သဇင်လေးရွာရောက်နေလို့ ပုံမှန်စံမြန်ရာ ဆိုဒ်၂ဆိုဒ်နဲ့ နည်းနည်းဝေးကွာတယ် မှတ်မိဦးမယ်တော့ ထင်ပါတယ်..ဟီး
ရွာမှတော့ ၁၀တန်းတွေကို ကိုက်ပြတယ်လေ ၁၀တန်းနီးတော့အတွက်ခတ်နေလို့ပါ ရွာကကလေးတွေက သွတ်သွတ်လက်လက်နဲ့ စကားလဲတတ်တယ် မည်းမည်းလုံးလုံးလေးတွေ
ကျောင်းတွေပိတ်တော့ နှုတ်ဆက်ပွဲတွေလဲလုပ်ခဲ့ကြတယ်
ပြသနာကစပီ...
၂တန်းကလေးလေးတယောက်ကသဇင်လေးလားနာပြီးတော့ မေးတယ်
ဆရာမလေးတဲ့ ၁တန်းမြန်မာစာအုပ်ထဲက ဂျာအေးမမ ကဗျာကိုသိလားတဲ့
““
မုန့်လုံးကိုစက္ကူကပ်လို့ ကြာကလပ်နှင့် ဆွမ်းတော်တင်
ပလ္လင်ပေါ်က မျောက်ကလေး ဆင်းသက်လို့ပြေး
ဂျာအေး...ဂျာအေးကိုသူ့အမေရိုက်လို့
မှောင်မိုက်မှာငို ကိုလူပျို ထရံပေါက်ကခြေထောက်ကိုဆွဲ
တွဲလဲ တွဲရယ်နေပါဦး မိုးတောင်ကချုးံ မုန့်လုံး ””
ပီးတော့မေးတယ် ဘာလို့ ဂျာအေးကိုသူအမေကရိုက်တာလဲတဲ့ မုန့်လုံးလဲသူစားတာမဟုတ်ဘဲနဲ့
ပီးတော့ သူတို့ခတ်က လူပျိုတွေက နှာပူးထတာလားတဲ့
သဲချင်းတို့ရောဘာလို့ထင်လဲဟင်