ကိုယ်ကချစ်ရတဲ့သူဟာ ကိုယ့်ကိုလည်းချစ်နေတယ်ဆိုရင် ဒါဟာ ကြီးမားတဲ့ ကံကောင်းမှုတစ်ရပ်ပေါ့…..
ကိုယ့်ကိုချစ်နေတဲ့သူကို ကိုယ်ကလည်းပြန်ချစ်မိသွားတယ်ဆိုရင် ဒါဟာ ထူးဆန်းတဲ့ တိုက်ဆိုင်မှုတစ်ရပ်ပေါ့..
သို့သော် လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတဲ့ သဘောတရားကို နားလည်ခဲ့မယ်ဆိုရင်….
ကိုယ်ကချစ်ရတဲ့သူဟာ ကိုယ့်ကိုပြန်မချစ်ခဲ့ဖူးဆိုရင် ဒါဟာ ဆိုးဝါးတဲ့ ကံမကောင်းမှုတော့ မဟုတ်ပါဖူး…
ကိုယ့်ကိုချစ်နေတဲ့သူ့ကို ကိုယ်ကပြန်မချစ်ချင်ခဲ့ရင်လည်း ဒါဟာ ပုံမှန်အခြေအနေတစ်ခုပါပဲ….
ကယ့် ကံဆိုးမှုကတော့ တခါတလေ ကိုယ့်နှလုံးသားကို လိမ်လည်မိခြင်းနဲ့ တခြားသူရဲ့ နှလုံးသားကို လှည့်စားတတ်ခြင်းတို့ပါပဲ……
ချစ်ခြင်းနှစ်ခု ထပ်တူညီသွားခဲ့ရင် နှလုံးသားတစ်ခုလုံးရင်းပြီး ချစ်မြတ်နိုးလိုက်ပါ….
ချစ်ခြင်းနှစ်ခု မညီမျှခြင်းဖြစ်နေပြီ ဆိုရင်လည်း တခမ်းတနား အသည်းကွဲလိုက်ပါ…..
အချစ်ဟာ ရိုးရှင်းပါတယ်....
လူတစ်ယောက်ဟာ အချစ်ကိုနားလည်သိရှိနိုင်ဖို့……. ပျော်ရွှင်ရတာေ၇ာ ၀မ်းနည်းနာကျင်ရတာရော ဘာပဲကြုံရကြုံရ လက်ခံနိုင်မဲ့ ဖြူစင်ရိုးသားတဲ့ နှလုံးသားတစ်ခုပဲ လိုအပ်ပါတယ်…..