အရှင်ဦးဝိစာရ၏ ငယ်မည်မှာ မောင်လှကျော်ဖြစ်သည်။အောက်ချင်းတွင်းစီရင်စု ချောင်းဦးမြို့နယ်၊သလ္လာဝတီမြစ်ကမ်းခြေ ကမ်းနိမ့်ရွာ အဘဦးပြား အမိဒေါ်ဇလပ်တို့မှ သက္ကရာဇ် ၁၂၅၀ပြည့်နှစ် နှောင်းတန်းခူးလပြည့်ကျော် ၈ရက် ဗုဒ္ဓဟူးနေ့တွင်
ဖွားမြင်သည်။အသက်၂၃နှစ်အရွယ်တွင် ရဟန်းဘောင်သို့ဝင်ခဲ့သည်။၁၂၈၂-၈၃ခုနှစ်တွင် နိုင်ငံရေးဓမ္မကထိကပုဂ္ဂိုလ်တစ်ဦးဖြစ်၍ အနယ်နယ်အရပ်ရပ်သို့သွားကာ မျိုးချစ်စိတ်ဓတ်တက်ကြွစာဖြင့် တရားဟောကြားခဲ့သည်။၁၂၈၅ခုနစ်တွင် အိန္ဒယသို့နှစ်
နှစ်တိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့သည်။
နိုင်ငံရေးနယ်ပယ်တွင် အရှင်ဦးဝိစာရသည် သာယာဝတီစီရင်စု၊သာရဝေါတိုက်နယ်၊ဓနော်ညောင်ကုန်းတရားပွဲတွင် ပုပ်မ၁၄၄ ထုတ်ပြန်ခြင်းကို ဆန့်ကျင်၍ ဟောပြောမှုကြောင့် ၂-၁၁-၁၂၈၆ခုနစ်တွင် ပုပ်မ၁၈၈ဖြင့် အလုပ်မ၇ှိ ထောင်ဒဏ်၂လချ
မှတ်ခြင်းခံခဲ့ရသည်။ထောင်မှလွတ်သည့် ၁-၁-၁၂၈၇ခုနစ်တွင် ပြန်လည်ဖန်းဆီးလိုက်ပြီးနောက် ပုပ်မ၁၂၄-က အရအစိုးရအားအကြည်ညိုပျက်အောင် ဟောပြောမှုကြောင့် ၃၁-၅-၁၂၈၇ခုနစ်တွင် ဒုတိယအကြိမ် ထောင်ဒဏ်တစ်နှစ်ကိုးလ အပြစ်ပေးခံရပြန်
သည်။
အရှင်ဦးဝိစာရသည် ထောင်အတွင်း၌ သင်္ကန်းဝတ်ရုံခွင့် သိမ်ဝင်ဥပုလ်ပြုခွင့်နှင့်ရဟန်းတော်များနှင့်ထိုက်တန်သော အဆင့်အတန်းစီစဉ်ထားပေးရန် အခွင့်အရေးမရရှိသဖြင့် အကြိမ်ကြိမ်အစာငတ်ခံကာ ဆန္ဒပြရေးဆိုခဲ့ရာ အရူးထောင်သို့ပို့၍ အမျိုးမျိုး
ညှဉ်းပန်းနှိပ်စက် အရိုက်အနှက်ခံခဲ့ရသည်။မည်သို့ပင် စော်ကားရိုက်နှက်စေကာမူ ဦးဝိစာရသည် သာသနာ့အခွင့်အရေးများ မရသမျှကာလပတ်လုံး ဆွမ်းလည်းလုံးဝဘုဉ်းမပေး ထောင်အ၀တ်စားကိုလည်းလုံးဝမ၀တ် သင်္ကန်းကြိုးကိုသာခေါင်းတွင်စည်းကာ
ဗလာအတိုင်းနေလေသည်။ရက်ပေါင်းများစွာ အဟာရချို့တဲ့ခြင်းကြောင့် ပြင်းထန်သော ဝေဒနာကို ခံစားရသည်။အသက်အန္တရယ်ကိုထိခိုက်မည်စိုးရိမ်၍ နှခေါင်းမှလည်ကောင်း စအိုပေါက်မှလည်ကောင်း ကြက်ဥ၊နွားနို့၊ဂလူးကိုစ့် စသည့်အရေများ အတင်း
သွတ်သွင်းခဲ့သော်လည်း လုံးဝလက်မခံပေ။အာဇာနည်ပီပီ ဇွဲမာန်အပြည့်ဖြင့် ဒုက္ခဝေဒနာကို ဆက်လက်ခံမြဲခံနေတော့သည်။
နောက် နယ်ချဲ့ အင်္ဂလိပ်တို့လည်း လက်လျော့ကာ ဦးဝိစာရအား ဘင်္ဂလားပြည်နယ်"မေဒနီ"အကျဉ်းထောင်သို့ပို့၍ နောက်ဆုံး၌ သင်္ကန်းဝတ်ရုံခွင့်ပြုခဲ့လေသည်။ဒုတ်ယအကြိမ်မြောက် ထောင်မှလွတ်ပြီးနောက် တဖန်၁၅-၃-၁၂၈၉ခုနစ်တွင် ဟံသာဝတီ
စီရင်စု၊ဖရုံကန်ရွာ၊၀ံသာနုအစည်းအဝေးပွဲတွင် ဟောပြောချက်အရ ပုပ်မ၁၂၄-ကအရ အစိုးရအားအကြည်ညိုပျက်စေသည်ဟူသော စွဲချက်နှင့်ပင် အလုပ်ကြမ်းထောင်ဒဏ်၆နှစ် ချမှတ်အပြစ်ပေးခံရပြန်သည်။ဤသို့ အစီအစဉ်ချမှတ်ရာတွင် ဦးဝိစာရမှာ အစာ
ငတ်ခံနေသည့် ၈၁ရက်မြောက်နေ့ဖြစ်သဖြင့် စကားပင်လုံးဝမပြောနိုင်သည့်အခြေအနေဖြစ်သည်။
ရန်ကုန်ထောင်အတွင်းတွင် အရှင်ဦးဝိစာရ၏ကျန်းမာရေးအခြေအနေမှာ ရက်ပိုင်းမျှသာ အသက်ရှင်နေထိုင်နိုင်တော့မည်ဖြစ်သဖြင့် ရဟန်းအဖွဲ့ ၊လူ့အဖွဲ့များသာမက မြို့လုံးကျွတ် နယ်လုံးကျွတ် အစည်းဝေးပွဲကြီးများကျင်းပလျှက် ဦးဝိစာရအားထောင်မှ
ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း လစ်လျူရှု့ခြင်းခံခဲ့ရသည်။ဤသို့ဖြင့် အရှင်ဦးဝိစာရသည် ၁၂၉၁ခု တော်သလင်းလဆုတ်၂ရက်နေ့ ည၈နာရီ မိနစ်၂၀ တွင် ထောင်အတွင်း၌ပျံလွန်တော်မူခဲ့သည်။အရှင်ဦးဝိစာရသည် ရက်ပေါင်း၁၆၆ရက်တိုင်
တိုင် ဆွမ်းမဘုဉ်းပေးရှာဘဲ ပျံလွန်တော်မူခဲ့လေသည်။
ထို့ကြောင့်အရှင်ဦးဝိစာရအား လေးစားသောအနေဖြင့် အရှင်ဦးဝိစာရကျောက်တိုင်အား ယနေ့တိုင်ေ၇ွတိဂုံ ဘုရားအနီးတွင်တွေ့မြင်ရမြဲဖြစ်သည်။အရှင်ဦးဝိစာရကျောက်တိုင် ဘာအဖြစ်တည်ရှိနေခြင်းကို မသိသေးသောမြန်မာလူမျိုးများအတွက်
ကျွန်တော်သိသလောက်တင်ပြလိုက်ရခြင်းဖြစ်ပါတော့သည်။