ကျွန်တော်အိမ်မှာဈေးဆိုင်လေးဖွင့်ထားတာ တစ်နေ့တော့ကျွန်တော့်အမေက
“ငါ့သားဈေးသွားဝယ်ချည်တဲ့”
ကျွှန်တော်လည်း“ဟုတ်ကဲ့အမေ ဘာဝယ်ပေးရမလဲဆိုတော့”
“အေး အေး မင်းဝယ်ရမှာက ငှက်ပျောသီးရယ် ၊သရက်သီးရယ် ၊လိမ္မော်သီးရယ် ငွေ(၁၀၀)
ပေးလိုက်မယ်။ အလုံး(၁၀၀)ပြည့်အောင်ဝယ်ခဲ့ အပြန်ကျရင် စစ်မှာနော် အလုံး(၁၀၀)ကို
ငွေ(၁၀၀) နဲ့ကိုက်အောင်ဝယ်ခဲ့”တဲ့ ..။
ကျွန်တော်အမေကပြောသေးတယ်ဗျ
“ငှက်ပျောသီးက တစ်လုံးကို တစ်ကျပ်တဲ့
သရက်သီးက တစ်လုံးကို ငါးကျပ်တဲ့
လိမ္မော်သီးက တစ်လုံးကို ပြား(၂၀)”တဲ့ ဗျာ
ငွေ (၁၀၀) အလုံး (၁၀၀) ဘယ်လိုရအောင်ဝယ်ရမလဲ
သူငယ်ချင်းတို့ကူညီပါဦး
အိမ်ပြန်ချိန်နီးနေလို့ပါဗျာ