လမ်းကလေး......
ဒီလမ်းလေးပေါ်မှာ
အကြိမ်ကြိမ်အခါခါ ဖြတ်လျှောက်
နောက်ကိုလဲ လှည့်ကြည့်ခဲ့ဘူးတယ်...
ရှေ့ကိုလဲကြည့် တစ်ခါခါမှာ ပီတိတွေနဲ့
တစ်ခါခါလဲ ကြေကွဲခဲ့တယ်.....
ဒီလမ်းလေးပေါ်မှာပေါ့......။
အတွေးတွေ၊ စိတ်ကူးတွေ အင်အား ပျော့နေတဲ့ အချိန်၊ တစ်နည်းအားဖြင့် အားငယ်နေတဲ့ အချိန်တွေမှာ မသေ
ချာတဲ့ အတွေးတွေနဲ့ လမ်းကလေးကိုပဲ ငေးကြည့်ခဲ့ဘူးတယ်.....
ဒီလမ်းလေးပေါ်မှာ ပြေလွှား ဖြတ်သန်းသွားခဲ့ကြတာတွေ၊ ဖြေးညှင်းလေးလံတဲ့ ခြေလှမ်းတွေ.. ပျော်ရွှင်ခြင်းတွေ
ကြေကွဲခြင်းတွေ၊ အဆုံးသတ်ခြင်းတွေ.... စတင်မွေးဖွားခြင်းတွေနဲ့ တကယ်ကို အဓိပ္ပါယ် ပြည့်ဝခဲ့ပါတယ်..... ဘာပဲလုပ်လုပ် ဘယ်ကိုပဲ
သွားသွား၊ ခံစားချင်သမျှ ခံစား အရာခပ်သိမ်းတော့ သူသတိမထားပါဘူး.... သူတစ်ပါးရဲ့ သဘောအတိုင်းလေ.... လမ်းလေးက တည်ငြိမ်
လှချည်ရဲ့လို့..... တွေးခဲ့မိတယ်..... လမ်းကလေးက အတွေးအင်အားတွေကို မွေးဖွားပေးခဲ့တာပဲ......။
ဘ၀မှာလဲ လမ်းပေါင်း များစွာ သွားလာခဲ့ဘူးတယ်.... သေသေချာချာ စဉ်းစားကြည့်တော့ လမ်းကလေးကိုလဲ
တိုက်ရိုက်ထိတွေ့ခွင့်တွေ မရခဲ့ပါဘူး...... ယာဉ်တစ်ခုခုကိုစီး၊ ဒါမှမဟုတ် ခြေလျင် သွားဖြစ်ခဲ့ရင်လဲ လမ်းကလေးနဲ့ ခြေဖ၀ါးကြားမှာ......
ဖိနပ်ကလေးက ခြားထားတယ်..... ဒါကြောင့်ထင်ပါတယ်.... လမ်းကလေးလို ပကတိ တည်ငြိမ်အေးချမ်းခြင်းတွေကို မရရှိခဲ့ဘူး.. နောက်
တစ်ခါမှ ကျေးဇူးလဲ မတင်မိဘူး...... ဒီလမ်းကလေးတွေကိုပေါ့.....။
လမ်းကလေးကြောင့်..... ဖြစ်ပေါ်ခဲ့တဲ့ ထူးဆန်းတဲ့ အတွေးတွေ၊ ထူးဆန်းတဲ့ စိတ်ကူးတွေနဲ့ ရှင်သန်ခဲ့ပေမဲ့....
မမေ့နိုင်တဲ့ အတိတ်၊ အမှတ်တရ ပုံရိပ် တွေကတော့ မဖိတ်ခေါ်ပဲ ရောက်လာခဲ့တယ်.. မနှင်ပဲနဲ့လဲ ပြေးထွက်သွားဘူးတယ်.. ထိန်းချုပ်လို့
မရနိုင်ခဲ့ပါဘူး...။ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘ၀လမ်းလေးက ကြမ်းတမ်းတယ်လေ... တစ်ခါခါမှာ အရိပ်တွေခိုရင်း... လမ်းနံဘေးမှာ.. အမော
တွေ ပြေပျောက်စေမဲ့ သောက်ရေအိုးစင်လေးမှာ မေတ္တာရေတွေကိုသောက်သုံးရင်း... ရေလိုအေးပါစေ... ပန်လိုမွှေးပါစေ.... လို့လဲ တိတ်
တိတ်လေး ဆုတောင်းပေးခဲ့ဘူးပါတယ်.. ရေလှူတဲ့ လူတွေ အတွက်လေ...။
လမ်းကလေးတွေကို...... နောက်ပြန်လှည့်ကြည့်ရင်လဲ မျက်စိတစ်ဆုံး မြင်နိုင်ပါတယ်.... မြင်ကွင်းရှင်းဖြောင့်နေခဲ့
ရင်ပေါ့..... နောက်လှည့်ကြည့်တဲ့ လမ်းကလေးမှာ အချိုးအကွေ့တွေ ရှိခဲ့ရင်တော့ မြင်နိုင်စွမ်းရှိသလောက် မမြင်တော့ဘူး....ဒါပေမဲ့ ပြန်
သွားကြည့်လို့တော့ ရတယ်.... ဘ၀ရဲ့ လမ်းတွေကတော့ အချိုးအကွေ့တွေ ရှိခဲ့ရင်လဲ ကျော်ကြည့်လို့ရတယ်.. မှတ်မိသမျှ ဟိုး....အစတွေ
အထိပေါ့.... ဒါပေမဲ့ ပြန်သွားလို့တော့ မရတော့ဘူးလေ..... ဒါက ဘ၀ရဲ့ လမ်းတွေနဲ့ ဖြတ်လျှောက်သွားရမဲ့ လမ်းကလေးတွေရဲ့ ကွာခြား
ချက်တွေပါပဲ...... ဒါပေမဲ့ ဒီလမ်းလေးတွေကိုတော့ မဖြစ်မနေ ဖြတ်သန်းနေရမယ်..... နင်းလျှောက်နေရကြရမယ်နော်.. ကြမ်းတမ်းသည်
ဖြစ်စေ.... ချောမွေ့သည်ဖြစ်စေ လမ်းကလေးတွေကိုတော့ ကိုယ်စီပိုင်ဆိုင်ကြပါတယ်.....
ဘယ်သူတွေ သွားသွား...
ဘယ်ကပဲလာလာ...
ဘာတွေပဲ ရှိရှိ...
လမ်းလေးကတော့ မသိ၊
ဘယ်သူ့မှလဲ မကြည့်
ပကတိ ငြိမ်သက်ခြင်းက
အမှန်တကယ် သူ့.......ဘ၀ပါ။
အော်....... အားကျမိပါရဲ့.....။
အရိပ်အာဝါသ ကင်းတဲ့ လမ်းကလေးတွေမှာ မြင်တတ်သူ၊ စာနာတတ်သူတွေက ရေအိုးစင်လေးတွေတည်....လို့
လမ်းဘေးမှာ အရိပ်ကောင်းတဲ့ ကုက္ကို၊ ညောင်၊ မန်ကျည်း စတဲ့ အရိပ်ရပင်လေးတွေ အညာဒေသမှာတော့ ထနောင်းပင်လေးတွေကို စိုက်
ပျိုးပေးတတ်ကြတယ်.... စေတနာပေါ့..... ဘာကြောင့်သွားသွား ခရီးသွားတွေအတွက် အမေတွေပြေစေဖို့၊ အရိပ်တွေ နားခိုစေနိုင်ဖို့လေ
လမ်းအိုလမ်းဟောင်းလေးတွေမှာလဲရှိတယ်၊ အသစ်အသစ်လမ်းလေးတွေမှာလဲ ရှိတယ်.... သောက်သုံးလိုသူတွေအတွက်.... ဆေးတစ်
ခွက်လဲ ဖြစ်နိုင်ခဲ့ပါတယ်......။
ဘ၀ရဲ့ လမ်းတွေမှာ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြရင်တော့ လမ်းပေါ်မှာ ပူလောင်ခြင်းတွေကို မသိနိုင်ကြပါဘူး.....
လမ်းပေါ်မှာ ပူလောင်မှ၊ ပူလောင်ခြင်းတွေနဲ့ကြုံမှပဲ လမ်းကလေးကို အေးမြစေချင်ကြမှာလေ၊ အရိပ်ရပင်လေးတွေရဲ့ အေးမြခြင်းနဲ့ရေအိုး
စင်လေးတွေရဲ့ အမေပြေစေခြင်းတွေကို ကိုယ်တိုင်ခံစားဖူးတော့လဲ လမ်းလေးတွေကို အရိပ်တွေနဲ့ ဖုံးအုပ်နေစေချင်ပါတယ်..... ဘယ်လို
လမ်းမျိုးမဆိုပေါ့.....
ဘယ်လမ်းကိုပဲ လျှောက်လျှောက်....... ကိုယ်မလျှောက်ဖြစ်ရင်လဲ လျှောက်သူတွေ အေးမြစေဖို့.... ကျွန်တော်တို့
အရိပ်လေးတွေ ဖန်တီးကြရအောင်ဗျာ...... တတ်နိုင်သလောက်ပေါ့.....။
လျှောက်ရမဲ့လမ်းလေး
အေးချမ်းပါစေ.......။
ခရီးသွားလေးများလဲ အေးချမ်းပါစေ။
နောက်ပြန်လှည့်လို့မရတဲ့ ဘ၀လမ်းတွေမှာ
အေးချမ်းစရာလေးတွေ တွေးရင်း
ဘယ်သူတွေ နင်းနင်း
အေးမြခြင်းတွေကို ဖန်ဆင်းကြရအောင်နော်......
တတ်နိုင်သမျှလေ.....