Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အောင်ထက်..ပိုးဥ..လင်မယားနှစ်ယောက်..တစ်ပါတီစီ

$
0
0

 

တစ်နေ့သောအခါ..

အောင်ထက်တို့ မိသားစုသုံးယောက် မုန့်ထုပ်လေးဝယ်လို့..

အမေ့အိမ်ကို ညနေစောင်းလေးရောက်ကြပါတယ်..အောင်ထက်ရဲ့ မွေးသမိခင်ပါ ။

အမေ့ကိုလည်းကန်တော့ရင်း မစားရတာကြာတဲ့ အမေ့လက်ရာလေးတွေလည်း စားချင်လို့ပါ ။

 

ညစာစားပြီး အမေက ဂျူနီယာအောင်ထက်လေးကို ရင်ခွင်ထဲထည့်ထားရင်း..

ကျွန်တော်တို့မိသားစုလေးရဲ့ စီးပွားရေး လူမှုရေးအခြေအနေတွေကိုမေးနေပါတယ်..။

နောက်တော့ ဘာကိုသတိရတယ်မသိပါဘူး ကောက်ခါငင်ခါ…

“ သားတို့ သမီးတို့ ..ခုကြားဖြတ်ရွေးကောက်ပွဲမှာ မဲထည့်ကြရအုန်းမယ်နော်..” တဲ့ ၊

 

အဲဒီချိန်မှာပဲ ပိုးဥမက..

“ ဟုတ် အမေ..အမေ့သားလေ..ကြံ့ခိုင်ရေးကို မဲထည့်ပါဆိုတာ ပြောမရဘူး..”  လို့ ၀င်ထောက်လိုက်ပါတယ်..

အမေကတော့..ခပ်ပြုံးပြုံးလေးနဲ့..

“ ဟုတ်လား..အောင်ထက်..သမီးပြောတာ..”

“ ဟုတ်အမေ..သားက အမေစုပါတီပဲ ပေးမှာ..” 

 

ပိုးဥမမျက်နှာချက်ချင်း ပျက်သွားရင်း..

“ အမေတွေးကြည့်..ဒေါ်အောင်ဆန်းစုကြည်က အသက်တောင် အတော်ရနေပီ..”

“ ပိုးဥမနော်..နင်အဲလိုမပြောနဲ့..ပါတီထောင်တာ..ဘောလုံးသင်းထောင်တာမဟုတ်ဘူး..”

“ တွေ့လားအမေ..အိမ်မှာလဲ ခဏခဏရန်ဖြစ်ရလို့..ခုသမီးသူနဲ့ ခွဲအိပ်နေတယ်..”

 

အမေကတော့..အသံထွက်အောင် ရီမောနေရင်းနဲ့..

“ ငါ့မြေးလေးကရော..ဘယ်ပါတီတုန်းကွဲ့..”

ပိုးဥမက..

“ အမေ့မြေးက..ဒီညအဖေနဲ့အိပ်..နောက်ည အမေနဲ့လာအိပ်..သူက..သာကူး လေ..လူလည်..”

 

ဒီနေရာမှာ..အမေက သူတို့ခေတ်အကြောင်းလေးတွေကို..ပြောပြပါတော့တယ်..။

အင်္ဂလိပ်ခေတ်တုန်းကတဲ့..

မြန်မာပြည်ကို အိန္ဒိယနိုင်ငံနဲ့တွဲနေချင်လား..ခွဲနေချင်လား ဆိုတဲ့ တွဲရေးခွဲရေး မဲပေးစဉ်ကတဲ့

ကျွန်တော့် အဘိုးက ခွဲရေးတဲ့..အဘွားကတွဲရေးတဲ့..။

 

အဖေတို့ အမေတို့ လွတ်လပ်ရေးခေတ်ရောက်ပြန်တော့.

ပါလီမန်ထဲမှာ..ဖဆပလကြီး နှစ်ခြမ်းကွဲပြန်ပါရောတဲ့..သန့်ရှင်းဖဆပလ နဲ့ တည်မြဲဖဆပလ တဲ့

အမေက ဦးနုရဲ့ သန့်ရှင်းကိုထောက်ခံပြီး..အဖေက တည်မြဲကိုထောက်ခဲပါသတဲ့..။

 

မဲဆွယ်ကြတော့..မနက်လင်းတယ်ဆိုရင်ပဲ..

အမေက..အ၀ါရောင်ဝတ်စုံနဲ့ သန့်ရှင်းဖဆပလတွက် မြို့ထဲထွက်မဲဆွယ်တယ်တဲ့..

အဖေက..အနီရောင်ဝတ်စုံ..အမျိုးသမီးအဖွဲ့နဲ့ တည်မြဲအတွက် မဲဆွယ်ထွက်သတဲ့..

 

တစ်ခါကများ..မြို့က ဘောလုံးကွင်းထဲမှာ..နှစ်ပါတီ အပြိုင်စင်ထိုးပြီးဟောပြောကြတာ..

အဖေက..တည်မြဲစင်ပေါ်ဟောပြောနေချိန်..အမေက သန့်ရှင်းစင်ပေါ်ကနေ အပြိုင်ကြဲဆိုပဲ..

ခုလိုပဲ လင်မယားချင်း တစ်ကျက်ကျက်ပါပဲတဲ့..ရွေးကောက်ပွဲကြီးနားနီးလေ..ထမင်းအတူမစားလေတဲ့..

ဒါပေမဲ့..ရွေးကောက်ပွဲကြီးလည်းပီးရော..ပြန်တည့်ကြတာပါပဲတဲ့..။

 

အမေက သူ့စကားကိုခုလိုလေး အဆုံးသတ်ပါတယ်..

“ ပိုးဥမကလဲ..သမီးနှစ်သက်တာသမီးယုံ..ကြံ့ခိုင်ရေး မဲပေးပေါ့..

  အောင်ထက်ကလဲ..သား အမေစုပါတီကို..ပေးပေါ့ကွယ်..

  အမေတို့ခေတ်တုန်းကလို ထမင်းအတူမစားနိုင်လောက်အောင်တော့..လင်မယားချင်း မပြင်းထန်ကြနဲ့..

  NLD ကောင်းတယ် ကြံ့ခိုင်ရေး ကောင်းတယ် ငြင်းနေတာနဲ့..ငါ့မြေးလေး အနေခက်မယ်ကွဲ့..”

 

ဒီလိုနဲ့..ညရှစ်နာရီလောက်မှာ..အမေ့အိမ်ကနေ ပြန်ခဲ့ကြပါတယ်..

သားလေးဂျူနီယာ အောင်ထက်ကတော့ ကျွန်နော် ပုခုံးထက်မှာအိပ်မောကျလို့..

ကျွန်နော်က..ပိုးဥမကို ခုလိုလေးပြောလိုက်ပါတယ်..

“ ပိုးဥမ..တို့နှစ်ယောက်ဒီညက စပြီး အိပ်ယာချင်း ပြန်ပေါင်းကြရအောင်..သိလား..”

“ အေးလေ နင့်သဘောပဲ..ခိခိ..”

 

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>