ပြီးဆုံးခဲ့ပါပြီ…ဒါပေမယ့် နိဂုံးမရှိဘူး တစ်ပိုင်းတစ်စနဲ့ ပြီးဆုံးခဲ့တဲ့ စစ်ပွဲလေးပေါ့…တိမ်စိုင်တိမ်ခဲတွေ တဖြိုင်ဖြိုင်ရွာသွန်းတတ်တဲ့ အငွေ့ပျံခြင်းလမ်းခွဲမှာ မျက်ဝန်းက ငွေ့ရည် မဖွဲ့ပဲ ရွာချတယ်..ဘယ်နှစ်ကြိမ်မြောက်ဖန်ဆင်းမှုမှန်းမသိတဲ့
အမုန်းတရားထက် ဘယ်နှကြိမ်မြောက်ဖန်ဆင်းမှုမှန်းမသိတဲ့ ချစ်ခြင်းတရားကို ပိုင်ဆိုင်ပါရစေ….. ဖိအားမပေးပါနဲ့ကွာ. ငါကိုယ် ငါစိတ်တွင်းကလွတ်လပ်ခွင့်တွေနဲ့ လိပ်ပြာသန့်စွာ မှတ်သားချင်လို့ပါ…ပြန်လည်ဆုံတွေ့နိုင်ဖို့အတွက် ငါတို့နှစ်ယောက်ကြားက မေတ္တာထုထည်ကို ငါအားကိုးတယ်…နှစ်သိမ့်တဲ့ အပြုံးတွေနဲ့ လူမသိအောင်ပြုံးပြခဲ့တဲ့ လမ်းခွဲခြင်းမနက်မှာ မင်းနှုတ်ခမ်းတွေနဲ့ ပဲ တစ်နေ့တာကို အဖန်ငါးရာ ငါးကမာလောက် ရှည်ကြာစေခဲ့တာလေ… အေးစက်တောင့်ခဲ့နေတဲ့ လူငယ်တစ်ယောက်ရဲ့ မျက်ဝန်းက မျက်ရည်စတွေ ဘာ့ကြောင့်များ မအေးခဲသွားပါလိမ့်….ရင်ထဲက အပူတွေကြောင့်ပဲ ဖြစ်မှာပါ….ရင်ဘတ်တစ်ခုလုံးပေါက်ကွဲ လွင့်စင်သွားခြင်းနဲ့ သက်ဆိုင်တဲ့ ဒဏ်ရာတွေကလည်းအေးစက်စက်…ကြိုတင်ပြင်ဆင်ထားတဲ့ ကျရှုံးခန်းမှာ အလဲလဲ အကွဲကွဲ …လာလမ်းအတိုင်းလေးပင်ချိနဲ့စွာ ပြန်ခဲ့တဲ့ ခြေလှမ်းတွေက ဝေဒနာ အပိုင်းအစတွေ ထမ်းပိုးလို့….ဆုံးရှုံးခြင်း စ . လယ် . ဆုံး မှာကိုယ့်ကိုယ်ကို ပြန်လည်တည့်မတ်ပေးခွင့်မရတဲ့ အားအင်တွေထဲ စကားလုံးတွေ ရစရာမရှိအောင် စူးနစ်ဝင်သွားခဲ့တာ……….သူ့အမုန်းတရားတွေ ပြေပျောက်ဖို့ အတွက်တော့ လက်ညှိုးညွန်ရာ အချစ်ဖြစ်ပါစေသား…………………..
………………………………………………..
↧
လက်ညှိုးညွန်ရာ အချစ်ဖြစ်ပါစေ.................
↧