Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အမုန်းနွေ

$
0
0
တသက်တာရဲ့ဥတုသုံးရာသီမှာနွေဆိုတာအပူလောင်ဆုံးရယ်ပါ.......။ရွက်ဝါချွေတဲ့နွေ ရတက်ပြာပွေတဲ့နွေ လေရူးမွှေတဲ့နွေ စမ်းရေခြောက်တဲ့နွေ
ပန်းတွေပျောက်တဲ့နွေ ကဗျာဆန်လွန်းလှတဲ့နွေရဲ့အကြောင်း တစေ့တစောင်းခြောင်းမြောင်းကြည့်မိပြန်တော့အသဲနာရတာမသက်သာ အထီးကျန်ဆန်လွန်း
အကျည်းတန်ကျန်လွန်းလို့လဲ ......နွေဟာနွေပါလေ.....။

ဘ၀.....ဘကုံးနဲ့ဝလုံးပေါင်းစပ်ထား၍ ဘ၀မည်ပေသည်..။မှန်သည်ထိုသို့သောဝေါဟာရအောက်တွင် ဘ၀ဆိုသည်မှာ အရူးပြောသည့်ပုံပမာယောင်ချာချာ
ဖြစ်သောကြောင့်..လူတိုင်း၏ဘ၀သည်တခါတရံလှပသော်လည်းတခါတရံတွင်မလှပ..ထိုအရာတို့သည်ပင်ဘ၀ကိုပုံ၍ယုံမိခြင်းဖြစ်ပေသည်...။

နွေသည်လှ၏..အလှတရားသည်နွေ..သို့သော် မလှပသောသူ၏ဘ၀နှင့်နှိုင်းယှဉ်ကြည့်ပါမူ နွေဟူသောရာသီစက်ဝန်းကသူဘ၀ထက်သာနေပေသည်..
ထို့ကြောင့်သူလည်းနွေကိုဆရာတင်ရတော့၏..နွေသည်လည်းသူ့ဘ၀ သူ့ဘ၀သည်လည်းနွေ....။

စောစောကပြောခဲ့သောစကားလုံးများကိုပြန်ကောက်ကြည့်ပါလျှင် နွေသည်လှ၏ဟုဆိုရာဝယ် အထီးကျန်မှုတို့နှင့်ပြည့်စုံသည်ကိုပင်အလှတရားဟု
ဆိုရပါသလော. .နွေသည်လည်းအထီးကျန်လျှင် သူ့ဘ၀လည်း အထီးကျန်ရတော့မလို့ဖြစ်နေပေသည်.....ထို့ကြောင့်သူလည်း
နွေကိုတိတ်လေးမုန်းမိသည် မည်သူမျှမသိလိုက် နှလုံးသားကပဲသိလိုက်သည် ထိုအရာတို့သည်ပင်နွေကိုမုန်းမိခြင်းကြောင့်..သူ့ဘ၀ရဲ့နွေသည်
အမုန်းနွေ ..ပင်ဖြစ်တော့၏......



အညာသားလေး(ရွှေညာမြေ)

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>