သင်္ကြန်ကာလတွင် အခြေချနေထိုင်ရန်အတွက် မန္တလေး မြနန်းစံကျော်ရွှေနန်းတော်ကြီးကို ငှားရမ်းရန် သိကြားမင်းကြီး တာဝန်ရှိသူများနှင် တိုင်ပင်ညှိနှိုင်း….
သတင်းအစုံအလင်မှာ…. သိကြားမင်းကြီးသည်… တစ်နှစ်တစ်ကြိမ် အတာသင်္ကြန်အချိန်တိုင်း လူ့ပြည်သို့ ဆင်းလာလေ့ရှိသည်ဟု… အများသူငါ သိရှိထားပြီးဖြစ်သည်… သို့ရာတွင် လူပြည်သက် အနှစ်တစ်ရာတွင်မှ နတ်ပြည်တွင် တစ်ရက်သာ ရှိရာ… လူ့ပြည်၏ တစ်နှစ်ပြည့်တိုင်း တစ်နှစ်ပြည့်တိုင်း ဆင်းလာနေရသဖြင့် နတ်ပြည်နှင့် လူ့ပြည်ကြားတွင်သာ သိကြားမင်းကြီး အချိန်ကုန်လျှက် ရှိနေသဖြင့် အခြေချနေထိုင်ရန် စီစဉ်ခြင်းဖြစ်သည်....
"နတ်ပြည်မှာပဲ နေဖို့စဉ်းစားပါသေးတယ်... မြန်မာနိုင်ငံက လူတွေက နှစ်တိုင်းခေါ်တယ်လေ... ဒီနှစ်သိကြားမင်းကြီးက ဘယ်ဘက်က ဘာကိုကိုင် ညာလက်က ဘာကိုကိုင် ဘယ်လိုဆင်းတယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့... သူတို့က ခေါ်ကြတော့လည်း ကျုပ်က ဆင်းလာပေးရတာပေါ့... လမ်းစရိတ်ကုန်တာကို မပြောပါဘူး... အခုဟာက ဗျာ နတ်သမီးတွေ တစ်ဖက် ၅၀၀ ရှိနေရက် သူတို့နဲ့ ပျော်ဖို့ နေနေသာသာ မျက်နှာတွေကို မမြင်ရတော့ဘူး... အချိန်ပြည့်လမ်းမှာချည်း အချိန်ကုန်နေတော့.... အခုလို နေဖို့ စီစဉ်လိုက်တာပဲ..."
လို့ သိကြားမင်းကြီးက ပြောဆိုခဲ့ပါတယ်...
"အစကတော့ FatherLand တို့ ရတနာမြိုင် တို့လို ကန်ထရိုက်တွေကို ဆောက်ခိုင်းဦးမလို့ပါပဲ... ဒါပေမယ့်ပေါ့... အခန်းနေရာတွေ အများကြီး လိုအပ်တာရယ် အချိန်ပေးရဦးမှာရယ်... တခြားတခြားသောအကြောင်းကြောင်းတွေကြောင့်... အသစ်မဆောက်တော့ဘဲ.. အရင်က နန်းတော်ဟောင်းဖြစ်ခဲ့တဲ့ မန္တလေး မြနန်းစံကျော် ရွှေနန်းတော် ကြီးမှာပဲ အခြေချနိုင်အောင် စီစဉ်နေခြင်းပါ..."
လို့ သိကြားမင်းကြီးရဲ့ PA ၀ိသုကြုံ နတ်သားက ဖြေကြားခဲ့ပါတယ်... သိကြားမင်းကြီး ဘယ်အချိန်ထိ နေမယ်...နေဖြစ်ခဲ့ပါလျှင်လည်း ငှားရမ်းခ မည်မျှကုန်ကျမည်... ပြင်ပဧည့်သည်တွေကို အတွေ့ခံမခံ... မည်သို့သော လုပ်ငန်းစဉ်တွေ ရှိမည် ဆိုတာတွေကိုတော့ ဆက်လက်စုံစမ်းဆဲဖြစ်သည်..... ပုံ/ ကောင်းသီဟကျော်