါသည်. . .သို့မှသာ လူ့ရွာ၊နတ်ရွာသို့ရနိုင်မည်ဖြစ်ပါ၏။

                                                                                                     (ထေရီပဋာန်မှ. . .)

Book a calling Ghost( သရဲခေါ်တဲ့စာအုပ်)-အပိုင်း(၁)

$
0
0

Epice-1

ည(၇)နာရီဆိုလျှင်ပင်ထိုလမ်းသည် လူပြတ်လေသည်။ကိုမိုးအိမ်တွင်သူငယ်ချင်းများနှင့်ဆုံရန်ချိန်းထားသဖြင့် သီရိနှင့် သဉ္ဖာလီတို့နှစ်ယောက်ထိုလမ်းကိုမဖြစ်မနေဖြတ်ရမည်။တစ်ယောက်လက်ကိုတစ်ယောက်မြဲမြဲဆုပ်ကိုင်လိုက်ကြသည်။

ထိုလမ်းသည်သချိုင်းကုန်း၏ဘေးကပ်လျှက်မှဖြတ်ကာဖောက်လုပ်ထားပြီးအုတ်တံတိုင်းများပြိုကျ ပျက်စီးနေသဖြင့်လမ်းပေါ်မှအနီးကပ်မြင်နေရသော သချိုင်းထဲရှိ အုတ်ဂူများမှာမြင်ရသူအဖို့ထိတ်လန့်စရာပင်။
သီရိသည်သဉ္ဖာလီအနားကပ်ကာတီးတိုးစကားဆိုသည်။

"ငါ ဒီနေရာကိုညဘက်ဖြတ်တိုင်းစိတ်ထဲတစ်မျိုးကြီးပဲ"

သဉ္ဖာလီကခေါင်းညှိတ်ထောက်ခံရင်း..........

"ငါရောပဲ"

ထိုစဉ် ခွေးအူသံများအဆက်မပြတ်ထွက်ပေါ်လာလေသည်။

နှစ်ယောက်သားတင်းကျပ်နေအောင် ဆုပ်ကိုင်ထားသောလက်ချောင်းများမှာ ချွေးစေးများဖြင့် ရွှဲနစ်အေးစက်နေပေသည်။
သဉ္ဖာလီသည်နောက်ကျောမလုံသလိုချမ်းစိမ့်စိမ့် ဖြစ်နေသောကျောပြင်ကိုကျုံ့ရင်း.....

"ငါအရမ်းကြောက်တာပဲဟာ.....ကြက်သီးတွေတောင်ထလာပြီ"

သဉ္ဖာလီ တကယ်ပင်ကြက်သီးမွေးညှင်းများ သီးထနေသောလက်ကိုရှေ့ထုတ်ပြသည်။

ကြက်သီးများကိုသပ်ချကာ ဘေးဘီဝဲယာကိုရွံ့တွန့်တွန့်ကြည့်လျက်..........

"ဟဲ့....ဒီနေရာမှာ တစ်ခုခုရှိနေသလိုပဲ ....အမှောင်ထဲကအရိပ်တွေက ငါတို့ရွှေ့သလိုလိုက်ရွှေ့နေသလားမသိဘူးဟာ..."

သချိုင်းကုန်းဆိုသောအသိဖြင့် မလုံခြုံပဲ ကိုယ့်ဘေးတွင်တစ္ဆေသရဲဝိညာဉ်တွေနီးနီးကပ်ကပ်ရှိနေသလိုခံစားလိုက်ရသည်။

ခြေလှမ်းတိုင်းရင်တထိတ်ထိတ်နှင့်.......

"ကိုမိုးကလဲဟာ....ဘာလို့များဒီသချိုင်းကုန်းနဲ့နီးတဲ့နေရာမှာ လာနေရတာလဲမသိဘူး"

သီရိကအလိုမကျဟန်ပြောသည်။

"အောင်ရဲတောင်ရောက်နေပြီလားမသိဘူး"

သူငယ်ချင်းတစ်တွေ ကိုမိုးအိမ်တွင်ဆုံနေကျဖြစ်သည်။ ကိုမိုးက အဘိုးအဘွားနှင့်အတူနေတာဖြစ်သည်။ ကိုမိုး၏အဘိုးအဘွားသည်အလွန်သဘောကောင်းပြီးအေးဆေးသည်မို့ကိုမိုးအိမ်တွင် သူငယ်ချင်းတစ်တွေ ဆုံတွေ့ရသည်မှာ လွတ်လပ်လေသည်။

ဒါပေမဲ့အဆင်မပြေတာတစ်ခုတော့ရှိသည်။အဲဒါက.....
ကိုမိုးအိမ်ရောက်ရန်သချိုင်းကုန်းကိုဖြတ်ပြီးသွားရသည့်အပြင် လူသူတစ်ယောက်မှမနေတော့သော ချောက်ချားစရာ တိုက်တန်းလျားဟောင်းကြီးကို ဖြတ်ရခြင်းပင်..........

တန်းလျားကြီးမှာ အလွန်အိုမင်းဟောင်းမြေ့နေပြီး ခြောက်ကပ်တိတ်ဆိတ်လှသည်။
တန်းလျားကျော်လျှင်တော့ မီးအလင်းရောင်များဖြင့် လူနေအိမ်များကိုတွေ့
ရမည်ဖြစ်သည်။ရှည်လျားလှသောတန်းလျားကြီးတစ်လျှောက်ဖြတ်ရတိုင်းသီ၇ိနှင့်
သဉ္ဖာလီတို့မှာ ကိုယ့်နံဘေးဝဲယာတွင် တစ္ဆေသရဲဝိညာဉ်များရှိနေသလို ချောက်ချားခံစားရမြဲဖြစ်သည်။

နှစ်ယောက်သားခြေလှမ်းတွန့်ဆုတ်တွန့်ဆုတ်နှင့်လက်ချင်းတင်းတင်းဆုပ်လျှောက်နေရင်း သချိုင်းကုန်းကျော်လာပြီး တိုက်တန်းလျား၏ လမ်းအကွေ့တစ်ခုအရောက်တိုင်ပင်ထားသလို ခြေလှမ်းများပြိုင်တူရပ်လိုက်ကြသည်။
ပြီးတော့.......

"နင် ဘာဖြစ်လို့ ရပ်လိုက်တာလဲ သီရိ"

"နင်ရောဘာဖြစ်လို့ရပ်လိုက်တာလဲ သဉ္ဖာလီ"

နှစ်ယောက်သားအပြန်အလှန်မေးလိုက်ကြမိကြသည်။

"ငါ့.......ငါ့စိတ်ထဲ....တစ်...တစ်မျိုးကြီးပဲ၊ငါ့နာမည် ခေါ်သံကြားလိုက်သလားလို့"

"အေး....ငါ့နားထဲမှာလဲ အဲ့လိုပဲ....ငါ့နာမည်ခေါ်သံကြားနေရတယ်"

ထိုစဉ်........

လေတိုးသံတဝေါဝေါမြည်သံကြီးထွက်လာခဲ့လေသည်။
နှစ်ယောက်သားလမ်းအလယ်တွင် တစ်ယောက်ကိုတစ်ယောက်ဖက်လျှက် ပူးကပ်လိုက်ကြသည်။

ထို့အခိုက်........

နှစ်ယောက်သားတင်းတင်း ဆုပ်ထားသောလက်များကိုနောက်မှလက်အေးကြီးတစ်ဖက်က ဖမ်းဆွဲလိုက်သဖြင့်သူမတို့နှစ်ယောက် လိပ်ပြာလွင့်မတတ်ဖြစ်ကာ ထအော်လိုက်ကြလေသည်။

"အား.....အမလေး"

ကြောက်စိတ်တွေကြောင့်ရင်တွေတဒိုင်းဒိုင်းခုန်ကာ......
ပြူးကျယ်နေသောမျက်လုံးများဖြင့်နောက်သို့ကြောက်လန့်တကြား ပြိုင်တူလှည့်ကြည့်
လိုက်ကြသည်။

ညည့်ငှက်များဗြုန်းခနဲ ထပြန်ပြေးသည့်တောင်ပံခတ်သံများကလည်း သူမတို့နှစ်ယောက်ကို ပိုလို့သွေးပျက်စေခဲ့သည်။

"အား...အား"

သွေးပျက်မတတ်အော်သံစူးစူးများမှာ တိုက်တန်းလျားကြီးတစ်လျှောက်လုံး ဟိန်းသွားခဲ့သည်။

Book a calling Ghost( သရဲခေါ်တဲ့စာအုပ်)-အပိုင်း(၁)

$
0
0

Epice-1

ည(၇)နာရီဆိုလျှင်ပင်ထိုလမ်းသည် လူပြတ်လေသည်။ကိုမိုးအိမ်တွင်သူငယ်ချင်းများနှင့်ဆုံရန်ချိန်းထားသဖြင့် သီရိနှင့် သဉ္ဖာလီတို့နှစ်ယောက်ထိုလမ်းကိုမဖြစ်မနေဖြတ်ရမည်။တစ်ယောက်လက်ကိုတစ်ယောက်မြဲမြဲဆုပ်ကိုင်လိုက်ကြသည်။

ထိုလမ်းသည်သချိုင်းကုန်း၏ဘေးကပ်လျှက်မှဖြတ်ကာဖောက်လုပ်ထားပြီးအုတ်တံတိုင်းများပြိုကျ ပျက်စီးနေသဖြင့်လမ်းပေါ်မှအနီးကပ်မြင်နေရသော သချိုင်းထဲရှိ အုတ်ဂူများမှာမြင်ရသူအဖို့ထိတ်လန့်စရာပင်။
သီရိသည်သဉ္ဖာလီအနားကပ်ကာတီးတိုးစကားဆိုသည်။

"ငါ ဒီနေရာကိုညဘက်ဖြတ်တိုင်းစိတ်ထဲတစ်မျိုးကြီးပဲ"

သဉ္ဖာလီကခေါင်းညှိတ်ထောက်ခံရင်း..........

"ငါရောပဲ"

ထိုစဉ် ခွေးအူသံများအဆက်မပြတ်ထွက်ပေါ်လာလေသည်။

နှစ်ယောက်သားတင်းကျပ်နေအောင် ဆုပ်ကိုင်ထားသောလက်ချောင်းများမှာ ချွေးစေးများဖြင့် ရွှဲနစ်အေးစက်နေပေသည်။
သဉ္ဖာလီသည်နောက်ကျောမလုံသလိုချမ်းစိမ့်စိမ့် ဖြစ်နေသောကျောပြင်ကိုကျုံ့ရင်း.....

"ငါအရမ်းကြောက်တာပဲဟာ.....ကြက်သီးတွေတောင်ထလာပြီ"

သဉ္ဖာလီ တကယ်ပင်ကြက်သီးမွေးညှင်းများ သီးထနေသောလက်ကိုရှေ့ထုတ်ပြသည်။

ကြက်သီးများကိုသပ်ချကာ ဘေးဘီဝဲယာကိုရွံ့တွန့်တွန့်ကြည့်လျက်..........

"ဟဲ့....ဒီနေရာမှာ တစ်ခုခုရှိနေသလိုပဲ ....အမှောင်ထဲကအရိပ်တွေက ငါတို့ရွှေ့သလိုလိုက်ရွှေ့နေသလားမသိဘူးဟာ..."

သချိုင်းကုန်းဆိုသောအသိဖြင့် မလုံခြုံပဲ ကိုယ့်ဘေးတွင်တစ္ဆေသရဲဝိညာဉ်တွေနီးနီးကပ်ကပ်ရှိနေသလိုခံစားလိုက်ရသည်။

ခြေလှမ်းတိုင်းရင်တထိတ်ထိတ်နှင့်.......

"ကိုမိုးကလဲဟာ....ဘာလို့များဒီသချိုင်းကုန်းနဲ့နီးတဲ့နေရာမှာ လာနေရတာလဲမသိဘူး"

သီရိကအလိုမကျဟန်ပြောသည်။

"အောင်ရဲတောင်ရောက်နေပြီလားမသိဘူး"

သူငယ်ချင်းတစ်တွေ ကိုမိုးအိမ်တွင်ဆုံနေကျဖြစ်သည်။ ကိုမိုးက အဘိုးအဘွားနှင့်အတူနေတာဖြစ်သည်။ ကိုမိုး၏အဘိုးအဘွားသည်အလွန်သဘောကောင်းပြီးအေးဆေးသည်မို့ကိုမိုးအိမ်တွင် သူငယ်ချင်းတစ်တွေ ဆုံတွေ့ရသည်မှာ လွတ်လပ်လေသည်။

ဒါပေမဲ့အဆင်မပြေတာတစ်ခုတော့ရှိသည်။အဲဒါက.....
ကိုမိုးအိမ်ရောက်ရန်သချိုင်းကုန်းကိုဖြတ်ပြီးသွားရသည့်အပြင် လူသူတစ်ယောက်မှမနေတော့သော ချောက်ချားစရာ တိုက်တန်းလျားဟောင်းကြီးကို ဖြတ်ရခြင်းပင်..........

တန်းလျားကြီးမှာ အလွန်အိုမင်းဟောင်းမြေ့နေပြီး ခြောက်ကပ်တိတ်ဆိတ်လှသည်။
တန်းလျားကျော်လျှင်တော့ မီးအလင်းရောင်များဖြင့် လူနေအိမ်များကိုတွေ့
ရမည်ဖြစ်သည်။ရှည်လျားလှသောတန်းလျားကြီးတစ်လျှောက်ဖြတ်ရတိုင်းသီ၇ိနှင့်
သဉ္ဖာလီတို့မှာ ကိုယ့်နံဘေးဝဲယာတွင် တစ္ဆေသရဲဝိညာဉ်များရှိနေသလို ချောက်ချားခံစားရမြဲဖြစ်သည်။

နှစ်ယောက်သားခြေလှမ်းတွန့်ဆုတ်တွန့်ဆုတ်နှင့်လက်ချင်းတင်းတင်းဆုပ်လျှောက်နေရင်း သချိုင်းကုန်းကျော်လာပြီး တိုက်တန်းလျား၏ လမ်းအကွေ့တစ်ခုအရောက်တိုင်ပင်ထားသလို ခြေလှမ်းများပြိုင်တူရပ်လိုက်ကြသည်။
ပြီးတော့.......

"နင် ဘာဖြစ်လို့ ရပ်လိုက်တာလဲ သီရိ"

"နင်ရောဘာဖြစ်လို့ရပ်လိုက်တာလဲ သဉ္ဖာလီ"

နှစ်ယောက်သားအပြန်အလှန်မေးလိုက်ကြမိကြသည်။

"ငါ့.......ငါ့စိတ်ထဲ....တစ်...တစ်မျိုးကြီးပဲ၊ငါ့နာမည် ခေါ်သံကြားလိုက်သလားလို့"

"အေး....ငါ့နားထဲမှာလဲ အဲ့လိုပဲ....ငါ့နာမည်ခေါ်သံကြားနေရတယ်"

ထိုစဉ်........

လေတိုးသံတဝေါဝေါမြည်သံကြီးထွက်လာခဲ့လေသည်။
နှစ်ယောက်သားလမ်းအလယ်တွင် တစ်ယောက်ကိုတစ်ယောက်ဖက်လျှက် ပူးကပ်လိုက်ကြသည်။

ထို့အခိုက်........

နှစ်ယောက်သားတင်းတင်း ဆုပ်ထားသောလက်များကိုနောက်မှလက်အေးကြီးတစ်ဖက်က ဖမ်းဆွဲလိုက်သဖြင့်သူမတို့နှစ်ယောက် လိပ်ပြာလွင့်မတတ်ဖြစ်ကာ ထအော်လိုက်ကြလေသည်။

"အား.....အမလေး"

ကြောက်စိတ်တွေကြောင့်ရင်တွေတဒိုင်းဒိုင်းခုန်ကာ......
ပြူးကျယ်နေသောမျက်လုံးများဖြင့်နောက်သို့ကြောက်လန့်တကြား ပြိုင်တူလှည့်ကြည့်
လိုက်ကြသည်။

ညည့်ငှက်များဗြုန်းခနဲ ထပြန်ပြေးသည့်တောင်ပံခတ်သံများကလည်း သူမတို့နှစ်ယောက်ကို ပိုလို့သွေးပျက်စေခဲ့သည်။

"အား...အား"

သွေးပျက်မတတ်အော်သံစူးစူးများမှာ တိုက်တန်းလျားကြီးတစ်လျှောက်လုံး ဟိန်းသွားခဲ့သည်။

အိပ်မက်နတ်သမီး

$
0
0
အိပ်မက်နတ်သမီးရေ
ညစဉ်တိုင်းနင်ရွက်လွင့်
ပျော်ခဲ့ရနေ့ရက်များစွာ
ပြန်တမ်းတနေခဲ့မိ
ပန်ဆင်ဖို့စိတ်ကူး
ချစ်ဦးသူမင်းကို
ငါ့ရဲ့ပဲ့ကိုင်သူအဖြစ်
ငါရည်စူး
နင်မယုံရင်
နင်ဘေးမှာအမြဲခစားနေတဲ့
ငါ့ရဲ့မျက်ဝန်းတွေကိုသာ
မေးကြည့်ပါတော့ကွယ်

ရွှင်ဟိန့်း 

ဒီမိုကရေစီ

$
0
0

ဟုတ်ပါတယ်... သူက ခင်ဗျားတို့ အမေလို ကမ္ဘာကျော် တက္ကသိုလ်ကြီးမှာ ပညာမသင်ခဲ့ဖူးဘူး.။
ဟုတ်ပါတယ်... သူက ခင်ဗျားတို့ အမေလို သွားလေရာ မျက်နှာမပွင့်ဘူး..။
ဟုတ်ပါတယ်... သူက ခင်ဗျားတို့ အမေလို တစ်တိုင်းပြည်လုံး ထောက်ခံမူ့ကို မရရှာဘူး..။
ဟုတ်ပါတယ်... သူက ခင်ဗျားတို့ အမေလို နိုဗယ်ဆုလဲ မရဖူးဘူး..။
ဟုတ်ပါတယ်... သူက ခင်ဗျားတို့ အမေလောက်တောင် ကျန်းမာရေးလဲ မကောင်းရှာဘူး..။
ဟုတ်ပါတယ်... ခင်ဗျားတို့အမေ သွားလေရာလမ်းမှာ ပန်းတွေပွင့်နေပေမယ့် သူသွားသမျှလမ်းမှာ ဆန္ဒပြတာတွေပဲ ရှိတယ်..။
ဒါပေမယ့် .. ခင်ဗျားတို့အမေ ကုလားကို ကုလားလို့ မပြောရဲချိန်မှာ သူပြတ်သားခဲ့တယ်..။ ခင်ဗျားတို့ အမေ လူ့အခွင့်အရေးလို့ အော်နေချိန်မှာ သူက သူ့ပြည်သူရဲ့ အခွင့်အရေးကိုပဲ ပြောတယ်.။ ခင်ဗျားတို့အမေ တခမ်းတနားနဲ့ ကြိုဆိုခံရချိန်မှာ သူက နိုင်ငံငယ်လေးတစ်ခုရဲ့ ၀န်ကြီးချုပ်ရုံးခန်းမှာ တစ်နာရီကျော်ကြာအောင် မျက်နှာငယ်လေးနဲ့ ငုတ်တုတ်ထိုင်ခဲ့ရတယ်။ ခင်ဗျားတို့ အမေ နိုင်ငံတစ်ကာက လူတွေအများကြီးရှေ့မှာ ခေါင်းမော့ရင်ကော့ပြီး မိန့်ခွန်းပြောနေချိန်မှာ သူက နိုင်ငံတစ်ကာက လူတွေအများကြီးရှေ့မှာ ခေါင်းငုံ့လို့ အကြွေးတွေ လျော်ပေးပါ.. ပိတ်ဆို့မူ့တွေ သိမ်းပေးပါ .. ကျုပ်တိုင်းပြည်ကို တိုးတက်အောင် လုပ်ပေးပါလို့ အောက်ကျခံနေရတယ်..။ ခင်ဗျားတို့အမေ နိုင်ငံခြားထွက်ရင် ဆုယူဖို့နဲ့ လည်ပတ်ဖို့ .. သူနိုင်ငံခြားထွက်တာ အကြွေးလျော်ဖို့နဲ့ အကူအညီတောင်းဖို့..။ ခင်ဗျားတို့ အမေ သမ္မတဖြစ်ချင်ပါတယ် ပြောတော့ သူက သမ္မတရာထူးက အနားယူရင် မုန့်ဟင်းခါးပဲ ရောင်းမယ်ပြောတဲ့လူ..။ ရွေးချယ်တင်မြှောက်လို့ပဲ ဖြစ်ဖြစ် .. အတင်းအကျပ် စေခိုင်းခံရလို့ပဲဖြစ်ဖြစ် .. အလိုရမ္မက်နဲ့ရယူခဲ့လို့ပဲဖြစ်ဖြစ် သူယူထားတဲ့ ဒီနေရာမှ သူ့တာဝန်ကို သူကျေပွန်အောင် လုပ်နေတယ်..။ ကျုပ် နိုင်ငံရေးအကြောင်း မသိဘူး... ဖွဲ့စည်းပုံဥပဒေ ကျုပ်နားမလည်ဘူး.. လူ့အခွင့်အရေးဆိုတဲ့ စကားကြီးကို ကျုပ်စိတ်မ၀င်စားဘူး.. ကျုပ် မြန်မာလူမျိုး .. ကျုပ်တိုင်းပြည်တိုးတက်တာ ကျုပ် မြင်ချင်တယ်... ကျုပ်တို့လူမျိုး ကြီးပွားတာ ကျုပ်တွေ့ချင်တယ်.. ကျုပ်တို့လူမျိုး အဆင့်အတန်းရှိလာတာ ကျုပ်ခံစားချင်တယ်..။ နောင်လာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူသမ္မဖြစ်ဖြစ် ဘယ်သူ သမ္မတ လုပ်ချင်လုပ်ချင် ကျုပ် အရေးမထားဘူး.. ဒါပေမယ့် ကျုပ်လက်ထဲမှာ ရှိမယ့် မဲတစ်ပြားကတော့ ကျုပ်ချစ်တဲ့ မြန်မာပြည်အတွက် တစ်ကယ်အလုပ်လုပ်မယ့် သူအတွက်ပဲဖြစ်ရမယ်..။ ကျုပ်တို့ဟာ အတိတ်ကို တမ်းတနေဖို့မလိုဘူး..မရောက်လာသေးတဲ့ အနာဂတ်ကိုလဲ ရင်မောနေဖို့ မလိုဘူး... လက်ရှိပစ္စုပ္ပာန်မှာ ဘာလုပ်ကြမလဲ ဘာတွေလုပ်နေလဲဆိုတာပဲ အရေးကြီးတယ်...။ လေတစ်လုံး မိုးတစ်လုံးနဲ့ လေထဲတိုက်အိမ်ဆောက်မယ့် လူတွေကိုတော့ ကျုပ် မလေးမစားဖြစ်မှာ အမှန်ပဲ..။ ခင်ဗျားတို့နဲ့ ခံယူချက်ချင်း မတူညီရင်လဲ ဆောရီးပါ..... ။ ဒါက ကျုပ်ရဲ့ လွတ်လပ်ခွင့်ပဲကိုး...။


ဆန်းပါပေ့လုံမငယ် ၏ စကားပြေ

$
0
0
ဟို လွန်ခဲ့တဲ့ လွတ်လပ်ရေးရပြီးစ အခါသာသာလောက်တုန်းကပေါ့
ကျွန်တော်တို့မြန်မာမလေးတွေဟာ
အိန္ဒိယဖြစ် မလေးဖြစ် ပါကစ်စတန်ဖြစ်
အစရှိတာတွေကို ကြိုက်နှစ်သက်ကြတယ်
တချို့ကြတော့လည်း အဲဒိအထည်တွေကို
အဆန်းတကြယ် အဲခေတ်က ခေတ်အမီဆုံး
ပုံတွေနဲ့ ချုပ်လုပ်ပြီး ဝတ်စားကြတယ်
အဲ့တုန်းက အမျိုးသမီးများက ထဘီခြေဖမိုး
အကျီင်္ဆိုလက်ရှည်ရှည်နဲ့ဝတ်စားခဲ့တာ
အဲမှာပဲ တချို့က လက်ပြတ်တွေစဝတ်
ကြတော့ ဒါကိုလူတွေက ကဲ့ရဲ့ကြတာ
ခုခေတ်ဆို ဘယ်လိုပြောကြမှာလဲလို
အဲဒိကိစ္စကိုပြောမယ်ဆိုရင်
စာရေးသူတော့ မသိသလိုနေတော့မယ်။
ဒီဘက်ခေတ်မှာက မော်ဒယ်တွေကများလာလို့
သူ့ထက်ငါ ဖေးမတ် ဖြစ်ချင်ကြတယ်
ဒီတော့ ယဉ်ကျေးမှုဆိုတဲ့ တန်ဖိုးတွေကို
ခဝါချပြီး ထင်ရာစိုင်းကြတာ
ညီမငယ်တိုင်းမဟုတ်ပါဘူး
တချို့ကြတော့လည်း ယဉ်ကျေးလိုက်တာ
တချို့တော့လည်း ဗိုက်တွေဘာတွေပေါ်တာကို
လုံးဝကို အရေးမလုပ်တော့လို့ ဘေးမှာလူရှိတာ
သတိထားမိချင်မှ ထားမိမယ်
သူတို့ကိုကြည့်ရတာဖြင့် တမင်တကာ
လုပ်နေသလားလို့ခေါင်းပါအလိုလိုငုံ့မိခဲ့ပါတယ်။

တကယ်တော့ မြန်မာ့ယဉ်ကျေးမှုနဲ့
မြန်မာညီမငယ် ပညာတတ်လူရွယ်တွေဟာ
ဒီလိုယဉ်ကျေးမှုပျက်ပြားစေတဲ့အပြုအမူတွေကို
တဦးချင်းဖြစ်ဖြစ် အုပ်စုလိုက်ပဲဖြစ်ဖြစ်
စီးပွားရေးကြောင့်ပဲဖြစ်ဖြစ် ဝါသနာဗီဇသတ္တိ
အကြောင်းတမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် မပြုသင့်ပေဘူး
ဒီလိုရှေ့က တော့ တွေကနေ ယဉ်ကျေးမှု့ကိုထိမ်းပြီး
ပြကြမယ်ဆိုရင် နောက်ကအမျိုးသမီးထုက
သူ့အလိုလိုယဉ်ကျေးကြမှာပါ။

ခုတော့ရှေ့ကညီမငယ်တို့က
သူ့ထက်ငါကောင်းအရမ်းပဲ
ပြချင်သချင်ကြတော့ မတော်လို့များ
အပြလွန်သွားခဲ့ရင် မတွေးတတ်တော့ပါဘူး။

ချစ်ခဲ့ရသူ

$
0
0
ဆုံခဲ့တဲ့နေရာ
ပြန်တွေ့ရင်ဖြင့်
အလွမ်းတွေထုတ်ပေးတဲ့
မောင့်နှလုံးသား
သတိရနေဆဲပါ။
ကြုံခဲ့ရခဏအချိန်လေးမှာ
ချစ်ခဲ့ရမောင့်နှလုံးသားလည်း
တမ်းတကာနေခဲ့ရ
မှန်းဆကာအပြုံးတွေကို
သတိရနေဆဲပါ။
ကံကြမ္မာမဖန် အကြောင်းကံပါမလာလို့
ဆွေးခဲ့ရနေ့ရက်ပေါင်း
ငိုနေဆဲငါ့နှလုံးသား
မင်းမသိဘူး။
ငါ့မျက်ရည်တစ်ပေါက်ကျလည်း
ငါ့မေတ္တာတစ်စက်မလျော့
ပိုကာချစ်မြဲ ။
ရွှင်ဟိန်း

မေတ္တာရောင်စဉ်

$
0
0
မရဲ့အနားမှာ
မရဲ့အရိပ်ကလေးလို
အမြဲတမ်း
ထာဝရ
မောင်ရှိနေပါရစေ ။
အချစ်ဦးမို့
အပြစ်မဆို
စက္ကန့်တံလေးလို
ရင်ခုန်သံလေးတွေ
မ ကြားနိုင်ပါမလား။
ခုန်ခဲ့တဲ့ရင်ခုန်သံ
ဆိုခဲ့တဲ့သီချင်း
စကားပြောတဲ့အချိန်တွေ
မမေ့နိုင်သေးပါ။
ပျော်ခဲ့ရတဲ့နေ့ရက်တွေ
တိမ်တိုက်တွေနဲ့အတူ
ပျောက်ကွယ်သွားလည်း.........
ရင်ထဲကအချစ်က
မပျောက်ကွယ်နိုင်ပါ
ရွှင်ဟိန်း

ဓားအမျိုးအစားများ  ကြိုက်တာကို ရွေးလို့ရအောင်ပါ

$
0
0

ဓားအမျိုးအစားများ  ကြိုက်တာကို ရွေးလို့ရအောင်ပါ

ကမ္ဘာပေါ်မှာ အဲ့လိုမျိုးသာဆိုရင်တော့ လူတိုင်းပျော်ရွှင်ရမဲ့နေ့ကတော့ နေ့တိုင်းဖြစ်နေတော့မယ်ဗျ....................

$
0
0

ကမ္ဘာပေါ်မှာ အဲ့လိုမျိုးသာဆိုရင်တော့ လူတိုင်းပျော်ရွှင်ရမဲ့နေ့ကတော့ နေ့တိုင်းဖြစ်နေတော့မယ်ဗျ....................

Viewing all 9878 articles
Browse latest View live