ကျွန်တော် သိတဲ့ ကျောင်းသားခေါင်းဆောင် အာဇာနည်ဟာ
*ဗိုလ်အောင်ကျော်* ပဲ ဖြစ်ပါတယ်။နာမည် အရင်းက ကိုအောင်ကျော် ပါ ။
အင်္ဂပူ မြို့နယ် ရုံးဇင်ရွာ မှာ တိုင်းရင်း မြန်မာ အလယ်တန်း ကျောင်းအုပ် ဦးကျော်ထင်နှင့် ဒေါ်ရွှေကျော့ တို့က
၁၉၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့ မှာ မွေးဖွားသန့်စင်ပေးခဲ့တယ်..။ဟင်္သာတမြို့ ဒေါက်တာ ကမ်းမင်း ကျောင်းကနေ အထက်တန်း အောင်ပြီးတဲ့နောက် ရန်ကုန် ဂျပ်ဆင် ကောလိပ် ကို ဆက်တတ်ခဲ့တယ်..။ ကိုအာင်ကျော် ဟာ မြန်မာ စာတွင် ထူးချွန်တဲံလူ ၊
ကျောင်းတတ်နေရင်း အမျိုးသားရေးကို လှုံ့ဆော်ပေးသည့် ဆောင်းပါးတွေ ဆက်တိုက် ရေးသားခဲ့တယ်။ ကောလိပ်တတ်နေစဉ် မှာပဲ အမျိုးသားရေးကို လှုံ့ဆော်သည့် တရားပွဲတွေ၊ ဟောပြောပွဲတွေ၊ စကားရည်လုပွဲတွေမှာ ရှေ့တန်းမှ ပါဝင်ခဲ့တဲ့ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ နဲ့  ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ တို့ရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင် တဦး ဖြစ်ပါတယ်။၁၃၀၀ပြည့် အရေးတော်ပုံ ကာလမှာကျောင်းသား လှုပ်ရှားမှုတိုင်းမှာ ခေါင်းဆောင် တဦး အဖြစ် ပါဝင်ခဲ့တယ်။
ကိုအောင်ကျော် ဟာ ကော်လိပ်တတ်နေသော်ငြားလည်း ပင်နီတိုက်ပုံဝတ်တယ် ခုံဖိနပ်စီးတယ်
ဆံပင်ကို ကတုံး ဆံတောက်ထားတယ်.။
ကိုအောင်ကျော် ဒုတိယ နှစ် ဥပစာတန်း ကာလ-
၁၉၃၈ ခု၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ရန်ကုန်မြို့၊ အတွင်းဝန်ရုံးကို ကောလိပ် ကျောင်းသားများ အပါအဝင် ရန်ကုန် မြို့ရှိ ကျောင်း ပေါင်းစုံမှ ကျောင်းသား များဝိုင်းပြီး ဆန္ဒ ပြခဲ့ ကြတယ်။
ဆန္ဒပြ ကျောင်းသားတွေ ကို အင်္ဂလိပ် နယ်ချဲ့ ဗြိတိသျှ (အခု-UK ပေါ့နော်)အစိုးရ ရဲ့ မြင်းစီး
ပုလိပ် တွေက မြင်းနဲ့ တိုက်၊ တုတ်နဲ့  ရိုက်တဲ့အတွက်ကြာင့် ကျောင်းသား ခေါင်းဆောင် ကိုအာင်ကျော် အပါအဝင် ကျောင်းသား လူငယ် ၂၀၀ ကျော် ဒဏ်ရာရခဲ့သည်။ အဲဒီ အရေးအခင်းမှာ ရတဲ့ ဒဏ်ရာနဲ့ပဲ ကိုအာင်ကျော်ဟာ ၁၉၃၈ ခု၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် သေဆုံး ခဲ့ရတယ်.။
ကိုအောင်ကျော် ဈာပနအခမ်းအနားမှာ ကိုအောင်ကျော်ကို ကျောင်းသားဖြစ်ပေမဲ့
သူရဲ့ သတ္တိ ၀ိရိယ နဲ့ ဦးဆောင်မှုတွေကြောင့် ကိုအောင်ကျော်ကို "နေမျိုး သီဟ သူရ ဗိုလ်အောင်ကျော်"
ဆိုပြီး တနိုင်ငံလုံးက ဂုဏ်ပြုခဲ့ကြတယ်..။
ဗိုလ်အောင်ကျော် ကျဆုံးပြီးတဲံနောက် ကျောင်းသားထုရဲါ လှုပ်ရှာမှုတွေ အားကောင်းလာခဲ့တယ်
ဗိုလ်အောင်ကျော် ကို ဂုဏ်ပြုတဲံအနေနဲ့ ရန်ကုန်မြို့ အတွင်းဝန်ရုံးဘေးက လမ်းကို ဗိုလ်အောင်ကျော်လမ်းဟု ခေါ်စေခဲ့တယ်..။
ဗိုလ်အောင်ကျော်လမ်းနှင့် ကမ်းနားလမ်းရှိ ဆိပ်ကမ်းကို ဗိုလ်အောင်ကျော် ဆိပ်ခံတံတား အဖြစ်သတ်မှတ်လိုက်တယ်..။
မြန်မာ့ နိုင်ငံ သမိုင်း အတွက် တကယ့်နေရာကနေ ကျောင်းသားထုကြီးပါဝင်လှုပ်ရှားခဲ့တဲ့
ဗိုလ်အောင်ကျော် တို့ လို သူရဲကောင်းတွေကို ဒီနေ့ မှာ......သူငယ်ချင်းတွေသိရှိအမှတ်ရနေစေဖို့ တင်ပြလိုက်ပါတယ်................