ကျွန်တော်တစ်နေ့က ကွန်ပျူတာတစ်လုံး ၀ယ်ယူခဲ့ပါသည်။ ပြသာနာလေးတွေ ရှိနေသဖြင့် စာရေးအကြောင်းကြားခြင်းဖြစ်ပါသည်။
၁။ ကွန်ပျူတာဝယ်ပြီး အင်တာနက်ချိတ်လိုက်ပါသည်။ E – mail မှာ ပြသာနာဖြစ်ပါတော့သည်။ Password ဆိုတဲ့ နေရာမှာ ****** အဲ့ဒါတွေပဲ ပေါ်နေတယ်။ တခြားနေရာမှာ မဖြစ်ဘူး။ အဲဒီနေရာမှာပဲ။ ကွန်ပျူတာကို စစ်ဆေးကြည့်တော့လည်း အကုန်လုံးကောင်းပါသည်။ဒါကြောင့် ဒီပြသာနာကို ကိုင်တွယ် ဖြေရှင်းပေးစေလိုပါသည်။
၂။ နောက်တစ်ခုက turn off ခလုတ်ကို နှိပ်လိုက်ရင် ကွန်ပျူတာက ဆက်ပြီး အလုပ်မလုပ်တော့ပါ။ ပြီးတော့ Start button ပဲပါသည်။ Stop button လည်းမပါ။ အဲ့ဒါလေးကိုလည်း တပ်ဆင်ပေးစေချင်ပါသည်။
၃။ ကျွန်တော့်သူငယ်ချင်းတစ်ယောက် run ဆိုတဲ့ခလုတ်ကို နှိပ်လိုက်လို့ ပြေးလိုက်ရတာ တခြားမြို့ကိုရောက်သွားလေရောဗျာ။ ဒါကြောင့် ကျွန်တော်တောင်းဆိုချင်တာက sit ဆိုတဲ့ ခလုတ်လေးကိုတစ်ခုလောက်ကိုလည်း တပ်ဆင်ပေးစေချင်ပါသည်။ ဒါမှသာ ကျွန်တော်တို့ ထိုင်ပြီးမှ ကွန်ပျူတာ သုံးမယ် မဟုတ်ပါလား။
၎။ ပြီးတော့ ဟိုတစ်နေ့က ကျွန်တော့်မိန်းမလက်စွပ် ပျောက်သွားလို့ Search မျာ ရှာကြည့်တာ ရှာမတွေ့ပါ။ Search button က ဟန်လုပ်ပြီး တပ်ထားတာများလား။
၅။ ကျွန်တော် ကွန်ပျူတာမှာ ဖဲရိုက်တုံးက နိုင်ထားတဲ့ ပိုက်ဆံတွေ ဘယ်တော့လောက်ရမလဲဆိုတာ သိပါစေ။
၆။ ကျွန်တော် ကလေးတွေကို Microsoft Word သင်ပြီးပါပြီ။ သူတို့က Microsoft Sentence သင်ချင်နေကြပြီ။ အဲ့ဒါလည်း ဘယ်တော့လောက်ထွက်မလဲ မသိဘူးနော်….။
အင်တာနက် ဂျာနယ်မှ ကူးယူ တင်ပြခြင်းဖြစ်ပါတယ်။