Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ms - “ ကျွန်တော်သိ့တဲ့ အနုပညာ ”

$
0
0

အနုပညာဆိုတာ နုညံတဲ့ပညာလေးတခုပါ - သိမ်းမွေ့တယ် နက်ရိုင်းတယ် လှပတဲ့အနာဂတ်သစ်တခုကိုတည်ဆောက်လို့ရတယ် -

အတိပ်သမိုင်းမှာလဲ ထားခဲ့လို့ရတယ် - ပြီးတော့ လက်တလောဖန်စင်နေရတဲ့အခိုက်အတန့်လေးကလဲ ရင်ခုန်ဖို့ကောင်းတယ် -

အများကြီးပါပဲ . . . အနုပညာတခုဖြစ်လာဖို့ ( ဒီထက် ) လူတယောက်ရဲ့စိတ်ကို ဖန်စားညှိ့ငင်ယူဖို့ဆိုတာ မလွယ်ကူပါ

ဘူး - တကယ်တော့ အမှန်အတိုင်းသုံးသက်ကြည့်မယ်ဆိုရင် ခံစားအားပေးသူကလဲ အနုပညာကိုချစ်လို့ ဖန်တီးပေးသူကလဲ အ

နုပညာကိုချစ်လို့ “ ၀ါသနာ ” ဆိုတဲ့နမ်းစားလေးသုံးပြီး မသိ့စိတ်ထဲကနေ ခတ်ပါးပါးလေးလိမ်ညာလိုက်တာပါပဲ - ပြီးတော့ အ

သွေးအသားနဲ့တည်ဆောက်ထားတဲ့ လူ့ဘ၀ဟာ ခံစားချက်ကင်းပြီး အလေ့ကျပေါက်တဲ့သစ်တပင်လို ရှင်သန်လို့မရတဲ့အတွက်

ချစ်ခြင်းမုန်းခြင်းရဲ့ နောက်ကွယ်မှာ “ ဝေဒနာ ” ဆိုတဲ့အရိပ်လေးကလဲ အမြဲကပ်ပါနေပြီးသားပါ - ဒါကြောင့် အချို့ကဝေဒနာနဲ့ရင်း

ပြီး အနုညာတခုကိုဖန်စင်တည်ဆောက်ကြတယ် - အချို့က ၀ါသနာနဲ့ရင်းပြီးအနုပညာတခုကိုဖန်စင်တည်ဆောက်ကြတယ် - ဒါ

ပေမဲ့ ခံစားမူ့ကြောင့်ဖြစ်တည်လာတဲ့ ဝေဒနာနဲ့ ဆန္ဓတခုကြောင့်ဖြစ်ချင်တဲ့ ၀ါသနာလေးတွေ ရှိနေယုံနဲ့လဲပြောင်မြှောက်တဲ့ အနု

ပညာဖြစ်မလာနိင်သေးပါဘူး - မွေးရာပါဗီဇကလေးနဲ့အတူ ဖန်တီးနိင်ဖို့စွမ်းအားအတွက် လေ့လာသင်ယူမူ့တွေလဲ အများကြီး

လိုပါသေးတယ် - ပညာရှင် “ ဆင်မ်ဘော ” ကပြောခဲ့ဖူးပါတယ် - အနုပညာဆိုတာ မလုံလောက်ခြင်းတွေ အပြစ်အနာအဆာ

တွေစွန်းထင်နေတာဖြစ်ပြီး ရွေးချယ်မူ့တခု စွန့်လွတ်မူ့တခုနဲ့ တိတ်တဆိတ်တိမ်ရှောင်ပေးလိုက်ရတဲ့အရာမျိုးပါတဲ့ - ဒါကြောင့်

ကိုယ်ဖန်တီးလိုက်တဲ့အရာတခုဟာ မှားယွင်းမူ့တွေပါဝင်မသွားဖို့ ကိုယ်ကိုတိုင်လေ့လာသင်ယူပြီးမှ တတ်စွမ်းသလောက်ညဏ်

အလွာလေးနဲ့ အကောင်းဆုံးဖြစ်အောင်တင်ပြရင်း အချိန်ငွေကြေးစတဲ့အရာတွေကိုပေးဆပ်ပြီး ဘ၀နိဂုဏ်းကိုချုပ်ငြိမ်းသွားရ

တဲ့အဖြစ်မျိုးလိုပါပဲ - ဒီအတွက် နောင်တတရားဆိုတာလဲ ရှိမယ်မထင်ပါဘူး - တချို့က အောင်မြင်ကျော်ကြားမူ့အတွက် အနု

ပညာကိုမက်မောကြတယ် - တချို့က ထည်ဝါခန့်ညားမူ့အတွက် အနုပညာကိုတပ်မက်ကြတယ် - ကျွန်တော့်အမြင်မှာတော့

အောင်မြင်မူ့ဆိုတာ ပန်းတိုင်တခုဆီကိုပြေးနေတဲ့လူတယောက်လို ကိုယ်ကိုတိုင်လုံးလပြုပြီးမှ ရတဲ့အရာလို့ပဲ မြင်မိ့ပါတယ် -

တကယ်တော့ ကိုယ်တိုင်အမှားအမှန်ဝေခွဲပြီး မျှဝေပေးလိုက်တဲ့ စိတ်စေသနာလေးကမှ အနုပညာရဲ့အသက် - အရှိကိုအရှိအ

တိုင်းထုပ်ပြလိုက်တာဟာလဲ အနုပညာရဲ့သစ္စာတရားလို့ပဲ မြင်မိ့ပါတယ် - ဒီအသက်နဲ့ဒီသစ္စာတရားသာရှိနေရင် အများရဲ့

အသိ့အမှတ်ပြုမူ့ကို ခံစားခွင့်ရလာမှာပါ -

ဒါကြောင့် အနုပညာကို ( တကယ့်ကိုရင်ထဲက လိုက်လိုက်လှဲလှဲဝင်စားနေသူအတွက် ) ဖန်တီးပေးကြတဲ့သူတိုင်းမှာ စိတ်စေ

သနာလေးတွေရှိကြသလို မျှဝေခံစားဝေဖန်ပေးသူတွေကလဲ စိတ်စေသနာလေးတွေရှိကြမယ်လို့ ကျွန်တော်ထင်ပါတယ် -

အခု ဒီစာကိုရေးနေတဲ့ “ မင်းဆက်ဆက်ခ ” ဆိုတဲ့လူသားတဦးဟာလဲ ၀ါသနာအလျှောက် သာမညထဲကပေါက်ဖွားလာခဲ့တာ

မို့ ဖန်တီးလိုက်တဲ့်အရာတွေကိုလဲ စိတ်စေသနာလေးနဲ့ မျှဝေခံစားနားလည်ပေးစေချင်ပါတယ် - ဒါကြောင့် ခံစားသူရော မျှဝေပေး

သူရော ဝေဒနာနဲ့ဝါသနာကြားကစီးဆင်းလာတဲ့ အနုပညာဆိုတဲ့ရေကြည်လေးတပေါက်ကိုသောက်သုံးရင်း အေးမြမူ့ကိုယ်စီ

ရရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ် -

ချစ်ခြင်းအားဖြင့် - မင်ဆက်ဆက်ခ -


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>