ကျွန်တော်ထင်မိ့တယ် ။ လူ့ဘ၀သက်တမ်းတလျှောက်လုံးမှာ စောင့်ရမျှော်ရတဲ့အလုပ်လောက် ဘယ်အရာမှမ
ပင်ပန်းလောက်ဘူးလို့ပေါ့ ။ ကလေးဘ၀ထဲက တိမ်ဖုံးသွားတဲ့လကို မျှော်ကြည့်ခဲ့ရာကအစ အရွယ်ရလာလို့နှ
လုံးသားဆန္တအရ ကိုယ့်ချစ်သူကိုစောင့်ဆိုင်ရတဲ့အထိ့ ဘ၀ကြီးကမျှော်ရတာကြီးပဲ ။ ပြောရရင်တော့ ကျွန်တော်
စောင့်ရမျှော်ရတာကိုသိပ်မလုပ်ချင်ဘူး ။ ( အဲ ဘယ်သူမှလဲလုပ်ချင်မယ်မထင်ပါဘူး ) ရခဲလှတဲ့လူ့ဘ၀ကြီးမှာ ရခဲ
လှတဲ့အချိန်တွေကို အဓိပယ်မဲ့စွာနဲ့ကုန်သွားမှာကို စိုးရိမ်းနေမိ့ခဲ့တယ် ။ ဒီထက် ရလာတဲ့ကိုယ်ပိုင်နှစ်တရာပတ်
ဝန်းကျင်မှာ ရလာတဲ့အချိန်တွေကို အဓိပယ်ရှိရှိဖြတ်သန်းကြည့်ချင်တယ် ။ ကျွန်တော့်ရဲ့စကားတွေက တဖတ်
စွန်းများရောက်နေခဲ့လား ။သေချာစဉ်းစားကြည့်မယ်ဆိုရင် သတ္တ၀ါတွေစုံပုံပြီးဇာတ်စုံခင်းနေတဲ့လူ့ဘုံကြီးတခု
ထဲမှာ ကျွန်တော်တို့တွေက သတ်မှတ်ချက်တွေနဲ့ရှင်သန်နေခဲ့ကြတာလား ။ မသိ့မသာပဲကွယ်ပျောက်နေတာ
လား ။ ဒါမှမဟုတ် သိ့အောင်ပဲမကျိုးစားခဲ့ကြတာလား ။သေချာတာတခုကတော့ သတ်မှတ်ချက်တခုနဲ့ဘယ်
အတိုင်းအတာထိ့ရှိရမယ်လို့ပြောလိုက်ကထဲက စောင့်ရမျှော်ရတော့မှာပါပဲ ။ ကျွန်တော်ကတော့ ရလာတဲ့
ဘ၀ကို သဘာဝတရားနဲ့အညီ အံဝင်ခွင်ကျလေးပဲဖြစ်ချင်တာတခုပါပဲ ။ ဒါပေမဲ့ လောကကြီးကကိုယ်ထင်
သလောက် ရက်ရောမပေးခဲ့ပါဘူး ။ ကျွန်တော်မလိုချင်တာတွေလဲ ပေးခဲ့တယ် ။ ကျွန်တော်မသွားချင်တဲ့ -
နေရာတွေလဲရောက်ခဲ့၇တယ် ။ ပြီးတော့ မမျှော်လင့်မစောင့်ဆိုင်းချင်တာတွေလဲ မျှော်လင့်စောင့်ဆိုင်းခဲ့ရ
တယ် ။ အများကြီးပါပဲ ။ ဟော ............ အခုတော့ကြည့်စမ်းပါအုံး ။ လောကကြီးက ဘယ်လောက် -
များအရော်အစားကြီးလိုက်သလဲလို့ ။ ဆန္တနဲ့ဘ၀ တထပ်ထဲမကျနိင်သ၍ ဘ၀ရဲ့ကျွန်လို့ခိုင်နှိုင်းပုံဖော်ရမယ်
ဆိုရင်တောင် ရပ်ဝေးမြေခြားတိုင်းတပါးမှာ ၀မ်းစာရှာနေရတဲ့ကျွန်တော်တို့တွေလောက် ကျွန်ရုပ်မပေါက် -
လောက်ကြဘူးထင်ပါတယ် ။ တခုခုကိုလိုချင်ရင် တခုခုကိုပေးဆပ်ရတာသဘာဝလို့ဆိုခဲ့ရင်တောင် ပေး -
ဆပ်ရတာတွေများလာတာနဲ့အမျှ ဘ၀ကြီးကလဲ ခါးလာသလိုပဲ ။ အိမ်ပြန်ချင်နေပေမဲ့ အိမ်ပြန်ချိန်ဆိုတာ -
ဘယ်ဆီမှန်းလဲမသိ့ခဲ့ရသူတွေ တပါးမြေမှာအများကြီးပါပဲ ။ မိ့သားစုရဲ့ရင်ခွင်ဟာနွေးမှန်းသိ့ပေးမဲ့ ပြေးသွား
လို့မရနိင်အောင် တာဝန်ဝတ်တရားနဲ့ကျေးဇူးဆိုတဲ့အရာတွေကလဲ ခြေထိုးခံထားကြသေးတယ် ။ ဘယ်မလဲ
လူဖြစ်ရပ်နဲ့လူ့လွတ်လပ်ခွင့်ဆိုတာ ။ မိုးပေါ်ကကြွေကျလာမဲ့ ပဒေသာပင်ကြီးကိုလဲ စောင့်ရကျိုးမျှော်ရကျိုး
နပ်မဟဲ့ဆိုပြီ မဖြစ်နိင်မှန်းသိ့ရက်နဲ့ မျှော်မကြည့်ချင်ဘူး ။ ကိုယ့်မြေကိုယ့်ခြံထဲမှာ ဘယ်သူမှလာပြီစိုက်မ
ပေးတာသိနေလို့ ။ ပြီးတော့ ငယ်ငယ်တုန်းလို ဖိုးလမင်းကြီးကိုထမင်းဆီဆန်ရွှေလင်ပန်းကြီးတောင်းပေးမယ်
ဆိုပြီ လိမ်ညာလို့လဲမရတော့ဘူး ။ စပါးမစိုက်ရင် ဆန်ဆိုတာဖြစ်လာနိင်စရာအကြောင်းမရှိဘူးဆိုတာသိ့
နေလို့ပဲ ။ ဒါတွေထားလိုက်ပါတော့ ။ တခါခါဘ၀ကြီးကမွန်းကြပ်လွန်းလို့ ကောင်းကင်ကြီးကိုမော့ကြည့်ဖြစ်
ခဲ့ရင်လဲ ဘယ်ဆီကိုသွားလာနေမှန်းမသိ့တဲ့ လေယာဉ်တွေကိုကြည့်ပြီး အိမ်ပြန်ချင်တဲ့စိတ်တွေတဖွားဖွား
ဖြစ်ခဲ့ရတယ် ။ မဖြစ်နိင်သေးမှန်းသိ့လာတာနဲ့အမျှ ဒီလေယာဉ်ကြီးတွေမြင်ရင်ပဲမုန်းရမလိုလိုဖြစ်လာတယ် ။
ဟုတ်တယ် အိမ်ပြန်ချင်တဲ့စိတ်တွေဖြစ်နေသမျှကာလပတ်လုံး ကျွန်တော်နဲ့ဆန့်ကျင်ပြီပျံသန်းသွားတဲ့လေ -
ယာဉ်ကြီးတွေကိုကြည့်ပြီ မုန်းနေရအုံးမှာပါပဲ ။ တကယ်တော့ စောင့်ရတဲ့အလုပ်မျှော်ရတဲ့အလုပ်ဆိုတာ
အရမ်းပဲပင်ပန်းပါတယ်ဗျာ . . . ။
= နှလုံးသားဖြင့်ရင်၍ - ( မင်းဆက်ဆက်ခ )