Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အာသာဝတီ နတ်ပန်း !!!!!

$
0
0


မြန်မာ ပြည်ရဲ့ လေ ကို တ၀ ကြီး ရှူသွင်းလိုက် တော့ လူက လန်းဆန်းတက်ကြွသွားသည် ။ အမိမြေ ရဲ့ လေနုအေးက ပင်ပန်း မူတွေကို ဖယ်ရှားပေးနိုင်ပါသည် ။ အမိမြေ နဲ့ ခွဲ ခွာဘူးသူတိုင်း ခံစားဘူးမှာပါ ။
တိုင်းတပါး ရဲ့ အေးစက်တဲ့ ရင်ခွင်နဲ့ မတူ ညီနှိင်တဲ့ ယဉ် ကျေး မူ ။ ဘယ်လောက်ပဲ ကောင်းနေပါစေ မွေးရပ်မြေကို ပဲ လွမ်းဆွတ်ကြတာ ပဲလေ ။ ယဉ်ကျေးသိမ် မွေ့ လှ တဲ့ အမိမြေ ပြန်လည် ခို လှုံ ခွင့်ရခဲ့ပါပြီ ။
ဖြူ ပျော် လိုက် တာ တကယ်ပါပဲ ….
သူငယ်ချင်းတွေ ကို လက်ဆောင် လိုက်ပေးရင်း အတူ လျှောက်သွားဖြစ်ခဲ့ ပါတယ် ။ ဖြူ အတွက် မြန်မာ ပြည်ဟာ အတော် ကို ပြောင်းလဲ သွားခဲ့ ပြီပဲ ။

ခောတ်နဲ့ အညီတိုးတက်ပြောင်းလဲနေတဲ့ အချိန်မို့ …ပြောင်းလဲ သင့်ပါတယ် ။ အဓိက မြန်မာမလေးတွေ နိုင်ငံတကာနှင့် အညီ ရင်ဘောင်တန်းနိုင်နေပါပြီ ။ အချိန်ကို လုနေရတာ မို့ ..ခြေတစ်လှမ်း ကုဋေ တသန်းလဲ မလှမ်းနိုင်တော့ပါဘူး။ လှမ်းနေရင်ဖြင့်လဲ နောက်ကျ ကျန်ခဲ့နိုင်ပါတယ် ။
မြန်မာမိန်းခလေးဆိုတာ အိနြေ္ဒ သိက္ခာ အလွန်ပဲ အရေးကြီးပါတယ် ။ ခောတ် အဆက်ဆက် ထိန်းသိန်းမူ ကြီးတခုပါ ။

ဒါပေမဲ့ ခုခောတ်မှာတော့ လျှော့ ရဲ စပြုနေပြီလို့ ပြော၇မလားပဲ ။ မြန်မာ မိန်းကလေး တချို့ ရဲ့ ၀တ်စား ဆင်ရင်မူ တွေ ကြောင့် မြန်မာ မိန်းကလေးထု ကြီး ..နာမည် ပျက်ဖွယ် ရှိနေပါတယ် ။ သူတိုလဲ လူငယ်လေးတွေ မို့ လှ ချင်ကြသည် ကို နားလည်ပေး၍ ရပေမဲ့ ၊ လွန် ကျွံလာ လျှင်တော့ သိက္ခာ ပိုင်းပါ ထိ ခိုက်လာနိုင်ပါတယ် ။ ကိုယ်နေရာ ဒေသ နဲ့ ယဉ်ကျေး မူ ကို ကြည့် ပြီး ၀တ်စားတတ်ဖို့ အရေးကြီးပါတယ် ။ ဖြူ တို မြန်မာ နိုင်ငံက ယဉ်ကျေး မူ အလွန် ထွန်းကားသော နိုင်ငံ။ အလွန် ယဉ်ကျေး သိမ့်မွေ့သော လူ မျိုးပါ။ ကမ္ဘာမှာ မြန်မာ့ ယဉ်ကျေး မူ ကို လူ တိုင်းနှစ်သက် ကြပါတယ် ။
သူတပါး နိုင်ငံ တွေက တောင် အတု ယူရတဲ့ ယဉ်ကျေး မူ ကို နိုင်ငံသားဖြစ်တဲ့ ဖြူ တို့က ပို ၍သာ တန် ဖိုးထားသင့်ပါတယ် ။

ခု ဆို မိန်းခလေးတွေ အရမ်းတို လွန်းတာတွေ ၀တ်နေကြပါတယ် ။ ဖြူ ….သိထားတဲ့ အနောက်နိုင်ငံ က ဂုဏ်ကျက်သရေ ရှိ မိန်းမတွေ ဟာ စကတ်ကို ဒူးအပ်ါလက်လေးလုံး အထိပဲ အတို ကို ၀တ်ကြပါတယ် ။
ဒါက အနောက် နိုင်ငံ မှာနော် ။ ဖြူ တို့ အရှေ. တိုင်းမှာ မရှိပါဘူး ။ ရိုးရာ ၀တ်စုံ သာ ရှိပါတယ် ။ အရှေ့တိုင်းက နိုင်ငံတိုင်းရဲ့ ရိုးရာ ၀တ်စုံ တွေက အရှည် ဖြစ်ပြီး လုံခြုံ ကြပါတယ် ။ ခုတော့ အရှေ့ နိုင်ငံ တော်တော် များများ က တိုးတက် တဲ့ အနောက်နိုင်ငံတွေ ရဲ့ အတု ကို ယူ ပြီး တို လွန်းတဲ့ အ၀တ်အစားတွေ ကို ၀တ်နေကြပါတယ် ။ အဲ့ဒီ အတု ယူ မူ ကြီးက လဲ မြန်မာ နိုင်ငံ သို ကူးစက်လာပြီး .. ခု အရမ်းကို တို လာကြပါပြီ ။ အနောက် နိုင်ငံ တို တာ လောက်တော့ ပျင်းတယ် ..ဆို လောက်တဲ့ အနေအထား ကို ရောက်နေပါပြီ ။ အဲ့ဒီ ၀တ်စားဆင်ယင်ပုံကို ကြည့်ပြီ မြန်မာ မိန်းကလေးတွေကို တခြားနိုင်ငံက အထင်ကြီးပါတော့မလား။ ဒီ အ၀တ်အစားက လူ ရဲ့ သိက္ခာ တ ၀က် ကို ဆုံး ရှုံ နေစေပါပြီ ။

ကောင်းကျိုး တစ်ခု မှ ကို မပေးနိုင်ပါဘူး။ ခက်တာက ခောတ်ရေ စီး ကြောင်းလေ ။ အပြိုင်အဆိုင်ကို တိုနေကြတာပါ ။ အဲ့ ဒီ အထဲ ကိုယ့်မပါဖို့ ကို သတိကပ်ထားသင့်ပါတယ် ။ လူ တိုင်းလှ ချင်ပါတယ် ။ မလှ ချင်တဲ့ လူ မရှိပါဘူး။ ခောတ်နဲ့ လဲ ညီ ၊ လုံခြုံ တဲ့ အ၀တ်အစားတွေ အများကြီးပါ ။ ကိုယ့် အ၀တ်အစားနဲ့ ကိုယ် လူ ပြော မခံ ရစေ ရန် သတိထားသင့်ပါတယ် ။

ဖြူ တခု စဉ်းစားမိပါတယ် ။ ဖြူ တို့ ငယ်ငယ်က ဆရာ မကြီး တယောက် ပြောပြတဲ့ အကြောင်းလေး တခုပါ ။
မြန်မာ မိန်းကလေး ဆို တာ အာသာဝတီ နတ်ပန်းလေးလိုပါပဲ တဲ့။ အာသာဝတီနတ်ပန်းက ဘီး လူး (၄) ကောင် စောင့်ကြတ်တဲ့ ပန်းကလေးပေါ့။ အဲ့ ဒီ ပန်းလေးကို ခူး နိုင်ဖို့ ထို ဘီလူး (၄) ကောင်ကို ကျော် လွှာ နိုင်ရမယ်တဲ့ ။ အဲ့ ဒီလိုပဲ ရှေးခောတ်က ဆို မြန်မာ မိန်းကလေးတွေက အကို မောင် ၊ မိဘ တွေ ရဲ့ လက်အောက်မှာ သေ၀တ်ပိပြားစွာ နေခဲ့ ကြရတာ ။ အဲ့ ဒီ လို့ တန်ကြေး ရှိတာ ကို အာသာဝတီ နတ်ပန်းလေး နဲ့ တင်စားလိုက်တာပါ ။ ခု ခောတ်မှာ တော့ ရှေး ခောတ်က လို့ နေလို့ မရတော့ပါဘူး ။ ကိုယ့်ရဲ့ သိက္ခာ ၊ ကိုယ်ပိုင် အိနြေ္ဒ တွေ ကို ….ဟိ၇ီသြတ္တပ တရား ..ဆိုတဲ့ ဘီလူး ကို စောင့်ခိုင်းမှ လူ အထင်သေး စရာ မရှိတော့ပဲ အာသာဝတီ နတ် ပန်း လေး လို ၊ ရှေးက မြန်မာ မိန်းကလေး တွေ လို့ .. အဖိုးတန်နေအုံးမှာ ပါ ။
အာသာဝတီ နတ်ပန်း လို့ အဖိုးတန် တဲ့ မြန်မာ မိန်းကလေး များ ဖြစ်နိုင်ကြပါစေ ။

ခင်မင်လေးစား လျှက် …..
ဆန္ဒမွန် ဖြင့် …..
မှုံ နံ.သာဖြူ ….


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>