ဖုန်းထဲက မက်ဆေ့ လေးတွေ ခုထိမဖျက်ထားသေးဘူး..။ ညတိုင်းလွမ်းရင် ငါလေ ထုတ်ထုတ်ကြည့်မိတယ်..
နင်ချန်ခဲ့တဲ့နေ့တွေကစ လွမ်းတက်လာတယ် ဆွေးတက်လာတယ်...စိတ်တဇဆန်တဲ့ ညတွေ အတွေးတွေက တော့ အမြဲလွဲချောနေဆဲပါ.။
ညဘက်တွေ ဂီတာတီးတိုင်း ဆိုတဲ့သီချင်းကတော့ အဝေးရောက်ချစ်သူက မပါမဖြစ်ဆိုသလိုပါပဲ..။ အိပ်မက်ထဲကို ခဏခဏ ရောက်လာတယ် မနက်ကြ ပြန်ထွက်သွားတယ်... ငါလေ...သေလောက်အောင်ခံစားရတာ အိပ်မက်ဖြစ်နေလို့ပါ..။
ငါသိမ်းထားတဲ့ နင့်ကိုချစ်တဲ့နှလုံးသားကို နင်ပြန်လာရင် ပေးမယ်ပေါ့...။ ငါနင့်နဲ့ပက်သက်လို့သ၀န်တိုတက်လာတယ်.. နင်နဲ့ပက်သက်လို့ မျက်ရည်တွေကျတက်လာတယ်.။ ငါအဲ့လောက်တောင် ဖြစ်သွားတာလာ...နင်နဲ့ စတွေ့တဲ့နေ့က.. ငါနှလုံးခုန်သံတွေက ပုံမှန်ပါပဲ..။
နင်နဲ့ရင်နှီးလာတယ်... နင့်ကို စပြီး ထမ္မင်းခွံကြွေးတဲ့ချိန် ငါ့နှလုံးခုန်သံတွေ ပုံမှန်မဟုတ်တော့ပဲ ... မြန်ဆန်နေတယ်.။
နင်ထားခဲ့မယ်ဆိုတာ...ငါ စိတ်ထဲက အလိုလိုသိနေသလို.. ဒါမှမဟုတ် စိုရိမ်းမူတွေကြောင့် စိတ်တွေ လူပ်ရှားနေတာလာ..
အချစ်ဆိုတာ နင်နဲ့တွေ့မှ အစစ်ဆိုတာသိလိုက်ရတာ...။ ငါ့ခံစားချက်တွေကို လူတွေက ပြောင်သလိုလို နောက်သလိုလို နဲ့..ဒါပေမယ့်
ငါဂရုမစိုက်ပါဘူး...။ အဲ့ခံစားချက်တွေကို နင်တစ်ယောက်နားလည်တယ်ဆို ငါကျေနပ်ပါတယ်...။အဝေးကြီးဆိုတဲ့ အဝေးကြိးမှာ.. နင်ပျော်နေလာ.. နင်စိတ်များညစ်နေလာ....ဒါမှမဟုတ်... နင် ဘာတွေဖြစ်နေလဲ ငါသိချင်မိတယ်..။ ငါကနင့်အတွက် ချာတိတ်လေးပါ..
နင်ဆော့ချင်သလိုဆော့လို့ ရတယ်.. အရုပ်ကလေးပါ..။ နင်ပျော်ဖို့အတွက်ဆို ငါလူရွင်တော် မက လူပျက်လုပ်ရလည်း ငါကျေနပ်ပါတယ်.။
နင်ရယ်နေရင် ငါ ကျေနပ်ပါတယ်... ကျန်တဲ့ခံစားမူတွေကတော့ နင့်ကွယ်ရာမှာပဲ ငါငိုလိုက်မယ်......။နင်မသိအောင် ငါငိုနေရတာကို
စိတ်ထဲက ပင်ပန်းနေတယ်လို့ ပြောပေမယ့် ငါနူတ်က မပင်ပန်းဘူးလို့ ပဲ ပြန်ဖြေအားတင်းလေ့ရှိတယ်..။ ဘေးမှာ မရှိလည်း... နင်နဲငါရဲ့ အမှတ်တရတွေ ကျန်နေသေးတယ်...။ နင် ကတော့ ရေမြေသစ်မှာ နယ်မြေသစ်မှာ အမှတ်တရဆိုတာမရှိပေမယ့် နေရာဟောင်းမှာ
ငါတစ်ယောက်တည်း လွမ်းဆွတ်သတိရနေတယ်ဆိုတာ နင်မသိပါဘူးချစ်သူရယ်..။
ငါ တစ်နေ့ တစ်နေ့ တစ်ရက် ပြီး တစ်ရက် မင်းအကြောင်းတွေ မင်းရဲ့အမှတ်တရတွေကို ပြန်စဉ်စားမိတယ်..။ ဒါတွေက သတိရမူတွေပါ..။ အမှတ်တရ မှတ်တိုင်တွေ မှာ ငါတစ်ယောက်ထည်း အမှတ်ရစွာ ကျန်နေခဲ့သလို အမှတ်တရမှတ်တိုင်မှာပဲ ငါစောင့်နေမိတယ်..။
အော် တစ်ချို့သောသူတွေက ချစ်တယ်ဆိုတာ အလကား မုသား ဆိုပြီးပြောကြတယ်...။ ငါ မုသားမသုံးသလို အလကားလဲမဟုတ်ပါဘူး.။ ငါနင့်ကို တကယ်မြတ်နိုးစွာနဲ့ ချစ်မိပါတယ်... ဒါပေမယ့်ငါကြောင့် နင်စိတ်အနှောင့်ယှက်ဖြစ်တယ်ဆိုရင်တော့.. ငါ နင်မမြင်နိုင်တဲ့နေရာကို တိတ်တဆိတ် ထွက်သွားပေးပါ့မယ်....ချစ်ရတဲ့ကောင်မလေးရယ်..........................လွမ်းဆွေးမူတွေနဲ့သာ ဘယ်တော့များမှလဲ.........................။ ရဲရင့်ခေါင်(love angel)