ဘ၀ကြိုးဝိုင်း
မိမိတို့ ဘ၀ဟာ တကယ်တော့ လက်ဝဲကြိုးဝိုင်းကြီးတစ်ခုလိုပါပဲ
အန္တရာယ်တွေ အခက်အခဲ့တွေ ဒုက္ခတွေကတော့ အဲဘ၀ကြိုးဝိုင်းထဲ
မှာ မိမိနဲ့ ယှဉ်ပြိုင်ရမယ့် လူကြမ်းကြီးတွေပေါ့ အောင်မြင်မှုဆိုတဲ့
ပန်းတိုင်ကတော့ ချန်ပီယံရွှေခါးပတ်ကြီးပေါ့လေ ဒီချန်ပီယံရွှေခါးပတ်
ကြီးကိုလိုချင်ရင်တော့ အန္တရာယ်တွေ အခက်အခဲ့တွေ ဒုက္ခတွေဆိုတဲ့
မိမိယှဉ်ပြိုင်ဘက် လူကြမ်းကြီးသုံးယောက်ကို ဘ၀ကြိုးဝိုင်းထဲမှာ
ဇွဲလုံးလနဲ့ အလဲထိုးသတ်နိုင်ဖို့လိုအပ်ပါတယ် ဒါမှလည်း မိမိလိုချင်
တာကို ရလာမှာပေါ့လေ ဘာမှကြိုးစားအားထုတ်မှုမရှိဘဲ ဒီအတိုင်း
ထိုင်နေလို့ကတော့ ဘယ်သူကမှ ရော့ဒီဟာယူ ရော့ဒီဟာသောက်
ရော့ဒီဟာကိုစားပါလို့ လာမပေးဘူး တစ်ခုလိုချင်ရင် တစ်ခုကတော့
ပေးရမှာ ဓမ္မာပဲလေ မိမိလိုချင်တဲ့ အရာဝတ္ထုအပေါ်မှာမူတည်ပြီတော့
အချိန်တွေ ဇွဲလုံးလ၀ရီယတွေပေးဆပ်ရမှာပဲ ကြိုးစားရင် ကြိုးစား
သလောက် အောင်မြင်မှုဆိုတာ ရလာတာ ဧကန်မုချပါ။
ဘ၀စစ်မြေပြင်မှာ လောက်ကဓံ ပစ်မဲ့ ဒုက္ခမြှားဆူး ထိမှန်မှာ
စိုးလို့ အော်ဟစ်ပြေးနေလို့ မဖြစ်ပါဘူး မိမိအပေါ် ကျရောက်လာ
မယ့် ဒုက္ခမြှားဆူးကို ဘယ်လိုရှောင်လွဲနိုင်မယ် ဘယ်လိုကာကွယ်
ခုခံရမယ်ဆိုတာကို မိမိကပဲ အကောင်းဆုံးဖြစ်အောင်ဖန်တီးရမယ်။
ဒါ့ကြောင့်
ဘ၀ဆိုတဲ့ကြိုးဝိုင်းထဲမှာ
အန္တရယ် အခက်အခဲ့ ဒုက္ခဆိုတဲ့
လူကြမ်းကြီးသုံးယောက်ကို ဇွဲလုံးလနဲ့
အလဲထိုးသတ်ပါလို့ တိုက်တွန်းရင်နဲ့.......
လေးစားစွာဖြင့်
(ရက္ခိတ) ခိုင်ထွန်းလင်း