အချစ်ကိုတည်ပြီး..
ဂုဏ်ပကာသနနဲ့ စားမယ့်
ပြန်မလာသူလေးရဲ့ တစ်ဘ၀တာ နားခိုခြင်းပုံပြင်
နှလုံးသားတွေ အကောင်းအတိုင်းမြင်ရရင်
အသည်းယားတတ်တဲ့
အလှနတ်သမီးလေးရဲ့
အစွယ်သွေးခြင်း (တစ်နည်းအာျးြဖင့်) အံကြိတ်သံ
ငွေမမက်ဘူးလို့ပြောတဲ့
မိန်းမတစ်ယောက်ရဲ့
ခေါင်းပုံဖြတ်ခြင်းအနုပညာ
အမေချော့သိပ်တိုင်းအိပ်မယ့်
အထပ်ထပ် အခါခါကြွေလွင့်ခြင်း ခရီးစဉ်
နှလုံးသားနဲ့ရေးမယ့်
နှုတ်ခမ်းနုရောင် လက်သဲခွံကျင့်စဉ်များတဲ့ (ညာနေတာ)
ပြီးတော့
အိမ်မက်ပျက်ကောင်ရဲ့
ခြံခုန်အတွေးတွေနဲ့
စတေးခဲ့ရတဲ့ ကြိုးပြတ်ညပေါင်းများစွာ..
အသဲကွဲရင်းနဲ့ ဖြတ်ခဲ့တဲ့
သံယောဇဉ်ကြိုးအပိုင်းအစများ
နာလံမထူနိုင်အောင်ထိုးနှက်ခံထားရတဲ့
သီချင်းတစ်ပုဒ်ရဲ့ ‘အချစ်အတွက် အဖန်ဖန် မွေးဖွားခြင်း”
ပြုသူရဲ့ အသစ်လား ..
ဖြစ်သူရဲ့ အဟောင်းလား..
ဘာပဲ ဖြစ်ဖြစ်
ငါ့ရဲ့ ဘ၀အဆက်ဆက်က
ပြုလုပ်ခဲ့ဖူးသော
ကုသိုလ် အကုသိုလ်များရဲ့ အကျိုးဆက်ကို
မင်းလက်ထဲ အပ်နှင်းလိုက်ပါပြီ…
အခုဘ၀မှာ
ငါ့ရဲ့ ကံတရားကို မင်းကြိုက်သလိုသာ
ခြယ်လှယ်ပါတော့…………………
↧
အချစ်အတွက် အဖန်ဖန်မွေးဖွားခြင်း ( ကဗျာပြိုင်ပွဲ အတွက် လက်ဆောင် )
↧