ဟူးးးးးး အင်္ဂလိပ်စာ မတတ်ခြင်းသည် ၊ ဦးရင်မောင်အဖို့ အကြီးအကျယ် ပြဿနာပင်. . . .
စက်ထဲဝင်သွားသော ပိုးကို ရှင်းပြစ်ရန် ၊ ဦးရင်မောင် ကြိုးစားနေလေသည် အချိန်အတော်ကြာ
သည် အထိ ၊ စက်ကိုဖွင့်မရပေ ၊ ဦခေါင်းကို ကုပ်ရင်း ၊ မိမိကိုယ်ကို မကျေမနပ်ဖြစ်နေမိသည်
ကိုယ့်ကိုကိုယ် အားကိုးမရသည့်အခါ ၊ သားကြီးကို အားကိုးရန် စိတ်ကူးဝင်လာသည် . . . . .
သားကြီး ကိုငြိမ်း အခန်းဘက်သို့ ခြေဦးလှည့်ရင်း . . . . . ဒေါက် . . ဒေါက် . . . ဒေါက် . . . .
ဘယ်သူတုန်း . . . ၀င်လာခဲ့လေ . . . . ။
သားကြီး ဆိတ်မှိုင် အဖေ့ကိုကူညီပါလားကွာ ၊ စက်ထဲကို ပိုးဝင်သွားလို့ နည်းနည်း လိုက်ဖွင့်ပေးပါ
လားကွာ ” ချစ်သူ့မြို့တော်ထဲကို ၀င်ဖို့ အချိန်နောက်ကျနေပီကွ” . . . လိုက်ကြည့်ပေးပါ သားရာ။
ဟာဗျာ” အဖေကတော့ ချီးထုပ်ပဲဗျာ . . . အွန်လိုင်းပေါ်က ကျွန်တော့်ကောင်မလေးစိတ်ဆိုးနေလို့
ချော့နေရတယ်ဗျ ” ကျွန်တော် အသဲကွဲနေတယ် မအားဘူး အဖေရာ . . .။
အဖေ့သား ရွှေချောနဲ့ မမကြီး ရှင်းသန့်မေ အားနေတာပဲ သူတို့ကို ဖွင့်ခိုင်းလိုက်ဗျာ . . . . . ။
အွန်လိုင်းရောဂါကို အတွင်းကျကျသိနေသော ၊ ဦးရင်မောင် သားကြီး ဆိတ်မှိုင်ကို နားလည်မှုတွေ
ပေးရင်း သားလတ် ကိုရွှေချော+ ရွှေညာ အခန်းဘက်သို့ ၊ ခြေဦးလှည့်လိုက်သည် . . . အင်းးးး
ဒီအချိန်လောက်ဆိုရင် ရွှေချော မူးနေလောက်ပီ ၊ ခေါ်ဖို့တော့ လွယ်မည်မဟုတ်ပေ . . . . . . . . .
ဒေါက် ဒေါက် ဒေါက် . . . . သား . . . ရွှေချော . . . အဖေ၀င်ခဲ့မယ်နော် . . . ။ သားသမီးပင် ဖြစ်
သော်လည်း ၊ ဦးရင်မောင် ၀င်ခွင့်တောင်းရသေးသည် ၊ ရွှေချော ကွန်ပြူသုံးနေချိန်တွင် ၊ သူ့အနား
လူလာသည်ကို ၊ မကြိုက်တတ်ပေ ၊ ဒါကြောင့် သူ့အကျင့်ကိုလည်း နားလည်ပေးရမည်ပင်. . . . ။
အဖေ ဘာလဲဗျ ၀င်ခဲ့လေ . . . . ကျွန်တော့်ကို အရက်ဖိုးပေးမလို့လား ၊ ဒါဆိုရင်တော့ အတော်ပဲ
ကျွန်တော်ရေချိန် မကိုက်သေးဘူးဗျ ၊ကောင်မလေးတွေကို Q နေတာ အာမသွပ်ဘူး ဖြစ်နေတယ်
အဖေ့ စက်ထဲကို ပိုးဝင်သွားလို့ နည်းနည်း လိုက်ဖွင့်ပေးပါ လားကွာ ” ချစ်သူ့မြို့တော်ထဲကို ၀င်ဖို့ အချိန်နောက်ကျနေလို့ပါ . . . . ။
ဟာဗျာ . . . . အဖေကလည်း ၊ အရက်ဖိုးပေးမလား ထင်မိတယ် ၊ ခိုင်းဖို့ပဲ . . . ဒီမှာ လိုင်းကောင်း
တုန်းလေး Q နေရတာ . . . အရှိန်ပျက်တယ်ဗျာ ၊ အဖေက နားလည်မှုကို မပေးနိုင်ဘူး . . . . . .
မမရှင်းသန့်မေကို အကူညီတောင်းလိုက် ၊ သူကအေးအေးနေသမား သူအားလောက်တယ် . . . .
အလံမရှိသော ရထား ၊လင်မရှိသော မယား ၊ အင်တာနက်မရှိသော ကွန်ပြူတာ ၊ မတင့်တယ်ပေ
ဟူးးးး ခက်ပြီ . . . . . ကလေးတွေကို အွန်လိုင်းတက်ခွင့် ပေးသည်မှာ မိမိ အမှားပင်တည်း. . .
သမီးကြီး ရှင်းသန့်မေကိုတော့ ဒုက္ခမပေးလိုပေ ၊ သူက ဘုရားတရားနှင့် အေးအေးဆေးဆေး နေ
တတ်သူပင် ၊ ဘာသာရေးဘက်ကို အားသန်လွန်း၍ ၊ တနေ့တချိန် သီလရှင် အပြီးဝတ်တော့မည်
ဟု ၊ ဆုံးဖျက်တာ ၊ ဆံပင်ကိုပင် အရှည်မထားဘဲ ၊ ကတုံး ရိပ်ပြီး အဆင်သင့်လုပ်ထားသူပင် . . .
အခုအချိန်လောက်ဆိုရင် ၊ ပုတီးစိပ်ရင်း အွန်လိုင်းအချစ်ကို မယုံမိစေရန် ၊ ချစ်သူမြို့တော်ထဲမှာ
ပိုစ့်တင်နေလောက်ပီထင်သည် . . . ဒုက္ခ မပေးလိုတော့ပါဘူးလေ . . . . . . . ။
<
မေရေ . . . .
ရှင် ”
သမီးလေး သိမ့် ဘယ်သွားတုန်းကွာ ”
“ ဘာပြောတယ် . . .? ? ၊ ရှင်နဲ့ ကျမက ဘာတော်လို့ “ သမီး သိမ့် ”ဘယ်သွားတုန်းလို့ ကျုပ်ကို
မေးရတာလည်း . . . . ပြောစမ်းပါဦး ” ။
မေကလည်း . . ကရင်မလို့မပြောရဘူး ၊ ဒေါနကို တယ်ချစ်တာပဲ . . အဲ . . ဒေါသကို တယ်ချစ်
တာပဲ ။ ဒီဇာတ်လမ်းမှာ ၊ မေ့ကို ခေါင်းဆောင်မင်းသမီးတင်ရိုက်မှာလေ ၊ ဇာတ်လမ်းအရပါကွာ။
ဒါဆိုလည်းပြီးရော ၊ မင်းသမီးဖြစ်ရရင် ကျေနပ်ပြီ ၊ ဘယ်အခန်းကဘဲ နေရနေရ . . . . . . ဒါနဲ့
ဒါရိုက်တာကဘယ်သူတုန်း . . . . . . .။
ဒါရိုက်တာက ဖက်တီးလေကွာ . . . မိုက်တီးရဲ့ ရိုက်ချက်က ခေတ်နောက်ကျနေပြီလေ ၊ ဖက်တီး
ရဲ့ ရိုက်ချက်ဆိုတော့ ပိုလန်းတာပေါ့ကွ ” . . . . ။
အင်း . . . . ရှင့်သမီး မရှိဘူး . . . ကျောင်းသွားတယ် ၊ တခါထဲမှာသွားသေးတယ် ရှင့်သမီးက ။
ဒီနေ့ ကျောင်းကအပြန် အွန်လိုင်းက သူ့ကောင်လေးနဲ့ ခဏ၀င် chat ဦးမယ်တဲ့တော်ရေ့ . . .
အဲဒါ . . . အိမ်အပြန်နောက်ကျမယ်လို့ . . . တခါထဲ မှာသွားသေးတယ် . . . . ။
မေသဇင်၏ အဖြေကို နားထောင်ရင်း . . . စိတ်ပျက်စွာဖြင့် ဦးရင်မောင်တစ်ယောက် ၊ သူ့မျက်
နှာကို လက်နှစ်ဖက်နှင့် အုပ်ပွတ်ရင်း ၊ ပက်လက်ကုလားထိုင် ပေါ်သို့ ၊ လှဲချမိ ပါတော့သည် . . .
ဟူးးးးးး မှားပီ အကြီးအကျယ် မှားကုန်ကြပြီ ၊ ဒီခေတ်ဒီကာလမှာ ကွန်ပြူတာ ၊ မသုံးတတ်ရင်
ရွယ်တူ သူငယ်ချင်းတွေကြားမှာ ၊ မျက်နှာငယ်မှာ ဆိုးသောကြောင့် ၊ကွန်ပြူတာ သင်တန်းကိုများ
တတ်စေခဲ့ပြီး ၊ လေ့ကျင့်နိုင်ရန် အိမ်မှာ ကွန်ပြူတာဝယ်ပေးထားခြင်းပင် ၊ ထို့အတူ လောကဗဟု
သုတ နှင့် ၊ တိုးတက်နေသော နည်းပညာများကို လေ့လာနိုင်စေရန် ၊ အင်တာနက် ချိန်ဆက်ပေး
ထားမိခြင်းပင် ၊ အခုတော့ ကောင်မလေးတွေနှင့် Q သူက Q ၊ အသဲကွဲသူကကွဲ ၊ အချစ်ဝတ္ထု ရေး
သူကရေး ၊ ရည်းစားထားသူကထား ၊ မိဘတွေနှင့် အိမ်အတွက် အချိန်မပေးနိုင်တော့ပေ ၊ မည်သူ
မပြု မိမိ အမှုပင် ၊ ကွန်ပြူတာ မသုံးတတ်ခင်က သာယာပျော်ရွှင်စရာကောင်းသော ၊ မိသားစုဘဝ
လေးသည် ၊ အခုတော့ မိသားစုပျော်ရွှင်ချိန်တို့သည် ၊ ချက်တင် ၀တ္ထု ကဗျာတို့က ၀ါးမြိုပြစ်လိုက်
လေသည် . . . . ။ ထိုစဉ် . . . လေးနှစ်သားအရွယ် ချစ်လူ၏ စူးဝါးသော ငိုသံတခု ထွက်ပေါ်
လာသောကြောင့် . . ဦးရင်မောင် အတွေး ပျက်သွားပါသည် . . . . . ။
မေရေ . . . မင်းသားငယ် ချစ်လူ ငိုနေပြီဟေ့” . . . . နို့ဘူးဖျော်တိုက်လိုက်ဦး . . . ။
မီးဖိုချောင် ကိစ္စများရဲ့ ထုဆစ်မှုကြောင့် ၊ ပင်ပန်း၍ နီမြန်းနေသော မျက်နှာလေး နှင့် အတူ
ယောင်းမကြီး ကိုင်ကာ ထွက်လာသော ၊ မေသဇင်၏မျက်နှာလေးသည် ဒေါသ တရားများကြောင့်
သူ့အလှတို့သည် ခေတ္တခဏ ငုပ်လျှိုသွားတော့သည် . . . . . ။
သေနာလေး . . . ငိုပဲငိုနေတယ် . . . နင့်အကိုအမတွေ ကွန်ပြူတာနဲ့ အချိန်ကုန်နေလို့ ၊ ငါ့မှာ
နင်တို့ စားဖို့သောက်ဖို့ လုပ်နေရတဲ့အထဲ . . . နင်ကတစ်မျိုး . . . .နို့တိုက်မအားသေးဘူး . . .
ရော့ . . . အခုပဲ ကြမ်းပိုးသတ်ဆေး ဖျော်လာတယ် ဒါပဲသောက်. . . . . . ။
သားလေးချစ်လူတစ်ယောက် ၊ ပိုသတ်ဆေးကို အငန်းမရစို့ရင်း ၊ တင်းတိမ် သွားသည်ထင်၏
ငိုသံတိပ်သွားလေတော့သည် ။ ခဏနေတော့ ဦးရင်မောင်ဘက်သို့ လှည့်ပြီး မပီကလာ ပီက
လာနှင့် . . . . . ။
ဖေဖေဂျီး . . . ဘာလုပ်နေတာလည်းဂျ . . . တားတားကို ဆင်လုပ်ပေးလေ ၊ တားတား ဆင်ချီး
ခြင်တယ် . . . . . . ။
ဆင်တော့ မလုပ်ပါရစေနဲ့ သားရယ် . . . . တိရိစ္ဆာန် အမှုက ပိုကြီးလို့ပါကွာ ” တားတား ဆင်ချီး
ချင်ရင် . . . . လှော်ကားကို ဖေဖေ ဖုန်းဆက်ပေးမယ်နော် . . . ဒီမှာ ဖေဖေ့ စက်ထဲ ပိုးဝင်သွားလို့
ဖွင့်မတတ်လို့ စိတ်ညစ်နေတယ် သားငယ်ရာ . . . . အဖေ့ကို တိုက်မပတ်စမ်းပါနဲ့ကွာ ” . .. . . . ။
ဒါဆိုရင် တားတားဖွင့်ပေးမယ်လေ . . . . . ဖေဖေကြီး မှတ်ထားပေါ့ . . . . ။
အမ်” . . . . ပြောပြောဆိုဆိုနှင့် . . . သားငယ်လေးချစ်လူ ၀က်အူလှည့်ယူကာ ၊ ကွန်ပြူတာမူလီ
များကိုလှည့်ထုတ်ပြီး ဖွင့်လိုက်လေသည် ပြီးသည်နှင့် ဟိုချောင်း ဒီချောင်းလုပ်ပြီး လျှင်မြန်သော
လှုပ်ရှားမှုနှင့်အတူ . . .စက်ထဲကိုဝင်သွားသော ပိုးဟက်ကို ၊ ၀က်အူလှည့်နှင့် ထိုးသတ်လိုက်လေ
သည်. . . . . . . ။ ပိုးဟက်သေ မသေ ခေတ္တထိုင်ကြည့်ရင်း ၊ ကွန်ပြူတာ power မီးဖွင့်လိုက်လေ
သည် . . . ၀င်ဒိုး ပွင့်သံကြားသောအခါ ၊ သားငယ်ချစ်လူ၏ ၊ နည်းပညာကျွမ်းကျင်မှုကို မှင်သက်
စွာ . . အံ့သြနေပါတော့သည် . . . . ။ မဆိုးပေဘူး ဒီကလေးဦးနှောက်အရမ်းကောင်းပေတယ်
အင်း. . . . ကြီးလာရင် သူ့ဦးနှောက်ကို အရောင်လက်စေဖို့ ပြည်ပမှာ ပညာသင်ခိုင်းရမယ်. . .။
“ နွားရိုင်းသွင်းချိန် အရောက်တွင်. . . . .
ဦးရင်မောင် ဆုံးဖျက်လိုက်ပါသည် ။ စာရေးစာဖတ် ၊ ချက်တင်ထိုင် ၊ ရည်းစားထား ၊ တော်ကီပွား
နေသော သာသမီးများကို ၊ ဒီအတိုင်းလွှတ်ထား၍ ၊ အဖြစ်တော့ပေ ၊ အိမ်နံရံမှ အလှချိတ်ဆွဲထား
သော ငှက်ကြီးတောင် ဓားကို ဆွဲထုတ်ရင်း . . . . . . .
“ မေ ” “ သ ” “ ဇင် ” . . . . . . . မြန်မြန်လာစမ်း ” . . . . .
“ အမလေး ” ကိုရင်မောင် . . . . ရှင်ဘာလုပ်မလို့လည်း ၊ ဓားကြီးနဲ့ . . . ကျမကို သတ်မလို့လား
အမလေး အရပ်ကူတို့ရေ့ . . . . . ကယ်ကြပါဦးတော် . . . . . ရင်မောင် ကျမကိုသတ်တော့မယ်
တော့ . . . ကိုရင်မောင် . . . သနားပါရှင်.... ယောက်ျားမရသေးပဲနဲ့ ကျမ မသေပါရစေနဲ့တော် . ။
ဟိတ် ” တိပ်စမ်း . . . . .” မင်းသားသမီးတွေ အကုန်လုံးခေါ်လိုက် ၊ ဒီနေ့မှ မဆုံးမရင် ၊ တသက်
လုံး ဒီအတိုင်းပဲ သွားကြတော့မယ်ကွ . . . . ခေါ်လိုက်စမ်း မလာတဲ့သူ သတ် မယ်ပြောလိုက် ”
ဦးရင်မောင်တစ်ယောက် ၊ ဒေါသထွက်နေသော်လည်း ၊ ရင်ထဲ အတွင်းစိတ်ကတော့ အရမ်းကို နူး
ညံ့လွန်ပါသည် . . . ။ ဘာပဲဖြစ်ဖြစ် ကိုယ့်စေတနာအမှန်ကို မမြင်ရသည်ရှိစေ ။ သားသမီးများ၏
ချက်တင် ၀တ္ထု ကဗျာတို့က ၀ါးမြိုထား၍ ၊ လေ့လာမှုနည်းနေသော ၊ နည်းပညာလေ့လာမှုရှိလာ
စေရန် ၊ ဦးရင်မောင် အမုန်းခံ ပြောရပေတော့မည် . . . . . ။
ကဲ. . . . . လာကြ . . . . ဒီမှာထိုင် . . .. . ပြန်မပြောနဲ့ . .
အကုန်လုံး ရောင်းပြီး ငါ အိမ်ပေါ်ကဆင်းသွားလိုက်မယ် . . . . . ။
မိသားစု ပျော်စရာ အချိန်တွေလည်း ဆုံးရှုံး ၊
အိမ်က ကွန်ပြူတာ ပျက်တာတောင် ၊ မပြင်တတ်ကြဘူး . . .
မင်းတို့တွေ ကွန်ပြူတာ သုံးပြီး အွန်လိုင်းတတ်နေတာ . . . ဘာတွေကို လေ့လာနေကြတာလည်း
“ ပြောစမ် . . . ” . . . . ။ လိုင်းပေါ်တက်တာနဲ့ ၊ မင်းတို့ စိတ်ထဲမှာ နည်းပညာ လေ့လာဖို့မတွေး
ကြဘူး . . . .၊ ကောင်မလေးတွေ စာမျက်နှာကိုလည်လိုက် ၊ ခင်ချင်ပါတယ် ဆိုပြီး အကောင့်လေး
တောင်းလိုက် ၊ ချက်ဘောက်ထဲမှာ လူမမြင်ရတိုင်း ရိုင်းဆိုင်းလိုက် ၊ ဘယ်သူ့ကို ဘယ်လို ထေ့ငေါ့
ရမယ် လိုက်ချောင်းလိုက်နဲ့ ၊ မင်းတို့ လုပ်ရက်တွေက မိဘတွေကိုပါ ၊ သူများရဲ့အဆဲခံရအောင်
လုပ်နေကြသလိုပဲ ၊ ဒါကော နားလည်ရဲ့လား. . . . . ဟင် ” ပြောကြစမ်းပါဦး . . . . . . . . . . . . .
ငါတို့ မိဘတွေက ဆုံးမပါလျှက်နဲ့ ၊ မင်းတို့တွေက အွန်လိုင်းပေါ်မှာ လူမမြင်ရတိုင်း ရိုင်းစိုင်းနေရင်
သူတို့ဆဲသမျှ မိဘတွေကိုပဲ ၊ ထိခိုက်တာကွ . . . နားလည်လား ။ ကဲ. . . အခု မင်းတို့တွေ . . .
ကိုယ့်ကိုယ်ကို ပြန်မေးပြီး ၊ အမှန်အတိုင်း ဖြေကြည့်စမ်း . . . ဘာတွေကို ဦးစားပေးသလဲဆိုတာ။
သမီးက . . . . ဗဟုသုတ စာရေးပါတယ်အဖေ . . . . .နည်းပညာပိုင်းမှာတော့ ၊ နဲနဲပါးပါးလေ့လာ
ဖြစ်ပါတယ် ။
သားက . . . လောလောဆယ် အသဲကွဲနေတယ်ဗျာ . . . . . နည်းပညာပိုင်းကိုလေ့လာတယ်
ကိုယ်နားမလည်တာကိုမေးရင် ၊ တော်ယုံ ဘယ်သူမှ ပြန်မဖြေပေးကြဘူး ။
သမီးက အချစ်ကဗျာတွေ ရေးတယ် အဖေ. . . . . စာမျက်နှာ လှလှလေးတွေ ဆင်တာတော့
လေ့လာဖြစ်တယ် . . . ။
ကျွန်တော်ကတော့ မူးတယ် Q တယ် ဘယ်တော့မှ အသဲကွဲဘူး. . . . ဟက်တာတွေ ဖျက်တာ
တွေ ၊ တက်ချင်တယ် ။
အင်းးးး ” ကောင်းရောကွာ ” တစ်နေ့ ဒါတွေပဲ အချိန်ပေးနေကြတယ် ၊ နည်းပညာပိုင်းကို
မင်းတို့တွေ မလေ့လာတာတော့ မဟုတ်ပါဘူး ၊ လေ့လာတာ အဖေသိတယ် ၊ ဒါပေမယ့် . . . .
ကောင်မလေးတွေနှင့် Q သူက Q ၊ အသဲကွဲသူကကွဲ ၊ အချစ်ဝတ္ထု ရေးသူ ၊ အဲဒီဘက်မှာပဲ အချိန်
ကုန်နေကြတာ တွေ့ရတယ် ။ နောက်တခု စာမျက်နှာ အလှဆင်တာတွေ သီချင်းလေးတွေကို
လှလှလေး ပြုလုပ်နည်းတွေ ပိုစ့်လှလှလေးတင်နည်းတွေ ၊ ဒါတွေပဲ ဦးစားပေး လေ့လာကြတယ်
အင်တာနက်မချိတ်ဆက်ပဲ ၊ ကိုယ့်ဘ၀ တိုးတက်ပြီး ၊ ၀င်ငွေရမယ့် ဆော့ဖ်ဝဲလ် နည်းပညာပိုင်း
ကိုတော့ ၊ မင်းတို့တွေ လေ့လာမှု နည်းကြတယ် ။ ဘယ်အရာမဆို လေ့လာတယ်ဆိုတာ ၊ ကိုယ်
ကလည်း အချိန်ပေး လေ့လာရတယ် ၊ မတတ်တိုင်း သူများကိုမေးနေလို့ မရဘူးကွ” ။ သူများတွေ
မှာလည်း သူ့အချိန်နဲ့သူ ၊ လေ့လာနေရတယ်လေ ။ ဒီတော့ ကိုယ့်အားကိုယ်ကိုးပြီး ဘယ်လိုလေ့
လာမလဲ ၊ အဖေလမ်းညွှန်ပေးမယ် . . . .။ မင်းတို့တွေ အရည်မရ အဖက်မရ ရုပ်သံဖိုင် တင်နေတဲ့
http://www.youtube.com/results?search_query=+UninstallWindow&aq=f ဒီနေရာမှာ
ဆော့ဖ်ဝဲလ်နည်းပညာပိုင်းဆိုင်ရာ သင်ပြပေးတဲ့ ရုပ်သံဖိုင်တွေ ရှိနေတာရော ၊ သတိထားမိလား
အဲဒီအထဲမှာ ၊ ကိုယ် လေ့လာချင်တဲ့ ဆော့ဖ်ဝဲလ်အမည်နဲ့ အကြောင်းအရာကို ၊ ရေးပြီး ရှာလိုက်
လေ့လာလို့မကုန်ဘူး နည်းပညာ ရုပ်သံဖိုင်တွေ ၊ အွန်လိုင်းမရှိတဲ့အချိန် လေ့လာချင်ရင် ၊ ကိုယ်
သင်ချင်တဲ့ နည်းပညာဖိုင်တွေကို ၊ ဒေါင်းလွတ်ဆွဲယူထားပေါ့ ။ အင်တာနက်မရှိတဲ့အခါ ဒီဖိုင်တွေ
ကို ၊ ဖွင့်ကြည့်ပြီး လက်တွေ့ လေ့လာလို့ရတယ်လေ ။ နောက်တခုက ကိုယ်နားမလည်တဲ့ အွန်
လိုင်း နည်းပညာ ၊ အင်္ဂလိပ်စာ တွေကို ဘာသာပြန်ချင်ရင် ၊ http://www.myordbok.com/
ဒီနေရာလေးမှာ ၊ ဘာသာပေါင်း ၄၀ ကျော် ၊ ဘာသာပြန်ပြီး ပညာရေးအတွက်ရော ၊ နည်းပညာ
ပိုင်အတွက်ပါ ၊ လေ့လာ ဘာသာပြန်လို့ရတယ်ကွ” ။ တော်ယုံ ဘယ်သူ့ကိုမှ လိုက်ပေးနေစရာ
အလိုဘူး . . . . ။
နည်းပညာ တတ်ချင်ရင် နည်းပညာ လေ့လာမှု့အတွက် အချိန်ပေးနိုင်ရမယ် ၊ ကိုယ်
နားလည်သွားရင်လည်း ၊ အများအကျိုးအတွက် ၊ မျှဝေ တင်ပြပေးနိုင်ရမယ်နော် ။ ကိုယ်တကယ်
လိုအပ်လာတဲ့ ၊ ကိစ္စလေးတွေ လေးတွေမှသာ ၊ သိသူတွေကို အကူအညီတောင်းပေါ့ . . . . . .။
နည်းပညာ ဖော်ပြမှုတွေ ပြည့်နက်နေတဲ့ ၊ ယနေ့ခေတ်မှာ ၊ နှစ်ရှည်လများ အွန်လိုင်းသုံးပြီးတော့
ဘာမှမကြသေးတာ ၊ အဖ ရင်နာမိတယ် ၊ တကယ်ပါ အဖထွက်တဲ့ ဒေါသက . . . . . . . . . .
“ အချိန်တိုင်းမှာ ပန်းများကို လန်းစေချင်သူပါကွာ . . . . . ”
♣ ♣ ♣ ဂျူပီတာ ရင်မောင် ♣ ♣ ♣