၁။ ။ ရိုးသားသောသူ နှင့် ဟန်ဆောင်ကောင်းသောသူ မှားနိုင်ပါသည်။
၂။ ။ ပွင့်လင်းသောသူ နှင့် ပေါ့ပျက်ပျက် နိုင်သောသူ မှားနိုင်ပါသည်။
၃။ ။ အိနြေ္ဒရှိသောသူ နှင့် ကုတ်ကမြင်းကြောထတတ်တဲ့သူ မှားနိုင်ပါသည်။
၎။ ။ မိမိကို တကယ်ခင်သူ နှင့် အကျိုးမျှော်ပြီး ကပ်စားသူ မှားနိုင်ပါသည်။
၅။ ။ခေတ်ရှေ့ပြေးလွန်းသူ နှင့် အကျင့်သိက္ခာပျက်နေသောသူ မှားနိုင်ပါသည်။
၆။ ။ မိမိကို စေတနာဖြင့်ဆုံးမသူ နှင့် ဆရာကြီးလုပ်တာဝါသနာပါသူ မှားနိုင်ပါသည်။
၇။ ။ စိတ်ရင်းဖြင့်ချီးကျူးသူ နှင့် တမင်မြှောက်ပင့်ပေးသူ မှားနိုင်ပါသည်။
၈။ ။မိမိအကျိုးကို အမှန်လိုလားသူ နှင့် သက်သက်ချွန်တွန်းလုပ်တတ်သူ မှားနိုင်ပါသည်။
၉။ ။ မိမိကို စိတ်ရင်း အမှန်ဖြင့်ချစ်သူ နှင့် မိမိ၏ဂုဏ်ပကာသနကြောင့် ချစ်သူ မှားနိုင်ပါသည်။
၁၀။ ။မိမိကို တကယ်လေးစားသူ နှင့် အကျိုးလိုရု် လေးစားဟန်ဆောင်သူ မှားနိုင်ပါသည်။
၁၁။ ။။ -----------------
၁၂။ ။။ ------------------
(ကျန်သည့် မှားနိုင်သည့်သူများကို ထပ်မံဖြည့်ပေးပါရန် မေတ္တာရပ်ခံပါသည်.။ သို့သော် မိန်းမနှင့် ခယ်မ မှားနိုင်သည် တော့ မလုပ်ကြပါနဲ့။ နဂိုကတည်းက မှားချင်နေတဲ့လူတွေ များလွန်းလို့ပါ------pး))))
↧
မှားနိုင်သောသူများ
↧