Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

သမ္ပတကြီးလင်ကွန်း၏ခေါင်းဆောင်မှုကျင့်စဉ်

$
0
0

- ဌာနတွင်း မကျေနပ်ချက်များကို အားမပေးနှင့်၊ ညှိနှိုင်းစေ့စပ်ရန် လက်အောက် ငယ်သားများအား အမြဲတမ်း ဖျောင်းဖျ ဆွဲဆောင်ပါ။

- အင်အားကို နောက်ဆုံးအားကိုးရာ အဖြစ်သာသုံးပါ။

- နောက်လိုက်ငယ်သားများအား သူတို.လုပ်ရပ်ကို သူတို.စိတ်ကူးဖြင့် လုပ်သည်ဟုယုံကြည်ချင်ကြကြောင်းကို

  သတိရပါ။ တို.ထက်သူတို.လုပ်ရပ်သည် အများနှင့်မတူ။ တစ်မူထူးခြားသည်ဟု ယုံကြည်ကြကြောင်းကို သတိရပါ။

- နောက်လိုက်ငယ်သားများကို မိမိဘက်ပါအောင် ဆွဲဆောင်လိုလျှင် မိမိသည်မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ကြောင်း

  သူယုံကြည်အောင် ပထမဦးစွာပြသပါ။

- နောက်လိုက်များကိုမိမိက ဦးဆောင်ရန်သူတို.၏ သဘောတူညီမှုကိုအလျင် ရယူပါ။

- နောက်လိုက်များအား ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် လုပ်ကိုင်စေခြင်းဖြင့် တာဝန်နှင့် အာဏာကို ခွဲပေးပါ။

- အဖွဲ.အစည်း တစ်ခုလုံးနှင့်ဆိုင်သော ကိစ္စများတွင် ဌာန အသီးသီး၏အကြီးအကဲများနှင့် ပြည့်ပြည့်၀၀ ဆွေးနွေးတိုင်ပင်ပြီးမှ

  ဆောင်ရွက်ပါ။

- ခေါင်းဆောင်ကောင်းသည် အမိန်.မပေး၊ မေတ္တာရပ်ခံခြင်း၊ တိုက်တွန်းခြင်း၊ အကြံပေးခြင်း တို.ကိုသာ ပြုလုပ်သည်။

- ဒေါသ မများစေရေးအတွက် ပုတ်ခတ်ဝေဖန်ချက်များကို ဖက်ရှုခြင်းမှရှောင်ကြဉ်ပါ။

- စိတ်လှုပ်ရှားနေသော လူထုကို မကြောင့်ပါနှင့်၊ မိမိ၏ ရိုးသားသော ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြပါ။

- ယေဘုယျအားဖြင့် အမှန်တရားသည် မတရားစွပ်စွဲဝေဖန်မှုကို အကောင်ဆုံးကလဲ့စားချေခြင်းဖြစ်သည်။

- ကိုယ် သိသလောက်၊ ကိုယ် တတ်နိုင်သလောက် အကောင်ဆုံးဖြစ်အောင်လုပ်ပါ၊ ပြီးဆုံးအောင်ထိလုပ်ပါ။

- မတရားစွပ်စွဲချက်ကို တစ်ကြိမ်အရှုံးပေလိုက်လျှင် နောက်ထပ်စွပ်စွဲချက်မှားအတွက် လမ်းဖွင့်ပေလိုက်သလိုဖြစ်သွားမည်။

- မိမိအားအုပ်စုနှစ်စုလုံးက ဝေဖန်ထိုးနှက်လာလျှင်၊ သို.မဟုတ် နှစ်ဖက်လုံးကဝေဖန်ထိုးနှက်ခြင်းမပြလျှင် မိမိမှန်ကောင်းမှန်နှိုင်သည်။

  သို.သော်တစ်ဖက်အုပ်စုက ကလော်တုတ်ပြီး တစ်ဖက်အုပ်စုကချီးကျူးထောမနာ ပြုခြင်းကိုတော့ သတိထားပါ။

- တိုက်ပွဲတွင် ရူံးနိမ့်ခြေ ရှိခြင်းကြောင့် မိမိကမှန်ကနသည်ဟုယုံကြည်သော လုပ်ရပ်ကို စွန်.လွှတ်မပစ်ပါနှင့်။

သူငယ်ချင်းတို.လဲ သမ္မတကြီးလင်ကွန်း လိုခံယူချက်ထားကြပါလို.ပြောလိုက်ပရစေ

(မင်းမာန်ထန်)..............။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>