သူငယ်ချင်းတို့ရေ
ရင်းနှီးခင်မင် သံယောဇဉ်နှင်
ပျော်ရွှင်နေကြ သည်မြို့တော်ဝယ်
မိသားစုသဖွယ်
ချစ်ပေးကြလို့
ရင်ဝယ်အတိ
ပီတိလွှမ်းလျှက်
ဘ၀အရေး ဦးစားပေးလို့
့မြို့တော်လေးကို ရှင်းခွဲခွါလည်း
မမေ့မမုန်း နှုတ်ဆက်ပြုံး
မိသားစုသဖွယ်
နွေးထွေးစွာကြိုဆို
ခေါ်ပါပြောပါနှုတ်ဆက်ပါနော်
ရှင်းမအားလို့ကဗျာတွေလည်းလိုက်မဖတ်နိုင်ဘူး
သူငယ်ချင်းတို့အိမ်လည်းမလည်နိုင်ပြန်
အားတုန်းခဏတတ်လိုက်ပြန်လည်း
ကွန်စုတ်ရှင်ကစုတ်ရှာလေတော့
မလာရပြန်
**********************
မြို့တော်လေးရယ်
မင်းငါကို
မမေ့လောက်သေးပါဘူးနော်
ငါမရှိတဲ့နေရက်
သိပ်မကြာသေးပါဘူး
မြို့တော်တွင်းမှာ
အသစ်ရယ်မြင်လို
အဟောင်းကွယ်
မေ့လောက်ပီးရယ်
ငါမစွပ်စွဲပါဘူး
မြို့တော်လေး
ထာဝရတည်တံ့စေဖို့
အက်မင်နဲ့မန်ဘာတွေ
စည်းလုံးကာကြိုးပမ်းခဲ့တာ
ငါကိုမမေ့လောက်ပါဘူး
မင်းအတွက်ငါကဗျာတွေလည်းဖန်တီးဖူးတယ်
မင်းဆီကလည်းငါအသိပညာ
ဗဟုသုတတွေရခဲ့ဖူးတယ်
ငါတို့ရင်ထဲက ကဗျာတွေ
တစ်ပုဒ်ပြီးတစ်ပုဒ်
မင်းအပေါ်ကြွေကျခဲ့ဖူးတယ်။
မြို့တော်လေးရယ်......
ငါဘ၀အရေးအတွက်
လုံးပမ်းနေရလို့
ငါမရှိခိုက်
ငါကိုမမေ့သွားပါနဲ့
တချို့လူတွေစိတ်ပြောင်းပေမယ်လည်း
အားလုံး
ပျော်ရွှင်ချမ်းမြေ့ပါစေ
ခင်မင်လေးစားလျှက်
ရှင်း
သန့်
မေ
ု