သူငယ် ချင်းများ အားလုံး မင်္ဂလာပါနော်.....ရယ်သော သူသည် အသက်ရှည် ဆိုတဲ့ အတိုင်းပဲ အသက်ရှည်ချင်ရင်တော့... .....ရယ်တော့ရယ်နော် အသက်ထွက်အောင်တော့ မရယ် သွားနဲ့..သေးထွက်ရုံလောက်ပဲပေါ့.....း) :)
☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺
ကိုနေ တစ်ယောက် မိန်းမရတာပေါ့ လူကြီးတွေ ပေးစားလို့.....အလုပ်လုပ်ပြီး ညနေပိုင်း အိမ်ပြန်လာရာ
ကိုနေ ။ မိန်းမရေ မိန်းမ....
ဂျမ်းစိန် ။ ရှင်း ကိုကို
ကိုနေ ။ ကိုထမင်းဆာပြီး ကွာ....
ဂျမ်းစိန် ။ အဆင်သင့်ပါ အကို......
ကိုနေ ။ ဟာ........ဟင်းကလည်း ဘာအရသာမှ မ၇ှိ့ဘူး
'' ဂွမ်း.........'' ဂျမ်းပုံတစ်ယောက် အနားကရှိ့တဲ့ ပုကန်နဲ့ ရိုက်လိုက်ရောလေ....ဟဲဟဲ
ကိုနေ ။ ဘာ လုပ်တာလဲ ဟ ဂျမ်းပုံရ....
ဂျမ်းစိန် ။ဂျီဂျီ ကြောင်ကြောင် မများနဲ့ ချက်ရပြုတ်ရတာ ဘယ်လောက်ပင်ပန်းတယ် မှတ်လည်း စားချင်မှ စားမစားချင်ရင်နေ.......
ကိုနေတစ်ယောက် နောက်တစ်နေ့ အလုပ်ကပြန်လာတာပေါ့......
ကိုနေ။ မိန်းမရေ......မိန်းမ..
ဂျမ်းစိန် ။ အဆင်သင့်ဖြစ်ပါပြီ စားလို့
ကိုနေ ။ ဟာ ......မိန်းမ ကောင်းတယ် ဟင်းကော ထမင်းကော အရမ်း စားလို့ကောင်းတယ်.....
'' ဂွမ်း.....'' အနားကရှိ့တဲ့ ပုကန်နဲ့ ရိုက်လိုက်ပြန်ရောလေ....
ကိုနေ ။ ဟာ ......ဘာဖြစ်ရပြန်ပြီလဲ ကွာ ဒီလောက်ကောင်းတယ်လို့ ပြောနေတာကို.......
ဂျမ်းစိန် ။ ရှင် ကျမ ကို မရွဲ့ နဲ့......ဒီနေ့ ထမင်းပျော့ သွားလို့ ရှင့်ကို ပြောမလို့ ပဲရှိ့သေးတယ် ရှင်ကကောင်းတယ် ဆိုတော့ ရွဲ့ နေတာလား ကျမကို..........
နောက်တစ်နေ့ ကိုနေတစ်ယောက် အလုပ်က ပြန်လာ ပြန်ရော......
ကိုနေ ။ မိန်းမရေ ........မိန်းမ...
ဂျမ်းပုံ ။ စားဖို့ အဆင်သင့်ဖြစ်ပါ ပြီ အကို.......
ကိုနေ ။ ကို ဒီင်္ နေ့ ဗိုက် မဆာ ဘူးကွာ ရင်ခံနေတယ်...........ဟီင်္းဟီးး....... ဗိုက်ဆာရင်လဲ အတီးခံရအုံးမယ် ဆိုတာ သိနေတယ်လေ.........
☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺
ထွန်းထွန်း တစ်ယောက် GSM ဖုန်း တစ်လုံး ၀ယ် ပြီး အလုပ် များနေတာပေါ့....
ဟဲလို .........ဟဲလို.....ကြားရလား ခင်ဗျာ....ဟဲလို.........
အော် ဟုတ်ကြားရပါပြီင်္...... ကျတော်တို့ မနေ့ ကပြောထားတဲ့ကိစ္စ.....ဟဲလို.....ဟဲလို.........ကြားရလား.......ဟဲလို.........ဖုန်းကိုင်ပြီး တစ်ပတ်လောက်လည်း ကြာရော......ထွန်းထွန်း တစ်ယောက်......လိပ်ခေါင်း အထူးကု ဆရာဝန် အိမ်မှာ ခေါ်ထားရပါတယ်........ဟဲ ဟဲ
☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺
လူတုံး လေး
ဒေါ်ထား မှာ သက်ထွန်း ဆိုတဲ့ သားလိမ္မာ လေးတစ်ယောက်ရှိ့တယ် ဗျ ဒေါ် ထားဘာပြောပြော အားလုံးနားထောင်တာ ပြောစကားကို......
ဒေါ်ထား ။ သား စားစရာလေးဘာလေး သွားရှာပါလား တောထဲ မှာ
သက်ထွန်း ။ ဟုတ် ကဲ့ မေမေ
သက်ထွန်းတစ်ယောက် တောထဲ မှာ ဗျိုင်းထောင်တယ်လေ.....ဗျိုင်းလေးသုံးကောင်လည်းမိရော......
ကဲ...တစ်ကောင်က ငါ့အိမ် ကိုသွား မေမေကို ဟင်းချက်ခိုင်း ၊ ဒီတစ်ကောင်က ကင်ခိုင်း ၊ ဒီတစ်ကောင်က မနက်ဖြန် ချက်စားရအောင် ပြန်လာခဲ့ ဆိုပြီး လွတ်ပေးလိုက်တယ်လေ.......
ဒေါ်ထား ။ ဟဲ သက်ထွန်း ဘယ်မှာလဲ ဟင်းချက်စရာ
သက်ထွန်း။ ဟာ ........မေမေကလဲ ကျတော် ဗျိုင်းလေးတွေကို ပြောပြီးတော့ လွတ်လိုက်တယ်လေ.....
ဒေါ်သက်ထား ။ ဟဲ့ ....ဘယ်လိုပြောပြီးလွတ်လိုက်တာလဲ ပြောစမ်း...
သက်ထွန်း ။ အစောက ဗျိုင်းလေးတွေကို ပြောပြီးလွတ်လိုက်တဲ့ အတိုင်း ပြန်ပြောပြတာပေါ့.....
ဒေါ်သက်ထား ။ ဟဲ့ သားရဲ့ အဲ့လို မလုပ်ရဘူး ဒုတ်နဲ့ ရိုက်သက်ပြီး ယူခဲ့ရတယ်.... ဆိုပြီးပြောတာပေါ့.....
နေက်တစ်နေ့လည်း ကျရော.......သက်ထွန်ုး တစ်ယောက် ဟင်းရှာထွက် တော့ မိုတွေ ကိုတွေ့တော့ ဒုတ်နဲ့ ရိုက်ပြီး....အိမ်ပြန်ယူခဲ့တယ်လေ......
ဒေါ်သက်ထား၊။ သားရဲ့ မိုဆိုတာ အနု အရွလေး နုတ်ယူရတယ် ...
နောက်တစ်နေ့ ဟင်းရှာထွက်တော့ ပျား အုံးကို တွေ့တယ် လေ ....သက်ထွန်းတစ်ယောက် ဒေါ်သက်ထားပြောသလိုပဲ အနုအရွလေး နုတ်တာပေါ့......ဟဲဟဲ
ဒေါ်သက်ထား။ သားရဲ့ ပျား အုံ ဆို တာ မီးနဲ့တို့ရတယ်.....
နောက်တစ်နေ့ ဟင်းရှာထွက်ပြန်တော့လည်း.....ဘုန်းကြီးကို တွေ့ပြန်ရော လေ ဘုန်းကြီးကို မီးနဲ့ လိုက်တို့တာပေါ့.....
ဒေါ်သက်ထား ။ သားရဲ့ ဘုန်းကြီး ဆိုတာ အရို အသေ ထိုင်ပြီး ရှိ့ခိုးရတယ်.....
နောက်တစ်နေ့ ထွက်ပြန်တော့လည်း.......ကျားကြီး ကိုတွေ့ရောလေ.....အရိုအသေထိုင်ပြီးရှိ့ ခိုးတာပေါ့....ဟဲဟဲ...ကျားဆိုတဲ့ အတိုင်းပဲ လေ လိုက်လို့ ပြေးလိုက်ရတာ သက်ထွန်ုးတစ်ယောက်.....
ဒေါ်သက်ထား ၊။ သားရဲ့ ကျားဆိုတာ တွေ့တာ နဲ့ လွတ်အောင်ထွက်ပြေးရတယ်....
နောက်တစ်နေ့ သက်ထွန်းဘာထက်တွေ့တယ် ထင်လဲ......မိန်းကလေးတစ်ယောက်လေ.....တွေ့တာနဲက ထွက်ပြေးမယ်လဲ လုပ်ရော.....ဟိုမိန်းကလေးက ယောက်ျားလေးလည်းမြင်ရော အနေနိုင်တော့ လက်လိုက်ဆွဲ ပြီး ပါးဖက်နမ်းတာပဲ......ဟဲ.....ဟဲ........မိန်းကလေးတွေများနော် ကြောက်စရာ...း)
☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺8 top mae....
အားလုံးပျော်ရွှင် ရယ်မောနိုင်ပါစေနော်.....သူငယ်ချင်းများအားလုံး ကျေးဇူးတင်ပါတယ်....
↧
'အသက်ရှည် ရန် ဆေးညွန်းလေးပါနော်......'
↧