လွန်ခဲ့တဲ့တလလောက်က အချိန်ရနေတာနဲ့ ဘလော့တွေကို လိုက်ဖတ်နေရင်း နာမည်ရ ဘလော့ဂါတစ်ယောက်ရဲ့ “ဘုန်းကြီးပျက်” ဆိုတဲ့ ဘလော့နဲ့ အဲဒီဘလော့ဂါ ဆွေးနွေးထားတဲ့ ဓမ္မဖိုရမ်တစ်ခုထဲက ဆွေးနွေးချက်တစ်ခုကို သွားတွေ့ပါတယ်။ သူ့အမြင်ကို သူရေးသားထားခြင်း သူ့အမြင်ကို သူဆွေးနွေးထားခြင်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော် အဲဒါနဲ့ ပတ်သက်ပြီး နည်းနည်း တင်ပြချင်ပါတယ်အမှားပါရင်ခွင့်လွတ်ကြပါလို့ ကြိုပြီးတော့တောင်ပန်ပါရစေ။
မပြောခင်ပုံပြင်လေးတပုဒ်လောက်တော့ပြောချင်ပါတယ် တခါက ဘုန်းကြီးကျောင်းတစ်ကျောင်းကို တကာတစ်ယောက် ရောက်လာပါတယ်။ ရောက်လာပြီးတော့ “အရှင်ဘုရား (ထိုဘလော့ဂါပြောသော အပြစ်မျိုးများကိုဖွဲ့နွဲ့လျှက်) ဒါကြောင့် အဲဒီရဟန်းမျိုး သာသနာမှာ မရှိသင့်ဘူး။ လူထွက်ခိုင်းသင့်တယ်။ ဒဏ်ပေးသင့်တယ်ဘုရား” ဆိုပြီး လျှောက်ထားပါတယ်။ ဒီတော့ ဘုန်းကြီးက ပြန်မေးပါတယ်။ “ဒကာတော်၊ သစ်ပင်မှာ အကာက အရေးကြီးလား၊ အနှစ်က အရေးကြီးလားကွယ့်” လို့။
“မှန်ပါ၊ အနှစ်က အရေးကြီးပါတယ် ဘုရား”
“ဒါဆိုလည်းကွယ်၊ သစ်ပင်တွေကို အနှစ်ပဲ ထားပြီး အကာကို ခွာပစ်လိုက်ကြရင် မကောင်းပေဘူးလား”
“မှန်ပါဘုရား အဲလိုလဲ မဖြစ်သေးဘူးဘုရား”
တဲ့။ ဒါနဲ့ အဲဒီတကာတော်က ပြန်သွားခဲ့တယ် ဆိုပါစို့။ မှန်ပါတယ်။ အကာက လိုရင်းမဟုတ်ပေမယ့် အကာရှိမှလည်း အနှစ်က အကျိုးရှိအောင် နေထိုင်နိုင်တယ်။ အချို့ ကိုရင်သာမဏေများ၊ ဘုန်းကြီးရဟန်းများ သာသနာတော်အတွင်း နေထိုင်နေရမှုကို ဘုန်းဘုန်းပြောချင်ပါတယ်
အချို့ ကိုရင်တွေ၊ ဦးဇင်းတွေက သာသနာမှာ သိပ်ပြီး မပျော်ပိုက်ပါဘူး။ ဒီလိုဖြစ်ရတာဟာ သဒ္ဓါတရား အားကောင်းကြတဲ့ မြန်မာလူမျိုးတွေကြောင့် ဖြစ်ရတယ်လို့ ဆိုရပါမယ်။ ကိုယ့်မှာ သားရဟန်းလေး။ သားကိုရင်လေး ရှိရင် “လုံးဝ” လူမထွက်စေချင်ပါဘူး။ ကိုယ်သိက္ခာတင်ပေးထားတဲ့ ရဟန်း၊ ၀တ်ပေးထားတဲ့ ကိုရင်တွေကို ဘယ်ဒါယကာကမှ လူမထွက်စေချင်ပါဘူး။ လူမထွက်စေချင်တာ ရိုးရိုးမဟုတ်ပါဘူး။ မိဘဖြစ်သူက “ငါ့သား လူထွက်မယ့်အစား အမေ့ကိုသာ သတ်သွားလိုက်ပါ” ၊ ရဟန်းခံထားသူ ရှင်ခံထားသူက “ဦးဇင်းက ကိုရင်က လူဝတ်လှဲမယ်ဆိုတော့ တပည့်တော်တို့ကို အရှက်တကွဲ အကျိုးနည်း ဖြစ်စေချင်တာပေါ့ ဟုတ်လား” စသဖြင့် စသဖြင့် ပုံစံအမျိုးမျိုးနဲ့ လက်ရှိ ကိုရင် ဦးဇင်းတွေကို လူမထွက်စေဖို့ ခြိမ်းချောက်လေ့ ရှိပါတယ်။ သူတို့လည်း တရားပါတယ်။ သားရဟန်းဂုဏ်လေး။ ရဟန်းဒကာ ဂုဏ်လေးက လိုချင်သကိုး။ ဂုဏ်မဟုတ်ခဲ့ရင်လည်း သဒ္ဓါ လွန်ကဲသကိုး။ လွန်ကဲတဲ့ သဒ္ဓါက ပညာမှ မပါတာကိုး။
လောကမှာ ဟန်ချက် ညီနေဖို့ လိုတဲ အရာတွေ ရှိတယ်။ အဲဒါကတော့ အလင်းနှင့် အမှောင်၊ အဖြူနဲ့ အမည်း၊ အသွားနဲ့ အပြန်၊ အပေးနဲ့ အယူ၊ အ၀င်နဲ့ အထွက်၊ အထက်နဲ့ အောက်၊ အသိနဲ့ အကျင့်၊ ၀ိဇ္ဇာနဲ့ စရဏ၊ ၀ီရိယနှင့် သမာဓိ၊ သဒ္ဓါနဲ့ ပညာဖြစ်ပါတယ်။ ဒါတွေ အားလုံးဟာ တစ်ခုနှင့် တစ်ခု မညီမျှခဲ့ဘူးဆိုရင် လောကဟာ ကမောက်ကမ ဖြစ်တာပါပဲ။ ဒီမှာ နောက်ဆုံးစုံတွဲလေးဖြစ်တဲ့ သဒ္ဓါနဲ့ ပညာကို ပြောချင်ပါတယ်။ သဒ္ဓါတွေ ကောင်းလွန်းတော့ တွေ့တွေ့သမျှ ယောကျာ်းကို ရဟန်းချည်း လုပ်ခိုင်းချင်နေတတ်တဲ့ လူတွေကြောင့် သာသနာ့မြေမှာ သူတို့ပြောတဲ့ ဘုန်းကြီးပျက်ဆိုတာ ထွက်ပေါ်လာရပါတယ်။ ဘုန်းကြီးပျက်ဆိုတာ သူတို့က သဒ္ဓါတရားနဲ့ ဘုန်းကြီးဘ၀မှာ အတင်းနေခိုင်းတယ်။ “ကျုပ်လူဝတ်လှဲချင်တယ်ဗျာ၊ ကျုပ် ဘုရားရဲ့ ၀ိနည်းတော်တွေကို မလိုက်နာနိုင်တော့ဘူး” ဆိုရင်
“အရှင်ဘုရား၊ အဓိကကတော့ စိတ်ပါပဲဘုရား” ဆိုပြီးတော့ လူမထွက်ခိုင်းဘူး။ တချို့ “အရှင်ဘုရား ဘာလိုနေလဲ၊ ငွေလား၊ ဘာလဲ လိုချင်တာပြော၊ လူမထွက်ရင် ပြီးရော” ဆိုတဲ့ ကိစ္စတွေပေါ်လာတယ်။ အဲဒါ ဆရာဒကာကြားမှာ။ ဖိုးချိုရဲ့ မာလာဆောင် သီချင်းထဲကလို ပြောရရင် “အဲဒီလိုနဲ့ သာသနာ့နယ်မြေမှာ…..”လို့ ပြောရမှာပေါ့လေ။ အဓိက လိုရင်းကတော့ သာသနာကို ထောက်ပံ့နေကြတဲ့ သာသနာ့ဒါယကာအမည်ခံလိုသူများက ပိုအဓိက ကျပါတယ်။ ကိုယ် ရဟန်းခံမယ့် ပုဂ္ဂိုလ် ကိုယ်ကိုရင်ဝတ်ပေးမယ့် ပုဂ္ဂိုလ်က ကိုရင်ဝတ်ဖို့ ရဟန်းခံဖို့ သဒ္ဓါတရား အပြည့်အ၀ရှိရဲ့လား၊ သဒ္ဓါခိုင်ရဲ့လားလို့။ စာပေကို ကြိုးစားအားထုတ်ပြီး သာသနာ့အကျိုး သယ်ပိုးချင်နေတဲ့သူ ဟုတ်မဟုတ် စဉ်းစားပြီး ဆုံးဖြတ်ပြီးမှ ဘုန်းကြီးတွေကို ထောက်ပံ့သင့်ပါတယ်။ အဲလိုမှ မဟုတ်ရင် ကိုယ်ကပဲ မွေးထုတ် ကိုယ်ကပဲ သတ်ဖြတ် ဖြစ်ကုန်ပါလိမ့်မယ်။
“ဘုန်းကြီးပျက်” လို့ မြင်တတ်တဲ့ ထိုဘလော့ဂါကိုတော့ မစိုးရိမ်ကျောင်းဒကာကြီးရဲ့ အဖြစ်အပျက်လေးကို ပြောပြချင်ပါတယ်။ မစိုးရိမ်ကျောင်းတိုက် တစ်တိုက်လုံးကို ရွှေချပြီးလှူခဲ့တဲ့ ဦးကျော်တို့အကြောင်းပါ။ တစ်နေ့တော့ လူတစ်ယောက်က မစိုးရိမ် ကျောင်းတိုက်ထဲကို ၀င်သွားပါတယ်။ ၀င်သွားတော့ကာ သူက ခြင်းခတ်နေတဲ့ ဦးဇင်း ငါးပါးကို သွားတွေ့ပါတယ်။ သူ ပြန်ထွက်လာပြီး ကျောင်းတကာ ဦးကျော်အိမ်ကို တန်းသွားတာပဲ။
“ဒီမှာ ခင်ဗျားလှူထားတဲ့ ကျောင်းက ဦးဇင်းတွေက ခြင်းခတ်နေသဗျ”
“ခင်ဗျားကို ဘယ်သူ ပြောလိုက်တာလဲ”
“ပြောလိုက်တာ မဟုတ်ဘူး၊ ကျုပ်ကိုတိုင် မြင်ခဲ့တာ”
“အဲဒါဆို ကျုပ်ကို လိုက်ပြ”
ဒါနဲ့ အဲဒီလူက ဘုန်းကြီးတွေ ခြင်းခတ်နေတဲ့ နေရာကို လိုက်ပြတယ်။ ကျောင်းဒကာ ဦးကျော်ကလည်း မြင်တယ်။ ပြီးတော့ “ဘယ်နှစ်ပါးတောင်လဲဗျ” လို့ ရဟန်းပါးရေ ကို တွက်ခိုင်းတယ်။ တွက်တော့ ခြင်းတစ်ဝိုင်း ငါးပါးပေါ့ဗျာ။ “လိုက်ခဲ့ပါဦးဗျ” ဦးကျော်က အဲဒီလူကို ဆက်ခေါ်တယ်။ အလယ်က စာဝါချ စာကျက်နေတဲ့ ကျောင်းကို ခေါ်သွားတယ်။ ကျောင်းထဲမှာ စာကျက်နေတဲ့ ကိုရင်တွေ ဦးဇင်းတွေ အများကြီးကို တွေ့ရတယ်။ ဦးကျော်က မေးတယ်။
“ခုနက ခြင်းခတ်နေတဲ့ သံဃာနဲ့ အခု စာကျက်နေတဲ့ သံဃာ ဘယ်သင်းက ပိုများလဲ”
“ဟာ စာကျက်နေတဲ့ သံဃာက ပိုများတာပေါ့ဗျာ”
“အဲ ခင်ဗျားကြည့်တာ ခင်ဗျား မြင်မှာပဲ။ ကုသိုလ်ရချင်ရင် ကုသိုလ်ရမယ့် မြင်ကွင်းကို ရှာပါ၊ အကုသိုလ်ရချင်ရင် အကုသိုလ်ရမယ့် မြင်ကွင်းကို ရှာပါ” လို့ ဦးကျော်က အဲဒီလူကို အဲလို နောက်ဆုံး ဆုံးမလွတ်လိုက်ပါတယ်။
ဦးဇင်းတို့ဘက်လိုအပ်ချက်တွေအများကြီးရှိပါတယ် တလောက ဦးဇင်းဆွမ်းခံအိမ် ဒါယိကာမကြီးတစ်ယောက်ကလျှောက်ထားတဲ့စကားလေးကိုဦးဇင်ကြားခဲ့ရပါတယ် ဘာလည်းဆိုတော့ ဦးဇင်းဘုရားတဲ့ခုခေတ်ကာလသားသမီးတွေကိုဘုန်းကြီးတွေတွေ့ရင်မရိုသေကြဘူးဘုရားတဲ့ တော်တော်ကောင်းတဲ့စကားလေးပါ
ဒါပေမဲ့ဦးဇင်းပြန်ပြောခဲ့ပါတယ် ဒါယိကာမကြီးရယ် သူတို့ကြီးအပြစ်မတင်ပါနဲ့လို့ ဦးဇင်းတို့ကိုယ်တိုင်ကလည်း အားနည်းချက်တွေရှိနေလို့ပါလို့ ပြန်ပြောခဲ့ရသေးပါတယ် လျှောက်ထားတဲ့ဒကာမကတော့ ရန်ကင်း12ရပ်ကွက်ကပါ
မစိုးရီမ်ကျောင်းဒကာကြီးပြောတဲ့ စကားတခွန်းရှိပါတယ် အဲဒါကဘာလည်းဆိုတော့ တခါကမန္တလေးကနေရန်ကုန်ကိုရထားနဲ့လာတော့ရထားပေါ်မှာ ဘုန်းကြီးတပါးနဲ့တွေ့တယ်တဲ့ တွေ့တော့ဘုန်းကြီးက မစိုးရီမ်ကျောင်းဒကာမှန်းသိလို့ စာအုတ်တအုတ်ကိုထုပ်ပေးပြီး ဒကာကြီးဒီစာအုတ်က ဘယ်ဘုန်းကြီးကိုဘယ်လို့ကြည့်ပြီးကြည်ညိုရမယ်ဘယ်ဘုန်းကြီးကိုမကြည်ညိုရဘူးဆိုတာတွေအကုန်ပါအောင်ရေးထားတဲ့
စာအုတ်ပါဘုရားလို့လျှောက်တော့ဒကာကြီးက အဲဒါဆိုတပည့်တော်မယူပါရစေနဲ့ဘုရားတဲ့ အရှင်ဘုရားစာအုတ်ကြောင့်တပည့်တော်ငရဲ့မကြပါရစေနဲ့ဘုရားလို့ပြန်လျှောက်တယ်တဲ့ ဘုန်းကြီးကနားမရှင်းတော့ပြန်မေးတာပေါ့
ဘာဖြစ်လို့လည်းဘုရားပေါ့ တပည့်တော်တို့တွေ့သမျှဘုန်းကြီးကိုအကောင်းအဆိုးခွဲနေရင်မကောင်းတဲ့ဘုန်းကြီးနဲ့တွေ့ရင်ခံသာပေမဲ့
ကောင်းတဲ့ဘုန်းကြီးကိုသာတပည့်တော်ရဲ့အပေါ်မှာအပြစ်တွေဖြစ်လာမှပေါ့ဘုရား တပည့်တော်ကတော့ ဘုန်းကြီးတွေ့ရင်ဝတ်ပြုမယ်
ဝတ်ပြုလည်းသံဃာတော်တွေကိုရည်မှန်းပြုတာပါဘုရားသူတို့မကောင်းတာလုပ်ရင်သူတို့ပဲခံစားကြရမှာပါဘုရားလို့လျှောက်ထားလိုက်တယ်တဲ့
ဒါပေမဲ့ခုခေတ်ဦးဇင်းတို့သံဃာတွေရဲ့ လိုအပ်ချက်အားနည်ချက်တွေကများလာသလို ၀ိနည်းကိုလေးစားမူ ကလည်းအားနည်လာခဲ့ကြပြီ လေ ဦးဇင်းတို့စာသင်သားတွေမဟုပ်ပါဘူး တချို့ဆရာတော်တွေများဆို ဘေးကဒကာဒကာမတွေကတောင်သိပါတယ်
ဦးဇင်းပြောချင်တာက သံဃာတွေဘယ်လိုပဲနေပါစေ ကိုယ့်ဝတ်တရားက ဆွမ်းလောင်းရမယ် ၀တ်ပြုရမယ် ဒကာမတွေဘက်က လေးစားရင်ဦးဇင်းတို့သံဃာတော်တွေဘက်ကလည်း အနေကျပ်လာတာပါပဲ အနေကျပ်လာတဲ့အမျှ သာသနာတော်ရဲ့အသက်သွေးကြောဖြစ်တဲ့ဝိနည်းကိုလေးစားလာကြတာပါပဲ အဲဒါကြောင့်ဘယ်ကိုတော်ကဘယ်လိုပဲနေနေ
မိမိရဲ့ဝတ်တရားအတိုင်းပြုကျင့်ကြပါလို့တိုက်တွန်းပါတယ် ဦးဇင်းကသံဃာမို့ သံဃာအတွက်ပြောတာမဟုပ်ပါဘူး ဒကာဒကာမတွေရဲ့ကောင်းကြိုးကိုလိုလားသောအားဖြင့်ဒီဘလော့လေးကနေတင်ပြခြင်းဖြစ်ပါတယ်
မကြိုက်ခဲ့သူများ ရှိခဲ့ရင်လည်းအနုညွတ်တောင်ပန်ပါတယ် ဝေဖန်နိုင်ပါတယ် မရှင်းတာရှိလို့မေးချင်တယ်ဆိုရင် zinyawoo2600@gmail.com ကိုမေးမြန်နိုင်ပါတယ်