အပျိုကြီးဆရာမသည် အတန်းသူအတန်းသားများအား “လိုလိုမယ်မယ်” ဆိုသော စကားလုံးကို အသုံးပြု၍ ၀ါကျဖွဲ့ရန် ပြောသည်။ အတန်းထဲတွင် အတော်ဆုံးဟု အသိအမှတ်ပြုခံရသူ “နာတာရှာ” က အောက်ပါအတိုင်း ဥပမာပေး၍ ဖြေသည်။
“ကျွန်မနှင့် ဖွားဖွား ကျောင်းပိတ်ရက်တွင် တောထဲသို့သွားသည်၊ လိုလိုမယ်မယ်
ဆွဲချင်းတစ်လုံးကို ယူသွားပါသည်၊အပြန်တွင် ချင်းအပြည့် မှိုများကို ကောက်ထည့်ခဲ့ပါသည်။”
ဆွဲချင်းတစ်လုံးကို ယူသွားပါသည်၊အပြန်တွင် ချင်းအပြည့် မှိုများကို ကောက်ထည့်ခဲ့ပါသည်။”
“နာတာရှာတော်တယ်၊ ဆရာမ ‘ ဂရိတ်ဖိုက်’ ပေးလိုက်တယ်”
ကိုလျာလေးကလည်း အားကျမခံ ဥပမာပေး၍ ဖြေသည်။
ကျွန်တော်နှင့် ကျွန်တော်အဖိုးတို့ တစ်နေ့က ဘောလုံးပွဲ သွားကြည့်ပါသည်။ လိုလိုမယ်မယ် ဂုံနီအိတ် အလွတ်တစ်လုံး ယူသွားပါသည်၊ အပြန်တွင် အိတ်အပြည့် ပုလင်းလွတ်များကိုထည့်ခဲ့ပါသည်။
“အေး၊ အဲဥပမာလည်း မဆိုးပါဘူး။ ကိုလျာကိုလည်း ဆရာမ ‘ငါးမှတ်’ပေးပါတယ်ကွယ်” ပီတာလေး နေရာမှထသည်၊ မိမိ၏ဥပမာကိုပြောသည်။ “ကျွန်တော့အစ်ကို အင်မတန်မှ မြာပွေတယ်၊ အပျိုကြီးမမတွေကို သူသဘောအကျဆုံးပဲ၊ လိုလိုမယ်မယ် ကျွန်တော်တို့အိမ် ဖုန်းန့ပါတ်ကို ဆရာမ ရေမှတ်ထားပါလားဟင်”