ဆုတောင်းရင်းနဲ့… ချစ်နေမိတယ်…
လွမ်းလို့ ရူးရတဲ့ ညတွေ…အိမ်မရနိုင်တာ မင်းလေးသိပါစေ…
အဆင်ပြေစွာ ဘဝမှာ …တစ်သက်စာ လက်တွဲသွားချင်တာ…မင်းလေးသိပါစေ…
အစစ်မဟုတ် အတုမဟုတ် ငါ့ကိုချစ်တဲ့ မင်းလေးရဲ့အချစ်တွေ ပြတ်သားနိုင်ပါစေ…
မှန်ကန်တဲ့ အချစ်စစ် တစ်ခုနဲ့ မင်းလေးကို ချစ်နေမိတာ ယုံကြည်နိုင်ပါစေ…
ချစ်ခြင်းရဲ့အဆုံးသတ် လမ်းခွဲခြင်းနဲ့ မဆုံစည်းရပါစေနှင့်… လို့…
ဘုရားရှိခိုးတိုင်းမှာ ဆုတောင်းမိနေတာကို မင်းလေးသိနိုင်ပါစေ…
တစ်ဖက်သတ် အချစ်က ပူလောင်တယ်တဲ့…နှစ်ဘက်သတ် အချစ်လည်း ပူလောင်တာပါပဲဗျာ…
တကယ်တော့ ၁၅၀၀ အချစ်ဆိုတာ ပူလောင်ပါတယ်…ဒါပေမယ့်…
အမုန်းမီးထက်စာရင်တော့ အေးချမ်းပါတယ်နော်…
ဒါဆိုရင် ကျနော် ကိုယ်တိုင် ပူလောင်တဲ့ အချစ်ကို ဘာကြောင့် ယူဆောင်မိတာလဲ…
ပိုးဖလံမျိုး မီးကိုတိုး ဆိုသလို ကျနော်လည်း ပူလောင်မှန်းသိရက်နဲ့ဝင် တိုးမိနေတာပေါ့ဗျာ…
ဆက်ဖတ်ကြည့်ဦးနော်…ဘယ်လိုဝင်တိုးမိလဲဆိုတာကို…
နှလုံးသားက ထူးဆန်းသားဗျာ့…အချောအလှ တွေ အများကြီးရှိရဲ့သားနဲ့ သူမှသူပဲ ဖြစ်နေတာ…
(ဟဲဟဲ ဂျစ်တယ်နော် ကလေးလိုပဲ…ရချင်တာပဲသိတယ်…)
ဦးနှောက်ကလည်း ကျန်တဲ့ ကိစ္စတွေ မေ့တတ်ပေမယ့် သူ့ကိုကျတော့ ဘယ်လိုမှ မမေ့ဘူးဗျာ့…
(ဟီးဟီး သူကလည်း ကွန်ပြူတာလောက်တော့ သနားတယ်တဲ့…)
စိတ်ကတော့ ပြောမနေပါနဲ့တော့ဗျာ…အစကတည်း သူ့ကို ဖမ်းမရတာ…အခုဆိုပိုဆိုး…
သူ့ဆီပဲရောက်ရောက်နေတာ…
ခန္ဓာကိုယ်က အနားယူ အိပ်စက်သွားတာတောင်မှ…
စိတ်က သူ့ဆီကိုပဲ လည်လည်သွားနေတာ…အိပ်မက်အဖြစ်နဲ့ပေါ့ဗျာ…
(ဟာ့ဟား….သူကလည်း တော်တော်လေးကို လည်တယ်ဗျာ…ပန်ကာလောက်တော့ သနားတယ်…)
အဓိက ကတော့ သူတို့သုံးကောင်ပေါ့ဗျာ… နှလုံးသား၊ ဦးနှောက်၊ စိတ်…
အဲ… သုံးခုလုံးကလည်း ခန္ဓာ ကိုယ်ရဲ့ အဓိက အစိတ်အပိုင်းတွေဗျာ့…
မေဂျာတွေကို သိမ်းပိုက်ပြီးသွားပြီဆိုတော့ မိုင်နာတွေကလည်း ကျဆုံးရတာ ပေါ့ဗျာ…
(ဟင့်အင်း…ဟီးဟီးဟားဟားဟိုး… စစ်ပွဲဟုတ်ဘူးနော်…)
အဲ….
အဲ့ဒီတော့…အားလုံးက တစ်ညီတစ်ညွတ်ထဲ ထောက်ခံပြီး မဲပေးဆုံးဖြတ်လိုက်တဲ့အခါမှာ…
(ဟင်…ဒီကိစ္စက လွတ်တော်ကို ရောက်ရှိသွားတယ်လို့ မထင်လိုက်နဲ့နော်…)
အဖြေက ဒီလိုလေး ထွက်လာတယ်ဗျာ့…..
မင်းလေးကို အရမ်း… “ အရမ်းချစ်နေမိတယ်” …တဲ့။
(အချစ်ကြောင်းကောင်းကောင်းမသိသူ... ထွန်းလေး)