မင်္ဂလာပါရှင်...........။
အကောင်းဆုံး ဘလော့ပို့စ်ဆုရွေးချယ် ချီးမြင့်ခြင်း အစီအစဉ်တွင် ဇန်နဝါရီလရဲ့ အကောင်းဆုံး ဘလော့ပို့စ်ဆုရှင် (၃)ဦး
ပထမဆု-မှုံနံ့သာဖြူ (၃၀၀၀၀ =ကျပ်သုံးသောင်း)
ဒုတိယဆု-ကွန်ဆူးမား(၂၀၀၀၀=ကျပ်နှစ်သောင်း)
တတိယဆု- ဝိဝိ(၁၀၀၀၀=ကျပ်တစ်သောင်း) တို့ ရရှိသွားပါတယ်ရှင်။
ယခုလမှာ ဆုရရှိသူ (၃) ဦးလုံး၏ ဆန္ဒအရ ရွှေမြို့တော် ပရဟိတ လုပ်ငန်းစဉ်သို့ လွှဲပြောင်းလှူဒါန်းစေလိုသောကြောင့် ရွှေမြို့တော် ပရဟိတ တာဝန်ခံ ရှင်းသန့်မေထံသို့ စုစုပေါင်းငွေ (၆၀၀၀၀=ခြောက်သောင်းကျပ်)ကို (၂၂.၀၂.၂၀၁၂) တွင် ကမ္ဘောဇ ဘဏ်မှတစ်ဆင့် လွှဲပြောင်းပြီးစီးပါကြောင်း ဆုရရှိသူများနှင့် မန်ဘာများ သိရှိစေရန် အကြောင်းကြားပါသည်ရှင်..။
ချစ်သူမြို့ တော်တိုးတက်ရေးကို အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသော ပို့ စ်ရေးသားသူ ဘလော့ဂါများအားလုံး ၊ ဝင်ရောက်ဖတ်ရှူပေးကြသော မန်ဘာများ အားလုံးနှင့်တကွ ကြည့်ရှု့ ထိန်းသိမ်းပေးကြသော အက်မင်များ အားလုံးကို ချစ်သူမြို့ တော် မိသားစုမှ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်ရှင်..။
ဆုငွေများကို ပံ့ပိုးပေးသော အလှူရှင်အား ချစ်သူမြို့ တော်မိသားစုမှ အထူး ဝမ်းသာ ဂုဏ်ယူစွာ ကျေးဇူးတင်ရှိပါတယ်ရှင်..........။
ဘလော့ပို့စ် ဆုရွေးချယ်ပေးအပ်ခြင်း အစီအစဉ်တွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များအနက် စည်းကမ်းချက်(၁) အရ
၁။ ချစ်သူမြို့တော်အက်မင်များနှင့် အက်မင်များ၏ ကလောင်ခွဲများအား ဤဆုကို လုံးဝပေးအပ်ချီးမြှင့်မည် မဟုတ်ပါ။
စသည့် စည်းကမ်းချက်ကြောင့် ပြီးခဲ့သည့် လတွင် ကိုရင်ကျော်၏ ပို့စ်များအား ဆုရွေးခြင်းမှ ချန်လှပ်ထားရကြောင်း ကိုရင်ကျော်ရေးသားသော စာပေများကို ကြိုက်နှစ်သက်သူ စာဖတ်သူများ သိစေရန် အသိပေးအပ်ပါတယ်ရှင်။(ကိုရင်ကျော် ဆုမဝင်တာ စိတ်မကောင်းဖြစ်နေကြတဲ့ မန်ဘာတွေ အတွက်ပါ)
ယခု ဖေဖော်ဝါရီလမှ စတင်၍လည်း အက်မင်သစ်လေး မှုံနံ့သာဖြူရဲ့ ပို့စ်များကို စည်းကမ်းချက်နှင့်အညီ ချန်လှပ်ထားရတော့မှာဖြစ်ကြောင်း မန်ဘာများ သိစေရန် ဝမ်းနည်းစွာဖြစ် အသိပေးလိုက်ပါတယ်ရှင်။
ချစ်သူမြို့ တော် မိသားစု ကိုယ်စား
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်