“အမိုး...အမိုး”
အိမ်ရှေ့မှ ခေါ်သံများကြားရ၍ မီးဖိုချောင်ထဲမှ ကမန်းကတန်း ထွက်လာခဲ့ရသည်။
ဟဲ့..နော်မွှေးမွှေးပါလား၊ အရေးတကြီးနဲ့ ဘာဖြစ်လာလို့လဲ၊
-နော်လာစေး မီးဖွားကာနီးနေပြီလေ၊ အဲဒါ ဗိုက်နာစ ပြုနေပြီ၊ အရမ်း ငိုနေတယ်၊ သူဗိုက်မနာချင်ဘူးတဲ့။
-ဗိုက်ထဲမှာ ရှိတဲ့ ကလေး တိုးရင် ဗိုက်နာကြတာပဲပေါ့၊ တို့များလဲ ဒီလိုပဲ ကြုံခဲ့ဖူးတယ်၊ ဒါပေမယ့် သူကံကောင်းပါတယ်ကွယ်။
-ဘာဖြစ်လို့ ကံကောင်းတာလဲအမိုးရဲ့...
-ကြာအင်းဆိပ်ကြီးက ဆရာဗိုလမင်းနဲ့တွေ့တော့ ကလေးမွေးချိန်မှာ မိခင်လောင်းတွေ ဗိုက်မနာစေတဲ့ ဆေးနည်းရခဲ့တယ်လေ။ လက်တွေ့စမ်းခဲ့ပြီးပြီ၊ အဲဒါ ပြောပြလိုကမယ်၊
-မြန်မြန်ပြောပါ အမိုးရယ်၊ မွှေး သူ့ကို သနားလွန်းလို့ပါ၊
-ရေ (၁)ပုလင်းထဲမှာ ဆား (၅)ကျပ်သားလှော်ပြီး ထည့်၊
ဖြူနေတဲ့ဆားကို မီးကျွမ်းပြီး မည်းသွားအောင် လှော်ရမယ်၊
လက်ဖက်အစို (၅)ကျပ်သားကို ထောင်းထည့်၊
ကြာဝတ်ဆံ (၅)ကျပ်သားကို ပရဆေးဆိုင်မှာ ဝယ်ပြီး ကြိတ်ထည့် (စိမ်ထား)။
-ဗိုက် စ,နာတာနဲ့ အဲဒီရေကိုသောက်၊ ဗိုက်နာတာ ပျောက်ကင်းမယ်၊ ဗိုက်နာလာရင် အဲဒီရေသောက်၊
တစ်ငုံနှစ်ငုံပေါ့ကွယ်၊ ဗိုက်နာတဲ့ ဝေဒနာ အပြင်းအထန် မခံစားရဘဲနဲ့ ကလေး လွယ်လွယ်ကူကူ
မွေးဖွားလိမ့်မယ်။ မိခင်နဲ့ကလေးကို ဘယ်လို ဘေးဥပါဒ်မှ မဖြစ်စေဘူး။
-ကျေးဇူးတင်လိုက်တာ အမိုးရယ်၊ အခု ချက်ချင်း သွားလုပ်ပေးလိုက်တော့မယ်၊
-နေပါဦး...နောက်တစ်ခု လက်ဆောင်ပေးလိုက်ဦးမယ်ကွယ့်။
-နော်လာစေး မီးဖွားပြီးစမှ နို့သိပ်မထွက်ခဲ့ရင် ဈေးမှာ နွားအမြီး တစ်ထွာလောက်ဝယ်၊ မီးဖုတ် ခြစ်ထုတ်ပြီး အတုံးလေးတွေ တုံး၊ ကြောင်ပန်းရွက် လက်တစ်ဆုပ်၊ ငရုတ်ကောင်၊ ကြက်သွန်ဖြူ၊ ငါးပိ၊ ချင်း၊ ဆား၊ သင့်တော်ရုံထည့်ပြီး ဟင်းခါးချက် တိုက်လိုက်၊ မကြာခင် နို့ရွှင်ရွှင် ထွက်လာလိမ့်မယ်။
-ဝမ်းသာစရာပဲ အမိုးရယ်၊ ဒါလဲ လိုအပ်တဲ့ နည်းကောင်းတစ်ခုပါပဲ၊ မွှေး သွားတော့မယ်နော်၊ ပရဆေးဆိုင်မှာ ကြာဝတ်ဆံ အရင်ဝင်ဝယ်ရအုံးမှာမို့ပါ။
ပြောပြောဆိုဆိုနဲ့ နော်မွှေးမွှေး တစ်ယောက် အပြေးတပိုင်း ထွက်သွားပါတော့သည်။ ကျွန်မတို့ ကိုယ်ဝန်ဆောင် မိခင်လောင်းများအတွက် အလိုအပ်ဆုံး နည်းကောင်းများကို ပြောပြလမ်းညွှန်ပေးခဲ့သော ကြာအင်းဆိပ်ကြီးမှ ဆရာဗိုလမင်းနှင့် မော်လမြိုင်မှ တိုင်းရင်းသမားတော် ထုံးအိုင်ဆရာကြီး တို့အား ကျေးဇူးတင်မဆုံးအောင် ရှိနေပါတော့သည်။
အမိုး (ဘာအံ)
http://www.mawluu.com/2012/03/blog-post_01.html
ယောကျာင်္းဖောင်စီး၊မိန်မမီးနေဆိုသလို အန္တရယ်တွေကြားကနေ မျိုးဆက်သစ် သားကောင်းသမီးမြတ်
တွေကို မွေးထုပ်ပေးနေသော မိခင်လောင်းများ သက်သောင့်သက်သာစွာ မွေးဖွားနိုင်ကြပါစေ။
မောင်မြင့်