Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ယခုအချိန် နဲ့ အမေ့အိမ်

$
0
0

နံနက်စောစော (ယခုအချိန်)

“မောင်…အိပ်ချင်အိပ်ဦးလေ…စောပါသေးတယ်။ သွယ်လေး…နံနက်စာရမှနှိုးလိုက်မယ်နော်”

“မဟုတ်တာ…သွယ်လေးရယ်။ မောင့်….ဇနီးချောလေးနဲ့အတူ မီးဖိုထဲမှာ ၀ိုင်းကူလုပ်ပေးမယ်လေ”

“အင်းပါ…မောင့်သဘော”

♥♥♥♥♥♥♥

နံနက်စောစော (ယခင်ကအမေ့အိမ်)  

“ဟဲ့…သား…ထတော့လေ ဘယ်အချိန်ရှိပြီလဲ၊ ၈ နာရီခွဲပြီ၊ ကလေးမလေးတွေ ဆိုင်ဖွင့်ပြီးလောက်ပြီ၊ လိုအပ်တာတွေ သွားကြီးကြပ်လိုက်အုံး ”

“ဟာ…ဗျာ…မေမေကလည်း ဆိုင်မှာ ကေသီဦးတစ်ယောက်လုံးရှိတာ စိတ်ချရပါတယ်”

“ကဲ…နှိုးမရလဲ…ပြန်အိပ်တော့”

♥♥♥♥♥♥♥

နံနက်စာ (ယနေ့အချိန်)

“မောင်…ပင်ပင်ပန်းပန်းနဲ့တော့ မလုပ်ရပါဘူး။ ငါးမုန့်လေးကြော်…ကော်ဖီလေးဖျော်၊ ဘီစကွတ်ကလေး နဲ့ပေါ့၊ မောင့်လုပ်အားတွေလည်း အများကြီးပါတာနော်”

“သွယ်ရယ်…ဒါလောက်ကလေးကူညီရတာနဲ့ မောင်…မပင်ပန်းပါဘူး။ မောင့်…ဇနီးလေး ပင်ပန်းတာကို မောင် မကြည့်ရက်ပါဘူး”

“အမလေး…မောင်ရယ်…အဲဒါကြောင့်…မောင့်ကိုချစ်ရတာ”

♥♥♥♥♥♥♥

နံနက်စာ (ယခင်ကအမေ့အိမ်)

“ဟဲ့…သား…သားကြိုက်တဲ့ထမင်းကြော်လေးလေ…အသီးအရွက်ကလေးနဲ့ မေမေကြော်ထားတာ”

“ဟာဗျာ…မေမေကလည်း တစ်ခါတစ်လေတော့လည်း မုန့်ဟင်းခါးလေး ဘာလေးစားချင်သေးတာပေါ့”

“အေးပါသားရယ်…မေမေ မနက်ဖန် လမ်းထိပ်က ဆိုင်မှာ သွားဝယ်ပေးထားမယ်နော်၊ ဒီနေ့တော့ မေမေ ကိုယ်တိုင် သားအတွက် ကြော်ထားတဲ့ ထမင်းကြော်လေးစားနော်”

“မုန့်ဟင်းခါးကို အခုစားချင်တာဗျ”

“ဒီလိုဆိုလဲ မေမေ သွားဝယ်ပေးမယ်နော်၊ သားလေး ခဏစောင့်”

♥♥♥♥♥♥♥

အလုပ်သွားမယ် (ယခုအချိန်)

“မောင်…မနေ့က အင်္ကျီပဲ ၀တ်သွားဦးနော်၊ ပုဆိုးလဲ အနံ့အသက် မထွက်သေးပါဘူး၊ ပြန်ဝတ်လိုက်နော်”

“အင်းပါ…သွယ်ရယ်၊ မောင့်ဇနီးလေး…လျှော်ရဖွတ်ရတာ ပင်ပန်းပါတယ်၊ မောင့်အဖို့ သွယ်ဝတ်ပေးတာ ၀တ်မှာပါ”

“အင်းပါ…မောင်က ဘာဝတ်ဝတ်အဆင်ပြေပါတယ်၊ မောင့်ရဲ့သွယ်လေးကတော့ သူများထက် မနိမ့်ကျအောင် အသစ်အဆန်းလေးတွေပေါ်ရင် မောင်ဝယ်ပေးမယ်နော်”

“အင်းပါ…ဒါ့ကြောင့် သွယ်က မောင့်ကို အချစ်ပိုရတာ”

♥♥♥♥♥♥♥

အလုပ်သွားမယ်(ယခင်ကအမေ့အိမ်)

“သားရေ…ပုဆိုးနဲ့အင်္ကျီ အရန်သင့်ထုတ်ထားတယ်နော်၊ မေမေ မနေ့က မီးပူတိုက်ထားတာလေး ၀တ်သွားနော်”

“ဟာဗျာ…မေမေကလည်း တစ်ရက်တစ်လေ ဂျင်းဘောင်းဘီလေး ၀တ်သွားချင်သေးတာပေါ့။ အင်္ကျီကလည်း အဖြူတွေချည်း နေ့တိုင်းမ၀တ်ချင်ပါဘူး”

“သား…၀တ်ချင်တာ ၀တ်ပါကွယ်။ မေမေ အားလုံးမီးပူတိုက်ထားတယ်”

“ဟိုကောင်မလေးတော့ တိုက်မခိုင်းနဲ့နော်၊ သူမီးပူတိုက်ရင် မညီဘူး”

“မတိုက်ခိုင်းပါဘူးသားရယ်၊ သားရဲ့အ၀တ်အစားတွေကို မေမေပဲ မီးပူတိုက်ပေးမှာပေါ့”

“အင်းပါ…အိမ်ဖော်တွေက ခိုင်းရတာ အချိုးမပြေဘူး”

♥♥♥♥♥♥♥

ယခုအချိန်နဲ့ ယခင်အမေ့အိမ်ကွဲပြားနားချက်တွေက များပြားလှပါသည်။ မောင်နဲ့သွယ်တို့ရဲ့ အိမ်ထောင်ရေးကာလ ကလည်း ရင်သွေးရတနာလေးမွေးဖွားဖို့ ဖြစ်လာခဲ့ပါသည်။ သွယ့်မေမေ နဲ့ မောင့်မေမေက သွယ် မွေးဖွားလာတဲ့အခါ ကူညီလုပ်ကိုင်ပေးဖို့ အိမ်ကိုရောက်လာကြပါသည်။

မေမေတို့ကတော့ သွယ်က သားဦးလေးမွေးမှာမို့ လိုအပ်တာတွေ လုပ်ကိုင်နေပုံက အမြင်ကတ်စရာကောင်းလှသည်။

သွယ်ကလည်း သားဦးလေးမွေးရမှာမို့ စိုးရိမ်သည်။ ကြောက်လန့်နေသည်။ မောင်ကတော့ သွယ့်ကိုကြည့်ပြီး သနား နေသည်။        ကိုယ်ဝန်ဆောင်စဉ်ကာလ စားချင်တာလေး  ၀ယ်ကျွေးသည်။ သောက်ချင်တာလေး ၀ယ်ပေးသည်။ လိုချင်တာလေး ဖြည့်ဆည်းပေးသည်။ မောင်တို့ရဲ့ အိပ်ခန်းထဲမှာတော့ ချစ်စဖွယ်ကလေးငယ်လေးများ၏ ရုပ်ပုံများဖြင့် ပြည့်နေသည်။

နံနက် ၄ နာရီလောက် သွယ်က လှုပ်နှိုးသဖြင့် နိုးလာသည်။

“မောင်ရေ…ထပါဦး၊ သွယ် ဗိုက်ထဲမှာ အရင်က ဒီလောက်မနာကျင်ခဲ့ဘူး”

မောင်က ကမန်းကတန်းထလိုက်သည်။ သွယ့်ကို ကြည့်ရသည်မှာ အပြင်းထန်ဆုံးသော ဝေဒနာကို ကြိတ်မှိတ်ခံစား နေပုံရသည်။ မောင်က ဘာမှ မလုပ်တတ်။ မကိုင်တတ် ဗျာများနေသည်။

“ရေသောက်မလား”

“မသောက်ဘူး၊ မေ့မေ့ကို သွားနှိုးလေ”

“သမီး…မေမေတို့ သမီးအသံကြားလို့”

အိပ်ခန်းထဲသို့ အပြေးတစ်ပိုင်းနှင့် ၀င်လာကြသော မေမေနှစ်ယောက်ကို တွေ့လိုက်ရသည်။

“မေမေ…နာတယ်၊ အရမ်းနာတယ်မေမေရယ်၊ မေမေရယ်ကယ်ပါအုံး”

“ဟဲ့…သား…ကားသွားထုတ်လေ၊ ဆေးရုံသွားရအောင်”

မေမေက မောင့်ကို ပြောလိုက်ပြီးနောက် အဆင်သင့်ပြင်ထားသော ပစ္စည်းများကို ယူလိုက်သည်။

♥♥♥♥♥♥♥

“အူဝဲ…အူဝဲ”

သွယ်သည် အသက်နှင့်ရင်းပြီး နာကျင်မှုဝေဒနာကို ခံစားပြီးနောက် ကလေးငယ်၏ ငိုသံကြောင့် ထူးဆန်းအံ့သြစဖွယ် ကောင်းလောက်အောင် နာကျင်မှုဝေဒနာများ ပြေပျောက်သွား၍ ပီတီဖြာဝေခဲ့လေသည်။

“ကလေးလေးက သားလေးနဲ့တစ်ထေရာတည်းပဲ”

“သမီးလေးနဲ့ပိုတူပါတယ်တော်”

အမေနှစ်ယောက်ပြောနေသော စကားသံကို ကြားလိုက်ရချိန်တွင် နီတာရဲရဲကလေးငယ်လေးက ဘာမှ မသိရှာသော် လည်း မောင်နှင့်သွယ်တို့ရင်ထဲတွင်-

“သားတို့ သမီးတို့နားလည်ပါပြီ။ သားတို့သမီးတို့ကိုလည်း မေမေတို့ကိုယ်တိုင် အာဝေဏိက ဒုက္ခဝေဒနာကို ကြိတ်မှိတ်ခံစားပြီး မွေးဖွားလာခဲ့လို့သာ မေမေတို့ မြေးလေးဟာ ခြေလက်အင်္ဂါပြည့်စုံစွာနဲ့ ကျန်းကျန်းမာမာ မွေးဖွား နိုင်တာပေါ့” ဟု သိရှိနားလည်သွားသည်။

“သွယ်”

“မောင်”

“မောင့်မေမေနဲ့ သွယ့်မေမေဟာလည်း ဒီဝေဒနာတွေကို ခံစားခဲ့ရမှာနော်။ မေမေတို့ကို ကျေးဇူးတင်လိုက်ရအောင် နော်”

“ဟုတ်”

“ကျေးဇူးတင်ပါတယ်မေမေ”

(ကိုယ်တိုင်ခံစားရေးဖွဲ့သည်။)

အားလုံးကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၉-၃-၂၀၁၂)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>