ယခုကျွန်တော် ပြောချင်တာက ဘလော့ပိုစ့်ရေးသားသူများအနေနဲ့ ဘလော့တွေကို အရင်အဟောင်းတွေ (တင်ပြီးသားပိုစ့်တွေ) ရှိပါတယ်။
သူငယ်ချင်းတွေအတွက် အသိပညာ ဗဟုသုတ ရစေနိုင်သော ပိုစ့်များကို ပထမပိုစ့်နှင့် လပိုင်းခြားစေပါမူ စီစစ်ပြီပြန်လည်တင်ပြပေးပါမည်။
ပိုစ့်တစ်ခုထဲအား ရက်ခြား၍ အဖွဲ့ဝင် (Member) နှစ်ဦး တင်ရှိခဲ့ပါက နောက်တင်သောသူပိုစ့်အား ပယ်ဖျက်ပစ်ရတာတွေရှိပါတယ်။
မိမိတင်လိုက်သော Blog Post မကျရောက်လာပါက အပြစ်တင်မစောစေပဲ ဆိုဒ်က်တွင်းရှိ မိမိပိုင် Inbox ထဲမှာ တာဝန်ရှိသူတွေက ပယ်ဖျက်လိုက် ရသော အကြောင်းအရာနှင့်တစ်ကွ မိမိတင်လိုက်သော ပိုစ့်ကို Inbox မေးလ်ဖြင့်အသိပေးသွား မှာဖြစ်ပါတယ်။။ ရွှေ မြို့တော် ၏ BLog Post စည်းကမ်းတွေကို ပြန်လည်ပြင်ဆင်ထားပါတယ်။ စည်းကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ဥပဒေနှင့်မလွတ်ကင်းသော post များ အကျိုးမရှိသော post များ တင်ခွင့်မပြုပါ။ သတင်းအနေနှင့်တင်ပြသော Post များမှာ သက်သေအထောက်အထားခိုင်လှုံရမည်။ အထောက်အထား မခိုင်လှုံပါက တာဝန်ရှိသူများမှ အကြောင်းကြားပြီး ပယ်ဖျက်ပါမည်။
၂။ မိမိတင်ပြသော Blog Post အဆုံးမှာ Tags: ၌ မိမိ၏ Post အမျိုးအစား ၀တ္ထုတို ၊ ဆောင်းပါး ၊ ကဗျာ ၊ ရသ ၊ ဟာသ ၊ နည်းပညာ ၊ ဗဟုသုတ ထည့်ပေးပါရန်။
၃။ မိမိမူပိုင်ရေးသားသော ပိုစ့်တစ်ပုဒ်ဖြစ်ပါက ပိုစ့်အဆုံးသတ်တွင် မိမိ၏အမည် (ကလောင်အမည်) ကို ထည့်သွင်း ဖေါ်ပြပေးပါရန် နှင့် ကူးယူဖေါ်ပြခဲ့သော တစ်ပါးသူ၏ ပိုစ့်ဖြစ်ပါက ရေးသားသူကို လေးစားသောအားဖြင့် အောက်တွင် ရေးသားသူ၏အမည်ကို ဖေါ်ပြပေးရန်။ (FWD မေးလ်မှဆိုလျှင် FWD မေးလ်မှ)
၎။ ရွှေမြို့တော် မိသားစုဝင်တစ်ဦးသည် တစ်နေ့ကို Blog post ( 5ပုဒ်) သာတင်ခွင့်ရှိသည်။
၅။ တစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိပါးစေသောမည်သည့် ပိုစ့်မျိုးကိုမဆို ပယ်ဖျက်မည်။
၆။ စည်းကမ်းနှင့်မညီညွတ်သော Blog Post များ Discussion များနှင့် ကဗျာများ ကို ဖျက်သိမ်းသွားပါမည်။
၇။ မိမိတင်လိုက်သော Blog Post သည် မိမိမှာတာဝန်ရှိသည်။ Blog Post ၌ပေးကြသော Comments များတွင် ရိုင်းစိုင်းသောအသုံးအနှုန်း အပြောအဆိုများ ရှိခဲ့ပါက ဆိုက်ဒ်တာဝန်ရှိသော Admin များသို့ အကြောင်းကြားနိုင် ပါသည်။ ၈။စာကြောင်းရေနည်းပါးစွာဖြင့် ရေးသားထားသော Blog Post များတင်ခွင့်မပြုပါ။ ။ကော်ပီကူးထားသော blog postစည်းကမ်းများနှင့် မညီညွတ်သော Blog Post များကိုတင်ခွင့်ပြုမည် မဟုတ်ပါကြောင်း ကြိုတင်အသိပေး ကြေညာအပ်ပါသည်။ အထူးသတိထားရမည့် အချက် မိမိ Blog Post တင်ပါက ...Post တင်တင်ခြင်း ချက်ချင်းမရရှိနိုင်သေးပါ။ တာဝန်ရှိသူ Admin များမှ မန်ဘာ များ တင်သည့် ဘလော့များ အား ပြန်လည် လက်ခံပေးရသောကြောင့် ဖြစ်သည်။ ဗဟုသုတ ရစေနိုင်မယ့်စာတွေ နှင့် ရယ်မောပျော်ရွှင်ဖွယ် စာစုကောင်းများ၊ ရင်တွင်းခံစားချက် ကောင်းကောင်းလေးတွေ ကို ရေးသားနိုင်ကြပါစေ။။။။
ရွှေမြို့တော်.. Admin Group။။။။။။။။။
+ **!♣★♫♥(ပြည့်စုံ(နတ်ဆိုးလေး)) ♣★♫♥