သြကာသဘုရားရှိခိုးဆိုရိုးသည်အလွန်ရှေးကျသောဆိုရိုးဖြစ်၍ဗုဒ္ဒဘာသာဝင်တို့အဖို့ ကျေး
ဇူးအထူးများလှပေသည်။ ပုဂံခေတ်က အရှင်အရဟံရေးသားချီးမြှင့်သောဆိုရိုးဖြစ်ကြောင်းအများ
ကပင် လက်ခံယုံကြည်ထားကြသည်။ သြကာသအဓိပ္ပာယ်နှင့် သမိုင်းကြောင်းကို မြန်မာ့စွယ်စုံ
ကျမ်း အတွဲ၁၅တွင် ရှင်းပြထားသည် ကြည့်ရှုပါ။
အဟံဘန္တေ ဟူသော သီလတောင်းပါဠိကို အင်းဝခေတ် သာလွန်မင်းတရားလက်ထက်ဓါး
မကူးဆရာတော်ဟုတွင်သော တောင်ဖီလာဆရာတော်က ရေးသားခဲ့ကြောင်း ဆရာစဉ်ဆက် အမိန့်ရှိ၍ သိရပါသည်။
အပါယ်လေးပါ အဓိပ္ပါယ်
ချမ်းသာကင်း၍ ကုသိုလ်ကောင်းမူ ပြုခွင့်မရသော အရပ်ကို အပါယ်ဟုခေါ်ပါသည်။
(အပါယ= အပ+အယ၊ အယ= ချမ်းသာ + အပ= ကင်းခြင်း)
၁။ ငရဲ = ချမ်းသာသုခ ဝေးကွာ၍ ဒုက္ခအတိပြီးသော ဘုံဌာန၊
၂။ တိရစ္ဆာန် = မဂ်၊ ဖိုလ်မကပ် ထောင့်ဖြတ်ဖီလာသွားလာတက်သော သတ္တ၀ါ။
၃။ ပြိတ္တာ = ချမ်းသာအပေါင်းမှ ဝေးကွာသော သတ္တ၀ါ ။
၎။ အသုရကာယ် = နတ်များကဲ့သို့ မရဲရင့် မတင့်တယ် မတောက်ပသော သတ္တ၀ါ။
ကပ်သုံးပါးအဓိပ္ပါယ်
ပျက်စီးခြင်းကို ပါဠိလိုကပ္ပဟုခေါ်သည်။ မြန်မာလို ကပ်ဟုသုံးနှုန်းသည်။
၁။ ဒုဗ္ဘိက္ခန္တရကပ် = ငက်မွတ်ဘေးကြောင့် ပျက်စီးခြင်း။
၂။ သတ္ထန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း။
၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်း။
ရပ်ပြစ်ရှစ်ပါးအဓိပ္ပါယ်
၁။ ငရဲ၊ ၂။ တိရစ္ဆာန် ၃ ။ ပြိတ္တာ ၄ ။ အသညသတ်နှင့် အရူပဗြဟ္မာ၊
၅ ။ ပစ္စန္တရစ်အရပ်၊ ၆ ။ မိစ ၦာဒိ႒ိ၊ ၇ ။ ဥာဏ္ပညာမရွိသူ ၈ ။ ဘုရားမပွင့်ရာအခါတွင်
လူဖြစ်ရခြင်း။ (အံ၊ ၃၊ ၆၀)
မှက်ချက်။ ။ မဂ်ဖိုလ် နိဗ္ဖာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပစ်ရှစ်ပါးဟုခေါ်ပါသည်။
ရန်သူမျိုးငါးပါး အဓိပ္ပါယ်
၁။ ရေ၊ ၂။ မီး၊ ၃။ မင်း၊ ၄။ သူခိုး၊ ၅။ အမွေခံအမွေဆိုး၊
ဝိပတ္တိတရားလေးပါးအဓိပ္ပါယ်
၁။ ဂတိဝိပတ္တိ = အပါယ်ဘုံတွင် ဖြစ်ရခြင်း၊
၂။ ဥပဓိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခြင်း၊
၃။ ကာလ၀ိပတ္တိ = တရားမစောင့်သူတို့၏ လက်ထက်တွင် ဖြစ်ရခြင်း။
၎။ ပယောဂ၀ိပတ္တိ = အကုသိုလ်တရားကိုသာ အားထုတ်၍ အကျင့်ပျက်ခြင်း။
မှက်ချက် ။ ။ ဖေါက်ပြန်ချွတ်ယွင်းခြင်းကို ၀ိပတ္တိဟုခေါ်ပါသည်။
ဗျသနတရားငါးပါးအဓိပ္ပါယ်
၁။ ဥာတိဗျသန = ဆွေးမျိုးပျက်စီးခြင်း ။
၂။ ဘောဂဗျသန = စည်းစိမ်ပျက်စီးခြင်း ။
၃။ ရောဂဗျသန = ရောဂါနှိပ်စက်၍ပျက်စီးခြင်း။
၎။ ဒိဋ္ဌိဗျသန = အယူလွဲမှား၍ပျက်စီးခြင်း။
၅။ သီလဗျသန = အကျင့်သီလပျက်စီးခြစ်။
(ပျက်စီးခြင်းကို ဗျသနဟုခေါ်ပါသည်)
မဂ် = နိဗ္ဖန်ရောက်ကြောင်းဖြစ်သော တရားလမ်း။
ဖိုလ် = မဂ်၏အကျိုးတရား ။
နိဗ္ဖာန် = ရာဂ ဒေါသ မောဟတို့၏ကင်းရာ ငြိမ်းအေးမှု ဓာတ်သဘော။