ဒီနေ့တော့ မှုံ …မေမေနဲ့ ဈေးကို လိုက်လာပါတယ် ။ ဈေးကိုရောက်တော့ ဆိုင်တဆိုင်နားမှာ ကားအကောင်းစားကြီး ၃ စီး တန်စီပြီးရပ်ထားတာ တွေ့ရပါတယ် ။ မှုံက စပ်စုတတ်တဲ့ အကျင့်အတိုင်း အဲ့ဒီဆိုင်က ကားတွေလားလို့ မေမေ့ကို မေးမိပါတယ် ။ မေမေက အဲ့ဒီဆိုင်ကကားတွေ မဟုတ်ဘူးတဲ့
အဲ့ဒီဆိုင်က မိန်းခလေးတယောက်နဲ့ ပါတ်သက်ဘူးတဲ့ လူတစ်ယောက်ရဲ့ကားတွေတဲ့ ။ မှုံ ..အရမ်းစိတ်ဝင်စားသွားပါတယ် ။ ဘာလို့ လာရပ်ထားတာလဲ လို့မေးမိပြန်တော့ မေမေက သူမှာ ခံစားချက်၇ှိလို့ လာရပ်တာပေါ့တဲ့ ။ အဲ့ဒီလူဟာ ကားတွေကို သီးသန့်လာရပ်ထားပြီး သူ့အိမ်ကို ခြေကျင်လျှောက်ပြန်သွားပါတယ်တဲ့ ။ စိတ်ဝင်စားစရာလေးမို့ အိမ်ရောက်မှ မေမေ့ကို ဆက်မေးတော့မည် ။
မေမေပြောပြတဲ့ ဇာတ်လမ်းလေးတပုဒ် မှုံရင်ဘတ်ထဲကို ထိသွားပါတယ်။ ကံကြမ္မာက အချစ်ကိုကြည်စားခဲ့တာလား။ အချစ်က ပဲ လူတွေကို ကြည်စားနေတာလား မသိတော့ပါ။
ဧရာဝတီတိုင်းရဲ့ နယ်မြို့လေးတစ်မြို့မှာ အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိခဲ့ပါတယ် ။ သစ္စာပန္နက်တွေစိုက်ထူပြီးတော့ကို ချစ်ခဲ့ကြတာပါ။
ခိုင်ရော သူရရော က မဆင်းရဲကြသလို ၊ ချမ်းလဲမချမ်းသာကြပါ။ ခိုင်တို့က အလှကုန်ပစ္စည်းရောင်းကြပြီး၊ ညီအမတွေထဲမှာ ခိုင်ကအကြီးဆုံးပါ။ အလိမ္မာဆုံးသမီးကြီး ။
သူရကတော့ မောင်နှမတွေများပြီး ၊ လိုင်းဆွဲတဲ့ ကားလေးတစ်စီးရှိပါတယ် ။ ညီအကိုမောင်နှမတွေများတာမို့
ကျောင်းစရိတ်ကိုတင်မနည်းရှာနေရတာပါ ။ အငယ်တွေ ကို ကျောင်းတက်ခိုင်းပြီး ၊ သူရက ကားလိုက်ရပါတယ် ။
ဒီလို လောကဇာတ်ခုန်ပေါ်က ချစ်သူ နှစ်ဦး အလုပ်လုပ်ရင်း အလွမ်းကို အပြုံး လေးပေးပြီး ဖြေသိမ့်ခဲ့ရပါတယ် ။ ရည်မှန်းချက်ကြီးသူတွေမို့ ရှေးရေး ၊ နောက်ရေးတွေးဆလို့ ပိုက်ဆံလဲ စုကြပါတယ် ။ သူရကတော့ ချစ်သူနဲ့ အတူနေချင်ပြီမို့ ချစ်သူ မျက်နှာမငယ်ရေး မဂ်လာ ဆောင်စရီတ်ကို စုပါတယ် ။
“ ခိုင်ရေ …မောင်တော့ စိတ်ကူးနဲ့ရူးနေတာကွ ၊ မစားရက်မသောက်ရက်စုထားတာ ၃ သိန်းကျော်သွားပြီကွ
အတူနေဖို့ တော့ နီးစပ်လာပါပြီ ”
ခိုင်က ချစ်သူကို နှစ်သိမ့် အပြုံးလေးပြုံးပြပြီး
“ စားတာလဲ စားပါ မောင်ရယ် ။ မောင်က ပိန်သွားတော့ ခိုင်စိတ်မကောင်းဘူး ။ ခိုင်လဲ စုထားတာ ရှိပါတယ် ။
ခိုင်လဲ မောင်နဲ့ အတူနေချင်ပါတယ် ”
“ မောင်က ခိုင်ကို အရမ်းချစ်ခဲ့တာ ကိုယ်ကို ကိုယ် တောင် ခိုင်လောက်မချစ်ဘူး။ တကယ် …”
ချစ်သူစကားက ခိုင့် ရင်ကို ထိမှန်စေပါတယ် ။ ချစ်သူ ပခုံးပေါ် ခေါင်းကို မှီချလိုက်ပြီး ..
“ ထပ်တူပါပဲ မောင်ရယ် ။ မိသားစုအရေးတွေ ကြောင့်ခိုင်တို့ ဝေးနေရပေမဲ့ ၊ တနေ့တော့ အတူနေခွင့်ရမှာပါ ။ အရမ်းပျော်ဖို့ ကောင်းမှာနော် မောင် ”
“ အင်းဟုတ်တယ် ။ ခိုင်နဲ့ မောင်နဲ ကလေးလေးတွေနဲ့ ..မိသားစုလေး အရမ်းပျော်ဖို့ ကောင်းမှာနော် ”
“ မောင်ကရယ်ရတယ် …ကျော်တွေးနေတယ် ”
“ တွေးရတာပေါ့ ။ အဲ့ဒါ မောင့်ရဲ့ အိမ်မက်ကိုး ..ခိုင်ရဲ့ ”
အရမ်းချစ်ကြတဲ့ ချစ်သူ နှစ်ဦး ၊ သူရကတော့ ပိုက်ဆံထုပ်လေးပိုက်ပြီး စိတ်ကူးတွေရင်လို့ပေါ့ ။
နောင်၆ လ အကြာမှာတော့ ခိုင်တယောက် သူဌေးတယောက်က တောင်းရမ်းတယ် ဆိုတဲ့ သတင်းကြားရပါတော့ တယ် ။ ခိုင်ကိုလဲ မတွေ့ရသေးတော့ သူရတယောက် နေမထိ ထိုင်မသာဖြစ်နေရပါတယ် ။
ချစ်သူကို ယုံကြည်ပေမဲ့ ၊ မိသားစုအတွက်ကြည့်လွန်းတဲ့ ချစ်သူ့ အားနည်းချက်ကို ကြောက်လှပါတယ် ။
မရက်စက်ပါနဲ့ ချစ်သူရယ် …ငါက ဘ၀ နဲ့ ရင်းလို့ ချစ်ခဲ့တာပါ ။
သူရဆုတောင်းမပြည့်ခဲ့ပါဘူး ။ ခိုင်တယောက် မဂ်လာဆောင်သွားခဲ့ပါတယ် ။
သူရ အသဲကွဲတယ် ဆိုထာထက်ဆိုးလွန်းလှပါတယ် ။ အနာဂါတ် အိမ်လေးပျက်စီးသွားရပြီမို့
အသက်တောင်မရူချင်တော့ပါဘူး။ ဘာဆက်လုပ်ရမှာလဲ ပြောပြကြပါ ။ သူရ အကြီးအကျယ် ပေါက်ကွဲ ပါတော့တယ် ။ မဂ်လာဆောင်ကို ပိုက်ဆံ ထုပ်နဲ့ ပေါက်ဖို့ ကြံစည်တာမို့ ၀ိုင်း ..ဆွဲကြရပါတယ် ။
သူရ အဖြစ်ကို တမြို့လုံး နီးနီး စိတ်မကောင်းဖြစ်ကြရပါတယ် ။
ခိုင်တယောက်ကတော့ အပူရုပ်ကို ဟန် လုပ်ပြုံး။ သနားမဲ့လူ မရှိပါဘူး။ သမီးလိမ္မာလေး ခိုင၊် မိခင်ရဲ့ သဘောထားကို မလွန် ဆန်နိုင်ခဲ့ပါဘူး။ သစ္စာမဲ့သူ အဖြစ်သာ မုန်းလိုက်ပါတော့ ချစ်သူရယ် ။
ချစ်သူရဲ့ ပေါက်ကွဲနေတဲ့ ပုံ ရိပ်က ခိုင်အသဲကို ဓါးထက်ထက် နဲ့ မွန်းနေသလိုပါပဲ ။
ဒီလိုနဲ့ သူရ တယောက် ပျောက်သွားခဲ့ပါတယ် ။ နိုင်ငံခြားထွက်သွားသလိုလို နဲ့ ဘယ်သူ မှ အတိအကျ မသိပါဘူး ။
နောင်၁၀ နှစ်အကြာမှာတော့ …ဧရာဝတီတိုင်းရဲ့ မြို့သေးသေးလေး တမြို့ က လူတယောက်က မြန်မာနိုင်ငံ တော့ ၁၀ စာရင်းဝင် သူဌေးကြီး ဖြစ်သွားခဲ့ပါတယ် ။ သူနာမည်က တော့ …ဦးသူရ တဲ့ ။
ဦးသူရဟာ မြို့လေးကို ပြန်လာရင် သူမှာ ကားသုံးစီ လောက် အနည်းဆုံးပါတတ်ပြီး ။ ခိုင်အမေရဲ့ ဆိုင်နားမှာပဲ သွားရပ်တတ်ပါတယ် ။ ပြီးရင်သူက တော့ စက်ဘီးနင်းပြီး အိမ်ပြန်သွားတတ်ပါတယ် ။
ဦးသူရဟာ ငွေကြေးရဲ့ အရှိန်နဲ့ မိန်းခလေးတွေ တယောက်ပြီး တယောက် ချစ်တတ်ခဲ့ပါတယ် ။
သူ့ ကို မျက်နှာများတယ် လို့ ပြောကြတဲ့ လူတွေကို သူက ရယ်ပြီးပြန်ပြောတတ်ပါတယ် ။
အချစ်ရှာကြည့်တာပါတဲ့ ။ အချစ်ဆိုတာ အလွန် ခါးခဲ့ဘူး ပါတယ် ။ ဒါပေမဲ့ ပြောကြတယ်မှလား ၊ အချစ်က ချိုမြိန်လွန်းတဲ့ ပန်းသီးတလုံး ဆိုတဲ့ ကျွန်တော်က မချိုဖူးသေးတော့ ဘယ်အချိန် ချိုမလဲ လို့ စမ်းသပ်တာပါတဲ့ ။
သူဌေးကြီး ဦးသူရဟာ အပြင်ပန်းကြည့်ရင်တော့ မိန်းခလေးတွေ တယောက်ပြီး တယောက်တွဲပြီး ၊ ပျော်ပျော်နေတတ်သူ၊ အချစ်ကို တန်ဖိုးမထားတတ်သူ တယောက်ပေါ့ ။
သူရဲ့ ရင်ထဲမှာတော့ တန်ဖိုးထားလွန်းတဲ့ အချစ်က သူကို ပြက်ရယ် ပြုခဲ့တာ ဘယ်သူမှ မသိပါဘူး။
ခိုင်ကရော ..သူရကို မေ့နိုင်ပါ့မလား။ သူလဲ မမေ့ နိုင်တာ အသေအချာပါပဲ ။ မိဘကျေးဇူး သိတတ်သူမို့
သူဘ၀ လေးဟာလဲ..လှပပေမဲ့ သူရင့်ထဲမှာတော့ မသာယာနိုင်တာ အသေအချာပါပဲ။
လောက ဇာတ်ခုံကြီးက လူတွေကို ကကွက် မျိုစုံ နဲ့ ကစေတတ်ပါတယ် ။ ဒါက လောကသဘာဝ ပေပဲလေ ။
သူရဲ့ လှည့်ကွက်မှာ ရေစုန်မျောမိသူဟာတော့ လူ မိုက်လေးပေါ့ ။
လောက ဓံကို ကြံကြံ ခံနိုင်သူက တော့ လူတော်လေးပါပဲ ။
မှုံတို အရွယ်ကတော့ အဓိက ပြစ်မှတ်က အချစ်ပေါ့ ။
အချစ်ရဲ့ စေစားမူကို လူတိုင်းလိုက်ပါနေတာပါပဲ ၊ လူငယ်တိုင်းဟာ အချစ်ကို မရှောင်နိုင်ကြပါဘူး။
ရှောင်လဲ မရှောင်ခိုင်းပါဘူး ၊ ဘ၀ ပျက်လောက် အောင် မျောပါ မသွားဖို့ပဲ အရေးကြီးတာပါ ။
လူတွေက ပဲ အချစ်ကို လှည့်စားတာလား ၊ အချစ်က ပဲလူ တွေ ကို လှည့်စား တာလေ အတိအကျမသိပေမဲ့ …
အရမ်းချစ်ခဲ့ကြပြီး မပေါင်းခဲ့ရတဲ့ ချစ်သူတွေ အများကြီးပါ ။
လောက သဘာဝ အရ ကောင်းကျိုး၊ ဆိုးကျိုး ဒွန့်တွဲနေတဲ့ အချစ်ကို ဘ၀ ပျက်ခံပြီး မချစ်ကြပါနဲ့ လို့ ပြောချင်ပါတယ် ။
ချစ်သူငယ်ချင်းများအားလုံး ကို ..ခင်မင်လေးစားလျှက် …..
ဆန္ဒမွန်ဖြင့် …
မှုံ နံ.သာဖြူ …..
↧
“ အချစ်ကို လူတွေက လှည့်စားတာလား၊ အချစ်က လူတွေ ကို လှည့်စားတာလား ”
↧