“လိုတိုး ပိုလျှော့” ဆိုတဲ့ စကားလုံးလေးက အရမ်းကို အသုံးဝင်တဲ့ စကားလုံးလေးပါ။ ယခု လောလောဆယ်လဲ လူပါတ်ဝန်းကျင်တွင်
သုံးနေကြပါသည်။ ရိုးရိုးလေးနဲ့..ဘ၀ တခုလုံအတွက် အလွန်အသုံးဝင်ပါတယ်။ ဒဂုန်တာရာရဲ့ ဆောင်းပါးလေးတခုကိုဖတ်ပြီးချိန် မှာ ဒီစကားလုံးလေးရဲ့ အနှစ်သာရကို ကျမခံစားလို.ရခဲ့ပါတယ်။
အဲ့ဒီဆောင်းပါးလေးမှာတော့ ဒဂုန်တာရာက သူဘ၀ရဲ့ လိုတိုး ပိုလျှော့ လေးတွေကိုရေးထားတာပါ။
ကျမခံစားလိုရတဲ့ ကျမဘ၀ရဲ့ လိုတိုး ပိုလျှော့ လေးတွေ ကိုပြောပြချင်ပါတယ်။ လူလောကကြီးမှာ အားလုံးပြီးပြည့်စုံနေသောသူရယ်လို မရှိရိုးအမှန်ပါ။ လူတိုင်းကတော့ လိုအပ်ချက်ကိုယ်စီ၊ ပြစ်ချက်ကိုယ်စီ ရှိကြတာပါပဲ။ လူရယ်လိုဖြစ်လာပြီးမှတော့ လူတော်လူကောင်းလေးတွေပဲဖြစ်ချင်ကြသည်ပေါ့။ ဒါကြောင့်မို့ ကျမတို.ရဲ့ ကိုယ်ပိုင်ဘ၀ကို ကိုယ်ကို တိုင်သုံးသပ်ကြည့်ဖိုလိုပါတယ်။
အကောင်း အဆိုး ဒွန့်တွဲ နေတဲ့ ဘ၀ကြီးမှာ ကောင်းတာလေးတွေများလာအောင် လိုတိုးပိုလျှော့ လေးလုပ်ကြည့်ကြ ဖို.လိုပါတယ်။
ကျမ ဆိုပါတော့ ကျမကတော့ စာဖတ်ဝါသနာပါပါတယ် ။ အလိမ္မာစာမှာရှိ ဆိုသလိုပေါ့..လူကြီးမိဘတွေရဲ့ သွန်သင်မူကြောင့် လဲ စာဖတ်အားသန်လာရတာပါ။ ဒါပေမဲ့ ကျမက စာအုပ်အရမ်းရွေးပါတယ်။ စာကြီး ပေကြီးရွေးဖတ် တတ်တယ်ပေါ့။ စာအုပ်မျိုးစုံ ဖတ်အားနည်းတာကြောင့် ဗဟုသုတ အစုံမရခဲ့ပါဘူး။ စာအုပ်မျိုးစုံဖတ်သင့်ပါတယ်။ ဒါကြောင့်မို ကျမရဲ့ ခံယူချက်ကြီးကို ပြောင်းပြီး စာအုပ်အစုံဖတ်ဖို လိုတာလေးကိုတိုးပေးရမှာပါ။
နောက်တခုကတော့ ကျမက မိန်းကလေးပီပီ အလှအပကြိုက်ပါတယ်။ အ၀တ်အစား ကြိုက်တာလေးတခုတွေပြီ ဆိုလျှင် မရအရ လိုက်ဝယ်တတ်ပါတယ်။ အဲ့ ဒီ လို လိုချင်တပ်မက်တဲ့စိတ်...အစွဲအလမ်းကြီးတဲ့စိတ် က တချိန် ဒုက္ခပေးနိုင်တာမို. ဖျောက်ဖျက်သင့်ပါတယ်။ ဒါလေးကတော့လျှော့သင်တာလေးပါ။
ကျမဘ၀ရဲ့ လိုတိုးပိုလျှော့ လေးတွေကိုဥပမာပြောပြတာပါ။
ကျမတိုလို..မြေစမ်း ခရမ်းပျိုး တဲ့ လူငယ်တွေ အတွက် အသုံးဝင်မယ်လိုထင်ပါတယ်။
အောင်မြင် အေးချမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ အတွက် ကိုယ်ပိုင်ဘ၀လေးကို လိုတိုးပိုလျှော့လေး လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ပျော်ရွင်ပါစေ။
မှုံနံ.သာဖြူ။