sunday အလုပ်ပိတ်ရက်လေး ၁နေ့မှာ ပေါ့ အိမ်မှာလက်တော့ကလိရတာလဲပျင်းလာတယ်လေ စိတ်ပြေလက်ပြောက် မြို့ထဲ သွားခဲ့တယ် ဈေးဆိုတော့ အာလုံးစုံလင်နေတာပေါ့ဗျာ ဟိုကြည်ဒီကြည် အားလုံးလိုလို လိုက်ကြည်မိခဲ့တယ် နောက်ပြီးတစ်ခုရှိတယ် ကျွန်တော် က တရိစ္ဆာန် လေးတွေမွေးရတာ အရမ်းဝါသနာပါတယ် အိမ်မှာဆိုလဲ တရိစ္ဆာန် တွေနဲ့ ပြည့်နေတာပဲ ယုန် ငါး ငှက် စသဖြစ်ပေါ့ဗျာ အိမ်က သူငယ်ချင်းတွေဆိုရင် နေပြည်တော်က တရိစ္ဆာန် ရုံမှာတောင်နင်လောက် စုံလင်မှာမဟုတ်ဘူးတဲ့ အဲ့လိုပြောလိုက်တော့လဲ ကိုယ့်ကိုကို ပြန်စဉ်းစားပြီး ရယ်မောမိတယ် အိမ်မှာ အလုပ်မရှိဘူးဆိုရင်လဲ ကြောင် ရေချိုးတယ် တခါတလေဆိုရင် ရှေ့လူကြီးတွေပြောတဲ့စကားလေ အလုပ်မရှိကြောင်ရေချိုး တယ်ဆိုတဲ့စကားပေါ့ ဒီစကားပုံက ငါ့အတွက်များထားခဲ့လေသလားလို့ လဲရယ်မိတယ်ခိခိခိခိခိနဲ့ပေါ့ဗျာ ငါးကန်ရေလဲတယ် မွေးထားတဲ့ သတ္တဝါ လေးတွေအစားကျွေးတယ် ဒီလိုနဲ့၁နေ့ အချိန်ကုန်ခဲ့တယ် ဆိုပါတော့ဗျာ အိမ်မှာတင်မဟုတ်ပါဘူး ကျွန်တော်အလုပ်လုပ်တဲ့ စက်ရုံမှာတောင် ကျွန်တော်မွေးထားတဲ့ သတ္တဝါတွေရှိသေးတယ် အိမ်မှာ ထားလို့မရတဲ့သတ္တဝါမျိုးတွေပေါ့ အဲလေ စကားကရှည်နေမိတယ် ဟိုရှောက်ကြည့် ဒီရှောက်ကြည့်နဲ့ တရိစ္ဆာန်တွေ ရောင်းတဲ့ဆိုင်လေး ရောက်လာ တယ် ဆိုင်ထဲဝင် ပြီး ရှောက်ကြည့်တယ် ခွေးလေးတွေ ကို တွေ့သွားတယ် ခွေးလေးတစ်ကောင်ကလေ ကျွန်တော်ကိုတွေ့တာနဲ့ ဟောင်တယ် ပြီးတော့ လှောင်အိမ်ထဲကနေပြီး လက်ကလေး လာပေးတယ် ကျွန်တော်ကလဲ သူ့လက်ကလေးကို ကိုင်လိုက်တယ် ပြီးတော့ လက်ကလေးကို သူ့လျှာ လေးနဲ့ လျှက်တယ် ကျွန်တော်ကိုတိုင်ကိုကလဲ ခွေးလေးတွေကိုအရမ်းချစ်တက်တယ် ဆိုတော့ ဝယ်ချင်စိတ်လေးပေါက်လာတယ် ဆေးက အရမ်းကြီးတယ် ရေးထားတာက မလေးငွေ RM 900 တဲ့ ကျွန်တော် ၁လအလုပ်လုပ်မှ 1000 ကျော် ပဲရတယ် ဒါပေမဲ့ လိုချင်တယ် အိမ်ရောက်ရင်လဲ သူငယ်ချင်းတွေကပြောအုံးမှာကိုလဲ ကြောက်တယ် ဒီကောင်တော့လုပ်ချလိုက်ပြန်ပြီ ပိုက်ဆံကိုမနှမျှော ဘူးဆိုပြီးတော့ပြောမှာ ကိုပေါ့ဗျာ ပြောလဲမတက်နိုင်ဘူး ဝယ်မယ်ဆိုပြီး ပိုက်ဆံအိပ်ကိုကြည့်လိုက်တော့ ပိုက်ဆံက RM 812 နဲ့ ပြား 50 ပဲ ပါတယ် ဘယ်လိုလုပ်ရမလဲ ခွေးလေးရယ် ငါနင့်ကိုဝယ်ချင်ပါတယ် ဒါပေမဲ့ငါ့မှာက ငွေအလုံအလောက်မပါလာဘူး ဆိုပြီး ပါးစပ်ကနေ ပြောမိလိုက်တယ် အဲ့အခါကြတော့ ခွေးလေကလေ မျက်နှာတမျိုးဖြစ်သွားတယ် လူစကားနားလည်တာလား ဒါမှမဟုတ် ကျွန်တော်နဲ့ပဲရေစက်ပါတာလားတော့မသိဘူး ပိုက်ဆံမလောက်တော့ ဆိုင်ပြင်ပြန်ထွက်ပြီး ဖုန်းဆတ်မယ်ပေါ့ ပြီးရင်အိမ်က ဘောဒါတွေကို ပိုက်ဆံလာပို့ခိုင်းမယ်ဆိုပြီး ဖုန်းခေါ်ဖို့ဆိုင်ပြင်ထွက်လာခဲ့တယ် အဲ့အချိန်မှာ ခွေးလေးက ကျွန်တော်ထွက်သွားတာကိုကြည်ပြီး ဟောင်တယ် လှောင်အိမ်ထဲကနေလဲအတင်းတိုးထွက် တယ် နောက်တော့ ကျွန်တော် အပြင်ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် ပဲ အိမ်နားကသူငယ်ချင်းနဲ့တွေပြီးသူဆီက ပိုက်ဆံ RM 200ချေးလိုက်တယ် နောက်တော့ ခွေးလေးကို ဝယ်ဖြစ်သွားတယ် ကျွန်တော်နေတာက ဖလက်ဆိုတော့ မြင့်တယ် ၅ထပ်မှာ ပြီးတော့ခွေးကို အလုပ်သွားရင်တကောင်ထဲအိမ်တခါး ပိတ်သွားတော့ သူက တစ်ကောင်ထဲဆိုတော့ အော် တော် ပြီးတော့ အိမ်ဘေးနားက မလေးနိုင်ငံသားတွေနေတယ်ဆိုတော့ ကွန်ပလိန်း တက်မှာ ကြောက်လို့ စက်ရုံမှာ ပဲမွေးလိုက်တယ် ခွေးကငယ်တယ်လေ ကျွန်တော်အထင်တော့နို့ ပြတ်ခါစလေးပဲ လို့ ထင်တယ် ကျွန်တော် သူ့ကို နို့ဘူးဝယ် ပြီးနို့တိုက်တယ် အစာဆိုရင်လဲ ခွန်ကျွေးမှာ စားတယ် ငယ်ငယ်လေးကတည်းကခွန့် ကျွေးလာတော့ သူ့ပါသာသူ မစားတော့ဘူး အစာကျွေးတိုင်းခွန့် ကျွေးရတယ် မနက်ညနေအလုပ်တစ်ခုပိုလာတာပေါ့ ပိုတယ်ဆိုပေမဲ့လဲ ကိုကမွေးချင်တာကို ဗျ ခွေးလေးကလဲ အရမ်းလိမ္မာတယ် ပြီးတော့စက်ရုံက လူတွေ ဘေးစက်ရုံက လူတွေ ကလဲ ကျွန်တော် ခွေးလေးကိုချစ်ကြတယ် နံမည်ကိုတော့ ကီကီ လို့ပေးထားတယ် ကြီးလာတော့ မချဉ်ထားတော့ပဲ လွတ်ထားလိုက်တယ် ခွေးလေးကလေ ကျွန်တော်အလုပ်ကပြန်လဲ အိမ်ကိုလိုက်ပို့တယ် စက်ရုံနဲ့ကျွန်တော် အိမ်နဲ့ ကနီးတယ် ၄မိနစ်၅မိနစ်လောက်လမ်းလျှောက်ရင် ရောက်တယ် မနက်မနက်ဆိုရင်လဲ သူဘယ်လိုသိလဲမသိဘူးဗျ ဖလက် ပေါ်တက်တက်လာပြီး တခါးရှေ့မှာ လာလာဟောင်တယ် ကျွန်တော်ကိုနှိုးတဲ့သဘောပေါ့ဗျာ နေ့တိုင်းလိုလိုပါပဲ ဒါနဲ့ အလုပ်ပိတ်ရက်ဆိုရင်တော့လဲ သူကသိတယ် ဗျ မလာဘူး အဲ့လိုချစ်ဖို့ကောင်းအောင်လုပ်တက်တဲ့ခွေး လေးကို ကျွန်တော်အရမ်းချစ်တယ် တိုက်ဆိုင်မှူလားတော့မသိဘူး ဘကကျွန်တော် အိပ်တာ နောက်ကြသွားတယ် အိပ်ရာထတော့နာရီကိုကြည့်လိုက်တော့ ၉နာရီထိုးတော့မယ် သူငယ်ချင်းတွေကလဲ မရှိတော့ဘူးကမန်းကတန်း ရေချိုးပြီး အလုပ် သွားတယ် စိတ်ထဲ တမျိုးဖြစ်သွားတယ် ဘာလို့ဒီနေ့ ငါ့ခွေးလေးငါ့ကိုလာမခေါ်ပါလိမ့်ပေါ့ ဘာများဖြစ်လို့လဲ ဆိုပြီး စက်ရုံကို လမ်းမလျှောက်ပဲပြေးသွားတယ် လမ်းလည်မှာကျွန်တော် ခွေးလေး အိပ်လျှက်နဲ့ အော်နေတယ် တဂိန်ဂိန်နဲ့ ကျွန်တော်လှမိးခေါ်တယ် ကီကီ ကီကီ လာခဲ့လေ ဘာလုပ်နေတာလဲ မလာတော့ ကျွန်တော် သူ့နားကိုပြေးသွားတယ် ကျွန်တော်အရမ်းချစ်တဲ့ခွေးကလေး ကားတိုက်ထားတယ် သူ့ခြေထောက်ကိုကြည့်လိုက်တော့ သွေးတွေထွက်နေတယ် ပြီးတော့လဲ သူအရမ်းအော်နေတယ် နာတယ်လို့မပြောတက်ပေမဲ့ ကျွန်တော် စိတ်ထဲက ကြည့်တာနဲ့သိလိုက်တယ် ကီကီရယ် နင်ဘယ်လိုဖြစ်ရတာလဲလို့ပါးစပ်ကပြောပြီး သူ့ကိုပွေ့ချေ လိုက်တယ် သူ့မျက်လုံးထဲမှာလဲ မျက်ရည်တွေနဲ့ဗျာ ကျွန်တော်လက်မှာလဲ သူခြေထောက်ကသွေးတွေနဲ့ ကျွန်တော်အရမ်းစိတ်မကောင်းဖြစ်သွားတယ် ကျွန်တော် စက်ရုံကိုထိ ပွေ့ချေ ပြီးခေါ်သွားတယ် သူငယ်ချင်းတွေကမေးတယ် ဘာဖြစ်တာလဲ သွေးတွေနဲ့ပါလား ကားတိုက်သွားတာလား သူကလဲအရမ်းပဲတဂိန်ဂိန်နဲ့အော်တယ် နောက် ကျွန်တော် ကီကီလေးကို ဆေးခန်းသွားပြတယ် ဆရာဝန်ကပြောတယ် ဓာတ်မှန်ရိုက်ကြည့်မယ်တဲ့ ဓာတ်မှန်ရိုက်တော့ ခန္ဒာကိုယ် ကဘာမှမဖြစ်ဘူးတဲ့ ဖြေထောက်၂ချောင်းလုံး ကျိုးသွားတာတဲ့ ကျွန်တော်မေးကြည့်တယ်ကျွန်တော်ခွေးလေးသေမလားလို့ပေါ့ ဆရာဝန်ကပြောတယ်အတိအကျတော့ပြောလို့မရဘူးတဲ့ ကျွန်တော်ခွေးလေးခံစားနေရတာကိုကြည့်ပြီးမျက်ရည်တောင်ကျမိတယ် အတွင်းထဲကိုပါကြိတ်မိသွားတယ်ဆိုရင် ကျွန်တော်ခွေးလေးခံစားနေတာကိုမကြည့်ရက်လို့ ဆေးထိုးသတ်ဖို့ပြောခဲ့တယ် တကယ်တော့သေစေချင်လို့မဟုတ်ပါဘူးဗျာ ကျွန်တော်အရမ်းချစ်တဲ့ခွေးလေး ခံစားနေရတာကိုမကြည့်ရက်လို့ပါ ဆရာဝန်ကပြောတယ်မလိုဘူးတဲ့ပြန်ကောင်းလာမယ်လို့ပြောတယ် ကျွန်တော်အရမ်းဝမ်းသာသွားတယ် ဓာတ်မှန်တွေရိုက်ပြီး တော့ ဆရာဝန်ကဆေးကျွေးတယ်ခွေးလေးကို ဆေးခန်းမှာလဲကျွန်တော်လိုပဲ ခွေးတွေကြောင်တွေ အစုံပါပဲလာပြကြတဲ့လူတွေလဲရှိတယ် ဆရာဝန်ကပြောတယ် ၁ရက်၂ရက်တော့ သူတို့ဆေးခန်းမှာထားခဲ့တဲ့ နောက်ကြရင်လာပြန်ခေါ်တဲ့ ကျွန်တော်လဲ အလုပ်လုပ်မယ်ဆိုတော့ပြန်လာလိုက်တယ် ဓာတ်မှန်ရိုက်ခကို ရှင်းတော့ RM100ကျတယ် ကျွန်တော်ရှင်းခဲ့တယ် ၃နာရီလောက်ကြတော့ ကျွန်တော်ကို ဆေးခန်းကဖုန်းဆတ်လာတယ် မင်းခွေးလေးသေးသွားပြီတဲ့ မင်းခွေးလေးကိုမင်းလာကြည့်တဲ့ ကျွန်တော်အရမ်းစိတ်မကောင်းဖြစ်သွားတယ် ကျွန်တော်ဆေးခန်းရောက်သွားတော့ သေနေတဲ့ကျွန်တော်ခွေးလေးကိုတွေလိုက်တော့မျက်ရည်တွေကျလာတာ ကျွန်တော်ကို တွေ့ရင်အမှီးလေးနှပ်နှပ်နဲ့ လာတဲ့ခွေးလေးကအခုတော့သေသွားပြီး အရမ်းစိတ်မကောင်းဖြစ်မိပြီးမျက်ရည်ကျမိတာတော့အမှန်ပါပဲဗျာ ဒီနေ့ စက်ရုံက ပြန်လာတော့ ကျွန်တော်အရမ်းချစ်တဲ့ခွေးလေး ကို သတိရမိတယ်
ကျွန်တော်လိုတရိစ္ဆာန်တွေချစ်တက်တဲ့သူငယ်ချင်းတွေအားလုံး ကျွန်တော်ခွေးလေးလို မဖြစ်အောင်ဂရုစိုက်ကြပါဗျာ