Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကျွန်တော့် အကို က သချာင်္ညံ့တယ်

$
0
0

ကျွန်တော့် အကို က သချာင်္ညံ့တယ်

      နိုင်တီးနိုင်တိဆစ် မြန်မာ့ခရီးသွားနှစ်ပေါ့ ။ ကျွန်တော်က ၆ တန်း အကို ၁၀ တန်း .... အိမ်ကလည်းပန်းလိုက်တာ မပြောပါနဲ့တော့ ။ပြောင်းဖူးစေ့ရေလုံပြုတ် ချဉ်ပေါင်ဟင်းနဲ့အုပ်ကြတယ် ။အလုပ်ကရှားပါး ၊ စပါးကပိုး စားတော့ သား ၂ယောက်ပညာရေး မိဘတွေတွေးပူပြီ ပေါ့ .။ မိသားစုထမင်းဝိုင်းက ခါတိုင်းလို မသိုင်းဝန်း နိုင် တော့ဘူး  ။ သား ၂ ယောက်လုံးကျောင်းထားဖို့ အမေတို့အားနဲ့ မနိုင်တော့ဘူး တဲ့ ။အမေ့ရဲ့စကား ကျွန်တော်ကြားတော့ မျက်လုံးကလေးမှိတ်လို့ တိတ်တိတ်လေးနေမိတယ် ။ အကို ဆီက ထွက်လာတဲ့ အသံ ကျွန်တော့် ရင် ဘက် ကိုလာမှန်တယ်  ။

"  ညီလေးက သချာင်္တော်တယ် ၊ ကျွန်တော်ကသချာင်္ညံ့တယ် .... ညီလေးသာကျောင်းဆက်ထားလိုက်ပါ " ... တဲ့ ... ။

 အကိုက ကျောင်းထွက်လို့ ကျွန်တော် ခုနှစ် တန်းတက်တယ် ။ အကို့နေရာ ရောက်ဖို့ နောက် ၄ နှစ်တောင် ပိုက်ဆံကုန်ဦးမှာ နော်  ၊ ဒါလေးတောင် အကို မတွက်တက်ခဲ့ ဘူး ။

ဟုတ်တယ် .....  ကျွန်တော့် အကို က သချာင်္ညံ့တယ် ....။

       ကျွန်တော့် အတွက် ကျောင်းလခ တစ်လ ကို ခြောက်ထောင် ကျတယ် ။ လူတစ်ယောက်လုပ်အားခ တစ်ရက်ကို ၄၀၀ ရတယ် ။  အလုပ်ရှင်မှန် သမျှ က မာနလည်းကြီး ကြ ပေါ့ ဗျာ ....။ အကိုက ငယ်သေးတော့ တစ်ရက် ကို ၃၀၀ ပဲပေးမဲ့ သူရှိသတဲ့ ။ အကိုက တော့ ခပ်ပြုံးပြုံးအားလုံးဆီမှာ နေ့တိုင်း အလုပ် ဝင်ခဲ့တယ် ။သူ့အတွက် ငွေ ၁၀၀ နေ့ တိုင်း မှာ နာနေတာ သူမတွက် တက် ခဲ့ ရှာဘူး  ။

 ဟုတ်တယ် .... ကျွန်တော့် အကို က သချာင်္ ညံ့တယ် ...။

      ပျိုးအငှားနှုတ်တယ် ၊ ထင်းအငှားခုတ်တယ် ၊ မြောင်းအငှားတူးတယ် ၊ ချောင်းအငှားကူးတယ် (ချောင်းရေလာတဲ့အခါ ပိုက်ဆံယူပြီး ပစ္စည်းထမ်းကူးပေးတဲ့အလုပ်) ၊ ထန်းသမားလုပ်တယ် ၊ ငုတ်လည်းတူးတယ် ၊ လွှလည်းဆွဲတယ် ၊  ပွဲစားလည်းလုပ်တယ် ၊ လက်သမားလုပ်တယ် ၊ တောင်သူလုပ်တယ် ၊ ....၊ အဟုတ်တကယ်ပါ ...အကိုဘယ်အလုပ်လုပ် လဲမေးရင် ...အစုံသုပ်ပေါ့ကွ လို့ ရယ်ကျဲကျဲနဲ့ သူ ဖြေတက်တယ် ...။ ကိုယ်လုပ်တဲ့ အလုပ်တောင် ဘယ်နှမျိုးရှိမှန်း အကို မတွက်တက်ခဲ့  ဘူး  နော် ...။

 ဟုတ်တယ် .... အကို  ...ခင်ဗျား သချာင်္ ညံ့ တယ် ။

    အခု အကို့အသက်က ၃၀ ကျော် ၊ အကို့ထက် အငယ်တွေတောင် အိမ်ထောင်ကိုယ်စီကျကုန်ကြပြီ  ။ ရွာထဲက  အဒေါ်တွေက အကို့ ကို စကြတယ် " ရွာစောင့် နတ်ကြီး အသက်ဘယ်လောက်ကြီးပြီလဲ ၊ အိမ်ထောင်မပြုသေးဘူးလား " ..တဲ့ ။အကိုက ခပ်ပြုံး ပြုံးနဲ့ စကားခြောက်လုံး  ပဲ ဖြေတယ် ။   " ကျွန်တော်ငယ်ပါသေးတယ်" ..တဲ့ ...။   မိသားစုရေးငဲ့ကွက် အခုထက်ထိတောင် ကိုယ့်အသက် ကို မတွက်တက်သေးဘူး နော်....

 ဟုတ်တယ် .... ကျွန်တော့်အကို  က  ခုချိန်ထိကို  သချာင်္ ညံ့   နေတုန်းပါပဲ  ။

 (ရုပ်ဆိုး)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>