ကွန်တော်အိပ်ယာက နိုးထချိန်မှာ နံနက်ခင်း နေရောင်ခြည်တွေနဲ့ အတူ သာယာနာပျော်ဘွယ်ကောင်းတဲ့ ကျေးငှက်ကလေးတို့ ရဲ့  တေးဆိုသံကိုကြားလိုက်ရတယ်ဆိုရင်ပဲ ခန္ဓာကိုယ်က လန်းဆန်းသွားတယ်. ..
လှပတဲ့ မနက်ခင်းလေးမှာလွမ်းမောဖွယ် ကောင်းတဲ့ မိန်ရာသီက ကြိုဆိုနေပြီလေ.....
ဟေမာန်နှင်းစက်တို့  လွင့်ပျောက်လို့  နူတ်ဆက်ထွက်ခွာသွားပြီး နွေလေရူးလေးတွေတောင် ဆော့ပြေးကစားလို့ ပင်ယံထက်က ဥသြငှက်ကလေး လွမ်းတေးဆိုကာ သူကြင်ယာကို လိုက်ရှာနေတယ်.....
ရိုးတံကြဲကြဲ ပင်အိုတို့  အလှချင်းပြိုင် နေ ပုံက မိန်ရာသီရဲ့  ဆေးရောင်ကင်းမဲ့နေတဲ့ ပန်းချီကားတစ်ချပ်လို မြင်ရသူတိုင်းရင်ထဲမှာ လွမ်းမောကြေကွဲ စရာကောင်းတယ်..အဖော်မစုံဝေးကွာ နေသူမောင် အတွက် ကတော့ အလွမ်းနွေ မှာ စိမ့်စမ်းရေတွေခန်းခြောက် ရသလို မောင်လည်းမေ့ကိုတ တမ်းတငိုကြွေး ရလွန်းလို့ မျက်ရည်တွေတောင်ခန်းခြောက်ကုန်ပြီမေရယ်....
နွေရဲ့ လေပြေ တိုက်ခက်မှု ကြောင့်ကြွေကျလာတဲ့ ရွက်ဝါလေးတွေမှာ နားခိုစရာ မြေပြင်ဆိုတာရှိတယ် မောင်ကဘယ်ရင်ခွင်မှာ ခိုနားရမှာလဲမေ....
မေ ပြောခဲ့တယ်လေ ဒီလိုလှပလွန်းသော မိန်ရာသီလေးမှာ မောင်ဆီကိုမေ ပြန်လာခဲ့မယ်မောင်ရယ်လိုပြောခဲ့တယ်နော် အခုတော့ မေ မောင်ကိုယ် ချန်ထားခဲ့တဲ့နောက်မှာ မောင်အဖြစ်က နားခိုစရာ ရင်ခွင်ပျောက်တဲ့ ဥသြငှက်ငယ် တစ်ကောင်လို လွမ်းတေးကိုသီဆိုရင်း မေ မောင်ဆီပြန်လာမှာကို စောင့်မျှော်နေမိတယ်....
ဟိုး.....
တစ်ချိန်က မေနဲ့ အတူ ပျော်ရွှင်ခဲ့ဖူးသော မိန်ရာသီက မေ ရဲ့ ပုံရိပ်တွေက မောင်ကိုယ်ခြောက်လှန့် နေတော့ မောင်ရဲ့ နှလုံးသားလေးလဲ ရော်ရွက်ဝါတွေလို ကြွေကျပြီမေရယ်...
ပင်အိုတို့ ရဲ့  ရိုးတံကြဲကြဲတွေတောင် ရွက်ဖူးစိမ်းလေးများ တိုးထွက်ခါလှပနေတယ် ပန်းရွှေဝါပိတောက် ကလည်း အတာပွဲနဲ့ အတူ ပွင့်လန်းနိုင်ဖို့ ရာ ၀ဿန်မိုးမင်း ကိုမျှော်နေပြီလေ...
ထက်ကောင်းကင် အာကာ တခွင် တိမ်ညိုအုံ့ ဆိုင်း မိုးရိပ် မည်းမှောင် ၀ဿန်မိုးမင်း ရွာသွန်းဖြိုးတော့ ပိတောက်ဝါလေးတွေ ပွင့်ကာလန်းလို့  လေယူရာယိမ်းနွဲ့ ပန်းရနံ့ သင်းပျံ့ ကာ အတာရေ သဘင်ပွဲနဲ့ အတူအရာရာ လှပကာ အတာရေသဘင်ပွဲတော် ကိုအားလုံးပျော်ရွှင်စွာနွှဲပျော်နေပေမဲ့ မောင်တစ်ယောက်ကတော့ မလှပတဲ့ မောင်ဘ၀ထဲ ကို မေပြန်လာမဲ့အလှထူးတဲ့လတခူးနဲ့ အတူစောင့်မျှော်နေလျှက်ပါမေ
↧
ရင်ခွင်ပျောက်တဲ့ငှက်ငယ်
↧