အော်လူလောကဝန်းကျင်မှာ မရှိမဖြစ်သောအရာကပိုက်ဆံပါလား။။ကျွန်တော်ရေးမဲ့အရာကတကယ်အဖြစ်အပြက်ပါ.ကျွန်တော်တို့မှာညီအကိုအများကြီးရှိပါတယ် .ကျွန်တော်စကားပုံတခုတော့ကြားဖူးပါတယ် မိဘကိုမသခင်လုပ်ကျွေးကြပါလို့.ဒါပေမဲ့ဗျာ ကျွန်တော် ညီအကိုတွေကတော့အရွယ်ရောက်တာနဲ့အိမ်ထောင်ပြုကြတာပေါ့....အကုန်လုံးမိဘကိုမေ့ထားကြတာပေါ့....မိဘဆိုသည်ကလည်းသားသမီးတွေကောင်းကောင်းဆိုးဆိုးပစ်ရိုးထောင်းစံမရှိဘူးဗျာ..မိဘစိးပွားရေးအဆင်ပြေတော့လာလိုက်ကြတာနေံမအားညမအားဘဲ့..အဖေကအစိုးရကန်ထရိုက်လုပ်ငန်းကိုလုပ်တော့တနေ့အရှုံးပေါ်တာပေါ့...အဲဒါကြမှအားလုံးပျောက်သွားကြတာဗျာ....တော်တော်သံဝေဂရစရာကောင်းတယ်ဗျာ။စိးပွားရေးအဆင်မပြေတော့အဖေကသူတတ်တဲ့ဆေးပညာလေးနဲ့ဆေးလိုက်ကု အမေကခေါင်းမှာရွက်ပြီးရရာပျက်စီးရောင်း ရရာလုပ်စားတဲ့ဘဝကိုရောက်သွားကြတာပေါ့...
နောက်ဆုံးတော့ လူကြီးတွေဆိုတော့ဇရာကစကားပြောလာပြီလေ...အမေကလေဖြတ်တဲ့ရောဂါနဲ့ဆုံးပါးသွားပြီ.အဖေကတော့လည်ချောင်းကင်ဆာနဲ့ဆုံးသွားတာပေါ့...အဲဒီအချိန်မှာတော့ ညီအကိုတွေလာကြပြီလေ ..ဘာလာလုပ်ကြလည်းသိလား ၊အမွေးလာခွဲတာလေ..အမွေခွဲတော့ဒိဟာကငါပိုင် သူပိုင်လုကြတာပေါ့။နောက်ဆုံးတော့ အချင်းချင်းသွေးဝမ်းကွဲကြတာပေါ့။ အဲဒီအချိန်မှာကျွန်တော်သိလိုက်ရတယ်လေ ပိုက်ဆံဟာမလွဲပါလားလို့....ဒါကြောင့်ရွှေညိအမများကိုရဲ့မိဘများကိုလုပ်ကြွေးကြပါ။ ရွှင်လန်းချမ်းမြေ့ကြပါစေ သောင်းထိုက်