နှလုံးသားမာတိ့ကာ
*********************
= “ ရှင်လွန်းဖြူ ” ၏ ခံစားချက် - ( ၁ )
= “ နီယွန်းဆွေ ” ၏ ခံစားချက် - ( ၂ )
= “ မင်းဆက်ဆက်ခ ” ၏ ခံစားချက် - ( ၃ )
အချစ်စာမျက်နာအစ
********************
“ ဖျန်း . . . ”
“ အဲဒါမင်းမှတ်ထား တရားဝင်မိန်းမရှိတဲ့ယောကျာင်္းတယောက်ကို လူ့ကျင့်ဝတ်လူ့သိက္ခာမစောင့်စည်းပဲဖောက်
ပြန်ချင်တဲ့မင်းအတွက် ဒဏ်ပေးလိုက်တာ ”
ကျွန်မရဲ့ပါးကို အားကုန်လွဲရိုက်လိုက်တဲ့မိန်းမတယောက်ရဲ့ရိုက်ချက်ကြောင့် ထူပူသွားပြီးမျက်ရည်စတွေယိုစီး
ကျလာတယ် ။ တစုံတရာကိုခွန်တုန့်ပြန်ဖို့ကျိုးစားနေမိ့ပေမဲ့ ကျွန်မဘာမှပြန်မပြောပြနိင်ခဲ့ပါဘူး ။ တကယ်
တော့ကျွန်မက ရခဲလှတဲ့လူ့ဘ၀မှာ ဖြစ်ခဲလှတဲ့လူ့ဒုက္ခကိုခံနေရတဲ့ စွန့်အနားမကြားတယောက်ပေါ့ ။ ဘာပဲ
ဖြစ်ဖြစ် တလောကလုံးကိုကျွန်မနားမလည် ကျွန်မ မသိ့နိင်ခဲ့ရင်တောင်မှ မောင့်ရဲ့အချစ်ကိုကျွန်မသိ့နေခွင့်ရ
နေရင်ပဲကျေနပ်ပါပြီလေ . . . .
*************************************************************
ရှင်လွန်းဖြူ၏ ခံစားချက် ( ၁ ) =
ကျွန်မမောင့်ကိုစတွေ့မိ့တဲ့နေ့က မေမေနဲ့အတူကျွန်မအတွက်ဖုန်းလေးသွားဝယ်တဲ့နေ့ကပေါ့ ။
“ သားရယ်ကူညီစမ်းပါအုံး အန်တီသမီးလေးက စွန့်အနားမကြားဆိုတော့ သူ့အတွက်အစဉ်ပြေနိင်မဲ့ဖုန်းလေး
တလုံးလောက်ဝယ်ချင်လို့ပါ message ပို့နိင်ရင်ပြီးတာပါပဲကွယ် ”
ကျွန်မရဲ့မေမေနဲ့သူ ဘာတွေပြောနေမှန်းမသိ့ပေမဲ့ ဂရုဏသက်စွာနဲ့ပြုံးပြလာတဲ့သူ့ကို ကျွန်မတန်ပြန်ပြုံးပြ -
လိုက်မိ့တယ် ။ ပြီးတော့ message ပို့ပုံပို့နည်းလေးသင်ပေးတယ် ။ တခဏအတွင်းမှာပဲ သူ့ရဲ့ကိုယ်ရနံရ
လိုက်ယုံနဲ့ ကျွန်မရင်ခုန်သံတွေမြန်နေခဲ့တယ် ။ ယောကျာင်္းတယောက်ရဲ့နုညံစွာနဲ့ဖေးမမှု့ကို ပထမဦးဆုံးအ
ကြိမ်ရလိုက်လို့ပဲဖြစ်မှာပါ ။ အဲဒီနောက်ပိုင် သူနဲ့ကျွန်မအမြဲတမ်း message တွေပို့ဖြစ်ခဲ့ကြတယ် ။ ခင်မင်မှု့
တွေခိုင်မာလာတာနဲ့အမျှ သူ့ကိုကျွန်မသံယောဇဉ်တွေပိုလာခဲ့မိ့တယ် ။ လူ့ဘ၀ရဲ့ကာလာကာနောက်မှာ ပုန်း
အောင်းနေခဲ့ရတာကြာပြီဖြစ်တဲ့ ကျွန်မအတွက်တော့ သူကနားလည်နိင်ခြင်းတွေဆီကိုလမ်းပြဆောင်ပေးခဲ့တဲ့
သူရဲကောင်းပါပဲ ။ တစိမ်းတယောက်ရဲ့တန်ပြန်မေတ္တာထားမှု့ကို အချိန်နဲ့အမျှတပ်မက်နေမိ့ခဲ့တဲ့ကျွန်မအတွက်
လဲ သူသာလျှင် ကျွန်မစိတ်ရဲ့စေစားရာဖြစ်ခဲ့တယ် ။ ပြီတော့ အချိန်တွေကြာလာတာနဲ့အမျှ တွယ်ငြီ့မိ့တဲ့
ဒီသံယောဇဉ်ကြိုးတွေကြောင့်ပဲ အသက်ရှင်ဖို့မရှိမဖြစ်သောက်ရမဲ့ဆေးတလုံးလို ကျွန်မအတွက်လိုအပ်လာခဲ့
တယ် ။ လိုအပ်နေပြီလို့လဲ ကျွန်မယူဆနေပြီလေ ။ ဒါ ဒါပေမဲ့ သူဘတ်ကပကတိဆန်ဆန် မေတ္တာထားမှု့
ကို ကျွန်မကသာ ကိုယ်လိုတဲ့ဘတ်ကိုတွေးပြီ ဘာသာပြန်တွေမှားခဲ့တာပါ ။ ကျွန်မကိုယ်ကျွန်မလဲသူ့ရဲ့ချစ်-
သူလို့ထင်ရောင်ထင်မှားဖြစ်နေခဲ့တယ်လေ ။ “မောင် ” လို့နမ်းစားသုံးနှုန်းရင်း တန်ပြန်လာမဲ့သူ့ရဲ့ချစ်ခြင်းကို
မျှော်လင့်နေခဲ့မိ့ပေမဲ့ သူရဲ့ချစ်ခြင်းကဘယ်လောက်ထိ့များ တို့ထိ့လို့မရအောင်နတ်ကြီးသလဲဆိုရင် . .
“ ရှင်လွန်း ကိုယ်မနက်ဖြန်မှာနယ်ဘတ်ကိုခရီးထွက်စရာရှိတယ် - အဲဒါ ရှင်လွန်းဆီ message မပို့နိင်ခဲ့ရင်
နားလည်ပေးနော် ”
ဒါကသူဆီကပို့လိုက်တဲ့ message လေးပါ ။ ဒီဟာလေးကိုဖတ်ပြီကျွန်မဘယ်လိုမှမနေနိင်ခဲ့ဘူး ကျွန်မသူရှိတဲ့
ဖုန်းဆိုင်လေးကိုအရောက်သွားမိ့တယ် ။ ဟုတ်တယ်လေ သံယောဇဉ်အတွယ်အထပ်နဲ့တပ်မက်နေမိ့တဲ့ ကျွန်
မအတွက်တော့ ဝေးနေရနဲ့တခဏအခိုက်ကလဲ တွေးကြည့်မယ်ဆိုရင် ကမ္ဘာပျက်စရာပါပဲ ။ ဒါပေမဲ့ဒီထပ်မ
က ကမ္ဘာပျက်စရာတခုကတော့ ဆိုင်ရှေရောက်ချင်းမှာပဲ မောင်ဘေးမှာမိန်းမတယောက်ကိုတွေ့လိုက်ရလို့ပါ
ပဲ ။ အဲဒီမိန်းမက ကျွန်မကိုစူးစူးစိုက်စိုက်တချက်ကြည့်လိုက်ပြီး ကျွန်မဆီကိုဖုန်းလှမ်းခေါ်တယ် ။ ပြီးတော့
သေချာသွားပြီဆိုတဲ့မျက်နာထားနဲ့ ကျွန်မဆီကိုလှမ်းလာတယ် ။ အနီးရောက်တော့ မျက်မရဲ့မျက်နာကိုတ
ချက်ထဲပဲ . . .
“ ဖျန်း . . . ”
“ အဲဒါမင်းမှတ်ထား တရားဝင်ရှိတဲ့မိန်းမတယောက်ကို လူ့ကျင့်ဝတ်လူ့သိက္ခာစောင့်ပဲ ဖောက်ပြန်ချင်တဲ့မင်းအ
တွက် ဒဏ်ပေးလိုက်တာ ”
ကျွန်မပါးပြင်တလျှောက်လုံးပူထူသွားပြီး မျက်ရည်စတွေကအလိုလိုယိုစီးကျလာတယ် ။ ဘာ ဘာမှားလဲ ကျွန်
မ ဘာတွေမှားခဲ့လဲ ။ ဒီမိန်းမကရော ကျွန်မချစ်တဲ့မောင်နဲ့ဘယ်လိုပတ်သက်နေလဲ ။ မောင်ကရောကျွန်မ
မမေးဖြစ်ခဲ့တဲ့အရာတွေအတွက် ဘာကြောင့်အလိုက်တသိ့မပြောခဲ့လဲ ။ ကျွန်မရှက်ရွံစွာနဲ့ ခေါင်းငုံလို့ငိုကြွေး
နေတဲ့အခိုက်မှာပဲ မောင်ကျွန်မရဲ့အနားကိုရောက်လာပြီ ကျွန်မရဲ့နှဖူးပြင်ကို အမှတ်မထင်နမ်းရှိုက်လိုက် -
တာပါပဲ ။ ဒီခဏအတွင်းမှာ လောကကြီးတခွင်လုံးဘာဖြစ်နေလဲ ကျွန်မ မသိ့ချင်တော့ဘူး ။ ဟုတ်တယ် စ
ကားတွေအများကြီးပြောပြစရာမလိုပဲနဲ့ မောင့်အနမ်းတချက်နဲ့တင် ကျွန်မအတွက်ပြီပြည့်စုံသွားပါပြီ ။ ကျန်
တာ ကျွန်မဘာမှမသိ့ချင်တော့ဘူးမောင် ။ အခုဆိုရင်မောင်နယ်ကိုခရီးထွက်သွားတာ အရမ်းကိုကြာနေခဲ့ပြီ
ကျွန်မမျှော်နေတယ်လေမောင့်ရဲ့ ။ ကျွန်မဘ၀ တစိတ်တပိုင်းက မောင်နဲ့တင်ရှင်သန်နေတာပါ ။ ပြန်လာခဲ့ပါ
တော့မောင်ရယ် ။ ကျွန်မလွမ်းလှပြီ ။ ကျွန်မလွမ်းနေတဲ့အကြောင်းတွေကို message တွေရေးပို့ထားတယ်
လေ ။ ဒီနေ့လဲ မောင့်ဆီကို message ပို့မယ်ဆိုပီ ဖုန်းလေးကိုကိုင်လိုက်တော့ ။ တုန်လှုပ်လာတဲ့ဖုန်းလေး
နဲ့အတူမောင့်ဆီက message တစောင်ဝင်လာတာတွေလိုက်ရတယ် ။ ကျွန်မ၀မ်းသာလိုက်တာ ။ ကျွန်မ
ကို အချိန်အကြာကြီးပစ်ထားခဲ့တဲ့မောင့်ကို စကားနာထိုးဖို့ မောင့်ဆီကို message ပြန်ပို့လိုက်တယ် ။ သ
တိ့ရနေတဲ့နေရက်တွေများလာတာနဲ့အမျှ ကျွန်မရဲ့မောင် ကျွန်မအနားကိုအမြန်ပြန်လာမှဖြစ်တော့မယ်လေ ။
အဲဒါကြောင့် ကျွန်မအရမ်းလွမ်းနေတဲ့အကြောင်း ကျွန်မရဲ့အနားကို အမြန်းဆုံးပြန်လာဖို့ဆိုတဲ့အကြောင်းကို
ရေးဖို့ ကျွန်မအမြန်ဆုံးပြင်ဆင်လိုက်တော့တာပေါ့ ။ ဟုတ်တယ် မောင်ကျွန်မရဲ့အနားကိုအမြန်ဆုံးပြန်လာ
မှဖြစ်တော့မယ်လေ . . . ။
*************************************************************
နီယွန်းဆွေ၏ ခံစားချက် ( ၂ ) =
ကျွန်မ ကို့ကိုအရမ်းချစ်တယ် ။ ဘယ်လိုမှအဆုံးရှုံးမခံနိင်ခြင်းတွေနဲ့တပ်မက်မိ့တဲ့အတွက် ကိုနဲ့ပတ်သက်လာ -
ရင် ဘာမဆိုရင်ဆိုင်ဖြေရှင်းပေးဖို့အထိ့ မိန်းမသားတယောက်တန်မဲ့ အင်းအားတွေရှိနေခဲ့တယ်။နှစ်ယောက်
တဘ၀အဖြစ် ပုံဖော်ထုဆစ်နေတဲ့ ကျွန်မရဲ့ပေးဆပ်ခြင်းနယ်လုပွဲမှာ ကျွန်မကလွဲရင်ဘယ်သူမှကိုအနားမှာ
မရှိစေရဘူး ။ ဒါကကျွန်မရဲ့အတ္တဆိုရင် အဲဒီအတ္တကြောင့်လူတွေမုန်းပါစေအုံး လူတွေရဲ့အမုန်းကိုကျွန်မခံ
ရဲတယ် ။ ကို့ကို ကျွန်မအဲဒီလောက်ထိ့ချစ်တယ် ။ အချစ်နဲ့ပတ်သက်လာရင် ဘယ်လိုမှအတိမ်အစောင်းမခံ
ချင်တဲ့ကျွန်မက ဘ၀ကြီးတခုလုံးကိုတောင် ကျွန်မချစ်တဲ့ကို့အတွက်စတေးရင်းနဲ့သေဆုံးသွားချင်တယ် ။ အဲ
ဒီအတိုင်းပဲ လူ့ဘ၀ကိုအဆုံးသက်ချင်တယ် ။ ဘယ်သူမှ သွေးထိုးလှုပ်ဆော်မှု့မရှိပဲနဲ့ ကို့ကိုချစ်တတ်လာတဲ့
ကျွန်မကိုယ်ကျွန်မလဲ ရဲဝင့်စွာနဲ့ဂုဏ်ယူမိ့တယ် ။ ဟုတ်တယ် အဲဒါကို ညတရေးနိုးထမေးရင်လဲ အဲဒီအတိုင်း
ပဲပြောမိ့မှာပဲ ။ ကျွန်မမက်မောတဲ့ကို့အချစ်ကိုရလိုက်တာဟာ ကျွန်မအတွက်တော့ ကမ္ဘာပေါ်မှာလူသားအ -
ဆန်ဆုံးဖြစ်မှာပါ ။ နောင်တတရားလဲကင်းတဲ့ အကြောင်းပြချက်လဲရှင်းတဲ့ ကျွန်မရဲ့ကို့အပေါ်ထားတဲ့ချစ်ခြင်း
ကို ဘယ်သူကများလာပြီနှိုင်းယှဉ်ရဲမှာလဲလို့ အချစ်ဆိပ်တတ်ပြီး အချစ်သွေးနထင်ရောက်နေတုန်းမှာပဲ ကျွန်
မရဲ့ပြိုင်ဘတ်ကပေါ်ထွက်လာခဲ့တယ် ။ ဘယ်လောက်ထိ့များအခံရခတ်လိုက်သလဲလို့ ။ ကျွန်မသိ့ရင်သိ့ချင်း
ပဲ နာကြင်မုန်းတီးစိတ်နဲ့ကို့၇ဲ့ရှေမှာပဲ သူ့ပါးကိုရိုက်ပစ်လိုက်တယ် ။ ကိုကသာ ကျွန်မရဲ့အတွက်ပဲဖြစ်ရမယ် ။
ဒါ ကျွန်မဘ၀ထဲက အရေးကြီးဆုံးဆန္တတခုပါပဲ ။
************************************************************
မင်းဆက်ဆက်ခ၏ ခံစားချက် ( ၃ ) =
ကျွန်တော် ဒီအဖြစ်အပျက်လေးကိုငြီးငွေ့နေခဲ့တာလဲ ကြာခဲ့ပါပြီ ။ ဒါပေမဲ့ မေ့ဖျောက်လို့မရခဲ့ဘူး ။ စာတပုဒ်
အဖြစ်နဲ့ပြန်လည်အသက်သွင်းဖို့ ကျွန်တော်မှာတာဝန်မရှိချင်လဲရပေမဲ့ နာကြင်စရာကောင်းတဲ့ဒီအဖြစ်အပျက်
တွေနဲ့လဲ တာဝန်ကင်းနေချင်ခဲ့တယ် ။ တကယ်တော့ မိန်းမနှစ်ဦးရဲ့ချစ်တတ်ခြင်းတွေနဲ့လူ့ဘ၀မှာကြုံ့တွေ့
ခဲ့ရသူတွေအများကြီးပဲနေမှာပါ ။ ဒါပေမဲ့ အခုဒီဇာတ်အိမ်လေးထဲမှာကိုယ်တိုင်ပါဝင်ပတ်သက်သွားတဲ့ ကျွန်
တော့်သူငယ်ချင်းလောက်တော့ ဘယ်သူမှနာကြင်စရာကောင်းလောက်မယ်မထင်ပါဘူး ။ ဘ၀ရဲ့လက်တွဲဖော်
အဖြစ်နဲ့တပ်မက်ပြီးချစ်လို့လက်ထပ်ခဲ့ရတဲ့ ချစ်ဇနီးအတွက် ချစ်ခြင်းတွေမရော့နိင်အောင်ပေးဆပ်နေခဲ့ရသလို
ကိုယ့်ဆီကချစ်ခြင်းတခုကို မလွဲမသွေတပ်မက်နေတဲ့ ( ဒီထက် ) လူဖြစ်ရက်နဲ့လူ့ချစ်ခြင်းမေတ္တာကိုသိမ်ငယ်
မှု့တွေနဲ့ကင်းဝေးနေခဲ့ရတဲ့သူအတွက် တတ်စွမ်းနိင်သလောက်ဖေးမငဲ့ညှာပေးနေမိ့တဲ့မေတ္တာချစ်ခြင်းတွေကို
ဘယ်သူကများအလွယ်တကူအချိန်ယူပြီပေးနိင်မှာလဲဗျာ ။ အခုတော့ ကျွန်တော့်သူငယ်ချင်းကလူ့လောက
ထဲမှာမရှိတော့ဘူးလေ ။ ချစ်ခြင်းတွေရဲ့အပြိုင်က ကင်းဝေးသွားခဲ့ပြီပေါ့ ။ ဒါပေမဲ့ အခုချိန်ထိ့ဒီဇာတ်လမ်းလေး
ကပြီးဆုံးခြင်းမရှိသေးပါဘူး ။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်လမ်းလေးထဲမှာပါတဲ့ “ နီယွန်းဆွေ ” ကိုယ် -
တိုင်က ကျွန်တော်ကိုပြောခဲ့တယ်လေ ။
“ ကျွန်မ ရှင်လွန်းဖြူ ကိုအရမ်းသနားတယ် သူခမျာဘာမှသိ့ခဲ့တာမဟုတ်ခဲ့ဘူး ကျွန်မရိုက်မိ့တော့လဲ သူဘာ
မှမတုန်းပြန်ပဲခံခဲ့ရတယ် ဒါကြောင့် ကိုမရှိတော့တဲ့အကြောင်းကို သူကိုမပြောပြတော့ဘူး ပြောပြရင်လဲသူခံနိင်
ရည်ရှိမှာမဟုတ်ဘူး ပြီတော့ ကိုရှိနေတုန်းကလိုပဲ သူဆီကို message တွေပို့ပေးနေမိ့တယ် သူပျော် -
နေမှာပါ သူကတော့ကိုရှိနေတယ်လို့ပဲ ထင်နေအုံးမှာပဲလေ ကျွန်မ ကျွန်မမှာတော့ . . . ”
မျက်ရည်စတွေလိမ့်ဆင်းကြွေကျလာတာနဲ့အမျှ သူ့ရင်ထဲမှာ ဘယ်လောက်ထိ့ခံစားနေရမှန်းကျွန်တော်နှိုင်းစ
ပြလို့မရခဲ့ဘူး ။ ဒါပေမဲ့ သေချာတာတခုကတော့ ကျွန်တော်ထုထွင်းခဲ့တဲ့ဒီအချစ်စာမျက်နာပေါ်က နှလုံး
သားမာတိကာတွေကတော့ တကယ့်နှလုံးသွေးနဲ့ရင်းခဲ့ရတယ်ဆိုတာပါပဲ ။
= နှလုံးသားဖြင့်ရင်၍ - ( မင်းဆက်ဆက်ခ )