Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live
“အမြွှာမောင်နှမချစ်သူ”
$
0
0
“အမြွှာမောင်နှမချစ်သူ”
ဆောင်ဦးကုန်ကာစ မြူနှင်းတွေပျံ့လွင့်ကာစမှာ ရွှေပန်းချီတို့ရဲ့ ရတနာပုံတက္ကသိုလ်ကြီးက ခြောက်သွေ့စပြုလာနေမှပေါ့…ထင်ရပေမယ့်လည်း အေးရိပ်လှတဲ့ စိန်ပန်းပင်ကြီးတွေနဲ့အတူ စားနေကျ သောက်နေကျဖြစ်တဲ့ ဘာဒမ်ပင်လေးအောက်က အကြော်ဆိုင်လေးကိုလည်း လွမ်းမိနေပါတယ် ရွှေပန်းချီကတော့ ကျောင်းစာတွေသင်ယူရင်း တက္ကသိုလ်ကြီးရဲ့ အရိပ်အာဝါသကို ခိုမှီလို့ စာတိုလေးတွေ ရေးတတ်သူသာပင်….ရွှေပန်းချီဝါသနာပါတဲ့ အနုပညာစိတ်လေးတွေကို အားပြုရင်း မတောက်တခေါက်နဲ့ဆိုသလို ကဗျာလေးတွေ၊ ၀တ္ထုတိုလေးတွေ၊ ဆောင်းပါးတိုလေးတွေ ရေးရင်း စုဆောင်းတတ်သည်….ကျောင်းကြီးကလည်း ပိတ်တော့မယ်ဆိုတော့ ရွှေပန်းချီတစ်ယောက် သူငယ်ချင်းတွေလည်း ခွဲခွာနေရအုံးမည်…ပြီးတော့ ရွှေပန်းချီ သိပ်ချစ်တဲ့ ရတနာပုံတက္ကသိုလ်ကြီးနဲ့လည်း ဝေးနေရအုံးပေမည်…..။
“အင်ကြင်းမဟာ” ခြံဝန်းကျယ်ကြီးက ဖေဖေ ဦးစိုးလှိုင်နဲ့အတူ ရွှေပန်းချီရယ်၊ အိမ်ဖော်မလေး မိကေသီရယ် မိသားစု၃ယောက်တည်းပေါ့…ငယ်စဉ်ကတည်းက မိတဆိုးလေးမို့ အလိုလိုက်ခဲ့တဲ့ သမီးလေးမို့ ရွှေပန်းချီကို ဖေဖေက ချစ်ရှာသည်….ဖေဖေ ဦးစိုးလှိုင်က မန္တလေးဈေးချိုတွင် ရွှေဆိုင်လေးတစ်ဆိုင်ဖွင့်ထားသည်….. ရွှေပန်းချီလိုချင်တာမှန်သမျှ ဖေဖေက ပေးတတ်စမြဲပင်….ဖေဖေ့မှာ ထူးဆန်းတာတစ်ခုကတော့ မေမေနဲ့ပတ်သက်ရင် ရွှေပန်းချီ ဘာတစ်ခုမျှ မသိခဲ့ရပါ….ငယ်စဉ်ကတည်းက သမီလေးမှာ အမေဆိုတာမရှိတော့ဘူး…သေသွားပြီဆိုတာလောက်သာ သိထားခဲ့သူပင်ဖြစ်သည်…..။
ရွှေပန်းချီ ကျောင်းအားရက်တွင် ဘာလုပ်ရမည်နည်း.. စဉ်းစားနေမိသည်…စဉ်းစားရင်းအဖြေပေါ်လာသည်… စဉ်းစားမိသည်က အနုပညာနှင့်ပတ်သက်သည်ပင်…ဖေဖေ ခွင့်ပြုနိုင်မည်လား…ရွှေပန်းချီဖေဖေက အနုပညာနှင့်ပတ်သက်လျှင် ဘာရယ်ကြောင့်ရယ်မသိ ခါးခါးသီးသီးပင် အပြောမခံခဲ့သူ…..အို… ဘာပဲဖြစ်ဖြစ်ပေါ့လေ….ဖေ့ဖေ့ကိုတော့ ပြောကြည့်ရမှာဘဲလေ…။
“ဖေဖေ”
“ဘာလဲ…သမီးလေး….လာ…ထိုင်လေ…”
“ဖေဖေ့ကို….သမီး တစ်ခုလောက်ပြောချင်လို့ပါ….”
“သြော်…ဘာများလဲသမီးလေးရယ်….ထူးထူးဆန်းဆန်းပါလား…..”
“သမီးရယ်…ခါတိုင်းလည်း ပြောနေကြပဲလေ…တစ်ခုမကဘူး…အများကြီးပြောနေတာပဲလေ…”
“ဖေဖေတို့မှာ ပြေးကြည့်မှ ဒီသားအဖနှစ်ယောက်တည်းရှိတာ….ကဲ..ပြော…ဖေဖေ ဘာလုပ်ပေးရမလဲ…. သမီးလေး… ဘာလိုချင်လို့လဲ…”
“ဟိုလေ….ဟိုလေ…..”
ရွှေပန်းချီတစ်ယောက် ဒူးခေါင်းတွေ တဆက်ဆက်တုန်ရင်း ဖေဖေဆူမှာကို ကြောက်နေမိသည်….ပြီးတော့ ဖေဖေ ခွင့်မပြုမှာကိုလည်း စိုးရိမ်နေမိသည်….။
“ကဲပါ…သမီးလေးရယ်…ပြောစရာရှိတာသာပြောစမ်းပါ…”
“သမီးလေ…ကျောင်းအားရက်မှာ စန္ဒရားတီးသင်ချင်တယ်ဖေဖေ….”
“ဘာ…..”
“ဘာပြောတယ်သမီး…..ပြန်ပြောစမ်း…”
“ဟုတ်တယ်ဖေဖေ….”
“သမီးကို ဖေဖေ ဘယ်နှစ်ခါပြောရမလဲ….သမီးလိုချင်တာအားလုံး ဖေဖေ၀ယ်ပေးတယ်…လိုလေသေးမရှိဘဲ… ဒီအနုပညာကိစ္စနဲ့ပတ်သက်ရင် ဖေဖေ့ကို လာမပြောပါနဲ့လို့ မှာထားတယ်လေ…”
ဦးစိုးလှိုင် သူ့ကိုယ်သူ မှင်သက်မိနေတော့သည်….သမီးကိုလည်း ….ချစ်ဒေါသတွေထွက်ရင်း…
“ခင်လေးရေ….မင်းကတော့လေ….ငါနဲ့မှ စိတ်သဘောချင်းမတူလို့ မင်းနဲ့ဝေးရာကို လှမ်းထွက်ခဲ့တယ်…. ဒါတောင်…မင်းက မင်းနဲ့ ရုပ်ရည်ရော ဗီဇကိုပါ တစ်ပုံစံတည်း ချွတ်စွပ်တူအောင် မင်း ထုဆစ်ပေးတယ်နော်…ခုတော့ မင်းမွေးထားတဲ့သမီးက….ငါဘယ်လိုပုံစံသွင်းသွင်း….. မင်းထုဆစ်ထားတဲ့အတိုင်း ဖြစ်နေပါပြီကောလား……  ငါဘယ်လိုလုပ်ရပါ့မလဲ….”
ရွှေပန်းချီတစ်ယောက်ကတော့ ခေါင်းငိုက်စိုက်လေးကျပြီး…ဖေဖေဘာဆက်ပြောလာမည်လဲဆိုသော စိုးရိမ်စိတ်တွေနဲ့အတူ ဒေါသမာန်တွေနဲ့ စိတ်ဆိုးနေသောဖေဖေ့ကိုကြည့်ရင်း မျက်ရည်အ၀ိုင်းသားကလေး ဖြစ်နေရှာသည်….။
“သမီး….”
ဖေဖေက ရွှေပန်းချီရဲ့ မေးစေ့လေးကိုကိုင်ကာ  နွေးထွေးတဲ့ဖေဖေ့ရင်ခွင်ထဲ ဆွဲသွင်းရင်း…..
“သမီးလေးရယ်…”
“သမီးလေးဖြစ်ချင်တဲ့ဆန္ဒကို ဖေဖေမတားတော့ပါဘူးနော်…ဖေဖေတကိုယ်ကောင်းများဆန်သွားလေမလားနော်….သမီးဖြစ်ချင်တဲ့ဆန္ဒကို …ဖေဖေ…ခွင့်ပြုပါတယ်နော်….”
ချက်ချင်းဆိုသလိုပဲ ရွှေပန်းချီရဲ့ မျက်နှာလေး ၀င်းလက်သွားပြီး ကလေးတစ်ယောက်သဏ္ဍာန်ပမာ ဖေဖေ့ရင်ခွင်ထဲမှ ခေါင်းလေးအသာအယာမော့ကာ ….ကျေးဇူးတင်လိုက်တာဖေဖေရယ်ဆိုတဲ့ အမူအယာမျိုးနဲ့ ဖေဖေ့ကို မော့ကြည့်နေမိသည်…..။
နောက်တစ်နေ့မနက်ခင်းလေးမှာတော့ ရွှေပန်းချီတစ်ယောက် သူငယ်ချင်း ၀င့်ဝါဆီသို့ ထွက်လာခဲ့ပါပြီ…၀င့်ဝါက ပန်တျာကျောင်းဆင်းသူမို့ …စန္ဒရားတီးသင်တာနဲ့ပတ်သက်ပြီး ကူညီနိုင်ပေလိမ့်မည်…။
“ဟေး…၀င့်ဝါရေ…၀င့်ဝါ…”
“ဟယ်…ပန်းချီ…လာလေဟာ”
“နင်ကလည်းဟာ….ကျောင်းပိတ်တည်းက ပျောက်ချက်သားကောင်းနေလိုက်တာ…လွန်ပါရော…”
“၀င့်ဝါရယ်…ဒါတောင်လေ ငါ ဖေ့ဖေ့ကို မနည်းဘဲပြောပြီး ထွက်လာခဲ့ရတာဟ”
“အင်း…ဒါနဲ့ နေပါအုံး ပန်းချီ….နင် ဘယ်လိုဖြစ်ပြီး ငါ့ဆီကို ရောက်လာတာလဲ…”
“အေး..အဲ့ဒီကိစ္စပဲ…နင့်ကို အကူအညီတောင်းမလို့လာတာ…”
“ငါ အခု စန္ဒရားတီးသင်ချင်လို့လေ…အဲဒါ..ငါ့ကို အိမ်မှာသင်ပေးဖို့… ဆရာတစ်ယောက်လောက်ရှာ ပေးနိုင်မလား”
“အမယ်…ပန်းချီ…နင့်အဖေကြီးကရော…သဘောတူလို့လားဟ..”
“အေးဟ..ငါ မနည်းပဲ အတိုက်အခံလုပ်ပြီး ပြောလာရတာ…ခုတော့လည်း သဘောတူသွားပြီလေ…”
“အင်းပါဟာ…ဒါဆိုရင်…ငါတို့ပန်တျာကျောင်းတက်တုန်းက ဆရာမ…ဒေါ်ခင်လေးဆိုတာရှိတယ်…ခုတော့ သူက အငြိမ်းစားယူထားတယ်လေ..အဲ…သူ့မှာ သားတစ်ယောက်ရှိတယ်..သူ့သားကတော့…နင့်ကို သင်ပေးနိုင်မယ် လေ…”
“ဟယ်….ဟုတ်လား…ဒါဆိုအတော်ပဲပေါ့..လူငယ်ချင်းဆိုတော့..မသိတာရှိရင်လည်း မေးလို့ရတာပေါ့နော်…”
“အမယ်…ပန်းချီ….လူငယ်မဟုတ်ဘူးနော်….လူကြီး…”
“ဘာလဲဟ…၀င့်ဝါကလည်း…”
“ဟုတ်တယ်…သူ့အသက်က ၃၀ကျော်လေ…နင်က..ခုမှ ၂၈နှစ်တောင်မပြည့်သေးဘူး….”
“အမလေးဝင့်ဝါရယ်…ဘာများလဲမှတ်တယ်…အဲတော့လည်း ညီမလေးပေါ့ဟာ….”
“ဟားဟ…ပန်းချီနော်…နင်တော့ မလွယ်တော့ဘူး…”
“အေးဟ…၀င့်ဝါ…နင်ပြောတာနဲ့…ပန်းချီတောင် နဲနဲစိတ်ဝင်စားလာပြီ…”
“တော်ပါတော့…ပန်းချီရယ်…နင်ကလည်း…”
“အေးပါဟာ…ငါက အလကားစတာပါဟ….”
“ကဲ…ဒါဆိုရင် ငါ…အဲဒီဆရာလေးကို ဘယ်နေ့ပင့်ခဲရမလဲ ပြော….”
“အင်း…အခုပဲပင့်ခဲ့တော့….”
“ဟာ…နင်ကလည်း မနောက်နဲ့တော့ကွာ…အေးပါ ၀င့်ဝါရာ…ကဲကဲ…လာမယ့်sundayပေါ့…ဟုတ်ပြီလား….ok”
အင်း..ဒီနေ့ ဘာလိုလိုနဲ့ Sundayရောက်လာပြီဆိုတော့…ဟို ဆရာလေးတောင် ရောက်လာတော့မှာပေါ့…. ရွှေပန်းချီ တွေးရင်း ပျော်နေမိသည်….။
“ပန်းချီရေ…ပန်းချီ…”
“ဟယ်…၀င့်ဝါ..လာလေ…”
“အင်း…ဒီမှာ ကိုလှိုင်းသန့်လည်း ပါလာတယ်ဟ…”
“ဘယ်သူလဲဟ…ပန်းချီကို စန္ဒရားသင်ပေးမယ့် ဆရာလေ…”
“အော်…ဟုတ်လား….”
“ဟဲ့..၀င့်ဝါ…ဆရာဆိုပေမယ့် နင်ပြောသလောက် မကြီးပါဘူးဟ..”
“ဟီးဟီး…”
ရွှေပန်းချီတစ်ယောက် ကိုလှိုင်းသန့်ဆိုတဲ့ ဆရာလေးကိုမြင်တာနဲ့ သဘောတွေကျပြီး စန္ဒရားတီးသင်ရတော့မယ်ဆိုတဲ့အပျော်တွေ ကျူးနေတော့သည်….
ဧည့်ခန်းမှာ ဖေဖေ စာဖတ်နေသည်…ဒီနေ့ ဈေးပိတ်သည်မို့ ဖေဖေ ဆိုင်မထိုင်….ဖေဖေ့မျက်နှာက တည်တည်ကြီးဖြစ်နေသည်….ရွှေပန်းချီ ပြောဖို့ရာ ၀န်လေးနေမိသည်….စန္ဒရားသင်ဖို့ရာ ပျော်နေပေမယ့်…ဖေဖေ့မျက်နှာကြီးကို ကြည့်ပြီး တဖက်ကလည်း ကြောက်စိတ်တွေဝင်လာမိပြန်သည်….။
“ဖေဖေ….”
“လာ..ထိုင်…သမီး..”
“ဒါ…ဒါ..သမီးပြောတဲ့…ဆရာပါ…”
“အေးကွဲ့…ထိုင်ပါ….”
“ဒါနဲ့….မောင်ရင့်နာမည်က….”
“အော်…ဟုတ်ကဲ့ခင်ဗျ….ကျွန်တော့်နာမည်က ခင်စိုးလှိုင်ပါ”
“အေး…ဦးသမီးက သင်ချင်တယ်ဆိုလို့သာပါ….ဦးကတော့ ဒါမျိုးတွေ မကြိုက်ဘူး…”
“မောင်ရင်…လုပ်စရာရှိတာ ဆက်လုပ်ပါ…”
“ဟုတ်ကဲ့ပါခင်ဗျ…ခွင့်ပြုပါအုံး..”
ဆရာက…..သားသားနားနားနဲ့ဆိုသလိုပါပဲ…ရုပ်ရည်ရူပကာက ဖြောင့်ပြီး…အသားအရေက ၀င်းမွတ်ပြီး… မျက်ခုံးတို့ကလည်း ယောက်ျားတို့ မျက်ခုံးမျိုးပေါ့…မည်းနက်လှတဲ့ မျက်ဝန်းအိမ်၊ အကြည့်တို့က မျက်ဝန်းစူးစူးတွေနဲ့အတူ တည်ကြည်ခန့်ညားတဲ့ သူ့အသွင်ကတော့…မိန်းကလေးများ စွဲမက်စရာလောက် အောင်ပင်… စွဲဆောင်သည့်ဟန်အမူအရာမျိုးရယ်မဟုတ်….ပညာတတ်သလောက်…မာနများ ချိုးနှိမ်ထားဟန်… ဟန်တွေပန်တွေမပါဘဲ….နူးညံ့တဲ့စိတ်သဘောထားမျိုးရှိသူအလား…..အနုပညာကို မြတ်နိုးတတ်သူမျိုးပင်….။
ရွှေပန်းချီတစ်ယောက် တိတ်တိတ်လေး ဆရာ့ကို ဝေဖန်နေမိသည်…ဘာရယ်မဟုတ်…ရွှေပန်းချီ ဆရာ့ကို စိတ်ဝင်စားနေပြီလား…မြင်မြင်ချင်းဆိုသလို…တွေးကြည့်သည်….အဲ့ဒီလိုလည်းမဟုတ်….ညီမလေးတစ်ယောက်လိုပင်….အကိုတစ်ယောက်ကို တွေ့မြင်နေရသလို…..အို….ငါဘာတွေ တွေးနေတာပါလိမ့်နော်…..။
“ရွှေပန်းချီ….ရွှေပန်းချီ….”
“ရှင်…အော်..ဟုတ်ကဲ့ဆရာ…”
ဒို….ရေ…မီ…ဖာ…ကနေပဲ စလိုက်ကြရအောင်နော်….
“ဟုတ်ကဲ့ပါ…ဆရာ…”
အခန်းလေးထဲမှာ စန္ဒရားသံစဉ်တွေကလွဲလို့….ဘာမှမရှိ…အေးချမ်းပြီး ပျော်ရွှင်စရာကောင်းနေသည်…. စန္ဒရားတီးနေစဉ်အချိန်မှာ ရွှေပန်းချီတစ်ယောက် လောကကြီးကိုပင် မေ့နေသည်….။
“ကဲ…ရွှေပန်းချီ…ဒီနေ့တော့ ဒီလောက်ပဲနော်…”
“မနက်ဖြန်ကျမှပဲ တဆင့်တက်တာပေါ့…”
“ဟုတ်ကဲ့ပါဆရာ…”
“အော်…ဒါနဲ့လေ…ရွှေပန်းချီလို့ မခေါ်ပါနဲ့ ဆရာ…ပန်းချီလို့ပဲခေါ်ပါ….ပြီးတော့ ပန်းချီကို တပည့်လိုသဘောမထားဘဲ…ဆရာ့ရဲ့ ညီမလေးတစ်ယောက်လို သဘောထားပါနော်…”
“ဟုတ်ကဲ့ခင်ဗျ…ဒါနဲ့ ကျွန်တော့်ကိုလည်း ဆရာလို့ မခေါ်ပါနဲ့…အကိုတစ်ယောက်လိုသဘောထားပြီး…. အကိုလို့ပဲခေါ်ပါ…အဲ့လိုမခေါ်ချင်ရင်လည်း….ကိုလှိုင်းသန့်ပေါ့ဗျာ…”
“ကိုလှိုင်းသန့်ဆိုတာက….အော်…ဆောရီးပဲကွာ….အကိုက သီချင်းတွေလည်းရေးတယ်လေ….အဲ့ဒါ အကို့ရဲ့ ကလောင်နာမည်ပါ…”
“ဟာ…ဒါဆို…ဆရာက…အဲလေ….အကိုက တေးရေးဆရာပေါ့….”
“ဆိုပါတော့….ဟားး…..ဒါဆို ပန်းချီ့လိုပဲ ၀ါသနာရှင်ပေါ့နော်….”
“ပျော်လိုက်တာ…..”
ရွှေပန်းချီတစ်ယောက် စန္ဒရားတီးသင်ပေးတဲ့ ဆရာနဲ့ အနုပညာဝါသနာတူတွေမို့…အပျော်ကြီးပျော်နေမိသည်….
ကိုလှိုင်းသန့်ကတော့…စိတ်ထဲမှာ ရေရွတ်နေမိသည်…သြော်….ငါ့ညီမလေးတစ်ယောက်လိုပါပဲလား… ငါနဲ့အတူတူ ၀ါသနာချင်းတွေတူနေလို့ သူနဲ့အတူအဖော်တစ်ယောက်ရပြီဆိုတဲ့ အသိစိတ်ကလေးနဲ့ ကြည်နူးပြီး ပျော်မြူးနေရှာပါလား….ပန်းချီရယ်….မင်းကိုလေ…အကို စတွေ့တည်းက ညီမလေးအရင်းတစ်ယောက်လို သံယောဇဉ်တွေ တွယ်ခဲ့မိပါတယ်ကွယ်……။
“အကို…”
“အော်…ပန်းချီ….”
“အကို ပြန်တော့မှာမို့လား….ပန်းချီလိုက်ပို့မယ်လေ….”
“နေပါစေ ပန်းချီရယ်…အကို့ဘာသာ ပြန်ပါ့မယ်…အိမ်မှာ မေမေမျှော်နေလိမ့်မယ်”
“ဟုတ်…ဒါဆိုလည်း မပို့တော့ဘူးနော်…မနက်ဖြန်….ပန်းချီ မျှော်နေမယ်နော်…..တာ့တာ….”
မိတဆိုးလေးလို့ ပြောရလောက်အောင်ပင် ကလေးဆန်ပြီး ချစ်စရာကောင်းလှတဲ့ ပန်းချီလေးကို လှိုင်းသန့်တစ်ယောက် ညီမလေးတစ်ယောက်လိုအပြင် ချစ်သူတစ်ယောက်လိုစိတ်မျိုးနဲ့ပင် သံယောဇဉ်တွေ တွယ်တာနေခဲ့မိပြီလား….။
“မေမေရေ….မေမေ…”
“အော်….သားပြန်လာပြီလား…”
“ဟုတ်ကဲ့ပါမေမေ…”
“သား..စန္ဒရားတီးသင်တာ အဆင်ပြေခဲ့ရဲ့လား…”
“ပြေပါတယ်…မေမေ…”
“ဒါနဲ့ မေမေ…အဲ့ဒီညီမလေးကလေ အရမ်းချစ်စရာကောင်းတယ်…သိလား…ပြီးတော့ သားတို့နဲ့လည်း ၀ါသနာအရမ်းတူတယ်…အနုပညာအပေါ်ကို ၀ါသနာကြီးမယ်ထင်တယ်မေမေ…နောက်တခုကတော့..သူက စာတွေလည်း ရေးတယ်မေမေ…သားနဲ့ ၀ါသနာတူတယ်လည်းဆိုရော မေမေရယ်…သူ့ခမျာ ပျော်နေလိုက်တာများ…သားမျက်လုံးထဲကကိုမထွက်ဘူးဗျာ…”
“အဲ့လောက်ပဲလား ငါ့သားရယ်…မေမေရယ်…တကယ်ပြောတာပါ…သား ငယ်ငယ်လေးတည်က မေမေဆုံးမသွန်သင်ထားမှုတွေကြောင့်…ဘယ်တုန်းကမှ မညာတတ်ခဲ့ပါဘူး..”
“ယုံပါတယ်…သားရယ်…အော်…ဒါနဲ့ အဲ့ဒီမိန်းကလေးရဲ့ နာမည်က…အသက်ကရော ဘယ်လောက်ရှိပြီလဲ….”
“ဟုတ် မေမေ…နာမည်က ရွှေပန်းချီတဲ့….အသက်ကတော့ ၂၈နှစ်ပေါ့…အော်…ဒါဆို သားထက်ငယ်တော့ ညီမလေးပေါ့နော်…”
“ငါ့သား…တစ်နေ့လောက် အိမ်ကိုခေါ်လာခဲ့ပါလား….ဟာ…မေမေ တကယ်ပြောတာလားဗျ.. အင်းပေါ့…သားက အမွှမ်းတင်နေတော့ မေမေက ကြည့်ချင်လို့ပေါ့….ဟုတ်ကဲ့မေမေ …အခါအခွင့်သင့်တဲ့အခါ ခေါ်လာခဲ့ပေးပါ့မယ်…ဒါပေမယ့် မေမေ…ပန်းချီက သဘောထားပြည့်သလောက်…သူ့ဖေဖေကတော့ လုံးဝဘဲ မေမေ…သူကပြောတယ်…သူ့သမီးလေးစိတ်ချမ်းသာဖို့သာတဲ့…သူက ဒီလို အနုပညာတွေကို မကြိုက်ဘူးဆိုပဲ…အော်…ဟုတ်လား…အင်းပေါ့…သားရယ်…လူတကိုယ် အကြိုက်တမျိုးစီပေါ့…”
ဒေါ်ခင်လေးတစ်ယောက် ပြောပြောဆိုဆိုပင်…အတွေးတခုဝင်ရောက်လာခဲ့သည်…အင်း…ငါ့သမီးလေးလည်း ခုချိန်ဆိုရင်…ဒီကောင်မလေးအရွယ်လောက်တော့ရှိပြီပေါ့….ဘယ်လိုတွေများရှိနေကြပါလိမ့်…ကိုစိုးလှိုင်ရေ… ရှင်ကတော့ ရှင့်သမီးကို ဘယ်လိုပုံစံတွေသွင်းထားသလဲမသိဘူးနော်…ဆွေဂုဏ်၊ မျိုးဂုဏ်၊ ဓနဂုဏ်တွေ မက်မောတဲ့ အတ္တရှင်ကြီးရေ…ကျွန်မသမီးလေး အဲ့ဒီလိုအသိုင်းအ၀ိုင်းတွေကြားထဲမှာ နစ်မွန်းနေရောလား… အနုပညာဆိုတာကို အထင်သေးစက်ဆုပ်တတ်တဲ့ ရှင်နဲ့ကျွန်မ လမ်းခွဲခဲ့ရပေမယ့်….ကျွန်မချစ်တဲ့အနုပညာနဲ့.. ကျွန်မသားလေးကို စောင့်ရှောက်ခဲ့တာ….ခုဆို…ရှင့်သားက လူလိမ္မာလေးတစ်ယောက်ဖြစ်နေပါပြီ…ရှင်ရော… ကျွန်မသမီးလေးကို ကောင်းကောင်းမှစောင့်ရှောက်နိုင်ပါ့မလား…ငွေဂုဏ်တွေကြားထဲမှာ ကျွန်မသမီးလေး ပျက်ဆီးနေမှာလား…အို….တွေးနေရင်…အတိတ်ကြောင်းဆီက၀မ်းနဲကြေကွဲစရာတွေက တနင့်တပိုးနဲ့ပါပဲလေ….။
“မေမေ….မေမေ…”
“ဟင်…အေး…သားလေး…”
“ကျွန်တော် အိပ်တော့မယ်နော်…မေမေ့ကို ကန်တော့ပါတယ်…”
“သာဓု…သာဓု…သာဓု…ပါကွယ်..မေမေ့သားလေး လိုချင်တဲ့ပန်းတိုင်ဆီကို အရောက်လှမ်းနိုင်ပြီး သောကကင်းကင်းနဲ့ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေကွယ်….”
“ပေးတဲ့ဆုနဲ့ပြည့်ပါစေ…မေမေ”
လှိုင်းသန့်တစ်ယောက် အိပ်ရာထဲရောက်တော့ နဖူးပေါ်လက်တင်စဉ်းစားရင်း…ရွှေပန်းချီအကြောင်းကို တွေးရင်း မနက်ဖြန်တိုင်းတွေမှာ သူ့အနားမှာ အတူတူနေပြီး စန္ဒရားတီးသင်ပေးရမှာပါလားဆိုတဲ့စိတ်တွေရယ်….ချစ်စရာ ရွှေပန်းချီလေးရဲ့အသွင်….ကလေးဆန်လှတဲ့ ရွှေပန်းချီရဲ့ အမူအယာတွေကတော့ လှိုင်းသန့်ရဲ့ ရင်မှာ ပင်လယ်ပြင်က လှိုင်းလုံးကြီးပမာ ရိုက်ခတ်လို့နေခဲ့ပြန်ပါပြီ…. မနက်ခင်းအရုဏ်ဦးရောက်တာနဲ့…ပန်းချီလေးနဲ့ တွေ့ရတော့မယ်ဆိုတဲ့ အသိလေးကပင် ကြည်နူးစရာကောင်းလှသည်….။
“ပန်းချီရေ….ပန်းချီ….”
“ဟာ…အကို…လာလေ…”
“ဒီနေ့ သီချင်းလေးတစ်ပုဒ် စပြီး တီးကြမယ်နော်…”
“ဟုတ်ကဲ့….အကို…”
“ညီမလေးလည်း…တီးရင်း လိုက်ဆိုနော်….”
“ဟုတ်ကဲ့…”
ဂါဝန်ဖားဖားလေးကို ၀တ်ဆင်ထားပြီး…ဆံနွယ်ရှည်ရှည်လေးတွေကို ဘေးတစ်ဖက်တချက်ခွဲကာ စီးနှောင်ထားသည်…ပန်းသွေးရောင်ရှိလှတဲ့ နှုတ်ခမ်းတစ်စုံရယ်…ဆွဲစရာမလိုလောက်အောင် မဲနက်နေတဲ့ မျက်ခုံးတစ်စုံရယ်…ညှို့နိုင်စွမ်းတဲ့…မျက်ဝန်းနက်ပိုင်ရှင် ပန်းချီလေးရယ်….လှိုင်းသန့်ရဲ့ ရင်တွင်းမှ တီးတိုးစွာ ရေရွတ်နေမိလိုက်သည်…။
“အကို….အကို့….”
“ဟင်….အင်း...ဘာတွေစဉ်းစားနေတာလဲအကိုရ…”
“ဟင့်အင်း…ဘာရယ်မဟုတ်ပါဘူး….”
“ကဲကဲ…အချိန်တွေနောက်ကျနေပြီ…စလိုက်ကြရအောင်နော်….ဟုတ်ကဲ့….”
( ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ် xxx ပန်းတွေကိုဘယ်သူ ရနံ့လေး မွှေးစေတယ် xxxxx ငှက်တွေကိုကွယ် ဘယ်သူတွေ တေးဆိုသင်တယ် xxxxx တွေးမရဘူးကွယ်…တွေးမရဘူးလေကွယ် xxxx
အချစ်ဆိုတာ ဘယ်ကမ္ဘာက စလေတယ် xxxတွေးခေါ်ပညာရှင်များ မိန့်ဆိုမယ် xxxxx တေးသ၀ဏ်လွှာဒီပနီအချစ်ကျမ်းတွေရယ်…ဖွင့်ဆိုကြတာ ကြားနာဘူးပါတယ် xxxx )
“ကဲ…ညီမလေးပန်းချီ….အကိုနဲ့အတူ နောက်တခေါက် တီးရင်း ဆိုကြမယ်နော်…..”
“ဟုတ်ကဲ့ပါ အကို….”
( ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ် xxx ပန်းတွေကိုဘယ်သူ ရနံ့လေး မွှေးစေတယ် xxxxx ငှက်တွေကိုကွယ် ဘယ်သူတွေ တေးဆိုသင်တယ် xxxxx တွေးမရဘူးကွယ်…တွေးမရဘူးလေကွယ် xxxx
အချစ်ဆိုတာ ဘယ်ကမ္ဘာက စလေတယ် xxxတွေးခေါ်ပညာရှင်များ မိန့်ဆိုမယ် xxxxx တေးသ၀ဏ်လွှာဒီပနီအချစ်ကျမ်းတွေရယ်…ဖွင့်ဆိုကြတာ ကြားနာဘူးပါတယ် xxxx )
ပန်းချီနဲ့အကိုတို့ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မျက်ဝန်းရိပ်မှာ ကြည်နူးမှုတွေအပြည့်နဲ့ပေါ့… သံယောဇဉ်တွေ တနင့်တပိုးနဲ့ဆိုသလို မခွဲနိုင်မခွာနိုင်အောင်ပင် ဖြစ်နေခဲ့ကြပါပြီ…..အချိန်တန်ပြီဆိုတော့လည်း….ခွဲကြရအုံးမှာပေါ့….။
“သမီး….”
“ရှင်…ဖေဖေ…”
“သမီးကို ဖေဖေ ပြောစရာရှိတယ်…”
“သမီးကို ဖေဖေ ဘယ်လောက်ချစ်တယ်ဆိုတာ သိတယ်နော်…ဟုတ်ကဲ့ပါဖေဖေ….”
“အေး..ဒါပေမယ့် သမီး..ဟိုကောင်လေးနဲ့ ရောရောနှောနှော မနေပါနဲ့…”
“ရှင်…ဖေဖေ….ဟုတ်….သမီးတို့နှစ်ယောက်က အဲ့ဒီလိုမျိုးတွေမဟုတ်ကြပါဘူးဖေဖေ….ရိုးရိုးသားသားပါပဲ… အေး..အဲ့ဒီ ရိုးရိုးသားသားဆိုတာကနေ..မရိုးမသားတွေဖြစ်ကုန်မှာစိုးလို့…ဖေဖေကပြောနေရတာ…..ပြီးတော့ ဘာလဲ အဲ့ဒီကောင်လေးကလည်း အနုပညာသမားပဲဆို…ဟုတ်ပါတယ်ဖေဖေ…ကောင်းရောပဲ…
 ဖေဖေရယ်…”
ဖေဖေပြောတော့လည်း အဟုတ်ပင်….တကယ်တော့ ရွှေပန်းချီတို့နှစ်ယောက်မှာ ရိုးသားမှုတွေရှိကြပါတယ်… ခိုင်မြဲတဲ့သံယောဇဉ်တွေကို နှလုံးသားမှာချည်နှောင်ပြီး ဘယ်သူတွေမှမသိအောင် တိတ်တိတ်လေး နေခဲ့ကြတာပါ.. အနုပညာဆိုတဲ့အသံလေးကြားရုံနဲ့ပင်… ဖေဖေ ဘာ့ကြောင့် ခါးခါးသီးသီးဖြစ်နေရတာလဲ.. ရွှေပန်းချီ မသိခဲ့တာတွေများ ရှိသေးလို့လား….ပြီးတော့…ရွှေပန်းချီ ငယ်ငယ်လေးကတည်းက မေမေဆိုတာကို တခါမှကို မတွေ့မြင်ဘူးခဲ့ဘူး….မိခင်ရဲ့မေတ္တာဆိုတာ ဘာမှန်းမသိလောက်အောင်ပင် အေးစက်နေခဲ့လေပြီ… ဖေဖေရယ်…အတ္တတွေကြီးမားလှချည်လား…..။
ဘာလိုလိုနဲ့ သင်တန်းပြီးဖို့တောင် တစ်ရက်ပဲကျန်တော့မှာပါလား..ရွှေပန်းချီ အကိုနဲ့ ခွဲရတော့မယ်ပေါ့……
“ညီမလေးရေ…ညီမလေး…ပန်းချီ…”
ပြောပြောဆိုဆိုနဲ့ပင် လှိုင်းသန့်တစ်ယောက် အိမ်ပေါ်ကို ပြေးအတက်မှာတော့ ရွှေပန်းချီရဲ့ အဖေ ဦးစိုးလှိုင်နှင့်သာ တွေ့ရတော့သည်…။
“မောင်ရင်…လာပါအုံး….”
“ဟုတ်ကဲ့ပါ အန်ကယ်….”
“မင်း ဘာလာလုပ်တာတုန်း….ဟုတ်ကဲ့ ဒီနေ့ ပန်းချီကို….အော်…ရွှေပန်းချီကို စန္ဒရားတီးသင်ဖို့ နောက်ဆုံးတစ်ရက်ကျန်သေးလို့ပါ… ဒါဆိုရင်…မင်းမသင်နဲ့တော့….ပြန်တော့…ဘာဖြစ်လို့လဲခင်ဗျာ…. ”
“မင်းတို့ အနုပညာသမားတွေဆိုတာလေ…အနုပညာကို ဘန်းပြပြီး ချူစားတတ်တဲ့ကောင်တွေပဲကွ…မင်းလည်း အတူတူပဲ..ဘာမှမထူးဘူး…ဒီတော့…ဒီနေ့ကစပြီး…မင်းလည်း ငါ့သမီးကို လာသင်ပေးစရာမလိုတော့ဘူး…”
“အန်ကယ်ရယ်…အန်ကယ် မသင်ပေးရဘူးဆိုရင်လည်း ကျွန်တော် မသင်ပေးပါဘူး..ဒါပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုးတွေ အစဉ်အဆက်က ရှိခဲ့တဲ့၊ မြတ်နိုးကြတဲ့ အနုပညာကိုတော့ မစော်ကားပါနဲ့အန်ကယ်… ဆင်ဖြူတော်ကိုမှီပြီး ကြံစုတ်ဖို့ဆိုတဲ့ စိတ်ဓာတ်မျိုးကို ကျွန်တော့်အမေက ကျွန်တော့်ကို သင်ပေးမထားပါဘူး အန်ကယ်….ကျွန်တော့်ကို ပြန်ခွင့်ပြုပါအုံး အန်ကယ်….”
စိတ်ထားလေးတွေ နူးညံ့သိမ်မွေ့နက်နဲသလောက် အနုပညာကိုထိပါးရင် မခံတတ်တဲ့စိတ်လေးက ရွှေပန်းချီနဲ့ သဏ္ဍာန်တူနေရသလား အကိုရယ်…ပန်းချီကို တစ်ယောက်တည်းထားခဲ့ပြီး သွားခဲ့တော့မှာလားနော်… ပန်းချီလေ…အကို့ကို အရမ်းချစ်တယ်…သံယောဇဉ်တွေ တွယ်ခဲ့ပြီးမှ ထားရစ်ခဲ့တယ်နော်…
ရွှေပန်းချီတစ်ယောက် အိပ်ပေါ်ထပ်လှေကားထစ်ပေါ်မှာ မှီကာထိုင်းရင်း…လှိုင်းသန့်ရဲ့ ကျောပြင်ကိုငေးကြည့်ကာ မျက်ရည်စတွေနဲ့အတူ ကျန်ရစ်နေခဲ့သည်သာ….ရက်စက်လိုက်တာ ဖေဖေရယ်.. အကို့ကို ဒီလိုမပြောသင့်ပါဘူးနော်…အရမ်းရိုးသားပြီး ပန်းချီအပေါ်ကိုအရမ်းကောင်းခဲ့တာ… ငယ်ငယ်လေးတည်းက တစ်ယောက်တည်းအထီးကျန်နေခဲ့ရတဲ့ ပန်းချီလေး အကိုတစ်ယောက်ရလိုက်ပြီလို့ မှ မကျန်သေး…ဖေဖေက ခွဲလိုက်ပြန်ပြီနော်….ခုချိန်သာ…ပန်းချီအနားမှာ မေမေသာရှိခဲ့ရင် ဒီလိုအဖြစ်မျိုးတွေ ဖြစ်နိုင်ပါအုံးမလား ဖေဖေရယ်…..။
နေ့စဉ်နဲ့ဆိုသလို…ရွှေပန်းချီတစ်ယောက် အကို့ကိုမျှော်နေမိသည်….အကိုနဲ့အတူ သီချင်းတွေဆိုခဲ့ စန္ဒရားတွေတီးခဲ့….စကားတွေဖောင်ဖွဲ့ခဲ့တဲ့ နေ့ရက်တွေက ပျောက်ဆုံးသွားပြီလား…မျှော်နေမိတယ်… အကိုရယ်…ပန်းချီလေ…အကို့ကို အရမ်းလွမ်းတာပဲ….စိတ္တဇတစ်ယောက်လို အတွေးတို့က စိုးမိုးနေသည်သာ….။
“သားရေ….မင်း ဒီနေ့ ဟိုကောင်မလေးဆီကို မသွားရဘူးလား…”
“ဟုတ်တယ်..မေမေ…သားမသင်ရတော့ဘူး….”
“ဟင်…ဘာလို့လဲသား….”
“ပန်းချီဖေဖေပေါ့..သားကို မတော်မတရားတွေ ပြောတယ်လေ…ပြီးတော့ အနုပညာကိုစော်ကားတယ်… အဲဒါ့ကြောင့် သားလည်း မခံနိုင်တာနဲ့ ပြန်ပြောမိခဲ့တယ်မေမေ…အော်…ဖြစ်မှဖြစ်ရလေ…သားရယ်… အဲဒါကြောင့်…ခုရက်ပိုင်းထဲမှာ ငါ့သားကြည့်ရတာ…တမှိုင်မှိုင်တတွေတွေဖြစ်နေတာကိုး…”
“ဟုတ်တယ်မေမေ..ဒါနဲ့…အဲ့ဒီကောင်မလေးသတင်းရော…ဘာကြားသေးလဲ သား……မကြားမိဘူးမေမေ… အေးပါကွယ်….လျစ်လျူရှုမထားပါနဲ့…သူ့ခမျာ ငါ့သားကို အားကိုရှာသား…ဟုတ်ကဲ့ပါမေမေ… မနက်ဖြန်ကျရင်တော့..၀င့်ဝါတို့အိမ်သွားပြီး အကျိုးအကြောင်း မေးကြည့်ပါ့မယ်…အေးအေး….”
“၀င့်ဝါရေ…၀င့်ဝါ…”
“ဟယ်…ကိုလှိုင်းသန့်ကြီးပါလား…”
“အေး…ဟုတ်တယ်….”
“ဘာတွေများ ရေးကြီးသုတ်ပြာဖြစ်နေသလဲ…”
“ဘာရယ်မဟုတ်ပါဘူးဟာ….ငါ…ပန်းချီအကြောင်းလေးများ ဘာများကြားမိလဲလို့ပါ…”
“အော်…ကိုလှိုင်းသန့်ကြီးကလည်း..ကို့ဘာသာသွားမေးပါရောလား…”
“မဖြစ်လို့ပေါ့ဟာ…မဟုတ်လို့လား….”
“အင်းပါ…ဒါဆိုလည်း…ညနေကျရင် ၀င့်ဝါ သွားမေးပေးပါ့မယ်…”
“အေးပါဟာ..ကျေးဇူးပါပဲ….”
“ပန်းချီရေ….ပန်းချီ…”
“အော်…အန်ကယ်..ပန်းချီရှိလားမသိဘူး…”
“အေး…၀င့်ဝါ..သမီးသူငယ်ချင်း အပေါ်ထပ်မှာရှိတယ်…တက်သွားလိုက်အုံး….မစားမသောက်ဘူးလေ…ဘာဆိုဘာမှ ကျွေးလို့လည်းမရဘူး..”
“အန်ကယ်…သူ နေရောကောင်းရဲ့လားဟင်….“အင်း…” ဟိုတလောကတော့ သိပ်နေမကောင်းဘူးလေ… ဆရာဝန်နဲ့ရော ပြမကြည့်ဘူးလား….ပြကြည့်ပါတယ်…သူ့မှာ နှလုံးရောဂါ အစပျိုးနေပြီတဲ့လေ…ဆရာဝန်က သူ့ကို ဂရုစိုက်ရမယ်တဲ့…..၀မ်းနည်း…၀မ်းသာ..တစ်စုံတစ်ခုခုဖြစ်အောင် မလုပ်ရဘူးတဲ့လေ….”
“ဒါဆို သမီး သွားကြည့်လိုက်အုံးမယ်နော်….အေးပါကွယ်…”
သူငယ်ချင်းအတွက် စိုးရိမ်ပူပန်မှုတွေက ဒုနဲ့ဒေးပင်..ပျော့နွဲ့ပြီး အပြင်ပန်းမှာ မာကျောသလားထင်ရပေမယ့် နှလုံးသားလေးကတော့ နူးညံ့သိမ်မွေ့စွာ ရှိနေတတ်တဲ့ သူမရဲ့ သူငယ်ချင်းကို ၀င့်ဝါတစ်ယောက်…အတွေးဆတို့ဖြင့် အပေါ်ထပ်လှေကားပေါ်သို့ တရွေ့ရွေ့တက်လာရင်းပင် ရွှေပန်းချီရဲ့အခန်းတွင်းသို့မ၀င်ခင်…တံခါးလေးအဖွင့်မှာတော့….အိပ်ရာပေါ်မှာ လဲလျောင်းနေသော ရွှေပန်းချီတစ်ယောက်…အပြစ်ကင်းစင်ပြီး မျက်နှာလေးဖြူလျော့လျော့လေးဖြစ်နေပြီ…..စိုးရိမ်စိတ်တို့ဖြင့် ၀င်လာမိရင်း…..
“အန်ကယ်ရေ….အန်ကယ်ရေ….လာကြပါအုံး….လာကြပါအုံး….”
“ပန်းချီ ဘာဖြစ်နေလဲမသိဘူး…လုပ်ကြပါအုံး….”
အပြေးအလွှားနဲ့ဆိုသလို ဦးစိုးလှိုင်တစ်ယောက် အပေါ်ထပ်သို့ ချက်ချင်းဆိုသလိုရောက်လာသည်…. ရွှေပန်းချီ ရင်ဘတ်ပေါ်သို့ ဟိုဖိ ဒီဖိ…ဟိုစမ်း…ဒီစမ်းဖြင့်….
“ဆေးရုံကိုသွားမယ်…..ဆေးရုံကို…..ကား မြန်မြန်ထုတ်…”
ပြူးပြာနေသောမျက်ဝန်းအစုံတို့ဖြင့် ဦးစိုးလှိုင်တစ်ယောက် ဘာလုပ်ရမည်မသိ ဆေးရုံရှိရာသို့သာ ရောက်လာနေမိသည်….အခန်းတွင်းသို့ လူနာကို သယ်ဆောင်သွားသည်….
“ဘုရား…ဘုရား….ငါ့သမီးလေး…ဘာမှမဖြစ်ပါစေနဲ့….”
“ပန်းချီလေး…ဘာမှမဖြစ်ပါစေနဲ့…”
ဝင့်ဝါတစ်ယောက် အပြေးအလွှားနှင့်ဆိုသလို ဖုန်းဆိုင်ရှိရာအောက်ထပ်သို့ပြေးလာပြီး လှိုင်းသန့်ကို ဖုန်းဆက်ခေါ်နေတော့သည်…
“ကလင်….ကလင်….ကလင်….”
“ဟယ်လို….ကိုလှိုင်းသန့်လား….”
“အင်း…ဟုတ်ပါတယ်….ကိုလှိုင်းသန့်..၀င့်ဝါပါ”
“ရွှေပန်းချီ အသည်းအသန်ဖြစ်နေလို့….ခုချက်ချင်း ဆေးရုံကို လိုက်ခဲ့ပေးပါနော်…”
“ဟင်…ဟုတ်လား….”
“ဟုတ်တယ် ကိုလှိုင်းသန့်…အကျိုးအကြောင်း ဒီရောက်မှပဲပြောပြတော့မယ်….”
“အင်း..အင်း…”
“မေမေရေ..မေမေ….ဘာလဲ သား…”
“သား…ပန်းချီဆီ လိုက်သွားရလိမ့်မယ်မေမေ…ဟဲ့ ဘာဖြစ်လို့တုန်း…ပန်းချီ အသည်းအသန်ဖြစ်နေလို့မေမေ… အခုဆေးရုံမှာရောက်နေပြီ….ဟင်…ဒါဆို မေမေလည်း လိုက်ခဲ့မယ် သား…“အင်းအင်း..”ဒါဆို ခုပဲသွားကြရအောင်နော်…”
ဆေးရုံအရောက်မှာတော့ ဒေါ်ခင်လေးနဲ့ ခင်စိုးလှိုင်ကိုတွေ့လိုက်ရတဲ့ ဦးစိုးလှိုင်မှာ နေမသိထိုင်မသာ မျက်နှာမျိုးတွေဖြင့် ၊ အံ့သြခြင်းတွေ၊ ၀မ်းသာခြင်း၊ ၀မ်းနဲခြင်းဆိုတဲ့ အမူအယာတွေက ထိန်းချုပ်လို့မရနိုင်အောင်ပင်….သမီးဖြစ်သူ ပန်းချီလေးရဲ့အခြေအနေက ဘာမှန်းရယ်မသိ….
ဆရာဝန်တစ်ယောက် အပြင်သို့ထွက်လာပြီး…
“ဒီက လူနာရှင်က ဘယ်သူလဲမသိဘူး….”
“ကျွန်တော်…ကျွန်တော်ပါ…”
ဦးစိုးလှိုင်ရော ခင်စိုးလှိုင်ပါ နှစ်ယောက်အတူ နှုတ်ဖျားမှ ထွက်မိရဲ့သားဖြစ်နေကြပြီ….
“ဘယ်သူလဲခင်ဗျာ…အချိန်မရှိဘူးနော်…လူနာအတွက် သွေးလိုအပ်နေပြီ….ဗျာ….”
ခင်စိုးလှိုင်မှ ဆရာဝန်အား….
“ဘာသွေးလဲခင်ဗျာ…..(A)သွေးပါ….”
“ဒါဆို ကျွန်တော်လှူမယ်ဗျာ….”
“ခင်းဗျားက….လူနာနဲ့….ဟို….အကိုပါခင်ဗျာ…”
ဘာရယ်ညာရယ်မသိ စိုးရိမ်ပူပန်သောကတွေကသာ စိုးမိုးနေတော့သည်…ပန်းချီလေး အမြန်နေကောင်းပါစေတော့နော်…..။
“ကောင်းပြီ…ဒါဆို…လိုက်ခဲ့ပါ….”
တိတ်ဆိတ်ငြိမ်သက်လှပြီး အထီးကျန်ဆန်လွန်းလှတဲ့ အခန်းထဲမှာ ညီမလေးတစ်ယောက်တည်းပါလား… ချစ်သူညီမလေး ပန်းချီနဲ့အတူ ညီမလေးနဲ့ထပ်တူကျတဲ့သွေးကို ညီမလေးရဲ့ခန္ဓာကိုယ်ထဲကို စီးဆင်းစေခဲ့ပြီ… ပန်ချီလေးရယ်…ဘာလို့များ သွေးချင်းတွေရော တူညီနေရတာလဲ..အရာရာအားလုံးထပ်တူကျပြီး ချစ်စရာကောင်းလှတဲ့ ချစ်သူညီမလေး….ခုတော့လည်း..ဘာမှမသိရှာပါလားနော်….
အပြစ်ကင်းစင်ပြီး အိပ်မောကျနေတဲ့ ပန်းချီလေးနဲ့ယှဉ်ပြီး အကိုရဲ့ ခန္ဓာကိုယ်ထဲက သွေးတွေကို ညီမလေးကို ပေးခဲ့ရလို့…အကိုပျော်နေပါတယ် ချစ်သူပန်းချီလေးရယ်….ပန်းချီလေးရဲ့ ရင်ထဲမှာလည်း… အကို့လိုဘဲမဟုတ်လား…ဖွင့်မပြောခဲ့ကြပေမယ့် တို့နှစ်ယောက်ရဲ့ တိတ်တခိုးအချစ်… မောင်နှမအချစ်သံယောဇဉ်တွေကို တို့နှစ်ဦးရဲ့မျက်ဝန်း…တို့နှစ်ဦးရဲ့စကားသံတွေ…တို့နှစ်ဦးရဲ့ သွေးတွေထဲမှာ စီးဆင်းနေခဲ့စေပြီလေ…..ချစ်တယ်ပန်းချီလေးရယ်….။
ဆေးရုံအခန်းရဲ့အပြင်ဘက်မှာတော့ ဦးစိုးလှိုင်နဲ့ ဒေါ်ခင်လေးတို့ အတိတ်ကမေတ္တာတစ်ခန်းရပ်တွေက အလွမ်းဇာတ်လမ်းတွေ ခင်းနေကြပါပြီ….အကြောင်းပြချက်တွေမရှိဘဲ…ဖောက်ပြားချက်တွေရယ်လို့ ထင်မြင်ခဲ့မိတဲ့…ဦးစိုးလှိုင်ကလည်း…အတ္တနဲ့မာနကို ခ၀ါချပြီး တောင်းပန်နေလို့သာပေါ့….ဒေါ်ခင်လေးကလည်း အနှစ်နှစ်အလလကကြာပြီဖြစ်သော ကွဲကွာနေရသော ခင်ပွန်းဖြစ်သူကို တောင်းပန်စကား မေတ္တာအနန္တတရားတွေနဲ့ သီကျူးဖွဲ့နွဲ့လို့ပေါ့….အသက်အရွယ်တွေ အိုမင်းရင့်ရော်နေကြပေမယ့်လည်း အချစ်ရဲ့စွမ်းပကားကတော့  ကြီးမားလှနေပါတယ်….။
ပန်းချီရဲ့လက်ကလေးက…လှိုင်းသန့်ရဲ့လက်ကလေးကို လာထိနေသလိုလို….
“ညီမလေး…ပန်းချီ…ညီမလေး…သတိရလာပြီလားဟင်…”
ရွှေပန်းချီတစ်ယောက် တစ်နေ့လုံး…တစ်ညလုံး အိပ်ပျော်နေတဲ့မျက်လုံးလေးမှ အသာအယာနိုးထလာပြီး.. အံသြစိတ်တွေနဲ့အတူ…ရှင်သန်ခြင်း…နိုးကြားခြင်း…အားအင်သစ်ဖြစ်ခြင်းတွေနဲ့အတူ….တီးတိုးညင်သာသော စကားသံတို့ဖြင့်….
“အကို”…. “ညီမလေး…”
“အကို…တညလုံး…ညီမလေးအနားမှာရှိနေတယ်လေ….ပြီးတော့ အကိုနဲ့ညီမလေးရဲ့သွေးချင်းတူနေတဲ့အတွက် အကိုရဲ့သွေးတွေကို ပန်းချီလေးရဲ့ ကိုယ်ထဲကို သွင်းထားပေးတယ်လေ…“ဟုတ်လား…အကို”…. အကိုနဲ့…ညီမလေးက သွေးချင်းလည်းတူတယ်လားဟင်….ဒါပေါ့ ညီမလေးရဲ့….”
နွမ်းလျပြီး ပျော့ဖတ်ဖတ်မျက်နှာလေးနဲ့ တီးတိုးညင်သာတဲ့စကားသံလေးတွေက လှိုင်းသန့်ရဲ့ရင်ထဲမှာ ချစ်စရာကောင်းလှပေသော ပန်းချီလေးရယ်….
“အကို…ဖေဖေရောဟင်…အပြင်မှာလေ..အကို့မေမေလည်းပါလာတယ်….“ဟုတ်လား….”
ပြောပြောဆိုဆိုနဲ့ပင် ဦးစိုးလှိုင်နဲ့ ဒေါ်ခင်လေးတို့ ရွှေလက်အတူတွဲပြီး မင်္ဂလာခန်းမထဲများ ၀င်လာကြသလားပေါ့… လှိုင်းသန့်နဲ့ ပန်းချီလေးတို့က ပြူးဝန်းသော မျက်ဝန်းအစုံနှင့် အံသြစိတ်တွေနဲ့အတူ ပါးစပ်ကလေးတွေအဟောင်းသားဖြင့် ကြည့်လို့နေကြသည်….။
“ဖေဖေ”….“မေမေ….”
ရွှေပန်းချီနဲ့လှိုင်းသန့်တို့ နှစ်ယောက်အတူ သံပြိုင်ထွက်ချိန်မှာတော့…..
“ဟုတ်တယ်…သားတို့…သမီးတို့…”
အနှစ်နှစ်…အလလက မြိုသိပ်ဖုံးဖိထားခဲ့သော ဘူးတစ်လုံးက ဘွားခနဲဆိုသလို ပေါ်လာခဲ့သည်ပင်… အဖြစ်မှန်အလုံးစုံကို မိဘနှစ်ဦးက ရှင်းပြလိုက်ချိန်မှာတော့….။
“ဗျာ…” “ရှင်…”
နှစ်ဦးသားလက်ကလေးတွေကို ဆုပ်ကိုင်းရင်းမှပင်…ပြုတ်ကျသွားခဲ့ရသည်….
“ပန်းချီက ကျွန်တော့်ရဲ့ ညီမလေးအရင်း…“ဟုတ်လားမေမေ…”
“ဖေဖေ….အကိုလှိုင်းသန့်က…သမီးရဲ့ အကိုအရင်းပေါ့နော်….”
“ဟုတ်ပါတယ်…သားတို့သမီးတို့ရယ်”
“ဖေဖေတို့မေမေတို့တွေရဲ့ မာနတွေ အတ္တတွေကို ရှေ့တန်းတင်ခဲ့မိကြလို့…ခုလိုမျိုး သားနဲ့သမီး တကွဲတပြားစီ ဖြစ်ကုန်ကြတာပါ….သားတို့သမီးတို့ကို…ဖေဖေနဲ့မေမေ တောင်းပန်ပါတယ်ကွယ်…..”
ဖေဖေတို့…မေမေတို့ပြောတာတွေက…နောက်ကျသွားခဲ့ပါပြီ…ပန်းချီနဲ့အကိုတို့ရဲ့ မောင်နှမစိတ်တွေကတဆင့် ဖြစ်ပေါ်လာတဲ့ ချစ်သူစိတ်တွေကို ဘယ်လိုပြန်ရုတ်သိမ်းရတော့မလဲ…..
“အဟင့်…..အဟင့်……အဟင့်….အီး….ဟီး….ဟီး….”
ရှက်စိတ်…ကြောက်စိတ်တို့ကြီးတတ်သော….ရွှေပန်းချီတစ်ယောက်…ရှိုက်ကြီးတငင်ငိုပြီး ဖြေဆည်မနိုင်အောင် ဖြစ်နေတော့ပါသည်…..
“အား….ဟ…..အဟင့်….ဟင့်….“မဟုတ်ဘူး…”လုံးဝမဟုတ်ဘူး…”
“မဖြစ်နိုင်ဘူး….လုံးဝမဖြစ်နိုင်ဘူး….”
“အကိုနဲ့ညီမလေး ဘာမှမတော်ဘူးနော်….ဘာမှမတော်ဘူး……ဟူး…..”
လှိုင်းသန့်တစ်ယောက် ပြူးပြူးပြာပြာ ဖြစ်နေရပါသည်….
“ညီမလေး…ညီမလေး…စိတ်ကိုထိန်းပါညီမလေးရယ်…..အကို ညီမလေးအနားမှာရှိနေတယ်လေ….”
“ညီမလေး….ညီမလေးရယ်….”
မျက်ဝန်းမှမျက်ရည်စတို့က မထိန်းနိုင်….ကျလာခဲ့ရလေပြီ…ညီမလေးအရင်းရယ်လို မသိခင်အချိန်တည်းက အကြင်နာတွေပိုခဲ့မိသည်မို့…ခုလို သိလိုက်ရတဲ့အချိန်မျိုးမှာ…သနားခြင်းတွေ…ကြင်နာခြင်းတွေ… မေတ္တာတရားတွေက ပိုမိုလို့ နက်ရှိုင်းလာခဲ့လေပြီ….။
“သမီး…သမီးလေ….စိတ်ကိုထိန်းပါအုံး…ဖေဖေနဲ့မေမေရှိတယ်လေ..”
“မဟုတ်ဘူး….နင်တို့ငါ့ကို လိမ်တယ်….ဟားဟား….ဟားဟား…”
“ဟီးဟီးဟီး….ဟုတ်ပါတယ် နင်တို့….ငါ့ကို လိမ်နေကြတာပါ….”
“ဟုတ်တယ်မလား….ဟင်….ဟုတ်ပါတယ်…..လိမ်နေတာပါ…..အဟင့်…..အဟင့်…..အဟင့်….”
“လှိုင်းသန့်နဲ့ ရွှေပန်းချီ….ပန်းချီနဲ့အကို….ငါတို့က ချစ်သူတွေလေ….ဘယ်ကသာ မောင်နှမဟုတ်ရမှာလည်း…“နင်တို့တွေ လျှောက်မပြောနဲ့နော်….“အီး….ဟီး….ဟီး…ငါ့အကိုသာသိရင် ငိုလိမ့်မယ်….ပြီးတော့လေ…နင်တို့ကိုလည်း ရိုက်လိမ့်မယ်…သိလား….“သွားပါ…တစ်ယောက်မှ အနားမလာကြနဲ့…အကိုနဲ့ ငါနဲ့ နှစ်ယောက်တည်းလေ…ဟားဟား…ဟား….ဟား… စန္ဒရားတီးသင်မယ်…. သီချင်းတွေဆိုမယ်….ဟီးဟီး….”
ရယ်လိုက်…ငိုလိုက်ဖြစ်နေသော ညီမလေးကိုကြည့်ပြီး..လှိုင်းသန့်ရင်မှာ မချိတင်ကဲဖြစ်နေရသည်သာ.. အရှက်အကြောက်ကြီးလွန်းတဲ့ ညီမလေး….ခုတော့…အကိုနဲ့ဝေးရာ…ကမ္ဘာကြီးနဲ့ဝေးရာဆီမှာ ညီမလေးရဲ့ စိတ်တွေ…ညီမလေးရဲ့နှလုံးသားတွေကို အပ်နှင်းထားလိုက်ပြီပေါ့နော်…..ဖြစ်မှဖြစ်ရလေ…. ညီမလေးရယ်…. ညီမလေးရယ်….ညီမလေး ဘာတွေပဲဖြစ်နေပါစေ….ဘယ်လိုဘ၀…ဘယ်လိုအခြေအနေတွေပဲ ရောက်နေပါစေ… ညီမလေးရဲ့အနားမှာ တသက်လုံး ကိုကိုစောင့်ရှောက်သွားမယ်နော်…..။
ပန်းချီလေးကို ရင်ခွင်ထဲထည့်ပြီး….ဆံနွယ်လေးတွေကို ပွတ်ကာ….ညင်သာတဲ့လက်တစ်စုံနဲ့အတူ ပွေ့ပိုက်ရင်း လှိုင်းသန့်တစ်ယောက် မျက်ရည်တွေက တသွင်သွင်စီးဆင်းနေတော့သည်သာ…..။
“သွားပါ…..နင်တို့နဲ့အတူ မနေဘူး….ငါက….အကိုနဲ့ပဲ နေမှာ….ဟီးဟီးဟီး….အကို့ကိုပဲချစ်တယ်…. “ဘာမောင်နှမလည်း…အယ်…..ငါ့မှာ မောင်နှမမရှိပါဘူး….ငါက တဦးသောသမီး….ရွှေပန်းချီ…တဲ့….ငါ့မှာ မေမေရှိဘူး….မေမေကသေပြီ…..တဲ့….”
ညီမလေးရဲ့ လောကကြီးကိုမသိနိုင်တော့တဲ့ စကားတွေရယ်ကြောင့်….အစွဲအလန်းတစ်ခုကို အမှီပြုပြီး ဖြစ်တည်လာတဲ့စိတ်တွေရယ်ကြောင့်….
“ညီမလေးရေ……………..
ကိုကိုမခံစားနိုင်တော့လို့ပါကွာ…….“ကိုကို့ရဲ့ တစ်ဦးတည်းသောချစ်ညီမလေးရဲ့အနားမှာလေ…. ညီမလေးရယ်ရင်လည်း ကိုကိုလည်းရယ်မယ်…..ညီမလေးငိုရင်လည်း ကိုကိုငိုနေမယ်နော်…. ညီမလေးရဲ့အနားမှာ ထာဝရသက်ဆုံးတိုင် အရိပ်တွေလိုပဲ နောက်ကလိုက်ပြီး စောင့်ရှောက်နေမယ်နော်……။
“အဟား…ဟား…ဟား……”
တဟားဟားနဲ့ရယ်လိုက်….ငိုချင်ငိုလိုက်…ပြောချင်တိုင်းပြောလိုက်ဆိုသလို ရွှေပန်းချီဆိုတဲ့ ကောင်မလေးရဲ့ ရင်ထဲမှာတော့ အစွဲတစ်ခုကို ကိုယ်စားပြုလို့….စိတ်တွေရဲ့ ခေါ်ဆောင်ရာအရပ်ဆီမှာ မျောလွင့်လျက်ရှိနေပြီး လှိုင်းသန့်ဆိုတဲ့ ကောင်လေးရဲ့ ရင်ထဲမှာတော့ မချိတင်ကဲ ရင်ကွဲစေရာ တသက်လုံးအတွက် အမြွှာမောင်နှမချစ်သူတွေရယ်လို့…..တိတ်တခိုးလေး ငိုကြွေးမြည်တမ်ရင်း နေ့စဉ်ပဲဆိုသလို….. လှိုင်းသန့်တစ်ယောက် သူချစ်မြတ်နိုးတဲ့….ညီမလေးအရင်းရယ်လို့မသိခင်တမျိုး…..သိပြီးရယ်တမျိုး…ချစ်ခဲ့တဲ့ ချစ်သူညီမလေးရွှေပန်းချီလေးရဲ့အနားမှာ အရူးတစ်ယောက်လို စကားတွေတဖွဖွပြောရင်း….လောကကြီးရဲ့ သာယာလှပခြင်း….ကောင်းခြင်း…ဆိုးခြင်းတရားတွေကို ဥပေက္ခာပြုထားတတ်ခဲ့ပြီပေါ့……..။
ကြိုးစားပါအုံးမည်
နေခြည်သစ်နွယ်(ပြည်)
ကျွန်တော်မသိတဲ့အမေ
$
0
0
်     ကျွန်တော်လမ်းထိပ်မှအထွက်   ကားမှတ်တိုင်ဖက်သို့  အချိုး  အသက်  ၅၀  နီးပါးခန့် အဒေါ်ကြီးတစ်ယောက် ။
လမ်းလျှောက်လာရင်း  နထင်ကိုလက်နှင့်ဖိကာ လမ်းပေါ်သို့ ပြစ်လဲကျသွားတာကို တွေ့ လိုက်ရပါသည် ။
ကျွန်တော်အဒေါ်ကြီးအနား အပြေးအလွှားရောက် သွားပြီး အဒေါ်ကြီးကိုပွေ့ လိုက်ပါသည် ။
++  အဒေါ်ကြီး   အဒေါ်ကြီး  ဘာဖြစ်တာလဲ  ဟာခေါ်လို့ လဲမရတော့ပါလား ++
++ လာကြပါဦးဗျို့   ဒီမှာ အဒေါ်ကြီးတစ်ယောက် မူးပြီးလဲကျသွားလို့  ++
ကျွန်တော် ပတ်ဝန်းကျင်ကို အော် ဟစ်ကာအကူအညီတောင်းလိုက်သည် ။ ကားမှတ်တိုင်မှ  ယောင်္ကျား ၃ ။ ၄  ယောက် ။
ပြေးလာကြသည် ။ကျွန်တော်ကအလောတကြီးနှင့်  ။
++  အကိုတို့  ကျေးဇူးပြူပြီး ဆိုက်ကားတစ်စီး လောက်ခေါ်ပေးပါ ။ ဟိုရှေ့ နားမှာ ဆေးခန်းရှိတယ် ။ ကူညီကြပါဗျာ ။
ထိုအခိုက် ဆိုက်ကားတစ်စီးရောက်လာသဖြင့် ထိုဆိုက်ကားနှင့်ပင် တင်ပြီး  ဆေးခန်းသို့ အပြေးအလွှားသွားကြသည် ။
ဆေးခန်းသို့ ရောက်တော့ ဆရာဝန်မလေးတစ်ယောက်နှင့် နာ့စ် တစ်ယောက်ကိုတွေ့ ရသည် ။
အကျိုးအကြောင်းပြောပြလိုက်တော့ ဆရာဝန်မကလေးက သေခြာစွာစမ်းသပ်စစ်ဆေးပြီး  အဒေါ် ကြီးကို ။
ဆေးတစ်လုံးထိုးပေးလိုက်သည် ။ ကျွန်တော်ကအလောတကြီးနှင့်မေးလိုက်သည် ။
++ ဒေါက်တာ ဒီအဒေါ်ကြီးဘာဖြစ်တာလဲ  ++
ဆရာဝန်မကလေးကကျွန်တော့်မျက်နှာကိုစေ့စေ့ ကြည့်ပြီး ။
++ ဘာမှမပူပါနဲ့  မင်းအမေသွေးတက်ပြီး မူးလဲသွားတာပါ ။ အခုဆေးထိုးပေးထားတယ် ။ခဏနေရင်ပြန်သတိယလာလိမ္မယ် ။
++ သြော်ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒေါက်တာ  ဒါကျွန်တော့်အမေ  မဟုတ်ပါဘူး ++
++ လမ်းထိပ်နားမှာမူးလဲသွားတာတွ့ လို့  ကျွန်တော်တို့ ခေါ်လာတာပါ ++
++ သြော်ဒီလိုလား ++
++ ဟုတ်ကဲ့ဆေးဖိုး  ဘယ်လောက်ပေးရမလဲဒေါက်တာ ++
++ အာ လူနာရှင်မပါရင်လဲနေပါစေ မပေးပါနဲ့ ++
ခဏအကြာ အဒေါ်ကြီး သတိယလာသည် ။ ဆရာဝန်မကလေးက ။
++ ခဏလှဲနေဦးအန်တီ  ချက်ချင်းမထလိုက်နဲ့ ++
အဒေါ်ကြီးကမျက်လုံးဖွင့်ကြည့်လိုက်ပြီး  ခေါင်းညိတ်ပြသည် ။
++ ဒီမောင်လေးနဲ့ သူတို့ တွေက အန်တီမူးလဲသွားတာတွေ့ လို့  ခေါ်လာကြတာပါ ++
++ အေးပါကွယ်သားတို့ ရယ် ကျေးဇူးတင်ပါတယ် ++
အဒေါ်ကြီးသတိယလာတော့  ကျန်တဲ့လူများပြန်ထွက်သွားကြသည် ။ ကျွန်တော်ကအဒေါ်ကြီးအား ။
++ အဒေါ်ကြီး ဘယ်ကိုသွားမှာလဲ  ကျွန်တော်လိုက်ပို့ ပေးမယ်လေ ++
++ နေပါစေသားလေးရယ်  အဒေါ်ကိုယ့်ဟာကိုယ် ပြန်ပါ့မယ် ++
ထိုအခိုက်  အသက် ၁၅ နှစ်ခန့် ကောင်မလေးတစ်ယောက် အူယားဖားယားဝင်လာပြီး ။
++ ကြီးကြီးခင်  ဘယ်လိုနေသေးလဲ  မူးလဲသွားတာဆို ++
++ သြော်ဟုတ်တယ်  သမီးအိချော  ဒီသားလေးကတွေ့ လို့  ကြီးကြီးခင်ကို ဆေးခန်းလိုက်ပို့ တာ ခုတောာ့သက်သာသွားပါပြီ ။
ကောင်မလေးကကျွန်တော့်ကိုကြည့်ပြီး ။
++ ကျေးဇူးတင်ပါတယ်အကို  ကြီးကြီးခင်က ဒီလို ပဲ နေပူထဲသွားတာများရင် သွေးတက်ပြီး ခဏခဏ မူးလဲတတ်တယ်++
++ ဟုတ်လားဒါဆိုရင်လဲ တစ်ယောက်ထဲမသွားစေနဲ့ လေ ++
++ ဒီလာက်လဲမဟုတ်ပါဘူး သားရယ်ရပါတယ် ။ ကဲပြန်ဦးမယ်  အလုပ်တွေကရှိသေးတယ် ++
++ ဆရာမလေး ခွင့်ပြုပါဦး ကျေးဇူးအရမ်းတင်ပါတယ် ++
++ ဟုတ်ကဲ့ပါ အန်တီရပါတယ် ++
ကျွန်တော်တို့  ၃ ယောက်ဆေးခန်းအပြင်ဘက် လမ်းမပေါ်ကိုရောက်တော့ အဒေါ်ကြီးက ။
++ သားလေး နာမည် ဘယ်သူလဲ ပြောခဲ့ပါဦးကွယ်  ++
++ ကျွန်တော့်နာမည်  ဇော်ဇော် ပါ ++
++ အေးအေး  ကြီးကြီး ခင်ကိုလဲမှတ်ထားနော်  သမီးအိချောကိုလဲမှတ်ထား ။လမ်းတွေ့ ရင်လဲခေါ်နော် ++
++ ဟုတ်ကဲ့ကြီးကြီး ခင်  ကျွန်တော့်ကိုခွင့်ပြုပါဦး ++
ကျွန်တော်နှုတ်ဆက်ပြီးထွက်လာခဲ့ပါတယ် ။
တစ်ညနေ  ကျွန်တော်နဲ့  ကျွန်တော့်ချစ်သူကောင်မလေး  လမ်းလျှောက်လာစဉ် ကောင်မလေးက ။
++ ကိုဇော်  ဟိုမှာ အကြော်ဆိုင်လေး  အကြော်ဝင်စားရအောင် ++
ကျွန်တော်တို့  ၂ ယောက်လွတ်နေတဲ့ စားပွဲ လေးမှာဝင်ထိုင်လိုက်ပါတယ် ။
++  အကိုတို့  ဘာအကြော် စားကြမလဲ ++
မေးတဲ့သူကို ကျွန်တော်မော့ကြည့်လိုက်တော့ ။
++ ဟာ  အကိုပါလား ++
++ ဟင် အိချော  ဒါ ++
++ ဟုတ်တယ် အကို  ဒါအိချောတို့ ဆိုင်လေ  ဟိုမှာကြော်နေတာ ကြီးကြီးခင် ++
++ သြော် အင်း ++
ထိုအခိုက်  ကျွန်တော့် ကောင်မလေးက ။
++ ညီမလေး ဘူးသီးကြော်တစ်ပွဲ တစ်ခြား အကြော်စုံတစ်ပွဲပေးနော်  ++
++ ဟုတ်ကဲ့ မမ ++
အိချောထွက် သွားပြီးခဏကြာတော့ အကြော်များလာချပေးသည် ။ ကျွန်တော့်ကောင်မလေးက ။
++ ဘယ်လောက်ကျလဲညီမလေး ++
++ ဟင့်အင်း မပေးပါနဲ့  ကြီးကြီး ခင်က အကိုနဲ့ မမ စားဖို့  ထည့်ပေးလိုက်တာပါ ++
++ ဟာ မဟုတ်တာ ညီမလေးရယ် ပြောပါဘယ်လောက်လဲ  ++
++ မယူပါရစေနဲ့ မမရယ်  တော်ကြာကြီးကြီးခင် ညီမကိုဆူနေလိမ္မယ် ++
ကျွန်တော်က၀င်ပြောလိုက်ပါတယ် ။
++ အင်းကျေးဇူးပဲ  အိချောရေ ++
ကျွန်တော့်ကောင်မလေးကကျွန်တော့်ကိုကြည့်ပြီး မေးငေါ့ပြသည် ။ ဘယ်လိုလဲဆိုသည့်သဘော ။
ကျွန်တော်ဟိုတလောကအဖြစ်အပျက်ကိုပြန်ပြောပြလိုက်သည် ။ ဒီတော့မှ ကျွန်တော့် ကောင်မလေးလည်း သဘောပေါက်သွားတော့သည် ။
အကြော်စားပြီးလို့  ပြန်တော့ ကျွန်တော်ကြီးကြီး ခင်ကိုသွားနှုတ်ဆက်လိုက်သည် ။  အိချောက ။
++ အကို နောက်လဲလာစားနော် ++
++ တော်ပါပြီဒီလိုသာ လာစားတိုင်းပိုက်ဆံမယူဘူးဆိုရင်တော့ နောက်မလာတော့ဘူး ++
++  မဟုတ်ပါဘူး အကိုကလဲ ဒီတစ်ခါပဲမယူမှာ နောက်တစ်ခါလာစားရင် ပိုက်ဆံယူမယ် ++
ကြီးကြီးခင်ကတော့ ဘာမှဝင်မပြော  ကျွန်တော်နှင့် အိချောပြောတာကိုပဲ ကြည့်ပြီးပြုံးနေသည် ။
နောက် ၂ လ လောက်ကြာတော့ ဈေးနားတွင် အိချောကိုတွေ့  သဖြင့် ။
++ အိချော ဘာလာလုပ်တာလဲ ++
++ ကြီးကြီး ခင်အတွက်ဆေးလာဝယ်တာအကို ဆရာဝန် ညွှန်ပေးထားတာ ဆေးအမြဲသောက်နေရတယ် ။ ဆေးပြတ်လို့ မရဘူး ++
++ ဒါနဲ့ မေးရဦးမယ် အိချောက ကြီးကြီးခင်ရဲ့ သမီးလား ++
++ အာ  မဟုတ်ပါဘူး အကိုရဲ့ အမေဆိုရင်အမေလို့ ခေါ်မှာပေါ့ ။ ကြီးကြီး ခင်လို့ ခေါ်ပါ့မလား ++
++ အင်းဟုတ်သားပဲ ++
++ သား သမီးလည်း မရှိဘူး ။ ဒါကြောင့် အိချောက မနက်ပိုင်း ကျောင်းတက်ပြီး ညနေပိုင်းကြီးကြီး ခင်နဲ့ အကြော်ဝိုင်းရောင်းပေးတယ် ++
++ ကြီးကြီးခင်နဲ့ အတူနေတယ် လေ ++
++ သြော် ဒီလိုလား ။ ဒါနဲ့ ဆေးဝယ်ပြီးပြီလား ++
++ မ၀ယ်ရသေးဘူးအကို ဟိုဆေးဆိုင်မှာဝယ်ရမှာ ++
++ လာလေ အကိုလဲ လိုက်ခဲ့မယ် ++
++ ဆေးက တစ်လ ၂ ပုလင်းကုန်တယ်အကိုရ ++
ကျွန်တော်ကဆေးဖိုးထုတ်ရှုင်းပေးလိုက်ပြီး
++ ကြီးကြီး ခင်ကိုပြောလိုက်နော် အကိုက ကုသိုလ်ယူတာပါလို့ ++
++ ဟုတ်ကဲ့အကို အိချောသွားတော့မယ် ++
ဒီလိုနဲ့ တစ်ရက်မနက်ပိုင်း ကျွန်တော်ကားစောင့်နေစဉ်
++ သားဘယ်သွားမလို့ လဲ ++
++ သြော် ကြီးကြီး ခင်ပါလား ကျွန်တော်ကျောင်းသွားမလို့  တက္ကသိုလ် တက်နေတယ်လေ ဒုတိယနှစ်ရောက်နေပြီ ++
++ အေးအေး  ကောင်းတယ် ++
++ ကြီးကြီးခင်ရောဘယ်သွားမလို့ လဲ ++
++ ဈေးသွားပြီး လိုအပ်တာလေး နဲနဲ သွားဝယ်မလို့  ++
++ ဟုတ်ကဲ့ဒါဆို ကျွန်တော်သွားတော့မယ်နော် ++
ဘတ်စ်ကားရောက်လာတာမို့  ကျွန်တော်ကားပေါ်တက်လိုက်ပါတယ် ။ ကြီးကြီးခင်ကတော့ ကျွန်တော့်ကိုပြုံးကြည့်ပြီးကျန်ခဲ့ပါတယ်။
တစ်ညနေ ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေး အအေးဆိုင်တစ်ခုမှာထိုင်နေစဉ် ။
++ ဟေ့ သက်သက် ဒါဘာလုပ်နေကြတာလဲ ++
++ ဘာလုပ်လုပ်  နင့်အပူပါလား ++
++ ငါနင့်အကိုကို ပြန်တိုင်လိုက်မှာနော် ++
++ တိုင်ပေါ့ ဘာဖြစ်လဲ ++
 ထို လူရွယ်က ကျွန်တော့်ကိုကြည့်ပြီး  ။
++ ဒီမှာဟေ့ကောင် မင်းသူနဲ့ မပတ်သက်ပါနဲ့  ကင်းကင်းရှုင်းရှင်းနေ ။ ပြောလို့ မရရင်တော့ငါ့အဆိုးမဆိုနဲ့ ++
++ ဟဲ့ အောင်ကြီး နင်သူ့ ကို ဘာမှပြောစရာမလိုဘူး ငါ့ကိုပဲပြော သွားတော့++
အောင်ကြီးဆိုသူကကျွန်တော့်ကို စိုက်ကြည့်ပြီး ထွက်သွားပါတော့တယ် ။
++ ကိုဇော် စိတ်ထဲမှာဘာမှမထားပါနဲ့  သူက ညီမအကိုရဲ့ သူငယ်ချင်းပါ ။ သတိတော့ထားနော် သူတို့ နဲ့ တွေ့ ရင်ရှောင်နော်++
ကျွန်တော်ဘာမှမပြော ခေါင်းညိတ်ပြလိုက်ပါတယ် ။
ကျွန်တော့် အဖေ နှင့်အမေ အထက်ဗမာပြည် ဘုရားဖူးသွားနေသည်မို့ အဖေ့ ညီမ အပျိုကြီးနှင့် ကျွန်တော်သာ အိမ်မှာရှိသည်။
++ အန်တီလေး ဒီမနက် မုန့်ဟင်းခါးဝယ်မထားဘူးလား ++
++ ပဲပြုတ်နဲ့ ထမင်းကြော်ပဲစားလိုက်နော် သား ။ အန်တီလေး ဈေးသွားဦးမယ် ။ဘယ်မှမသွားနဲ့  ++
++ ဒီနေ့ သား အဖေနဲ့  အမေပြန်ရောက်မှာ ++
++ အာ  အန်တီလေးကလည်း သားဒီနေ့ သွားစရာရှိတယ်++
++ ဒီနေ့ တနင်္ဂနွေနေ့ လေ ကျောင်းပိတ်တာပဲ  ဘယ်သွားဦးမလို့ လဲ ။ ဘာလဲကောင်မလေးနဲ့  လျှောက်လည်ဦးမလို့ မဟုတ်လား++
++ ကဲ သွားချင်ရင်လဲ နေ့ လည်မှ သွား ။ အန်တီလေးဈေးသွားတော့မယ် ။ အိမ်စောင့် နေ ++
++ ဟုတ်ကဲ့ အန်တီလေး ++
ဒီလိုနဲ့ တစ်ရက်ညနေဖက် ကျွန်တော် ကျောင်းကအပြန် လမ်းထဲကို ချိုးဝင်မလို့ လုပ်နေတုံး ။
++ ဟေ့ကောင်  နေဦး ++
ခေါ်သံကြောင့် ကျွန်တော်လှည့်ကြည့်လိုက်ပါတယ် ။ အောင်ကြီးနဲ့  အတူလူငယ်တစ်ယောက်  ကိုတွေ့ ရပါတယ် ။
++ သူပဲ သက်ခိုင်  မင်းညီမနဲ့ တွဲနေတာ ++
သက်ခိုင်ဆိုသူက ကျွန်တော့်ကို စေ့စေ့ ကြည့်ပြီး ။
++ မင်းက ငါ့ညီမနဲ့ ကြိုက်နေတာလား ++
ကျွန်တော်ခေါင်းညိတ်ပြလိုက်ပါတယ် ။ ထိုအခိုက် နောက်ထပ် ၂ ယောက်ထပ်ရောက်လာသဖြင့် သူတို့  ၄ ယောက်ဖြစ်သွားပါတယ် ။
ကျွန်တော့ကိုဝိုင်းထားလိုက်ပါတယ် ။ ပြီးတော့ သက်ခိုင်က ။
++ မင်းကိုငါ့ ညီမနဲ့  မပတ်သက်နဲ့ လို့ ပြောထားတာမင်းမသိဘူးလား++
++ သိပါတယ် ++
++ သိရင်ဘာလို့ ပတ်သက်နေတာလဲ ။ ငါတို့ ကိုေ--ာက် ဂရုမစိုက်တဲ့ သဘောလား++
ခုမှ သူတို့ ကိုသေသေ ခြာခြာ သတိထားကြည့်မိလိုက်တော့ ၄ ယောက်စလုံး အရက်မူးနေကြပုံရပါတယ်။
ဒါနဲ့ ကျွန်တော် လည်းစိတ်လျှော့ထားလိုက်ပြီး ။
++ အကို တို့ မကြိုက်ရင် ကျွန်တော်နောက်မပတ်သက်တော့ပါဘူး ကျေနပ်ပါတော့ နော်++
ထိုစဉ်အောင်ကြီးက ။
++ မကျေ နပ်ဘူး ချကွာ သက်ခိုင်  ++
++ မဟုတ်ဘူး ကျွန်တော်ပြောတာနားထောင်ပါဦး ++
ကျွန်တော်စကားပြောနေစဉ် အောင်ကြီးက ကျွန်တော့်ကို စပြီး လက်သီးနဲ့ ထိုးပါတယ် ။ဒီလိုနဲ့  ၄ ယောက် တစ်ယောက် ထိုးနေစဉ်။
++ ဟဲ့ ဟဲ့  မလုပ်ပါနဲ့ သားတို့ ရယ်ခြေလွန်လက်လွန် တွေဖြစ်ကုန်ပါ့မယ် ++
ဒုတ်  ခွပ်
သူတို့  သူငယ်ချင်းတစ်ယောက်က ဘယ်ကရလာမှန်း မသိတဲ့ သစ်သားချောင်းနဲ့  ကျွန်တော့်ကိုအရိုက် ။
ကျွန်တော့်ကို ပြေးဖက်ပြီး တွန်းလိုက်တဲ့ကြီးကြီးခင်ရဲ့ ခေါင်းကို ကွက်တိရိုက်မိသွားပါတယ် ။
++ ဟာဟေ့ကောင်တွေ  အဒေါ်ကြီးကိုရိုက်မိသွားပြီ  လစ်တော့ ++
ကြီးကြီး ခင်ဟာ သစ်သားချောင်းရဲ့ အရှိန် လူငယ်ရဲ့ လက်ဆအားအရှိန်ကြောင့် မြေပြင်ပေါ်ကို ပြစ်လဲကျသွားပါတယ်။
ကျွန်တော်ကလည်း လှမ်းဆွဲပေမဲ့  အမှတ်တမဲ့မို့  မမှီတော့ပါဘူး ။ ကျွန်တော်ကြီးကြီး ခင်ကိုပြေးပွေ့ လိုက်ပါတယ်။
ခေါင်းကထွက်လာတဲ့ သွေးတွေကမနဲပါဘူး ။ထိုအခိုက်လူအုပ်ထဲမှ ။
++ ၀ိုင်းကြည့်နေလို့ မပြီးဘူး ဆေးရုံပို့ ဖို့  လုပ်ကြလေ ++
ထိုစဉ် လမ်းထဲမှ ကျွန်တော့်အဖေ  အမေ နဲ့  အန်တီလေးတို့  ရောက်လာကြပြီး။
++ သား ဇော်ဇော် ရန်ဖြစ်လို့ ဆို ++
++ ဟုတ်တယ်အဖေ   ဒီမှာကြီးကြီးခင်ကို ရိုက်မိသွားတယ် ++
ကြီးကြီး ခင်ကိုမြင်တော့ အဖေ အမေ အန်တီလေးတို့  အံ့အားသင့်သွားတာကိုတွေ့ လိုက်ရပါတယ် ။
ဒီလိုနဲ့ ကြီးကြီးခင်ကို ဆေးရုံပို့ လိုက်ပါတယ် ။ ဒါပေမဲ့ ကြီးကြီးခင်ကံဆိုးပါတယ် ။ အသက်ကလည်းကြီး ။
ရိုက်လိုက်တဲ့ ဒုတ်အရှိန်ကြောင့် ဦးနှောက်ထဲကို သွေးရောက်သွားပြီး ဆေးရုံရောက်လို့  ၃ နာရီလောက်အကြာမှာ ဆုံးသွားပါတယ်။
ဆရာဝန်ကတော့ မသေခင်လေးမှာ သားသား လို့ အော်နေတယ်လို့  ကျွန်တော်တို့ ကို လာပြောပါတယ်။
++ သူ့ သားရှိသလား ရှိရင်ခေါ်ပေးလိုက်ကြပါဗျာ ++
တခြားသူတွေကတော့ဘာမှမဖြစ်ပေမဲ့ အဖေ အမေ နဲ့ အန်တီလေးတို့ ကတော့ မျက်စိမျက်နှာပျက်နေတာကို သတိထားမိလိုက်ပါတယ်။
ဒါနဲ့ ကျွန်တော်က ပြောလိုက်ပါတယ် ။
++ အဖေ ကြီးကြီး  ခင်ကို သိလားဟင် သူက သားသမီးမရှိပဲနဲ့  ဘာဖြစ်လို့ သားသား လို့ အော်နေရတာလဲ ++
၃ ယောက်စလုံးဘာမှမပြော စိတ်မကောင်းတဲ့မျက်နှာနဲ့  ခေါင်းကိုငုံ့ ထားကြပါတယ်။
တော်တော် လေးကြာတော့မှ ဆရာဝန်က လူနာဆုံးသွားပြီဖြစ်ကြောင်းလာပြောပါတယ် ။
အိမ်ပြန်ရောက်တော့မှ အန်တီလေး က ကျွန်တော့်ကိုပြောပါတယ် ။
++ ဟုတ်တယ်သား တွေ့ တွေ့ ချင်း အန်တီလေးတို့ လည်း အံ့သြသွားတယ် ထင်တောင်မထင်ဘူး။
အဲဒီတော့မှ ကျွန်တော့် အမေကဆက်ပြောပြပါတော့တယ် ။
++ နောက်ယောကျာင်္း တစ်ယောက်နဲ့ လိုက်သွားခဲ့တယ် ။ သူမလိုက်ခင်မှာအမေတို့ နဲ့  စကား အပြတ်ပြောခဲ့ကြတယ် ++
++ တစ်သက်လုံးသားကိုလာမတွေ့ ဖို့  ။ အမေတို့ အိမ်ကိုလည်း လုံးဝမလာဖို့ ပေါ့ ။သူလည်း ဂတိပေးပြီးလိုက်သွားလိုက်တာ ++
++ အခုသားလေးတစ်သက်ပဲ ။ မမျှော်လင့်ပဲ ပြန်တွေ့ လိုက်တော့ အမေတို့ လည်း အံ့အားသင့်သွားကြတာပေါ့ ++
++ သားကသာ သူ့ ကို အမေမှန်းမသိတာ သူကတော့အမေတို့  ကိုတွေ့ သွားပြီး သားဟာ သူ့ သားဆိုတာသိသွားပုံရပါတယ် ++
++ ဒါဆို သားအဖေ အရင်းကရောအမေ ++
++ သား အဖေ က သားလေး  မမွေးခင်  (၄) လလောက်မှာ ပန်းနာရင်ကြပ်ရောဂါနဲ့ ဆုံးသွားခဲ့တယ်သား ++
++ ပြောရမယ်ဆိုရင်တော့ သားအမေဟာယောကျာင်္းရ ကံဆိုးရှာတယ် ။ သားရဲ့ အဖေအရင်းက ပန်းနာသည် ။
++ ခုနောက်ယူတဲ့ သူက အရက်သမား ။ အင်းတွေးကြည့်ရင် လူ့ လောက တော်တော်ကြာက်စရာကောင်းတယ် ။ဒါဝဋ်ကြွေးတွေပဲ ++
ကျွန်တော်အမေ့ စကားနားထောင်ယင်း ကျွန်တော့်ဘေးနားတွင် ကြီးကြီး ခင်အမြဲရှိနေတာကို သတိထားမိလာသည် ။
ပြီးတော့ ကျွန်တော်နှင့်တွေ့ လျှင် အမြဲလိုလို ပြုံးနေတတ်သော ကြီးကြီးခင်မျက်နှာကို မြင်ယောင်နေမိသည် ။
သားကိုချစ်သောအမေတို့ ရဲ့ အပြုံးသည် ဒါမျိုးပဲဖြစ်မည်ထင်ပါသည် ။သြော် ကံဆိုးလိုက်တဲ့အမေရယ် ။
သင်းချိုင်းကုန်းတွင် ကြီးကြီးခင်ကို လိုက်ပို့ သောသူ များများစားစား မရှီပါ။ ကြီးကြီးခင်အခေါင်းမြေချကာနီးတွင် ကျွန်တော်။
အံကြိတ်ပြီးလက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ထားသည် ။ကျွန်တော့်အမေနှင့် အန်တီလေးက ။
++ သားလေးစိတ်ကိုတင်းမထားနဲ့ လေ ။ ငိုချင်ရင်ငိုချလိုက်ပါသားရယ် ။အဲဒါသားရဲ့  မွေးမေမေ ပဲ ကန်တော့လိုက် နော်။
ကျွန်တော်ထိုင်ကန်တော့ပြီးစိတ်ကိုလျှော့ချကာ တအားကုန်အော်ဟစ်ငိုကြွေးလိုက်ပါတယ် ။
မျက်ရည်များကလည်း ဒလဟောကျဆင်းလာသည် ။  တားဆီးလို့ မရနိုင်တော့ ။
အမေ   အမေ   အမေ   အမေ  
ကြီးကြီး ခင်ရေ   ကြီးကြီးခင်  အဟင့်  အဟီးဟီးးးးးးး
သင်းချိုင်းတစ်ခုလုံး အားလုံးလူတွေတိတ်ဆိတ်လျှက် ကျွန်တော်နှင့် အိချော လေး၏ ငိုသံများသာပျံ့ လွင့်လျှက်။
အမေ    အမေ   အမေ   အမေ   အမေ    အမေ   အမေ   အမေ 
ကြီးကြိးခင်  ကြီးကြီးခင်  ကြီးကြီးခင်  ကြီးကြီးခင်  ကြီးကြီးခင် ။။။။။။။။။။။။။။။
                                                                              သူငယ်ချင်းအားလုံးကို
                                                                              ချစ်ခင်လေးစားလျှက်
                                                                              ကိုမောင်မောင်
မှတ်ချက် ။။  ကိုယ်တိုင်ရေးဘလော့ဖြစ်ပါမည် ။။
ဗေဒင်ဆရာမလေးရဲ့ ချစ်သူ ..။ ရဲရင့်ခေါင် ။
$
0
0
သူငယ်ချင်းတွေ စုမိရင်းနဲ့ ချစ်သူတွေအကြောင်းကို ပြောမိကြတယ်.... ပထမဦးဆုံး အလှည့်ကျတဲ့သူက တေဇပေါ့...
“တေဇ မင်းမှာ ချစ်သူ ရှိလို့လား..ကွ ”
ရှိခဲ့တာပေါ့ကွာ...
လုပ်လေ ငါတို့ကိုပြောပြလေ.......
တေဇ မျက်နှာငယ်လေးဖြင့်.. သူပြောပြပုံလေးကတော့......
တစ်နေ့ငါ ... ရန်ကုန်မြို့ကြီးရဲ့ မြို့ထဲက တိုဂျို ဒိုးနပ်လေးမှာ ကောဖီးလေးသောက်ခဲ့တယ်..။ ၀ိုင်းတွေကလဲ ပြည့်နေတော့ ငါလဲ ရတဲ့နေရာ ၀င်ထိုင်လိုက်တယ်.. ငါ့ဘေးမှာ ကောင်မလေးတစ်ယောက်တော့ရှိတယ် ငါလဲ စိတ်တော့မ၀င်စားပါဘူး အပြင်က သွားလာလူပ်ရှားမူတွေကို ကြည့်နေမိတယ်.. ကောင်မလေးက ငါ့ကို ပြောတယ်...“ ရှင်ကြည့်နေနော် ဟိုဘက်ပလက်ဖောင်းက လူတစ်ယောက် ကားဖြတ်ပြီး ရေတွေက သူ့ကိုစင်သွားလိမ့်မယ်..” ..မကြာပါဘူး သူမပြောတဲ့တိုင်းပဲ အဲ့လူရှေ့ကို ကားက ဖြတ်ပြီး ဗွက်တွေက သူ့ကိုစင်သွားခဲ့တယ်..ငါ အံသြမှင်သက်သွားတယ်....
“ဟာ မင်းက ဗေဒင်ဆရာမလာ... အကြားမြင်လား...”
“အဲ့လိုပဲ ကျွန်မက အနာဂတ်ကို ကြိုမြင်တယ်... မကြာခင်ရှင်နဲ့ ကျွန်မ ချစ်သူဖြစ်လိမ့်မယ်..”
ဟင် ! ဟာ မဖြစ်နိုင်တာ...
“ ထပ်ပြောမယ် မကြာခင် ရှင့်ဆီကို ဖုန်းလာလိမ့်မယ်... အဲ့ဖုန်းက ရှင့်ကိုပိုက်ဆံချေးမယ် မချေးလိုက်နဲ့နော် ပြန်မပေးမှာက 95% လောက်ပဲ ”
မကြာပါဘူး ဖုန်းမြည်လာခဲ့တယ်...“ဟဲလို ....xxx
ညီလေးတေဇ အကိုကြီး အကိုကြီးအရေးကြီးနေလို့ ပိုက်ဆံ နှစ်သိန်းလောက်ချေးပါလာ..
မရှိဘူး... ချက်ချင်းကိုပင် ဖုန်းချလိုက်တယ်...။ ငါ မှင်သက်အံသြပြီး သူ့ကိုကြည့်နေမိတယ်...သေချာကြည့်တော့ သူမက တော်တော်ချောတယ်... ပြီးတော့ သူမ မချိပြုံးလေးနဲ့ ငါ့ကိုပြန်ကြည့်တယ်...။
ဘာလဲ ရှင်တော်တော် အံသြနေတာလာ....
ဟုတ်တယ် မင်း က အကြားမြင်လာ.... ဘာလဲ...မသိတော့ဘူး..။
ဒီလိုနဲ့ ငါနဲ့ သူ ......ချစ်သူဖြစ်သွားတယ်...
ဟင် ! မြန်လိုက်တာကွာ မင်းဟာကလည်း....
ဆက်ပြောမယ်...သူနဲ့ငါနဲ့ အိမ်ပြန်ချိန်မှာ သူက ငါ့ကိုပြောတယ်...
“ ဒီနေ့ ရှင်နဲ့ အိမ်ပြန်ရင် အိမ်ရှေ့မှာ အကြင်နာပေးလိမ့်မယ်..”
“ဟင်...”
ိအိမ်ရှေ့ကို ရောက်လာခဲ့သည်... သူမ မျက်စိလေးမှိတ်နေသည်..... ငါ နဖူးလေးကို နမ်းမည်အလုပ်...
ဖုန်း ဖုန်း..အ အ
ဘာလဲကွ ဒီကောင် သူများအိမ်ရှေ့မှာ.. ဖုန်း ဖုန်း
ဟာ ဦးလေး ဘာလုပ်တာလဲဗျ
ဘာ ဦးလေး ဟုတ်လာ...
အဖေလာမယ်ဆိုတာလဲ မမြင်လိုက်ပါလာ..ဒုက္ခပါပဲ..
ဘာ အဖေ...ဟုတ်လာ..
ငါလဲ တစ်ခါတည်း သုတ်ရတော့တာပဲ...။ တစ်ခါတစ်ခါကြတော့ သူနဲ့ချစ်သူဖြစ်ရတာ ကောင်းတာတွေလဲ ရှိတယ် မကောင်းတာလဲရှိတယ်.. ဘယ်လိုလဲဆိုတော့.. ကောင်းတာကတော့..
“ ရှင်ဒီနေ့ ခါးပတ်နိုက်ခံရလိမ့်မယ်... သတိထားနော်...”
ဒါဆိုငါ ပိုက်ဆံကို ပိုက်ဆံအိတ်ထဲမထည့်တော့ဘူး လေ....“ ဒေါ်ဘယ်လောက်ကျလဲ ” ပိုက်ဆံ ခါးမှာ နိုက်တော့ မရှိတော့ဘူး... အေးဆေးပဲ... ငါက ရှေ့က အိတ်ထဲ ပိုက်ဆံထည့်ထားတယ်လေ...
“ရှင်ဒီနေ့ ခေါင်းထိခိုက်ခံရလိမ့်မယ်..”
တိုက်အောက်ကို ဆင်းရင်း ငါခဏရပ်ပြီး ထီးဆောင်လိုက်လိုက်တယ်... ငါရှေ့ကို အပေါ်ထပ်က ပန်းအိုး ပြုတ်ကျလာတယ်..“ခွမ်း”
ဒါပေမယ့်မကောင်းတဲ့ချက်တွေကကြတော့...
ငါတစ်နေ့ game ဆိုင်မှာ ဆော့နေတုန်း သူ ရောက်လာတယ်.....မပြောမဆိုနဲ့ သူငါ့ပါးကိုရိုက်တယ်....
“ဖြန်းးး”
“ဘာလဲ ....”
“ သစ္စာမရှိတဲ့သူကြီး ရှင်ဒီနေ့ ကလပ်သွားပြီး ကဲမလို့မှတ်လာ...သွားရဲသွားကြည့်နော် အပြတ်ပဲ...”
“ဟင် .. သွားတောင်မသွားရသေးဘူး..”
ငါလဲ ကြာတော့ မသည်းခံနိုင်တော့တာနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ပြီး... သူအိမ်ရှေ့ ကိုရောက်ခဲ့တယ်......သူနေမကောင်းတာမြင်တာနဲ့ ငါလမ်းခွဲဖို့မပြောရက်တော့ဘူး....
သူငါ့ပါးကို ထပ်ချတယ် ဖြန်း...
ဟ ဘာဖြစ်ရပြန်ပြီလဲ..
နင်ငါ့စီကို လမ်းခွဲဖို့ လာတာမဟုတ်လာ....
ငါ လဲ ဘာပြောရမှန်းတောင်မသိတော့ဘူး.....
နင်နဲ့ ငါ လမ်းခွဲကြတာပေါ့ နင် စာမေးပွဲအောင်တော့ ငါဝမ်းသာတယ်.. စာမေးပွဲပြီးရင်လာခဲ့နော်.. အောင်မြင်မူလမ်းကောင်းအောင် ဓါတ်ဆင်ပေးမယ်...
သူနဲ့ လမ်းခွဲ ပြီး အပြန်မှာပဲ....ငါ ခေါင်းပေါ်ကို ပန်းအိုးတစ်လုံးပြုတ်ကျလာတယ်....
ခွပ်...
အာ.....
နောက်တော့ ဘာဖြစ်သွားလဲကွ ခုရှိသေးလာ.. ငါတို့ဗေဒင်သွားမေးမယ်...
မရှိတော့ဘူး...
ဘာလဲဟ..မင်းကလဲ
နှလုံးရောဂါနဲ့ သူသေသွားပြီလေ....
“မင်းဟာက လည်း စိတ်မကောင်းလိုက်တာ ဟိဟိ ရယ်စရာတော့ကောင်းသား...”
မရယ်နဲ့ကွာ....ငါခံစားခဲ့ရတာကွ....။   ရဲရင့်ခေါင် ။
****ကျွန်မဘ၀မီးအိမ်ရှင်လေး****
$
0
0
ကည်လင်တောက်ပနေတဲ့ မိုးကောင်းကင်ကြီးကို ကျွန်မ
မျက်စိတစ်ဆုံ ငေးကြည့်နေရင်း နွေးထွေးတဲ့လေညင်းလေးတွေကလဲ
ကျွန်မရဲ့ စိတ်တွေကို အဝေးတစ်နေရာသို့ ခေါ်ဆောင်သွားခဲ့တယ်
ဒါပေမဲ့ ကျွန်မရင်ထဲမှာခံစားနေရတယ် ဖြစ်ချင်ခဲ့တဲ့အရာလေးတစ်ခုကတော့
ကျွန်မအခုချိန်မှာသူ ရဲ့လက်ကလေးကိုတွဲပြီး
ဟိုးအဝေးက ကောင်းကင်ကြီးဆီကိုထွက်ပြေးသွားလိုက်ချင်တယ်။။။။။။
ကျွန်မ ဝမ်းနည်းနေချိန် မှာဆိုရင်သူက ကျွန်မကို အမြဲတမ်းအားပေးနေတဲ့ သူတစ်ယောက်ပေါ့
သူသာကျွန်မဘဝရဲ့ မီးအိမ်ရှင်းလေးပါ
သူချစ်ခြင်းသာကျွန်မရမယ်ဆိုရင် ကျွန်မ အရာအားလုံးကို
စွန့်လွတ်အဆုံးရှုံးခံရဲတယ်
"မြူဘာဖြစ်နေတာလဲ မျက်နှာလဲ မကောင်းပါလား နေမကောင်းဘူးလား"
"ကောင်းပါတယ် အိပ်ရေးပျက်တာများလို့ မရွှင်မလန်းပဲဖြစ်နေတာပါ"
|"မှန်းစမ်း နဖူးကိုစမ်းကြည့်ရအောင်"
"ဟာ ..နင်ကလဲ "
"ကဲပါ ရှက်မနေနဲ့ကိုတော့မပူပါဘူး ကဲ ဒီလိုလုပ် စိတ်ညစ်တာလေးတွေပျောက်သွားအောင်
ကိုတို့တစ်ခုခုသွားစားကြမယ်လေ"
"ကောင်းသားပဲ"
အဲလိုလေးတွေဂရုစိုက်တတ်ခဲ့တာသူကကျွန်မအပေါ်ကိုလေ
ကျွန်မအားငယ်နေချိန်မှာ ဆိုရင်တော့ သူက အားပေးဖ်ာပေါ့ ကျွန်မစိတ်ညစ်နေတဲ့
အချိန်မှာဆိုရင်လဲ သူက ကျွန်မပျော်ရွှင်အောင် လုပ်ပေးတက်တဲ့သူတစ်ယောက်ပေါ့
သူနဲ့တွေ့ရင်လဲ ကျွန်မဟာအရမ်းပျော်ရွှင်နေတဲ့သူတစ်ယောက်ပေါ့ ဘာကြောက့်လဲဆိုတော့
သူက ကျွန်မကိုပျော်ရွှင်အောင်ထားတယ်လေ။။။
သံယောဉ်ဇဉ်ဆိုတဲ့ ကမ္ဘာလေးက အချိန်ကြာလာတာနဲ့အမျှ အချစ်ဆိုတဲ့ကမ္ဘာလေးသို့
ကူးပြောင်းကြစမြဲပါ ဒါပေမဲ့ကျွန်မသိလိုက်တယ် သူ့ကိုကျွန်မချစ်နေမိတယ်ဆိုတာကိုပဲ သူ့ရဲ့
အပြုံးကတော့ ကျွန်မအတွက်တော့ ဟန်ဆောင်မှူတွေကင်းမဲ့လှပါတယ် သေချာတယ်
ကျွန်မသူ့ကို ချစ်မိနေပြီ ဖွင့်ပြောဖို့ကလဲ ကျွန်မက မိန်းမသားလေ အို
မိန်းမသားဖြစ်ရတာလဲမလွယ်ပါလား
"လင်းလင်း"
"အင်း ပြောလေ မြူ"
"မနက်ဖြန်ဘာနေ့လဲသိလား"
"အင်းမနက်ဖြန်...မနက်ဖြန် sunday လေ ဘာဖြစ်လို့လဲမြူရဲ့"
"အော်...ဘာမှမဟုတ်ပါဘူးမေးကြည့်တာပါ မနက်ဖြန်နင်အားလား"
"မနက်ဖြန်ငါမအားဘူးမြူ..ချိန်းထားတာရှိလို့"
"အော်အေးအေး..ဒါဆိုလည်းနေတော့ငါဘာသာသွားလိုက်မယ်"
ကျွန်မလေ၀မ်းနည်းသွားမိတယ်သူကျွန်မမွေးနေ့ကိုမေ့နေခဲ့တယ်.ကျွန်မလေသူမွေးနေ့ကို
တရက်မှမမေ့ပါဘူး.သူမွေးနေ့ရက်တိုင်းကျွန်မသူအတွက်ကုသိုလ်တွေအမြဲလုပ်ဖြစ်ခဲ့တယ်
"မြူ..ဟဲ့အော်..ဘယ်လိုဖြစ်နင်စိတ်မကြည်ဘူးလား
လာကစားကွင်းသွားမယ်"
သူရဲ့ဂရုစိုက်မူရတော့လည်းသူကိုစိတ်ဆိုးမိတာကျွန်မမေ့သွားခဲ့ပါတယ်
အဲနေ့တနေ့လုံးကျွန်မအရမ်းပျော်ရွှင်ခဲ့ပါတယ်သူရဲ့ဂရုစိုက်မူအလိုလိုက်မူ
ကစားကွင်းကနေညနေစောင်းထိဆော့ခဲ့ပြီးအအေးဆိုင်ထိုင်ခဲ့ပါတယ်နောက်
ကျွန်မကိုအိမ်လိုက်ပို့ပေးခဲ့ပါတယ်။
.နောက်နေ့မနက်ကတော့ကျွန်မတယောက်တည်းဘုရားကိုသွားဖြစ်ခဲ့ပါတယ်
ဘုရားသွားဆွမ်းချိုင့်ပို့ပြီးကျွန်မအိမ်မှာပဲအချိန်တွေကုန်ဆုံးစေခဲ့ပါတယ်
ည(၈)နာရီရောက်တော့ဖုန်းသံကြားလို့သွားကိုင်မိချိန်မှာတော့
"ဟလို"
"ဟလို ...မြူ..မြူလား"
"အင်း..လင်းလင်း..မြူပါ ပြောလေ ဘာဖြစ် အသံကလည်း နင်မူးနေတာလား "
အေး..ဟုတ်တယ်မြူ..ငါခံစားနေရတယ်ဟာငါကိုခွင့်လွတ်ပါဟာ..ငါလေငါဒီနေအရမ်းမူးနေတယ်
ငါချစ်သူကငါကိုမချစ်ဘူးတဲ့မြူရယ်.ငါလေအရမ်းခံစားရတယ်..ဒီနေ့သူကအဖြေပေးမယ်ဆိုလို့
ငါသွားခဲ့တာ..ဟိုရောက်တော့...သူက..ငါ..ငါကိုသူချစ်သူနဲ့မိတ်ဆက်ပေးတယ်ဟာ.....
မြူငါ..ငါဘာဆက်လုပ်ရမလည်းး....ငါအရမ်းစိတ်ညစ်တယ်...အေ့..."
ဘုန်း....(..ဖုန်းခွက်လွတ်ကျသံ)
"ဟဲ့..အော်..ဖုန်းလွတ်ကျသွားတာတူတယ်..."
ကျွန်မဘာပြောရမလည်း..ကျွန်မသူကိုဘယ်လိုအားပေးရမလည်း...ဒီအချိန်မှအပြင်ထွက်ရင်
လည်းမေမေကဆူမှာ..သူကိုကျွန်မစိုးရိမ်နေမိတယ်...သူဘယ်လိုနေရှာမလည်း...
ကျွန်မတညလုံးဖုန်းနားကမခွာပဲထိုင်နေခဲ့မိတယ်သူများဖုန်းပြန်ဆက်လာလေမလား..
ကျွန်မမနက်(၆)နာရီကျတော့မနေနိုင်တော့ဘူးမေမေကိုပြောပြီးအပြင်ထွက်လာမိခဲ့တယ်
သူအိမ်ကိုပေါ့..
"ဒေါက်..ဒေါက်"
ကျွန်မဘယ်လိုခေါက်ခေါက်သူကမနိုးလာပါဘူး..ကျွန်မအချိန်ကြာအောင်သူအခန်းရှေ့ထိုင်စောင့်
လိုက်ရတယ်သူကမနက်(၁၀)နာရီမှနိုးလာခဲ့တယ်..သူတံခါးဖွင့်ဖွင့်ချင်း
'မြူ..နင်ဘယ်အချိန်တည်းကရောက်နေတာလည်းဘာဖြစ်လို့လည်း..ဘာကိစ္စရှိလို့လည်း..
နင်တခုခုဖြစ်လို့လား .."
သူကကျွှန်မကိုပြန်မေးနေတယ်...
"ငါခေါင်းမူးနေတယ်ဟာညကတော်တော်မူးသွားတယ်..နင်ခဏထိုင်နော်
ငါမျက်နှာသစ်လိုက်မယ်"
သူမျက်နှာသစ်နေတုန်းကျွန်မကော်ဖီဖျော်ပေးလိုက်တယ်သူအတွက်
သူရယ်နင်ဟန်ဆောင်ကောင်းနေတာလားနင်ဘာဖြစ်လို့မပြောတာလည်း
ငါအတွက်စိတ်ပူနေလို့လား ငါရင်ဘတ်ထဲနင်မြင်နေတာလား သူရယ်
"မြူဘာလုပ်နေတာလည်း အော်နင်ကလည်း အိမ်မှာဘာမှရှိဘူးဟ.အပြင်သွားစားမယ်လေ"
"အင်းပါ....စားပါမယ်နင်ခေါင်းမူးနေတယ်ဆိုလိုကော်ဖီဖျော်လိုက်တာ..."
"အဲဒါတွေကြောင့်ငါသူငယ်ချင်းလေးကိုချစ်နေရတာ"
ဆိုပီးကျွန်မပါးဖောင်းဖောင်းကိုသူလာဆွဲပါတယ်...တခါတလေသူကအဲလိုပဲ
ကျွှန်မကိုသူညီမလေးလို..တခါတလေကျတော့လည်း
..ကျွန်မသိက္ခာကျမှာအရမ်းကြောက်တာလေလမ်းသွားရင်တောင်ကျွန်မနဲ့ယှဉ်မသွားလို့
ကျွှန်မအတင်းပြောယူမှခုတူတူလျှောက်တာ တော်ကြာနေသူများမြူကိုထင်မှာစိုးလို့တဲ့လေ
သူအိမ်ကိုတောင်မလာခိုင်းဘူး လေ ကျွန်မအတွက်သူကတော့မီးအိမ်ရှင်လေးဖြစ်သလို
လေးစားစရာသူငယ်ချင်းယောက်ျားလေးပါ..သူကိုကျွန်မလေးလည်းလေးစားသလို
ချစ်လည်းချစ်တယ်..သူအခုအားငယ်နေတဲ့အချိန်သူကအားပေးချင်နေမိတယ်လေ
                     ကျွန်မကြေကွဲအားငယ်နေချိန်မှာသူရဲ့  အားပေးမူ ရယ်မောစရာပျက်လုံးတစ်ချို့ ကြောင့် ပြုံးခဲ့ဖူးတယ်ခဲ့ရတယ်။
ခုချိန်မှာ သူပြုံးအောင် ကျွန်မစွမ်းဆောင်နိင်ပမလား..ဒဏ်ရာသက်သာတဲ့ဆေးတစ်ချို့ တော့သူအတွက်ပေးချင်မိတယ်
သူခဏသက်သာလိုညားပေါ့.....။
သူရယ်ကျွန်မ ကသူအတွက် အကောင်းဆုံးသမားတော် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်သူအတွက်ကျွန်မအချစ်ကသူအတွက်တော့
ပေးဆပ်ပြီးချစ်မယ့်အဖြူရောင်အချစ်သန့်သန့်လေးပါ။
သူကိုကျွန်မချစ်နေတာသူမသိလည်းနေပါစေ သူဒဏ်ရာပျောက်ကင်းဖို့သာကျွန်မဆုတောင်းနေမိတော့တယ်...
အချစ်ဆိုတာ ကိုယ်ချစ်တာကိုသူသိမှမဟုတ်ပါဘူးလေ သူအပေါ်ပေးဆပ်နေရင်းကိုကျေနပ်နေခြင်းကလည်း
အချစ်ပဲလို့ကျွန်မယုံကြည်လိုက်မိတယ်..သူသိသည်ဖြစ်..မသိသည်ဖြစ် ..ကျွန်မချစ်ခြင်း က
ရှိနေမယ်..ဖြစ်တည်နေမယ် ..ချစ်နေမယ် ဆိုတာပါပဲ.....
ချစ်သူတိုင်းအတွက် ကိုယ်ချစ်ရသူက ကိုယ်အတွက် မီးအိမ်ရှင်လေးပါပဲ
ချစ်သူတိုင်း စစ်မှန်ချစ်ခြင်းရရှိနိုင်ပါစေ။
အချစ်ရဲ့အေးမြခြင်းကိုခံစားရရှိနိုင်ပါစေ။
အားလုံးကိုချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ
တိုးတိုးတိတ်တိတ် ဓမ္မဆရာများ (၁)
$
0
0
တိုးတိုးတိတ်တိတ် ဓမ္မဆရာများ (၁)
--------------------------------------------------------------------------------------------------------------------
လောကော သတ္တာန မာစေရော = လောကကြီးသည် သတ္တဝါတို့ရဲ့ ဆရာသမားပါ
ကျွန်တော်တို့တတွေမှာ ဓမ္မဆိုင်ရာအသိဉာဏ်တွေ ရင့်သန်လာအောင် အနီးကပ်သွန်သင်ညွှန်ပြဆုံးမနေကြတဲ့
ဓမ္မဆရာတွေရဲ့ တိုးတိုးတိတ်တိတ်ဆုံးမချက်လေးပါ
သတိမထားမိသေးရင် သတိထားမိအောင်လို့ပါ
 မြင်တတ်ကြည့်တတ် သတိထားတတ်ပြီးတော့ ဓမ္မအမြင်လေးတွေ ကြည်လင်ကြပါစေ
----------------------------------------------------------------------------------------------------------------------------
ဓမ္မဆရာ အမှတ် (၁) = အရွယ်မရောက်သေးသော ကလေးသူငယ်များ
အရွယ်မရောက်သေးတဲ့ နို့စို့အရွယ် မိခင်က ရင်အုပ်မကွာစောင့်ရှောက်နေရတဲ့ ကလေးသူငယ်တို့ရဲ့
ကျွန်တော်တို့အပေါ် အနီးကပ်တိုးတိုးတိတ်တိတ် ပို့ချညွှန်ကြားချက်များပါ။
‘အမေ အဖေ အစ်ကို အစ်မ ဦးဦး ဒေါ်ဒေါ် ဖိုးဖိုး ဖွားဖွားတို့ ကျွန်တော့ကို ကြည့်ကြပါ။
ကျွန်တော့မှာ ခြေလက်အစုံ မျက်စိစတဲ့ အင်္ဂါအစုံ အခြားလူသားအားလုံးနဲ့ ထပ်တူထပ်မျှရှိပါတယ်။
သို့သော်ငြားလည်း ကျွန်တော့ရဲ့ ခြေလက်အင်္ဂါ အားလုံးတို့ဟာ ခြေလက်ကိစ္စပြီးမြောက်အောင်
မဆောင်ရွက်နိုင်ကြပါဘူး။
ကျွန်တော့ကိုယ်မှာ မှက်ခြင်ယင်တွေ ကိုက်ခဲတဲ့အခါ ကျွန်တော်ဟာကိုယ့်လက်ကိုယ်ခြေနဲ့ မဖယ်ရှားနိုင်ပါဘူး။
သူတို့ကိုက်ခဲသမျှခံနေရပါတယ်။ အမေက ခြင်ထောင်ထောင်ပေးမှ ဒါမှမဟုတ် ယပ်လေခပ်ပေးမှ
ကျွန်တော့မှာ သက်သာရာရပါတယ်။
အိပ်ရာထဲ ပုခက်ထဲမှာ လှဲအိပ်နေတာကြာလို့ ညောင်းညာပင်ပန်း ကျောပူခါးပူပြန်ရင်လဲ ကျွန်တော့ဘာသာ
မလှည့်ပြောင်းနိုင်ပါဘူး။ အမေလာလို့ လှည့်ပြောင်းပေးမှ သက်သာရပါတယ်။
နို့ဆာရေငတ်အစာပြတ်လပ်တဲ့အခါမှာလည်း ကျွန်တော့ရဲ့လက်ခြေတွေနဲ့ ကျွန်တော်ကိုယ်တိုင်
ယူငင်စားသောက် မလုပ်နိုင်ပါဘူး။ အမေမလာမချင်း ငိုကြွေးခြင်းနဲ့သာ အကြောင်းကြားနေရပါတယ်။
ကျင်ကြီးကျင်ငယ် ရွံစဖွယ်တွေနဲ့ လူးလဲနေရတဲ့အခါမှာလည်း တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်
ဒီခြေလက်တွေနဲ့ ဘာမှမလုပ်နိုင်ပါဘူး။ အမေလာလို့ရှင်းပေးမှ ကျွန်တော့်မှာ သန့်ရှင်းရပါတယ်။
အမေတို့ အဖေတို့ ဒါတွေဟာ အလွန်အမင်းကြီးမားလှတဲ့ ဒုက္ခဆင်းရဲတွေပါ။
ဒီဒုက္ခဆင်းရဲအားလုံးဟာ ဇာတိလို့ခေါ်တဲ့ ဘဝသစ်တစ်ဖန်ပြန်ဖြစ်ရခြင်းကြောင့် ရတဲ့ဒုက္ခတွေပါပဲ။
ဒီဇာတိကို ရနေသမျှ ကျွန်တော်တို့ဟာ ဆင်းရဲနေရမှာပါ။ အမေတို့အဖေတို့လည်း ဒီအတိုင်းပါပဲ။
ဘဝကမလွတ်မြောက်သေးသမျှ ဒီဒုက္ခတွေကို ခံစားကြရဦးမှာပါ။ ဒါကြောင့် ကျွန်တော့ကိုကြည့်ပြီး
ဘဝကလွတ်မြောက်ကြောင်း ကုသိုလ်ကောင်းမှုတွေကို မမေ့မလျော့အားထုတ်ကြပါ။
နောက်ထပ်ဇာတိတစ်ခုမလာခင်မှာ ကြိုတင်ပြီးတော့ ဒါန,သီလ,ဘာဝနာတွေကို ကြိုးစားပြုလုပ်ကြပါ’-လို့
အကြိမ်ကြိမ်အထပ်ထပ် တိုးတိုးတိတ်တိတ်ပြောပြနေပါတယ်။
(သူငယ်ချင်းတို့ကို တိုက်တွန်းလိုပါတယ်။ သားသားမီးမီးတွေနဲ့တွေ့တဲ့အခါ ချစ်ခြင်းဆိုတဲ့
မျက်လုံးတစ်ဖက်ထဲနဲ့သာ မကြည့်ပဲ သားသားမီးမီးတို့ရဲ့ အသံမဲ့တရားတော်များကိုနာကြားရင်းနဲ့
ဓမ္မမျက်လုံးကလေးတပ်ပြီးတော့လဲကြည့်ကြပါလို့။ ဒါမှသာ ကျွန်တော်တို့ရဲ့ သားသားမီးမီးတွေအပေါ်
ချစ်ခြင်းဟာလဲ အေးငြိမ်းချမ်းမြပြီးတော့ ကျွန်တော်တို့မှာလဲ တရားအသိတိုးပွားလို့ ကောင်းမှုမကင်းတဲ့
ဘဝခရီးကို လျှောက်လှမ်းနိုင်မှာပါ။)
သူငယ်ချင်းအားလုံး ဓမ္မအမြင်ကြည်လင်လို့ သာယာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ
မွန်လေး
ရော်ရွက်များနဲ့ …
$
0
0
ဘာလိုလိုနဲ့ အသက်တွေ ကြီးလာကြ ပြီ လို့
မိတ်ဆွေတွေနဲ့ ပြောရင်းက ကျောင်းသားတစ်ယောက်က ထပြောတဲ့ ဘုရားဂေါပက ကြီးရဲ့အဖြစ်ပျက်ကြောင့် ရယ်ရသေးတယ်၊
ဒီလို ဂေါပက မျိုးဆိုရင်တော့ တော်တော် ဂွကျမှာပဲ တဲ့
တစ်ယောက်က ရေရွတ်တယ်………………..
ဟုတ်ပါ့………………..
……………………………………………………….
ဘုရားဂေါပက ကြီး တစ်ယောက် တဲ့၊
ဘုရားဆင်းတုတော်လေး ကို ရပ်ကွက်ထဲ အပူဇော်ခံဖို့ ပွေ့အယူမှာ
ပုဆိုးစ က လက်နဲ့ ငြိပါပြီး အောက်စလွတ်သလို ဖြစ်သွားသတဲ့၊
ဒါကို ဂေါပက ကြီးက မသိရှာဘူး၊
ရပ်ကွက်ထဲ ဘုရားဆင်းတုတော်လေး ပင့်ပြီ အပူဇော်ခံဖို့ အားလုံးရဲ့ ရှေ့ဆုံးက မော့မော့
မော့မော့နဲ့ အသွား၊
ကောင်မလေးတွေက သူ့ကို ကြည့်ပြီး တခိခိနဲ့ ရယ်ကြပါလေရော၊
ဒါကို ဂေါပက ကြီးက ဘာမှမသိဘဲ လှမ်းငေါက်လိုက်ပါတယ်၊
ဟဲ့………. ဟဲ့ ကလေးမလေး တွေ ဘာရယ်နေတာလဲ ၊
ကြည်ညိုကြလေ ကြည်ညိုကြ တဲ့
) တော်တော်နောက်တဲ့ ဂေါပက …………………….
…………………………………………………………………………..
(fawzia koofi) ဖေါ်ဇီယာ ကူဖီ ဆိုတဲ့ အာဖဂန်နစ္စတန် နိုင်ငံက ပါလီမန် အဖွဲ့ဝင် အမျိုးသမီးရဲ့
The favored daughter ဆိုတဲ့ စာအုပ်ထဲမှာ ရေးဖူးတယ်၊
သူ့အဖေက ဘဝမှာ သူ့ကို စကားတခွန်းပဲ
ပြောဘူးတယ်တဲ့ အဲ့ဒီစကားက……………
ထွက်သွား” ဆိုတာပါပဲ
နှစ်သစ်တွေ တစ်ခါ လဲတိုင်း လူတွေက ပျော်ဖို့ ရွှင်ဖို့လောက် စဉ်းစားနေကြတာပါ
တကယ်တော့ နှစ်သစ် ဆိုတာ ကိုယ့်ကို ပြောနေတဲ့စကား တခွန်းပါပဲ
ထွက်သွား တဲ့
လူတွေက သတိမထားမိလိုက်ကြဘူး၊
ဒါမှ မဟုတ် မကြားချင်ဟန် ဆောင်နေတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့လေ၊
………………………………………………………………
အသက်ကြီးပြီး အချိန်မစီးဘူး ဆိုတဲ့ လူငယ်တွေရဲ့ လူကြီးတွေကို ဆုံးမတဲ့ ဆုံးမ စကားနဲ့ ပါတ်သတ်ပြီး ပြောဖြစ်တော့ မိတ်ဆွေတစ်ယောက်က ထပြောတယ်၊
ဒါဟာ လူငယ်တွေက ရိုင်းတာလား
လူကြီးတွေကပဲ တကယ် မလိမ်မာတာလား
ဘာပဲ ပြောပြော သူကတော့ တိပိဋက ဆရာတော် ဒေါက်တာ အရှင်သုမင်္ဂလာလင်္ကာရ ရဲ့ စကားလေး တစ်ခွန်းကို သွားသတိရမိတယ်၊
လူကြီးတွေကို လေးစားပါ ရိုသေပါ၊
လူကြီးဆိုတာ………ကိုရင်တို့ ဦးဇင်း တို့ထက် ဘုန်းကံမြင့်လို့
အရင် လူ့လောကထဲကို ရောက်လာတာ၊”
ဒါနဲ့ ပါတ်သတ်ပြီး ဗုဒ္ဓအရှင်ရဲ့ ဘကြီးတော်ရဲ့ သား တူတော်မောင် ရဟန်းကြီး တိဿရဲ့ အဖြစ်ပျက်ကို ပြောပြီး ဒီလို မလိမ်မိုး မလိမ်မာ အသက်ကြီးလာတဲ့ လူတွေလဲ ရှိမှာပါ လို့တွေးပြီးပြုံးရသေးတယ်၊
တိပိ ဆရာတော်ဘုရားကြီးက
သူ့ရဲ့ သြဝါဒမှာ ဘာဆက်ပြောထားလဲ ဆိုတော့……………
လူကြီးတွေကလဲ ငါ လူကြီးလား၊ လူအိုလား ဆိုတာ ဆန်းစစ်ကြ တဲ့
ဆရာတော် ဆိုလိုရင်းက အတတ်ပညာ ဗဟုသုတ မရှိဘဲ လူငယ်တွေထက် အသက်ကြီးတာကတော့
လူကြီး မဟုတ်ပါဘူး လူအိုတဲ့
လူကြီးဆိုတာ လူငယ်တွေထက် ဗဟုသုတ နဲ့ ပညာအရာမှာ အမြဲခေါင်းတစ်လုံး သာနေရမယ်၊ အဲ့ဒီလို ဗဟုသုတ တွေနဲ့ ပြည့်စုံမှလဲ လူကြီးစစ်ဖြစ်မယ် ၊
မဟုတ်လို့ကတော့ လူအိုပဲ တဲ့၊
မသိမသာ မှုတ်ထုတ်လိုက်တဲ့ လေပူ တစ်ချက်က နွေဦးလေ တွေ ကြားထဲတိုးဝင် ပျောက်ကွယ်၊
ဘာပဲပြောပြော ခုချိန်မှာ သူသတိရမိတာက ဆော့ခရတ္တိ ရဲ့ ကမ္ဘာကျော် စကားတစ်ခွန်းပင် ၊
ငါ ဘာမှ မသိသေးပါလား
……………………………………………………………………
ဗုဒ္ဓအရှင် ရဲ့ တူတော်မောင် တိဿ ရဲ့ ပိဋကတ်နေရာ တော်တော်များများဟာ ဝဖိုင့်ဖိုင့်
ထုံးထိုင်းထိုင်း လူတစ်ယောက်ရဲ့ ဟန်အမူအရာတွေက လွှမ်းမိုးထားတာ တွေ့ရပါတယ်၊
ပိဋကတ် ကျမ်းပြုဆရာတွေကလဲ အရှင်တိဿ ကြီး ဆိုရင် ရယ်စရာတော်တော် ကောင်းတဲ့ ဝတုတ်တုတ် ဟာသ ကြီးတပုဒ်လိုများ ထင်နေလား မသိ၊
ရေးလိုက်ကြပုံများ………….
မဟလ္လကကာလေ ပဗ္ဗဇိတွာ ဗုဒ္ဓါနံ ဥပ္ပန္နလာဘ သက္ကာရံ ပရိဘုဉ္ဇန္တော ထူလသရီရော”
အသက်ကြီးလာမှ ရဟန်းပြုပြီး သာသနာတော်ရဲ့ ဖြစ်ပေါ်လာတဲ့ လာဘ်လာဘ တွေကို သုံးဆောင်ခံစား၍ ဆူဖြိုးသော ခန္ဓာရှိသူ” တဲ့
မျက်လုံးထဲ မြင်ယောင်ကြည့်လိုက်တာနဲ့ ဝတုတ်တုတ် ရဟန်းကြီး တစ်ပါး တလှုပ်လှုပ် သွားနေတဲ့ ဟန်ကို သူက ပြုံးမိပါသေးတယ်၊
ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး မင်းမျိုးမင်းနွယ်က ရဟန်းပြုလာသူ ဆိုတော့ ရာဇမာန်လေးကလဲ ရှိ မြတ်စွာဘုရားရဲ့ တူတော်မောင် ဆိုတဲ့ အရှိန်လေးကလဲ ရှိဆိုတော့ သူအမှားတခုလုပ်တိုင်း မြတ်စွာဘုရားကို ငိုယိုပြီး တပည့်တော်ကို ဘယ်ရဟန်းတွေကဖြင့် အနိုင်ကျင့်တယ် ဘုရား ဆိုပြီး တိုင်တတ်တဲ့ အကျင့်လေး ကလဲ ပိဋကတ် ဆရာတွေရဲ့ မှင်ဖျားကို ဟာသ ပိုဆန်စေသွားတာပါ၊
ဟုတ်မှာပါ စဉ်းစားကြည့်လေ ဒီခန္ဓာ ကိုယ်ကြီးနဲ့ အသဲနုပြီး မျက်ရည်က လွယ်သေး ဆိုတာကလား၊
နောက်တခု ကျန်သေးတယ် ဗျ၊
ဒီဝတုတ်တုတ် ထေရ်ရှင်က အလှလဲ ကြိုက်သေး ဆိုပဲ၊
သူ့ကြည့်လိုက်ရင် အမြဲ သင်္ကန်းအကောင်းစားကြီး တချွင်ချွင်နဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ဧည့်တွေ့ဆောင်ကြီး ထဲမှာ အမြဲ လေညှင်းခံပြီး ဇိမ်ခံတတ်သေး ဆိုပဲ၊
…………………………………………………………………..
တခါတော့ ဗုဒ္ဓအရှင်ကို ဖူးမြော်ရန် ကြွလာကြတဲ့ ဧသည့်ရဟန်းတွေက ဧည့်ခန်းဆောင်ကြီးထဲ
မိန့်မိန့်ကြီးထိုင်တော်မူနေတဲ့ အရှင်တိဿ ကို တွေ့တော့………
အင်း……..ဝါတော် မြင့်တဲ့ မထေရ်ကြီး တပါးပဲ ဖြစ်မှာပ လို့တွေးပြီး
အရှင့်ရဲ့ ဘေးကို သွားပြီး ဝတ်ကြီး ဝတ်ငယ်မေးကြ
ခြေဆုပ် လက်နယ် ပြုပေးဖို့ အကြိတ် အနယ်မေးကြနဲ့၊
ထေရ်ရှင်ကလဲ အခွင့်အရေး ရသခိုက်မို့ မိန့်မိန့်ကြီးနဲ့ မှိန်းနေသတဲ့၊
ဒါနဲ့ စပ်မိစပ်ရာ ပြောကြရင်းက ခပ်စွာစွာ ကိုယ်တော်လေး တစ်ပါးက
နို့ နေစမ်းပါဦး အရှင်ရဲ့ အရှင်ရဲ့ သိက္ခာတော်က ဘယ်လောက်တောင် ရှိပြီလဲဗျ”
ဖျန်း ခနဲထလာတဲ့ ကြက်သီးသံက ကြောက်စရာကောင်းလောက်ပေမည်၊
မျက်နှာ တစ်ဖက်ကို ဝှက် သာသနာ့ ဝန်ထမ်းဆိုတာ မလိမ်ရလေဘူးလေ ဆိုတဲ့ လောက ပညတ္တိ ပဏ္ဏတ္တိ ပညတ္တိ ကရှိနေသေးလေတော့ မပြောလို့လဲမဖြစ် ဆိုတော့ အရှင်မြတ်ကြီး ခက်ခက်နဲ့ပဲ ငပိထဲ ဆားသိပ်ရတော့မှာပေါ့လေ ဆိုတဲ့ ဟန်နဲ့ ပျက်နေတဲ့ မျက်နှာကို ပြန်တင် ဟီး ခနဲ မို့မောက်နေတဲ့ ပါးနှစ်ဖက်ကို ကားခနဲ ဖြစ်သွားအောင် တစ်ချက် စိတ်မပါတပါ ရီပြကာ……..
တပည့်တော်က ဝါမရသေးဘူးဘုရား အသက်ကြီးမှ သာသနာ့ဘောင်ထဲ ဝင်လာတာပါ
ဧည့်ထေရ်ရှင်တွေ ဆတ်ခနဲ မော့ကြည့်ကုန်သည်၊
ခုနက မေးမိတဲ့ ထေရ်ရှင်လေးကလဲ ဆက်ခနဲ တွန့်သွားကာ လက်ညှိုးငေါက်ငေါက်ထိုးလျှက်……….
အရေ ဒုဗ္ဗီနိတ မဟလ္လက ဟယ်… အသက်ကြီးပြီး အသိတရား မရှိတဲ့ လူအိုကြီး ဒီလောက် ဝါတော် သိက္ခာ ကြီးတဲ့ မထေရ်ကြီးတွေ လာနေတာတောင် အရိုအသေ မပြု၊ ဝတ်ကြီး ဝတ်ငယ်တွေနဲ့ ပြောတော့လည်း ငြိမ်ပြီး မှိန်းနေတယ်၊ သင့်မှာ ဘာအသိတရားမှ မရှိပါလား”
ပြောခံရချင်းချင်း မထေရ်ရဲ့ ရာဇမာန်နဲ့ တူတော်မောင်ဆိုတဲ့ အသိက မာန ကို ထောင်းခနဲ ဖြစ်သွားစေကာ……
နေစမ်းပါဦး သင်းတို့က ဘယ်ကိုလာတာလဲ
ဗုဒ္ဓအရှင် ဆီကိုပေါ့
အံမယ်…….. သင်းတို့က ကျွန်ုပ်ကို ဘာထင်နေသလဲ သင်းတို့ကို အမြစ်ကနေ ဖြတ်ပြစ်မယ် ကြည့်နေ ” ဟုဆိုကာ
ဆောင့်ဆောင့်နဲ့ ဖနောင့်နဲ့ မြေကြီး ရန်ဖြစ်ကာ လက်တစ်ဖက်နဲ့ သင်္ကန်းတစ်စကို ကိုင်
မသိရင် ကလေးတစ်ယောက်ကို လူကြီးက အနိုင်ကျင့် ထိပ်ခေါက်လိုက်လို့ ငိုယိုနေတဲ့ ဟန်နဲ့
မြတ်စွာဘုရား ဆီသွားပါတယ်၊
မြတ်စွာဘုရားက တိဿအရှင်ကြီး ငိုယိုလာတာလဲ တွေ့တယ် ဆိုရော
တိဿကြီး ဘာလို့ငို နေတာလဲ
မြတ်စွာဘုရား တပည့်တော်ကို ဒီအာဂန္တု ရဟန်းတွေက ဆဲရေး တိုင်းထွာ ကြတယ်ဘုရား”
လို့ တိုင်တောပါတော့တယ်၊
အာဂန္တု ရဟန်းတွေကလဲ ဒီ ရဟန်းကြီး ငါတို့ကို ဘာတွေများ ကုန်းချော ဦးမလဲ မသိဘူး ” ဆိုပြီး နောက်ကနေ အသာလေး လိုက်လာကြပါတယ်၊
ဒါနဲ့ မြတ်စွာဘုရားက တိဿအရှင်ကို ကြည့်တော်မူပြီး
တိဿ ဒီရဟန်းတွေ လာတဲ့ အချိန်တုန်းက သင်က ဘယ်မှာ ရှိနေတာလဲ
ဧည့်ခန်းဆောင်ထဲမှာပါဘုရား”
ဒီရဟန်းတွေ လာတာကို သင်မြင်သလား
မြင်ပါတယ်ဘုရား”
သင်က ထပြီးတော့ ဧည့်သည်ရဟန်းတွေကို ခရီးဦးကြိုဆိုမှုပြုရဲ့လား”
မပြုပါဘူး ဘုရား”
သပိတ်သင်္ကန်းတွေကိုရော ယူပေးရဲ့လား”
မယူပေးမိပါဘူးဘုရား”
သောက်ရေ ခပ်ပေးခြင်း ဝတ်ကြီး ဝတ်ငယ်ပေးခြင်းကိုရော လျှောက်ထားရဲ့လား”
မလျှောက်ထား မိပါဘူးဘုရား”
အိပ်ရာ နေရာကိုခင်းပေးပြီး ခြေဆုပ်လက်နယ် ပြုပေးခြင်းကိုရော”
မပြုပေးပါဘူး ဘုရား”
တိဿကြီး ကိုယ့်ထက် အသက်သိက္ခာ ဝါတော်ကြီးတဲ့ ရဟန်းတွေကို အဲ့ဒီဝတ်တွေကို ဖြည့်ကျင့်ပေးရတယ်၊
ဝတ်မဖြည့်ကျင့်တဲ့ ရဟန်းဟာ ဧည့်ခန်းဆောင်ထဲမှာ ထိုင်နေဖို့ မသင့်ဘူး၊
သင့်ရဲ့ အပြစ်ပဲ အာဂန္တု ရဟန်းတို့ကို တောင်းပန်လိုက်ပါ၊
လို့ မြတ်စွာဘုရားက မိန့်တော်မူလိုက်ပါတယ်
အရှင်တိဿက
အရှင်ဘုရား တပည့်တော်ကို ဒီရဟန်းတွေကိုဆဲရေးတာ ဘုရား မတောင်းပန် နိုင်ပါဘူး ဘုရား၊ ”
တကယ်တော့ ကလေးဆိုးတယောက်ရဲ့ ဂျစ်ကန်ကန် အမူရာနဲ့ပါ
တိဿ အဲ့လို မလုပ်နဲ့၊ သင့်ရဲ့ အပြစ် သင်တောင်းပန်ရမယ်”
မတောင်းပန် နိုင်ပါဘူး ဘုရား
ဇွတ်ငြင်းပါတယ်၊
ဗုဒ္ဓအရှင်ပြောတာတောင် လက်မခံတဲ့ ဒီလို အသက်ကြီးကြီး ဆုံးမရခက်တဲ့ လူကြီးတယောက်ဆိုရင်တော့လဲ ခက်တာပေါ့ဗျာ၊
ဒါကြောင့်လဲ ရှေးလူကြီး သူမ တွေက အသက်ကြီးပြီး အချိန်မစီးဘူး” ဆိုတဲ့ စကားကို ထားခဲ့ကြတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့
မိတ္တဗလ ဋီကာကြီး ရေးခဲ့တဲ့ ဒေးကာနယ်ဂျီ ကတော့ သူ့ရဲ့ စာအုပ်ထဲမှာ
လူဆိုတာ ကိုယ့်ကိုယ်ကို အထင်ကြီးဆုံးဗျ၊ လူဟာ ကိုယ့်လုပ်ရပ် မှားတယ်လို့ ဘယ်တော့မှ မထင်တတ်ကြဘူး တဲ့
Group ဓာတ်ပုံ တပုံ ရိုက်ပြီးပြီ ဆိုရင် လူဟာ ကိုယ့်ပုံကို အရင် ကြည့်တတ်တယ် တဲ့
လူဟာ ကိုယ့်ကိုယ် ဂရုစိုက်ဆုံး ဆိုပဲ
ဒီလို ဆိုတော့လဲ ဗုဒ္ဓအရှင်ပြောတဲ့ ငါဆိုတဲ့ သက္ကာယဒိဋ္ဌိ အစွဲ လေးပေါ့ဗျာ၊
တယ်ကြောက်စရာ ကောင်းပါတယ်၊
ဒါကြောင့်လဲ ဗုဒ္ဓအရှင်က သူ့ရဲ့ ဒေသနာတော်ထဲမှာ
ရင်ဝ လှံစိုက်
ဦးခေါင်း မီးလောင်နေရင်တောင် သက္ကာယဒိဋ္ဌိ ကို အရင်ဖြုတ်ဖို့” သတိပေးတော်မူခဲ့တာဖြစ်မှာပါလေ၊
ဝူးခနဲ သက်ပြင်းရှည်ရှည် ဆွဲထုတ်လိုက်လို့ မပြီးခင်မှာ သူငယ်ချင်းတစ်ယောက်က သူ့အခန်းထဲက ထွက်လာပြီး သူ့ကို သတိပေးပြောလိုက်တဲ့ စကားကြောင့် ကြိတ်ပြုံးမိရသေးပါတယ်၊
ဟေ့ကောင် ဝါသဝ မင်းဖုန်းလာတယ် ဖုန်း” တဲ့
အော် ဒါက ငါ့ဖုန်းကိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”
အရှင်တိဿ ကြီးကိုတော့ ရဟန်းတွေက နှာခေါင်းရှုံ့ မျက်စောင်းထိုး
ဒီရဟန်းကြီးက တယ်လဲ ပြောရဆိုရ ခက်သကိုးဘုရား”
သူကတော့ သူ့ကိုသူ တွေတွေကြီး ပြန်ကြည့်မိနေဆဲ…………………………….
http://warthawa.multiply.com/
.
ငါ့...စိတ်....
$
0
0
ငါကြည့်ချင်တာ...... ကြည့်မယ်                                                                                                                                        ငါ့မျက်လုံးနဲ့ .........ငါ..                                                                                                                                                    ငါနားထောင်ချင်တာ..... နားထောင်မယ်                                                                                                                             ငါ့နားနဲ့ ..............ငါ...                                                                                                                                                     ငါရှူချင်တဲ့အငွေ့ အသက်ကို...ရှူမယ်                                                                                                                                 ငါ့နှာခေါင်းနဲ့ ......ငါ..                                                                                                                                                     ငါစားချင်တာစား.....မယ်                                                                                                                                               ငါ့ပါးစပ်နဲ့ ........ငါ..                                                                                                                                                       ငါရေးချင်တာ......ရေးမယ်                                                                                                                                             ငါ့လက်နဲ့ ........ငါ...                                                                                                                                                        ငါသွားချင်တာ.......သွားမယ်                                                                                                                                           ငါ့ခြေထောက်နဲ့ .........ငါ..                                                                                                                                                ငါစိတ်ကို...ငါ....ပိုင်တယ်...                                                                                                                                           .... အဲဒါ....ငါ့စိတ် ပဲ....ငါ့စိတ်.....                                                                                                                       
အင်ဒိုနီးရှားနိုင်ငံ က ပြဌာန်းရန် ရှိသော ဥပဒေအသစ်
$
0
0
သူတို့ဆီမှာ ဒီလို ဥပဒေ ထုတ်တော့မယ်တဲ့
အင်ဒိုနီးရှားနိုင်ငံတွင် အမျိုးသားများကို မြှူဆွယ်ရာရောက်သော အမျိုးသမီးများ၏ ဒူးအထက် စကတ်တိုများကို ပိတ်ပင်ရန် စီစဉ်နေကြောင်း မတ်လ (၃၀) ရက်နေ့ သတင်းများက ဖော်ပြသည်။
ယင်းကဲ့သို့ စကတ်အတိုများ ၀တ်ဆင်ခြင်းသည် ညစ်ညမ်းရုပ်ပုံများ တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေနှင့် ငြိစွန်းသည်ဟုဆိုသည်။
ဘာသာရေးဝန်ကြီး ဆာယက်ဟာမာအလီ ကို ယခုလအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ ညစ်ညမ်းပုံများ တိုက်ဖျက်ရေးလုပ်ငန်းများကို ဦးဆောင်ရန် ခန့်အပ်ခဲ့ပြီးနောက် သူက စကတ်အတိုများ တိုက်ဖျက်ရေးစစ်ပွဲကို စတင်ဆင်နွှဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
မကြာသေးခင်က ပါလီမန်ပြောရေးဆိုခွင့်ရှိသူ မာဇူကီအယ်လေးကလည်း စကတ်အတိုများကို တိုက်ခိုက်ပြောကြားခဲ့ရာ သူကမူ ဒူးအထက်စကတ်များဝတ်ဆင်သည့် အမျိုးသမီးနိုင်ငံရေးသမားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အယ်လေးက အမျိုးသမီးနိုင်ငံရေးသမားများနှင့်ဝန်ထမ်းများအား စကတ်အတိုမ၀တ်ရ ဥပဒေပြဋ္ဌာန်း၇န် ပြင်ဆင်နေသည်ဟု ဆိုသည်။
အယ်လေးက အင်ဒိုနီးရှားနိုင်ငံတွင် မုဒိမ်းမှုများနှင့် မဖွယ်မရာအမှုများ ပေါများခဲ့ပြီး အကြောင်း၇င်းမှာ အမျိုးသမီးများသည် သင့်တင့်လျောက်ပတ်သော ၀တ်စားဆင်ယင်မှုမရှိသောကြောင့်ဟုဆိုသည်။
ကမ္ဘာ့မွတ်ဆလင်ဘာသာဝင် စုစုပေါငး၏ ၁၂ ရာခိုင်နှုန်းရှိသော ကမ္ဘာ့မွတ်ဆလင် အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင်မဖွယ်မရာပုံများကို လုံးဝ တိုက်ဖျက်ရန် အင်ဒိုနီးရှားသမ္မတ ဆူစီလိုဘမ်ဘန်း ယူဒိုယိုနို က အဖွဲ့ဖွဲ့ကာ တာဝန်ပေးအပ်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ဘာသာရေးနှင့် ယဉ်ကျေးမှုကို လိုက်နာကြသော်လည်း အမျိုးသမီးငယ်များသည် အနောက်တိုင်းကို တုပကာ ၀တ်စားဆင်ငယ်ကြပြီး ဂျကာတာ၏ နိုက်ကလပ်တိုင်းတွင် မီနီစကတ်ဝတ် အမျိုးသမီးများကို အလျှံအပယ်တွေ့ရသည်ဟု ဆိုသည်။
(DM,30.3.2012)NYM
(ပြည်မြန်မာ  သတင်းဂျာနယ် 5.4.2012 (ကြာသပတေးနေ့)
ကျွန်တော်လည်း ဒီဥပဒေကို ထောက်ခံပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်သောနိုင်ငံဖြစ်သည့်အလျောက် မြန်မာ အမျိုးသမီးများကို လည်း ဒီလိုစကတ်တိုများနှင့် မသင့်လျော်ပါ။  ဒါကြောင့်ဒီလို ဥပဒေမျိုးလည်း ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ ဘယ်တော့များမှ ထွက်ပေါ်လာလိမ့်မယ်ဆိုတာ ကျွန်တော် မြန်မာ  နိုင်ငံသား တစ်ယောက်အနေနဲ့ အားကိုးတကြီး မျှော်လင့်မိပါတယ်။
တဆက်တည်းမှာဘဲ ၁၃၇၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်မှာလည်း ကျွန်တော်တို့ မြန်မာအမျိုးသမီးများ ၀တ်စားဆင်ယင်ပုံက တော်တော်လေးကို အကျဉ်းတန်ရုပ်ဆိုးပါတယ်
နိုင်ငံခြားက ဧည့်သည်အမျိးသမီးတွေက မြန်မာဆန်ဆန် ၀တ်စားဆင်ယင်ပြီး ရေကစားနေကျချိန်မှာ ကျွန်တော်တို့ မြန်မာ့သမီးပျိုလေးများက အခုလိုဝတ်စားဆင်ယင်ကျတော့
မသင့်တော်ပါဘူး…
Queen ဖြစ်အောင်ဝတ်စားဆင်ယင်တာလား ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ကိုယ်က ထင်ပေါ်ချင်လို့လား ဆိုတာ စဉ်းစာစေချင်ပါတယ်ဗျာ …
ကျွန်တော့်၏ ညီအစ်ကို မောင်နှမ များလည်း ဒီ ဘလော့လေး မှာ ပါဝင်ပြီး
ဝေဖန် အကြံပြု ဆွေးနွေး နိုင်ပါတယ် ။
YES (or) NO  တစ်ခုခုပေါ့ …
“တောင်တန်းမြေမှဆရာမလေး“
$
0
0
မြူတွေရစ်ဆိုင်း နှင်းငွေ့ လွမ်းခြုံနေတဲ့ တောင်ပေါ် နံနက်ခင်းလေးမှာ လက်ဆွဲခြင်းလေးကို ဆွဲကာ နှင်းခဲနှင်းမိုးတွေကို
အံ့တုရင်း အနာဂတ်ကြယ်ပွင်လေးများကို ပညာတွေသင်ပေးဖို့ တောင်ပေါ်လမ်းကလေးအတိုင်းလာတဲ့
ဆရာမလေးရဲ့ ပုံစံကမြင်ရသူတိုင်းအတွက် အလှနတ်သမီးလေတပါးလိုပါပဲ ဒါကြောင့်လဲ ရွာထဲက ကာလာသားများက
ဆရာမလေးကိုချစ်ရေးတဲ့သူအများကြီးပဲ ဆရာမလေးကတော့ အနာဂတ်ကြယ်ပွင့်လေးတွေရဲ့  ပညာရေးကလွဲရင်စိတ်မဝင်စားပါဘူး
ဒီရွာလေးရဲ့ အော်ကျော်လန် လမင်းမောင်ကတော့ အချစ်ကိုစိတိန်မဝင်စားပါဘူး .......
မနက်မိုးလင်ပြီဆိုတာနဲ့ လမင်းမောင်တို့ ကတော့ အရက်ပုလင်းလက်ကဆွဲလို့ မူးနေပြီလေ
သူအမေကဆရာမလေးကိုအကူညီတောင်းတယ်လေ လမင်းမောင်ကို ဆုံးမပေးဖို့ ပေါ့
ဆရာမလေးကလည်း လမင်းမောင်နဲ့ တွေ့ တိုင်း ဆုံးမသကားပြောခဲ့တယ် ...
လမင်းမောင်ကတော့ ဒီဘက်နားကဝင် ဟိုဘက်နားကထါက်ဆိုသလို နားမထောင်ပါဘူး....
ဒီလိုနဲ့ ရက်တွေလတွေကြာလာတော့ လမင်းမောင်ရဲ့ စိတ်တွေ အနည်းငယ်ပျော့ပျောင်းလာတယ်လေ
ဆရာမလေးက အနာဂတ်ကြယ်ပွင့်လေးတွေလဲပညာသင်ပေးရတဖက်က လမင်းမောင်ကိုလဲဆုံးမပေးနေတယ်လေ
လမင်းမောင်တယောက် စိတ်တွေပျော့ပျောင်းလာချိန်မှာပဲ သူရင်ထဲကို နှလုံးသားရဲ့ ရင်ခုန်သံစခဲ့ တယ်လေ...
ဒါပေမဲ့ ဆရာမလေးကတော့အလိမ္မာသုံးပြီး ရှောင်နေတယ်လေ အပြတ်ပြောရင်လဲ ပြန်ဆိုးသွမ်းသွားမှာကိုစိုးရိမ်နေတယ်လေ...
ဒီလိုနဲ့ လမင်းမောင်တယောက် မထင်မှတ်ပဲ နိုင်ငံခြားကို သွားရတယ်လေ.....အဲဒီနောက်                    ဆက်လက်စောင့် မျှော်၇န်
သောကနှင့်ဒွိဟ
$
0
0
တခါတရံမှာကိုဖြတ်ကျော်လာခဲ့ရသည့်အခြေများသို့ပြန်လှည့်ကြည့်မိသည့်အခါ၊သောမနထက်သောကကားပိုများနေသည်၊အဆင်မပြေမူတွေကအဆင်ပြေမူတွေကိုအုပ်စိုးခဲ့သည်၊ဒုကခတွေကသုခတွေကိုဝါးမျိုခဲ့သည်၊ပြေလည်မူတွေကိုမပြေလည်မူတွေအနိုင်ပိုင်းထားခဲ့သည်များကိုမြင်ရသည်။အဲဒီလိုမြင်ရတော့အဆင်မမြေပြေမူတွေ၊ဒုက္ခတွေကငါတို့အပေါ်မှာပဲကွက်ပြီးကျရသလားဆိုပြီးစိတ်မကောင်းဖြစ်မိ၊သောကဖြစ်မိသည်။မိမိအတိတ်ကအရိပ်တွေကိုကြည့်ပြီးသံဝေဂယူရုံသာရှိတော့သည်၊အတိတ်ကအဆင်မပြေမူတွေဟာအနာဂအတွက်မြေအောဇာလို့မှတ်ယူရုံသာရှိတော့သည်။တခါတလေကျပြန်တေ၊အတိတ်ကအဆင်မပြေမူတွေဟာအနာဂအတွက်မြေအောဇာလို့မှတ်ယူရုံသာရှိတော့သည်။တခါတလေကျပြန်တော့လည်းအနာဂနဲ့ပတ်သက်ပြီးခေါင်းထဲကိုအတွေးတွေကမခေါ်ပဲရောက်တတ်ပြန်တယ်၊အနာဂမှာဆူးခင်းလမ်းနဲ့ပဲကြုံမလား၊ပန်းခင်းလမ်းနဲ့ပဲကြုံမလားဆိုပြီးတော့ပေါ့။ဒါတွေကဒွိဟအတွေးတွေပါ၊အကောင်းဆုံးကတော့လက်ရှိအခြေအနေမှာအကောင်းဆုံးဖြစ်အောင်လုပ်တတ်ဖို့ပဲအရေးကြီးတယ်မဟုပ်ပါလား၊တကယ်တော့ကြောက်ရွှံ့ခြင်းသည်ဆုံးရှုံးခြင်းပင်ဖြစ်သည်။
“မေတ္တာအိမ်ကလေး“
$
0
0
တောတောင်အထပ်ထပ်က ကျလာတဲ့ စမ်းရေကျသံလေးတွေက ကျောတပုဒ်အလားလှပပေမဲ့ 
လင်းမောင်ရင်ထဲမှာတော့မလှပနိုင်ပါဘူး...ဟိုးတချိန်က အရမ်းချစ်ခဲ့ရတဲ့ မြတ်နိုးကို သတိရနေတယ်လေ...
သူတို့ နှစ်ယောက်ကတယောက်ကိုတယောက် သိပ်ချစ်ကြတာပါ ဂုဏ်တံတိုင်းတွေကြောင့် သာဝေးခဲ့ ရတာပါ..
တခါကအလွန်သာယာလှပသော ရွာကလေးမှာ ဆင်းရဲပြီးရိုးသားသောသူက လင်းမောင်ပါ
အဲဒီ၇ိုးသားမူကို မြတ်ကနှစ်သက်တယ်လေ..
လင်းမောင်ကလဲမြတ်နိုးကို ချစ်နေပါတယ်လေဒါပေမဲ့ အလွာကခြားတယ်လေ..
တနေ့ တော့လင်းမောင်ရင်ထဲကစာကားတွေပွင်ထွက်လာပါတော့တယ်..ကိုလင်းနဲ့ မြတ်နိုးက
အရင်သံယောဇဉ်နဲ့ ချစ်သူတွေ ဘဝရောက်ခဲ့ တော့လဲ
ခီုးတွေ့ ရတယ်လေ တနေ့ တော့ မြတ်နိုးမိဘတွေတွေ့ သွားရာက
လင်းမောင်တို့ ဝေးခဲ့ ရတာပါ..မြတ်နိုးရယ်ဂုဏ်ဓနတွေ စွန့် ခွာပြီးမောင်ရင်ခွင်ထဲကိုပြန်လာမယ်ဆိုရင်မောင်အမြဲစောင့် နေမှာပါ
စီမံကိန်း
$
0
0
ဂရိဒဏ္ဏာရီဍ်အစ်ကရပ်စ်အမည်ရှိပုဂ္ဂိုလ်တစ်ဉီးရှိသည်။သူသည်နေဆီသို့ရောက်အောင်ပျံသန်းနိုင်ရန်ကြိုးပမ်းသည့်ပုဂ္ဂိုလ်ထူးဖြစ်သည်။သို့သော်သူဧ။်တောင်ပံကိုဖယောင်းနှင့်ငှက်မွေးငှက်တောင်များရောကပ်၍ပြုလုပ်ထားခြင်းဖြစ်ရာနေနှင့်နီးလာသည့်အခါဍ်ဖယောင်းတွေအရည်ပျော်ကာအောက်သို့ပြုတ်ကျလေသည်။ဤဒဏ္ဏာရီကိုဆရာဖေမြင့်ရဲ့အောင်မြင်မူချမ်းသာသုခနှင့်ဓနဉစ္စာစာအုပ်မှတဆင့်တင်ပြခြင်းပင်ဖြစ်သည်။ဘာအလုပ်ပဲလုပ်လုပ်မှန်ကန်သည့်စီမံကိန်းသည်တကယ်ပင်အရေးကြီးမည်ဖြစ်သည်။သင်လိုသည့်အလုပ်အားမှန်မှန်ကန်ကန်စံမံကိန်းချ၍လုပ်ပါကအောင်မြင်မူပန်းတိုင်သည်အောင်မြင်မူများဖြင့်စောင့်နေမည်မှာအမှန်ပင်ဖြစ်သည်။သင်သည်ကဗျာဆရာသို့မဟုပ်ဝထ္ထုဆရာတယောက်ဖြစ်ချင်ပါသလားမှန်ကန်သည့်စီမံကိန်းမလျှော့သောဇွဲဖြင့်ကြိုးစားပါသင်အောင်မြင်မည်ဖြစ်သည်။ဟိုမဟုပ်သည်မဟုပ်၊ကျီးမရောက်ကြက်မမြောက်လျှောက်လုပ်နေတာဟာမိမိအောင်မြင်မူကိုမိမိကိုတိုင်ပိတ်ပင်ဖျက်ဆီးရာရောက်ပေသည်။ကျတော့်ရဲ့ဤသုံးသပ်ချက်သည်ကျတော်ကိုတိုင်နှင့်ဤသုံးသပ်ချက်ကိုလက်ခံသူများအဖို့သာဖြစ်သည်။
ရုပ်အလှပြင်သလို့စိတ်ကိုအလှပြင်နိုင်စေဖို့
$
0
0
စိတ်ဓါတ်ပြုပြင်ရေးရုပ်အလှပြုပြင်ရေးနှစ်မျိုးရှိရာတွင်ရုပ်အလှပြုပြင်ရေးကို့လူတိုင်းလူတိုင်းတလေးတစားအရေးထားဆောင်ရွက်ကြလေ
သည်။နံနက်မိုးလင်းသည်နှင့်တပြိုင်နက်မျက်နှာသစ်သွားတိုက်မျက်နှာပြင်ဆင်ခြင်းအ၀တ်အစားပြုပြင်ခြင်းစသောရုပ်ပြုပြင်ရေးကိစ္စများ
ကိုနေ့စဉ်တာဝန်ကြးအဖြစ်သတ်မှတ်ကာဆောင်ရွက်ကြသည်။အမျိုးသမီးနှင့်အမျိုးသားများတွင်သဘာဝအရအမျိုးသမီးများကရုပ်ပြုပြင်
ရေးကို့ပိုမို့လုပ်ဆောင်ကြသည်။မှန်တကြည့်ကြည့်အ၇ိပ်တကြည့်ကြည့်နဲ့မမောနိုင်မပန်းနိုင်ပဲအပြိုင်အဆိုင်ဝတ်စားဆင်ယင်၍ရုပ်အလှပြုပြင်
ကြသည်။ဤလောကကြီးကသင်္ခါရလောကကြီးဖြစ်သဖြင့်ပြုပြင်ပေး၇သည့်မှာဓမ္မတာပင်ဖြစ်သည်။ရုပ်အလှပြုပြင်ရေးကိုစီးပွာရေးလုပ်ငန်း
အဖြစ်ကမ္ဘာနို့်င်ငံအသီးသီးတွင်မကမြန်မာနိုင်ငံမှာပင်ဆောင်ရွက်လျှက်၇ှိတာကိုပင်တွေရသည်။ဤတွင်စဉ်းစားဖွယ်ရှိလာပေ့သည်။
ရုပ်နှင့်စိတ်ပေါင်းစပ်ခြင်းကို့လူသတ္တ၀ါယောကျာင်္းမိန်းမစသည့်ဖြင့်သတ်မှတ်လာကြပြီးရုပ်တခုတည်းအလှပြင်ရုံနဲ့မပြီးပဲစိတ်ပါအလှပြုပြင်
မှသာတတ်ညီလက်ညီဖြစ်ပြီးရုပ်လည်းလှစိတ်လည်းလှမှာမလွှဲပါဘူး။လူအများကရုပ်အလှကိုကြိုးစားပြင်နေကြသော်လည်းတကယ်အရေး
ကြီးကိစ္စများတွင်မှုရုပ်လှခြင်းထက်စိတ်လှခြင်းကပိုအရေးကြီးကြောင်းလူတိုင်းလက်ခံကြပါတယ်။ရုပ်ပြုပြင်ခြင်းကိုလူတိုင်းနားလည်ကြသော်
လည်းစိတ်ဓါတ်ပြုပြင်ခြင်းကိုနားလည်သူနဲပါးလှပါတယ်။စိတ်ဓါတ်ပြုပြင်ရေးကိုအဘိဓမ္မပညာဖြင့်အသေးစိတ်လေ့လာ၍စိတ်ဓါတ်ကို
မပြုပြင်နိုင်သည့်တိုင်အောင်မေတ္တာ၊ဂရုဏာ၊မုဒိတာတရားတိုဖြင့်မိမိတို့၏စိတ်ကိုအလှပြုပြင်နိုင်ပါကြောင်းတင်ပြလိုပါတယ်။ရန်သူလိုသဘော
မထားပဲမိတ်ဆွေလို့သဘောထားခြင်း၊မိတ်ဆွေစိတ်မွေးခြင်းကိုမေတ္တာဟုခေါ်ပါသည်။ဒါကြောင့်တစ်ဦးနဲ့တစ်ဦးရန်သူလို့မကြည်ပဲမိတ်ဆွေ
ကြည့်မိတ်ဆွေအမြင်ဖြင့်မိတ်ဆွေစိတ်(မေတ္တာစိတ်)ထားနိုင်အောင်မိမိတို့၏စိတ်ကိုတဖြည်းဖြည်းပြုပြင်ကြသင့်တယ်။ကျွန်ုပ်တို့ပုထုဇဉ်တို့
သဘာဝအရတန်းတူရည်တူချင်းတွေလျှင့်ပြိုင်လို့စိတ်၊အနိုင်ရလို့စိတ်၊အပေါ်စီးရလိုစိတ်များရှိကြလို့မိတ်ဆွေစိတ်မဖြစ်ပဲရန်သူစိတ်ဖြစ်သွား
တတ်သည်။ပြိုင်လိုခြင်းအထက်စီးရလိုခြင်းစိတ်တိုကိုပယ်ဖျောက်လို့လူသားအချင်းချင်းမေတ္တာစိတ်မွေး၍ပေါင်းသင်းဆက်ဆံနိုင်အောင်
ကြိုးစားရပါမည်။နောက်တခုအနေနဲ့မိမိတို့လောက်ပညာရေး၊စီးပွားရေး၊လူမှုရေးစသည့်မပြည်စုံရှာသောသူတို့အားအနိုင်ယူလိုခြင်း၊
အခွင့်ရေးမပေးလို့ခြင်းထက်ကူညီခြင်း၊ညှာတာခြင်း၊တွဲခေါ်ဖေးမသနားခြင်းဟူသောဂရုဏာတရားဖြင့်စောင့်ရှောက်၇န်သတိပြုသင့်ကြ
ပေ့မည်။လူတိုသည်ကိုယ့်ထက်သာမနာလိုဟူသော(က္ကုသာ)တရား၏မင်းမူမှုကိုခံနေရပါတယ်။စိတ်ထားကောင်းသူတိုကတခြားလူကိုယ့်ထက်
သာသွားလျှင်ကျေနပ်ကြ၀မ်းမြောက်ကြပါတယ်။တော်ပါ့ပေ့တယ်ချီးမွမ်းပြီးငါလည်းသူလို့ဖြစ်အောင်ကြိုးစားမည်ခံယူကာအားမာန်ဖြည့်ကြ
သည်။ကိုယ်ထက်သာသောသူတွေလျှင်(က္ကုသာ)မနာလိုစိတ်မဖြစ်ပဲမုဒိတာ(၀မ်းမြောက်)စိတ်ထားနိုင်အောင်မိမိတို့စိတ်ကိုပြုပြင်သွားရန်လို့
အပ်ပေ့မည်။ဒါကြောင့်အဘိဓဇမဟာရဋ္ဌဂုရုမစိုးရိမ်ဆရာတောင်ဘဒ္ဒန္တ၀ိသုဒ္ဓကဆုံးမသွန်သင်ခဲ့ပါတယ်။ဒါကြောင့်ရုပ်အလှပြင်သလို့စိတ်ကို
အလှပြင်ကြစို့လိုတိုက်တွန်းအပ်ပါတယ်။
မစိုးရိမ်ဆရာတော်ကြီး၏ဆုံးမစာကဗျာမှာ
      ၁။တန်းတူတွေလျှင်၊မေတ္တာဝင်၊မ၀င်နိုင်ကပြိုင်တတ်တယ်။
      ၂။ပြိုင်မဲ့အစား၊မေတ္တာပွား၊စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
     ၃။ကိုယ်အောက်တွေလျှင့်၊ဂရုဏာဝင်၊မ၀င်နိုင်ကနိုင်တတ်တယ်။
     ၄။နိုင်မဲ့အစား၊ဂရုဏာပွား၊စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
     ၅။ကိုယ်ထက်သာလျှင်၊မုဒိတာဝင်၊မ၀င်  က္ကုသယိုင်တတ်တယ်။
      ၆။ယိုင်မဲ့အစား၊မုဒိတာပွား၊စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
       ၇။စိတ်ကိုလည်းပြင်၊ရုပ်လည်းပြင်၊ပြင်ဆင်တိုင်းလှ၊ပြုတိုင်းရ၊သုခနိဗ္ဗာန်တိုင်လိမ့်မယ်။
          မှတ်ချက်။     ။ဓမ္မဗျူဟာစာအုပ်မှကောက်နုတ်ထားပါသည်။
Site တွေကို ၀င်တဲ့အခါ မိမိ အကောင့်အား လုံခြုံအောင်ပြုလုပ်နည်း
$
0
0
 မည်သည့် Site တွေကို ၀င်ဝင် ။ မိမိ၏ အကောင့်လေး စိတ်ချရဖို့လိုပါတယ် ။
ဘာပဲ လုပ်လုပ် ကြိုတင်ပြင်ဆင်မှု ရှိတာ အကောင်းဆုံးပါ ။ ကြိုတင်ပြင်ဆင်ထားသူဟာ
အမှားတစ်ခုနဲ့ ကြုံခဲ့မယ်ဆိုရင်လည်း ။ အကုန်လုံး မဆုံးတော့ပါဘူး ။ တစ်ဝက်က အချိန်လေး
အနည်းငယ်အတွင်းမှာ ။ ပြန်လည်ပြင်ဆင်နိုင်ပါတယ်ခင်ဗျာ ။
ကျွန်တော်တို့တွေ Siteတွေထဲ ၀င်တဲ့အခါ ။ မိမိရဲ့ jupitarynmg.973@gmail.com ဆိုပြီး
ဝင်ကြပါတယ် ။ မိမိအသင်းဝင်ရမည့် www.shewmyotaw.com ချစ်သူမြို့တော်ဆိုဒ်ဆိုရင် jupitarynmg.973 ရဲ့အနောက်မှာ jupitarynmg.973+ shwemyotaw@gmail.com ဆိုပြီး
ပြောင်းပေးလိုက်ပါခင်ဗျာ ။ အဓိက မိမိ ၀င်ထားသည့် ဆိုဒ်များမှ မေးလ်များ ၀င်လာမှာကတော့
မိမိရဲ့ အကောင့်နာမည်ကိုပဲ ဖြစ်ပါတယ် ။ မသာမာသူတွေက ဆိုဒ်ထဲတွင် မိမိ အကောင့်ကို
ခိုးတဲ့အခါမှာ ။ မူရင်းအကောင့် အစစ်ကို ခိုးမရနိုင်တော့ပါဘူးခင်ဗျာ ။ ပြုလုပ်နည်းလေးကတော့
အောက်ပါ ပုံလေးအတိုင်းပါခင်ဗျာ ။
မိမိ ၀င်ထားသော ဆိုဒ်ထဲမှာ အကောင့် ချိန်းပြီးပီဆိုရင် ။ မိမိ အီးမေးလ်ထဲကိုဝင်လိုက်ပါ
ပုံမှာ ပြထားတဲ့အတိုင်း ဆက်လုပ် လုပ်ဆောင်သွားပါခင်ဗျာ ။
ဤကဲ့သို့ ပြုပြင်ပြီးပီးဆိုရင်တော့ မိမိအသင်းဝင်ထားသော အကောင့်လေးမှာ
စိတ်ချရပါပီခင်ဗျ ။
ချစ်သူ့ မြို့သူအပေါင်း အဆင်ပြေစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေလို့။
ဂျူပီတာရင်မောင်
သူငယ်ချင်းကောင်း
$
0
0
သူငယ်ချင်းကောင်းဆိုတာ သင့်ရဲ့အပြစ်တစ်ခုကို တစ်နေကုန်ခန်း ရွတ်နေတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သင့်ရှေ့မှာ နားထောင်ရခက်တဲ့ ညစ်တီးညစ်ပတ်စကားတွေကို ပြောတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သင့်ကို စားသောက်ဆိုင်ခေါ်သွားပြီး သင့်မှာပါသမျှမကျန်အောင် မှာစားတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ တချို့အချိန်မှာ ပြောမနာ ဆိုမနာတွေဆိုပေမယ့် သင် အခက်အခဲကြုံချိန်၊ စိတ်ညစ်ချိန် သင့်ကို နားချတတ်သူ၊ ကူညီတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သူ့နဂိုက စိုးရိမ်သောကများသူဖြစ်ဖြစ်၊ ဆိတ်ဆိတ်နေတတ်သူဖြစ်ဖြစ် ပျော်ပျော်နေတတ်သူဖြစ်ဖြစ်... အားလုံးနဲ့အတူနေချိန် အချင်းချင်း စနောက်ပြောင်လှောင်နေတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ အချိန်ဖြစ်ဖြစ်၊ အကွာအဝေးဖြစ်ဖြစ် သင့်ဦးနှောက်၊ သင့်ရင်ဘတ်ထဲကနေ တိုက်စားမသွားနိုင်သူဖြစ်တယ် ။
သူငယ်ချင်းကောင်းဆိုတာ သင်စကားအမှားတစ်ခွန်းကို ရယ်မောနောက်ပြောင်တတ်သလို အချိန်အတော်ကြာ အရစ်ရှာနေတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ အမြဲမဆက်သွယ်လည်း မေ့လျော့မသွားတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ အတူရှိနေချိန် စကားပြောမှားမှာ တစ်ခုခုလုပ်မှားမှာကို သင်စိုးရိမ်စရာမလိုသူဖြစ်တယ် ။
သူငယ်ချင်းကောင်းဆိုတာ သင်နဲ့အတူ မျှဝေခံစား သင်အပေါ် သစ္စာမဖောက်တတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သူနဲ့အတူနေချိန် သင်ဘာမှဟန်ဆောင်စရာမလိုသူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ ညနက်သန်းခေါင် သင်နဲ့အတူနေချိန် အိပ်ရကောင်းလား မကောင်းလားလို့ တွေဝေတတ်သူဖြစ်တယ် ။
သူငယ်ချင်းကောင်းဆိုတာ သင့်အပေါ် တဗျစ်တောက်တောက်နေတတ်လို့ "နင်က ငါ့အမေနဲ့ တပုံစံတည်း"လို့ သင်ပြုံးရယ်ပြီး ပြောတတ်သူဖြစ်တယ်။
သူငယ်ချင်းကောင်းဆိုတာ သူ့စကားတစ်ခွန်းနဲ့ သင့်မှာ သတ္တိတွေ၊ မိမိကိုယ်ကိုယ်ယုံကြည်မှုတွေ ပြည့်သွားတတ်သူဖြစ်တယ် ။
သူငယ်ချင်းကောင်းဆိုတာ အချင်းချင်း ဟာသလုပ်ဇာတ်တွေနဲ့ နောက်ပြောင်ပြီး စနောက်တာ အကြံအောင်သွားရင် အချင်းချင်း ဟားတိုက်ရယ်မောတတ်သူဖြစ်တယ်။
နှလုံးသားမှာ ပွင့်တဲ့... ကျောက်ပန်းခက်လေး
$
0
0
                         မနက်မိုးလင်းတာနဲ့..... နေ့တဓူဝ ပြုနေကျအတိုင်း ပန်းပွင့်လေးကို ရေလောင်းတယ်..... မြက်ပင်ပေါင်းပင်လေးတွေ
ရှိရှိ၊ မရှိရှိ ပေါင်းသင်တယ်..... ပွင့်ဖတ် ပွင့်လွှာလေးတွေမှာ ဖုန်မှုန့် သဲမှုန့်လေးတွေကို သန့်စင်စေတယ်.. ပြီးမှပဲ ကျန်တဲ့အလုပ်တွေကို...
                         နေ့ခင်းဘက် လုပ်စရာရှိတာ လုပ်နေရင်းနဲ့လဲ ပန်းပွင့်လေးကို လှမ်းလှမ်း ကြည့်ဖြစ်တယ်..သူဘယ်လို ဖြစ်နေသလဲလို့
အဓိကကတော့ သတိရလို့ပါ.....။
                         ညနေခင်းလေး  အလုပ်သိမ်းချိန်  ကိုယ်ပိုင်အချိန်လေးရရင် ရသလို  ပန်းပွင့်လေးတွေကို ယုယမြတ်နိုးနေတတ်တယ်၊
ပန်းပင်လေးကို မနက်ခင်းကလိုပဲ ရေလောင်း၊ ရှိရှိ မရှိရှိ ပေါင်းသင်. ပွင့်ဖတ် ပွင့်လွှာလေးတွေမှာ ဖုန်မှုန့် သဲမှုန့်လေးတွေကို သန့်စင်ပေါ့..
ပြီးမှ ရေချိုး၊ စားသောက် ပွင့်ဖတ်ပွင့်လွှာလေးတွေကို မြတ်နိုးရင်းနဲ့ပဲ..... ညထဲကိုဝင်ရောက်...... နောက်အိပ်မက်ထဲမှာလဲ ဆုံချင်ဆုံပေါ့။
                          `` ကိုရေ...... အမြဲသတိရနော်.... ဘယ်ရောက်ရောက် အဆက်အသွယ်လုပ်.. ကျန်းမာရေးလဲ ဂရုစိုက်တဲ့......´´
သူငယ်ချင်းတဖြစ်လဲ ချစ်သူရဲ့.... အမှာစကားလေး.. အမြဲကြားနေရတယ်လေ... သူနဲ့ ကျွန်တော်က ... ငယ်ငယ်ကသူငယ်ချင်း အခုတော့
ချစ်သူတွေ....။
                           ကျွန်တော် ချစ်သူတစ်ယောက်ရှိခဲ့ဘူးတယ်... အဲဒီတုန်းက သူကျွန်တော့်ဘေးမှာ ပေါ့.... အရာရာနီးပါးကို အားပေး
ကူညီခဲ့တယ်.... တစ်ခါ တစ်လေမှာလဲ မေးတတ်တယ်.. `` နင်တို့ကလဲ ဘယ်လိုကြီးလဲတဲ့.´´ ဖြေစရာ စကားမရှိခဲ့ဘူး၊ နှစ်နှစ်နီးပါး ချစ်
သူတွေ ဖြစ်ခဲ့ဘူးတယ်.. ကျောင်းက အတန်းဖော်တစ်ယောက်ပါပဲ...... အေးတိအေးစက် စုံတွဲတစ်တွဲပေါ့..... နှစ်နှစ်ကာကာ ပျော်ပျော်ရွှင်
ရွှင် တစ်ခါမှ မတွေ့ရဘူးလို့ သူငယ်ချင်းက ပြောဘူးတယ်.....။
                            ကျွန်တော်လဲ သတိမထားမိခဲ့ဘူး..... အမှန်အတိုင်းပြောရရင် တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ ဂုဏ်ပုဒ်ထဲမှာ
ချစ်သူတစ်ယောက်လဲ လိုအပ်တယ်လို့ ထင်လို့..... နောက်ပြီး အဲဒီကောင်မလေးကလဲ လှလို့..... ချစ်ရေးဆိုမိတယ်.... တကယ်တမ်းပြော
ရရင် ယောက်ျားမဆန်သလို ခံစားရတယ်...... ဆိုခဲစေ မြဲစေ....... မဖြစ်ခဲ့ဘူးလေ.......
                              တစ်နေ့မှာ အကြီးအကျယ် ပြဿနာ တက်ကြတယ်.....  သူနဲ့ အတူ လျှောက်လည်မယ်လို့ ချိန်ထားတဲ့ နေ့မှာ....
သူငယ်ချင်းရဲ့ ဖေဖေ နေမကောင်းလို့ ဆေးရုံလိုက်ပို့ပေးရင်းက (၃)ရက်လောက် သွားချည်လာချည်နဲ့. ချစ်သူကိုလဲ မေ့နေမိတယ်.၊ အခြေ
အနေလေးကို ရှင်းပြသင့်ပါလျှက် ကျွန်တော့်ရဲ့ပျက်ကွက်ခဲ့ခြင်းတွေပေါ့......
                             `` ချစ်သူလို့ ခေါ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ ဂရုစိုက်ခြင်းနဲ့ ဦးစားပေးခြင်းတွေကိုဘယ်မိန်းကလေးမဆို ခံယူချင်
တယ်ကိုကို...... ကိုယ့်ထက် တစ်ခြားမိန်းကလေးတစ်ယောက်ကို ဦးစားပေးတာ လုံးဝ မကျေနပ်ဖူး...... ညီမပဲဖြစ်ဖြစ်၊ အစ်မပဲဖြစ်ဖြစ်...
ဘယ်သူမဆိုကွာ..... ´´
                            `` လူမှုရေး ပြဿနာပါ မီမီ.... ကိုကို့ သူငယ်ချင်းက အားကိုးစရာ တခြားယောက်ျားလေး မရှိဘူးလေ... အမြဲတမ်း
အတူတူ နေလာကြတဲ့သူတွေပဲ...... မီမီလဲ သိသားနဲ့ သူဘယ်လောက်ထိ ကိုကိုတို့ကို စေတနာထားတယ်ဆိုတာ....´´
                            `` အင်းပါ..... ဒါကြောင့် တစ်သက်လုံး အားကိုးလို့ ရအောင် သူ့အနားမှာ နေလိုက်လေ.... မီမီ့ဆီကို မလာနဲ့တော့
မီမီလဲ ကိုကို့ကို သည်းမခံနိုင်တော့ဘူး...... နော်..... ဒီဘ၀ဒီမျှပါကိုကို.......´´
                            ပြောရင်းလှည့်ထွက်သွားတဲ့ မီမီ့ကို ကျွန်တော် မတားဖြစ်ခဲ့ပါဘူး....... လူမှုရေး အသိနဲ့ မဖြစ်မနေ ဆောင်ရွက်ပေး
သင့်တာလေးကို နားမလည်ပေးနိုင်ပါလျှက်နဲ့ ဒီထက် အရေးကြီးတဲ့ ကိစ္စတွေမှာ ပိုဆိုးနိုင်တာကိုး...... နေပါစေပေါ့.... နေပါစေတော့ပေါ့။
                            ``သန့်စင်...... နင်နဲ့မီမီ အခြေအနေ မကောင်းဘူးဆို...... ဟုတ်လား....... ဘာဖြစ်တာလဲဟင်.....´´ မျက်နှာငယ်
လေးနဲ့ သူငယ်ချင်းက မေးလာတယ်......
                             `` ဒီလိုပါပဲကွာ....... မေးမနေနဲ့ ငါလဲ ခံစားမိပါတယ်....... သူ ငါ့အပေါ်မှာ ဘာ ရည်ရွယ်ချက်မှ မရှိဘူးဆိုတာလေ
နေပါစေ.... သူလဲ အေးအေး နေချင်မှာပေါ့..´´ ပုခုံးကိုကိုင်ရင်းပြောလိုက်မိတယ်.... ဒီအခြေအနေကိုလည်း မီမီ့  သူငယ်ချင်းတွေကတွေ့
သွားတော့ အခြေအနေက ထင်တာထက် ပိုဆိုးသွားတယ်လေ...... ဒီလိုနဲ့ (၆)နှစ်တောင်ကြာခဲ့သည့်တိုင် မဆုံဖြစ်ကြတော့ဘူး..ပေါ့။
                             `` ဟဲလို သန့်စင်လား......´´
                             `` ဟုတ်ပါတယ်...... အမိန့်ရှိပါ..´´
                             `` ဟဲ့...... သန့်စင် ငါပါ.... ငါလေ..... နွယ်နွယ်လေ.....´´
                             `` ဟား......... သူငယ်ချင်း ၀မ်းသာတယ်ကွာ....... နေကောင်းလား  အခုဘယ်မှာလဲ...... ဒီဖုန်းနံပါတ် ဘယ်ကရ
တာလဲ.......´´ အမောတကော မေးမိတယ်..... ဘာကြောင့် ဒီလောက်ဝမ်းသာမှန်းတော့ မသိခဲ့ပါဘူး......
                             `` ဖြေးဖြေး ဆရာ.. ဖြေးဖြေး ပြောပြမယ်......ဒီဖုန်းနံပါတ်က အန်တီခင်ဆီကရတာ... ငါအခု.....ကော့သောင်းမှာ
တာဝန်ကျနေတယ်..... နောက်ပြီး နေလဲကောင်းတယ်..... သူငယ်ချင်း ငဆိုးကိုလဲ အမြဲ သတိရနေတယ်..... ကဲ ဘာသိချင်သေးလဲ..´´
                             `` အင်း.......နေကောင်းတယ် ဆိုတော့ ၀မ်းသာတယ်.. ကော့သောင်းမှာ ဆိုတော့ ငါနဲ့ နီးသွားပြီ ပိုဝမ်းသာတယ်
ငါ့ကို သတိရနေတယ်ဆိုတော့ ပိုပြီး ၀မ်းသာတယ်၊ တစ်ခုပဲ သိချင်တယ်...... နင် အိမ်ထောင်ကျပြီလား....´´
                            `` မကျသေးဘူးဟေ့... ယူမဲ့လူမရှိလို့...... ကြီးလာရင် သီလရှင်ပဲ ၀တ်တော့မယ်.....´´
                            `` ဟား......... မ၀တ်ရပါဘူး...... ဘယ်သူမှ မယူရင် ငါယူမယ်..... ဒါပဲ......... ဟိဟိ´´
                            `` အာ......... ငဆိုးကောင်...... လူဆိုး ........ နင့်ကိုငါ မယူဘူး..... နင့်မှာ ရည်းစားရှိခဲ့တယ်..... မသန့်ဘူး.....´´
                            `` တောက် သေချင်လို့လား နွယ်နွယ် ငါပြောမရရင် သတ်ပစ်မှာနော်....... သိတယ်မဟုတ်လား...´´
                            `` အံမာ.... နင်ကတော့လေ..... ခုထိကို မိုက်ကန်းနေတုံးပဲ..... အဲဒါကြောင့် နင့်ကိုငါ ချစ်တာ.... ခစ်ခစ်ခစ်´´
                            `` ဟူးးးးးးးးးး တကယ်ရီးလား နွယ်နွယ်ရယ်.... ဒါဆို မနက်ဖြန်ကစပြီး နင်ငါ့ချစ်သူ လုပ်လိုက်တော့..... နောက်ပြီး
ငါ့ကို `` ကို´´ လို့ တစ်လုံးတည်းခေါ်ရမယ်... ကြားလား ငါလာခဲ့ဦးမယ်ကွာ.... တကယ်ယူမှာ.... ချစ်တာတွေ မချစ်တာတွေ မပြောနဲ့..´´
သူစကားလေး တစ်ခွန်းတည်း ပြန်ပြောတယ်........`` ဟိုက်´´  တဲ့။
                              နောက်တော့ တကယ်ကို လက်ထပ်ခွင့်တောင်းလိုက်တယ်.... သူလဲ တစ်ကယ်ကို ``ကို´´ လို့ တစ်လုံးတည်းခေါ်
တယ်..... သူဘယ်လောက် ချစ်တယ်ဆိုတာကို တိုင်းတာမိတဲ့ အချိန်က တော်တော် နောက်ကျနေပေမဲ့... အချိန်မနှောင်းသွားသေးတာကို
ကျေနပ်နေမိတယ်...... တော်သေးတယ်လို့.... တွေးရင်းပေါ့။
                              ကျွန်တော် အတူနေဖို့ သူဆီကို မရောက်သေးဘူး....... ဒါပေမဲ့ သူက ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်း.... အခုချစ်သူ
ကျွန်တော့် ရဲ့ မောနင်းလေး၊ ကျွန်တော့်ရဲ့ အိပ်ယာဝင်ပုံပြင်လေးပဲလေ.....ကျွန်တော့်ရဲ့ နံဘေးမှာအရပ်ကလေးလိုအမြဲရှိနေခဲ့တယ်... ။
                              သူက ကျွန်တော့်ဘ၀အတွက်တော့ ကျောက်နံရံမှာ ထွင်းထားတဲ့ ပန်းပွင့်လေးနဲ့ တူတယ်... ဒီပန်းလေးကို ချစ်လို့
ပန်းပွင့်လေးကို ရေလောင်းတယ်......... မြက်ပင်ပေါင်းပင်လေးတွေ  ရှိရှိ၊ မရှိရှိ ပေါင်းသင်တယ်..... ပွင့်ဖတ် ပွင့်လွှာလေးတွေမှာ ဖုန်မှုန့်
သဲမှုန့်လေးတွေကို သန့်စင်စေတယ်.. ပြီးမှပဲ ကျန်တဲ့အလုပ်တွေကို...ဆက်လုပ်တယ်။
                         နေ့ခင်းဘက် လုပ်စရာရှိတာ လုပ်နေရင်းနဲ့လဲ ပန်းပွင့်လေးကို လှမ်းလှမ်း ကြည့်ဖြစ်တယ်..သူဘယ်လို ဖြစ်နေသလဲလို့
အဓိကကတော့ သတိရလို့ပါ.....။
                         ညနေခင်းလေး  အလုပ်သိမ်းချိန်  ကိုယ်ပိုင်အချိန်လေးရရင် ရသလို  ပန်းပွင့်လေးတွေကို ယုယမြတ်နိုးနေတတ်တယ်၊
ပန်းပင်လေးကို မနက်ခင်းကလိုပဲ ရေလောင်း၊ ရှိရှိ မရှိရှိ ပေါင်းသင်. ပွင့်ဖတ် ပွင့်လွှာလေးတွေမှာ ဖုန်မှုန့် သဲမှုန့်လေးတွေကို သန့်စင်ပေါ့..
ပြီးမှ ရေချိုး၊ စားသောက် ပွင့်ဖတ်ပွင့်လွှာလေးတွေကို မြတ်နိုးရင်းနဲ့ပဲ... ညထဲကိုဝင်ရောက်... နောက် အိပ်မက်ထဲမှာလဲ ဆုံဖြစ်ကြတယ်။
                          ပန်းပွင့်လေးမှာ အရောင်နှစ်မျိုးရှိတယ်လို့ ခံစားမိတယ်.....  တစ်မျိုးက စွန့်လွှတ်အနစ်နာခံတတ်တဲ့ အနီရောင်လေး၊
နောက်တစ်မျိုးက သန့်စင် မွန်မြတ်တဲ့ အဖြူရောင်လေးလေ..... ဒီပန်းလေးက နွယ်နွယ်ပဲပေါ့ ... ကျွန်တော် မသိလိုက်မိပါပဲ ကျွန်တော့်ရဲ့
ရင်ခွင်နှလုံးသားရဲ့ ကျောက်သား နံရံတွေထက်မှာ ပွင့်လန်းနေခဲ့တာလေ... ဘယ်တော့မှ ညှိုးလျော် နွမ်းခြောက်မသွားတဲ့.. ထာဝရ အလှ
ပန်းလေးပေါ့........။
ရည်မှန်းချက်သစ်ပင်
$
0
0
ပြတင်းပေါက်သံတိုင်များကြားမှနေ၍လူနှစ်ယောက်အပြင်သို့ကြည့်ကြသည်။တစ်ယောက်ကရွှံ့ဗွဲ့နွံအိုင်များကိုမြင်သည်။တစ်ယောက်ကားကြယ်ကလေးများလင်းလက်တောက်ပနေသည့်ကောင်းကင်ကိုမြင်လေသည်။ကြည်တာခြင်းတူပေမယ့်မြင်တာချင်းမတူတာကြည့်တဲ့သူတွေပေါ်မှာမူတည်နေပါတယ်မဟုပ်လား။ဒီတော့ကြည့်တတ်ဖို့လိုသည်။ကို့ရဲ့ရည်မှန်းချက်အပင်ကကြီးလျှင်ပန်းအိုးသေးသေးလေးမှာစိုက်ဖို့မစဉ်းစားပါနဲ့။အဲဒီလိုစိုက်ပါကကြီးထွားသင့်သည့်အတိုင်းအတာထိကြီးထွားနိုင်မည်မဟုပ်ပါ။ကို့ရဲ့ရည်မှန်းချက်အပင်ကြီးထွားသထက်ကြီးထွားလာရန်မှာရည်မှန်းချက်အပင်ဧ။်အမြစ်များသဘာဝမြေဩဇာကိုပြည့်ပြည့်ဝဝရရန်မြေနေရာ၊စိုက်ပျိုးရန်မြေကွက်ကိုရွေးတတ်ဖို့အရမ်းအရေးကြီးပါသည်မဟုပ်ပါလား။
ဆန်းပြားလွန်းသော အိမ်ပုံစံဒီဇိုင်းများ
$
0
0
ဘယ်လိုစိတ်ကူးနဲ့များဆောက်နေပါလိပ်
အိမ်ပုံစံဒီဇိုင်းများဆန်းလဲဆန်းပြားပါ့တီထွင်ထားလိုက်တာများ ၇ှုတ်ယှတ်ကိုခတ်နေတာဘဲဝင်၇တာတောင်စိတ်ညစ်စ၇ာပါ ဒါကတော့ဖိနတ်ဒီဇိုင်းအိမ်လေးပါ အိမ်ထဲမှာတော့ဘယ်လိုနေတယ်လို့တော့မပြောတက်ပါဘူးဇောက်ထိုးကြီး လာပြန်ပြီနောက်တမျိုး.... တမျိုးနဲ့တမျိုးမ၇ိုး၇အောင်ပါခင်ဗျ ဒီအိမ်လေးကလန်းလန်းလေး နေချင်စ၇ာလေးပါ အ၇မ်မိုက်တယ်နော် ကော်ဖီခွတ်လေးလိုဘဲအိမ်လေးက တောထဲမှာဒီလိုသီးသန့်လေးဆိုတော့အ၇မ်းအေးချမ်းမှာနော် မနာလိုမှုတွေ ၀န်တိုမှုတွေကင်းဝေးလို့ အေးချမ်းနေမှာ ဒါကေ၇ာဘာဒီဇိုင်းလဲမသိဘူးကြံကြံဖန်ဖန်ဆောက်တက်တယ် ဒါကနောက်တမျိုး ဒါလေးကလဲတမျိုးနော်
ထမင်းအိုးပုံအိမ်လေးပါ ဒါလဲဖိနတ်ပုံစံအိမ်လေးပါ ကျောက်တုံကြီးတွေ၇ဲ့ကြားထဲမှာဆောက်ထားတာနော် ခိုင်သလားလို့တော့မမေးနဲ့ ဘာပုံစံလေးလဲမသိဘူးလန်းနေတာဘဲ နေချင်လားဟိဟိ အ၇ုတ်အိမ်ကလေးပါ ချစ်စ၇ာလေး ဒါလေးကတော့လဲ အိမ်တလုံးပါဘဲ
ဤအိမ်ပုံစံများကိုအင်တာနတ်စာမျက်နှာများမှကူးယူစုဆောင်း၍ဖော်ပြထားပါတယ်မိမိလိုသလိုအသုံးပြုနိုင်ပါတယ်
ကျွန်တော့၇ဲအိမ်ကိုလာေ၇ာက်လည်ပတ်အားပေးကြသောသူငယ်ချင်အားလုံးကို အထူးပင်ကျေးဇူးတင်၇ှိပါတယ်
ခင်မင်လေးစားစွာဖြင့်းးးးးးးးးးးးးးးးးးကိုထွန်းးးးးးးးးးးးးးးးးးးးးးး
သတိ.......အသိ......
$
0
0
          ဒီနေ့သီရိနေမကောင်းလို့ အိမ်မှာပဲနားနေပါတယ်..ရုံကညီမလေးကလာခေါ်တော့အမခွင့်ယူထားတယ်..တယောက်ထဲသွားလိုက်
တော့နော်လို့ဆိုတော့ညီမလေးကသူတယောက်ပဲသွားလိုက်တယ်.....သီရိလဲတအားဖျားနေတာနဲ့အိပ်ယာထဲလှဲနေပြီးခနလောက်မှေးခနဲ
ဖြစ်သွားတယ်..သိပ်မကြာပါဘူး....အလန့်တကြားနဲ့အော်ခေါ်သံကြားလိုက်တယ်..
                    မမ..မမ  လုပ်ပါအုံးလာကြည့်ပါအုံး...........
ဟဲ့ဘာဖြစ်တာလဲဟင်.........
                       မမရယ်လမ်းထိပ်မှာဆိုင်ကယ်နဲ့ကားလားမသိဘူးတိုက်ကြတာ....ခေါင်းကိုကြိတ်မိသွားတယ်..လမ်းမပေါ်မှာဦးနှောက်တွေလားမသိဘူး
ပြန့်ကျဲလို့................ပြောရင်းညီမလေးကထိုးအန်နေတော့တယ်
                  သီရိလဲနေမကောင်းတဲ့သူဟာလှဲမနေနိုင်ပဲချက်ချင်းအခင်းဖြစ်တဲ့နေရာကိုလိုက်ပို့ခိုင်းတော့တယ်................ဖြစ်တာက
သီရိတို့နဲ့မဝေးတဲ့လမ်းဆုံမီးပွိုင့်မှာဖြစ်တာ..........သီရိရောက်သွားတော့..သီရိတို့အသိသတင်းထောက်တချို့လဲရောက်နေပြီ
              ဟုတ်ပါရဲ့..လမ်းမပေါ်မှာသွေးတွေအိုင်လို့................ဦးနှောက်တွေကလဲသွေးအိုင်ထဲမှာရောဘေးတွေမှာပါဖွေးဖြူစွာနဲ.
လွင့်စင်လို့...........ခန္ဒာကိုယ်ကတော့လမ်းဘေးမှာရောက်နေပြီ...ပုဆိုးလေးနဲ့ခေါင်းပိုင်းကိုဖုံးထားလေရဲ့...သီရိကြည့်နေတုန်းမှာပဲ
ယာဉ်ထိန်းရဲတယောက်ကအလောင်းကိုတာလပတ်တခုနဲ့လာအုပ်တယ်...........ညီမလေးကတော့မကြည့်ရဲလို့ဝေးဝေးမှာစောင့်နေလေရဲ့
ဘေးနားကအုပ်ချုပ်ရေးမှူးဆီမှာစုံစမ်းလိုက်တော့..........ကားကအလာဆိုင်ကယ်ကအကွေ့မှာဝင်ကျုံးမိတာဆိုပဲ.........ဆိုင်ကယ်ဦးထုပ်
လဲပြားချပ်နေတာပဲ..........စုံစမ်းကြည့်တော့သေဆုံးသူက..မြစ်ကြီးနားနဲ့သိပ်မဝေးတဲ့.နန်ကျင်ရွာလေးက...........ယာဉ်မောင်းကတော့
မိုးကောင်းမြို့ကလို့ပြောတယ်.........ယာဉ်မောင်းလဲကြောက်လန့်တကြားထွက်ပြေးသွားတော့မမြင်လိုက်ရဘူး..............
        သီရိလဲညီမလေးကအတင်းပဲပြန်လာချင်တယ်ဆိုပြီးခေါ်နေတော့............ပြန်လာခဲ့ရပေမယ့်...........မျက်စိထဲကနေထွက်ကို
မထွက်ဘူးဖြစ်နေတယ်.............ခေါင်းထဲမှာလဲဘယ်သူမှားသလဲဆိုပြီးစဉ်းစားနေမိတယ်..........အဲ့မှာအပြစ်နှစ်ချက်ကိုသီရိသွားတွေ့
တယ်...တစ်ချက်ကမီးပွိုင့်..........
                    မီးပွိုင့်ရှိပြီးပွိုင့်တွေကအလုပ်မလုပ်ဘူး...ပျက်နေတယ်.............မီးမလာတာလဲပါတာပေါ့
နှစ်အချက်ကယာဉ်မောင်းသူ.............
       သူတို့နှစ်ဦးစလုံးသာဆင်ဆင်ခြင်ခြင်မောင်းလာကြမယ်ဆိုရင်.........ဒီလောက်ဆိုးရွားတဲ့အဖြစ်မျိုးဖြစ်လာမှာမဟုတ်ဘူးလေ
ခုတော့နှစ်ဦးစလုံးရဲ့မဆင်မခြင်မောင်းနှင်မှုကြောင့်ခုလိုကြေကွဲစရာအဖြစ်တွေပေါ်လာခဲ့ပြီ...............နှစ်ဖက်စလုံးကမိသားစုဝင်တွေ
ဘယ်လောက်ခံစားရမလဲ...............ဒါကြောင့်သီရိစဉ်းစားတယ်........ဒီအဖြစ်လေးကိုမြို့တော်ကသူငယ်ချင်းတွေကို.ပြောပြချင်တယ်
ကိုယ့်မိတ်ဆွေတွေကိုဒီလိုအဖြစ်တွေမဖြစ်ရအောင်ဆင်ခြင်စေချင်တယ်..........ဒါကြောင့်ဒီစာလေးကိုမြို့တော်ကသူငယ်ချင်းလေးတွေ
ဖတ်မိပြီးဆင်ခြင်စေဖို့သီရိရေးလိုက်တာပါရှင်......တကယ့်အဖြစ်မှန်ပါနော်............ဒီနေ့မှာဖြစ်သွားတာပါ...........
သူငယ်ချင်းတို့အားလုံးယာဉ်မောင်းဆင်ခြင်နိုင်ကြပါစေလို့.................
                                                        နော်သီရိ(ဆူးမဲ့နှင်းဆီ)
                                                 20.4.2012(သောကြာ)
သဒ္ဒါတရားစစ်ဆိုတာ......
$
0
0
“သဒ္ဓါတရား..စစ်စစ်..ဆိုတာ..”
ဗိုလ်ငါးပါး (စိတ်စွမ်းအားငါးမျိုး)ထဲမှ..
ဦးစွာပထမ..သဒ္ဓါတရားအကြောင်း တင်ပြလိုပါသည်.။
ဘုရားရှင်က
“သဒ္ဓါတရားနဲ့ ကိလေသာရေအလျဉ်တွေရဲ့..
ဟိုတစ်ဖက်ကမ်းထက်ကို ကူးခပ်သွားနိုင်တယ်” ဟု
မိန့်တော်မူ၏။
အဓိပ္ပါယ်က
သဒ္ဓါတရားနှင့် နိဗ္ဗာန်ရောက်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်၏။
သဒ္ဓါတရားသာ အဟုတ်အားကောင်းပါစေ၊
အားပြည့်ပါစေ နိဗ္ဗာန်ကိုရောက်နိုင်ပါ၏။
သဒ္ဓါတရားသည် ထိုမျှလောက်အစွမ်းထက်၏။
စွမ်းအားကြီးမား၏။
နောက်ထပ်ဘုရားရှင် မိန့်တာက
“လူတို့ရဲ့သန္တာန်မှာ တည်ရှိနေရမယ့်
အကောင်းဆုံးတရားဟာ သဒ္ဓါတရားသာဖြစ်တယ်။
လူတို့ရဲ့ အကောင်းဆုံး အရင်းအနှီးဥစ္စာဟာသဒ္ဓါတရားသာဖြစ်တယ်။
ကုသိုလ်တရားတွေရဲ့ မျိုးစေ့ဟာ သဒ္ဓါတရားသာဖြစ်တယ်” ဟု
မိန့်တော်မူ၏။
သဒ္ဓါတရားအားကောင်းသူများသည်
ဘုရားတရားအလုပ်
သူများထက် ပို၍လုပ်ဖြစ်၏။
အလှူဒါနတွေ သူများထက် ပို၍လှူဖြစ်၏။
ဥပုသ်သီတင်းတွေ သူများထက်ပို၍ စောင့်သုံးဖြစ်၏။
တရားဘာဝနာအလုပ်တွေ သူများထက် ပို၍ အားထုတ်ဖြစ်၏။
ကျောင်းကန်ဘုရားကို သူများထက်ပို၍ ရောက်ဖြစ်၏။
ကုသိုလ်ကို လမ်းခင်း၍
သွားရတာဖြစ်တော့ ကုသိုလ်ပိုရသူသည် နိဗ္ဗာန်နှင့် ပို၍နီးမည်ဖြစ်၏။
သူများထက်အရင် နိဗ္ဗာန်ကို မြန်မြန်ရောက်မည်ဖြစ်၏။
သဒ္ဓါတရား အရင်းအနှီး လုံလုံလောက်လောက် ရှိသူမှာသာ
လူ့ဘဝလူ့ချမ်းသာ၊
နတ်ဘဝ နတ်ချမ်းသာ၊
ဗြဟ္မာဘဝ ဗြဟ္မာချမ်းသာ ဟူသော
လောကီအကျိုးထူး၊ အကျိုးမြတ်များကို ရနိုင်၏။
မဂ်ဖိုလ်နိဗ္ဗာန်..ဟူသော
လောကုတ္တရာ အကျိုးထူး၊ အကျိုးမြတ်များသည်လည်း
သဒ္ဓါတရားအရင်းအနှီးရှိသူမှာသာ ရနိုင်၏။
ချမ်းသာသုခ မှန်သမျှသည် သဒ္ဓါတရားရင်းနှီးပြီးမှသာ ရနိုင်၏။
လူ့ဘဝ နတ်ဘဝ၊
လူ့ချမ်းသာ နတ်ချမ်းသာ စသော
ကောင်းကျိုးတရားတို့သည် ကုသိုလ်ရှိသူမှသာ ရနိုင်၏။
ကုသိုလ်ကြောင့်သာ ထိုကောင်းကျိုးတရားတွေကို ရရှိခြင်းဖြစ်၏။
ကုသိုလ်၏မျိုးစေ့ကား သဒ္ဓါတရားဖြစ်၏။
သဒ္ဓါ မျိုးစေ့ရှိမှသာ ကုသိုလ်ဟူသော အပင်ပေါက်နိုင်၏။
ကုသိုလ်ရနိုင်၏။
ဒါန သီလစသော ကုသိုလ်တို့ကို ပြုလုပ်ခြင်းသည်
ထိုကုသိုလ်ကံနှင့် ထိုကံ၏ အကျိုးတရားအပေါ်
ယုံကြည်သော သဒ္ဓါတရားကြောင့် ပြုလုပ်ခြင်းဖြစ်၏။
ထို့ကြောင့်
သဒ္ဓါတရားကို ကုသိုလ်၏ မျိုးစေ့ဟု ခေါ်ရ၏။
သဒ္ဓါတရားသည် ယုံခြင်းသဘောလက္ခဏာရှိ၏။
စိတ်ကို ကြည်လင်စေတတ်သော ကိစ္စရှိ၏။
စိတ်ကို မနောက်ကျုစေတတ်သောတရားဟု ဆိုနိုင်၏။
သဒ္ဓေယျ ဝတ္ထုခြောက်ပါးလျှင် နီးသော အကြောင်းရှိ၏။
သဒ္ဓါတရားသည် ယုံတတ်သောသဘောရှိ၏။
သို့သော် ယုံတိုင်း သဒ္ဓါတရားတော့မဟုတ်။
လောကထဲက
ဗေဒင်ယုံ၊
လက္ခဏာယုံ၊
လူယုံ စသောအယုံတို့သည်
အဓိမောက္ခဟု ဆို၏။
ဘုရားတရား၊
ကံ ကံ၏အကျိုးနှင့်စပ်သော အယုံကိုမှ
သဒ္ဓါတရားဟု ခေါ်၏။
ယုံကြည်ဆိုသည့်အတိုင်း
ယုံပြီးလျှင် စိတ်ထဲမှာ ကြည်သွားမှ
သဒ္ဓါတရားအစစ်ဖြစ်၏။
ယုံသဒ္ဓါ နှင့် ကြည်သဒ္ဓါဟုလည်း နှစ်မျိုးခွဲခေါ်၏။
ဗုဒ္ဓစာပေကျမ်းများတွင်..
(၁)အာဂမသဒ္ဓါ၊
(၂)အဓိဂမသဒ္ဓါ၊
(၃) ပသာဒသဒ္ဓါ၊
(၄) သြကပ္ပနသဒ္ဓါ ဟု လေးမျိုးရှိ၏။
အလောင်းတော်များ ပါရမီဖြည့်စဉ်တစ်လျှောက်ပါလာသော
သဒ္ဓါကို အာဂမသဒ္ဓါ ဟုခေါ်၏။
မဂ်နှင့်အတူတကွပါသော သဒ္ဓါကို အဓိဂမသဒ္ဓါဟု ခေါ်၏။
ဥာဏ်မပါသောသဒ္ဓါကို ပသာဒသဒ္ဓါ ဟုခေါ်၏။
ဥာဏ်ပါသော သဒ္ဓါကို သြကပ္ပနသဒ္ဓါဟုခေါ်၏။
ယုံသဒ္ဓါက ပသာဒသဒ္ဓါဖြစ်၏။
ကြည်သဒ္ဓါက သြကပ္ပနသဒ္ဓါ ဖြစ်၏။
ကြည်သဒ္ဓါဖြစ်ဖို့အတွက်
အယုံခံသဒ္ဓေယျဝတ္ထု မှန်ဖို့လို၏။
သဒ္ဓေယျဝတ္ထု မှန်မမှန်ကို ကိုယ်ပိုင်ဥာဏ်နှင့်စဉ်းစားချင့်ချိန်ရ၏။
ဘာသာတရားတိုင်းသည် အယုံခံဝတ္ထု ရှိကြသည်သာဖြစ်၏။
တချို့ဘာသာတွေက
ကိုယ်ပိုင်စဉ်းစားချင့်ချိန်ခွင့်၊
တွေးတောဆင်ခြင်ခွင့်၊
ကိုယ်ပိုင်လွတ်လပ်ခွင့် မပေးကြ။
ဇွတ်မှိတ်ယုံခိုင်း၏။
လှေနံဓားထစ်၊
ပုံသေကားကျ ဇွတ်မှိတ်ယုံကြရ၏။
ထိုသဒ္ဓါမျိုးသည် ပသာဒသဒ္ဓါ-ယုံသဒ္ဓါသာ ဖြစ်၏။
သြကပ္ပနသဒ္ဓါ-ကြည်သဒ္ဓါမဖြစ်တော့။
အယုံခံဝတ္ထုက မှန်မှ မှန်ကန်သော ယုံမှုဖြစ်၏။
အယုံခံဝတ္ထုက မှားနေလျှင်
ယုံတာလည်း အမှားကြီးဖြစ်တော့၏။
အမှားကြီးကို ယုံမိတော့ ယုံမိတာမှားပြီပေါ့။
ယုံမိတာမှားလျှင်တော့
ယုံသာ ယုံလိုက်ရ စိတ်ထဲမှာတော့
ကြည်ကြည်လင်လင်၊ ကြည်ကြည်နူးနူး ရှိမည်မဟုတ်။
ဘုရား၊ တရား၊ သံဃာ၊
ကုသိုလ်ကံနှင့် အကုသိုလ်ကံ၊
ထိုကံနှစ်ပါး၏ ကောင်းကျိုးနှင့်ဆိုးကျိုး၊
ရှေ့နောက်ဘဝသံသရာ ဟူသော
ခြောက်မျိုးကမှ အယုံခံဝတ္ထုအစစ် ဖြစ်၏။
ဤခြောက်မျိုးကို ယုံရမှသာလျှင်
စိတ်ထဲ၌ ကြည်လာမည်၊ကြည်လင်လာမည်၊
ကြည်နူးလာမည်၊
ယုံပြီးလျှင် ကြည်လာမှ သဒ္ဓါတရားအစစ်ဖြစ်၏။
သဒ္ဓါတရား၏ကိစ္စ…သဒ္ဓါတရား၏ လုပ်ဆောင်ချက်က
စိတ်ကိုကြည်လင်စေနိုင်ခြင်းဖြစ်၏။
သဒ္ဓါတရားသည် စကြာမင်း၏ ပတ္တမြားရတနာနှင့် တူသည်ဟု ဆို၏။
နောက်နေသော ရေကန်ထဲသို့
ပတ္တမြားရတနာထည့်လိုက်လျှင် အနောက်တွေ အနည်တွေ ထိုင်သွားပြီး
ရေကန်ထဲကရေအားလုံး ကြည်လင်သွားတော့၏။
စကြာမင်း၏ ပတ္တမြားရတနာသည် ထိုမျှလောက်စွမ်း၏။
သဒ္ဓါတရားသည် ထိုပတ္တမြားနှင့် အလားတူ၏။
နောက်နေသောစိတ်ကို ကြည်လင်စေနိုင်၏။
လောဘ ဒေါသစသော ကိလေသာတို့သည်
စိတ်ကို နောက်ကျုစေတတ်၏။
ကိလေသာ ဝင်နေသောစိတ်သည် နောက်ကျုနေ၏။
မကြည်မလင် ဖြစ်နေ၏။
ထိုနောက်ကျုနေသော စိတ်ထဲကို
သဒ္ဓါတရားသာထည့်လိုက်၊
ဘုရားတရားသာ အာရုံပြုလိုက်၊
ကိလေသာ အနောက်အနည်တွေ အကုန်ထိုင်ကျသွားပြီး
စိတ်ကြည်လင်လာပါလိမ့်မည်။
စိတ်ကြည်လျှင် ရုပ်ပါ ကြည်တော့၏။
သဒ္ဓါတရားကောင်းသူတို့၏ မျက်နှာဆိုလျှင် ကြည်လင်နေ၏။
သန့်ရှင်းနေ၏။
ဖြူစင်နေ၏။
တရားရက်ရှည် အားထုတ်ထားသူတို့၏မျက်နှာဆိုလျှင် ကြည်လင်နေ၏။
နောက်
တဖြည်းဖြည်း တရားနှင့် ပြန်ဝေးသွားလျှင်လည်း
ထိုကြည်လင်မှုတွေ ပြန်ပျောက်ကွယ်သွား၏။
စိတ်နှင့်ရုပ်ကို ကြည်လင်စေမှသာ
သဒ္ဓါတရားအစစ်ဟု မှတ်ယူရမည်။
တချို့ဘာသာရေးအလုပ် လုပ်နေသူတွေ၊
တရားသမားပါဆိုသူတွေ၊
တရားနယ်ပယ်တွင်းမှာ နေ နေသူတွေ၊
ပညာတတ်ပညာရှိတွေ မျက်နှာတွေ ရှုံ့နေ၏၊
မဲ့နေ၏၊
ရှုပ်နေ၏၊
မှုန်နေ၏၊
တင်းနေ၏၊
မာနေ၏၊
မရှင်းမလင်းဖြစ်နေ၏။
မကြည်မလင်ဖြစ်နေ၏။
ထိုသို့ဖြစ်လျှင် သူတို့၏သန္တာန်၌
သဒ္ဓါတရား ရှိမရှိ စဉ်းစားရတော့မည်။
သဒ္ဓါတရား မဖြစ်လျှင် ကုသိုလ်မဖြစ်၊
ကုသိုလ်မရှိ။ ကုသိုလ်မဖြစ်၊
ကုသိုလ်မရှိလျှင် တရားမဖြစ်၊ တရားမရှိနိုင်။
အကြောင်းက သဒ္ဓါတရားသည်သာ ကုသိုလ်၏မျိုးစေ့ဖြစ်နေသောကြောင့်ဖြစ်၏။
သဒ္ဓါတရားကလည်း
လူများအိပ်ပျော်နေသလို အိပ်ပျော်နေတတ်၏။
သဒ္ဓါတရားအိပ်ပျော်တယ်ဆိုတာ
သဒ္ဓါတရား ပျောက်ကွယ်နေသောအချိန်ကို ဆိုလို၏။
ထိုသို့ အိပ်ပျော်နေသော သဒ္ဓါတရားကို နိုးကြားလာအောင်
နှိုးပေးရလိမ့်မည်။
ဘယ်လိုနှိုးပေးရမှာလဲဆိုလျှင်
သူတော်ကောင်းနှင့်ပေါင်း၊
သူတော်ကောင်းတရားကို နာယူ၊
သူတော်ကောင်းစကားကိုပြော၊
သူတော်ကောင်းစာတွေဖတ်၊
သဒ္ဓါတရားနိုးကြားနိုင်သောစာတွေဖတ်၊
ယောနိသောမနသိကာရ ရှိ၊ သင့်တင့်စွာနှလုံးသွင်း၊
ကုသိုလ်ဖြစ်အောင် စိတ်ထား၊
အကောင်းဆုံးကတော့ တရားထိုင်၊
ထိုသို့
ကျင့်ကြံအားထုတ်လျှင်
သဒ္ဓါတရား နိုးကြားလာလိမ့်မည်။
သဒ္ဓါတရား တိုးပွားလာလိမ့်မည်။
သဒ္ဓါတရားခိုင်မြဲလာလိမ့်မည်။
လူဆိုတာ
ဘုရားတရားနှင့်ကင်းကွာ၍မရ၊
ဘုရားတရားနှင့် ကင်းကွာနေသောအချိန်သည်
မိုက်နေသောအချိန်ဖြစ်၏။
မိုက်နေလျှင် မည်းနေလိမ့်မည်။
မည်းနေလျှင် မှောင်နေလိမ့်မည်။
မှောင်ဟူသည် ကိလေသာအမှောင်ဖြစ်၏။
ကိလေသာအမှောင်ကျနေလျှင် အကုသိုလ်ဝင်နေခြင်း ဖြစ်၏။
လူတွေက
တစ်စုံတစ်ခု ဒုက္ခရောက်မှ
အကုသိုလ်ဝင်တာဟု ခေါ်ကြ၏။
အမှန်က အကုသိုလ်တွေလုပ်၊
အကုသိုလ်တွေဖြစ်နေလျှင်
အကုသိုလ်ဝင်တော့တာပဲဖြစ်၏။
ဒုက္ခရောက်တာက အကုသိုလ်ဝင်တာမဟုတ်၊
အကုသိုလ်၏ အကျိုးဝင်ခြင်းဖြစ်၏။
ထိုအမိုက် အမည်း အမှောင်တွေ ပျောက်ဖို့ဆိုတာ
သဒ္ဓါတရားရှိနေမှ၊
သဒ္ဓါတရားဖြစ်နေမှ ပျောက်လိမ့်မည်။
သဒ္ဓါတရားရှိနေဖို့၊
သဒ္ဓါတရားဖြစ်နေဖို့
ဘုရားတရားအလုပ်တစ်ခုခု လုပ်နေရမည်။
ယခုကဲ့သို့ ဆုတ်ကပ်အခါသမယတွင်
အကောင်းအကောင်းတွေ နောက်ဆုတ်သွားကြပြီး
အဆိုးအဆိုးတွေ ရှေ့တိုးရှေ့တက်လာကြ၏။
အကောင်းတွေက နောက်ရောက်၊
အဆိုးတွေက ရှေ့ရောက်လာကြ၏။
အကောင်းဟူသည်
အလောဘ အဒေါသ အမောဟ၊
အဆိုးဟူသည်
လောဘ၊ဒေါသ၊ မောဟ၊ အလောဘက
လောဘ၏ဆန့်ကျင်ဘက်၊
တပ်မက်မှုနည်းခြင်း၊
အတ္တနည်းခြင်း၊
အတ္တမဆန်ခြင်း၊
အတ္တမကြီးခြင်း၊
တစ်ကိုယ်ကောင်းမဆန်ခြင်း၊
စွန့်လွှတ်နိုင်ခြင်း၊
အနာခံနိုင်ခြင်း ဖြစ်၏။
အဒေါသ က
ဒေါသ၏ဆန့်ကျင်ဘက်၊
စိတ်ရှည်ခြင်း၊
သည်းခံခြင်း၊
ခွင့်လွှတ်ခြင်း၊
သဘောထားကြီးခြင်း ဖြစ်၏။
အမောဟ က
မောဟ၏ဆန့်ကျင်ဘက်၊
အမှားအမှန်ခွဲခြားဝေဖန်နိုင်ခြင်း၊
အမှန်တရားသိခြင်း၊
အမှန်တရားကို ဖက်တွယ်ခြင်း၊
အမှန်တရားကို မြတ်နိုးခြင်း၊
အမှန်တရားကို တန်ဖိုးထားခြင်းဖြစ်၏။
ဆုတ်ကပ်၌
အကောင်းတွေဆုတ်၊ အဆိုးတွေတိုး၊
အဆိုးတွေတက်လာသောအခါ
လူတွေ လောဘတွေကြီး၊
ဒေါသတွေကြီး၊
မောဟတွေကြီး၊
အတ္တတွေကြီး၊
မာနတွေကြီး၊
အာဃာတတွေကြီးနှင့်
ပိုပြီးတော့ စိတ်ညစ်ရ၊
ပိုပြီးတော့ စိတ်ရှုပ်ရ၊
ပိုပြီးတော့ ဦးနှောက်ခြောက်ကြရ၏။
ထို့ကြောင့် ရှုပ်သောစိတ်ကို ရှင်းစေနိုင်သော၊
နောက်သောစိတ်ကို ကြည်စေနိုင်သော
ဘာသာရေးအလုပ်၊
ဘုရားတရားအလုပ်ကို ပိုပြီးတော့ လုပ်ကြရမည်။
Viewing all 9878 articles
Browse latest View live