ချစ်သူ
တစ်ဦးနဲ့တစ်ဦးချစ်ခဲ့ကြလို့ သတိရကြောင်းရေးကြတာဟာ သိပ်သဘာဝဆန်ပြီး
လှပပါတယ်ကွယ်… ထိပ်ထားကတော့ ချစ်သူချစ်လားမချစ်လား မသိပေမဲ့ထိပ်ထားကချစ်နေတာပါ။
အုံပုန်းချစ်ဟာ အချစ်တကာ့ အချစ်မှာအရှိန်အပြင်းဆုံးပါ ချစ်သူ…. ချစ်သူရဲ့သိတဲ့စိတ်က
ထိပ်ထားနဲ့အလှမ်းဝေးလို့ အားငယ်သိမ်ငယ်နေတာ မှန်ပေမဲ့မသိစိတ်ကတော့ နှောင်ကြိုးတွေ
တစ်ရစ်ရစ်ပတ်နေတယ် မဟုတ်လား….. ချစ်သူ ကြိုးစားရှာဖွေနေတဲ့ ကာလမှာထိပ်ထားကို
စွန့်လွတ်ရမလား … ထိပ်ထားက စောင့်နေပါ့မလား… ထိပ်ထားရဲ့ဆုံးဖြတ်မှုကို သိချင်နေမှာကတော့
ချစ်သူဝန်ခံစေချင်တယ်… ချစ်သူမှာတစ်နေ့ ဘဝတူချစ်မဲ့သူ ဘဝတစ်လျှောက်လုံး
လက်တွဲမဲ့သူတွေ့ပေမဲ့ ချစ်သူရဲ့အိမ်မက်ထဲမှာ ပုံပြောကောင်းတဲ့ထိပ်ထား ရဲ့ဝိညဉ်လေး
ကိုတော့သတိရနေမှာ ဧကန်မလွဲပါဘူး ….။
G…mail လေးကသာ စကားပြောတတ်ရင် ထိပ်ထားရဲ့ချစ်သူ အပေါ်ထားတဲ့
အမှတ်တရလေးတွေ ကိုသက်သေပြနေမှာပါ ချစ်သူ… ထိပ်ထားရဲ့ အဖြစ်ဟာသိဝိဘုရင်မင်းကြီး
လိုဖြစ်နေသလားမင်းကုသလို ဖြစ်နေလား… ပဉ္စပါပီလိုဖြစ်နေသလား…
မသိအောင်အတွေးတွေ ယောင်ချာချာနဲ့ ခံစားနေရတာ ချစ်သူ.. ပုံပြင်ဆန်ဆန်ပြောရရင် …
လူပြည်လာလည်တဲ့ ဘဝလေးမှာ ထိပ်ထားဟာချစ်သူရဲ့
ဝိညဉ်လေးကို နွေးနွေးထွေးထွေး မြင်လိုက်ရသလို ချစ်သူကလည်း ထိပ်ထားရဲ့ဝိညဉ်ကို
မမြင်ပါဘူးအခါခါ ငြင်းပေမဲ့မဖြစ်နိုင်လို့ ငြင်းရတာမဟုတ်လား… ဖြစ်နိုင်ရင်တော့
ချစ်သူလည်းဆုံတွေ့ ချင်မှာပါဘည်း။ လွမ်းရေးထက် ဝမ်းရေးခက်နေတဲ့
ဘဝမို့ထိပ်ထားကို မေ့ထားပေမဲ့ အမှတ်တရနေ့လေးတွေ မှာထိပ်ထားရဲ့ Email လေးတော့
ချစ်သူမျော်နေမှာပါ…။ အပေါင်းအသင်းတွေကြားမှာ ထိပ်ထားကိုမုန်းတယ်လို့ ကြွေးကြော်နေပေမဲ့
အိမ်မက်ထဲမှာတော့ ထိပ်ထားကိုမျော်နေမယ်ဆိုတာ ထိပ်ထားသိပါတယ် အဲ့ဒါဟာသံယောဇဉ်
ပါချစ်သူ… ထိပ်ထားကလည်း ချစ်နေရုံလေးနေပြီး ချစ်သူကလည်း မချစ်ပါဘူးလို့
တစ်လောကလုံးကို အော်ပြောနေမှာပါ… ။
တစ်ဖက်သတ်အချစ်ဟာ
ရယူခြင်းမဟုတ်ဘူး ပေးဆပ်ခြင်းမဟုတ်ဘူး ဖြူဖြူစင်စင် အေးအေးချမ်းချမ်း ထာဝရချစ်နေတာပါ
ချစ်သူ.. ဘယ်အမိန့် ဘယ်အတားအဆီးမှ တား၍မရတဲ့ ထိပ်ထားရဲ့ တစ်ဖက်သတ်အချစ်ကို
ချစ်သူဘဝတစ်လျှောက် သားစဉ်မြေးဆက်ရတဲ့ထိ သိမ်းထားမယ်ဆိုတာ ချစ်သူငြင်းပေမဲ့
ထိပ်ထားကတော့ ကလေးဆန်ဆန် အသိကင်းမဲ့စွာနဲ့ ယုံနေမှာပါ လင်မယားချစ် တစ်သက်ချစ်ပေမဲ့
ထိပ်ထားရဲ့ အုံပုံးအချစ်တစ်ဖက်သတ် အတွေးလေးကိုတော့ မှီမယ်မထင်ပါဘူး ချစ်သူ…. ဒါကြောင့်
ဒီစာလေးဖတ်ပြီး မှန်ရာကို ဝန်ခံပါချစ်သူ…. ထိပ်ထားကလေ ချစ်နေရုံသာ ချစ်မှာပါ… ထိပ်ထားထွက်
သက်ဆုံးတဲ့ ဟိုး…… အဖွားကြီးဘဝထိ ချစ်သူကို ချစ်ပါလို့ မတောင်းဆိုပါဘူး…. ထိပ်ထားက
ချစ်တဲ့သူမို့ … ချစ်သူလို့ မှည့်ထားတာကို ချစ်သူသိရင် ကျေနပ်ပါပြီ.. နောင်တမလွန်ဘဝရှိရင်
ဟိုး…. ရှေးဘဝကတည်းက တစ်ဖက်သက် ချစ်နေခဲ့တဲ့ ထိပ်ထားနဲ့ မချစ်သင့်တာကို
သိနေတဲ့ချစ်သူအကြောင်းကို ပုံပြင်တစ်ပုဒ်လို လူသားတွေ ပြောနေကြရင်တော့ ထိပ်ထားအချစ်ဟာ
သစ္စာမှန်ခဲ့လို့ပေါ့ ချစ်သူရယ်… တဏှာတွေထဲမှာ ချစ်ခြင်းတဏှာဟာ နေဆယ်စင်းထက်
ပူလောင်ပါတယ်… ဆိုပေမဲ့ထိပ်ထားကလေ နေဆယ်စင်းမက
ပူလောင်တဲ့ချစ်သူရဲ့ နွေးထွေးမှုလေးတွေကို ထိပ်ထားအမြင်နဲ့ ရလိုက်လို့ ကျေနပ်နေပါတယ်
ချစ်သူရယ်…. ထိပ်ထားအမြင် ထိပ်ထားအတွေး…
ထိပ်ထားခံစားချက် လေးနဲ့တစ်ဖက်သတ် ပျော်နေရပြီး ချစ်သူက ဝန်ခံခြင်းငြင်းပယ်ခြင်း မပြုဘည်း
အသာတကြည် နေပေးနေတာ ကိုကထိပ်ထား တန်ဖိုးထားရတဲ့ အချစ်ပါဘည်း …. ချစ်သူ။
နေမြင့်လေ… အရူးရင့်လေလို့ လူတကာစွပ်စွဲလည်း ချစ်သူကိုချစ်တဲ့ တစ်ဖက်သတ်
အချစ်နဲ့ထိပ်ထား ခံယူရင်း ကမ္ဘာကြီးပျက်စီး ပျောက်ကွယ်သွားတဲ့ အချိန်ထိချစ်သူကို
တိတ်တိတ်ကလေး တိတ်တခိုးချစ်နေမှာပါ. ထိပ်ထားရဲ့ချစ်ခြင်းကို လက်မခံပေမဲ့…. မငြင်းလိုက်ပါနဲ့
ချစ်သူရယ်…….။