Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

(( ချစ်သူ လောင်းမဲ့ သင်္ကြန်ရေ ..မဏ္ဍပ် ))

$
0
0


လေ ပြေ နဲ့ ..အတူ မျောပါလာတဲ့ ….မြူးကြွတဲ့ သင်္ကြန်သီချင်းသံက ရင်ခုန်သံတွေကို မြန်လာစေပါသည် ။
သင်္ကြန်တောင်ရောက်တော့မှာပါလားနော် ။ လူတွေ ဟာ …မျှော်လင့်ချက်နဲ့ ..အသက်ရှင်နေတာတဲ့ ။ ဟုတ်မယ် ….မှုံ လဲ တယောက်အပါအ၀င်ပေါ့ ။ သင်္ကြန်ရောက်တိုင်း မျှော်လင့်နေတဲ့ အကြောင်းလေး တခု ၇ှိပါတယ် ။ အဲ့ဒါကတော့ …“ ချစ်သူ လောင်းမဲ့ သင်္ကြန်ရေ ” ခေါ် မဲ့ မေတ္တာ ရေ စင်ပေါ့ ။ အဲ့ဒီ မျှော်လင့်ချက်လေး နဲ့ အသက်၇ှင်နေတာ …ဒီနှစ်ဆို လေးနှစ်ပြည့် တော့ မှာပါ ။
မှုံက ပဲ စိတ်ကူးရင်လွန်းတာလား မပြောတတ်တော့ပါ ။ ဒါပေမဲ့ …သူ ..သေချာ ပေါက် ပြန်လာမှာ လို့ မှုံ ယုံကြည်နေ ပါတယ် ။

လွန်ခဲ့သော (၄) နှစ်က ပျော်စရာ သင်္ကြန်ရက်များ သ.ို ......
ရေ ကြောက်တတ်သော မှုံ က …သူငယ်ချင်းတွေ … အတင်းခေါ်တာကြောင့် ..သင်္ကြန်မဏ္ဍပ်လေးသို့ …ရောက်ရှိလာခဲ့ပါတယ် ။ ခု လို ကျတော့လဲ ပျော်စရာ အကောငိးသားနော် ။ ရေ ပက်ခံသူတွေ ၊ ရေ လောင်းတဲ့ လူတွေ စည်းကားလှပါတယ် ။ စတုဒီသာ ကြွေးတာ လဲ ရှိတာကြောင့် …မှုံ တို့ မဏ္ဍပ်လေးက လူ ပို စည်လှပါတယ် ။ မှုံ လဲ မုန့်လုံးရေ ပေါ် ကူလုံးရင်း သူများတွေ ရေကစားတာကို …ငေးနေမိပါတယ် ။
အဲ့ဒီအချိန် နောက်က ရေ လောင်းချတာကို ခံလိုက်ရပါတယ် ။ အမှတ်တမဲ့ လန့်သွားပြီး စိတ်လဲ ဆိုးသွားတာပေါ့ ။ ရေ လောင်းမခံ ချင်လို့ မဏ္ဍပ်နောက်မှာ ပုန်းနေကို လေ ။ ၇ှာဖွေ လာ လောင်းသူကို ဒေါသ လဲ ထွက်သွားမိပါတယ် ။

“ ဆော ရီး …လန့်သွားလား ”
ပြုံးစိစိနဲ့ ….မျက်နှာတခု …ဒေါသ ကို မြို သိပ်ပြီး ဘာမှ ပြန်မပြော ပေမဲ့ ။ အကျင့်ပါပြီး သား နှုတ်ခမ်းကတော့ စူထွက်လာမှာ သေချာပါတယ် ။
“ ဟား ..ဟား …စိတ်ဆိုးသွားတာလား ၊ သင်္ကြန်လေ ကွာ ..ရေ လောင်းတာ ဘာဆန်းလဲ ”
“ ရှေးမှာ လောင်းစရာတွေ အများကြီး …သွားလောင်းပါလား ။ ရေ စိုတော့ ..ဟိုကပ်ဒီကပ်နဲ့ နေလို့ မရလို့ …ဒီနောက်မှာ လာနေတာကို ”
“ ဟုတ်တယ် ….ကိုယ်က လဲ ရေ မစို တဲ့ လူ ရွေး လောင်းတာ ၀ါသနာပါတယ် ”
ပြုံးစိစိ မျက်နှာကို ….မျက်စောင်းပိတ်ထိုးလိုက်ပါတယ် ။

“ ဟ …မျက်စောင်းထိုးတယ် ။ သကြားမင်းမှတ်သွားလိမ့်မယ် ..သိလား ။ တော်ကြာ နောင်ဘ၀ကြ ခုလို လှတပတ လေး မဖြစ်တော့ရင် ဘယ်လို လုပ်မလဲ ”
လာစ နေတာကို ….မသိချင်ယောင်ဆောင်နေမိပါသည် ။ မှုံ လဲ ရေ စို သွားတာ မို့ ….စိတ်တိုတို နဲ့ အရှေ့ ဘက်ကို ထွက်လာ မိပါသည် ။ အဲ့ဒီတော့မှ ၀ိုင်းလောငိးကြတာ …စက်စက် ကို ကျပါတော့တယ် ။
သွားပါပြီ ။ မြန်မာ အကျီလေး ၀တ်လာ မိတာမို့ …..ရေ စိုတော့ …အသားမှာ အားလုံးကပ်နေပါပြီ။ စိတ် တို လိုက်တာ ။ ဟိုနေရာ ဆွဲ လိုက် ..ဒီနေရာ ခွာ လိုက်နဲ့ ….လူက လဲ ချမ်းလာပါတယ် ။ အားလုံးသူ့ ကြောင့် ….ကျိတ် ပြီး မေတ္တာတွေ ပို့နေမိပါသည် ။
“ မနေတတ်တော့ ဘူးလား …..ကိုယ့်အပေါ် အင်္ကျီ ခဏ ၀တ်ထားလေ ။ ”
“ ၀တ်ဘူး ။ အဲ့ဒါ …ရှင့်ကြောင့် ..သိလား ”
“ အင်းပါ …..ချမ်းနေလား …..ကိုယ် ကော်ဖီ ၀ယ်တိုက်မယ်လေ ”
သူက ..အနားလာကပ်နေတော့ ပို ဆိုးတာပေါ့ ။ ရှက်ပါတယ် ဆိုမှ …ဒီလူကလဲလေ ။

( သင်္ကြန် …အတက်နေ့ )
အကြတ်နေ့က …အပြင်မထွက်မိပါ ။ နောက်ဆုံးနေ့မို့ ….သူငယ်ချင်းတွေ နဲ့ ….ရွှေရင်အေး လှူဖို့ တိုင်ပင်ထားပါတယ် ။ ဒါကြောင့် ..မဏ္ဍပ်လေးသို့ ..ရောက်လာရပြန်ပါတယ် ။
ကျောက်ကြော လှီးနေတုန်း ….
“ ရေ လောင်းချင်တယ် ….”
သူပါလား ….ဟိုနေ့က …စိတ်ဆိုးမိတာ …ရှက်ချင်သားနော် ။
“ ပြန်ခါ နီးမှ လောင်းပါလား။ မှုံက …ေ၇စိုရင်မနေတတ်လို့ပါ ”
“ အင်း …တကယ်နော် ….”
ဒီနေ့တော့ ….ငြိမ်းချမ်းရေး ရသွားပါပြီ ။။။ သူ နဲ့ မှုံ ..စကားတွေ ပြော ဖြစ်ကြပါတယ် ။ သူက ခင်စရာ ကောင်းတဲ့ ကောင်လေး တယောက်ပါ ။ အဲ့လိုနဲ့ …ခင်စရာ ကောင်းတဲ့ ကောင်လေးက ..မှုံ နှလုံးသားကို သတိမထားမိခင်မှာပဲ…တိတ်တိတ်လေး ခိုးသွားခဲ့ပါတယ် ။

သင်္ကြန် ရောက်တော့မယ် …ကောင်လေးရေ ….
ဘ၀ အရေးတွေနဲ့ …ရှုပ်ထွေးနေလို့ ….မင်းမလာ နိုင်တာကို …မှုံက …သိနေပေမဲ့ ….ချစ်တတ်တဲ့ နှလုံးသားလေးတော့ …တိတ်တိတ်လေး ..မျှော်နေမိပါတယ် ။ ဘ၀ အရေးတွေ ပြည့်စုံတဲ့ တနေ့ ….တော့ မင်းရောက်လာ မယ်လို့ ..ယုံကြည်မူတွေ နဲ့ပေါ့ ။ နှစ်တွေ ဘယ်လောက် ကြာ ကြာ ..စောင့်နေအုံးမှာပါ …ကောင်လေးရယ် …..

မြို့ တော်ထဲမှာ .. မှုံ ကလဲ မဏ္ဍပ်လေး တခု ဆောက်ချင်ပါတယ် ။ မဏ္ဍပ်နာမည်ကတော့ …
“ ချစ်သူ လောင်းမဲ့ သင်္ကြန်ရေ ” ပါရှင် …
မိန်းခလေးဆိုတာက ….မျှော်လင့်လိုပဲ ရတာပါ …..မှုံ လိုပဲ ချစ်သူ လောင်းမဲ့ သင်္ကြန်ရေ ကို …..မျှော်လင့်နေကြမဲ့သူတွေ … မှုံ နဲ့ ခံစားချက်တူသူတွေ အများကြီး ရှိ လိမ့်မယ်လို့လဲ ထင်ပါတယ် ။
မှုံ ရဲ့ …မဏ္ဍပ်လေးကို ..လာရောက်ကြဖို့ …. မြို့တော်သူ ..သူငယ်ချင်းများအားလုံးကို …ဖိတ်ခေါ် ချင်ပါတယ် ။
ထို့ အတူ …..မြို့တော်သားအားလုံးကို လဲ ….လာရောက်ကြမယ်လို့ ထင်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ..မြို့သူ အားလုံးကို ..ခေါ် ထားပြီးပြီလေ :P…

စတုဒီသာ ကျွေး ဖို့ ကို လဲ ..စီစဉ်ထားပါတယ် ။
အကျနေ့မှာ …မုန့်လုံးရေ ပေါ် …
အကြတ်နေ့မှာ ….မုန့် လက်ဆောင်း ….
အကြတ်နေ့မှာ ….ထန်လျှက်သာကူ ကို ….ကန်းစွန်းဥလေး တွေ နဲ့ ….အရမ်းကောင်း …
အတက်နေ့မှာတော့ ….ရွှေရင်အေးစေ ရန် …ရွှေအရင်အေး …
သူငယ်ချင်းများ ..အားလုံးကြိုက်မယ်လို့ ..မျှော်လင့်ပါတယ် ။။။။
အားလုံး ..ကို ..မဖြစ်မနေ …၀င် လည်ကြဖို့ ….ဖိတ်ခေါ်ပါတယ် ။။။

မဏ္ဍပ်က လဲ …အကောင်းဆုံး …ဆောက်ထားပါတယ်။ မှုံ ရဲ့ ..အကို ( နေမင်းခိုင် ) က ယူအက် ..ဒေါ်လာ …၅၀၀၀ ..အကုန် ခံ ပြီး ..ဆောက်ပေးမယ်လို့ ပြောပါတယ် ….:P
ကျွေးမွေး ..စရိတ်ကိုတော့ …. သင်္ကြန်မှာ ..ကုသိုလ်တွေ ကြီး ..လုပ်မဲ့ …မှုံ ရဲ့ မောင်လေး ( ကိုရင်ကျော် ) က ….တာ ၀န် ယူထားပါတယ် ။ ဘယ်လောက် ကုန် ကုန် တဲ့ …..:P
လုံခြုံရေး ….တာဝန်ကိုတော့ ..မှုံ ရဲ့ ..ချစ်မမများက …တာဝန်ယူပေးပါနော် …။
ဧည့်ခံရေး …တာဝန်ကိုတော့ ..ချစ်ညီမလေးများကို ..အားကိုးပါတယ် …။။
ကဲ ..ချစ်သူငယ်ချင်းများ ..လာ ဖြစ်အောင် လာခဲ့ ကြပါလို့ …ဖိတ်ခေါ်အပ်ပါတယ် ၇ှင် ….
ပျော်စရာ နှစ်သစ်လေး ဖြစ်ပါစေ ။။။။။

ခင်မင်လေးစား လျှက် …..
မှုံနံ.သာဖြူ …..


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>