Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဖိုးဝရုပ်ကိုကို

$
0
0

ဒီနေ့ မနက် ဘုရားကြီးကို မေမေနဲ့အတူသွားတယ်။ ဘုရားကို ပန်းကပ်၊ ဘုရားရှိခိုးတယ်။ နောက်… ချိုသဲဘာဆုတောင်းလဲသိလား။ ကိုကို့ အချစ်ကို ပိုင်ဆိုင်ရယူလိုပါ၏ လို့ ဆုတောင်းမိတယ်။ မျက်နှာက အပြုံးလေးတစ်ချက်ပေါ်သွားတာကို မေမေက သတိထားမိသွားတယ်။

ဘုရားရှိခိုးပြီး ဘာလို့ပြုံးတာလဲလို့ မေမေက မေးတော့ ဘာမှပြန်မဖြေလိုက်ဘူး။

ဘုရားက ပြန်ထွက်လာပြီး ကလေးကစားတဲ့အရုပ်ဆိုင်လေးနားရောက်တော့ ဖိုးဝရုပ်ကလေးတစ်ရုပ်ကို ကောက်ကိုင် လိုက်တယ်။

“ဟဲ့သမီး…ကလေးမဟုတ်ပဲနဲ့ ဘာအရုပ်တွေဝယ်မလို့လဲ”

မေမေက မေးလိုက်တဲ့အခါမှာ

“အရုပ်ကလေးက ချစ်စရာကောင်းလို့ပါ”

မေမေ့မျက်နှာက ငါသိပါတယ်။ ငါလဲ ငယ်ရာက ကြီးလာတာပါ ဆိုတဲ့ အဓိပ္ပါယ်လေ။

အိမ်ကို ပြန်ရောက်ပြီးနောက် ဖိုးဝရုပ်ကလေးကို အိပ်ခန်းထဲက စားပွဲပေါ်တင်ထားလိုက်တယ်။ ထိုင်ခုံပေါ်ကို ထိုင်ပြီး တစိမ့်စိမ့်ကြည့်မိတယ်။ လက်နဲ့ကောက်ကိုင်လိုက်ပြီး ရင်ခွင်ထဲမှာ အမြတ်တနိုးထွေးပိုက်ထားလိုက်တယ်။

ဟွန်း…ကိုကိုနော်…ချိုသဲ ခံစားနေရတာ သိဘူး ဟုတ်လား။ ဒီကတော့ မိန်းကလေးတန်မဲ့ ကိုကို့ကို ချစ်လိုက်ရတာ။ ကိုကို့အနားက ချိုသဲ ဘယ်တော့မှ ခွဲမသွားချင်ပါဘူးနော်။ ကိုကိုကသာ ပညာတတ်။ ဥစ္စာပေါ။ သဘောကောင်း ဆိုတော့ မိန်းကလေးတွေ ၀ိုင်းဝိုင်းလည်နေတာ။

ဟောဒီ ဖိုးဝရုပ်ကလေးနဲ့တူတဲ့ ကိုကို။ ချိုသဲ ရင်ထဲမှာ စွဲနေတဲ့ကိုကို။ အသားကလေးကလည်းဖွေးလို့။ မျက်နှာလေးကလည်း               ၀ိုင်းစက်စက်ကလေး။ ပြုံးလိုက်ရင် တအားချစ်ဖို့ကောင်းတာ။ အဲ…တည်တည်ကြီးနေရင်တော့ ကြောက်ဖို့ကောင်းတယ်။

ကိုကိုက တစ်ခါတစ်ခါ ရယ်စရာတွေ ပြောတတ်တတ်တာ။ အကြောင်းတိုက်ဆိုင်လို့ ရယ်စရာပြောရမယ်ဆိုရင် ဘယ်က ဥာဏ်တွေထွက်လာတယ် သိပါဘူး။ တအားရယ်ရတာပဲ။ ကိုကိုပြောတာတွေက မရိုင်းဘူး။ ယဉ်ယဉ်လေးနဲ့ ရယ်ရအောင်ပြောတတ်တာ။

အော်…ပြောရအုံးမယ်။ ကိုကိုက စိတ်အရမ်းရွှင်နေတဲ့အခါ ဇာတ်မင်းသားကြီးလုပ်ပြီး ပြောနေဆိုနေလိုက်တာ။ အသံလွှင့်ဇာတ်တမ်း တစ်ပုဒ်နားထောင်နေရသလိုပဲ။ အရမ်းကောင်းတာ။

မိချိုသဲက တစ်နေ့လုံးကိုကို့ ကို အကဲခတ်နေတာ။ ကိုကိုက ချိုသဲရဲ့ အလုပ်ရှင်လေ။ သိကြမှာပါ။ တစ်နေကုန် ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့သူလေ။ ကိုကို့အတွက် တစ်ဖက်တစ်လမ်းက ပါရမီလေးဖြည့်ပေးချင်တာ။ ကိုကိုသင်ပေးတဲ့ပညာတွေနဲ့ ကိုကို့လုပ်ငန်းမှာ လုပ်ခွင့်ရတာကိုတော့ ချိုသဲ တစ်သက်လုံးကျေးဇူးဆပ်လို့ ကုန်မှာ မဟုတ်ပါဘူး ကိုကိုရယ်။

မိန်းခလေးတစ်ယောက်ရဲ့ ရင်ထဲမှာ ကြိတ်မှိတ်ခံစားနေရတဲ့ဘ၀ကို ကိုကို တစ်ယောက် နားလည်နိုင်ပါစေ။

တွေးမိတွေးရာတွေးရင်း ချိုသဲ ရင်ခွင်ထဲသ သက်မဲ့ ဖိုးဝရုပ်ကလေးကို တစ်ချက်နမ်းလိုက်မိပါတော့တယ်။

ချိုသဲမာ


Viewing all articles
Browse latest Browse all 9878

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>