Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မျက်စိအတွက် ကွမ်းတစ်ရွက်

$
0
0

         ကိုလင်း(သလ္လာဝတီ)  ရဲ့ ကွန်ပျူတာကြည့်သူများအတွက် ဆိုတဲ့ ဘလော့လေးကို ဖတ်မိပြီးကတည်း ဒီအကြောင်းအရာလေးကိုရေးချင်ခဲ့တာပါ။ ကိုယ်က ဝန်ထမ်းဆိုတော့ အလုပ်ကတစ်ဖက်နဲ့ မရေးနိုင်ခဲ့ပါဘူး။ အခုတော့ ကိုယ့် ခေတ္တခဏနားရတဲ့ ကိုယ်ပိုင်အချိန်လေးကို ပေးပြီးတော့ ရေးဖြစ်အောင်ရေးလိုက်တော့တယ်။

          ဒါကတော့ ကိုယ်တွေ့လေးကို မျှဝေပေးခြင်းဖြစ်ပါတယ်။ ကိုလင်း (သလ္လာဝတီ)က ကွန်ပျူတာနဲ့ အလုပ်လုပ်တဲ့အခါ မျက်စိ ထိခိုက်မှု သက်သာရန်အတွက် ကွန်ပျူတာကို ဘယ်လိုအနေအထား၊ လူက ဘယ်လိုအနေအထား၊ ကွန်ပျူတာကြည့်ရင်း မျက်စိကို ဘယ်လိုအနားပေးသင့်တယ်၊  အစရှိသဖြင့်ပေါ့ ရေးပေးထားတယ်။ကျွန်တော်ကတော့  ကွန်ပျူတာနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး တစ်နေကုန် မနားတမ်းအလုပ်လုပ်နေရသူတွေကိုဆေးနည်းလေး လက်ဆောင်ပေးပါမယ်။ Monitor ကို တစ်နေကုန်ထိုင်ပြီးကြည့်နေရတော့ Monitor ကထုတ်တဲ့လျှပ်စစ်သံလိုက် အလင်းတန်းတွေမျက်စိကိုရိုက်တာခံရပြီပေါ့။အဲဒီလို ခံရတော့ မျက်စိက ကျိန်းစပ်ပြီးမျက်ခွံတွေကပူနွေးနွေးလေးကိုဖြစ်ကျန်နေတော့တာပဲ။ သက်သာရာ သက်သာကြောင်းဆိုပြီး လက်နဲ့ပွတ်တတ် ကြတယ်။အဲဒီလိုပွတ်တော့ မျက်စိဟာ နီရဲလာတယ်။ မလိုလားအပ်တဲ့ နောက်ဆက်တွဲရောဂါတွေရတတ်ပါတယ်။ အဲဒီအတွက် ဆေးနည်းလေးပေးမယ်။     

           ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်တဲ့ကွမ်းရွက် ပေါ့။ ကွမ်းရွက်ကို ရေစိမ်ပြီး မျက်ခွံအပေါ်က ပတ်လည် ကပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ကွမ်းရွက်ကို မျက်ခွံအပေါ် ကပ်လို့ရအောင် ဒီလိုလေး ကတ်ကြေးနဲ့ညှပ်ပါ။

 

           ညှပ်လို့ရတဲ့ ကွမ်းရွက် အစိတ်အပိုင်းလေးတွေကို  ရေခွက်ထဲထည့်ပြီး ရေစိမ်လိုက်ပါ။ ရေစိမ်ဆိုလို့ အကြာကြီး စိမ်ထားရမှာမဟုတ်ဘူးနော်။ရေစိုတယ် ဆိုရုံကလေး ရေဆွတ်လိုက်ပါ။ ပြီးရင် မျက်ခွံအပေါ်မှာ ဒီလိုလေး သာကပ်ထားခြင်းအားဖြင့်သင့်မျက်စိကို လျှပ်စစ်သံလိုက် အလင်းတန်းတွေ ရိုက်တဲ့ဒဏ်က သက်သာစေပါတယ်။

           ကျွန်တော်ဆိုရင် မျက်မှန်မတပ်ရသေးဘူး။ မျက်စိဆရာဝန်ကိုပြတော့  မျက်မှန်လုပ်ခိုင်းတယ်။မျက်မှန်တော့လုပ်ထားလိုက်တယ်။ မျက်မှန်မတပ်ဘဲ ကွန်ပျူတာသုံးတယ်။ မျက်မှန်တပ်ရင် ဇက်ကြောတွေတောင့်နေတတ်လို့။ တစ်နေကုန်မော်နီတာ မျက်နှာပြင်ကိုကြည့်ပြီးအလုပ်လုပ်ရတယ်။ ညအိပ်ရာဝင်ရင် ကွမ်းရွက်ကလေးကပ်ပြီး အိပ်တယ်။အလုပ်အများကြီး လုပ်ရတဲ့နေ့တွေမှာဆိုရင် ကပ်ထားတဲ့ ကွမ်းရွက်က ခဏလေးနဲ့ နွမ်းခြောက်သွားတယ်။ မျက်စိလည်း သက်သာတယ်။ ကြည့်ရတာ ကြည်လင်ပြတ်သားမှုရှိတယ်။ မြို့တော်အတွင်းက ကွန်ပျူတာ အကြာကြီးသုံးပြီးလုပ်ရတဲ့  ရောင်းရင်းမိတ်ဆွေတွေလည်း ကျွန်တော်လိုလုပ်ကြည့်ပါလားလို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။          ။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>