Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

အိမ်မှာ ယင်ကောင်တွေ လာရင်.................

0
0

စားသောက် နေတုန်း ယင်အုံ လာရင် အရသာ ပျက်တယ်ပေါ့ဗျာ။ ယင် အုချ သွားရင် ရောဂါ ဘယလည်း ပျံ့နှံ့နိုင်သေး။

လွယ်လွယ် ကူကူ နည်းလမ်းလေး တစ်ခုကို Funzug က အကြံပြု ထားပါတယ်။

ပုံထဲကအတိုင်း............

+ ပလတ်စတစ်အိပ် အကြည် ...လေး၊ငါး အိပ်ကို ရှာ။
+ အကြွေစေ့ တစ်အိပ် အတွက် လေး၊ငါးစေ့ ကိုလည်း ရှာထား။ ( ဒါကတော့ ကျွန်တော်တို့ အတွက် ခက်မယ်ဗျ။ အကြွေ က ရှားပါ ဘိသနဲ့)
+ အိပ်တွေထဲကို ရေဖြည့်။
+ အိပ်ကို လုံအောင်ပိတ်၊ ယင်ကောင်တွေ လာတတ်တဲ့ နေရာတွေမှာ ချိတ်ဆွဲ ထားလိုက်ရုံ ပါပဲတဲ့။ မျက်လှည့် လိုလို၊ လက်လှည့် လိုလို ပေါ့ဗျာ။

သိပ္ပံနည်းကျ ရှင်းပြတာက သည်လို ပါတဲ့ဗျ။

ရေမော်လီကျူးလေးတွေဟာ အလင်းယိုင်၊ အလင်းပြန် တတ်ပြီး သက်တန့် ရောင်စဉ် ဖြာစေတဲ့ Prism Effect ရှိပါတယ်။
ရေမော်လီကျူး သန်းပေါင်းများစွာ ထည့်ထားတဲ့ အိပ်ထဲကို အကြွေစေ့ တွေ ထည့်လိုက်တော့ အဲဒီ ရောင်စဉ် တွေဟာ..အကြွေတွေကို ရိုက်ခတ်ပြီး ကြုံရာ ကျပန်း မျိုး ပေါင်း စုံအောင် ရောင်စဉ် ဆန်းတွေ ဖြစ်ပေါ် လာစေ ပါတယ်တဲ့ဗျာ။

ယင်ကောင်လို အင်းဆက် တွေရဲ့ မျက်လုံးဟာ မှန်ဘီလူး ချပ်ငယ်လေးပေါင်း များစွာနဲ့ ဖွဲ့စည်း ထားပေတာမို့ သူတို့ဟာ ပစ္စည်း တစ်ခုထဲကို ကြည့်ရင်တောင် ပုံရိပ် အမျိုးမျိုး မြင်ရပါတယ်။ အခု ချိတ်ထားတဲ့ ရေအိပ်ကို ယင်တွေ ကြည့်မိရင် လင်းလင်း လက်လက် အရောင်မျိုးစုံတွေ ထွက်နေတဲ့ Disco Ball များစွာကို ကြည့်ရ သလို မြင်ယောင် မိစေ ပါသတဲ့။

ဒီ အလင်းဖြာတန်း တွေကြောင့် ယင်တွေ မူးနောက်နောက် ဖြစ်လာစေတဲ့ အပြင် သူတို့ကို စားသောက်မယ့် ယင်စား သတ္တ၀ါတွေ ဒီနားမှာ ရှိနေသလို ခံစား လာရစေ ပါသတဲ့ခင်ဗျာ။

ယင်နှင်ဆေး တွေလို ဘေးထွက် ဓာတု ဆိုးကျိုးးတွေလည်း မရှိ၊ ငွေကုန်ကြေးကျ လည်း သက်သာ၊ လုပ်ရ ကိုင်ရလည်း မခက်တာမို့ စမ်းသပ် ကြည့်သင့် ပါကြောင်း။


နဝဒေးလမ်းထက်က ရက်စွဲများ (သို့) ကြေကွဲမိုးတိမ်၏ ဧဒင်ဥယျဉ် .....

0
0

ရန်ကုန်မြို့ရဲ့မီးပြတ်တဲ့ ညတစ်ညပါ…
အရပ်ရှစ်မျက်နာတစ်ခွင်လုံး အမှောင်ထုအုံ့ဆိုင်းပြီး ငြိမ်းချမ်းနေပေမယ့်..ကျွန်

တော်ရဲ့ရင်ဘတ်ထဲမှာတော့ ပေါက်ကွဲလူနီးနီးမီးတောင်တစ်လုံးကို မြိုချထားရသလို..။
ကျွန်တော်…ကျွန်တော်..နောက်နှစ်ရက်ဆို ကျွန်တော်တွယ်တာရဆုံးအရာတွေကို ကျောခိုင်းထားခဲ့ရပြီလေ…။
အချစ်ဆုံးသူငယ်ချင်းတွနဲ့ ရှေးဟောင်းနှောင်းဖြစ်ပြောခဲ့ကြတဲ့ သုဝဏရဲ့ မီးပြတ်ညတွေ..။
ကျွန်တော်တို့ရဲ့ အစည်းအဝေးခုံရုံး (သို့) ကျွန်းရွှေမြိုင်လမ်းက အုတ်ခုံတွေ…။
ကျွန်တော်ရဲ့ အတွယ်တာဆုံး ကျွန်တော်ရဲ့ မွေးစားအမေ…။
နဝဒေးလမ်းမ..။
နောက်ဆုံး..ကျွန်တော်တန်ဖိုးထားအမြတ်နိုးဆုံး..ကျွန်တော်ရဲ့..ချစ်သူ..။
နွေနဲ့မိုး ဆောင်း ရာသီအလီလီပြောင်းလဲ ဘယ်တော့မှ မဟောင်းတဲ့ ကျွန်တော်ရဲ့ တစ်ယောက်ထဲသော “သူ”..။

ဒီလိုနဲ့..ကျွန်တော်ရဲ့အတွေးတွေလဲ…။
2010ရဲ့ FEB နောက်ဆုံးရက်တွေမှာပေါ့..။ ကျွန်တော်ကတိပေးထားတဲ့အတိုင်း ပြန်လာခဲ့ပါတယ်.. “သူ့” ရဲ့ရင်ခွင်ကိုပေါ့..။
မရောက်တာကြာပေမယ့် အရင်တိုင်းကျွန်တော်ကို နွေးထွေးမှူတွေ..လုံခြုံမှူတွေ..ပေးစွမ်းနိုင်ဆဲပါ ချစ်သူ..။
လွန်ခဲ့တဲ့တစ်နှစ်က ကျွန်တော်ချန်ခဲ့တဲ့ အငွေ့အသက်တွေရှူရှိုက်…ကျေးဇူးပါပဲ..ချစ်သူရယ်..ဟောဒီ ကျွန်တော် တစ်ဦးတည်းပိုင် ရင်ခွင်မှာ ဘယ်သူကိုမှအစားမထိုးပေးခဲ့တဲ့အတွတ်ပေါ့.။
ကျွန်တော်ချစ်သူရဲ့ ပါးပြင်ပေါ် အနမ်းမိုးတွေရွာချရင်း..အေးနေပြီဖြစ်တဲ့ ကျွန်တော်နှုတ်ခမ်းပေါ်က “သူ့” နှုတ်ခမ်းရဲ့နူးညံ့မှူတွေ ပြန်ပြီး “နွေး”ကနဲ..။
ပြီးတော့..”သူ့”ကိုဘယ်လောက်သတိရကြောင်း…”သူ့”ရဲ့ မျက်နှာလေးကို တစ်နှစ်စာ အလွတ်ကျက်ရင်း…
အဲဒီနေ့က..”သူ့”ရဲ့ မျက်နာ ရှက်သွေးတွေဖြာလို့ပေါ့..။

“လူတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်မိဖို့.
ခိုင်လုံတဲ့အကြောင်းပြချက်တွေမလိုပါဘူး…
ရင်ဘတ်ထဲက တူညီတဲ့ရင်ခုန်သံ တစ်ချက်လေးပဲ လိုတာပါ

လူတစ်ယောက်ကို သတိရ လွမ်းဆွတ်ဖို့.
နှလုံးသားကို အမိန့်ပေးစရာမလိုပါဘူး…
ရင်ဘတ်ထဲက တိုက်ဆိုင်မှူတွေ ခြေရာထပ်နေဖို့ပဲလိုတာပါ”

“မင်းကသာအဲလောက်ဖြစ်နေတာပါကွာ…ဟိုကမဖြစ်ရင်ရော…” ကျွန်တော့သူငယ်ချင်းတွေရဲ့ ကြားနေကြသတိပေးစကားပါ..
“ချစ်တယ်ဆိုကထဲက ကိုယ့်ဘတ်က ရှုံးပြီပဲကွ…” ရှုံးစမ်းပါစေ..”သူ့” အတွက်ကြောင့်ရှုံးရမယ်ဆို..ကျွန်တော် မာနနဲ့အချစ်တွေ သူ့ခြေဖဝါးအောက် ကိုယ်တိုင်ခုပေးမယ့်သူပါ..။
“သူ”လျှောက်မယ့်လမ်းမှာ ခြေဖဝါးနုနုသွေးခြေဥ မှာစိုးလို့ပါ ချစ်သူရယ်…ဘယ်သူတွေ ဘယ်လောက်တားတား..

နေပါစေ…
သတိရမိတိုင်း ခေါင်းအုံးပေါ်ရွာချခဲ့တဲ့
အနမ်းမိုးတွေ ပိုင်ရှင်ကိုတကြော်ကြော်ဟစ်အော်နေလဲ..

နေပါစေ…
အေးစက်စက်ဝိညဉ်မဲ့နေတဲ့ ရင်ခွင်တစ်လက်ကို
အသက်သွင်းမဲ့ သခင်မကိုတောင့်တနေလဲ..

နေပါစေ…
နဝဒေးလမ်းပေါ်လျှောက်နေတဲ့မင်းရဲ့ခြေဖဝါးတွေအောက် ကပ်ပါသွားတဲ့ငါ့မာနတွေအတွက်တန်ရာတန်ကြေးမရခဲ့ရင်တောင်မှ…
အချစ်ရဲ့ကျေးကျွန်အဖြစ်ကျေကျေနပ်နပ်ခံယူထားတဲ့
ငါ့နှလုံးသားလေး သူ့ဘဝနဲ့သူ
နေ..ပါ..စေ..။။ “

န..ဝ..ဒေး..လမ်း..။ဟုတ်ပါတယ်…
ကျွန်တော်အတွက်တော့ “သူ”နဲ့ပတ်သတ်တဲ့..အမှတ်တရတွေ ရင်နဲ့မဆံ့အောင်များလွန်းတဲ့ နေရာတစ်ခုပေါ့…။
ချစ်သူရယ်..မင်းမှတ်မိအုံးမှာပါ…တို့နှစ်ယောက်ရဲ့ ပထမဆုံး “ဆုံဆည်းရာ”..နောက်ပြီး..နောက်ပြီး..တစ်နှစ်တစ်ခါ..လမ်းခွဲနေကြနေရာလေးတစ်ခု..။
“သူ” ကျူရှင်သွား ကျူရှင်ပြန်…။
ချစ်သူအိမ်ရှိရာ.အဲဒီလမ်းရဲ့. မလှမ်းမကမ်းတစ်နေရာမှာ…အမြဲစောင့်လို့ပေါ့…။
လမ်းလျှောက်ရင်း..လက်လေးကိုင်မိရင်..”အိမ်ကတွေ့သွားမယ်” လို့ အမြဲရန်တွေ့တတ်ပြီး…ကျွန်တော်ကို ဘယ်လိုမှပြောမရရင်တော့ ဘယ်တော့မှ ရုန်းဖို့မကြိုးစားတတ်တာ.ကျွန်တော်ချစ်သူ။
လူလစ်လို့ နမ်းမိရင်..အမြဲဆွဲဆိတ်ခံရတာလဲ..နဝဒေးလမ်းထက်မှာပါ..။
အဲဒီလမ်းပေါ်မှာ..ကျွန်တော်တို့နှစ်ယောက်ရဲ့ မျတ်ရည်မိုးတွေစွေခဲ့ကြသလို…အနမ်းပန်းတွေလဲဝေခဲ့ဖူးပါတယ်..။။
ဒီလိုနဲ့..ခုထိ..နဝဒေးလမ်းပေါ်က မင်းရယ်သံဖွဖွလေးတွေကို တယုတယလိုက်ရှာပြီး သိမ်းဆည်း..သတိရလို့ထုတ်ထုတ်ကြည့်တိုင်း စနစ်တကျရက်စက်တတ်တဲ့ ကံကြမ္မာကို ငါမုန်းမိနေတုန်းပါပဲ ချစ်သူရယ်…။

ဒီလိုနဲ့..Aprilရဲ့..နေ့ရက်တွေကို..ရေစိုစို လမ်းမတွေပေါ်မှာ “သူ”နဲ့အတူတူ ကုန်ဆုံး..
တို့နှစ်ယောက်ရင်ခုန်သံဟာ အနီးဆုံးမှာရှိခဲ့ကြတာလေ..။
ဒီနှစ်မှာ “ပိတောက်ပန်း”တွေမပေးခဲ့ရပေမယ့်..ကျွန်တော်ရင်ထဲကတစ်နှစ်လုံး ပြုစုပျိုးထောင်ထားတဲ့ အလွမ်းပန်းတွေ..ချစ်သူခေါင်းမှာ “ဝေ”လို့ပေါ့..။
ကျွန်တော်လွမ်းတယ်..ချစ်သူရဲ့ ရေစိုစိုအနမ်းတွေကို…
ကျွန်တော်လွမ်းတယ်..ချစ်သူရဲ့ ရေစိုစိုနှုတ်ခမ်းတွေကို….
ကျွန်တော်လွမ်းတယ်..”သူ”နဲ့ပတ်သတ်တဲ့ အရာရာတိုင်းကို….
အကျည်းတန်ကိုတောင်လှစေတယ်ဆိုတဲ့ နေဝင်ချိန်ဟာ တို့နှစ်ယောက်ရဲ့ တခဏတာ လမ်းခွဲချိန်ကိုတော့ မလှစေနိုင်ခဲ့ဘူးလေ…။

“ဟူး..”
ဆေးလိပ်တိုရဲ့ နောက်ဆုံး အဆိပ်ငွေ့တွေနဲ့အတူ..”သူ” အပျော်ဆုံးပါဆိုတဲ့ ကျွန်တော်ကျင်းပပေးခဲ့တဲ့ မွေးနေ့ပွဲလေးရဲ့ ပုံရိပ်တွေလဲ ဝေဝါးပျောက်ကွယ်….
365ရက်ကျော် ပြန်မရတော့မယ့်..ကြည်နူးခြင်းတွေ တစ်စစကွယ်ပျောက်…
“အမြန်ပြန်လာခဲ့နော်”ဆိုတဲ့တုန်ရီနေတဲ့ချစ်သူရဲ့အသံကိုနားထဲကြားယောင်ရင်း…”ကြေကွဲမိုးတိမ်” တစ်ခု..ကံကြမ္မာမုန်တိုင်းနဲ့အတူ…
လွင့်..မျော်..ပျက်..ဆီး……။

အရှတ်တရား ~~~~~~

0
0

ဒီအချိန်မှာ ဝတ်ကောင်းစားလှနဲ့ ဆယ်ဖီပုံရိုက်တင်ရမှာရှတ်တယ်

ဒီအချိန်မှာ KFC ကြက်ကြော်ကိုက်နေရတာရှက်တယ်
Beer ဖန်ခွက်ကိုင်မြောက်နေရမှာရှက်တယ်

အသဲကွဲနေရတာ လွမ်းနေဆွေးနေရတာကိုရှက်တယ်

အသုံးစရိတ်ပျက်လို့ညဉ်းတွားနေရမှာရှက်တယ်

ဘာမှထိထိရောက်ရောက်လုပ်မပေးနိုင်တဲ့ ဘဝကိုရှတ်တယ်

တစ်တိုင်းပြည်လုံး ကိုယ့်ဆွေမျိုးရင်းခြားတွေ
ကိုယ့်အသွေးအသား ကိုယ့်လူမျိုးတွေ
ရေမြုတ်ကုန်ပြီ
ငတ်ကုန်ကြပြီ
သေကုန်ကြပြီ
နေစရာက ရေအတိနဲ့ ရိုးမြေကျခေါင်းချမဲ့နေရာတွေက
ပင်လယ်ပြင်လိုဖြစ်ခဲ့ပြီ

နေမထိထိုင်မထိ တွေးမိတိုင်းရှက်သည်

အထီးကျန်မှု

0
0

ရည်မှန်းချက်တွေ

တပွေ့တပိုက်နဲ့နေခဲ့တယ်

မျော်လင့်ချက်တွေ

များစွာနဲ့နေခဲ့တယ်

ယုံကြည်မှုတွေ

ပုံအပ်ရင်းနဲ့

သူ့ကိုချစ်ခဲ့တယ်

ချစ်သူ ဖြစ်နိုင်ရင်

အပြောင်းအလဲမြန်တာမျိုးတွေ

မလုပ်ပါနဲ့

ခံနိုင်ရည်မရှိလို့ပါချစ်သူရယ်

I Miss You

0
0

ချစ်ရသူရေ

ငါကိုယ့်ငါ
နားမလည်နိုင်တော့ဘူး
နင့်ကို ချစ်တဲံ့ချစ်စိတ်တွေနဲ့
ငါသေရင်တောင်
နင့်နဘေးဝိညဉ်အဖြစ် တည်ရှိနေမယ်ထင်တယ်
ခိခိ
ကြောက်နဲ့နော်
ချစ်ယို့ပြောပြတာ
ခုတောင်ကွန်ပျူတာကိုကြည့်ရင်း
နင်မျက်နှာမြင်ရလို့
ပြုံးမိတာကို
ဘေးနားကအစ်မက
ဘာပြုံးတာလည်းတဲ့
ခိခိ
ချက်ထှာ

**0သန်တဲ့***

0
0

***၀သန်တဲ့****

ဟော . . . . မိုးတွေရွာနေပြီ။

ခမ်းခြောက်လု အသည်မြစ်ပြင်ကျယ်

ရေစီးတစ်ဖန် သန်ရပေဦးပေါ့တစ်ခါ။

ဖြူလွှလွှသောင်စပ် နှလုံးသာအဆက်ကို

ချစ်ခြင်းရဲ့  ရေလှိုင်းတွေတိုက်စား

မေတ္တာကမ်းပါးပြိုကာမှ

ဒီရေကျသလို နောက်ဆုတ်သွားသူ။

ရင်ဖက် သောင်စပ်

ဗဟိုချက်မှာ ခြေရာအရိပ်

ထင်စေစိမ့်သူ။********
အာ့ အနော်ရေးတာဟုတ်ပုနော်

*သဲကွဲရာသီ*

0
0

နှစ်ယောက်တူတူ လက်တွဲ မခွဲဘူးလို့
ချစ်ခဲ့ကြတာ
ခုတော့အိမ်မက်
မျက်နှာချင်းဆိုင်
အပြုံးချင်းဖလှယ်ပြီး
တူယှဉ် မနေခဲ့လိုက်နိုင်တာက
ခုတော့လက်တွေ့ဘဝ
တို့နှစ်ယောက်ရဲ့အချစ်
အဆိမ့်သင့်မယ်လို့
ယောင်လို့တောင်မတွေးခဲံ့တာ
ခုတော့ နောင်တမျက်ရည်
စနေ မိုးလိုစွေ
အချိန်တွေ ကြာညောင်းလည်း
အလွမ်းတွေက မနေကလို

ချစ်သူ့သက်တမ်းလေး
ကြာမြင့်တာဘဲ
ငါမှာဖြေသိမ့်
မပြီးဆုံးသော
နိဂုံးးးကိုဆက်လက်ရေးနေမယ်

းးးးးးးးးးးးးးးးနင်သိပါ့မလားးးးးးးးးးးးးးးးးးးးးးး

0
0

မချစ်ဖူးသေးတဲ့ ငါကို
ချစ်တက်အောင်သင်ပေးခဲ့သူ
ချစ် ဆရာကြိးရေ
ကြာလာတော့
အချစ်ကို ရူးမိုက်စွာ
ကိုးကွယ်တက်လာတဲ့
ငါ့ အချစ်က
အရူးတယောက်လို
အချစ်ရူးရဲ့
နှလုံးသားကို ကြင်နာတယ်ဆိုပြီး
အယောင်အဆောင်
အချစ်တွေနဲ့ ချစ်သွားတဲ့ နင်ကိုမှ
ချစ်မိတဲံ့ ငါအချစ်
နူးညံမှုတွေပါတယ်ဆိုတာ
းးးးးးးးးးးးးးးးးးးနင့်သိပါ့မလားးးးးးးးးးးးးးးးးးးးး


**ထွက်သွားလိုက်ပါ ချစ်သူ***

0
0

  ထွက်သွားလိုက်ပါ ချစ်သူ.....
  ငါပြုံးပြီး ကြည့်နေမယ်
  ကိုယ့် ကိုမချစ်လို့ စွန့်သွားတဲ့လူကို
  အရူးထပီး လွမ်းဆွတ်ကြေကွဲ နေမယ်လို့
  ထင်မနေနဲ့
  မကျေနပ်ရင် ငါမှတ်ပုံတင် လာကြည့်
  ကိုးကွယ်တာ ဗုဒ္ဓဘာသာ 
  အချစ်မဟုတ်ဘူးးးးးးးးးးးးးးး

*မမေ့ပါနဲ့နော်*

0
0

မမေ့နဲ့နော်
ငါလေအလွမ်းတွေကိုချုပ်နှောင်ပြိး
မတွေ့တော့ဘဲ
နင်နဲ့ဝေးရာအရပ်

ပြေးထွက်ချင်ပေမဲ့
နင်မသိတဲ့
ငါ 

ဖြစ်မှာစိုးလို့
နင်ထားခဲ့တဲ့
နေရာမှာဘဲ
နင့်ကိုလွမ်းပြိး
ဘယ်မှမသွားဘဲ
ငါ

နေတော့မယ်နော်
ငါ့ကို

မမေ့ရင်
တော်ပြိ
အဲ့လောက်ဆို
ဖြစ်တယ်မဟုတ်လားဟင်

ပြုံးပြီးသာနေလိုက်ပါလေ မိတ်ဆွေ

0
0

ပြုံးပြီးသာနေလိုက်ပါလေ မိတ်ဆွေ

@@တချို့လူတွေအကြောင်း ပိုသိလာတဲ့အခါ မအံ့သြပါနဲ့ တချို့လူတွေက သင့်အားနည်းချက်တွေကို တိုက်ခိုက်လာတဲ့အခါ မအံ့သြပါနဲ့....

@@တချို့လူတွေက သင့်အားသာချက်တွေကို မနာလိုမရှုစိမ့်ဖြစ်နေတဲ့အခါ မအံ့သြပါနဲ့

@@အရင်ကမပြောင်းလဲ အခုမှ ပြောင်းလဲတတ်တဲ့လူတွေနဲ့တွေ့ရင်မအံ့သြပါနဲ့

@@"မထင်ရဘူးနော် .... တော်တော်အံ့သြဖို့ကောင်းတာပဲ "ဆိုတဲ့စကားကို သိပ်မသုံးပါနဲ့ ဒီထက်အံ့သြစရာကောင်းတဲ့ ပြောင်းလဲခြင်းတွေ အများကြီးရှိပါသေးတယ်

@@ဒါကြောင့်ရှေးလူကြီးတွေကပြောခဲ့ကြတယ် ဘယ်သူတရားပျက်ပျက် မပျက်ပျက် ကိုယ်မပျက်ပါစေနဲ့ တဲ့ ။

@@ဘယ်သူတွေ ဘယ်လိုပဲ စိတ်ထားတွေ စိတ်ဓါတ်တွေ ပြောင်းပြောင်းမပြောင်းပြောင်း ကိုယ့်စိတ်ထဲက စစ်မှန်ခြင်းနဲ့ယုံကြည်ချက်ကို မပျက်စီးစေပဲ မပြောင်းလဲအောင်နေပါ မိတ်ဆွေ ။

ရွှေမြို့တော် ပရဟိတ

ကျတော့်ရဲ့ခံစားချက်လေးပါ

0
0

အွန်လိုင်းမပေါ်မှာ ကျတော်ကောင်မလေးတစ်ယောက်နဲ့ ချစ်သူတွေဖြစ်ခဲ့ဖူးပါတယ်...သူနဲ့ချစ်သူ့သက်တမ်းက ၂ နှစ်နီးပါးရှိခဲ့တယ်...သူ့ကိုကျတော်တကယ်ချစ်ခဲ့တာပါ...လက်ထပ်ဖို့အထိလည်းရည်ရွယ်ခဲ့တယ်... သူ့ကိုလည်း ကျတော့်ငယ်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးခဲ့တယ်... ကံတရားက အကြောင်းမလှတော့ ကျတော်သိပ်ချစ်ခဲ့ တဲ့ကောင်မလေးက ကျတော့်ငယ်သူငယ်ချင်းထဲကတစ်ယောက်နဲ့ သံယောဇဉ်တွေဖြစ်ပီး ချစ်မိသွားကြတယ်... ကျတော်အရမ်းခံစားခဲ့ရတယ်ဗျာ....ရင်ထဲမှာတမြည့်မြည့်နဲ့ခံစားခဲ့ရတာ...အဲဒီခံစားမှုတွေကြောင့် နောက်ထပ် တစ်ယောက်ယောက်ကိုချစ်ဖို့အတွက် ကျတော့်နှလုံးသားက စိုးရွံ့နေမိပီး...ဘယ်လိုလုပ်ရမလဲဗျာ...

ပျော်ရွင်မှု

0
0

ဒီနေ့လေငါအရမ်းပျော်တယ်သိလား

ဘာလို့လဲဆိုတော့

ငါသူနဲ့စကားတွေအရင်လိုပြန်ပြောဖြစ်လို့ပေါ့

ငါ့ဘ၀မှာကျန်တာမလိုပါဘူး

သူနဲ့စကားတွေပြောနေရတာကိုကဘဲ

င့ါဘ၀အတွက်ပျော်ရွင်မှုတစ်ခုပါ

ငါရဲ့ပျော်ရွင်မှု၊ ၀မ်းနည်းမှုတွေဟာ

နင်နဲ့ဘဲသက်ဆိုင်ပါတယ်

ချစ်သူရယ်

ရွှေမြို့တော် လိုဂိုလေးပါ.. အဓိပ္ပါယ်ကတော့ နေရာဒေသ အသီးသီးမှာရှိတဲ့သူငယ်ချင်းများဟာ နှလုံးသားတစ်ခု အရင်းပြုပီး တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်လေးစားစွာဖြင့် အများအကျိုးသယ်ပိုးနိုင်စေခြင်း လို့ အဓိပ္ပါယ်ရပါ…

0
0

ရွှေမြို့တော် လိုဂိုလေးပါ.. အဓိပ္ပါယ်ကတော့ နေရာဒေသ အသီးသီးမှာရှိတဲ့သူငယ်ချင်းများဟာ နှလုံးသားတစ်ခု အရင်းပြုပီး တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်လေးစားစွာဖြင့် အများအကျိုးသယ်ပိုးနိုင်စေခြင်း လို့ အဓိပ္ပါယ်ရပါတယ်.. (မှတ်ချက်= ဘီလူးမပါ)…


မျက်ရည်မိုး

0
0

ဖြေမဆည်နိုင်အောင်

တသွင်သွင်စီးကျခဲ့ရတဲ့

ငါရဲ့မျက်ရည်တွေ

ကံကြမ္မာကင့ါကိုနည်းနည်းလေးမှတောင်

မျက်နှာသာမပေးခဲ့ဘူး

ငါ့အတွက် စနောက်မှု ကျီစယ်မှုတွေ

လုပ်ခွင့်မရတဲ့လောကကြီးထဲမှာ

ငါ့ကိုရှင်သန်ခွင့်ပေးထားခဲ့တယ်

ငါပြောလိုက်တဲ့

စကားတစ်ခွန်း အရာတစ်ခုဟာ

ဘယ်လိုဘဲဖြစ်နေပါစေ

အဲဒီစကားအတွက် ငါ့မှာဖြေရှင်းခွင့်မရှိခဲ့ဘူး

ငါကတော့အရာရာကိုနားလည်ပေးနိုင်ခဲ့ပြီး

ငါ့ကိုကျတော့ဘာလို့နားလည်မပေးနိုင်ရတာလဲ

သူ့အပေါ်မှာ ဆိုးနွဲ့ခွင့် ဂျီကျခွင့်လေးတောင်မရှိဘူးတဲ့လားဟာ

Minsetwai=ဗိသနိုးမြို့

0
0

ကျွန်​​တော်​၏ဘ​လော့များ
Blog-11
ဗိဿနိုးမြို့
သု​တေသန အ​ထောက်​အထားများအရ ဗိဿနိုးမြို့ဟူသည်​ မြန်
မာနိုင်​ငံ၏ အ​စောဆုံးမြို့ပြနိုင်​ငံတစ်​ခုပင်​ဖြစ်​သည်​။ဗိဿနိုးယဉ်​​ကျေးမူ
ထွန်းကားသည့်ကာလကို သက္ကရာဇ်​အတိအကျ ညွှန်​ပြသည့် ကမ္ဗည်း
ကျောက်​စာနှင့် အ​ရေးအသားများမ​တွေ့ရ​သော်​လည်း မည့်သည့်ရာစုနှစ်
အတွင်း ကျ​ရောက်​ခဲ့သည်ဆိုသည့် ကိုးကားခန့်မှန်းချက်​ အ​ထောက်​အထားများ​တော့ ရှိ​ပေသည်​။ထိုအ​ထောက်​အထားများအရ ဗိဿနိုးမြို့သည်​ ​အေဒီ ၁ ရာစုခန့်မှ စတင်​ပြီး ​အေဒီ ၄ရာစုမှ ၅ရာစု
အတွင်း ကုန်​ဆုံးခဲ့ကာ အိမ်​​ထောင်​စု တစ်​သိန်း​ကျော်​ခန့်ရှိခဲ့သည်​ဟူ၏
ဗိဿနိုးမြို့၏ ပထမမင်းဆက်​မှာ နန်းခမ်းဖြစ်​သည်​။ဒုတိယ မင်းဆက်​မှာ စန္ဒာဓိကာရာမ၊တတိယမင်းဆက်​မှာ ​စော​ဒေဝရာဇာ၊စတု
တ္ထမင်းဆက်​မှာ ​စောထိပ်​တင်​နှင့် ပဉ္စမမင်းဆက်​မှာ ပန်​ထွာဘုရင်​မတို့
ပင်​ဖြစ်​သည်​။ထိုဗိဿနိုးမြို့ဖြစ်​ပုံလာပုံကို ​လေ့လာမိ​သောအခါ ​ဂေါတမ မြတ်​စွာဘုရား ပရိနိဗ္ဗာန်​စံလွန်​​တော်​မူပြီး​နောက်​ သာသနာသက္ကရာဇ်
၅၉ခုနှစ်​အ​ရောက်​တွင်​ဖြစ်​​ချေသည်​။
သင်းတွဲပြည်​ကြီးမှ မဟာသမ္ဘဝနှင့် စူဠသမ္ဘဝ မည်​​သော မင်းသားနှစ်​ပါးအား မျတ်​စိမမြင်​​သော​ကြောင့် ​ဖောင်​​ပေါ်တွင်
စားဖွယ်​အပြည့်အစုံတင်​၍ ​ရေ​မျှောလိုက်​ကြသည်​။ထိုအခါ ဧရာဝတီ မြစ်
ကြီးအတွင်းမှ စစ်​ကိုင်းအရပ်​ရှိ ​ရွှေနံကိုင်​အမည်​ရ​သော ဘီလူးမသည်​ ညီ​နောင်​နှစ်​ပါး ပွဲ​တော်​တည်​​နေစဉ်​ ဝင်​​ရောက်​ခိုးစားရန်​အားထုတ်​သည်
ဟူ၏။သို့​သော်​ ထိုဘီးလူးမအား မင်းသားနှစ်​ပါးမှ လက်​ရဖမ်းဆီးမိ​လေ
သည်​။ထို​နောက်​ မင်းသားတို့သည်​ ဘီးလူးမ​ပေါ်တွင်​ သာယာစိတ်​ဖြစ်
ပေါ်ကာ ကျူးလွန်​မိကြကုန်​၏ ထိုမှတစ်​ဆင့် ဘီးလူးမတွင်​ ပဋိသ​န္ဓေ
တည်​​လေရာ ဘီးလူးမသည်​ ကြင်​နာ​သောအားဖြင့် မင်းသားနှစ်​ပါးအား
မျတ်​စိအလင်းရ​အောင်​ ကုသ​ပေးခဲ့သည်​။
ဘီးလူးမသည်​ ​တောင်​တွင်းကြီးမြို့ အ​နောက်​ဘက်​ ၅မိုင်​ခန့် အကွာရှိ ​တောအရပ်​သို့ ​ရောက်​လျှင်​ ကမ္ဗဇလ လှုပ်​ပြီး သမီးငယ်
တစ်​ပါးဖွားမြင်​ခဲ့သည်​။ထို​တောအရပ်​မှာပင်​ တစ်​ဦးတည်း​တောမှီ၍ ကမ္မဋ္ဌာန်းတရားစီးဖြန်းကာ သီတင်းသုံး​နေ​သော ရ​သေ့တစ်​ပါးလည်းရှိ
နေ​လေသည်​။ထိုရ​သေ့သည်​ ​နေ့စွမ်းအလိုဌာ သစ်​သီးများရှာ​ဖွေရန်​ ကြွ
တော်​မူ​လေရာ ဘီးလူးမသားအမိကိုမြင်​လျှင်​ထိုဘီလူးမသည်​ သူများသားသမီးအား ခိုးယူစား​သောက်​သည်​ ထင်​မှတ်​ပြီး မန္တန်​ရွတ်​ဖတ်
ခြောက်​လှန့်လွှတ်​​လေသည်​။ထို​နောက်​ ထိုရ​သေ့သည်​ ထိုသမီးငယ်​အား
ကျွေး​မွေး​စောင့်​ရှောက်​ခဲ့၏။
သမီးငယ်​​လေးသည်​ အရွယ်​​ရောက်​ကာ မိန်းမပျို​လေးဖြစ်
လာပါသည်​။ထို​ကြောင့် ရ​သေ့သည်​ မာတုကာမနှင့် အတူ​နေထိုင်​ခြင်းဌာ
မသင့်​လျော်​​လေ​သော​ကြောင့် မိန်းမပျို​လေးကို စွန့်ပစ်​ခဲ့သည်​။မိန်းမပျို
လေသည်​ ဝမ်းနည်းလွန်း​သော​ကြောင့် ​တော​စောင့်နတ်​၊​တောင်​​စောင့်
နတ်​များကို တိုင်​တည်​ငို​ကြွေး​လေသည်​။ထိုအခါ ယခင်​ဘဝမှ မိန်းမပျို
လေးနှင့် ​မောင်​နှမအရင်း​တော်​စပ်​ခဲ့ဖူး​သော ဗိဿနိုးနတ်​မင်းကြီး ​ရောက်​လာခဲ့သည်​။ထိုဗိဿနိုးနတ်​မင်းကြီးသည်​ ထိုအရပ်​တွင်​ စတုရန်း
တာ ၄​ထောင်​ပမာဏ ကျယ်​ဝန်း​သော မြို့ထီးနန်း၊ပြဿဒ်​၊မြို့ရိုး၊ကျူံး
မြောင်းများဖြင့် တည်​​ဆောက်​ထား​သော ဗိဿနိုးမြို့ကို ဖန်​ဆင်း​ပေး
ကာ မိန်းမပျို​လေးကိုအုပ်​ချုပ်​​စေခဲ့သည်​။ထို ဗိဿနိုးနတ်​မင်းကြီးမှ ဖန်​ဆင်း​ပေး​သော​ကြောင့် ထိုမြို့အား ဗိဿနိုးမြို့ဟု ​ခေါ်ထွင်​​စေခဲ့သည်​။
Aug3.15
Minsetwai

အလွမ်း

0
0

သေလောက်အောင်နှိပ်စက်နေတဲ့အလွမ်း

ရင်နာစေမဲ့စကားလုံးအသုံးအနှုန်း

ဒါတွေမြင်နေရတာတောင်

ငါ့အသည်းကအမှတ်မရှိပါ့လားနော်

တိတ်ဆိတ်တဲ့တစ်နေရာမှာ

နင့်ကိုတိတ်တိတ်လေးလွမ်းနေရတာကို

ငါကျေနပ်နေမိပြီထင်တယ်

တိတ်ဆိတ်မှု

0
0

ညဘက်ရောက်တိုင်း

ကျနေရတဲ့ငါ့ရဲ့မျက်ရည်တွေ

အဆုံးအစမရှိ

လွင့်မျောနေတဲ့

ငါရဲ့စိတ်တွေ

ကြားချင်နေမိတဲ့

သူ့စကားသံတွေ

ဟူးးးးးးးးးးးးးးးးးးးးး

ဖြစ်နိုင်ရင် တိတ်ဆိတ်တဲ့တစ်နေရာမှာ

နင့်အကြောင်းကို

တိတ်တိတ်လေးတွေးရင်

ငါငိုနေချင်မိတော့တယ်

ရွှေမြို့တော် ပရဟိတ အသင်း

0
0

                         အားလုံးမင်္ဂလာပါခဗျာ..

       ဒီနေ့ အရမ်းပင်ပန်းသွားသူကတော့ အဖြူရောင်နတ်သမီး(ခေါ်)မေဖြူကို

ပါခဗျာ။ သူ့မှာ ဘဏ်ကလွှဲတဲ့အလှူငွေတွေကို အင်းစိန်သွားယူရ ကမာရွှတ်သွား

ယူရ တာမွေသွားရ ဆော်ဘွားကြီးကုန်သွားရ နဲ့ တစ်နေ့လုံး အချိန်တွေကုန် ခေါင်း

တွေမှူးဖြစ်ရတဲ့အတွက် ကျတော်တို့ ပရဟိတ အသင်းများကိုယ်စား ကျတော်က

ပဲ မမေဖြူကို ကို ကျေးဇူးအထူးတင်ပါတယ်ခဗျာ...အခုလို ပရဟိတ အကျိုးတွေအ

များကြီးသယ်ပိုးထမ်းရွှက်ပေးတဲ့ မမေဖြူကို ကောင်လေးချောချောလေးရပါစေလို့

ဆုတောင်းပေးပါတယ် :)  နောက်အပတ်အတွက် လဲ အားခဲထားပါအုံးလို့...........

မမေဖြူကိုရေ တကယ်ကျေးဇူးတင်ပါတယ်ခဗျာ...နောက် လှူဒါန်းတဲ့အလှူရှင်များ

အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်..ပစ္စည်းများ ၀ယ်ပေးသော မမီးသခင်(ခေါ်)မီးမီး

ကိုလည်း အထူးကျေးဇူးတင်ပါတယ်ခဗျာ...နောက်လဲ အားလုံးဝိုင်းဝန်းကူညီကြပါ

အုံးလို့..                       အလှူရှင်များစာရင်းကိုတော့ ဒသ (ခေါ်)ခေါင်း

အလုံး20 ဆိုသူက စာရင်းလုပ်ပေးပါလိမ့်မယ်...ခဗျာ..

နောက်အပတ်အတွက် ရွှေမြို့တော် ပရဟိတအသင်း ရေဘေးဒုက္ခသည်များကူညီ

ရန် ရှိပါသေးတယ်ခဗျာ။

            ပါဝင်လှူဒါန်းနိုင်ရန်အတွက်

                          စိုင်းမင်းသူရမောင်   09420199263

                          မမေဖြူကို           0931174409

                          မမီးသခင်            09975893946   သို့ဆက်သွယ်လှူဒါန်း

နိုင်ပါကြောင်း တက်ကြွသော ပရဟိတစိတ်ထားဖြင့် နိုးဆော်အပ်ပါသည် ခဗျား.....

Viewing all 9878 articles
Browse latest View live